အခန်း (၁၈၃)
Vol. 19 Ch. 183
ဝမ်မင်က ကျန်းကျန်း ပြောခဲ့တဲ့စကားကို စုဝေ့ရန်နဲ့ တခြားသူတွေကို ပြောထားခဲ့ပြီးဖြစ်တာကြောင့် လူတိုင်းက ကျန်းကျန်းရဲ့ ဦးလေးကို ကျေးဇူးတင်ကြောင်းပြောမနေကြတော့ဘူး။
ပြီးခဲ့တဲ့ လှုပ်ရှားမှု(ခေတ်စနစ်ပြောင်းဖို့အရေးတော်ပုံ)အပြီးမှာ သူတို့တွေက အထက်ဘက်က လူတွေနဲ့ ဆက်ဆံဖို့ သိပ်ပြီးစိတ်မ၀င်စားတော့ဘဲ ပညာရပ်သက်သက်ကိုသာ နှစ်သက်ကြတော့တယ်။
အချင်းချင်း နှုတ်ဆက်ကြပြီးနောက်မှာ လူအနည်းငယ်အုပ်စုက ပြင်ဆင်ထားသည့် ဟင်းလျာတွေကို စားပွဲပေါ်သို့ ခင်းကျင်းရန် မီးဖိုချောင်သို့သွားခဲ့ကြပြီး ဝိုင်ပုလင်းကိုပါ ဆွဲထုတ်ပြီး လူတိုင်းအတွက် ဖြည့်လိုက်ကြတယ်။
“လွန်ခဲ့တဲ့နှစ်တုန်းက ငါတို့တွေ လမ်းခွဲပြီးကတည်းက အခုလိုမျိုး အတူတူစုစည်းဖြစ်တာ ဒါ ပထမဆုံးပဲ ၊ ဒီတော့ ကျန်းကျန်းကလွဲရင် လူတိုင်းက ဒီခွက်ကို တစ်ခါတည်းမော့သောက်ပြီး ပြန်လည်ဆုံဆည်းခွင့်ရတဲ့အတွက် ဂုဏ်ပြုရမယ်”
လူတိုင်းက ဝိုင်ခွက်တွေကို မြှောက်လိုက်ကြပြီး ကျန်းကျန်းက အချိုရည်ခွက်ကို မြှောက်ကာ မော့သောက်လိုက်တယ်။
ဝမ်မင်က သူ့ရဲ့တူကို မြှောက်လိုက်ပြီး အပြုံးတစ်ခုနှင့်ပြောလာတယ်။
“ဒါက လောင်ကျန်း ချက်ထားတဲ့ ဟင်းပဲ ၊ စမ်းကြည့်ရအောင်”
ရှုမင်ကောက မှိုဟင်းချိုပန်းကန်ကနေ တစ်ဇွန်းခပ်ပြီး တစ်ကျိုက်သောက်ကာ ချီးမွမ်းလိုက်တယ်။
“အရသာက အတူတူပဲရှိနေတုန်းပဲ၊ ငါတို့တောင်ကြားထဲက ထွက်လာပြီကတည့်က ငါ ဘာကိုပဲစားစား အရသာမတွေ့ဘူးဖြစ်နေတာ၊
လောင်ကျန်းရဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းလျာတွေကို ပြန်စားနိုင်ပါ့မလားဆိုပြီး အမြဲတမ်း တွေးမိနေခဲ့ရတာလေ၊ ဒီနေ့တော့ ကျန်းကျန်းဆီက အလင်းရောင်ကို ချေးငှားပြီး စားခွင့်ရခဲ့ပြီ”
ကျန်းကျန်း ကြက်သွန်မြိတ်နှင့် ကြက်ဥမွှေကြော်ကို တူနှင့် လှမ်းယူပြီး စားလိုက်တယ်။
ကြက်သွန်ပင်ပေါက်တွေက ဝမ်မင် ကိုယ်တိုင်စိုက်ထားတာဖြစ်လို့ အထူးအရသာရှိနေခဲ့တယ်။
သူတို့တွေ ထမင်းစားပြီးသွားရင် လက်ရှိအခြေအနေတွေ အကြောင်းကို ဆက်ပြောဖို့ သိပ်ပြီးမဖြစ်နိုင်တော့တဲ့အတွက် ယန်ပေါင်ကျူးက ဟင်းချိုတစ်ခွက်သောက်ရင်း ကျန်းကျန်းကိုကြည့်ပြီး ခေါင်းကိုစောင်းငဲ့ကြည့်ရင်း မေးလာတယ်။
“ဒါနှင့် မင်းတို့မိသားစု အခုဘယ်မှာနေကြတာလဲ၊ ငါ မင်းကို ရှင်းရှင်းလင်းလင်းမေးထားရမယ်၊ ဒါမှ နောက်တစ်ခါ မင်းကို လိုက်ရှာနေစရာမလိုတော့မှာ”
ကျန်းကျန်းက သူမကို အံသြစွာနှင့် ကြည့်လာတယ်။
“ညီမက တော်ဝင်တက္ကသိုလ်ရဲ့ ကျောင်းသူလေ ၊ တခြား ဘယ်နေရာကိုသွားလို့ရမှာလဲ “
သို့ပေမယ့် သူမက ယန်ပေါင်ကျူးရဲ့ လိပ်စာကို ပြောနေတုန်းပဲ။
“ဟုန်ယန်ရဲ့ အိမ်နံပါတ် (1) မှာ နေတာ၊ ရာသီဥတု ပူနွေးလာတဲ့အထိ စောင့်ပေးဦး၊ ပြီးသွားရင် ပန်းတွေကို ကြည့်ရှုခံစားနိုင်ဖို့ လူတိုင်းကို ကျွန်မရဲ့အိမ်ဆီကို ဖိတ်ခေါ်ဦးမယ်”
“အဲဒါက တကယ့်ကိုနေရာကောင်းပဲ”
ရှုမင်ကောက တော်ဝင်မြို့တော်ရဲ့ ရှေးခေတ်အိမ်တွေနှင့် အလွန်ရင်းနှီးတယ်။
“ အဲဒီနေရာက အစတုန်းက ကျွင့်ဝမ်ဖူရဲ့ အလယ်လမ်းတစ်ခု ဝင်ပေါက်လေးခုနှင့် ထွက်ပေါက်လေးခုပါသော ခြံဝင်းတစ်ခုပဲ၊ ဒါကို ထိန်းသိမ်းထားဖို့က အရမ်းသင့်တော်တယ်၊ အဆင်ပြေလျှင် ငါတို့တွေ လာလည်ချင်တယ်”
“ပြဿနာမရှိပါဘူး”
ကျန်းကျန်းက ချက်ချင်း ခေါင်းညိတ်ပြီး ပြန်ပြောလိုက်တယ်။
“ဒါပေမဲ့ အဲဒီအချိန်ကျရင် တက္ကသိုလ်ရဲ့ဆရာတွေအနေနဲ့ ဧည့်ခံမှဖြစ်မယ်၊ အရင်တုန်းက အကြောင်းအရာတွေကို မပြောပါနဲ့၊ ကျွန်မရဲ့ အမေနဲ့ အဖေ နှစ်ယောက်လုံးက ရိုးသားလွန်းတော့ ကြောက်ရွံ့စရာတွေကို မခံနိုင်ကြဘူး”
စုဝေ့ရန်: “ငါ့တို့ကို ဝမ်မင် မင်းတို့မိသားစုရဲ့ အခြေအနေကို အခုပဲ ပြောထားပြီးပြီ၊ မင်းရဲ့ ထင်မြင်ချက်ကို ငါတို့ လေးစားပါတယ်၊ ဒါကြောင့် ငါတို့တွေ ဒါကို ထပ်မပြောတော့ဘူး၊ ဒါပေမယ့်ငါတို့တွေ မင်းကို ကျေးဇူးတင်ဖို့ တစ်ခုခုလုပ်ပေးချင်တုန်းပဲ”
“ လောင်ရှစ် ကျွန်မကို ပန်းချီကားတစ်ချပ် ပေးချင်လို့လား”
စုဝေ့ရန်ရဲ့ စကားကို ကြားတော့ ကျန်းကျန်းရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့တယ်။
“ဟားဟား!”
စုဝေ့ရန် ရယ်မောလိုက်တယ်။
“ဒါဆို ငါ မင်းကို အကောင်းဆုံး ပန်းချီကားတချို့ ပို့ပေးမယ်”
“စကားတစ်ခွန်းက အတည်ပဲ!”
ကျန်းကျန်းက ချက်ချင်းပဲ ကတိတည်ဖို့ လက်အမူအရာလုပ်ခဲ့တယ်။
တော်ဝင်တက္ကသိုလ်မှာ နေ့လည်စာစားချိန်ပြီးရင် အနားယူဖို့ အချိန်မရဘူး။ သူတို့တွေ ထမင်းစားပြီး ခဏလောက် စကားပြောပြီးတာနှင့် နေ့လည်ပိုင်း စာသင်ချိန်ကိုရောက်လာခဲ့ပြီ။
ကျန်းကျန်းက သူမရဲ့ လက်ကောက်ဝတ်ပေါ်က နာရီကို တစ်ချက်ကြည့်လိုက်ပြီး လူတိုင်းကို အပြုံးနှင့် တောင်းပန်လိုက်တယ်။
“ကျွန်မ နေ့လည်ပိုင်းမှာ အတန်းကြီးရှိလို့ စာသင်ခန်းကို အရင်သွားမှဖြစ်မယ်”
“သွားတော့၊ သွားတော့”
ဝမ်မင် ခေါင်းညိတ်ပြလိုက်တယ်။
“ငါ မင်းကို စီးပွားရေးနဲ့ ပြင်သစ်မေဂျာကို ထည့်လို့ရအောင် နေ့လည်မှာ ကူပေးထားမယ်၊ ဒါပေမယ့် မေဂျာသုံးခုကို အတူတူလေ့လာရင် အတန်းချိန်တွေ အများကြီး တက်ရပြီး ပိုက်ဆံအများကြီးကုန်လောက်တယ်နော်၊ နောက်ပြီး မင်း အလုပ်ကို နှစ်ဆပိုကြိုးစားရမှာ”
ကျန်းကျန်း ခေါင်းညိတ်ပြီး လေးလေးနက်နက်ပြောလိုက်တယ်။
“ကျွန်မ သိပါတယ်၊ မေဂျာတစ်ခုစီရဲ့ ပိုအရေးကြီးတဲ့ သင်တန်းတွေကို ကျွန်မ တက်နိုင်သလောက် တက်ဖို့ ကြိုးစားပြီး ကျန်အချိန်တွေမှာ ကိုယ်တိုင်လေ့လာသွားမှာပါ”
ရှဲ့ရှူးရန် ခဏလောက်တွေးလိုက်တယ် ။
“ငါက တခြားအရာတွေနဲ့မရင်းနှီးဘူးတဲ့အတွက် အဓိပ္ပါယ်မရှိတဲ့ စကားတွေကို မပြောရဲပေမယ့် ဘာသာစကားဆိုတာက ကိုယ်တိုင်လေ့ကျင့်ရတဲ့ သင်ခန်းစာတစ်ခုလိုပဲ၊
မင်းဆီမှာ ပါးစပ်အကျင့်ဖြစ်အောင် လေ့ကျင့်ဖို့ လူတစ်ယောက်ရှိရင် ပိုကောင်းလိမ့်မယ်၊ ဒါပေမဲ့ မင်းကစာပေဌာနရဲ့အဆောင်မှာနေတာ၊ ပြင်သစ်စကားပြောတတ်တဲ့သူရှိမှာ မဟုတ်ဘူး၊ မင်းဘယ်လိုလေ့ကျင့်မှာလဲ”
ရှဲ့ရှူးရန်ရဲ့စကားကိုကြားတော့ ကျန်းကျန်းလည်း အနည်းငယ်စိုးရိမ်သွားခဲ့တယ်။
“အတန်းပြီးရင် ဆရာ့ဆီကို ပိုပြီး သွားလည်လို့ရလောက်လား”
ဝမ်မင်က ပြုံးပြီး ကျန်းကျန်းရဲ့ ပုခုံးကို ပုတ်ကာ ရှဲ့ရှူးရန်ဆီကို ညွှန်ပြလာတယ်။
“မင်းက ဘယ်လို ဆရာမျိုးကို ရှာနေတာလဲ၊ ဒီမှာ အဆင်သင့် လုပ်ထားပြီးသားတဲ့ ကိုယ်စားလှယ်ရှိတယ် မဟုတ်ဘူးလား၊ ရှဲ့ရှူးရန်က ပြင်သစ်မှာ ခြောက်နှစ်တာပတ်လုံး ပညာသင်ယူခဲ့တာ၊ ငါတို့ကျောင်းက ပြင်သစ်ဆရာကတောင် သူလောက် အသံထွက် မကောင်းနိုင်ဘူး”
ထိုစကားကိုကြားတော့ ကျန်းကျန်းရဲ့ မျက်လုံးတွေက တောက်ပလာကာ ရှဲ့ရှူးရန်ဆီသို့ ပြေးသွားပြီး သူ့ကို စိုက်ကြည့်ကာ မေးလိုက်လေတယ်။
“ရှဲ့လောင်ရှစ်! ကျေးဇူးပြုပြီး ကျွန်မကို သင်ကြားပေးနိုင်မလား”
“နောက်ဆုံးတော့ မင်း ငါ့ကို လောင်ရှစ်လို့ ခေါ်ချင်သွားပြီပေါ့လေ”
ရှဲ့ရှူးရန်က ဂုဏ်ယူစွာနဲ့ ပြောလာတယ်။
“ဟိုအရင်တုန်းက ငါ မင်းကို ငါနဲ့အတူ ပီကင်းအော်ပရာ သင်ယူဖို့ လိုက်ခေါ်ခဲ့တော့ မင်းက သွားကျိုးနေတယ်၊ လည်ချောင်းနာတယ်နဲ့ ငြင်းနေတာလေ၊ မင်းရဲ့ ကောင်းမွန်တဲ့အသံလေးကို ဖြုန်းတီးနေတာပဲ!”
ကျန်းကျန်း ပြုံးလိုက်ပြီး မျက်နှာကို အုပ်ထားရင်း ပြန်ပြောခဲ့တယ်။
“တကယ်တော့ ဘာသာစကားတွေ သင်ယူဖို့အတွက်လည်း အသံကောင်းကောင်းရှိဖို့ လိုတယ်လေ၊ ဒါကြောင့် ပြောတဲ့စကားက အထူးကောင်းတယ်”
“စိတ်ကြီးဝင်လွန်းနေတာပဲ”
ရှဲ့ရှူးရန်က သူမကို ပြောပြီး မရယ်မောဘဲ မနေနိုင်ခဲ့ဘူး။
“မင်းရဲ့ မေဂျာသုံးခုကိုပဲ အချိန်ဇယားကောင်းကောင်းဆွဲထားလိုက်၊ တစ်ပတ်တစ်ခါလောက် မင်း အချိန်ရရင် ငါ့ကိုဖုန်းခေါ်လို့ရတယ်၊ ငါ မင်းနဲ့ လေ့ကျင့်ဖို့ လာခဲ့မယ်”
ဖုန်းခေါ်ရမယ်ဆိုတဲ့ စကားကို ကြားဆေမ့ ကျန်းကျန်းရဲ့ ပထမဆုံး တုံ့ပြန်မှုက သူမရဲ့အိတ်ကပ်ထဲကို ရောက်သွားခဲ့ပြီး ဖုန်းကို ဆွဲကိုင်လိုက်ပေမဲ့ သူမရဲ့ဖုန်းကို မတွေ့ဘဲ လက်ကိုင်ပုဝါကို ထုတ်လိုက်မိပြီးမှသာ တုံ့ပြန်နိုင်သွားခဲ့တယ်။
“ကျွန်မမှာ ဖုန်းမရှိဘူး?”
ရှဲ့ရှူးရန် မရယ်ဘဲ မနေနိုင်ခဲ့ဘူး။
“မင်းရဲ့ အိတ်ကပ်ထဲကနေ တစ်ခုခုထုတ်ယူဖို့လုပ်နေတာလားလို့ ငါထင်လိုက်တာ၊ လက်စသတ်တော့ မင်းက စိတ်ကူးယာဥ်ပြီး ဖုန်းလိုက်ရှာနေတာပဲ”
သူက ဝမ်မင်ဆီကို လက်ညိုးထိုးပြလိုက်တယ်။
“မစ္စတာဝမ်မင်ရဲ့ ရုံးခန်းမှာ ဖုန်းရှိတယ်၊ သူ့ဆီမှာ ငါ့ဖုန်းနံပါတ်လည်း ရှိတယ်၊ မင်း အဲဒီကို သွားပြီး ဆက်လို့ဝတယ်”
ကျန်းကျန်း ခေါင်းညိတ် တုံ့ပြန်လိုက်ပြီး သူမရဲ့ နာရီကို ငုံ့ကြည့်လိုက်တော့ အတော်လေးနောက်ကျနေပြီ။ ဒါကြောင့် သူမ အမြန်နှုတ်ဆက်ပြီး နေ့ခင်းဘက် အတန်းရှိတဲ့ စာသင်ခန်းကို အမြန်သွားလိုက်လေတယ်။
ဝမ်မင်က အလုပ်ကို အလွန်ထိရောက်စွာ လုပ်ကိုင်တတ်ပြီး ကျောင်းကလည်း သူ့ကို အလွန်လေးစားတယ်။
ဒါကြောင့် သူ့ရဲ့ လှုပ်ရှားမှုအောက်မှာ ကျန်းကျန်းအတွက် ဌာနသုံးခုလုံးရဲ့ ကျောင်းသား ID ကတ်တွေကို လျင်မြန်စွာ ရယူနိုင်ခဲ့ပြီး စီးပွားရေးဌာနနှင့် စပိန်ဌာနလက်အောက်မှ ပြင်သစ်မေဂျာရဲ့ စာရင်းမှာ သူမကို ထည့်သွင်းခဲ့တယ်။
ကျန်းကျန်း မေဂျာသုံးမျိုးရဲ့ သင်တန်းအချိန်ဇယားတွေကို တစ်ခုပြီးတစ်ခု ကူးယူခဲ့ပြီး ရှုမင်ကောရဲ့ မိတ်ဆက်ပေးမှုအောက်မှာ မေဂျာတစ်ခုချင်းစီရဲ့ ဆရာတွေဆီကို သွားရောက်ခဲ့ပြီး နောက်ဆုံးမှာတော့ မေဂျာသုံးခုအတွက် ရောနှောထားသော သင်ရိုးညွှန်းတမ်းတစ်ခုကို ရရှိခဲ့တယ်။
ကံကောင်းထောက်မစွာနှင့် ကျန်းကျန်းက လက်ရှိမှာ ကျောင်းသားသစ်တစ်ဦးဖြစ်နေသေးပြီး မေဂျာသုံးခုလုံးထဲမှာ ဘုံအဖြစ်ပါတဲ့ အတန်းတွေရှိတယ်။
ဒုတိယနှစ် စာသင်နှစ်ပြီးသွားရင်တော့ ကျွမ်းကျင်အတန်းတွေက ပိုများလာလောက်ပြီး အလုပ်တာဝန်က အခုထက် နှစ်ဆပိုကြီးလာလိမ့်မယ်။
*
ဝမ်ရှင်းဝမ့်နှင့် ကျန်းကျန်းတို့က မတူညီတဲ့မေဂျာတွေကိုယူထားကြတာကြောင့် အတန်းတွေကလည်း မတူညီတဲ့ နေရာတွေကိုသွားကြရတယ်။
အတန်းပြီးတဲ့အချိန်တွေမှာလည်း သူတို့နှစ်ယောက်လုံးက စာကျက်ဖို့အတွက် စာကြည့်တိုက်ကိုပဲ တန်းတန်းမတ်မတ် သွားခဲ့ကြတာကြောင့် တွေ့ဆုံဖို့အတွက် အခွင့်အလမ်း သိပ်မရှိကြဘူး။
.
ရက်သတ္တပတ်တစ်ခုက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး စနေနေ့ မွန်းလွဲပိုင်းမှာတော့ ကျန်းကျန်းက သူမရဲ့ စီးပွားရေးအတန်း ပြီးတာနှင့် သူမရဲ့ အိပ်ဆောင်သို့ ပြန်သွားခဲ့တယ်။
ထိုအချိန်မှာ ဝမ်ရှင်းဝမ့်က သူမကို အောက်ထပ်ကို စောင့်နေခဲ့ပြီ။
သူမကိုတွေ့တော့ ဝမ်ရှင်းဝမ့်က လှမ်းပြောလာတယ်။
“မင်းရဲ့အခန်းဖော်တွေ အားလုံးပြန်ရောက်နေပြီဆိုတာ ငါမြင်ထားတယ်၊ မင်း ဒီနေ့ အိမ်ပြန်ရမယ်ဆိုတာ မေ့သွားတာလား”
“မမေ့ပါဘူး”
ကျန်းကျန်း အပေါ်ထပ်သို့ အလျင်အမြန်တက်ကာ စီးပွားရေးမေဂျာစာအုပ်ကို ဘီဒိုထဲသို့ ထည့်လိုက်ပြီး သူမရဲ့ ကျောင်းလွယ်အိတ်ကိုယူကာ ဝမ်ရှင်းဝမ့်နှင့်အတူ အရှေ့ဘက်တံခါးဆီသို့ ထွက်လာခဲ့ကြတယ်။
ထိုအချိန်မှာ လီမင်ပေက သူတို့နှစ်ယောက်ကို စိုးရိမ်တကြီးစောင့်နေခဲ့လေတယ်။ သူတို့နှစ်ယောက်ကို မြင်လိုက်ရမှသာ သက်ပြင်းတစ်ချက်ချကာ ပြောလာတယ်။
“မြန်မြန်သွားရအောင်၊ နောက်ဆုံးဘတ်စ်ကားတစ်စီးပဲကျန်တော့တယ်”
**