အခန်း (၁၈၄)
Vol. 19 Ch. 184
ကျောင်းတက်ရက်သတ္တပတ်အတွင်းမှာ မတွေ့ဆုံခဲ့ရတာကြောင့် လီမင်ပေနှင့် ဝမ်ရှင်းဝမ့်တို့က အတူထိုင်ပြီးတာနှင့် သူတို့ရဲ့မေဂျာအကြောင်းတွေနှင့် သူတို့ကျောင်းမှာ မြင်ခဲ့ကြားခဲ့တာတွေကို အချင်းချင်း ပြန်လည်ဆွေးနွေးခဲ့ကြတယ်။
ကျန်းကျန်းက သူမရဲ့ ပါးပြင်ကို လက်ထောက်ကာ အိပ်ငိုက်ချင်နေတာကို တွေ့ရတော့ ဝမ်ရှင်းဝမ့်က စိုးရိမ်တကြီးနှင့် မေးလာတယ်။
“မင်းရော ဘယ်လိုနေလဲ၊ ငါ မင်းရဲ့အခန်းဖော်ကို တစ်ခါတလေ တွေ့နိုင်ပေမယ့် မင်းကိုတော့ သူတို့နှင့် သိပ်ပြီးမတွေ့ရဘူး၊ သူတို့နှင့် ပေါင်းသင်းရတာ နည်းနည်းလောက် ခက်ခဲနေတာလား၊ ငါ မင်းနှင့် ထမင်းအတူစားပေးရမလား”
“အဆင်ပြေပါတယ်၊ ညီမက အိပ်ဆောင်ထဲမှာ အငယ်ဆုံးဖြစ်ပြီး လူတိုင်းက ညီမကို ဂရုစိုက်ကြတယ်”
ကျန်းကျန်း ပြုံးပြီး ပြောလိုက်တယ်။
“ညီမက ဂျာနယ်လစ်အတန်းအပြင် ကျောင်းက စပိန်ဌာနရဲ့ပြင်သစ်နဲ့ စီးပွားရေးဘာသာရပ်အတွက် လျှောက်ထားသေးတယ်လေ၊ ဒါကြောင့် အတန်းတွေက တော်တော်ရှုပ်နေတာနှင့် သူတို့နဲ့ သိပ်ပြီး အတူမရှိနိုင်ဘူးဖြစ်နေတာ”
လီမင်ပေနှင့် ဝမ်ရှင်းဝမ့်တို့တွေ ခဏလောက် အေးခဲသွားပြီး ကျန်းကျန်းကို လှမ်းမေးလိုက်တယ်။
“မင်း တခြားမေဂျာတွေကိုပါ လျှောက်ထားနိုင်ခဲ့တာလား?”
လူတိုင်းက ဒါကို အနှေးနဲ့အမြန်ဆိုသလို သိကြမှာဖြစ်လို့ ကျန်းကျန်း သူတို့ကို စောစောပြောပြလိုက်တာ ပိုကောင်းတယ်လို့ ခံစားမိတယ်။
“ညီမရဲ့ စာပေမေဂျာရဲ့ဆရာ မစ္စတာ ဝမ်မင်က ကူညီပေးခဲ့လို့လေ၊ စကားမစပ် မစ္စတာ ဝမ်မင်ကို သိတယ်မလား”
“သူ့ကို ဘယ်သူက မသိဘဲနေမှာလဲ”
လီမင်ပေ ပြန်ပြောလာတယ်။
“သူက နိုင်ငံ့ဘဏ္ဍာဖြစ်တဲ့ နိုင်ငံရဲ့ပထမဆုံးစာပေနိုဘယ်လ်ဆုကို ရရှိခဲ့တဲ့ ပုဂ္ဂိုလ်ပဲ၊ မင်း မစ္စတာဝမ်မင်ရဲ့ ဟောပြောချက်ကို နားထောင်ဝမယ်ဆိုတော့ အရမ်းကံကောင်းတာပဲ”
ဝမ်ရှင်းဝမ့် ခေါင်းညိတ်ပြီးသဘောတူလိုက်တယ်။
“ငါလည်း သူ့ရဲ့ဟောပြောချက်တွေကို လာပြီး နားထောင်လို့ ရနိုင်မလား မသိဘူး၊ မစ္စတာဝမ်မင်က ငါ့ကို တခြားမေဂျာကျောင်းသားဆိုတော့ စာသင်ခန်းထဲကို ဝင်ခွင့်မပေးလောက်ဘူးထင်တယ်”
“မလုပ်ပါဘူး”
ကျန်းကျန်းက ပြုံးပြီး ပြောလိုက်တယ်။
“ကျောင်းမှာရှိတဲ့ ဆရာတွေက သူတို့ရဲ့ အတန်းတွေကို ပိုပြီးတော့တောင်လေ့လာစေချင်နေတာ၊ ဘယ်လိုလုပ်ပြီး လူတွေကို နှင်ထုတ်မှာလဲ၊ နောက်ပိုင်းမှာ ညီမ အစ်မအတွက် အတန်းချိန်ဇယားကို စစ်ကြည့်ပေးမယ်၊ အားလပ်ချိန်တွေနှင့်တိုးရင် အစ်မကို အတန်းထဲကို ခေါ်သွားပေမယ်”
ဝမ်ရှင်းဝမ့် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်တယ်။ လီမင်ပေကတော့ မျက်မှောင်ကြုတ်ရင်း မေးလာလေတယ်။
“မင်း ခုနက ပြောခဲ့တဲ့ မေဂျာတွေထပ်တိုးတယ်ဆိုတာက ဘယ်လိုမျိုးလဲ”
ကျန်းကျန်း ရှင်းပြလိုက်တယ်။
“ညီမ မေဂျာထပ်လေ့လာချင်တယ်လို့ မစ္စတာဝမ်မင်ကို ပြောခဲ့တယ်လေ၊ ဒါကြောင့် မစ္စတာဝမ်မင်က ဖြစ်နိုင်ခြေတွေကို ခွဲခြမ်းစိတ်ဖြာပြီး ညီမအတွက် လျှောက်လွှာတင်ပေးခဲ့တာ၊ ဒါကြောင့် မေဂျာသုံးခုကို အတူတူလေ့လာဖို့ ခွင့်ပြုချက် ရခဲ့တယ်”
လီမင်ပေ ကျန်းကျန်းကို ကြည့်ပြီး သင်ယူလိုစိတ်ကြောင့် ချီးမွှမ်းရမလား၊ ဒါမှမဟုတ် တုံးအမိုက်မဲနေတယ်လို့ တွေးရမလား မသိတော့ဘူး။
“ငါပြောမယ်။ အကြီးဆုံး ညီမလေး၊ ငါတို့တွေက မေဂျာတစ်ခုတည်းတက်တာတောင်အတော် ဒုက္ခများနေရတာ ၊ မင်းဘာတွေ တွေးနေတာလဲ? နောက်ပြီး အင်္ဂလိပ်မေဂျာက အခုခေတ်မှာ လူကြိုက်များနေတာမဟုတ်ဘူးလား၊ မင်း ဘာလို့ ပြင်သစ်မေဂျာကို ရွေးခဲ့တာလဲ”
လီမင်ပေရဲ့ မျက်နှာပေါ်ရှိ စာနာသနားတဲ့အမူအရာကိုမြင်တော့ ကျန်းကျန်း မပြုံးဘဲ မနေနိုင်တော့ဘူး။
“တကယ်တော့ ဒါက မဆိုးပါဘူး၊ ပြင်သစ်အတန်းကလွဲရင် ဘာသာစကားပိုင်းအတွက် ညီမ အဲဒါကို သင်ချင်တယ်၊ နောက်ပြီး သမိုင်း၊ စာပေနဲ့ အနုပညာအတန်းတွေကို ကိုယ်တိုင်လေ့လာတဲ့အပိုင်းအဖြစ် ယူထားတယ်၊ အင်္ဂလိပ်အတန်းနှင့် ပတ်သက်ပြီးရင်တော့... “
သူမက လီမင်ပေကို စနောက်လိုစွာနှင့် မျက်လုံး မှိတ်ပြလိုက်တယ်။
“မစ္စတာဝမ်မင်က အင်္ဂလိပ်လို ကျွမ်းကျင်တယ်လေ၊ သူ့ရဲ့ အင်္ဂလိပ်ဘာသာနှင့် ဘာသာပြန်တွေအများကြီးက နိုင်ငံတကာရဲ့ ချီးကျူးမှုတွေကို ရရှိထားခဲ့တာ၊ သူက အားလပ်ချိန်တွေမှာ ညီမကို အင်္ဂလိပ်စာ သင်ပေးဖို့ ဆန္ဒရှိတယ်တဲ့”
လီမင်ပေတစ်ယောက် ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်မိပြီး ကျန်းကျန်းကို စိုက်ကြည့်နေခဲ့ကာ သူ့ရဲ့ အာရုံတွေ ပြန်ရဖို့အတွက် အချိန်အတော်ကြာခဲ့တယ်။
“မူလတန်းကျောင်းပဲ ဖြစ်ဖြစ် တက္ကသိုလ်မှာပဲဖြစ်ဖြစ် ဆရာဝ ဆရာမတွေက စာလေ့လာရတာကို သဘောကျတဲ့ ကလေးတွေကို ပိုကြိုက်ပုံရတယ်၊ ငါ့အတွက်ကတော့ စာမေးပွဲမှာ ပထမရဖို့ မမျှော်လင့်ပါဘူး၊ ဆရာက ငါ့နာမည်ကို မှတ်မိသရွေ့ အဆင်ပြေတယ်လို့တောင်ပြောရမှာပဲ”
“အဲလိုတော့ မဖြစ်ဘူး”
ကျန်းကျန်း သူ့ကို ပြန်မပြောရသေးခင်မှာဘဲ ဝမ်ရှင်းဝမ့်က မပျော်မရွှင်ဖြစ်စွာ ပြောဘာတယ်။
“ရှင် စာမေးပွဲမှာ ပထမနေရာကို မရနိုင်ရင်တောင် ဆရာတွေ သင်ပေးတာကိုတော့ ကောင်းကောင်းကျွမ်းကျင်အောင် သင်ယူရမယ်၊ အနာဂတ်မှာ ရှင်ဆောက်ပေးတဲ့ အိမ်မှာ နေရဖို့ ကျွန်မ မျှော်လင့်ထားတာ”
သူ့ဇနီးလေးရဲ့ တောင်းဆိုမှုကိုကြားတော့ လီမင်ပေက ရုတ်တရက်သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး ကတိပေးလာတယ်။
“ကိစ္စမရှိဘူး၊ ကိုယ်ဘွဲ့ရပြီးရင် မင်းအတွက် ကောင်းမွန်လှပတဲ့ အိမ်တစ်လုံးကို သေချာပေါက်ဆောက်ပေးမယ်”
သူ ခဏရပ်လိုက်ပြီး ဆက်ပြောပြန်တယ်။
“ဒါ့အပြင် ကျန်းကျန်းရဲ့အိမ်လိုမျိုး ဥယျာဉ်ကြီးတစ်ခုလည်း ပါစေရမယ်!”
သို့ပေမယ့် လီမင်ပေတစ်ယောက် သူတို့ ပြန်ရောက်လာချိန်မှာ အေးချမ်းသာယာတဲ ဥယျာဉ်ကြီးက မြေကြီးပြိုကျသွားသလိုမျိုး အပြောင်းအလဲတွေ ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။ အနောက်ဘက် ဥယျာဉ်ရဲ့ထောင့်မှာ သစ်သားတဲတစ်လုံးရှိပြီး ကြက်တွေ၊ ဘဲတွေနှင့် ငန်းတွေပါ ပြည့်နေခဲ့လေတယ်။
ကျန်းကျန်းနှင့် တခြားလူတွေ အိမ်ထဲသို့ မ၀င်ရောက်နိုင်ခင်မှာဘဲ မဒမ်လီက ပျော်ရွှင်စွာနှင့် သူတို့ကို အိမ်နောက်ဖေးသို့ ခေါ်သွားကာ ထိုကြက်တွေဘဲတွေတစ်သိုက်ကို ပြသလာခဲ့တယ်။
“ငါ ဒီသားပေါက်လေးတွေကိုရဖို့အတွက် မင်းတို့ရဲ့ အကြီးဆုံး ဦးလေးကို ကူရှာခိုင်းထားတာလေ၊ ဒီသစ်သားတဲက သိပ်မကြီးပေမယ့် မီးဖိုလို့ရတဲ့နေရာပါသေးတယ်၊ မနက်ခင်းမှာ မီးဖိုထားပေးရင် သူတို့တွ တစ်နေကုန် မအေးတော့ဘူး ၊ ချင်းမင်ပွဲတော်ကို စောင့်လိုက်ဦး၊ ပြီးရင် သူတို့ အပြင်ကိုထွက်ပြီး လမ်းလျှောက်ခိုင်းလို့ရလောက်ပြီ”
ကျန်းကျန်းတစ်ယောက် လှောင်အိမ်အတွင်းမှ လက်သီးဆုတ်အရွယ်ရှိတဲ့ နူးညံ့တဲ့အမွှေးလုံး ကြက်၊ဘဲ၊ငန်း အုပ်စုကို ကြည့်ကာ ငိုရမလား၊ ရယ်ရမလားမသိ ဖြစ်သွားရတယ်။
သူမ မဒမ်လီရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်တယ်။
“အဖွား၊ ဒါဆို ဒီတစ်ပတ်လုံး အဖွား အလုပ်ရှုပ်နေခဲ့တာလား၊ တခြားရော ဘာတွေ ရှိသေးလဲ”
“ကျန်တာက ဘာမှမရှိပါဘူး၊ အိုး အစိုးရဘက်ကနေ လူတွေက အပူပေးပိုက်တွေ လာတပ်ဆင်သွားကြသေးတယ်၊ ဒါပေမယ့် မကြာပါဘူး၊ သုံးရက်အတွင်း ပြီးသွားတယ်လေ”
မဒမ်လီ ပြောလိုက်တယ်။
“ငါတို့တွေ ဒီမှာနေထိုင်မယ်လို့ပြောတော့ အလုပ်လာလုပ်တဲ့သူတွေက ပိုပြီး ဂရုစိုက်ကြတယ်၊ ဒါက သမိုင်းဝင်အဓိပ္ပာယ်ရှိတဲ့ အိမ်အိုကြီးဖြစ်ပေမဲ့ မပျက်စီးနိုင်သေးဘူးလို့ပြောတာပဲ၊
လမ်းကလည်း နှစ်ရက်အတွင်းအပြီးသတ်နိုင်တယ်တဲ့၊ အပူပေးပိုက်တွေဖွင့်ဖို့ကတော့ ချင်းမင် ပွဲတော်မတိုင်ခင် တစ်လလောက်အထိ လိုဦးမယ်”
ကျန်းကျန်း ခေါင်းညိတ်ပြပြီး မဒမ်လီ ပြန်သွားနိုင်အောင် ကူညီပေးလိုက်တယ် ။
“ တော်ဝင်မြို့တော်က သမီးတို့ ပေရှားလောက်တော့ မအေးပေမယ့် နေတဲ့အိမ်က အရမ်းကြီးတယ်လေ၊ မီးဖိုတစ်ခုတည်းနှင့်ဆိုရင် နွေးမှာမဟုတ်ဘူး အခုလိုက အဆင်ပြေလိမ့်မယ်”
ဒီနေ့ ကလေးသုံးယောက် ပြန်လာမယ်ဆိုတာကို သိတဲ့အတွက် ဝမ်စုဖန်းက စောစောထပြီး ချက်ပြုတ်နေခဲ့တယ်။
သူမက မဒမ်လီနှင့် ကျန်းကျန်းတို့သုံးယောက်အိမ်ထဲကို ပြန်ဝင်လာတာကို မြင်တေား သူတို့ရဲ့ လက်နဲ့ မျက်နှာကို ဆေးကြောဖို့ ရေနွေးအိုးထဲက ရေတွေလောင်းထည့်ပေးလိုက်လေတယ်။
မဒမ်လီက သူ့မြေးမလေး မျက်နှာကို ဆေးကြောနေတာကို တွေ့တော့ အပြုံးနှင့် လှမ်းကြည့်ပြီး ပြောလိုက်တယ်။
“ကျောင်းမှာ နေရတာအဆင်ပြေလား ၊ စားသောက်ရတာရော လုံလောက်ရဲ့လား”
“သမီးက လုံလုံလောက်လောက် စားနိုင်တယ်၊ နေ့တိုင်း အသားဟင်းတွေလည်းရှိတယ်လေ၊ တခြားဘာမှ မလိုအပ်ဘူး၊ ဒါပေမယ့် သမီးရဲ့ အစ်ကိုက အသားဟင်း နှစ်မျိုးလောက်နှင့်ပဲ စားရမှာကို မလောက်မှာ စိုးရိမ်တာ”
ကျန်းကျန်းက လီမင်ပေတစ်ယောက် စားပွဲကို တောက်ပတဲ့ မျက်လုံးတွေနှင့် စိုက်ကြည့်နေပေမဲ့ မစားသေးဘဲ တောင့်ခံနေတာကို မြင်တော့ လှမ်းပြီး စနောက်လိုက်တယ်။
လီမင်ပေက အနည်းငယ် ရှက်သွားပြီး ပြန်ပြောလာတယ်။
“အဲဒီတုန်းက ဗိုက်အရမ်းဆာနေလို့ပါ၊ အများအားဖြင့် အဲလောက်ထိ သိပ်မဝယ်စားဖြစ်ပါဘူး၊ နောက်ပြီး ငါတို့ ယောက်ျားလေးတွေအတွက် ထုတ်ပေးတဲ့ အစားအသောက်လက်မှတ်တွေက မင်းတို့ မိန်းကလေးတွေထက် အများကြီး ပိုများတယ်လေ၊ ဒီတော့ ငါ့အတွက်လည်း လုံလောက်ပါတယ်”
ကလေးတွေအားလုံး လုံလုံလောက်လောက်စားနိုင်တယ်ဆိုတာကို ကြားလိုက်ရတော့ မဒမ်လီလည်း သိတ်သက်သာရာရသွားခဲ့တယ်။
ဝမ်စုဖန်းက ဘန်းမုန့်ပေါင်းတစ်ပန်းကန် ယူလာပြီး လူတိုင်းကို စတင်စားသောက်ခိုင်းခဲ့တယ်။
ကျန်းကျန်း စားပွဲထက်မှ ပါးပါးလှီးထားတဲ့ဝက်သားနှင့် အသီးအရွက်စိမ်းတွေပါတဲ့ ပန်းကန်တွေကို ကြည့်ပြီး စပ်စုစွာမေးလိုက်တယ်။
“အကြီးဆုံးဦးလေးက ဟင်းသီးဟင်းရွက်နဲ့ အသားတွေကို သမီးတို့အိမ်ဆီ ယူလာပေးထားတာလား”
“မင်းဦးလေးက ငါတို့မိသားစုဆီ လက်မှတ်တွေ လာပို့ပေးထားတယ်”
မဒမ်လီက ဘန်းမုန့်ပေါင်းတစ်ခုကိုယူကာ ကျန်းကျန်းကို ပေးလိုက်တယ်။
“မင်းဦးလေးတို့မိသားစုမှာ အစားအစာလက်မှတ်တွေကို စစ်တပ်နယ်မြေက အရေအတွက်သတ်မှတ်ချက်နှင့် ခွဲဝေပေးထားတာလေ၊ သူတို့ရဲ့အိမ်မှာ စားစရာတံဆိပ်ခေါင်း၊ အသားတံဆိပ်ခေါင်းတွေက မသုံးဘဲတောင် သက်တမ်းကုန်သွားတတ်တယ်၊ အနာဂတ်မှာ သူက လစဉ် ပေးလာလိမ့်မယ်၊ ငါတို့တွေ ဒီမှာ လယ်မလုပ်ရင်တောင် ငတ်ပြတ်နေမှာကို မစိုးရိမ်ရတော့ဘူး”
ဝမ်စုဖန်း: “လွန်ခဲ့တဲ့ နှစ်ရက်တုန်းက အမေက နေ့တိုင်း ပဲပိစပ်၊ ပြောင်းနဲ့ ပြောင်းနှံကို စိုက်ကြည့်နေတာ၊ ပြသနာ နည်းနည်းလောက်သက်သာအောင် တွေးထားတယ်လေ၊ နွေဦးပေါက်ရင် စိုက်ဖို့ စီစဉ်နိုင်လိမ့်မယ်”
ကျန်းကျန်းက စကားကိုကြားတော့ အလျှင်အမြန် ပြန်ပြောလိုက်ရတယ်။
“အမေ့အတွက် သမီးစီစဉ်ပေးမယ်၊ အသီးအနှံပင်တွေ စိုက်ပျိုးဖို့အတွက် စိုက်ခင်းတစ်ခု သပ်သပ် ဖန်တီးရအောင်၊ ဒီနေရာမှာ ပန်းတွေစိုက်ကြမယ်”
“ပန်းတွေ စိုက်နေမလို့လား?”
ဝမ်စုဖန်းက ပန်းစိုက်မဲ့ရည်ရွယ်ချက်ကို သိပ်ပြီး နားမလည်ခဲ့ဘူး။
“အဲဒီပန်းက စားလို့ရလား”
ကျန်းကျန်းက သူမကို အံသြစွာ ကြည့်ပြီး ရှင်းပြလိုက်တယ်။
“တချို့ပန်းတွေက စားလို့ရပေမယ့် မစားချင်ဘူး ၊ ခြံကိုကြည့်ကောင်းအောင် စိုက်ထားမှာလေ “
ဝမ်စုဖန်းက တစ်ခုခုပြောခါနီးမှာဘဲမဒမ်လီက သူမကို အလျင်အမြန် ကြားဖြတ်ပြီး ပြောလာတယ်။
“ကျန်းကျန်းက အိမ်မှာ နောက်ဆုံးဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ သူဒီလိုတွေးရင် သူ့ဘာသာသာ ဆုံးဖြတ်ချက်တွေ ချလိမ့်မယ်”
ဝမ်စုဖန်းလည်း ထိုစကားကို ကြားမှ တုံ့ပြန်လိုက်နိုင်ပြီး ချက်ချင်းအပြုံးတစ်ခုနှင့် ပြောခဲ့တယ်။
“ငါ့ရဲ့ တုံးအ,မှုကို ကြည့်လိုက်ဦး၊ ကောင်းပြီ၊ ကျန်းကျန်း ကြိုက်သလို စိုက်လို့ရတယ်”
*