အခန်း (၁၈၅)
Vol. 19 Ch. 185
လအနည်းငယ်ကြာပြီးနောက် ဝမ်မင်နှင့် တခြားလူတွေက ကျန်းကျန်းရဲ့ အိမ်ကို ပထမဆုံးအကြိမ် ရောက်ရှိလာကြတယ်။
သူတို့က ထိုက်ဟူရေကန်ရဲ့ ကျောက်တုံးကြီးဘေးမှာ ရပ်နေခဲ့ကြပြီး ညာဘက်ကို လှမ်းကြည့်လိုက်ချိန်မှာ ခရမ်းချဉ်သီး၊ သခွားသီး၊ ငရုတ်သီးနှင့် ကြက်သွန်မြိတ်ပင်တွေကို မြင်လိုက်ရပြီး ဘယ်ဘက်အခြမ်းမှာတော့ ဥယျာဉ်ခြံအဖြစ်၊ စံပယ်၊ ကာနာလီလီ၊ ကြွေနှင်းဆီတို့ကို တွေ့မြင်ခဲ့ရကာ အရှေ့တည့်တည့်မှ ရေကန်မှာတော့ ဖူးပွင့်နေတဲ့ ကြာပန်းတွေကို တွေ့မြင်နိုင်ခဲ့တယ်။
ဒါ့အပြင် နံရံအောက်ခြေကို လှမ်းကြည့်မယ်ဆိုရင် နေကြာပန်း အတန်းတွေကို မြင်နိုင်လိမ့်မယ်။
စုဝေ့ရန်တစ်ယောက် ဒီရှုခင်းစိုက်ကြည့်နေခဲ့မိပြီး ကျန်းကျန်းကို ပြောလာခဲ့တယ်။
“မင်း ငါ့ဆီကနေ နှစ်အတော်ကြာအောင် ပန်းချီဆွဲသင်ခဲ့ဖူးတယ်၊ ငါလည်း အခု မင်းဆီကနေ ပထမဆုံးအကြိမ် ပန်းချီပညာတစ်ခုကို သင်ယူလိုက်ရပြီ၊ မင်းမှာ ထူးခြားတဲ့ အလှအပဖန်တီးပေါင်းစပ်မှုတစ်ခု ရှိနေတာပဲ!”
*
အစကို ပြန်သွားရရင် ကျန်းကျန်း ကောလိပ်ကို စတက်ခဲ့ရပြီးတဲ့နောက်မှာ သူမရဲ့ ဆရာတွေနှင့် ဒီလူကြီးလူကောင်းတွေကို သူမရဲ့အိမ်သို့ ဧည့်သည်တွေအဖြစ် ဖိတ်ကြားချင်တယ်လို့ ပြောခဲ့တယ်။
ဒါပေမဲ့ သူမအနေနဲ့ ပရော်ဖက်ရှင်နယ် အတန်းတွေအများကြီးနှင့် အလုပ်ရှုပ်နေခဲ့တာကြောင့် ဒီလူကြီးလူကောင်းပညာရှင်တွေကို အိမ်သို့ဖိတ်ခေါ်ဖို့ အချိန်မရှိနိုင်ခဲ့ဘူး။
လွန်ခဲ့တဲ့တစ်ပါတ်တုန်းကတော့ မဒမ်လီက သူတို့ရဲ့အိမ်မှ ဥယျာဉ်တွေမှာ ပန်းတွေ ကောင်းစွာပွင့်ကြောင်း ပြောလာခဲ့တယ်။
ဒါကြောင့် ကျန်းကျန်းလည်း စိတ် အနားယူအပန်းရန် စိတ်ကူးရှိလာခဲ့ပြီး ကျောင်းမှာရှိတဲ့ မစ္စတာဝမ်မင်ကနေတဆင့် လူတိုင်းကို သူမရဲ့ အိမ်သို့ ထမင်းစားရန် ဖိတ်ခေါ်ဖို့ အကြောင်းကြာခဲ့တယ်။
လီမင်ပေက များသောအားဖြင့် တော်ဝင်တက္ကသိုလ်သို့သွားဖို့ အချိန်မရှိနိုင်ဖြစ်နေခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ဇနီးဖြစ်သူဆီကနေ ထိုလူကြီးလူကောင်းတွေကို ဖိတ်ကြားနိုင်တာကိုကြားတော့ မယုံကြည်နိုင်ဖြစ်နေခဲ့ရတယ်။
“အဲဒီ လူကြီးလူကောင်းတွေနဲ့ ကြိုပြီး သဘောတူပြီးပြီလား၊ သူတို့ လာရော လာနိုင်ပါ့မလား”
“သူတို့နှင့် ပြောပြီးသွားပြီ၊ သေချာပေါက် လာလိမ့်မယ်”
ကျန်းကျန်း အပြုံးနှင့် ပြောလိုက်တယ်။
“ညီမ ကျောင်းစတက်ကတည်းက အဲဒီဆရာတွေနှင့် လူကြီးလူကောင်းတွေ တော်တော်များများက ညီမကို အများကြီး ကူညီပေးခဲ့ကြတယ်လေ၊ ဒါကြောင့် သူတို့ကို အိမ်မှာ ထမင်းဖိတ်ကျွေးဖို့အတွက် ဖိတ်ခေါ်လိုက်တာက ကျိုးကြောင်းဆီလျော်ပါတယ်”
ဝမ်ရှင်းဝမ့်က ကျန်းကျန်းနှင့်အတူ ထမင်းစားတာတွေ ၊အတန်းအတူတက်ရတာတွေ မရှိပေမယ့် သူမတို့ အဆောင်ရဲ့ အပေါ်ထပ်ကနေ အောက်ထပ်အထိ ကျန်းကျန်းက မေဂျာ သုံးခုကို လေ့လာနေကြောင်း ကို ပြောဆိုနေကြတာတွေကို ကြားနေခဲ့ရတယ်။
“ကျန်းကျန်းက ဘာသာရပ်
သုံးခုကို တစ်ပြိုင်နက်တည်း သင်ယူလိုက်တော့ သူမက ကျွန်မတို့ကျောင်းရဲ့ စံနမူနာဖြစ်လာတယ်လေ၊
ကျန်းကျန်း ဒီလိုမျိုး လျှောက်ထားသင်ယူပြီးတာနှင့် ကျောင်းသားတော်တော်များများကလည်း သူမအတိုင်း လိုက်ပြီးလျှောက်ထားကြတယ်၊
ဒါပေမယ့် ကျောင်းကနေ စစ်ဆေး စီစစ်ပြီးတဲ့နောက် ကျောင်းသားတွေက ကျန်းကျန်းလိုမျိုး စာမလိုက်နိုင်မှာကို စိုးရိမ်နေကြတာကြောင့် လူတိုင်းရဲ့လျှောက်လွှာတွေကို ပယ်ချလိုက်တယ်၊
ဒါကြောင့် ကျန်းကျန်းက ကျွန်မတို့ ကျောင်းမှာ မေဂျာသုံးခုယူပြီး သင်ကြားခဲ့တဲ့ တစ်ယောက်တည်းသော ကျောင်းသားဖြစ်နေခဲ့တယ်၊ ဒါကြောင့် လူကြီးလူကောင်းတွေက သူမကို ပိုပြီး ဂရုစိုက်ပေးကြတာဖြစ်လိမ့်မယ်”
မဒမ်လီက ထိုစကားကိုကြားတော့ အိမ်ကိုရောက်လာမဲ့ ဧည့်သည်တွေက သူမရဲ့မိသားစုအတွက် အရေးကြီးဆုံးအရာအဖြစ် ချက်ချင်းမှတ်ယူကာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တော့တယ်။
သူတို့တွေ အိမ်ကိုလာတဲ့နေ့မှာတော့ ကျန်းကျန်းနှင့် ရှဲ့ရှူးရန်က သူတို့ရဲ့ မနက်ခင်း ပြင်သစ်စကားပြောလေ့ကျင့်ရေးအတန်းကို ဘတ်စ်ကားပေါ်သို့ ပြောင်းရွှေ့ခဲ့ကြတယ်။
ရှဲ့ရှူးရန်က ကျန်းကျန်းကို ပြင်သစ်စကားတွေ လေ့ကျင့်ပေးချိန်တွေမှာ ပြဌာန်းစာအုပ်အတိုင်းလိုက်ပြီး သူမကို အတိအကျ မပြောခဲ့ဘူး။ သူက သူမကို ပြောဆိုဆက်သွယ်မှုတွေမှာ သဒ္ဒါနှင့် စကားစုတွေကို ရင်းနှီးစေရန် ပိုပြီးလမ်းညွှန်ခဲ့တယ်။
ရှဲ့ရှူးရန်က ကျန်းကျန်းကို သူမ နားမလည်တဲ့ စကားလုံးတွေကို ပြင်သစ်လို ရှင်းပြခဲ့တယ်။ အဲဒီနောက်မှာကျန်းကျန်းရဲ့ ပြင်သစ်လို အရူးအမူး တောင်းပန်နေတာကို ဆက်ပြီး ကြားရလိမ့်မယ်။
“ထပ်ပြောပါဦး၊ ထပ်ပြောပေးပါဦး!”
မဒမ်လီက အစပိုင်းကတည်းက ခြံကို သန့်ရှင်းရေးလုပ်ခဲ့ပြီး ဖုန်မှုန့်တွေ မလွင့်စေဖို့အတွက် ရေအနည်းငယ်ဖြန်းထားပေးခဲ့တယ်။
ကျန်းကျန်းနှင့် တခြားသူတွေက မနက် ကိုးနာရီလောက်မှာ အိမ်ကို ရောက်ရှိလာခဲ့ကြတယ်။
မဒမ်လီက တံခါးဝမှာ အကြာကြီးစောင့်နေခဲ့ပြီး သူမရဲ့ မြေးမလေးနှင့်တခြားလူတွေ လာနေတာကို သူမရဲ့ မှေးကျဥ်းနေပြီဖြစ်တဲ့ မျက်လုံးတွေနှင့် မြင်လိုက်ရတာနှင့် ချက်ချင်းပဲ အိမ်တံခါးကို အမြန်ဖွင့်လိုက်တယ်။
“လူကြီးမင်းတို့ အိမ်ထဲကို ကြွကြပါ”
သူမက အသံကို ထပ်မြှင့်ပြီး အိမ်ထဲကို လှမ်းအော်လိုက်တယ်။
“မင်ပေ မြန်မြန်ထွက်လာခဲ့”
လီမင်ပေက တံခါးဝတွင် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့တယ်။ သူက ရေအနည်းငယ် ဆာလာတဲ့အတွက် အိမ်ထဲကို ခဏဝင်သွားဖို့လုပ်ခဲ့တာပဲ။ ဒါပေမယ့် ပန်းမိုးတံခါးကို မဖြတ်ရသေးခင်မှာဘဲ မဒမ်လီက သူ့ကို ပြန်ခေါ်ခဲ့တယ်။
“လူကြီးမင်းတို့ မင်္ဂလာပါ”
လီမင်ပေတစ်ယောက် လူအများအပြားကို မြင်လိုက်ရတဲ့အတွက်ကြောင့် သူ့မှာ အနီးကပ်ကြည့်ရှုရန် အချိန်မရှိခဲ့ဘူး။
သူက အဝေးကတည်းက နှုတ်ဆက်ခဲ့ပြီး အနီးသို့ရောက်မှသာ သူ့ရဲ့ရှေ့မှ ဆံပင်ဖြူတွေတစ်ဝက်လောက် အဘိုးအိုကို လှမ်းကြည့်ရင်နှင့် အံ့အားသင့်မှုကြောင့် ပါးစပ်ကိုတောင် မပိတ်နိုင်တော့ဘူး။
“ကျန်းကျန်းကတော့ ကြိုပြီး ပြောထားပေမဲ့ မစ္စတာဝမ်မင်ကို တကယ်ကြီး အိမ်မှာ ဧည့်ခံဖို့ ဖို့ခေါ်လာနိုင်ခဲ့လိမ့်မယ်လို့မထင်ခဲ့ဘူး၊ ဒါက တကယ့်ကို အံ့သြစရာပဲ!”
အသံတွေကိုကြားတော့ လီမူဝူ၊ ဝမ်စုဖန်းနှင့် ဝမ်ရှင်းဝမ့်တို့အားလုံးလည်း ထွက်လာကြပြီး ကျန်းကျန်းက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးခဲ့ကာ လက်ဖက်ရည်သောက်ဖို့အတွက် ပင်မခန်းမသို့ ဝင်လာဖို့ ဖိတ်ခေါ်ခဲ့တယ်။
ပင်မခန်းမထဲမှာ ချင်မင်းဆက်ရဲ့ ပရိဘောဂအစုံလိုက်ရှိနေခဲ့တယ်။ ဒါတွေအကုန်လုံး အဟောင်းစျေးကနေ ဝယ်ခဲ့တာပဲ။
ထိုအချိန်တုန်းက ဒီပရိဘောဂတွေ ခြေထောက်တွေကျိုးနေခဲ့ပြီး၊ တချို့က ထောင့်များကျိုးသွားကာ ထောင့်စွန်းတွေကလည်း ပြုတ်ကျနေခဲ့တာကြောင့် ဘယ်သူမှ မလိုချင်တဲ့ ပစ္စည်းတွေဖြစ်နေခဲ့တယ်။
ကျန်းကျန်းကျန်း စားပွဲတွေနှင့် ကုလားထိုင်တွေကို အနီးကပ်ကြည့်ရှု ခဲ့ပြီး ထိုပရိဘောဂပစ္စည်တွေက ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့ပေမဲ့ ကျိုးနေတဲ့ ထိုခုံခြေထောက်တွေကို ပြန်လည်ပြင်ဆင်နိုင်တာကိုတွေ့ရှိနိုင်ခဲ့တဲ့အတွက်ကြောင့် အားလုံးကို ဝယ်ယူခဲ့တယ်။
လီမူဝမ်းက ပစ္စည်းတွေအားလုံးကို ရွှေ့ပြောင်းရန် ကူညီပေးခဲ့ပြီး ပြန်လည်ပြင်ဆင်ဖို့အတွက်ကတော့ ကျန်းကျန်းက သူမဘာသာသူမ ပြန်လည်ပြုပြင်ကာ အရာအားလုံးကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခဲ့တယ်။
လီမူဝမ်းက သူမကို ခုံတွေပြင်ဆင်ရာမှာ သံချောင်းတွေနှင့် သံမှိုစွဲပြီးရိုက်တယ်လို့ ထင်ခဲ့ပေမဲ့ အမှန်တကယ်တမ်းမှာတော့ သူမက ကျိုးနေတဲ့သစ်သားတွေကို တစ်ဖန်ပြန်လည်ချိတ်ဆက်ရန် သူမရဲ့ သဘာဝလွန်စွမ်းရည်ကို အသုံးပြုခဲ့ခြင်းဖြစ်လေတယ်။
ရှုမင်ကောက ပင်မခန်းမထဲသို့ ဝင်ရောက်ပြီးနောက်မှာ ခုံပေါ်မှာတောင် မထိုင်နိုင်တော့ဘူး။ သူက ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး စားပွဲနှင်ကုလားထိုင်ပေါ်ရှိ ထွင်းထုထားတဲ့ အကွေးအညွှတ်တွေနှင့် အလှဆင်ထားတဲ့ကျောက်တွေနှင့် ကြွေလွှာတွေကို သဘောကျစွာ ကိုင်ကြည့်နေတော့တယ်။
“ကျန်းကျန်း မင်း ဒီပရိဘောဂအစုံကို ဘယ်ကရလာတာလဲ”
ရှုမင်ကောတစ်ယောက် သူ မှန်ဘီလူးကို မယူဆောင်လာခဲ့တဲ့အတွက်အလွန်နောင်တရနေခဲ့တယ်။
အသက်ကြီးလာတာနှင့်အမျှ သူ့မျက်လုံးတွေက မှုန်ဝါးလာပြီဖြစ်ကာ အရင်တုန်းကလိုမျိုး အောက်ခံပုံစံတချို့ကို ရှင်းရှင်းလင်းလင်းမမြင်ရတော့ဘူး။
တကယ်တမ်းတော့ သူလည်း ကျန်းကျန်းတို့မိသားစုရှေ့မှာ မြေပြင်ပေါ်မှာ လဲလျောင်းနေလုနီးပါးဖြစ်နေတဲ့အပေါ် အလွန်ရှက်ရွံ့နေခဲ့တယ်
“ အဟောင်းတန်းကနေ ဝယ်လာခဲ့တာလေ”
ကျန်းကျန်းက ဝမ်ရှင်းဝမ့် လူတိုင်းအတွက် ပျားရည်ဖျော်ရည် ဖျော်ပြီး ယူလာပေးတာကိုယူညီပေးလိုက်ပြီး လူတိုင်းအတွက် တစ်ခွက်စီ ချပေးလိုက်တယ်။
ရှုမင်ကော သူ့ရဲ့ခေါင်းကို မော့ကြညာ့လိုက်ချိန်မှာ အလွန်တန်ဖိုးကြီးမားပြီး အနုစိတ်ကျကျဖန်တီးထားတဲ့ လေးထောင့်စားပွဲပေါ်မှာ ပန်းကန်လုံးကြီးတွေကို ချထားတာကို တွေ့လိုက်ရတာကြောင့် သူ့ရင်ဘတ်နှင့် လက်ဖဝါးနဲ့ ရိုက်လိုက်မိကာ ရင်နာစွာနှင့် ပြောလိုက်မိပြန်တယ်။
“ဘာလို့ ဒီပန်းကန်လုံးတွေကို စားပွဲပေါ်မှာ တင်ထားတာလဲ၊ မတော်တဆ ဖိတ်စင်ကျသွားရင် ဖြုန်းတီးမိသွားလိမ့်မယ်!”
သူ့ရဲ့စကားကို နားထောင်ပြီးနောက် မဒမ်လီက စိတ်ရင်းစေတနာကောင်းစွာနှင့် ကမန်းကတန်းပြောလာတယ်။
“ဖိတ်ကျသွားလို့ ရပါတယ်၊ အောက်ကိုဖိတ်ကျသွားရင်လည်း နောက်ထပ် ပန်းကန်တစ်လုံး ထပ်ထည့်ပေးလို့ရတယ်လေ၊ ပူနွေးနေတုန်းမှာ သောက်လိုက်ပါဦး”
ရှုမင်ကောရဲ့ ပါးစပ်က တွန့်လိန်သွားရတယ်။
“အန်တီ၊ ကျွန်တော်က ရေအတွက် နှမျောနေတာ မဟုတ်ပါဘူး၊ ကျွန်တော်က စားပွဲအတွက် နှမျောပြီး စိတ်မကောင်းဖြစ်နေတာပါ”
ကျန်းကျန်း ပြုံးလိုက်ပြီး မဒမ်လီကို ရှင်းပြပေးလိုက်တယ်။
“ဒီဘက်က သမီးရဲ့ဆရာက သမိုင်းဝင် အမွေအနှစ်တွေကို အကဲဖြတ်တဲ့ပညာရှင်လေ၊ သမီးတို့အိမ်က ဒီစားပွဲကို ချင်မင်းဆက်ရဲ့ တော်ဝင်မိသားစုက အသုံးပြုခဲ့တာဖြစ်နိုင်တယ်၊
ဒါကြောင့် မစ္စတာရှုက ဒီစားပွဲကို တန်ဖိုးကြီးပစ္စည်းအဖြစ် မြင်ပြီး သမီးတိုးတွေ အခုလို အကြမ်းထည်သစ်သားစားပွဲတစ်ခုလို အသုံးပြုနေတာကို မြင်တော့ နည်းနည်းတော့ စိတ်ဆင်းရဲသွားခဲ့တာ”
မဒမ်လီလည်း သဘောပေါက်စွာနှင့် ခေါင်းညိတ်ပြလာတယ်။
“အဲလိုကိုး၊ အဆင်ပြေပါတယ်၊ အခုတော့ ကျင့်သားရနေပါပြီ၊ ပထမတုန်းကဆို ဘုရင်ရဲ့ ခုတင်ကြီးမှာ အိပ်တုန်းကတော့ နေသားမကျဖြစ်ပြီး မအိပ်ရဲဖြစ်ခဲ့တာလေ၊ အခုဆို အဲဒါနှင့် နေသားကျသွားပြီး ခုတင်က အတော်လေး သက်တောင့်သက်သာနဲ့ အိပ်နိုင်တယ်လို့တောင် ခံစားမိနေပြီ၊ ဒါကြောင့် ဒီစားပွဲခုံတွေကိုလည်း သိပ်ပြီး စိတ်မလေးတော့ဘူး”
လူတိုင်းက သူမရဲ့စကားကြောင့် ရယ်မောမိသွားခဲ့ကြတယ်။
ကျန်းကျန်းအနေနဲ့ သူမရဲ့မိသားစုဆီကို ဒီလိုမျိုး လူကြီးလူကောင်းတွေနှင့် တွေ့ဆုံပေးခြင်းက ပထမဆုံးအကြိမ်ဖြစ်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တယ်။ သူတို့တွေ တစ်စုံတစ်ခုကို လွှတ်ခနဲ ပြောလိုက်မိမှာကိာ စိတ်ပူနေခဲ့တယ်။
ကံကောင်းထောက်မစွာနှင့် သူတို့အားလုံးက အလွန်ကို အတိုင်းအတာအကြောင်း သိတဲ့လူတွေဖြစ်နေခဲ့တယ်။
မဒမ်လီက ပညာတတ်တွေကို အလွန်လေးစားအားကျခဲ့တယ်။ အထူးသဖြင့် တက္ကသိုလ်မှာ ဆရာတွေတွေအဖြစ်လုပ်ကိုင်နေတဲ့ဝမ်မင်တို့ကိုပဲ။
ဝမ်မင်တို့ကလည်း အပိုစကားတွေ ထည့်မပြောဘဲ ကျောင်းမှ ကိစ္စတွေကိုသာ ပြောခဲ့ကြပြီး ထိုအခါမှ ကျန်းကျန်းလည်း စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်မိတယ်။
*