← Chapters

အခန်း (၁၈၆)

Vol. 19 Ch. 186

အခန်း (၁၈၆)

Vol. 19 Ch. 186

အချိန် ခဏတာလောက် အနားယူပြီးနောက်မှာ ရှုမင်ကောက နောက်ဆုံးတော့ ကုလားထိုင်နှင့် စားပွဲခုံတွေကို တန်ဖိုးဖြတ်နေရာမှ ပြန်လွှတ်လိုက်ပြီး ပန်းကန်လုံးထဲမှ ပျားရည်ကို သောက်လိုက်တယ်။ ပြီးနောက် ကျန်းကျန်းဆီသို့ ခြံထဲကို လှည့်ပတ်ကြည့်နိုင်မလားဟု မေးခဲ့လေတယ်။

သူတို့တွေ လမ်းလျှောက်ကြည့်ချင်နေကြတာကို မြင်တော့ မဒမ်လီလည်း ဝမ်စုဖန်းကို ချက်ပြုတ်တဲ့နေရာမှာ ကူညီဖို့ လိုက်သွားခဲ့ပြီး လီမင်ပေကိုတော့ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးသမဝါယမဆီကိာသွားကာ စည်သွတ်အစားအစာတချို့ကို ဝယ်ယူဖို့ စေလွှတ်ခဲ့လေတယ်။

ကျန်းကျန်းလည်း လူကြီးလူကောင်းတွေနှင့်အတူ အဖော်ပြုပြီး အိမ်ရဲ့ ရှုခင်းတွေကိုလည်ပတ်ကြည့်ရှုရန် ပြသခဲ့တယ်။

အဓိကအိမ်ကတော့ မဒမ်လီနှင့် လီမူဝူတို့ဇနီးမောင်နှံနေထိုင်ရာနေရာပဲ။

ဒါကြောင့် ကျန်းကျန်းက အိမ်မကြီးဘက်ကို ခေါ်သွားမဲ့အစား ခြံဝင်းထဲမှာ တစ်ခုခုရှိကြောင်းပြောပြီး အနောက်ခြမ်းဆီကို ခေါ်သွားလိုက်တယ်။

အနောက်ခြမ်းမှာ အိမ်ခန်းသုံးခန်းရှိတယ်။ အခန်းတွေက ကြားထဲမှာ နေရာလွတ်မရှိဘဲဆက်သွယ်ထားခဲ့လေတယ်။

တံခါးဝကို ဝင်လိုက်တာနဲ့ တံခါးနှင့်တည့်တည့် နံရံမှာ ချိတ်ဆွဲထားတဲ့ စုဝေ့ရန်ရဲ့ ရှုခင်းပန်းချီကားတစ်ချပ်ရှိနေတာကိုမြင်ရလိမ့်မယ်။

အနောက်ဘက်မှာတော့ ခေါက်လိုက်ကာထားပြီး ထိုနေရာမှာ ဘာတွေရှိနေတာလဲဆိုတာ မမြင်ရအောင် တားဆီးထားလေတယ်။

အရှေ့ဘက်ရှိ ခေါက်လိုက်ကာကို တွန်းဖယ်ထားမယ်ဆိုရင် လက်ရာမြောက်အောင် ထွင်းထုထားတဲ့ ခုတင်ကို မြင်ရလိမ့်မယ်။

ကျန်းကျန်းက လူတိုင်းကို လမ်းပြပြီး ခုတင်ရဲ့ လိုက်ကာ သပ်သပ်ရပ်ရပ် တင်လိုက်တယ်။

“ဒီခုတင်က ကျွန်မတို့ ပြောင်းလာတုန်းကည်းက ရှိနေတာလေ”

ရှုမင်ကောက သူ့ရဲ့လက်ချောင်းတွေကို လှမ်းကာ ခုတင်ရဲ့သစ်အသားကို ပွတ်သပ်ကြည့်လိုက်တယ်။

“ချင်မင်းဆက်ရဲ့ ပစ္စည်းတွေပဲ!”

ကျန်းကျန်း ခေါင်းညိတ်ပြီး ပြန်ပြောလိုက်တယ်။

“အပြင်ဘက်က ခန်းမထဲမှာရှိတဲ့ စားပွဲတွေကို ကြည့်လိုက်တော့ အဲဒီကုလားထိုင်တွေကလည်း အစတုန်းက ဒီနန်းတော်ကလို့ ထင်တာပဲ၊ ဘယ်လိုဖြစ်ပြီး အပြင်ကိုရောက်သွားတာလဲတော့ မသိဘူး၊ အဲဒါတွေက အပြင်ဘက်မှာ ရိုက်ချိုးခံထားရတယ်၊ ကျွန်မ ပြန်သယ်သွားပြီး လနဲ့ချီအောင် ကိုက်ညီမဲ့ အပိုင်းအစတွေနဲ့ တစ်ခုချင်းစီထည့်ပြီးပြင်ထားရတာလေ”

ရှုမင်ကော မတိုင်ခင်တုန်းက သူမြင်လိုက်ရတဲ့ သိပ်ပြီးမထင်ရှားတဲ့ ဖာရာထေးရာတွေကို သတိရပြီး ကျန်းကျန်းကို အံ့အားသင့်စွာ ကြည့်လိုက်မိတယ်။

“အဲဒါက မင်း ကိုယ်တိုင် ပြင်ထားထားလား၊ တကယ်ကြီး ကောင်းမွန်လွန်းတာပဲ၊ ဟေး ကျန်းကျန်း မင်းရဲ့ မေဂျာကို ပြောင်းသင့်တယ်လို့ ငါထင်တယ်နော်၊

မင်းက ယဉ်ကျေးမှု အမွေအနှစ်တွေကို လေ့လာတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် မွေးဖွားလာခဲ့တာပဲ၊ အဲဒါကို ဘယ်လိုလုပ်ပြီး သတင်းထောက်မေဂျာမျိုးတွေကို လေ့လာနေတာလဲ၊ ဒါက အရမ်းဖြုန်းတီးရာရောက်လွန်းတယ်နော်”

ရှဲ့ရှူးရန်က ပြုံးပြီးပြောလာတယ်။

“သူမက ခေါင်းကြောမာလွန်းတဲ့ ကလေးမလေးပဲလေ၊ သူမရဲ့ စိတ်ထဲမှာ တစ်ခုခုရှိနေသရွေ့တော့ တခြားသူတွေက ဘာပဲပြောနေပါစေ အသုံးမဝင်တော့ဘူး”

ကျန်းကျန်းကို ပီကင်းအော်ပရာ သင်ပေးရန်အတွက် ရှဲ့ရှူးရန်တစ်ယောက် သူမကို လိုက်ရှာခဲ့ရခြင်းဖြင့် အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင် စိတ်ပျက်ခဲ့ရပုံကို ပြန်လည် သတိရသွားတော့ လူတိုင်း မရယ်မောဘဲ မနေနိုင်ခဲ့ကြတော့ဘူး။

ခုတင်ဘေးမှာ သေတ္တာနှစ်လုံးရှိပေမဲ့ ထိုသတ္တာက သာမန်မဟော်ဂနီသားနှင့် ပြုလုပ်ထားတာကြောင့် ရှေးဟောင်းပစ္စည်းတွေမဟုတ်တဲ့အတွက် လူတိုင်းက ရပ်တန့်မနေခဲ့ကြဘူး။

အိမ်ရဲ့ တံခါးတစ်ခုကို ဖြတ်ကျော်ပြီး အနောက်ဘက်ဆုံးအိမ်ခန်းသို့ ရောက်တဲ့နောက်မှာ ရှုမင်ကောတင်မကဘဲ တခြားသူတွေရဲ့ မျက်လုံးတွေလည်း တောက်ပလာခဲ့တယ်။

ကျန်းကျန်းက အစတုန်းက ပင်မအိမ်မှာရှိတဲ့ ရှေးဟောင်းပစ္စည်းတင် နံရံကပ်စင်ကို သူမရဲ့အိမ်သို့ ပြောင်းရွှေ့ခဲ့တယ်။

တော်ဝင်မြို့တော်သို့ ကျောင်းတက်ရန် ရောက်ရှိလာပြီးနောက်မှာ သူမ ဝယ်ခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ်များစွာက လီမူဝမ်းရဲ့ လက်အောက်ငယ်သားတစ်ယောက်က အကြိမ်ပေါင်းများစွာဘေးဘက်မှလိုက်ပြီး ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်လို့ ထိုပစ္စည်းတွေရဲ့ အရင်းအမြစ်အတွက် ငြင်းခုံမှုများရှိလာမှာကို ကြောက်ရွံ့ခြင်းမရှိတော့ဘူး။

ရှေးဟောင်းပစ္စည်းတင် နံရံကပ်စင်မှ အထင်ရှားဆုံးအရာမှာ သစ်သားပုံထဲမှ စုဆောင်းလာခဲ့တဲ့ ရွှမ်းတဲ့ခေတ်ကာလက မီးဖိုလေးပဲ။

သူမ ဝယ်ယူခဲ့တဲ့အချိန်တုန်းက အပြင်ဘက်မှာ အစွန်းအထင်းတွေ ပြည့်နေပြီး မူလအသွင်အပြင်ကို မမြင်နိုင်တော့ဘူး။

ကျန်းကျန်းက အိမ်ပြန်ရောက်ပြီးနောက်မှာ နူးညံ့တဲ့အ၀တ်စနှင့် အသေးစိတ် ပွတ်တိုက်သုတ်ပေးလိုက်တယ်။ ဒီလိုနှင့် နောက်ဆုံး တော့ မီးဖိုရဲ့ မူလအသွင်အပြင်ကို ပြန်လည်ရရှိခဲ့လေတယ်။

ရှုမင်ကောက မီးဖိုကို စိုက်ကြည့်နေတာကိုမြင်တော့ ကျန်းကျန်းကလည်း ထိုမီးဖိုကို အမြန်ကောက်ယူပြီး ရှုမင်ကောဆီကို လှမ်းပေးခဲ့တယ်။

“ရှုလောင်ရှစ်၊ ဒါက ကျောင်းတွေ စမဖွင့်ခင်တုန်းက အနီးအနားက အဟောင်းအရောင်းစျေးတစ်ခုကနေ ရှာတွေ့ခဲ့တာလေ၊ ဒဏ္ဍာရီလာ ရွှမ်းတဲ့ မီးဖိုပဲ၊ ဒါပေမဲ့ ကျွန်မက ရွှမ်းတဲ့မီးဖိုကို တစ်ခါမှ မတွေ့ခဲ့ရဘူးဆိုတော့ ဒါက အတုလား၊ အစစ်လားဆိုတာကို မပြောနိုင်ဘူး”

ရှုမင်ကောက ကျန်းကျန်းကို ဝမ်းနည်းစွာ စိုက်ကြည့်လိုက်တယ်။

“မင်းပြောတဲ့ပုံက ငါအရင်တုန်းက မြင်ဖူးသလိုမျိုးပဲ”

သူက ရွှမ်းတဲ့ မီးဖိုကို စားပွဲပေါ်မှာ ဂရုတစိုက်ချထားလိုက်ပြီး အလွန်ဂရုတစိုက်နှင့်ကြည့်ရှုခဲ့တယ်။

“မြို့တော်မှာ ရွှမ်းတဲ့ မီးဖိုတွေကို စုဆောင်းထားတယ်၊ ဒါပေမဲ့ ငါက ကြေးနီထည်တွေကို တာဝန်ခံတာမဟုတ်ဘူး၊ ဒီတော့ တစ်ခါမှ မမြင်ဖူးခဲ့ဘူး”

ရှုမင်ကောက ရွှမ်းတဲ့ မီးဖိုကို သဘောကျနှစ်ခြိုက်နေချိန်မှာ တခြားသူတွေက ရှေးဟောင်းပစ္စည်းတင် နံရံကပ်စင်ပေါ်ရှိ တခြားသော ပစ္စရ်းတွေကို သဘောကျစွာ ကြည့်နေခဲ့ကြတယ်။

စင်ပေါ်မှာ ပြသထားတဲ့အရာအားလုံးကို အရေးအခင်းအပြီးမှာမှ ရရှိထားတာဖြစ်ပြီး အလွန်တန်ဖိုးကြီးမားတဲ့ ရတနာတွေ အများကြီးမရှိတော့ဘူး။

တရားဝင်မီးဖိုကြီးတွေကနေဖုတ်လုပ်ခဲ့တဲ့ ကြွေထည်များစွာက ကမ္ဘာပေါ်မှာ ပေါများတဲ့ အမျိုးအစားဖြစ်တဲ့အတွက်ကြောင့် သိပ်ပြီး ရှားပါးခြင်းမရှိတော့ဘူး။

ရှုမင်ကောက ရှေးဟောင်းပစ္စည်းတွေကို သဘောကျစွာ ကြည့်ရှုနေချိန်မှာ စုဝေ့ရန်က စာအုပ်စင်ဆီသို့ လျှောက်သွားပြီး စုတ်တံထားတဲ့ ဘူးထဲမှ စုတ်တံတစ်ချောင်းကို ကောက်ယူလိုက်တယ်။

ဒါကိုမြင်တော့ ကျန်းကျန်းတစ်ယောက် အနားကို လျှင်မြန်စွာရောက်သွားပြီး စုဝေ့ရန်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်တယ်။

“လောင်ရှစ်၊ လောင်ရှစ် နောက်ထပ် ပန်းချီကားတစ်ချပ် ထပ်ဆွဲဦးမလို့လား”

ရှုမင်ကောတစ်ယောက် ကျန်းကျန်းကိုကြည့်ပြီး စကားမပြောနိုင်ဖြစ်သွားရတယ်။

“မင်းမှာ ပန်းချီကားဘယ်နှစ်ချပ်တောင်ရှိနေပြီလဲ ၊ မင်းက ငါ့ကို တွေ့တာနဲ့ ပန်းချီဆွဲခိုင်းနေတော့တာပဲ”

“ဒါတွေအားလုံးက ရတနာတွေပဲလေ”

ကျန်းကျန်း ရယ်မောလိုက်ပြီး ရှက်ရွံ့မနေဘဲ ဆက်ပြောလိုက်တယ်။

“အနာဂတ်မှာ ခေတ်ကာလ ပိုကောင်းလာပြီးရင် လောင်ရှစ်ရဲ့ ပန်းချီကားတွေအပြည့်နဲ့ လောင်ရှစ်အတွက် ပန်းချီပြပွဲတစ်ခု ကျင်းပမယ်”

“မင်းက တော်တော်လေး ဝတ္တရားကျေဖို့တွေးထားတာပဲ”

စုဝေ့ရန် ပြုံးလိုက်ပြီး စုတ်တံနှင့်ကဗျာတစ်ပုဒ်ရေးဆွဲလိုက်တယ်။

“ နံရံပေါ်မှာ ပန်းချီကားတွေချည်းပဲရှိနေတော့ နည်းနည်းငြီးငွေ့စရာကောင်းနေတာကို ငါမြင်ခဲ့တယ်၊ ဒါကြောင့် မင်းအတွက် စာတစ်စောင် ရေးပေးမယ်၊ ဒါပေမယ့် တပ်ဆင်တာကိုတော့ ငါ ဂရုမစိုက်ဘူး၊ မင်းကိုယ်တိုင် လုပ်ရမယ်”

“ပြဿနာမရှိပါဘူး”

ကျန်းကျန်း ဝမ်းသာအားရ သဘောတူလိုက်လေတယ်။

ရှုမင်ကောက ရှေးဟောင်းပစ္စည်းတွေကိုမြင်ရင် နောက်ထပ် ခြေတစ်လှမ်းထပ်မလှမ်းနိုင်ဘဲ နောက်ကိုတောင် ပြန်သွားရန် တွေးတောနေတတ်တဲ့သူဖြစ်တဲ့အတွက်ကြောင့် တခြားလူတွေက ရှုမင်ကောကို ထွက်လာရန် တိုက်တွန်းလိုက်ကြရတယ်။

အနောက်ဘက်အိမ်မှာက ဘယ်သူမှ နေနေတာ မဟုတ်ပေမဲ့ သန့်ရှင်းသပ်ရပ်စွာရှိနေခဲ့တယ်။

မဒမ်လီက အိမ်မှာရှိနေပြီးကျန်းမာရေးလည်း ကောင်းတာကြောင့် ဖုန်မှုန့်တွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် အနောက်ဘက်အိမ်ကို မကြာခဏသွားလေ့ရှိတယ်။

သူမက ကျန်းကျန်းတစ်ယောက် အိမ်ကြီးတစ်လုံးရှိနေပေမဲ့ အိမ်မှာ မနေနိုင်တာကို တွေးလိုက်တိုင်း စွမ်းအင်တွေ အပြည့်ရှိလာတတ်တယ်။

အိမ်နောက်ဖေးမှာရှိတဲ့ ဥယျာဉ်ဆီကိုရောက်တော့ လူတိုင်းက အံ့ဩတကြီး ဖြစ်သွားကြတယ်။

ဝမ်ရှင်းဝမ့်တစ်ယောက် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ခူးယူဖို့အတွက် ဥယျာဉ်ဆီသို့ ထွက်လာခဲ့တယ်။

ထိုအချိန်မှာ ဝမ်မင်နှင့် စုဝေ့ရန်တို့က ဝမ်ရှင်းဝမ့်ယူလာပေးတဲ့ ဇလုံကြီးကို ချက်ချင်းဆွဲကိုင်လိုက်ပြီး စိတ်အားထက်သန်စွာ ပြောခဲ့တယ်။

“ငါတို့ ဒီလိုမျိုးတွေ အသီးအနှံခူးရတဲ့အလုပ်မျိုး မလုပ်ဖြစ်တာ နှစ်နှစ်တောင်ရှိနေပြီ ၊ သမီးလေး၊ မင်း ဟိုဘက်မှာ ခဏလောက်ထိုင်ပြီး စောင့်နေလိုက်လေ၊ ဟင်းသီးဟင်းရွက်တွေကို ငါတို့ သွားခူးလိုက်မယ်”

ဝမ်ရှင်းဝမ့်မှာ မစ္စတာဝမ်မင်ထံမှ သမီးလေးလို့ အခေါ်ခံလိုက်ရပြီးနောက် ငေးမောကြောင်အမ်းသွားရပြီး ချက်ချင်းဆိုသလိုပဲ ဇလုံကို ကြောင်တက်တက်မျက်နှာနှင့် လွှတ်ချလိုက်ကာ ဘေးဘက်မှာရှိနေတဲ့ ကျောက်တုံးဘေးမှာ မျက်နှာကို လက်နဲ့ထောက်ပြီး ဝင်ထိုင်လိုက် မိတယ်။

အနီရောင် တောက်တောက် ခရမ်းချဥ်သီးတွေ၊ လတ်ဆတ်တဲ့ အစိမ်းရောင် သခွားသီးတွေ၊ အစေ့တွေပြည့်နေတဲ့ ပဲသီးတောင့်တွေ၊ ကွေးကောက်ပြီး ကြီးမားသန်မာတဲ့ ခရမ်းသီးတွေ၊ နောက်ထပ် အစိမ်းရောင် ဟင်းသီးဟင်းရွက်တန်းတွေ...

စုဝေ့ရန် နှင့် တခြားသူတွေက တောင်ကြားထဲမှ မြေရိုက်ကွက်လပ်တွေမှာ သီးပင်စားပင်တွေကိုစိုက်ပျိုးခဲ့ကြတယ်။ ဒါက အနည်းငယ်ခက်ခဲပင်ပန်းပေမဲ့လည်း သူတို့ကိုယ်တိုင် စိုက်ပျိုးကြီးပြင်းလာတဲ့ အစားအစာတွေကို စားတဲ့အချိန်မှာ ပြီးမြောက်အောင်မြင်တဲ့ ခံစားချက်ကို ရရှိစေတယ်။

သူတို့တွေ တောင်ကြားထဲမှ ထွက်လာပြီးနောက်မှာတော့ သူတို့အားလုံးက ဒီနှစ်များအတွင်း သူတို့မရရှိခဲ့တဲ့ လုပ်ခလစာနှင့် အကျိုးခံစားခွင့်တွေကို သူတို့ရဲ့ အထောက်အထားအဖြစ် ပြန်လည်ရရှိခဲ့ကြတယ်။

ဒါကြောင့် များသောအားဖြင့် အစားအသောက်တွေကို အစားအသောက်လက်မှတ်တွေနှင့်သာ ဝယ်ယူခဲ့ကြတော့တယ်။

ဒါကြောင့် အခုချိန်မှာတော့ လူအနည်းငယ်လောက်က ဇလုံတစ်ခုကိုကိုင်ပြီး မြေပြင်ကို လှည့်ပတ်သွားလာကာ သူတို့ကြိုက်နှစ်သက်သဘောကျတဲ့ အသီးအရွက်အားလုံးကို ခူးယူခဲ့ကြပြီး ဇလုံထဲကို ထည့်နေခဲ့ကြတယ်။

*

All Chapters