← Chapters

အခန်း (၁၈၈)

Vol. 19 Ch. 188

အခန်း (၁၈၈)

Vol. 19 Ch. 188

ကျန်းကျန်းထွက်သွားခဲ့ပေမဲ့ ဆွေးနွေးမှုကတော့ ဆက်ပြီးလုပ်နေခဲ့တုန်းပဲ။

သူမရဲ့အတန်းဖော်တွေကလည်း လီမင်ကျန်းရဲ့ အတန်းချိန်ဇယားတွေက မနက်မှ ညနေအထိ ပြည့်နေတာကို သိနေခဲ့တဲ့အတွက်ကြောင့် သိပ်ဂရုမစိုက်ခဲ့ကြဘူး။

ဒါပေမယ့် ကျန်းကျန်းရဲ့ အနောက်တွင် ထိုင်နေတဲ့ ကောင်လေးကတော့ အနည်းငယ်စိတ်ပျက်စွာနှင့် ရေရွတ်လာတယ်။

“ လီမင်ကျန်းသာ ငါတို့ရဲ့ သတင်းဌာနမှာ ပါဝင်နိုင်မယ်ဆိုရင် သူမရဲ့ ပုံရိပ်ကြောင့် လူအများကြီးကို အင်တာဗျူးနိုင်မှာသေချာတယ်”

ဝေ့ယွီကျင်းက ထိုစကားကိုကြားတော့ လှည့်ကြည့်ပြီး အပြုံးနှင့်ပြောလိုက်တယ်။

“ငါတို့ မိသားစုရဲ့ ကျန်းကျန်းက တစ်ကိုယ်တော် သတင်းထောက်တစ်ယောက်ဖြစ်နေရင်တောင် သူမရဲ့လက္ခဏာနှင့်ဆိုရင် ပါတနာတချို့ကို ရှာမတွေ့နိုင်စရာအကြောင်းမရှိဘူး”

ထိုကောင်လေးက ဖော်ထုတ်ခံလိုက်ရတာကြောင့် သူ့ရဲ့ မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲသွားခဲ့တယ်။

လျို့ချန်မင်ဆိုတဲ့ ကောင်လေးက ပိုပြီး သတ္တိရှိတယ်။ သူက ပြုံးပြီး ဝေ့ယွီကျင်းနှင့် ဆွေးနွေးလိုက်တယ်။

“အစ်မဝေ့၊ ဒီသတင်းအေဂျင်စီက ကျွန်တော်တို့အတန်းအတွက် အရေးကြီးတဲ့ပွဲပဲလေ၊ အစ်မ အိပ်ဆောင်ကိုပြန်သွားပြီးရင် အတန်းဖော် လီမင်ကျန်းနှင့် ဆွေးနွေးကြည့်ပါလား၊

သူ့ကို ပါဝင်ပေးဖို့ပြောလိုက်ပါ၊ တကယ်လို့ အစ်မတို့တွေ လေးလံတဲ့ ပစ္စည်းတွေကိုသယ်ပြီး ပြေးရတဲ့အချိန်ကျရင် ကျွန်တော်တို့တွေ ကူသယ်ပေးနိုင်ပါတယ်”

ဝေ့ယွီကျင်း: “ ငါ ထုတ်လုပ်ရေး အဖွဲ့မှာ ရှိနေတုန်းက ပေါင် (200) လေးတဲ့ အိတ်ကို သယ်နိုင်ခဲ့တယ်”

လျို့ချန်မင်တစ်ယောက့ ရှက်ရွံ့သွားတဲ့ အမူအရာနှင့် တံတွေးကို မျိုချလိုက်မိတယ်။

ထိုအခိုက်မှာပဲ ရှုကျယ်ဟိုက်လို့ခေါ်တဲ့ ကောင်လေးကလည်း ဝင်ရောက်ပြောလာတယ်။

“မင်းရဲ့လက်တွေက ငါ့ထက်တောင် ပိုကြီးသေးတယ်လေ၊ ဒါပေမဲ့ အတန်းဖော်လီမင်ကျန်းက မင်းနှင့် ဘယ်တူမှာလဲ၊ သူမက အားနည်းပြီး ဟန်မဆောင်နိုင်ဘူး၊ ငါတို့က အတန်းဖော်တွေကြားထဲမှာ ခင်မင်ရင်းနှီးမှုနဲ့ အပြန်အလှန်ကူညီမှုတွေ အပြည့်အဝပေးမှာပါ”

ဒီစကားကိုကြားတော့ ရှုကျားကျားလည်း ခေါင်းကို လှည့်ကာ သူ့ကို သနားစာတာစွာ ကြည့်နေလာခဲ့တယ်။

“ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ငါတို့ အိပ်ဆောင်မှာ လက်မောင်းလှဲပြိုင်ပွဲ လုပ်ခဲ့တယ် ၊ ရလဒ်က ဘယ်လိုထွက်လာလဲဆိုတာ နင်တို့ သိလား”

လျို့ချန်မင်နှင့် ရှုကျယ်ဟိုက် တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြပြီး စကားဝိုင်းရဲ့ခေါင်းစဥ်က ဘာကြောင့် ဒီနေရာကို ခုန်တက်ပြီးရောက်သွားခဲ့တာလဲဆိုတာကို နားမလည်နိုင်ခဲ့ပြဘူး။

သူတို့ရဲ့ မျက်နှာပေါ်မှ ရှုပ်ထွေးနေတဲ့အမူအရာတွေကို မြင်လိုက်ရတော့ ဝေ့ကျင်းယွီက သူတို့ကိုကြင်နာစွာနှင့် အဖြေကိုပြောပြခဲ့တယ်။

“ငါ လီမင်ကျန်းနှင့် လက်မောင်းလှဲပြိုင်တာ ငါရှုံးခဲ့တယ်”

ဝေ့ယွီကျင်းကို အလယ်ဗဟိုမှာထားပြီး သူ့ရဲ့ဘေးပတ်ပတ်လည်မှရှိတဲ့လူတွေအားလုံး တိတ်ဆိတ်သွားခဲ့ကြတယ်။

လျို့ချန်မင်က သူ့ရင်ဘတ်ကို နာကျင်စွာရိုက်လိုက်တယ်။

“ဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ လီမင်ကျန်းက ကမ္ဘာကြီးရဲ့ မီးပွားတွေကိုတောင် မမြင်နိုင်သေးတဲ့ နတ်ဘုရားမတစ်ပါးလိုပဲလေ”

ရှုကျားကျားနှင့် ဝေ့ယွီကျင်းတို့က မရယ်ဘဲမနေနိုင်ခဲ့ကြဘူး။ သူတို့က ကောင်လေးတွေကို စကားဆက်မပြောတော့ဘဲ ခေါင်းကို ပြန်လှည့်ပြီး သတင်းဌာနအကြောင်းကိုပဲ ဆက်ပြောခဲ့ကြတယ်။

လျို့ချန်မင်က သူ့ရဲ့နဖူးပေါ်မှ ချွေးတွေကို သုတ်လိုက်ပြီး ရှုကျယ်ဟိုက်ကို အနည်းငယ် စိတ်အားငယ်စွာ ကြည့်ပြီး ပြောလိုက်တယ်။

“မင်းပြောတော့ ဒီလိုလုပ်ရင် မရဘဲမနေဘူးဆို..”

ရှုကျယ်ဟိုက်လည်း အနည်းငယ်စိုးရိမ်သွားပုံနှင့်ပြောလာတယ်။

“ဟိုတုန်းက ငါ့ရဲ့ဇနီးကို လိုက်တုန်းက သူနဲ့တစ်ခန်းတည်းမှာရှိတဲ့ ပညာတတ်လူငယ်တွေကို ကောင်းကောင်းပြောပြီး ကူညီပေးအောင် လုပ်ခဲ့ရတာ၊ မင်းမယုံရင်တောင် ငါကတော့ အိမ်ကိုပြန်ခေါ်သွားနိုင်ခဲ့တယ်၊ ငါကတော့ မင်းပိုပြီး ကြိုးစားသင့်တယ်ထင်တာပဲ”

လျို့ချန်မင်တစ်ယောက် ချက်ချင်းပဲ စွမ်းအင်တွေပြန်လည်ရရှိလာပြီး လီမင်ကျန်းကို သတင်းဌာနမှာအဖွဲ့ဝင်ချင်မလားဆိုတာကို ကိုယ်တိုင်မေးမြန်းဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါကြောင့် သူက ကျန်းကျန်း အတန်းထဲက ထွက်သွားတဲ့အချိန်ကို တွက်ချက်ကြည့်ပြီး သူမက စာသင်ခန်းထဲက စောစောထွက်သွားတာကြောင့် စီးပွားရေးမေဂျာကလည်း မကြာခင်အဆုံးသတ်လောက်မယ်လို့ ခန့်မှန်းခဲ့တယ်။

ဒါကြောင့် သူ စီးပွားရေးမေဂျာရဲ့စာသင်ခန်းထဲကနေ ရောက်နိုင်တဲ့ တစ်ခုတည်းသောလမ်းမှ ကန်တင်းဆီကို သွားခဲ့လေတယ်။

သေချာတာပေါ့။ သူ အပင်ပန်းခံရကျိုးနပ်ခဲ့တယ်။

နောက်ထပ် ဆယ်မိနစ်ခန့်စောင့်ပြီးနောက် လျို့ချန်မင်တစ်ယောက် ကန်တင်းကို အမြန်သွားနေတဲ့ ကျန်းကျန်းကို လှမ်းမြင်ခဲ့တယ်။

သူက ဆံပင်ကို ချက်ချင်းသပ်လိုက်ပြီး အင်္ကျီကိုလည်း ပြန်ဖြန့်လိုက်ကာ တိုက်ဆိုင်မှုတစ်ခုလိုဟန်ဆောင်ပြီးခေါ်လိုက်တယ်။

“ဟေး အတန်းဖော် လီမင်ကျန်း!”

ကျန်းကျန်း ခေါင်းကို ပြန်လှည့်လိုက်ပြီး သူမရဲ့ရှေ့မှ လူအုပ်ထဲကို ပစ်ထည့်လိုက်ရင် ဘယ်သူလဲဆိုတာကိုမသိနိုင်လောက်တော့တဲ့ သာမန်ရုပ်ရည်ရှိပြီး အရပ်ရှည်တဲ့ တစ်စုံတစ်ယောက်သော အတန်းဖော်ကို ကြည့်ကာ သံသယချို့နှင့် မေးလိုက်တယ်။

“ရှင်က ဘယ်သူလဲ?”

လျို့ချန်မင်ကတော့ သေသွားခဲ့ပြီ။

လျို့ချန်မင်ရဲ့ တုန်ယင်သွားတဲ့ နောက်ကျောက အတော်လေး သနားစရာကောင်းနေပုံရတာကြောင့် ကျန်းကျန်းလည်း အနည်းငယ် ရှက်ရွံ့သွားရတယ်။

သူမရဲ့ မေဂျာသုံးခုမှာ ကျောင်းသားတွေက ၂၀၀ နီးပါးလောက်စီရှိတယ်။ ဒါကြောင့် သူမနှင့် အတန်းအတူတူတက်ဖူးသူပေါင်းက ရာပေါင်းများစွာရှိလေတယ်။

သူမအနေနဲ့ ဒီလိုအရပ်အနည်းငယ်ရှည်ပြီး သာမန်ဆန်လွန်းတဲ့ မျက်နှာကို အမှန်တကယ်မမှတ်မိတော့ဘူး။

တစ်ဖက်လူကသာ ပြင်သစ်မေဂျာမှ ရှီကျွင့်ကျဲလိုမျိုး အလှလေးတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ သူမ သေချာပေါက် ကတိပေးနိုင်တယ်။

အဲဒီလူကိုတော့ စိတ်ထဲမှာ စွဲမြဲနေအောင် မှတ်မိနေလိမ့်မယ်!

·

ကျန်းကျန်းတို့ တက်ခဲ့တဲ့ စာသင်နှစ်ထဲမှ ကျောင်းသားတွေက အတော်လေး အထူးတလည်နိုင်သလို အသက်အရွယ်အပိုင်းအခြားကလည်း ညီမျှမှုမရှိဘူး။

အသက်အကြီးဆုံးတွေက အသက်သုံးဆယ်ကျော်လောက်ရှိပြီး အထက်တန်းကျောင်းပြီးတာနှင့် တိုက်ရိုက် စာမေးပွဲဖြေဆိုခဲ့တဲ့ ကျန်းကျန်းလိုမျိုး ကျောင်းသားတွေလည်း အများကြီးရှိတယ်။

ဒီဘတ်ခေတ်ကာလမှာ အိမ်ထောင်ရေးဆိုတာက ယေဘုယျအားဖြင့် အတော်လေးစောလွန်းတယ်။ အသက် (23) နှစ် သို့မဟုတ်(24)နှစ်ဆိုတာက လက်ထပ်ရန်အတွက် စံနှုန်းတစ်ခုဖြစ်နေခဲ့တယ်။

သို့ပေမဲ့ တချို့သော ပညာတတ်လူငယ်တွေက ထိုနှစ်အပိုင်းအခြား မတိုင်ခင် အစောပိုင်းတွေမှာ ရောက်လာကြရတဲ့အတွက် အသက် 25 သို့မဟုတ် 6 နှစ်အထိ ကြန့်ကြာသွားနိုင်တယ်။

အင်ပါယာမြို့တော်တက္ကသိုလ်က တရုတ်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေထဲမှ တစ်ခုဖြစ်ပြီး ဝင်ခွင့်လက်ခံရရှိသူတွေက သာမန်လူတွေမဟုတ်ကြဘူး။

အထူးသဖြင့် ကျန်းကျန်းတို့ရဲ့မေဂျာပဲ။ ဒီမေဂျာကို နိုင်ငံတစ်ဝှမ်းမှ လူပေါင်း (6) သန်းနီးပါးလောက်ာ စာမေးပွဲဖြေဆိုခဲ့ကြပေမဲ့လည်း နောက်ဆုံးမှာတော့ စုစုပေါင်း (280,000) အောက်သာ ဝင်ခွင့်ရရှိခဲ့တယ်။

ပြောရရင် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာဖြင့် စည်ကားလျက်ရှိတဲ့ တပ်မဟာတစ်ခုက လူတစ်ယောက်လောက်ပဲ ဝင်ခွင့်ရလိမ့်မယ်။

ဒါကြောင့် သူတို့အားလုံးက အနာဂတ်မှာ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေဖြစ်လာမှာဖြစ်ပြီး ဒီအထဲမှာမှ အိမ်ထောင်မပြုရသေးတဲ့သူတွေကလည်း အများအပြားလည်း မရှိဘူး။

ဒါကြောင့် ကျောင်းသားအများအပြားက ဒီကျောင်းမှာပဲ လက်တွဲဖော်ရှာရန် စိတ်ဆန္ဒရှိနေခဲ့ကြတယ်။ သူတို့တွေ ကျောင်းမှာ ချစ်ကြိုက်နိုင်ခဲ့ရင် ဘွဲ့ရပြီးတာနှင့် တိုက်ရိုက်လက်ထပ်နိုင်တယ်။

ဒီလို အတွေးမျိုး တွေးနေတတ်တဲ့သူတွေက ယောက်ျားလေး အတန်းဖော်တွေတင် မကဘူး။ မိန်းကလေး အတန်းဖော်တွေထဲမှာလည်း ဒီလိုမျိုး တွေးတောနေခဲ့ကြသူတွေ အများကြီးရှိတယ်။

သူတို့က တက္ကသိုလ်တက်ပြီးနောက် အသိပညာသစ်တွေနှင့် ပွင့်လင်းမြင်သာတဲ့ယဉ်ကျေးမှုတို့ကို ထိတွေ့ခွင့်ရခဲ့ပေမဲ့လည်း သူတို့တွေက အသက်နှစ်ဆယ်ကျော်တဲ့အထိ အိမ်ထောင်မပြုဘူးဆိုရင် အပျိုဟိုင်းဖြစ်သွားပြီဆိုတဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကိုတော့ လက်ခံနေကြတုန်းပဲ။

လူတော်တော်များများက သူတို့တွေ လက်တွဲဖော်ရှာတဲ့အချိန်မှာ အကျင့်စာရိတ္တကောင်းမွန်ပြီး အခက်အခဲတွေကို ခံနိုင်ရည်ရှိနိုင်တဲ့ သူမျိုးကို လိုချင်တယ်လို့ ဆိုကြပေမယ့် လူတိုင်းနက်နက်နဲနဲ နားလည်ထထားတဲ့အရာကတော့ ဆန့်ကျင်ဘက်လိင်အပေါ်ထားတဲ့ သူတို့ရဲ့ စိတ်ခံစားမှုက အခြေခံအားဖြင့်တော့ မျက်နှာသွင်ပြင်နှင့် အလှအပအပေါ် မူတည်တာပဲ။

ကျန်းကျန်းရဲ့ ရုပ်ရည်က ကျောင်းဝန်းတစ်ခုလုံးမှ ကောင်မလေးတွေကြားထဲမှာ ထိပ်တန်းအဆင့်လို့ သတ်မှတ်ခံရနိုင်တယ်။

သူမက တစ်နေ့လုံး တောင်ပေါ်သွားလာလိုက် ဒါမှမဟုတ် မြစ်အောက်သို့ ဆင်းသွားလိုက် လုပ်လေ့ရှိပေမဲ့လည်း သူမရဲ့ အသားအရည်က ဖြူဖွေးနူးညံ့နေခဲ့တယ်။

ဒါ့အပြင် တစ်နှစ်ပတ်လုံး ခရမ်ကို မသုံးပေမဲ့လည်း သူမရဲ့ မျက်နှာလေးက အမြဲတမ်း ရေဓာတ်ပြည့်ဝနေခဲ့ပြီး စိုပြေ နူးညံ့နေခဲ့တယ်။

ကျန်းကျန်းရဲ့ ဖြူစင်နူးညံ့တဲ့ အသားအရေအပြင် သူမရဲ့ ကြီးမားပြီး ရွှန်းလဲ့နေတဲ့မျက်လုံးတွေကလည်း ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်တစ်ခုဖြစ်နေခဲ့တယ်။

သူမက ဘာစကားမှပြောဘဲ ဘူတာရုံကားမှတ်တိုင်ကို လမ်းလျှောက်နေရုံနဲ့ လူတွေကို သူမက သွက်လက်ပြီး စွမ်းအားပြည့်နေတယ်လို့ လူတွေက ခံစားရစေတယ်။

ငယ်ရွယ်နုပျိုပြီး အလုပ်ကြိုးစားသလို ရုပ်ရည်ချောမောတဲ့ မိန်းကလေးတစ်ယောက်က သူတို့ရဲ့ အတန်းထဲမှာ ရှိနေခဲ့တာလေ။

ဒီတော့ ဂျာနယ်လစ်မေဂျာမှ ယောက်ျားလေးတွေသာမကဘဲ ပြင်သစ်မေဂျာနဲ့ စီးပွားရေးဌာနမှာလည်း သူမကို စိတ်ကူးနေခဲ့တဲ့ ယောကျ်ားလေးတွေရှိတယ်။

ဒါပေမယ့် ဒီဘက်ခေတ်က လူတွေက အတော်လေး ရိုးရှင်းပြီး လှည့်ကွက်တွေ ကစားတာတွေ၊ နောက်ကနေ လိုက်တာတွေကို မလုပ်နိုင်ကြသေးဘူး။

သူတို့ရဲ့ စိတ်ကူးက စာသင်ခန်းစာထဲမှာ လေ့လာတဲ့အပေါ်မှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အပြင်ဘက်မှာ ကျန်းကျန်းနှင့် ထိတွေ့ခွင့်ရဖို့အတွက် အခွင့်အလမ်းရှာပြီး တက်ကြွလှုပ်ရှားမှုတွေမှာပဲဖြစ်ဖြစ် သူတို့ရဲ့ ကောင်းမွန်တဲ့အရာတွေကို ပြသနိုင်ဖို့ပဲ။

ကျန်းကျန်းအတွက်ကတော့ အတန်းထဲက ကောင်လေးတွေက သူမကို ဘယ်လိုတွေးနေလဲဆိုတာကို သတိမထားမိခဲ့ဘူး။

သူမက စာသင်ခန်းထဲမှာဆိုရင် ဆရာမကို စိုက်ကြည့်ရင်း မှတ်စုတွေ လိုက်ရေးနေခဲ့ပြီး အတန်းပြီးတာနဲ့ စာသင်ခန်းနောက်တစ်ခန်းကို အမြန်ပြောင်းဖို့ သွားခဲ့တယ်။

သူတို့နှင့် ဆက်သွယ်ပြောဆိုနေဖို့ နေနေသာသာသူတို့ကို လိုက်ပြီးကြည့်နေဖို့အတွက်တောင် အချိန် မရှိခဲ့ဘူး။

T/n: အပိုင်းရေ (190)နီးပါးအထိ ကျော်ဖြတ်လာပြီးတဲ့နောက်မှာတော့ MLရဲ့နာမည်ကို ပထမဆုံး စပြီး မိတ်ဆက်ပေးလာပါပြီ XD

All Chapters