အခန်း (၁၈၉)
Vol. 19 Ch. 189
ကျန်းကျန်းအတွက်ကတော့ တခြား ကောင်လေးတွေကို တစ်ယောက်မှ ဂရုမစိုက်ခဲ့ဘူး။ လျို့ချန်မင်ကိုလည်း အတူတူပဲ။
သူက သူမနှင့် နီးစပ်ဖို့အတွက် အခွင့်အရေးကို ဆုပ်ကိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ကျန်းကျန်းရဲ့ နောက်ဘက်မှ ထိုင်ခုံမှာ ထိုင်ခွင့်ရဖို့ ကြိုးစားခဲ့တယ်။ သူက သုံးလကြာတဲ့အထိ ထိုထိုင်ခုံနေရာကိုယူရန် ကြိုးစားခဲ့ရတယ်။
ဒါပေမယ့် ကျန်းကျန်းကတော့ သူ ဘယ်သူလဲဆိုတာကိုတောင် မသိခဲ့ဘူးဆိုတာကို သိရှိလိုက်ရတယ်လေ။ဒီလအနည်းငယ်အတွင်းမှာ သူက အလကားသက်သက် အချိန်တွေကို ဖြုန်းတီးခဲ့ရသလိုပဲ။
ထိပ်ဆုံးက သွားခဲ့တဲ့ လျို့ချန်မင်တစ်ယောက် နူးညံ့တဲ့လက်သည်းကို ထိလိုက်မိပြီးတဲ့နောက်မှာ ယောက်ျားလေးတော်တော်များများက သူမဆီကို အရင်လာမေးဖို့ စိတ်ကူးကို တွန်းဖယ်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ခေါင်းကို နောက်သို့ပြန်ဆွဲကာ အချိန်ကောင်းကို စောင့်နေခဲ့ကြတယ်။
သို့ပေမဲ့ ဂျာနယ်လစ်မေဂျာရဲ့ကျောင်းသားတွေက သူတို့ရဲ့ချစ်မှုရေးရာဆက်ဆံရေးနှင့် ပတ်သက်ပြီး အနည်းငယ် ကြောက်ရွံ့ကြပေမဲ့လည်း ပရော်ဖက်ရှင်နယ်ကိစ္စများကို ၊ အထူးသဖြင့် ကျောင်းထုတ်သတင်းစာထုတ်ဝေခြင်းဆိုင်ရာပိစ္စအပေါ်မှာ အလွန်စိတ်အားထက်သန်ခဲ့ကြတယ်။
ကျောင်းကလည်း နောက်ပိုင်းမှာ “တိတု တက္ကသိုလ်သတင်းစာ” အတွက် ပထမဆုံးထုတ်ဖို့ စာမူများကို စတင်စုဆောင်းခဲ့တယ်။ အမျိုးသမီးကိုယ်စားလှယ်အဖြစ် ဝေ့ယွီကျင်းက “တိတုတက္ကသိုလ်သတင်းစာ” ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။
ဂျာနယ်လစ်မေဂျာရဲ့ အတန်းသားတွေအားလုံး ဖိတ်စာတစ်စောင်ရရှိခဲ့ကြတယ်
ကျန်းကျန်းက အတန်းပြီးသွားတဲ့နောက် ရရှိခဲ့ပေမဲ့ ပထမဆုံးအကြိမ်တွေ့ချိန်မှာ ဖတ်တောင် မဖတ်ခဲ့ရပေမဲ့ သူမရဲ့ အိပ်ဆောင်သို့ ပြန်သွားပြီးနောက်မှာ သူမရဲ့အခန်းဖော်တွေနှင့် ဘယ်လိုဆောင်းပါးကိုရေးသားရမလဲဆိုတာ ဆွေးနွေးပေးခဲ့တယ်။
ဝေ့ယွီကျင်းက လွန်ခဲ့တဲ့နှစ်အပိုင်းအချားတွေမှ နိုင်ငံရေးတွေထဲမှာ သိသာထင်ရှားတဲ့ည အပြောင်းအလဲတွေအပေါ် အခြေခံပြီး လက်ရှိဝေဖန်ချက်တစ်ခုကို ရေးသားလိုပြီး ရှုကျားကျားကတော့ အင်တာဗျူးစာမူကို ရေးသားလိုခဲ့ကာ ယခုနှစ်မှာ ကျောင်းသားတွေရဲ့ ဘဝအပြောင်းအလဲများအကြောင်းကိုသိမှသာ မူဝါဒ တောက်ပပြီး လှပနိုင်မယ်လို့ တွေးခဲ့တယ်။
ပြောရရင် လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်စိတ်ကူးစိတ်သန်တွေကို ရှင်းပြခဲ့ပြီး ကျန်းကျန်းက နောက်ပိုင်းမျိုးဆက်တွေရဲ့ သတင်းစာတွေမှာ သတင်းတွေကို အင်တာဗျူးထားတဲ့အကြောင်းအရာတွေကနေ အတွေ့အကြုံယူပြီး အကြံပြုချက်တွေ အများကြီးပေးခဲ့တယ်။
ဝေ့ယွီကျင်းက ဘောပင်တစ်ချောင်းကို ကိုင်ပြီး ကျန်းကျန်း ပြောသမျှကို ချရေးထားခဲ့ကာ မေးလာတယ်။
“ကျန်းကျန်း မင်းကရော ဘယ်လိုဆောင်းပါးမျိုးရေးမှာလဲ”
ကျန်းကျန်း ပြုံးပြီး သူမရဲ့အတွေးတွေကို ပြောပြလိုက်တယ်။
“ကျွန်မတို့ကျောင်းမှာ မစ္စတာဝမ်မင်နှင့် မစ္စတာပိုင်ယဲ့လိုမျိုး စာပေကျွမ်းကျင်သူတွေ အများကြီးရှိတယ်၊ ကျွန်မ သူတို့အတွက် သီးသန့် အင်တာဗျူးတွေ လုပ်ချင်တယ်၊ သူတို့ရဲ့ ဝတ္ထုတွေထဲကမှ သူတို့ရဲ့ ဖန်တီးမှုအတွေ့အကြုံအကြောင်း ပြောပြခိုင်းနိုင်တယ်လေ၊ ဖန်တီးမှုနောက်ကွယ်က ဇာတ်လမ်းလိုမျိုးပေါ့”
“ဒါ အကြံကောင်းပဲ”
ကျန်းကျန်းရဲ့ စကားကိုကြားတော့ ရှုကျားကျားရဲ့ မျက်လုံးတွေ တောက်ပလာခဲ့တယ်။
“အထူးသဖြင့် မစ္စတာဝမ်မင်ရဲ့ “ကြမ်းတမ်းစွာရှင်သန်ရသောဘဝ” ကိုဆိုရင် အရမ်းမိုက်မှာ! ငါ အဲဒီစာအာပ်ကို အနည်းဆုံး ငါးကြိမ် ဖတ်ပြီးပြီ၊ နင် မစ္စတ်ဝမ်မင်ကို အင်တာဗျူးရင် အဲဒီအကြောင်းကို သေချာပေါက် မေးရမယ်နော်!”
မုန်ရှောင်ရဲ့မျက်လုံးတွေကလည်း မီးရှူးမီးပန်းတွေ ပစ်လွှတ်နေသလိုမျိုး တလက်လက်တောက်ပနေပြီး ရှုကျားကျားရဲ့တောင်းဆိုချက်ကို သဘောတူလိုက်ပြီး နောက်ဆုံးမှာ ရင်ဘတ်ကို ပွတ်သပ်ရင်း ပြောလာတယ်။
“ငါ အယ်ဒီတာရာထူးကို လျှောက်ထားတာ ရအောင်လျှောက်ထားလိုက်မယ်၊ ကျန်းကျန်းက အဲဒီစာမူကို ရေးပြီးတာနဲ့ အဲဒီစာမူကို ရှေ့ဆုံးစာမျက်နှာကို တင်ဖို့ သေချာပေါက် တောင်းဆိုပေးမယ်!”
“အဲဒါကို သေချာပေါက် လုပ်ရမယ်!”
ရှုကျားကျားက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလာတယ်။
“မစ္စတာဝမ်မင်ရဲ့ ဆုရသွားတဲ့ အချိန်တုန်းက အင်တာဗျူးအကြောင်းကို မပြောနဲ့ဦး၊ မစ္စတာဝမ်မင်နှင့် ပတ်သက်သမျှသတင်းတွေ အားလုံးက တို့ဟူးခြောက်တွေပဲ၊
ဒါကိုပြောမှ မစ္စတ်ဝမ်မင်က ဆုရပြီးသွားတဲ့ သူကို အင်တာဗျူးနိုင်ဖို့ ဒါကို ပထမဆုံးအကြိမ် ချီးမြှင့်လိုက်တာပဲမလား၊ သူတစ်ယောက်တည်းနှင့်တင် ငါတို့ ရဲ့သတင်းစာတွေကို အာရုံစိုက်နိုင်မယ်လို့ ထင်ပါတယ်”
တော်ဝင်မြို့တော်မှ ကွားရှောင်ချင်းက နူးညံ့သိမ်မွေ့ပုံရပေမဲ့လည်း သူမရဲ့ရည်မှန်းချက်တွေကတော့ သေးငယ်ခြင်းမရှိဘူး:
“ငါတို့ရဲ့ ဘေးခန်း စာပေမေဂျာ “နောက်ဆုံးနာမည်ကြီးကဗျာ” ကို ငါတို့ထက်ခြေတစ်လှမ်းစောပြီး ထုတ်ဝေပြီးသွားပြီ၊ ငါတို့က သူတို့နောက်ကို အများကြီးမကျန်ရစ်နိုင်ဘူး၊
ငါတို့ရဲ့ တက္ကသိုလ်ကျောင်းထုတ်သတင်းစာကို ပထမဆုံးအကြိမ် ထုတ်ဝေနိုင်ဖို့ ကြိုးစားလိုက်ကြရအောင်၊ ငါတို့ရဲ့ သတင်းစာက သူတို့ရဲ့ ကဗျာမဂ္ဂဇင်းတွေကို လွှမ်းခြုံလိုက်နိုင်ရင်တော့ အကောင်းဆုံးဖြစ်လိမ့်မယ်”
“စကားမစပ်၊ ငါ့မှာ သူတို့မဂ္ဂဇင်းဂျာနယ်ရှိတယ်၊ ပထမ စာစောင်ကို အခုလေးတင် ထုတ်ဝေခဲ့တာတဲ့”
ရှုကျားကျားက ခုန်ထလာခဲ့ပြီး သူမရဲ့စားပွဲခုံအံထဲမှ ပုံနှိပ်ထုတ်ထားတဲ့ မဂ္ဂဇင်းတစ်စောင်ကို ထုတ်ပြီး စားပွဲပေါ်ကိုတင်လိုက်တယ်။
အားလုံးက စိတ်ဝင်တစား ဝိုင်းကြည့်လာခဲ့ကြပြီး ရှုကျားကျားက မဂ္ဂဇင်းရဲ့ ပထမစာမျက်နှာသို့ လှန်ကာ အသံကို လျှော့ပြီး ပင်းချန် လေယူလေသိမ်းစစ်စစ်ဖြင့် ရွက်ဖတ်ပြလာတယ်။
“...သူက ချွန်ထက်တဲ့ ပုဆိန်ကို ကိုင်ဆွဲထားခဲ့ပြီး သူ့ရင်ဘတ်ကို ဖုံးနေတဲ့ မြူခိုးတွေကို ပုဆိန်ကို အားပြင်းပြင်းနှင့်လွှဲရင်း ခုတ်ပစ်လိုက်တယ် ……”
ကျန်းကျန်းက ကဗျာကို ကောင်းစွာနားမလည်ပေမဲ့လည်း ကဗျာထဲမှာပါတဲ့စကားလုံးနှင့် စာကြောင်းတွေကဒီဘက်ခေတ်မှ လူများရဲ့ စိတ်အားထက်သန်မှုနှင့် စိတ်ဓာတ်တက်ကြွစေရန်အတွက် အရှိန်တွေပါဝင်နေတာကိုတော့ သူမ နားလည်နိုင်တယ်။
ကဗျာနှစ်ပုဒ်ကိုဖတ်ပြီးနောက်မှာ ရှုကျားကျားက ကဗျာမဂ္ဂဇင်းစာစောင်ကိုပိတ်လိုက်ပြီး လေးနက်စွာမေးလာတယ်။
“ဒီတစ်အုပ်ကို စားသောက်ဆောင်ရဲ့အဝင်ဝမှာ ဆင့် 60 နဲ့ရောင်းနေတာ၊ ငါတို့ရဲ့သတင်းစာက ဘယ်လောက်နဲ့ ရောင်းနိုင်မယ်လို့ထင်လဲ”
“အစည်းဝေးမှာ ကုန်ကျစရိတ်ကို ဆွေးနွေးခဲ့လား”
ကျန်းကျန်းက ရေဘူးထဲမှ ရေတစ်ငုံသောက်လိုက်ပြီး ဆက်မေးလိုက်တယ်။
“ဥပမာ၊ ပထမထုတ်မယ့် စောင်ရေက ဘယ်နှစ်အုပ်လဲ၊ စုစုပေါင်းဘယ်လောက်ကုန်ကျနိုင်မလဲ”
ဝေ့ယွီကျင်း၊ မုန်ရန်ရှောင်၊ ရှုပျားကျားနှင့် ကွားရှောင်ချင်းတို့အားလုံး ကြောင်အမ်းသွားကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကျန်းကျန်းဆီကို ပြုံးပြလာကြတယ်။
“ဒါကို ဘယ်သူကမှ မပြောခဲ့ကြဘူးလား?”
ကျန်းကျန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်တယ်။
“ဒါဆို ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခြင်းအတွက် ရန်ပုံငွေကကော ဘယ်လိုလုပ်ဖို့တွေးထားတာလဲ”
“ငါ ဒါကို သိတယ်”
ရှုကျားကျားက အလျင်အမြန်ပြောလာတယ်။
“ ပုံနှိပ်တိုက်က ငါတို့ကို အရင်ဆုံးအကြွေးထုတ်ဝေပေးဖို့ သဘောတူထားတယ်၊ ပြီးတော့ သတင်းစာတွေ ထုတ်ဝေပြီး ရောင်းကုန်တဲ့အခါ ပြန်ပေးရလိမ့်ယ်”
ကျန်းကျန်း ခေါင်းညိတ်ပြပြီး ရေဘူးကို ဘေးမှာ ပြန်ဖယ်ထားလိုက်ကာ စားပွဲပေါ်မှာလက်တင်ပြီး သူမရဲ့ အတန်းဖော်တွေကို စိုက်ကြည့်လိုက်တယ်။
“သတင်းစာတစ်ခုထုတ်ဝေရတာက ဝါသနာပါရုံလောက်နှင့် မရဘူး၊ အကြောင်းအရာတွေအမျာ့ကြီးကို အသေးစိတ်တွေ အများကြီးစဉ်းစားရလိမ့်မယ်၊ ဥပမာ၊ ငါတို့အနေနဲ့ ထုတ်လုပ်မှုမတိုင်ခင် အစောပိုင်းအဆင့်မှာကတည်း ကုန်ကျစရိတ်ကို ထိန်းသိမ်းထားဖို့ပဲ လိုလိမ့်မယ်၊
ဒါတွေအားလုံးကို အခြေကျပြီးပြီ အဆင်ပြေသွားပြီဆိုရင်တော့၊ သတင်းစာထုတ်ဝေမှုအတွက် အရာအားလုံး အခြေခံ ခိုင်မာလာတဲ့အချိန်ကျတော့မှ စာမူကြေးကိစ္စကို ထပ်ပြီး စဉ်းစားရမယ်”
“စာမူကြေး?”
ကွားရှောင်ချင်းက အနည်းငယ်နားမလည်နိုင်ဖြစ်သွားရပြီး မျက်တောင်ခတ်လိုက်တယ်။
“ဒါက စေတနာလုပ်အားပဲ မဟုတ်လား? စာမူကြေးတွေက ဘာကြောင့် လိုအပ်နေမှာလဲ”
ကျန်းကျန်း ကွားရှောင်ချင်းရဲ့ ချစ်စဖွယ် အသွင်အပြင်လေးကို ကြည့်ပြီး သူမ မျက်နှာလေးကို ဆွဲမညှစ်ဘဲ မနေနိုင်ခဲ့ဘူး။
“ဒါက သတင်းစာတွေရဲ့ ကိုယ်ပိုင်သီးခြားလက္ခဏာပဲလေ”
ကျန်းကျန်း နောက်ကိုပြန်လှည့်ပြီး အစိုးရအဖွဲ့မှ စာရင်းသွင်းထားတဲ့ “တိတုသတင်းစာ” နှင့် “အပတ်စဥ်ထုတ်သတင်းစာ” တို့ သတင်းစာနှစ်စောင်ကို ဘီဒိုထဲမှထုတ်ကာ စားပွဲပေါ်မှာတင်လိုက်တယ်။
“သတင်းစာတွေဆိုတာက ကဗျာမဂ္ဂဇင်းနှင့် မဂ္ဂဇင်းစာစောင်တွေလိုမျိုး ကြုံရာကျပန်းထည့်ရေးလို့ဖြစ်နိုင်တဲ့ စာစောင်မျိုးမဟုတ်ဘူး၊ ဒီသတင်းတွေမှာ တိတိကျကျသတ်မှတ်ထားတဲ့ ထုတ်ဝေမဲ့ ရက်စွဲနှင့် နောက်ဆုံးရရှိတဲ့သတင်းတွေ ပါရှိရလိမ့်မယ်၊
ပြောရရင် အချိန်နှင့်တပြေးညီသွားနေတဲ့ သတင်းတွေကို ဖော်ပြရမှာပဲ၊ကဗျာမဂ္ဂဇင်းနှင့် မဂ္ဂဇင်းစာစောင်တွေမှာက စာမူတွေရေးဖို့အတွက် အချိန်တွေ အများကြီးရရှိနိုင်တယ်၊
ဒါပေမဲ့ သတင်းစာတွေကတော့ အချိန်နှင့်တပြေးညီဖြစ်ရပြီး လက်တလော အကဲဆတ်ဆုံးဖြစ်တဲ့ သတင်းတွေကို ရရှိနိုင်မှ စာဖတ်သူတွေရဲ့ အာရုံစိုက်မှုကို ဆက်တိုက် ဆွဲဆောင်နိုင်လိမ့်မယ်”
ဝေ့ယွီကျင်းက သူမရဲ့ပြောစကားကို သဘောတူကြောင်း ခေါင်းညိတ်ပြခဲ့ပေမဲ့လည်း ထိုခေါင်းစဥ်က စာမူခနဲ့ ဘာတွေသက်ဆိုင်နေတာလဲဆိုတာကို နားမလည်သေးဘူး။
ကျန်းကျန်းက နေရာမှာ ပြန်ထိုင်ချလိုက်ပြီး ရေတစ်ငုံသောက်ကာ ဆက်ပြောလိုက်တယ်။
“ဒါက ပုံမှန်အတိုင်းပဲဆက်သွားနေမယ်ဆိုရင် အဆင်ပြေတယ်၊ ငါတို့က အတန်းပြီးသွားတဲ့အချိန်မှာ သတင်းတွေကို လိုက်ရှာပြီး ရေးသားနိုင်တယ်၊
ကျောင်းမှာ သင်ယူလေ့လာခဲ့ရတဲ့ သီအိုရီ ဗဟုသုတတွေကို လက်တွေ့အဖြစ် လွှဲပြောင်းပေးနိုင်ဖို့ လေ့ကျင့်ခန်းအနေမဲ့အသုံးချလိုက်နိုင်တယ်၊ ဒီလိုနည်းနှင့် သတင်းရေးနိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်တယ်၊ ဒါပေမယ့် နောက်ဆုံးစာမေးပွဲကရော?”
လူတိုင်းက တိတ်ဆိတ်ပြီး ကြောင်အမ်းနေကြတာကိုမြင်တော့ ကျန်းကျန်း သက်ပြင်းချလိုက်မိတယ်။
လွန်ခဲ့သော ဆယ်နှစ်ကစပြီး မူလတန်းကျောင်း၊ အလယ်တန်း၊ အထက်တန်းကျောင်းမှာပဲဖြစ်ဖြစ်၊ စာမေးပွဲဆိုတာ လုံးဝမရှိခဲ့ဘူး။
ကျန်းကျန်းရဲ့ အရင်တုန်းက အတွေ့အကြုံတွေအရ ကျောင်းသားတစ်ယောက်က ဘယ်လောက်ပဲ ထူးချွန်ထက်မြက်နေပါစေ အဆုံးသတ်မှာတော့ စာသင်ခန်းထဲက ကျောင်းသားတွေအားလုံးနှင့် တန်းတူ အတန်းတွေကို တက်တက်ရုံသာ တတ်နိုင်မှာဖြစ်ပြီး အဆင့်ခွဲမှုတွေ၊ စာမေးပွဲကျရှုံးမှုတွေဆိုတာက မရှိခဲ့ဘူး။
ဒါပေမဲ့ ဒီစာသင်နှစ်မှာတော့ ကျောင်းသားတွေ လေ့လာထားသမျှကို တောက်ဆုံးမှာ စာမေးပွဲအဖြစ်နှင့် ဖြတ်ကျော်ရလိမ့်မယ်။
ထိုအချိန်မျိုးမှာဆိုရင် ပျောင်းသားတိုင်းက အလုပ်များနေကြရမှာဖြစ်ပြီး အင်တာဗျူးတွေ သတင်းရေးဖို့တွေကို ဘယ်သူက ဂရုစိုက်နိုင်ဦးမှာတဲ့လဲ?
သို့ပေမဲ့လည်း တက္ကသိုလ် သတင်းစာက သူရဲ့ မွေးဖွားခါနီး အခြေအနေမှာပဲရှိနေတုန်းပဲ။
အတန်းဖော်တွေရဲ့ စိတ်အားထက်သန်မှုတစ်ခုတည်းနှင့်ဆိုရင် အများဆုံး တစ်နှစ်တာလောက်အထိ ထောက်ပံ့ပေးနိုင်လိမ့်မယ်။
တစ်နှစ်အကြာမှာတော့ လူတိုင်းက ကြုံတွေ့သင့်တဲ့ အရာတွေအားလုံးကို တွေ့ကြုံခံစားခဲ့ရပြီးဖြစ်ကာ သတင်းစာထုတ်ဝေမှုကလည်း တည်ငြိမ်လာပြီဖြစ်တဲ့အတွက်ကြောင့် ထိုအချိန်မှာဆိုရင်တော့ ဒီလိုကိစ္စမျိုးတွေကို သဘာဝအတိုင်းက လူတိုင်းက ထည့်သွင်းစဉ်းစားလာကြတော့မှာပဲ။
ဒါကို စဉ်းစားပြီးနောက် ကျန်းကျန်း ပြုံးပြီး ပြောလိုက်တယ်။
“နောက်ဆုံး စာမေးပွဲက မကြာခင် လာတော့မှာလေ၊ အချိန်ကျလာရင်တော့ နင်တို့တွေ သိလာလိမ့်မယ်၊ အခုကတော့ ဒီအကြောင်းကို ပြောဖို့ စောလွန်းသေးတယ်”
**