← Chapters

အခန်း (၁၉၀)

Vol. 19 Ch. 190

အခန်း (၁၉၀)

Vol. 19 Ch. 190

ကျန်းကျန်းက အတော်လေးငယ်ရွယ်သေးပေမဲ့လည်း အလွန်ယုံကြည်စိတ်ချရတဲ့ အသွင်အပြင်နှင့် မွေးဖွားလာခဲ့တယ်။

ဝေ့ယွီကျင်း နှင့် တခြားသူတွေက သူမကို အလွန်ယုံကြည်တာကြောင့် ကျန်းကျန်းရဲ့ အကြံပြုချက်တွေကို အမြန်ချရေးခဲ့ကြပြီး သတင်းစာကိုထုတ်ဝေတဲ့ကိစ္စတည်ငြိမ်သွားပြီးရင် ဆွေးနွေးဖို့ ပြင်ဆင်ခဲ့ကြတယ်။

စာအုပ်ကိုပိတ်ပြီးတဲ့နောက်မှာ ကျန်းကျန်းက ညစာစားသောက်ရန် ထမင်းစားဆောင်သို့သွားဖို့အတွက် ထမင်းဘူးကိုယူနေတာကိုမြင်လိုက်ရတာကြောင့် ဝေ့ယွီကျင်းလည်း အမြန်ထပြီး ပြောလိုက်တယ်။

“ခဏစောင့်ဦး၊ အတူတူသွားကြရအောင်”

ကွေ့ရှောင်ချင်း နဲ့ တခြားသူတွေကလည်း သူတို့ရဲ့ထမင်းဘူးတွေကို အမြန်ယူကာ အောက်ထပ်သို့ တစ်ယောက်ပြီးတစ်ယောက် လိုက်ပါဆင်းသွားကြတယ်။

တော်ဝင်တက္ကသိုလ်ရဲ့ ကန်တင်းမှာ နိုင်ငံတော်ရဲ့ ထောက်ပံ့ငွေတွေ ရှိပြီး အစားအစာတို့ကလည်း အမျိုးအသားစုံလင်ကာ အလွန်ပေါကြွယ်ဝတယ်။ ကျန်းကျန်း ဟင်းနှစ်ပွဲနဲ့ ထမင်းတို့ကို မှာယူခဲ့တယ်။

ထို့နောက်မှာ ကျန်းကျန်း နဲ့ သူမရဲ့အခန်းဖော်တွေက ရှစ်ယောက်စာစားပွဲကိုတွေ့ပြီး ဝင်ထိုင်လိုက်ကြတယ်။

သူမ ထမင်းအလုပ်ရေနည်းနည်းလောက်ကို စားပြီးတဲ့နောက်မှာဘဲ ဥပဒေကျောင်းသားတစ်စုက သူတို့ရဲ့နောက်မှာဝင်ထိုင်လာခဲ့တယ်။

ဝမ်ရှင်းဝမ့်က ကျန်းကျန်းရဲ့နောက်ကျောကိုမြင်ပြီး ပခုံးပေါ်ကို ကပြာကယာပုတ်ကာ ကျယ်လောင်စွာပြောလာခဲ့လေတယ်။

“အိုက်ယား၊ ကျန်းကျန်း မတွေ့ရတာ ရက်နည်းနည်းလောက်တောင်ကြာနေပြီ၊ လာစမ်းပါဦး၊ ငါ့ရဲ့ယောက်မလေး ကိုယ်အလေးချိန်ကျသွားပြီလား ကြည့်ရအောင်”

ဝမ်ရှင်းဝမ့်က စိတ်သဘောထား တက်ကြွသူဖြစ်ပေမဲ့ လူတွေရဲ့ရှေ့မှာတော့ အခုလိုမျိုး ဂရုမစိုက်တဲ့အသွင်အပြင်မျိုးနှင့် ပြောဆိုလေ့မရှိတာကို ကျန်းကျန်းသိထားတယ်။

ကျန်းကျန်း နောက်ကိုအမြန်လှည့်ကာ ဝမ်ရှင်းဝမ့်ကို စကားပြောရန် ပြေလိုက်ပေမဲ့လည်း ဘေးနားမှစားပွဲမှ လူငယ်တစ်ယောက်က ဝမ်ရှင်းဝမ့်ဆီကို မခွဲနိုင်မခွာနိုင်တဲ့မျာက်လုံးတွေနှင့်စိုက်ကြည့်နေတာကို မြင်တွေ့လိုက်ရလေတယ်။

ကျန်းကျန်း မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်ပြီး ချက်ချင်းဘဲ နားလည်သဘောပေါက်သွားခဲ့ကာ ဝမ်ရှင်းဝမ့်ရဲ့ လက်မောင်းကို ချက်ချင်းပဲ ချစ်ခင်စွာ ပွေ့ဖက်လိုက်တယ်။

“ညီမက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ဝိတ်ကျနိုင်မှာလဲ ၊ ညီမက နေ့တိုင်း ကောင်းကောင်းစားသောက်နေပဲတာလေ၊

စကားမစပ် စတုတ္ထမြောက် ယောက်မ ၊ ညီမ ယောက်မကို ဆွေးနွေးစရာတွေ ရှိတယ်၊ ဒီအပတ် ပိတ်ရက်မှာ ညီမ ပြင်သစ်ဘာသာစကားကို လေ့ကျင့်ရမှာလေ၊

ဒါကြောင့် အိမ်ပြန်ရောက်ရင် ညီမရဲ့အမေကို ဒီတစ်ပတ် ညီမ ကျောင်းမှာဘဲနေဖြစ်မယ်၊ အိမ်ကိုမလာနိုင်ဘူးဆိုတဲ့အကြောင်းကို ပြောပေးပါဦး၊

နောက်ပြီး စတုတ္ထအစ်ကိုနှင်ယောက်မတို့လည်း အိမ်ကိုစောစောပြန်သင့်တယ်နော် ၊ ပြီးခဲ့တဲ့ အပတ်က ယောက်မတို့တွေ နောက်ကျနေတော့ စွပ်ပြုတ်လေး ငိုနေတာကို မြင်ရတာ ညီမတောင် အရမ်းဝမ်းနည်းမိတယ်”

“ဒီတစ်ခါတော့ နောက်မကျလောက်တော့ပါဘူး”

ဝမ်ရှင်းဝမ့်က သူမရဲ့သားလေးအကြောင်းကို တွေးလိုက်တော့ သူမရဲ့ ချဲ့ကားလွန်းတဲ့ အပြုံးက ပျောက်ကွယ်သွားခဲ့တယ်။ သူမရဲ့ မျက်နှာကလည်း အနည်းငယ် နူးညံ့သွားခဲ့တယ်။ ဆန့်ကျင်ဘက်မှာရှိတဲ့ ချောမောတဲ့ မျက်နှာနှင့် ကောင်လေးက နောက်တစ်ကြိမ်တောင့်တင်းသွားခဲ့ပြန်တယ်။

ကျန်းကျန်းက ဝမ်ရှင်းဝမ့်ကို မျက်လုံးတစ်ချက်မှိတ်ပြလိုက်တော့ ဝမ်ရှင်းဝမ့်က ချက်ချင်းနားလည်သွားခဲ့ပြီး ဆက်ပြောလာတယ်။

“စွပ်ပြုတ်လေးမွေးပြီးကတည်းက ငါ သူ့ကို ဘယ်တုန်းကမှ မထားခဲ့ဖူးဘူး၊ တကယ်လို့ ကျောင်းတက်ရဖို့အတွက်သာ မဟုတ်ဘူးဆိုရင် သူက အခုချိန်ထိ နို့တောင်မဖြတ်နိုင်သေးဘူး၊

စွပ်ပြုတ်လေး စကားမပြောနိုင်သေးတာကိုပဲ မကြည့်နဲ့ ၊ သူ အခု စကားမပြောနိုင်ပေမယ့် မင်းပြောတာတွေကိုအကုန်နားလည်တယ်၊

ငါနှင့် မင်းအစ်ကို အိမ်ကိုပြန်ရောက်တာနဲ့ သူကပွေ့ဖက်ပြီး ငါတို့နှစ်ယောက် လုံးဝမလွှတ်တော့ဘူးလေ၊ သူက နှစ်ညလုံးငါတို့နှင့်ပဲ အတူအိပ်နေခဲ့တာ”

တစ်ဖက်ခြမ်းမှာရှိနေတဲ့ ကောင်လေးရဲ့ တောက်ပတဲ့ မျက်လုံးတွေက တခဏချင်း မှိန်သွားခဲ့တယ်။ သူက ပါးစပ်ထဲကို ထမင်းနှစ်လုပ်ခန့် သွပ်ထည့်လိုက်ပြီး ထမင်းဘူးကို ကောက်ယူကာ ထွက်သွားခဲ့တော့တယ်။

ဝမ်ရှင်းဝမ့်လည်း သူမရဲ့မျက်လုံးထောင့်ကနေ သူထွက်သွားတာကိုမြင်လိုက်ရတာကြောင့် စိတ်သက်သာရာ ရသွားခဲ့တယ်။

ထမင်းစားပြီးတဲ့နောက်မှာ သမီးယောက်မ နှစ်ယောက်က အဆောင်သို့ အမြန်ပြန်ဖို့မလုပ်ခဲ့ဘဲ ရေကန်ဘေးနားမှာ လမ်းလျှောက်ခဲ့ကြတယ်။

အခုက အရမ်းမပူတော့ဘူးဆိုပေမယ့် နေ့ခင်းဘက်တုန်းက ကျန်ရစ်ခဲ့တဲ့ အပူချိန်အနည်းငယ်ရှိနေသေးတယ်။

ဒါကြောင့် ညနေဘက်လေပြေညှင်းတိုက်ခတ်မှုက နေ့၏အပူချိန်ကို ဖယ်ထုတ်ပေးရုံတင်မကဘဲ ဝမ်ရှင်းဝမ့်ရဲ့ နှလုံးသားထဲမှ အနှောင့်အယှက်များကိုပါ ဖယ်ရှားပေးခဲ့တယ်။

“ယောက်မ ဒီနေ့ ဘာကိစ္စရှိလို့လဲ၊ သူက ယောက်မရဲ့နောက်ကို လိုက်နေတာလား”

ကျန်းကျန်း ဝမ်ရှင်းဝမ့်ရဲ့ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ မျက်နှာကိုမြင်တော့ မတတ်နိုင်ဘဲ မေးလိုက်တယ်။

“မ​ပြောနဲ့​တော့ သူက ငါတို့ဌာနကမဟုတ်​ဘူး၊ ငါ့​အကြောင်း​ကို ဘယ်လိုသိသွားမှန်းလည်းမသိဘူး၊

ဒီနေ့ စားသောက်ဆောင်ကို​သွား​တဲ့​လမ်းမှာ ငါ့​လက်​ထဲကို မှတ်စု​တစ်​ခု​ထည့်ပေးလာပြီးတော့ ငါ့​ကို ကြောက်​စေ​တဲ့​ကဗျာ​တစ်ပုဒ် ရေး​ထား​တယ်လေ၊

ငါကဖြင့် သူ့​နာမည်​ကိုတောင် မသိ​ဘူး၊ သူ ဘယ်လို​လုပ်​ပြီး ဒီလိုတွေတောင်လုပ်နိုင်​တာလဲ”

ဝမ်ရှင်းဝမ့်က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်လိုက်တယ်။

“ငါက အိမ်ထောင်ကျနေပြီ၊ သူဒါကိုတောင် မမြင်နိုင်ဘူးလား?”

ကျန်းကျန်း လရောင်အောက်မှဝမ်ရှင်းဝမ့်ရဲ့ မျက်နှာကို ကြည့်လိုက်ပြီး သူမရဲ့ သေးသွယ်တဲ့ အသွင်အပြင်က သူမရဲ့ အသက်ထက် နှစ်အနည်းငယ် နုနယ်နေပုံရတာကို တွေ့လိုက်ရတယ်။

ဒါ့အပြင် လီမိသားစုထဲမှ ဘဝက အတော်လေး ကောင်းမွန်တယ်။ သူမက ရေလိုမျိုး နူးညံ့သိမ်မွေ့စွာနေထိုင်ခဲ့ရပြီး သူမရဲ့ ပါးစပ်ကိုဖွင့်လိုက်ချိန်မှာ နူးညံ့ပျော့ပျောင်းတဲ့စကားသံတွေကို ကြားရနိုင်တယ်။

တခြားလူတွေက သူမကို လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးအဖြစ် ဆက်ဆံကြတာက အံ့သြစရာမရှိတော့ဘူး။

“ညီမရဲ့ယောက်မကို ဘယ်သူက အရမ်းလှအောင်လုပ်ထားလို့လဲ”

ကျန်းကျန်းက ဝမ်ရှင်းဝမ့်ရဲ့လက်မောင်းကို ဆုတ်ကိုင်လိုက်ပြီး အပြုံးနှင့်ပြောလိုက်တယ်။

“ ညီမရဲ့အစ်ကိုကို တစ်ပတ်မှာ နှစ်ကြိမ်လောက် ထမင်းအတူစားဖို့ ဒီကိုလာခိုင်းပြီး ညီမအစ်ကိုရဲ့ ချောမောခန့်ညားမှုတွေကို ဒီကလူတွေကို မြင်ခွင့်ရအောင် လုပ်ပေးလိုက်ပေါ့၊ ဒါဆို ယောက်မကို နောက်တစ်ကြိမ် မှတ်စု(ရည်းစားစာ)တွေလာပေးဖို့ သတ္တိမရှိနိုင်လောက်တော့ဘူး “

အရပ်ရှည်ပြီးချောမောခန့်ညားတဲ့ လီမင်ပေရဲ့ ပုံသဏ္ဍာန်ကို တွေးကြည့်လိုက်ပြီးနောက် ဝမ်ရှင်းဝမ့်တစ်ယောက် အိမ်ထောင်ကျတာ နှစ်နှစ်ကျော်သွားပြီဖြစ်ပေမယ့် ရှက်ရွံ့နေတုန်းပဲ။

သူမရဲ့ မျက်လုံးတွေက ချိုမြိန်မှုတွေနှင့် ပြည့်နှက်နေခဲ့တယ်။

“မင်ပေက ကျောင်းက ကောင်လေးတွေထက် ပိုကောင်းတယ်လို့ထင်တယ်၊ ငါလည်း သူ့ကို အရမ်းသဘောကျတယ်”

ကျန်းကျန်းတစ်ယောက် သူမရဲ့လက်မောင်းနှစ်ဖက်ကို ပွတ်သပ်ရင်း သည်းမခံနိုင်တော့တဲ့အမူအရာနဲ့ ပြောလိုက်တယ်။

“ ယောက်မ၊ ယောက်မတို့ရဲ့အချစ်တွေကို ညီမရဲ့ရှေ့မှာ နေ့တိုင်းပြသနေတာ၊ ဆင်ဂယ်ခွေးတစ်ကောင်ဖြစ်တဲ့ ညီမက ဘယ်လိုခံစားရမလဲလို့ မစဉ်းစားဖူးဘူးလား”

ကျန်းကျန်းရဲ့ ပါးစပ်မှ ထွက်လာတဲ့စကားလုံးတွေကို သူမ မကြားခဲ့ဖူးပေမဲ့လည်း ဝမ်ရှင်းဝမ့်က ယေဘုယျ အဓိပ္ပါယ်ကို နားလည်ဆဲဖြစ်ပြီး ကျန်းကျန်းရဲ့ လက်မောင်းကို ပွေ့ဖက်ကာ အပြုံးတစ်ခုနှင့် မျက်လုံးကိုမှေးကျဉ်းရင်း မေးလိုက်တယ်

“ ငါ့တို့ရဲ့ ကျန်းကျန်းက ဒီလိုမျိုး အရမ်းလှတာကို ၊ ငါ့တို့မိသားစုက ကျန်းကျန်းကို မှတ်စု(ရည်းစားစာ)တွေလာပေးတဲ့ တစ်ယောက်ယောက်မရှိဘူးလား “

ကျန်းကျန်း ခေါင်းရမ်းလိုက်ပြီး ဝမ်ရှင်းဝမ့်ကို လေးနက်စွာကြည့်လိုက်တယ်။

“မရှိဘူး”

ဝမ်ရှင်းဝမ့်က မူလတုန်းက ကျန်းကျန်းကို စနောက်ချင်ရုံဘဲဆိုပေမဲ့ အမှန်တကယ် မရှိဘူးဆိုတာကို ကြားလိုက်ရတော့ နည်းနည်းလောက် စိုးရိမ်မိသွားရတယ်။

“ဘာဖြစ်လို့လဲ၊ မင်းက အဲဒါကို စိတ်မဝင်စားလို့လား၊ ပြီးခဲ့တဲ့အပတ်က ငါ အိမ်ကိုပြန်တော့ အဖွားက မင်းအတွက် စစ်ဆေးပေးဖို့မေးနေခဲ့တယ်၊ ဒါပေမဲ့ မင်း လူတွေကိုပေါ့ပေါ့ဆဆနှင့် စကားပြောလို့တော့ မရဘူး”

“ညီမလည်း အဲလိုပဲတွေးထားတယ်၊ ဒါက အမှားတော့မရှိပါဘူး”

ကျန်းကျန်း ဝမ်ရှင်းဝမ့်ရဲ့ စိတ်ပူပန်နေတဲ့ အမူအရာကိုမြင်တော့ ရုတ်တရက် ရယ်မောလိုက်မိတယ်။

“ဘာပဲဖြစ်ဖြစ်လေ၊ ညီမက သာမန်လူမျိုးကိုလည်း မကြိုက်ပါဘူး”

“ဒါဆို မင်းဘယ်လိုလူမျိုးကိုကြိုက်လဲ”

ဝမ်ရှင်းဝမ့်က အနည်းငယ်စိုးရိမ်နေခဲ့တယ်

“မင်းလိုချင်တဲ့ စံနှုန်းတွေအကြောင်းကိုပြောပြလေ၊ ငါပြန်သွားကြည့်ပြီးရင် မင်းအတွက် ရှာကြည့်လိုက်မယ်”

ကျန်းကျန်း သူမရဲ့ ခေါင်းကိုစောင်းပြီး ခဏလောက်စဉ်းစားလိုက်တယ်။

“အရပ်ရှည်ရမယ်၊ ဗဟုသုတကြွယ်ဝရမယ်၊ သန်မာတဲ့ အရည်အချင်းတွေ ရှိရမယ်၊ အရေးကြီးဆုံးက လှပနေဖို့ပဲ၊ ညီမနဲ့အတူ ရှိနေတဲ့အချိန်မှာ ညီမရဲ့နှလုံးသားကို ခုန်ပေါက်သွားစေသလို ခံစားရစေတဲ့လူမျိုးဖြစ်ရမယ်”

ကျန်းကျန်းက ပထမအခြေအနေသုံးခုကိုပြောနေချိန်မှာ ဝမ်ရှင်းဝမ့်က သင့်တော်တဲ့ လူတွေအကြောင်းကို စဉ်းစားနေသေးတယ်။ ဒါပေမဲ့ ကျန်းကျန်းက လှပတဲ့အမျိုးသားကို လိုချင်တယ်လို့ ပြောတဲ့အချိန်မှာတော့ ဝမ်ရှင်းဝမ့် မျက်မှောင်ကြုတ်လိုက်မိလေတယ်။

“ဘာလဲ? မိန်းကလေးလိုမျိုး လှပတာလား”

အရှေ့မြောက်ဒေသမှာကြီးပြင်းလာသူဖြစ်တဲ့ ဝမ်ရှင်းဝမ့်အတွက်တော့ လီမင်ပေလိုမျိုး အရပ်ရှည်ပြီး ခွန်အားကြီးသူတွေက အကောင်းဆုံးပဲ။ သူတို့ကို ပထမတစ်ချက် ပြည့်ရုံနှင့် ယောက်ျားပီသတယ်လို့ ယူဆကြတယ်။

ဘာပဲဖြစ်​ဖြစ်​ သူ့ရဲ့အနားမှာရှိ​နေသ​ရွေ့ စိတ်​ထဲမှာ ​လုံခြုံနွေးထွေးတယ်လို့ ခံစား​ရတယ်လေ။

ဒါကြောင့် ကျန်းကျန်းက လှပတဲ့လူကို လိုချင်တယ်လို့ပြောတဲ့အချိန်မှာ ဝမ်ရှင်းဝမ့်အနေနဲ့ တကယ်ကို နားမလည်နိုင်ဘူး။ လှပတယ်ဆိုမှတော့ ယောက်ျားတစ်ယောက်လို့ ခေါ်နိုင်နေသေးတာလား။

ကျန်းကျန်းက သူခိုးတစ်ယောက်လိုပြုံးပြီး ခေါင်းညိတ်ပြတယ်။

“ အင်း ၊ စပိန်ဌာနက ပြင်သစ်မေဂျာက အဓိကယူထားတဲ့ ရှီကျင့်ကျဲလိုမျိုးလေ၊ သူက မိန်းကလေးတွေလိုမျိုး လှတာမဟုတ်ဘူး၊ ဒါပေမဲ့ သူ့ကို ကြည့်လိုက်ရုံနဲ့ ပျော်ရွှင်ပြီး စိတ်ချမ်းမြေ့စေတယ်”

ဥပဒေဌာနက စပိန်ဌာနနှင့် ဝေးတယ်။ ဒါကြောင့် ဝမ်ရှင်းဝမ့် ရှီကျွင့်ကျဲကို မတွေ့ဖူးခဲ့ဘူး။

ဒီတော့ ထိုအလွန်လှပတယ်ဆိုတဲ့ကောင်လေးကို မြင်တွေ့ဖူးစေရန်အတွက် မနက်ဖြန်မှာ သူမ စပိန်ဌာနကိုသွားရန် အချိန်ယူဖို့တွေးလိုက်တယ်။

ကျန်းကျန်းက သူ့အကြောင်းကို ပြောရုံနှင့် ပျော်ရွှင်စေတယ်ဆိုမှတော့ သူမအတွက် တစ်ဖက်လူက ဘယ်လောက်လှပတာလဲဆိုတာကို သိရဖို့ သွားကြည့်ပြီးစုံစမ်းထားသင့်တယ်။

တကယ်တမ်းမှာ ကျန်းကျန်းက ရှီကျွင့်ကျဲကို ကြိုက်တာမျိုးမဟုတ်ဘူး။ သူတို့ နှစ်ယောက်ရဲ့ကြားမှာ အဆက်အသွယ်လည်း မရှိသလို စကားတောင်မပြောဖူးခဲ့ကြဘူး။

ကျန်းကျန်းက သူ့ကို ရိုးရိုးရှင်းရှင်းပဲ ကြည့်ခဲ့တာပဲ။ ပြောရရင် ​​သူမရဲ့ အရင်ဘဝတုန်း ဖန်သားပြင်ပေါ်ကနေ ကြည့်ခဲ့ရတဲ့ လတ်လတ်ဆတ်ဆတ်အသားတုံးလေးတွေကို နှစ်သက်သဘောကျသလိုမျိုး အလှအပကို ခံစားနှစ်သက်ရုံသာဖြစ်ပြီး ယောက်ျားနဲ့ မိန်းမကြားက ချစ်ခြင်းမေတ္တာကို မတွေးခဲ့မိဘူး။

ဝမ်ရှင်းဝမ့်ကတော့ သူမ ဘယ်လိုပဲ တွေးတောကြည့်ပါစေ တစ်ဖက်လူက ဘယ်လိုပုံစံမျိုးလဲဆိုတာကို တွေးတော စဥ်းစားကြည့်လို့မရနိုင်ခဲ့ဘူး။

သူမက စိတ်ပူရလွန်းလို့ ညဘက်တောင် အိပ်မပျော်နိုင်တော့မှာကို စိုးရိမ်ရတယ်။

ကျန်းကျန်းတစ်ယောက် ဝမ်ရှင်းဝမ့်ရဲ့ရှုပ်ထွေးနေတဲ့ အမူအရာကိုမြင်လိုက်ရချိန်မှာ မရယ်ဘဲမနေနိုင်တော့ဘူး။

All Chapters