အခန်း (၁၉၁)
Vol. 20 Ch. 191
ဂျာနယ်လစ်မေဂျာရဲ့ကျောင်းသားတွေအားလုံးက သူတို့တွေ ပထမဆုံးထုတ်ဝေတဲ့ သတင်းစာကို အလွန်အမင်းအလေးထားနေခဲ့ကြတယ်။
ကျန်းကျန်းက လုပ်ငန်းစဉ်တစ်ခုလုံးမှာ မပါဝင်နိုင်ခဲ့ပေမဲ့လည်း သူမတာဝန်ယူထားတဲ့ စာမူတွေနှင့်ပတ်သက်ပြီး အလွန်အလေးအနက်ထားကာ ဆောင်ရွက်ခဲ့တယ်။
သူမက နှစ်ရက်လောက်အချိန်ယူပြီး နေ့လယ်ပိုင်း နားချိန်တွေမှာ ဝမ်မင်နှင်် “ကြမ်းတမ်းစွာရှင်သန်ရသော ဘဝ” အကြောင်းကို အင်တာဗျူးမေးမြန်းနေခဲ့တယ်။
ထိုစာအုပ်ထဲမှာ ဝမ်မင်က သူ ဆုလက်ခံရရှိခဲ့တဲ့ နှစ်တုန်းက လူတွေ မသိနိုင်ခဲ့တဲ့ ဇာတ်လမ်းတွေအကြောင်းကို ပြောပြခဲ့ပြီး ဆုလက်ခံတဲ့ လုပ်ငန်းစဉ်ကိုလည်း ထည့်သွင်းပြေးထားခဲ့တယ်။
ကျန်းကျန်း ပထမဆုံးအနေနဲ့ စာမူကြမ်း တွေကို ရရှိခဲ့ပြီး ညဘက်အနည်းငယ်ကြာအောင် သူမရဲ့နေရာလွတ်ထဲမှာအလုပ်လုပ်ခဲ့ကာ နောက်ဆုံးမှာတော့ အင်တာဗျူးကို အပြီးသတ်ရေးသားနိုင်ခဲ့ပြီး ဝေ့ယွီကျင်းဆီသို့ ထူထဲတဲ့စာမူအုပ်ကြီး ပေးအပ်ခဲ့တယ်။
ဝေ့ယွီကျင်းက သူမရဲ့လက်ထဲကိုရောက်လာတဲ့ စာမူဖိုင်ကို အလျှင်အမြန်လှန်ကြည့်လိုက်ပြီး သူမရဲ့မျက်နှာကတော့ အံ့သြမှုတွေနှင့် ပြည့်နှက်နေခဲ့တယ်။
“ကျန်းကျန်း မင်း ဒီအင်တာဗျူးကို ရေးထားတာ တကယ်ကို အရမ်းကောင်းလွန်းတယ်၊ ငါ စာစီစာရိုက်ဖို့အတွက် အခုချက်ချင်း သွားပို့လိုက်မယ်”
သူမက ခြေလှမ်းနှစ်လှမ်းလောက် လှမ်းပြီးနောက် ပြန်လှည့်လာကာ အမြန်ပြန်ပြောလာခဲ့တယ်။
“မစ္စတာဝမ်မင်ရဲ့ အင်တာဗျူးက ရှေ့ဆုံးစာမျက်နှာမှာ ရှိသင့်တယ်၊ ဒါပေမယ့် အကြောင်းအရာတွေက အများကြီးဖြစ်နေတော့ အရှေ့စာမျက်နှာမှာထည့်ဖို့က မဆန့်နိုင်လောက်ဘူး”
ကျန်းကျန်း ပြုံးပြီး ပြောလိုက်တယ်။
“အစ်မယွီကျင်း၊ အစ်မ ညီမရဲ့စာမူထဲက စာပိုဒ်တစ်ပိုဒ်လောက်ကိုပဲ ရှေ့ဆုံးစာမျက်နှာမှာ ရေးပြီး ကျန်တဲ့ စာပိုဒ်တွေကို တခြားစာမျက်နှာတွေဆီကို လွှဲပေးသင့်တယ်၊
ညီမတို့ရဲ့ ပထမဆုံးစာစောင်ဆီမှာ ၊ အရှေ့ဆုံးက စာမျက်နှာကို အဓိက အချက်တချို့တွေကို ကောက်နှုတ်ပြီး မီးမောင်းထိုးနိုင်ဖို့ ပြသထားရမယ်၊ စာမူတစ်ခုတည်းကိုပဲ တင်ထားဖို့ မလုံလောက်သင့်ဘူး”
ဝေ့ယွီကျင်းက ညာဘက်လက်ပေါ်မှာ စာမူဖိုင်ကို ကိုင်ထားပြီး သူမရဲ့ ဘယ်လက်ဖဝါးနှင့် စာမူကို ရိုက်လိုက်ကာ သူမရဲ့မျက်နှာပေါ်မှာလည်း နှစ်သက်သဘောကျတဲ့ အကြည့်တို့ရှိနေခဲ့တယ်။
သူမက ကျန်းကျန်းရဲ့ ပုခုံးကို ပုတ်ပြီး လေးနက်စွာပြောလာတယ်။
“ကျန်းကျန်း၊ မင်း ငါတို့ရဲ့သတင်းဌာနကို လာပြီး ဥက္ကဋ္ဌလာလုပ်သင့်တယ်လို့ထင်တယ်နော်”
ကျန်းကျန်း ရယ်မောပြီး သူမကို တွန်းထုတ်လိုက်တယ်။
“ကိုယ့်အလုပ်ကို ကိုယ်သွားလုပ်စမ်းပါ ဒုဥက္ကဋ္ဌရေ၊ ကျွန်မက သတင်းရရှိနိုင်ဖို့အတွက် အင်တာဗျူးပြီး အခုလိုရေးသားဖို့အတွက် အချိန်ရတာကိုက ကျေးဇူးတင်နေရမှာ၊ တခြားသူတွေကို အကြံဉာဏ်တွေ နည်းနည်းလောက်ပေးရုံကလွဲပြီး ကျွန်မ ဘာမှ မလုပ်နိုင်လောက်ဘူး”
ဝေ့ယွီကျင်းက သူမကို တစ်ခုခုပြောချင်နေတာကိုတွေ့လိုက်ရတော့ ကျန်းကျန်းက သူမရဲ့လက်ကောက်ဝတ်ပေါ်မှ နာရီကို ငုံ့ကြည့်လိုက်ပြီး အလျင်စလိုပြောလိုက်ရတယ်။
“အိုး ညီမ ပြင်သစ်စာသင်ခန်းကို သွားရဦးမယ်၊ ဒီနေ့ ညီမတို့ ပြင်သစ်မေဂျာကညစာမေးပွဲရှိတယ်”
ဝေ့ယွီကျင်းလည်း ပုံနှိပ်တော့မဲ့ သတင်းစာတွေအကြောင်းကို တွေးတောလိုက်မိပြီး တခြားမကြောင်းအရာများကို ပြောဖို့အတွက် ဂရုမစိုက်နိုင်တော့ဘဲ သတင်းဌာနသို့ အမြန်ပြေးသွားတော့တယ်။
စာသင်နှစ််တစ်ခုက ကုန်ဆုံးတော့မှာကို ဖြစ်တဲ့အတွက်ကြောင့် ပြင်သစ်မေဂျာဆရာမက ကျောင်းသားတွေကို စကားလုံးတွေကို သင်ယူပြီး စာသားကို အလွတ်ရနိုင်စေဖို့အတွက် အစီအစဉ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
သူမက ပြင်သစ်မေဂျာက ဘာသာစကားမေဂျာဖြစ်ဆဲ့အတွက် ကျောင်းသားတွေက စာတွေကို အလွတ်ကျက်မှတ်ထားရုံလောက်နဲ့ အသုံးချလို့ မရနိုင်တဲ့ ပြဿနာတချို့ ရှိလာနိုင်တယ်လို့ ယူဆထားခဲ့တယ်။
ဘာသာစကားတစ်ခုသင်ယူခြင်းဆိုတာက သဒ္ဒါ(grammer) စာမေးပွဲအတွက် မဟုတ်ဘူး။ ဒီဘာသာရပ်ကို သင်ယူရတဲ့ရည်ရွယ်ချက်က ပိုမိုကောင်းမွန်သောဆက်သွယ်ရေးအတွက် ဖြစ်လေတယ်။
ဒါကြောင့် ပြင်သစ်မေဂျာကိုသင်ကြားပေးရတဲ့ ဆရာမ မုန်ဟိုက်ရှုက စင်ပေါ်မှာ လာရောက်ဆွေးနွေးမဲ့ ကျောင်းသားတွေကို မဲနှိုက်ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ပြီး စင်မြင့်ပေါ်မှာ သူတို့ ဖော်ပြပေးတဲ့ စွမ်းဆောင်ရည်ကို ပြင်သစ်အတန်းရဲ့ နောက်ဆုံးစာမေးပွဲရလဒ်အတွင်းမှာ ထည့်သွင်း အသုံးပြုလိမ့်မယ်။
မုန်ဟိုက်ရှုက ဒီအကြောင်းကို လွန်ခဲ့တဲ့တစ်ပတ်ခန့်ကတည်းက ပြောထားခဲ့တယ်။ ဒါကြောင့် ကျန်းကျန်းလည်း သူမသင်ယူထားခဲ့တဲ့ သင်ခန်းစာလေ့ကျင့်ခန်းနှင့် ပတ်သက်တဲ့အကြောင်းအရာတွေကို ရှဲ့ရှူးရန်နှင့်အတူ အချိန်နှစ်ရက်ခန့်ယူပြီး လေ့ကျင့်ထားခဲ့တယ်။
ရှဲ့ရှူးရန်ကတော့ သူ ပုံမှန်သင်ကြားပေးနေတဲ့ လေ့ကျင့်ခန်းတွေထဲမှာ စာသင်နှစ်ထဲမှ သင်ခန်းစာအုပ်မှာပါတဲ့ စကားလုံးတွေနှင့် သဒ္ဒါတွေကို အကန့်အသတ်မရှိထည့်ထားပေးခဲ့တာကြောင့် ကျန်းကျန်းရဲ့ လက်ရှိ ပြင်သစ်ဘာသာစကားရဲ့အဆင့်က အတန်းထဲတွင် အတော်လေး ကောင်းမွန်နေလိမ့်မယ်လို့ ယူဆခဲ့တယ်။
ဒီလူက ဘာလို့ ကတ်တွေကို ပုံမှန်အတိုင်း မကစားနိုင်ရတာလဲ။
သူမက ဘယ်လို စကားတွေတွေအကြောင်းကို စပြောရမလဲဆိုတာကိုတောင် မတွေးတောရသေးဘူး။ သူက စတင်လာခဲ့ပြီ။
ဒါပေမယ့် သူမရဲ့ မျက်လုံးထောင့်ကနေ ဆရာမက နာရီကို စဖွင့်ထားတာကို မြင်လိုက်ရတော့ တခြားဘာမှ မတွေးနိုင်တော့ဘဲ ကျည်ဆံကို ကိုက်လိုက်ရင်းနှင့်သာ ပြန်ပြောလိုက်နိုင်တော့တယ်။
“အင်း ကျွန်မ နောက်ကျသွားလား”
ရှီကျွင့်ကျဲက ကျန်းကျန်းဆီကို အလွန် လေးနက်တဲ့အမူအရာနှင့်ကြည့်လာခဲ့တယ်။
“နည်းနည်းတော့ နောက်ကျတယ်”
သူ့ရဲ့နက်ရှိုင်းလွန်းတဲ့မျက်လုံးတွေက ကျန်းကျန်းရဲ့နှလုံးသားထဲသို့ ဝင်ရောက်ချင်နေတဲ့ပုံရပြီး သူ့ရဲ့လေသံထဲမှာလည်း ဝမ်းနည်းကြေကွဲမှုတွေ အနည်းငယ်ရှိနေခဲ့တယ်။
“မင်းနဲ့ဝေးကွာနေရတဲ့အချိန်တွေက ကိုယ့်အတွက်တော့ အရမ်းကို ကြာရှည်လွန်းတယ်၊ ဒီလိုအချိန်တွေမှာ စက္ကန့်တိုင်းက ကိုယ့်အတွက် ရာစုနှစ်တစ်ခုလောက်တောင် ကြာလွန်းတယ်လို့ ခံစားနေမိခဲ့တာ”
**