← Chapters

အခန်း (၁၉၇)

Vol. 20 Ch. 197

အခန်း (၁၉၇)

Vol. 20 Ch. 197

ကျန်းရန်ကျယ် ကျန်းကျန်းနှင့်အတူ စေ့စပ်ညှိနှိုင်းပြီးတဲ့နောက်မှာ သူ့ရဲ့ကိုယ်ပေါ်မှ ပူနွေးနေတဲ့ချွေးတွေကလည်း ပျောက်ကွယ်သွားခဲ့ပြီ။

ဒါကြောင့် သူက ဆေးသေတ္တာကိုဖွင့်ပြီး သွေးခုန်နှုန်းစစ်ဆေးဖို့ပစ္စည်းတွေကို ထုတ်ယူကာ စားပွဲပေါ်မှာတင်လိုက်တယ်။

“အစ်မ၊ ကျွန်တော် အစ်မကို သွေးခုန်နှုန်း ပေးမယ်”

“ဒါဆို ကျေးဇူးပြုပြီး ကူညီပေးပါဦး”

မဒမ်လီက သူမရဲ့ လက်နှစ်ဖက်ကို သွေးခုန်နှုန်းစမ်းခေါင်းအုံးပေါ်မှာတင်ပေးလိုက်တယ်။

ကျန်းရန်ကျယ်လည်း သူမရဲ့ နှစ်ဖက်စလုံးမှ သွေးခုန်နှုန်းတွေကို ထိလိုက်ပြီး စမ်းသပ်ပေးခဲ့ကာ အပြုံးတစ်ခုနှင့် ပြန်ပြောလာခဲ့တယ်။

“အဆင်ပြေပါတယ်၊ အစ်မရဲ့ ခန္ဓာကိုယ်က အရင်ကထက် အများကြီး ကျန်းမာရေးပိုကောင်းပြီး သန်မာလာတယ်၊ နွေရာသီအတွင်းမှာ အအေးမမိသရွေ့ အဆင်ပြေနေလောက်မှာပါ၊

ကောင်းကင်ကို ကြည့်ရသလောက်တော့ ဒီရက်ပိုင်း ရေနွေးများများသောက်တာ ကောင်းလိမ့်မယ်”

မဒမ်လီကတော့ သူမအနေနှင့် တရုတ်တိုင်းရင်းဆေးတွေကို ဆက်ပြီး သောက်သုံးနေစရာ မလိုအပ်တော့တာကို တွေ့လိုက်ရတာကြောင့် အလွန်ပျော်ရွှင်သွားခဲ့ပြီး စိတ်ရွှင်လန်းစွာနှင့် ထရပ်လိုက်ကာ ပြောလာလေတယ်။

“တုန်ဇီရဲ့အမေ၊ မင်းလည်း သမားတော်ကျန်းကို ကြည့်ခွင့်ပေးလိုက်လေ”

ဝမ်စုဖန်းသည်လည်း ကလေးငါးယောက်တောင် မွေးဖွားခဲ့တာဖြစ်လို့ အခုချိန်မှာ ခါးနာတဲ့ဝေဒနာကို ခံစားနေခဲ့ရတယ်။ သမားတော်ကျန်းရဲ့ အဆိုအရ ထိုအခြေအနေက ကျောက်ကပ်အတွင်းမှာ ချို့တဲ့မှုဖြစ်နေခြင်းသာဖြစ်လေတယ်။

သမားတော်ကျန်းက ဝမ်စုဖန်းရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပေးခဲ့ပြီး သူမသည်လည်း ပိုမိုကောင်းမွန်လာတာကို တွေ့ရှိခဲ့ရတယ်။ ဒါကြောင့် သမားတော်ကျန်းက ကျောက်ကပ်ကို သန်စွမ်းစေပြီး သရက်ရွက်ကိုလည်း သန်မာစေတဲ့ တခြားသောဆေးညွှန်းကို ထပ်ပေးခဲ့တယ်။

သူတို့နှစ်ယောက်လုံးကို ဆေးစစ်မှုပေးခဲ့ပြီးတဲ့နောက်မှာ မဒမ်လီက စကားစမပြောလာခင်မှာပဲ ကျန်းရန်ကျယ်က ရှဲ့ယန်နန်ဘက်ကို လက်ညိုးထိုးပြပြီး စကားစကာ မေးလာခဲ့တယ်။

“ဒါက ဒုတိယမြောက်ကလေး မင်ရှီမိသားစုရဲ့ဇနီးသည်လား၊ ဒါက မင်းကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ၊ ဒီကိုလာခဲ့၊ ငါ မင်းရဲ့ သွေးခုန်နှုန်းကိုစမ်းပေးမယ်”

ရှန်ယန်နန်တစ်ယောက် သူ့ရဲ့စကားကြားတော့ အနားကို အပြေးအလွှားရောက်လာပြီး အလျှင်စလိုနှင့် လာထိုင်လိုက်တယ်။

မဒမ်လီနှင့် အိမ်မှ တခြားမိသားစုဝင်များက ကျန်းရန်ကျယ်ကို တရုတ်တိုင်းရင်းဆေးသမားတော်ကြီးတစ်တစ်ဦးဖြစ်ကြောင်းသာ သိထားကြပြီး နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တွေကတောင် ကျန်းရန်ကျယ်ဆီမှာ ကုသနိုင်ရန်အတွက် တောင်းဆိုနေကြရကြောင်းကို မသိခဲ့ကြဘူး။

ကျန်းကျန်းက ရှဲယန်နန်ရဲ့ အခြေအနေကို ကြိုပြောထားခဲ့တဲ့အတွက် ကျန်းရန်ကျယ်ကလည်း သူမကို အလွန်အမင်း စိတ်ပါလက်ပါနှင့် သွေးခုန်နှုန်းကို စစ်ဆေးခဲ့ပြီး နာရီဝက်ကျော်ကြာအောင် စေ့စေ့စပ်စပ်စစ်ဆေးစဉ်းစားပြီးနောက်မှာ ပြောလာခဲ့တယ်။

“မင်းက ဒီနှစ်တွေထဲမှာ အရမ်းပင်ပန်းနေခဲ့တာပဲ၊ ကလေးမွေးဖွားပြီးတော့ ခန္ဓာကိုယ်က ပြန်လည်နလဲထူဖို့အတွက် အချိန်သိပ်မရှိခဲ့ဘူး၊ ပြီးတော့ ကျောက်ကပ်မှာလည်း ချီ ၊သွေးနှင့် ရေတွေက အတော်လည်း မမျှမတဖြစ်နေတယ်၊ ငါမင်းကို ပထမ ဆေးဆယ်ရက်စာပေးခဲ့မယ်၊ မင်း ဒီဆေးတွေကို သောက်ပြီးမှ မင်းရဲ့သွေးခုန်နှုန်းကို ငါပြန်ပြီးစမ်းသပ်ပေးမယ်”

ရှဲယန်နန်က သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီး အမြန်ပြန်ပြောခဲ့တယ်။

“ကျွန်မမှာ အနားယူဖို့ ခွင့်ရက်နှစ်လလောက်ရှိတော့ ဆေးကို အချိန်မီ လာယူမှာ သေချာပါတယ်”

မဒမ်လီက ထိုစကားကိုကြားပြီးနောက် အလျင်င်စလိုပြောလာခဲ့တယ်။

“မင်း အလုပ်သွားစရာမလိုဘူးဆိုမှတော့ ဒီကိုပြောင်းလာပြီးနေလိုက်ပါလား ကျန်းကျန်းက မင်းတို့အတွက် သီးသန့်အခန်းဖွင့်ထားတယ်၊ မင်နန်တို့မိသားစုလည်း ဒီလ ဒီမှာနေကြမှာလေ”

ရှဲယန်နန် ပြုံးလိုက်တယ်။

“တကယ်လို့ ကျန်းကျန်းကသာ ကျွန်မတို့ကို စိတ်ရှုပ်စရာကောင်းတယ်လို့ မထင်ဘူးဆိုရင် ကျွန်မတို့ တစ်လလောက် ရွှေ့လာခဲ့မယ်လေ”

ကျန်းကျန်းက ချက်ချင်းဆိုသလို ဝင်ပြောလာခဲ့တယ်။

“အိမ်ထဲမှာ လူတွေပိုတိုးလာမယ်ဆိုရင် ပိုပြီး နွေးထွေးနေလိမ့်မယ်၊ ညီမက အားလုံးကိုဒီမှာပဲနေစေချင်တာ၊ ဒါမှ အိမ်လည်း ပိုပြီးအသက်ဝင်လာမှာလေ”

ရှဲယန်နန် ပြုံးရယ်လိုက်ရင်း သူမရဲ့ အိတ်ထဲက ပိုက်ဆံတွေနဲ့ အသုံးပြု လက်မှတ်တွေကို ထုတ်ယူလိုက်တယ်။

“အခု ကျွန်မတို့တွေ လစာက မရသေးဘူးဆိုတော့ ကျွန်မတို့ရဲ့ စားသောက်စရိတ်တွေအတွက် ဒါကို အရင်ဆုံး ယူထားလိုက်ပါဦး”

မဒမ်လီက ပြုံးလိုက်ပြီး ပြည်ထောင်စုပုံပါ ငွေစက္ကူရွက်နှစ်ခုကို ဆွဲယူလိုက်တယ်။ ထို့နောက် အသုံးပြုလက်မှတ်အနည်းငယ်လောက်ကို ထပ်ယူကာ ပြောခဲ့တယ်။

“ဒါတွေကိုပဲ ယူထားလိုက်မယ်၊ ကျန်တာက မလိုအပ်ဘူး၊ မင်းဘာသာ ပြန်သိမ်းထားလိုက်ဦး”

ရှဲယန်နန်က ကျန်ရှိနေတဲ့ပိုက်ဆံနှင့် လက်မှတ်တွေကို ဝမ်စုဖန်းရဲ့ လက်ထဲသို့ကို ရိုးရှင်းစွာနှင့် ထည့်ပေးလိုက်တယ်။

“ မမင်နန် နဲ့ တခြားသူတွေက ကျောင်းတက်နေတုန်းပဲလေ၊ ကျွန်မတို့တွေ ဘယ်လိုလုပ်ပြီး မပေးပဲ နေဖို့ အဆင်ပြေမှာလဲ၊ ဒါ့အပြင် မင်ရှီ နဲ့ ကျွန်မက နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးပြီဆိုတော့ အခု အိမ်မှာ အများကြီး စုဆောင်းထားမိပြီးပါပြီ၊ ကျွန်မတို့တွေ ဒီမှာ တစ်ရက်နေမယ်ဆိုရင် သေချာပေါက် တစ်ရက်စာအသုံးစရိတ်ဖိုး ပေးထားမှဖြစ်မယ်၊ ဒါမှမဟုတ်ရင် ကျွန်မတို့တွေ တကယ် မနေနိုင်တော့ဘူး”

ဝမ်စုဖန်းလည်း ဆုံးဖြတ်ရခက်စွာနှင့် မဒမ်လီဆီကို လှမ်းကြည့်လိုက်မိပြီး မဒမ်လီက သူမကို ဖြည်းညင်းစွာ ခေါင်းညိတ်ပြလာခဲ့တယ်။

“ကောင်းပြီ၊ ယန်နန်ပြောတာကလည်း အဓိပ္ပာယ်ရှိတာပဲ၊ ဒီတော့ သူမပြောသလိုပဲလုပ်ကြရအောင်”

သူတို့ရဲ့မိသားစုဝင်တွေအချင်းချင်း လိုက်ဖက်ညီစွာ ပြောဆိုနေကြတာကိုမြင်တော့ ကျန်းရန်ကျယ်လည်း မနာလိုစွာ မတ်တပ်ထရပ်ပြီး ပြောလာခဲ့တယ်။

“ကောင်းပြီ၊ မင်းတို့ရဲ့မိသားစုအတွက် အခုလိုမျိုးအားလပ်ရက်ရပြီး မိသားစုဝင်တွေဆုံစည်းရတာက ရှားပါးတယ်၊ အချိန်ကောင်းလေးတွေကို ဖြတ်သန်းလိုက်ကြဦး၊ ငါအရင်ပြန်နှင့်လိုက်မယ်”

မဒမ်လီက သူ့ကို အမြန်တားဆီးလိုက်ပြီး နေ့လယ်စာကို သူမရဲ့အိမ်မှာစားသွားဖို့ အလျှင်အမြန် ဖိတ်ကြားလိုက်ပေမဲ့ ကျန်းရန်ကျယ်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလာခဲ့တယ်။

“ဒီနေ့ ကျွန်တော့်ရဲ့ အိမ်ကို ဧည့်သည်အဖြစ် လာလည်ဖို့ဆိုပြီး သူငယ်ချင်းတစ်ယောက်ကို ဖိတ်ထားသေးတယ်၊ နောက်နေ့ကျမှပဲ ပြန်လာခဲ့မယ်”

ကျန်းရန်ကျယ်ဆိုတာက ဖြောင့်တန်းစွာသာပြောဆိုတတ်လွန်းတဲ့ လူရိုးလူအေးတစ်ယောက်ဖြစ်တဲ့အတွက် ထိုကဲ့သို့ စကားများကို အလိမ္မာသုံးကာ ပြောတတ်မဲ့သူမဟုတ်ကြောင်း မဒမ်လီ သိထားတာကြောင့် ခေါင်းကိုအသာညိတ်ပြီး ပြန်ပြောလိုက်တယ်။

“ကောင်းပါပြီ၊ ဒါဆို နောက်တစ်ခါ သမားတော်ကျန်း ဒီအိမ်ကိုလာမယ်ဆိုရင် တခြားလူတွေကို လှမ်းမဖိတ်ထားနဲ့နော်၊ ဒီအိမ်မှာပဲ ထမင်းစားရမယ်”

“ကောင်းပြီ အစ်မ”

ကျန်းရန်ကျယ် ပြုံးပြီး ကတိပေးလိုက်တယ်။

“ကျွန်တော် နောက်တစ်ခါ ပြန်လာတဲ့အချိန်ကျရင် ကျန်းကျန်းလည်း ကျွန်တော့်ဆီကနေ ဟင်းပွဲနည်းနည်းလောက် သင်ယူထားလောက်ပြီဆိုတော့ ကျန်းကျန်းရဲ့ လက်ရာကို ပြန်ပြီး စစ်ဆေးကြည့်ကြတာပေါ့”

ကျန်းကျန်းက သူမရဲ့ကိုယ်ပိုင်လက်ရာအပေါ်မှာ အလွန်ယုံကြည်မှုရှိတယ်။ ဒီလောက်နှစ်တွေအတောအတွင်းမှာ ပြောစရာမလိုအောင်၊ ငါးကင်၊ ယုန်သားကင်နှင့် ရစ်ငှက်ကင် စတဲ့အကင်တွေအပြင် တခြားသော အစားအသောက်ဟင်းလျာတွေမှာ သူမထက် ပိုမိုကောင်းမွန်အောင် ချက်ပြုတ်နိုင်တဲ့သူ ဘယ်သူမှ မရှိဘူးဆိုတာကိုတော့ ထည့်ပြောနေစရာတောင် မလိုအပ်ဘူး။

ကျန်းရန်ကျယ်က သူ့ရဲ့ဆေးသေတ္တာကို ကောက်ကိုင်လိုက်ချိန်မှာ ကျန်းကျန်း အလျင်အမြန်ဝင်ပြောလိုက်တယ်။

“လောင်ရှစ်၊ ကျွန်မ စုလောင်ရှစ် နောက်ဆုံးတစ်ကြိမ်တုန်းက ရေးသားပေးခဲ့တဲ့ လက်ရေးလှစကားလုံးကို ဘောင်ခတ်ပြီး ချိတ်ဆွဲထားလိုက်တယ်၊ အဲဒါ ဘယ်လိုနေလဲဆိုတာ လိုက်ကြည့်လိုက်ပါလား”

“ကောင်းပြီ ဒါဆို ငါ မင်းလုပ်ထားတာကိုကြည့်ဖို့ လိုက်ခဲ့ဦးမယ်”

ကျန်းရန်ကျယ်က အလွန်သဘာဝကျကျ ပြုံးလိုက်ပြီး ကျန်းကျန်းရဲ့အိမ်ခန်းရှိတဲ့ အနောက်ဘက် အိမ်သို့ လိုက်သွားခဲ့လေတယ်။

အိမ်ထဲကိုရောက်တော့မှ ကျန်းရန်ကျယ်က သူ့ရဲ့ ဆေးသေတ္တာထဲက စာအိတ်အထူနှစ်ထုပ်ကို ထုတ်ယူလိုက်ပြီး ကျန်းကျန်းဆီကိုလှမ်းပေးခဲ့တယ်။ ထို့နောက်မှာ အသံတိုးတိုးနှင့် ပြောလာခဲ့လေတယ်။

“မတိုင်ခင်အချိန်တုန်းက ဆေးအဖြစ်သုံးဖို့အတွက် ဂျင်ဆင်းရိုင်းတွေ လိုအပ်နေတဲ့ ခေါင်းဆောင်ကြီး နှစ်ယောက်ရှိနေခဲ့တယ်လေ၊ ဒါကြောင့် မင်းရဲ့ ဂျင်ဆင်းက သူတို့ရဲ့မျက်လုံးထဲကို ရောက်သွားနိုင်ခဲ့ပြီး အားလုံးကို ယူသွားခဲ့ကြတယ်”

ကျန်းကျန်း စာအိတ်ကိုဖွင့်ကြည့်လိုက်တော့ အတွင်းထဲမှာ ပြည်နယ်ရုပ်ပုံနှင့် ငွေစက္ကူတွေအမြောက်အများကို မြင်တွေ့လိုက်ရတာကြောင့် လက်တွေပါ တုန်ရင်သွားခဲ့ရတယ်။

“ဘာလို့ဒီလောက်တောင်များလွန်းနေတာလဲ၊ ဒီဂျင်ဆင်းရိုင်းက အရမ်းတန်ဖိုးကြီးတာလား”

“ဘာလို့လဲဆိုတော့ ပိုက်ဆံကိုပဲ တောင်းပြီး အသုံးပြုလက်မှတ်တွေ ထပ်မတောင်းလို့ပဲ၊ ဒါကြောင့် သူတို့က ပိုက်ဆံကို များများ ပိုပေးခဲ့ကြတယ်”

ကျန်းရန်ကျယ်က ကျန်းကျန်းရဲ့ အသွင်အပြင်ကို ကြည့်ပြီး စူးစမ်းလိုစွာနှင့် မေးမြန်းလာခဲ့တယ်။

“မင်း ပြောကြည့်ပါဦး၊ မင်းမှာ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နှင့် အခုလိုမျိုး ပြီးမားတဲ့ ဗီလာအိမ်ရာအကျယ်ကြီစကို ပိုင်ဆိုင်ထားပြီးပြီ၊ မင်းဆီမှာ ရှေးဟောင်း လက်ရေးလှပန်းချီတွေနှင့် ပန်းချီကားတွေကိုလည်း အိမ်ထဲမှာ ချိတ်ဆွဲထားဖို့ အများကြီးရှိနေတယ်၊ နောက်ပြီး တန်ဖိုးရှိပစ္စည်တွေလည်း အများကြီး ရှိတယ် ၊

မင်းရဲ့နေ့စဉ်ဘဝ အတွက် အသုံးစရိတ်တွေကိုလည်း ပေးချေနေစရာ မလိုအပ်ဘူး ၊ ဒီတော့ မင်း အခု ဂျင်ဆင်းရောင်းရတဲ့ ပိုက်ဆံနဲ့ ဘာလုပ်ချင်နေတာလဲ “

ကျန်းကျန်း ခဏတုံ့ဆိုင်းသွားခဲ့ပြီး ပြန်ပြောခဲ့တယ်။

“ကျွန်မတို့ရဲ့နိုင်ငံမှာ အိမ်တွေအတွက် ဌာနတွေက အမြဲတမ်း ခွဲဝေချထားပေးနေခဲ့တာလေ၊ ဒါပေမဲ့ နိုင်ငံအတွင်းမှာ လူဦးရေတွေ အများကြီးတိုးလာသလို အိမ်တွေကိုတော့ များများလိုက်ပါဆောက်လုပ်မပေးနိုင်ဘူး၊

လက်ရှိ ပေကျင်းကိုပဲ ဥပမာအနေနဲ့ ကြည့်ကြည့်လိုက်ရအောင်၊ ခြံဝင်းတစ်အိမ်မှာ အိမ်ဘယ်နှစ်အိမ်နေနိုင်လဲ၊ သူတို့က မိသားစုဆယ်စုချထားပေးတယ်၊ တစ်မိသားစုမှာ မျိုးဆက်သုံးဆက်ရှိနေပြီး လူကြီးရော၊လူငယ်ပါ မျှပြီးနေနေရတယ်၊ စတုရန်းမီတာ နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ်လောက်ပဲရှိတဲ့ အိမ်လေးထဲမှာ လှည့်ပတ်သွားနေလို့တောင် မရနိုင်ကြဘူး”

ကျန်းရန်ကျယ်လည်း ကျန်းကျန်းရဲ့စကားကိုကြားလိုက်ရတော့ အတော်လေး တွေးတောမိသွားရတယ်။ သူ့ရဲ့မိသားစုက သူ့ရဲ့ အိမ်နှင့် သိပ်ပြီးမဝေးတဲ့ ဟူတုံမှာ ကြီးမားသော ဝင်းကြီးတစ်ခုအတွင်း အတူနေထိုင်ကြတယ်။

ထိုအိမ်မှာရှိနေတဲ့ သူ့ရဲ့သားလေးက အခုဆိုရင် အသက်နည်းနည်းကြီးလာပြီဖြစ်တာကြောင့် သူလည်း စိတ်ပူလာရတယ်။ သူ့အတွက် သီးသန့်အိမ်တောင် မရှိနေခဲ့ဘူး။ ဒီလိုဆိုရင် သူ့သားအတွက် ဇနီးတစ်ယောက်ကို ဘယ်လိုလက်ထပ်နိုင်မှာလဲ။



All Chapters