← Chapters

အခန်း (၁၉၉)

Vol. 20 Ch. 199

အခန်း (၁၉၉)

Vol. 20 Ch. 199

ကျန်းကျန်း ကားပြတင်းပေါက်အပြင်ဘက်မှ ရှုခင်းများကို လှမ်းကြည့်ရင်း သီချင်းတစ်ပုဒ်ကို ညည်းနေခဲ့သည်။

ရှီကျွင့်ကျဲ ထိုင်ခုံနောက်မှီကို မှီလိုက်ပြီး ကျန်းကျန်းကို လှမ်းကြည့်ကာ သူ့၏နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

“မင်း အမြဲတမ်း အခုလိုမျိုးတိုက်ရိုက်ပြောတတ်တာလား”

“ဘာကိုလဲ?”

ကျန်းကျန်းက သူ့ကို ပြန်လှည့်ကြည့်လာခဲ့ပြီး သူမ၏ကြည်လင်သန့်ရှင်းသည့် မျက်လုံးများထဲတွင် ရှီကျွင့်ကျဲ၏ ပုံသဏ္ဍာန်ကိုပင် မြင်တွေ့နိုင်နေခဲ့သည်။

“ကိုယ်ပြောချင်တာက၊ မင်းက အရမ်း တိုက်ရိုက်ပြောတတ်လို့လေ၊ ကိုယ်ရဲ့ရုပ်ရည်....”

ရှီကျွင့်ကျဲ သူ့၏ခေါင်းကို စိတ်မသက်မသာဖြစ်စွာလှည့်လိုက်ပြီး ကျန်းကျန်းဆီသို့ ပြန်ကြည့်ရမည်ကို အနည်းငယ်ကြောက်ရွံ့နေခဲ့သည်။

“မင်း ရှက်သလို မခံစားရဘူးလား?”

ရှီကျွင့်ကျဲ၏ မျက်နှာတစ်ခုလုံး နီရဲလာသည်ကို မြင်လိုက်ရသည့်အတွက် ကျန်းကျန်း ချက်ချင်း ပြုံးလိုက်မိကာ ပြန်ပြောခဲ့သည်။

“ဒါပေမယ့် ကျွန်မ ရှင့်ကို တကယ်ပဲ အဲလိုထင်တာလေ”

ရှီကျွင့်ကျဲတစ်ယောက် ကျန်းကျန်းကိုကြည့်ကာ မရယ်မောဘဲ မနေနိုင်တော့ပေ။

ကားက လမ်းထောင့်ကိုရောက်ရှိလာခဲ့ပြီး ကျန်းကျန်း ခေါင်းမော့ကြည့်လိုက်တော့ တော်ဝင်မြို့တော်မှ စာအုပာဆိုင်ကို ရောက်ရှိလာကြောင်းကို တွေ့လိုက်ရတာကြောင့် ကျန်းကျန်း ထရပ်လိုက်ကာ ရှီကျွင့်ကျဲကို ပြုံးပြီး ပြောလိုက်တယ်။

“ကျွန်မ စာအုပ်နှစ်အုပ်လောက်ဝယ်ဖို့ စာအုပ်ဆိုင်ကို သွားလိုက်ဦးမယ်”

ရှီကျွင့်ကျဲလည်း မတ်တပ်ထရပ်လိုက်သည်။

“တိုက်ဆိုင်လိုက်တာ၊ ကိုယ်လည်း စာအုပ်ဆိုင်ကို သွားမလို့လေ၊ အတူတူသွားရအောင်”

ဘတ်စ်ကားရပ်သွားပြီးနောက် သူတို့နှစ်ဦး ကားပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်။

နွေရာသီ၏နေမွန်းတည့်ချိန်တွင် နေပူရှိန်ပြင်းလွန်းသည့်အတွက် ကျန်းကျန်းတစ်ယောက် သူမ၏ နဖူးကို လက်ဖြင့်ကာပြီး စာအုပ်ဆိုင်ထဲသို့ အလျင်အမြန်လျှောက်သွားခဲ့သည်။

တော်ဝင်မြို့တော်စာအုပ်ဆိုင်သည်ကား အလွန်ကြီးမားပြီး စုစုပေါင်းအထပ်လေးထပ်ရှိပြီး စာအုပ်စင်များတွင် စာအုပ်များဖြင့်ပြည့်နေခဲ့သည်။ ကျန်းကျန်းတစ်ယောက် ထိုပြည့်ကြပ်နေသည့် စာအုပ်များကိုမြင်လျှင် အလျှင်အမြန် မလျှောက်သွားဘဲ မနေနိုင်ခဲ့ပေ။

နိုင်ငံအတွင်းလှုပ်ရှားမှုများကြောင့် ပြည်သူများသည် ၁၀နှစ်နီးပါး စာအုပ်များမဖတ်ခဲ့ရပေ။

ထို့ကြောင့် စာအုပ်ဆိုင်ဆောက်လုပ်ပြီးသည်နှင့် ထိုစာအုပ်ဆိုင်အတွင်း လူအုပ်ဖြင့်ပြည့်ကျပ်လို့နေခဲ့သည်။

ယခုအချိန်မှာ နွေရာသီအားလပ်ရက်ဖြစ်၍ စာအုပ်ဆိုင်သို့ လာရောက်ပြီး စာဖတ်ကြသူအများစုက ကျောင်းသားများပင်ဖြစ်နေခဲ့သည်။

သူတို့အားလုံးက ကလေးဆန်သည့်မျက်နှာလေးများဖြင့် သူတို့လက်ထဲရှိ စာအုပ်များကိုကြည့်ရှုနေခဲ့ကြသည်။

ပထမထပ်တွင် အများစုမှာ ယဥ်ကျေးမှုစာပေဆိုင်ရာများဖြစ်ပေသည်။

အရေးအခင်းကာလတစ်လျှောက်လုံးတွင် ကျန်းကျန်းက မီးလောင်ခါနီးအခြေအနေရှိသည့်စာအုပ်များကို သိမ်းဆည်းခဲ့ပြီး ထိုစာအုပ်များကို နေရာလွတ်ထဲသို့ ထည့်ထားခဲ့သည်။

နှစ်ပေါင်းများစွာကြာခဲ့သည့်အတောအတွင်းတွင် သူမက နေ့တိုင်း စာအုပ်များကိုဖတ်ရန် အနည်းဆုံးအချိန်နှစ်နာရီယူခဲ့သည်။

ယခုနှစ်အတော်ကြာပြီးနောက်တွင်ကျန်းကျန်းက ထောင်ပေါင်းများစွာသော စာအုပ်များကိုဖတ်ခဲ့ပြီးဖြစ်ပေသည်။

ကျန်းကျန်း ယခုတစ်ကြိမ် စာအုပ်ဆိုင်သို့ ရောက်ရှိလာသည်မှာ သူမ မဖတ်ရသေးသည့်စာအုပ်အချို့နှင့် ပရော်ဖက်ရှင်နယ်အတန်း စာအုပ်တစ်ချို့ကို ဝယ်ယူချင်၍သာ ဖြစ်ပေသည်။

ကျန်းကျန်း စာအုပ်စင်တန်းဘက်သိုး တစ်ချက်ကြည့်လိုက်ရာ ထိုအထဲမှစာအုပ်များမှာ အခြေခံအားဖြင့် သူမ၏ နေရာလွတ်ထဲတွင်ရှိနေပြီးသားစာအုပ်များပင် ဖြစ်ချေသည်။

ထို့ကြောင့် သူမ တစ်ချက်မျှသာကြည့်ပြီး အလျင်အမြန်ပင် ရှေ့သိုးဆက်လျှောက်လာခဲ့သည်။ ရှီကျွင့်ကျဲသည်လည်း ကျန်းကျန်း၏နောက်မှ တိတ်တဆိတ်လိုက်ပါလာခဲ့သည်။

ကျန်းကျန်း ဆက်လျှောက်လျှင် သူကအနောက်မှလိုက်ပါလာခဲ့သည်။ ကျန်းကျန်းရပ်လိုက်ပါက သူသည်လည်း ရပ်ကာ စိတ်ရှည်လက်ရှည်စောင့်ပေးခဲ့သည်။

ကျန်းကျန်း စာအုပ်စင်အနည်းငယ်ဘက်သိာ့ လျှောက်ကြည့်ပြီးနောက်မှသာ ရှီကျွင့်ကျဲသည်လည်း သူမနှင့်အတူရှိနေမှန်းကို ရုတ်တရက် သတိရသွားခဲ့ရသည်။

သူမ ရှီကျွင့်ကျဲအား တောင်းပန်သည့်အပြုံးဖြင့် ပြုံးပြလိုက်ကာ လှမ်းပြောခဲ့လေ၏။

“ကျွန်မဝယ်မယ့်စာအုပ်က ရှာတွေ့ဖို့မလွယ်လို့ ကျွန်မနဲ့အတူ လိုက်နေရင် ရှင် စာအုပ်ဝယ်ဖို့ အချိန်ကြာသွားလိမ့်မယ် “

“အဆင်ပြေပါတယ်”

ရှီကျွင်ကျဲ ကျန်းကျန်းကိုကြည့်ကာပြုံးလိုက်ပြီး ဆက်ပြောလာသည်။

“ဒီကစာအုပ်တွေ တော်တော်များများက ကိုယ့်မှာရှိပြီးသားလေ၊ ကိုယ်လည်းအိမ်မှာမရှိသေးတဲ့စာအုပ်တွေကိုလိုက်ရှာနေတာ”

ကျန်းကျန်း သူ့ကို အံ့အားသင့်စွာကြည့်လိုက်မိသည်။ အရေးအခင်းကာလအတွင်း စာအုပ်များကိုစုဆောင်းနိုင်ဖို့ဆိုသည်မှာ သာမာန်မဟုတ်ပေ။

သို့သော် သူမနှင့်ရှီကျွင်းကျဲက သာမာန်အတန်းဖော်များသာဖြစ်ပေသည်။ ထို့ကြောင့် ရှင်းလင်းသွားသည်အထိ စုံစမ်းမေးမြန်းနေရန် မလိုအပ်ပါချေ။

သူမ ပြုံးပြလိုက်ပြီး စင်ပေါ်ကစာအုပ်များကို ဆက်လက်ဖတ်ရှုနေလိုက်သည်။

သူတို့နှစ်ဦး စာအုပ်စင်တန်းမှ အသစ်ထုတ်ဝေထားသည့်စာအုပ်တချို့ကို ရှာမတွေ့ခင်အချိန်ထိ စာအုပ်ဆိုင်ထဲတွင် နာရီဝက်မျှကြာအောင် လျှောက်ပတ်ကြည့်နေခဲ့ကြသည်။

သူတို့နှစ်ဦး မတိုင်ပင်ထားပဲ အတူတူရပ်လိုက်မိပြီး စာအုပ်တစ်အုပ်ထဲကိုတစ်ချိန်ထဲမှာပင် လှမ်းယူလိုက်မိကြသည်။

ကျန်းကျန်း၏လက်မှာ အနည်းငယ်နှေးကွေးသွားသည့်အတွက် ရှီကျွင့်ကျဲ၏လက်ပေါ်သို့ မတော်တဆထပ်ကိုင်မိသွားကာ ရှီကျွင်းကျဲတစ်ယောက် နှလုံးခုန်သံများပင် လွဲမှားသွားခဲ့ရသည်။

ထိုတစ်ခဏတွင် သူ့လက်အားပြန်ရုတ်ရမည်လား နေမြဲအတိုင်းထားသင့်လားဆိုသည်ကိုပင် တွေးတောနိုင်ချင်းမရှိတော့ပါချေ။

ကျန်းကျန်းအတွက်မူ သူမ၏ အတိတ်ဘဝ၌ အတန်းဖော်များအချင်းချင်း လက်ချင်း ထိတွေ့မိခြင်း၊ပုခုံးချင်းတွန်းတိုက်ခြင်း ၊ ပျောဆိုရယ်မောခြင်းများမှာ ပုံမှန်ပင်ဖြစ်သည်မို့ ယခုကဲ့သို့မထိတထိလောက်ကို စိတ်ထဲမထည့်ပါချေ။

သူမက ယဥ်ကျေးမှုအရ လက်ကိုပြန်ရုတ်လိုက်သည်။

“ဒီစာအုပ်ကထုတ်‌တာမကြာသေးတဲ့ အသစ်ဖြစ်မယ့်ပုံပဲ”

လက်ဖမိုးပေါ်မှ အနွေးဓာတ်လေး ပျောက်ကွယ်သွားသည့်အတွက် ရှီကျွင့်ကျဲ အနည်းငယ်စိတ်ပျက်သွားရသည်။

ကျန်းကျန်းကတော့ သူမဘေးရှိ စာအုပ်ကို ယူကြည့်နေခဲ့ပြီ။ ရှီကျွင်ကျဲ စာအုပ်ကိုထုတ်ယူလိုက်ကာ စာရွက်အနည်းငယ်လောက်လှန်ကြည့်နေခဲ့သော်လည်း စာအုပ်ထဲသို့ အာရုံသိုက်နိုင်ချင်း မရှိခဲ့ချေ။

သူက ကူကယ်ရာမဲ့စွာ ခေါင်းကိုမော့လိုက်ပြီး သူ့ရှေ့မှ သေးသွယ်သည့်မိန်းကလေးကိုကြည့်လိုက်သည်။

ကျန်းကျန်းမှာ ရှီကျွင်းကျဲ၏ရှေ့ခြေလှမ်းတစ်ဝက်စာအကွာတွင် မတ်တပ်ရပ်နေခဲ့ပြီး ရှီကျွင့်ကျဲ မနက်တုန်းကဝယ်လာခဲ့သည့် ဘဲငန်း၏အရောင်ကဲ့သို့အဝါနုရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

ကျန်းကျန်း၏အသားအရည်မှာ ဖြူဖွေးနူးညံ့ကာ သူမ၏ကျစ်ဆံမြှီးနှစ်ဖက်ကလည်း သဘာဝဆန်စွာဖြင့် ရင်ဘက်နားသို့ကျနေခဲ့သည်။ ရှီကျွင်းကျဲသည်ကား သူမနှင့်ခြေလှမ်းတစ်ဝက်သာဝေးကွာပြီး သူမခန္ဓာကိုယ်မှ ငယ်ရွယ်နုပျိုသည့် တက်ကြွမှုနှင့် ပန်းရနံ့သင်းပျံ့နေမှုကို ရှင်းရှင်းလင်းလင်းခံစားမိသည်။

ကျန်းကျန်းက သူ့၏ရုပ်ရည်ကို လှပချောမောသည်ဟု ပွင့်ပွင့်လင်းလင်းပြောခဲ့သော်လည်း ရှီကျွင့်ကျဲအတွက်ကတော့ သူမ၏မျက်လုံးထဲရှိ သူ့အပေါ်သဘောကျနှစ်ခြိုက်မှုမွာ အမှမ်သကယ်ပင် သဘောကျရုံသက်သက်သာဖြစ်ကြောင်းကို ရှင်းလင်းစွာ ခံစားမိသည်။

ထိုအရာသည်ကား ယောက်ျားနှင့်မိန်းမကြားမှအချစ်မဟုတ်ပါချေ။

တစ်ကယ်တမ်းတွင် ရှီကျွင့်ကျဲ ကျန်းကျန်းကို သတိထားမိနေသည်မှာ အတော်ကြာပြီဖြစ်သည်။ ကျန်းကျန်းမှ သူ့ကို ချောမောလှပကာကြည့်ကောင်းသည်တွေးသကဲ့သိုး သူသည်လည်း ကျန်းကျန်းကို ပထမဆုံးတွေ့ခဲ့ရချိန်ကတည်းကသူမ၏ဝိုင်းစက်သည့် မျက်လုံးလေးများကို စွဲလမ်းနေခဲ့သည်။

သူ ထိုသို့သော သန့်ရှင်းကြည်လင်သည့် မျက်လုံးများကို တစ်ခါမျှမမြင်ဖူးခဲ့ပေ။ သူမကို ကြည့်နေသည့်အချိန်ကြာလေလေ ကမ္ဘာကြီးတစ်ခုလုံးမှအညစ်အကြေးများကို မမြင်နိုင်တော့လေလေဖြစ်လာခဲ့သည်။

ပထမဆုံး သူမ၏အသွင်အပြင်ကြောင့်ဆွဲဆောင်ခံလိုက်ရသည်ကို သူ မငြင်းနိုင်သော်လည်း ကျန်းကျန်းနှင့် ပိုပြီးအဆက်အသွယ်များလာချိန်တွင်တော့ သူ သူမကို တစ်ဖြည်းဖြည်းချစ်မိသွားခဲ့သည်။

ရှီကျွင့်ကျဲအနေဖြင့် ကျောင်း၌ သူမကို သဘောကျသည့် ကျောင်းသားများစွာရှိသည်ကို သိထားသောကြောင့် ထိုအကြောင်းကို ထပ်ခါထပ်ခါတွေးကြည့်ပြီးနောက်ဆုံးတွင် ထိုခံစားချက်အား သူ၏နှလုံးသားထဲတွင် သိမ်းထားရန်သာ ဆုံးဖြတ်ခဲ့သည်။

သူတို့အနေဖြင့် ယခုတွင် ပထမနှစ်သာရှိသေးပြီး အနာဂတ်ကို မည်သူမှကြိုမသိနိုင်ပေ။

ရှီကျွင့်ကျဲ သူ့တွင် အမှီအခိုကင်းစွာ ရပ်တည်နိုင်သည့် အရည်အချင်းမရှိသေးဘဲ မိန်းကလေးတစ်ဦးအား အလွယ်တကူကတိပြုဖို့အတွက် တာဝန်မဲ့လွန်းရာကျသည်ဟု ခံစားရသည်။

ရှီကျွင့်ကျဲအနေဖြင့် သူမ၏နောက်သို့ ယခုကဲ့သို့ တိတ်တဆိတ် လိုက်ပါနေရသည်နှင့်ပင် အလွန်ပျော်ရွှင်ရပြီဟုထင်ခဲ့မိသည်။

သို့သော်လည်း ညကောင်းကင်ယံမှ လမင်းကို လှမ်းမျှော်ကာ ငေးမောကြည့်နေချိန်တွင် သူမ၏ နှုတ်ခမ်းဖျားဆီမှ သူ၏ နာမည်ထွက်လာသည်ကို ကြားရလိမ့်မည်ဟုမထင်ထားခဲ့ပေ။

ထိုကဲ့သို့သော မှတ်ချက်အား သူကလေးဘဝကတည်းက မုန်းတီးလာခဲ့သော်လည်း လီမင်ကျန်းမှ ပြောလာသည့် သူသည်လှပလွန်းသည်ဟူသောစကားက သူ့အား ရွံရှာခြင်းမဖြစ်ရုံသာမက ထိုအစား စိတ်လှုပ်ရှားပျော်ရွှင်မှုများကသာ သူ့နှလုံးသားအောက်ခြေမှ တိုးထွက်လာသည်ကိုခံစားခဲ့ရသည်။

သူ သူမဆီမှာ နက်နက်ရှိုင်းရှိုင်းအဆိပ်မိနေခဲ့ပြီပင်။

ရှီကျွင့်ကျဲ၏နှုတ်ခမ်းထောင့်မျာ့က ကွေးညွတ်နေခဲ့ကာ နူးညံ့သည့်အပြုံးတစ်ခုဖြင့် ကျန်းကျန်းအား ကြည့်နေခဲ့သည်။

ကျန်းကျန်းကတေခား စာအုပ်အနည်းငယ်ကို လှန်လှောကြည့်နေခဲ့ပြီး သူမကြိုက်နှစ်သက်သည့်စာအုပ်နှစ်အုပ်ကို ရွေးချယ်လိုက်သည်။

ထို့နောက် သူမ စာအုပ်ကိုယူကာ တစ်ဖက်သို့လှည့်လိုက်ချိန် သူမအား အပြုံးတစ်ခုဖြင့် ကြည့်နေသည့် ရှီကျွင့်ကျဲကို မြင်လိုက်ရလေသည်။

“ရှင်ရွေးပြီးသွားပြီလား?”

ကျန်းကျန်း သူ့လက်ထဲမှ စာအုပ်ကိုလှမ်းကြည့်လိုက်သည်။ ထိုစာအုပ်မှာ အင်္ဂလန်မှ ကျော်ကြားသည့်စာရေးဆရာ၏ စာအုပ်အသစ်ဖြစ်ပေသည်။

ထိုသူက ထိုစာအုပ်ကိုသာ ဖတ်ထားပုံပေါ်ပြီး တစ်ခြားစာအုပ်များကို ဖွင့်ပင်မကြည့်ရသည့်ပုံရသည်။

ကျန်းကျန်းသည်လည်း ထိုစာအုပ်ထဲတွင် မည်သည့်အကြောင်းအရာများကို ရေးသားထားသည်ကို ဖတ်ကြည့်ချင်သွားခဲ့ရသည်။

သူမ ရှီကျွင့်ကို တစ်ချက်ကြည့်ကာ ရှက်ရွံ့စွာနှင့်မေးလိုက်သည်။

“အဲဒီစာအုပ် ဖတ်လို့ကောင်းလား? ကျွန်မလည်းဖတ်ကြည့်ချင်တယ်”

“အိုး ရတယ်လေ”

ရှီကျွင့်ကျဲ စာအုပ်ကိုသူမဆီကိုလှမ်းပေးလိုက်ပြီး သူမ ရွေးချယ်ထားသည့်စာအုပ်နှစ်အုပ်ကို သူ့လက်ထဲသို့ညလွှဲယူလိုက်သည်။ ကျန်းကျန်း၏စိတ်အစုံကတော့ စာအုပ်ထဲနှစ်မြုပ်နေပြီဖြစ်၍ မည်သည့်အရာက လွဲမှားနေသည်လဲဆိုသည်ကို သူမ သတိမထားမိတော့ပေ။

အစပိုင်းတွင် ကျန်းကျန်းတစ်ယောက် စာမျက်နှာ နှစ်မျက်နှာလောက်သာ ဖတ်ကြည့်မည်ဟုတွေးထားသော်လည်း သူမ စတင်ဖတ်ကြည့်ပြီးသည့်နောက်တွင်တော့ သူမ၏ဘေးပတ်ပတ်လည်မှ အရာအားလုံးကိုမေ့သွားလေတော့သည်။

ရှီကျွင့်ကျဲသည်လည်း တစ်ဖက်တွင်မတ်တပ်ရပ်နေပြီး ကျန်းကျန်း၏အေးချမ်းသည့်မျက်နှာလေးကို တိတ်တဆိတ်ကြည့်နေခဲ့သည်။

All Chapters