အခန်း (၂၀၀)
Vol. 20 Ch. 200
လူနှစ်ဦးက ငြိမ်သက်စွာမတ်တပ်ရပ်နေခဲ့ကြပြီး အပြင်ဘက်ရှိ ဆူညံသံများမှာ သူတို့အား မနှောက်ယှက်နိုင်သကဲ့သို့ပင်။
တစ်ယောက်က စာအုပ်ပို စိတ်ဝင်တ၀ားဖတ်နေခဲ့ကာ နောက်တစ်ယောက်ကတော့ ထိုစာအုပ်ဖတ်နေသည့် မိန်းကလေးကို ငေးမောကြည့်နေခဲ့သည်။
ထိုအခိုက် ရုတ်တရက် ကြမ်းပြင်တွင် ထိုင်ကာ စာအုပ်ထိုင်ဖတ်နေသည့် ကျောင်းသားတစ်ဦးက စာအုပ်စင်အကူအညီဖြင့် ထိန်းကိုင်လျက် မတ်တပ် ထရပ်လိုက်သည်။
ထိုသူမှာ ခြေတင်ပြင်ခွေချိတ်ထိုင်ကာ မည်မျှကြာအောင်ထိုင်နေခဲ့သည် မသိနိုင်ပါချေ။ သူ မတ်တပ်ထရပ်လိုက်သည့်အချိန်တွင် သူ၏ခြေထောက်များက ထုံကျင်နေခဲ့သည်။
ထိုကျောင်းသားမှာ ထုံကျင်မှုကို သက်သာစေရန်အတွက် ခြေထောက်ကိုဖိထားချင်ပုံရသည်။
သို့ရာတွင် သူ ခြေလှမ်းတစ်လှမ်း လှမ်းပြီးသည်နှင့် ခြေထောက်များက ကျဉ်တက်လာခဲ့ရပြီး သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ကျန်းကျန်း၏အပေါ်သို့ လဲကျလာမည်ဟု မထင်ထားခဲ့ပေ။
ရှီကျွင့်ကျဲက ချက်ချင်းဆိုသလို ခြေလှမ်းကျဲကျဲလှမ်းကာ ကျန်းကျန်းအား သူ့၏လက်မောင်းများထဲသို့ အလျင်အမြန် ဆွဲသွင်းလိုက်ပြီး ကျန်းကျန်းကို တိတိုက်မိခြင်းမှကာကွယ်ကာသူ၏နောက်ကျောကိုလှည့်လိုက်သည်။
ကျန်းကျန်းလည်း အလန့်တကြားဖြစ်သွားရပြီး ခေါင်းကိုမော့ကြည့်လိုက်လိုက်မိကာ မည်သည့်အရာများဖြစ်သွားသည်ကို မမေးမြန်းရသေးခင် ကျောင်းသားတစ်ယောက်က ရှီကျွင့်ကျဲ၏ နောက်ကျောအား ဆောင့်မိသွားသည်ကိုမြင်လိုက်ရလေ၏။
ကျန်းကျန်း ရှီကျွင့်ကျဲ၏ အင့်ခနဲအသံကိုကြားလိုက်ရပြီးနောက် သူမ၏ မျက်ခုံးများက ကျုံ့သွားရပြီး တစ်ဖက်လူကို စိုးရိမ်စွာကြည့်လိုက်လေသည်။
“အဆင်ပြေရဲ့လား?”
“ဒီက ညီအစ်ကို၊ ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော့်ရဲ့ ခြေထောက်တွေထုံနေလို့ပါ”
တစ်ဖက်မှ ကျောင်းသားက သူ၏ ခန္ဓာကိုယ်ကို ငြိမ်သက်အောင် ထိန်းသိမ်းနေရင်းဖြင့် ရှီကျွင့်ကျဲအား အလျင်အမြန်တောင်းပန်လာခဲ့သည်။
“ရပါတယ်”
ရှီကျွင့်ကျဲ ထိုကျောင်းသားအား ခေါင်းငြိမ့်ပြလိုက်ပြီး တစ်ခြားသူများအား မဖော်ပြခဲ့ဖူးသည့် နူးညံ့နွေးထွေးသော မျက်နှာထားဖြင့် ကျန်းကျန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
“ကိုယ်အဆင်ပြေပါတယ် မင်းခုနတုန်းက စာအုပ်ကို အရမ်းစိတ်ဝင်တစားဖတ်နေတာကို တွေ့တော့ သူမင်းကို တိုက်မိသွားမှာ ကြောက်တာနဲ့....”
ထိုမှသာ သူက ကျန်းကျန်း၏ လက်အားကိုင်ထားဆဲဖြစ်ကြောင်း သတိရသွားခဲ့ရပြီ အလျင်အမြန် ပြန်လွှတ်ပေးလိုက်ကာ အလွန် တောင်းပန်လိုသည့်အမူအရာဖြင့် ပြောလာခဲ့သည်။
“ဒါကြောင့် အခုလို ရုတ်တရက်ဖြစ်သွားတယ်”
ရှီကျွင့်ကျဲ သူ၏လက်ချောင်းထိပ်များကို တိတ်တဆိတ်ပွတ်သပ်လိုက်မိပြီး ကျန်းကျန်း၏ အေးစက်သိမ်မွေ့သည့်အသားအရည်ကို ပြန်လည်ခံစားမိကာ အနည်းငယ်မိန်းမောနေခဲ့ရသည်။
ကျန်းကျန်းက သူမ ခေါင်းကို စိတ်ထဲသို့မထည့်စွာ ခေါင်းကို ခါရမ်းလိုက်ပြီး ဟန်ဆောင်မှုကင်းသည့်အပြုံးဖြင့် ပြန်လည် ပြောလာခဲ့သည်။
“ကျွန်မကသာ ကျေးဇူးတင်ရမှာပါ”
သူမက လက်ထဲမှ တစ်ဝက်လောက်ဖတ်ပြီးသွားသည့် စာအုပ်အား ပြန်ငုံ့ကြည့်ပြီး သူမ၏ လက်ကောက်ဝတ်တွင်ရှိသည့် နာရီကိုအမြန်ကြည့်လိုက်သည်။
“ကျွန်မ အချိန်အကြာကြီး ဖတ်နေလိုက်မိတာပဲ ၊ ညစာစားချိန်တောင်ကျော်တော့မယ်”
သူမက ဆက်ဖတ်ချင်နေသေးသည့် စာအုပ်ကို ချလိုက်ပြီး သူ့နောက်မှ မဖွင့်ဖတ်ရသေးသည့် စာအုပ်များကို ပြန်ယူလိုက်ကာ လက်ထဲတွင်ပိုက်ထားရင်း ရှီကျွင့်ကျဲကိုကြည့်လိုက်သည်။
“ရှင်လည်း ညစာမစားရသေးဘူးမလား? ကျွန်မကို ကာကွယ်ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မ ရှင့်ကို ညစာ လိုက်ကျွေးမယ်ဆိုရင်ရော ဘယ်လိုလဲ?”
ရှီကျွင့်ကျဲ သူမအား အံ့အားသင့်သလိုကြည့်ကာ ငေးမောချင်စရာကောင်းသည့် အပြုံးတစ်ခုဖြင့် ပြောလာခဲ့သည်။
“မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ညစာစားဖို့ ဖိတ်ခွင့်ပေးနိုင်မှာလဲ? ကိုယ် မင်းကို လိုက်ကျွေးပါ့မယ်”
“ဘာလို့မရ ရမှာလဲ? ကျွန်မ ဒီနေ့ ရှင့်ကို အဲဒီအတွေ့အကြုံမျိုးကို ခံစားခွင့်ပေးမယ်”
ကျန်းကျန်း ပြုံးလိုက်ကာ ရှီကျွင့်ကျဲ၏ လက်ထဲမှ သူမ ရွေးထားသည့်စာအုပ်နှစ်အုပ်ကို ပြန်ယူလိုက်ပြီး ငွေရှင်းကောင်တာတွင် စာရင်းသွင်းဖို့ ပြင်ဆင်ခဲ့သည်။
ရှီကျွင့်ကျဲလည်း ကျန်းကျန်း မတိုင်ခင်က ဖတ်နေခဲ့သည့် စာအုပ်ကို တစ်ချက်ကြည့်ကာ ထိုစာအုပ် နောက်တစ်အုပ်ကိုဆွဲယူလိုက်လေသည်။
သူတို့နှစ်ဦး ငွေရှင်းကောင်တာတွင် စာအုပ်များကို ဝယ်ယူပြီးနောက် သူတို့၏ကျောင်းလွယ်အိတ်ထဲထည့်ကာ စာအုပ်ဆိုင်ထဲမှ ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့ကြသည်။
လွန်ခဲ့သည့်နှစ်နှစ်အတွင်း ခေတ်စနစ်ပြောင်းလဲမှုနှင့်အတူ တော်ဝင်မြို့တော်၏စီးပွားရေးသည်လည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။
အစိုးရပိုင်စားသောက်ဆိုင်များမှာ တစ်ခုနှင့်တစ်ခုကပ်လျှက်ရှိပြီး တချို့ဆိုင်များက ထမင်းဟင်းကို ရောင်းချနေကြပြီး တချို့ဆိုင်များမှာတော့ ဘန်းမုန့်ပေါင်းများနှင့်အသားဟင်းလျာများကို ရောင်းချနေခဲ့ကြသည်။
တချို့ဆိုင်များတွင် မုန့်ချောင်းကြော်၊ ပဲနို့ကဲ့သို့ရိုးရာအစားအစာများကိုလဲ ရောင်းချကြသည်။
ကျန်းကျန်း ဘေးတစ်ဖက်တစ်ချက်စီမှ ဆိုင်များကိုကြည့်ပြီး ရှီကျွင့်ကျဲကို မေးလိုက်သည်။
“ ရှင်ဘာစားချင်လဲ?”
ရှီကျွင့်ကျဲ ကျန်းကျန်းကို အကူညီမဲ့စွာကြည့်လိုက်ပြီး ထပ်မံရုန်းကန်ပြည့်လိုက်တယ်။
“ဒါမှမဟုတ် ကိုယ် မင်းကိုဝယ်ကျွေးမယ်လေ?”
“မရဘူး”
ကျန်းကျန်း ငြင်းဆိုလိုက်သည်။
“ ကျွန်မတို့ ထမင်းဟင်းပဲ စားကြရင်ရော ဘယ်လိုလဲ?”
ကျန်းကျန်း၏ အလျှော့မပေးမည့် ပုံကိုကြည့်ရင်း ရှီကျွင့်ကျဲ သူမကို ထပ်မံ အနှောင့်အယှက်မပေးတော့ဘဲ ခေါင်းကိုသာငြိမ့်ပြလိုက်သည်။
“ဒါဆိုလည်း နောက်တစ်ခါကျရင် ကိုယ် မင်းကို လိုက်ကျွေးမယ်”
“ကောင်းပြီလေ”
ကျန်းကျန်းသည်လည်း ထိုယဉ်ကျေးမှုကို စိတ်ထဲသို့ထားမနေခဲ့ဘဲ ဟိုတယ်၏တံခါးကို တွန်းဖွင့်လိုက်ပြီး အခန်းတွင်းရှိ လည်ပတ်နေ၁ဲဖြစ်သည့် နံရံကပ်ပန်ကာများကိုတစ်ချက်ကြည့်လိုက်ပြီး အေးသည့်နေရာကို ရှာဖွေလိုက်သည်။
ယခုချိန်မှာ ထမင်းစားချိန် လွန်နေပြီဖြစ်သည့်အတွက် စားသောက်ဆိုင်ထဲတွင် ကျန်းကျန်းနှင့်ရှီကျွင့်ကျဲမှလွဲ၍ တ ခြား ညစာစားသူများမရှိတော့ပေ။ ကျန်းကျန်း နံရံတွင် ချိတ်ထားသည့် မီနူးစာရွက်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ရှီကျွင့်ကျဲအား လေးလေးနက်နက် မေးလိုက်သည်။
“ရှင် ဘာစားရတာကြိုက်လဲ? ပုံမှန်စားနေကျဟင်းတွေကို မပြောနဲ့နော် ၊ ဒီနေ့ ကျွန်မကျွေးမှာဆိုတော့ ရှင်ကြိုက်တာကို ရွေးလို့ရတယ်”
ရှီကျွင့်ကျဲ ကျန်းကျန်း၏ အလေးအနက်အမူအရာကိုကြည့်ပြီး သူ့မျက်လုံးထဲမှ ချစ်မြတ်နိုးသည့်အရိပ်အရောင်များက ပြည့်လျှံ ကျလာလုနီးပါးပင် ဖြစ်နေခဲ့သည်။
“ကောင်းပြီ ၊ ကိုယ် မင်းပြောတာကိုနားထောင်မယ်”
စားပွဲထိုးကို လှမ်းခေါ်ပြီးနောက် ရှီကျွင့်ကျဲက ကျောင်းထောင်ယွဲ့(လီလီပန်းဖူး)နှင့်ကြက်သားမွှကြော်၊ အအေးသုပ်တစ်ပွဲမှာလိုက်သည်။
နှစ်ခုလုံးမှာ အအေးစာများဖြစ်ပြီး အရသာရှိကာ ဆီလည်းနည်းပါးပြီး နွေရာသီတွင် စားသုံးရန် အသင့်တော်ဆုံးဖြစ်လိမ့်မည်။
သူက မီနူးဘေးရှိဖော်ပြထားသည်များကို ထပ်ကြည့်ကာ ခေါင်းကိုမော့ပြီး ကျန်းကျန်း၏ သဘောကို လှမ်းမေးလိုက်သည်။
“မင်းရော ဘာထပ်စားချင်သေးလဲ?”
ကျန်းကျန်းအနေဖြင့် ဟေး စီရင်စုတွင် ကြီးပျင်းလာသည့်သူဖြစ်ပြီး ရာသီဥတု အနည်းငယ်ပူပြင်းလာသည့်အချိန်တိုင်း သူမက တောင်ပေါ်သို့သွားရောက်နေထိုင်လေ့ရှိသည်။
ထို့ကြောင့် သူမအနေဖြင့် ယခုကဲ့သို့သော ပူစပ်ပူလောင်ရာသီဥတုမျိုးကို မကြုံဖူးပေ။
သူမက သူမ၏လက်ဖြင့် ယပ်တောင်အဖြစ်သုံးကာ ယပ်ခပ်နေရင်းမှ မီနူးအားတစ်ချက်လှမ်းကြည့်လိုက်သည်။
“ အခုက အရမ်းပူတာပဲ ၊ ကျွန်မ ခေါက်ဆွဲကြော်ပဲစားမယ်”
ရှီကျွင့်ကျဲ ခေါင်းငြိမ့်လိုက်ပြီး စားပွဲထိုးဆီတွင် ထပ်မံမှာယူလိုက်စည်။
“ ညီလေး နောက်ထပ်ခေါက်ဆွဲကြော် နှစ်ပွဲထပ်ချပေးပါ”
ထို့နောက် ရေနွေးကရားကိုယူကာ အဖြူရောင်ဖန်ခွက်ထဲသို့ ထည့်ပြီး ကျန်းကျန်း၏ ရှေ့သို့ချပေးလိုက်လေ၏။
ရှီကျွင့်ကျဲ ကျန်းကျန်း၏ မျက်မဓှာမှာ အပူရှိန်ကြောင့် နီရဲနေပြီဖြစ်ကြောင်း မြင်လိုက်ရလျှင် သူ့လွယ်အိတ်ထဲရှိ ခေါက်ယပ်တောင်လေးကိုထုတ်၍ သူမကိုပေးလိုက်သည်။
“မင်း ဘာလို့ အပူကိုဒီလောက်တောင် ကြောက်ရတာလဲ? မြန်မြန်လေး ယပ်တောင် ယပ်ခတ်လိုက်လေ”
ကျန်းကျန်းသည်လည်း ရှီကျွင့်ကျဲကို ယဉ်ယဉ်ကျေးကျေးဆက်ဆံမနေတော့ဘဲ သူမ၏နဖူးပေါ်ရှိ ချွေးများကို လက်ဖြင့်သုတ်ကာ ယပ်တောင်ကိုလှမ်းယူပြီး ဖြန့်လိုက်သည်။
ထို့နောက် သူမ ယပ်တောင်ကို မယပ်ခပ်ခင်အချိန်တွင် ယပ်တောင်၏အသွင်သဏ္ဍာန်ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။
ကျန်းကျန်း ထိုယပ်တောင်ပေါ်မှပန်းချီကားကို တအံ့တဩကြည့်ပြီးနောက် အောက်ဘက်မှလက်မှတ်ကိုကြည့်ရင်း ရှီကျွင့်ကျဲအား အံ့အားသင့်စွာကြည့်လိုက်သည်။
“ရှင့်ရဲ့လက်က တကယ်ကိုကြီးတာပဲ၊ ထန်ခေတ်ကာလရဲ့ ကျင်းကျန်းယပ်တောင်ကိုတောင် သုံးစွဲနေတယ်ပေါ့ ၊ညစ်ပတ်သွားမှာကို မကြောက်ဘူး”
ရှီကျွင့်ကျဲ ကျန်းကျန်းအား အံ့အားသင့်စွာကြည့်လိုက်သည်။
“မင်းပန်းချီဆွဲရတာကိုကြိုက်တာလား ဒါမှမဟုတ် ပန်းချီတွေစုဆောင်းရတာကိုကြိုက်တာလား?”
“နှခုလုံးကိုကြိုက်တယ်”
ကျန်းကျန်း အပူဒဏ်ကိုသိပ်မခံစားရတော့သည့်အတွက် ယပ်တောင်အား စေ့စေ့စပ်စပ်ကြည့်လိုက်ပြီး ဆက်ပြောခဲ့သည်။
“တကယ်တော့ ကျွန်မမှာ ဂန္တဝင်စာပေနဲ့ဆိုင်တဲ့ သမိုင်းဝင်အမွေအနှစ်တွေကိုခွဲခြားတဲ့ အတန်းတစ်ခုရှိဖူးတယ် ၊ ပါမောက္ခရှုက ကျွန်မကို သေသေချာချာဂရုစိုက်ပေးပြီး အဲဒီအကြောင်းအရာတွေနှင့် ပတ်သက်တဲ့ စာအုပ်တစ်ချို့ကိုဌားပေးဖူးတယ်”
ရှိကျွင့်ကျဲ သူမအားအပြုံးဖြင့်ကြည့်လိုက်သည်။
“ကိုယ်သိတယ် မင်းက ဆရာဆရာမတွေကြားထဲမှာ အတော်လေးနာမည်ကြီးတယ်လေ”
ကျန်းကျန်း အနည်းငယ်ရှက်ရွံ့သွားရကာ သူမမျက်နှာကို ယပ်တောင်နှင့်ကွယ်လိုက်ပြီး ပြန်ပြောလိုက်မိသည်။
“ကျွန်မက တစ်ခါတလေကျရင် မရိုမသေနှင့် ဆရာ၊ဆရာမတွေဆီကနေ အကြံဉာဏ်တစ်ချို့သွားတောင်းလေ့ရှိတယ်လေ”
ရှီကျွင့်ကျဲ အသံကျယ်ကျယ်ဖြင့် မရယ်ဘဲ မနေနိုင်တော့ဘဲ သူမကိုကြည့်ပြီး စနောက်လိုက်သည်။
“မင်း အရေထူတယ်ဆိုတာကို ကိုယ့်ဘာသာကိုယ် သိသားပဲ”
ကျန်းကျန်း သူမမျက်နှာကို ထိလိုက်သော်လည်း ထိုအတွက်တော့ အလွန်ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“တကယ်တော့ ဒီကိစ္စအပေါ် အခွင့်ကောင်းယူချင်တာက မကောင်းတာတော့မဟုတ်ပါဘူး၊ အဲဒါက လူတွေကို ပိုရဲရင့်စေပြီးတော့ သူတို့လိုချင်တာကို တိတိကျကျ ဆက်လုပ်ဆောင်သွားနိုင်တယ်လေ၊ ကျွန်မကေတော့ ကောင်းတယ်လို့ထင်တာပဲ”
“အမှန်ပဲ”
ရှီကျွင့်ကျဲ သူမအားအဓိပ္ပာယ်ပြည့်ဝနေသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
“ကိုယ်လဲ အနာဂတ်မှာ အခွင့်ကောင်းယူတတ်အောင် မင်းဆီကနေသင်ယူရမယ်”
ကျန်းကျန်း ရှီကျွင့်ကျဲကိုကြည့်ကာ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။
“ဒါက ချီးမွမ်းတာလား?”
ရှီကျွင့်ကျဲ ကျန်းကျန်း၏အမူအရာကိုကြည့်ကာ ထရယ်လိုက်မိတော့သည်။
“ဒါပေါ့ ၊ သေချာပေါက် ချီးမွမ်းနေတာပဲ”
**