← Chapters

အခန်း (၁၉၆)

Vol. 20 Ch. 196

အခန်း (၁၉၆)

Vol. 20 Ch. 196

ရှဲယန်နန်တစ်ယောက် မီးပုံးကြော်လေး ပြေးလွှားဆော့ကစားနေတာကို ကြည့်ရင်း အနည်းငယ်တွေးတောနေခဲ့တယ်။

“ကျွန်မ အဲဒါကို တွေးနေတာ နှစ်နည်းနည်းလောက်ကြာနေပြီ၊ တကယ်လို့ ကျွန်မမှာ နောက်ထပ် ကလေးတစ်ယောက်ရလာခဲ့မယ်ဆိုရင် မီးပုံးကြော်လေးလို အဖြစ်မခံတော့ဘူး၊ ဒါကြောင့် အခု အိမ်မှာ ခဏလောက် အနားယူနေတုန်းမှာ ကလေးတစ်ယောက်လောက် ထပ်လိုချင်မိတယ်”

မဒမ်လီက သူမရဲ့အမြင်ကို အလွန်သဘောတူနေခဲ့တယ်။

“မင်းပြောတာမှန်တယ်၊ မဟုတ်ရင် ကလေးက ကောင်းကောင်း အပြုစုခံရမှာမဟုတ်ဘူး၊ မင်းရဲ့ခန္ဓာကိုယ်တောင်မှ မခံနိုင်လောက်ဘူး”

ဝမ်စုဖန်းက တစ်ခါမှ ကိုယ်အလေးချိန်မတက်ဖူးတဲ့ ရှဲယန်နန်ရဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး မမေးဘဲ မနေနိုင်ခဲ့ဘူး။

“မင်း မီးပုံးကြော်လေးကို မွေးတုန်းက မင်းရဲ့ခန္ဓာကိုယ်ကို ထိခိုက်မိသွားတာလား၊ ငါတွေ့တဲ့အတိုင်းဆိုရင် ဒီနှစ်တွေတလျောက်လုံး မင်းရဲ့ ခန္ဓာကိုယ်အလေးချိန်က အများကြီး မတက်လာဘူးမလား”

ရှဲယန်နန် သက်ပြင်းချရင်း ပြောလိုက်တယ်။

“ကျွန်မထင်တာတော့ ကလေးမွေးပြီးတဲ့နောက်မှာ အလုပ်ကို ပြန်ဝင်တာက စောလွန်းတာကြောင့် ပင်ပန်းလွန်းသွားတာဖြစ်လောက်တယ်၊

ဒီနှစ်တွေမှာ ကျွန်မရဲ့ ခန္ဓာကိုယ်က လုံးလုံး ပြန်မကောင်းလာနိုင်သေးဘူး၊ ဒါကြောင့် ကျွန်မ ဒီအားလပ်ရက်ကို အခွင့်ကောင်းယူပြီး ဆရာဝန်ကောင်းကောင်းတစ်ယောက်နဲ့တွေ့ပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ ဆေးစာရှာဖို့ စဉ်းစားနေတာပါ..”

ဒီအကြံအစည်က မဒမ်လီနှင့် ဝမ်စုဖန်းတို့ရဲ့ သဘောထားနှင့် တိုက်ဆိုင်နေခဲ့တယ်။ ဒါကြောင့် မဒမ်လီက ချက်ချင်းဆိုသလို ပြန်ပြောလိုက်တယ်

“မင်း ဆရာဝန်သွားရှာနေဖို့ မလိုဘူး၊ မကြာခင် ကျန်းရန်ကျယ်လို့ခေါ်တဲ့ တရုတ်တိုင်းရင်းသမားတော်ကြီးက ငါတို့အိမ်ကို လာလည်လိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်းအတွက် သွေးခုန်နှုန်းကို စမ်းပေးဖို့ တောင်းဆိုလို့ရတယ်တယ်”

“ကျန်းရန်ကျယ်?”

ရှဲယန်နန် မဒမ်လီကို အံ့အားသင့်စွာကြည့်လိုက်တယ်။

“အဲဒါက နာမည်ကြီး တရုတ်တိုင်းရင်းသမားတော်ကြီး ကျန်းရန်ကျယ်လား၊ လူအများစုက သူ့ကို မငှားနိုင်ကြဘူး၊ အဖွား သူ့ကို ဘယ်လိုသိတာလဲ”

“ကျန်းကျန်းက ပြန်ခေါ်လာခဲ့တာလေ”

မဒမ်လီပြောလိုက်တယ်။

“ပြီးခဲ့တဲ့ တစ်ခေါက်က သူမက သူမရဲ့ ဆရာတွေ တော်တော်များများ ညစာစားဖို့ ဖိတ်ခေါ်ခဲ့တယ်၊ ပန်းချီဆရာတွေ၊ တရုတ်တိုင်းရင်း သမားတော်တွေ၊ ပီကင်းအော်ပရာ အဆိုတော်တွေတောင် ပါသေးတယ်၊

သူတို့အားလုံးက ငါတို့ရဲ့ ခြံကို အတော်လေးကြိုက်ကြတယ်၊ ဒါကြောင့် ကျန်းကျန်းရှိတဲ့ရက်တွေဆိုရင် အားလပ်ချိန်တွေမှာ လာပြီးထိုင်ကြလေ့ရှိတယ်”

ဝမ်စုဖန်းကလည်း ခေါင်းညိတ်ပြပြီး အပြင်ဘက်ကို လက်ညှိုးထိုးပြရင်းပြောလာတယ်။

“သမားတော်ကျန်းရဲ့ အိမ်က ငါတို့အိမ်နဲ့ အရမ်းနီးတယ်၊ သူတို့က ဟုန်ယန် ဧရိယာရဲ့ အပြင်ဘက်မှာ ရှိနေတာလေ၊ အခုက ရာသီဥတု ပူနေပြီး တစ်ခါတလေကျရင် စားချင်စိတ်တွေ မရှိဖြစ်နေတတ်တော့ သူက ငါတို့ ခြံကို လာ ပြီး အသီးအရွက်တွေ လာခူးပြီးစားဖို့ ပြန်ယူသွားတတ်တယ်၊ ပြောရရင် ငါတို့ မိသားစုနဲ့ ဆက်ဆံရေးကောင်းတယ်”

သူပြောပြီးတာနဲ့ ခြံထဲမှ လူတစ်ယောက်က လှမ်းအော်လာခဲ့တယ်။

“ကျန်းကျန်း အိမ်မှာရှိလား”

မဒမ်လီ ချက်ချင်းပဲ ရယ်မောလိုက်တယ်။

“ချောင်ချောင်းအကြောင်းကိုပြောရင်း ချောင်ချောင်းရောက်လာပြီ၊ တကယ်ကို တိုက်ဆိုင်မှုတာပဲ”

သူမက ပြတင်းပေါက်နားကို လျှောက်သွားလိုက်ပြီး အသံကို မြှင့်ရင်း အော်ပြောလာတယ်။

“သမားတော်ကျန်း ရောက်လာပြီလား၊ ဝင်ထိုင်ဦးလေ”

ကျန်းရန်ကျယ်က သူ့လက်ထဲက ယပ်တောင်ကို တဖြတ်ဖြတ်လှုပ်ရမ်းပြီး ဆေးသေတ္တာငယ်လေးကို သယ်ဆောင်ကာ အိမ်ထဲသို့ ဝင်လာခဲ့တယ်။

ဝမ်စုဖန်းကလည်း ဖက်ထုပ်ကို လှမ်းအော်လိုက်တယ်။

“မင်းရဲ့အန်တီလေးကို သမားတော်ကျန်း ရောက်နေတယ်ဆိုတာ သွားပြောလိုက်ဦး၊ ပြီးရင် မင်းအမေကို သွားပြောပြီး မင်းအမေကို သခွားသီးနဲ့ တည်သီးတွေ ဆေးလာဖို့ ပြောလိုက်”

မဒမ်လီက လီမူဝမ်းပေးထားတဲ့ လက်ဖက်ခြောက်ရွက်ကို ထုတ်ယူလိုက်ပြီး ကျန်းကျန်းယူလာတဲ့ ရေနွေးအိုးကို ထုတ်လိုက်ကာ လက်ဖက်ခြောက်ကို အိုးထဲမှာ ထည့်နှပ်ပြီးနောက် ကျမ်းရန်ကျယ်အတွက် တစ်ခွက်ကို လောင်းချပေးလိုက်တယ်။

“သမားတော်ကျန်း၊ လက်ဖက်ရည်သောက်ပါဦး”

ကျန်းရန်ကျယ်က လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး အထဲကိုဝင်လာတဲ့ ကျန်းကျန်းဆီကို အပြုံးတစ်ခုနှင့် စိုက်ကြည့်ပြီး ပြောလိုက်တယ်။

“အားလပ်ရက်တွေမှာ အိမ်မှာနေရတာ အဆင်ပြေလား”

“ သေချာပေါက် အဆင်ပြေတာပေါ့”

ကျန်းကျန်း အိမ်ထဲမှ အခြေအနေကို အခွင့်ကောင်းယူပြီး ခါးကိုအညောင်းလိုက်ပြီး ဆက်ပြောခဲ့တယ်။

“နေ့တိုင်း စာဖတ်တာနဲ့ ပန်းချီဆွဲတာပဲ လုပ်နေတော့ စိတ်အပန်းပြေစေတယ်လေ၊ သမားတော်ကျန်း ပြောကြည့်ပါဦး၊ ကျွန်မက အရင် ဘုရင်ခံမိသားစုနေထိုင်ခဲ့တဲ့ အိပ်ရာတစ်ခုတည်းမှာနေပြီး အရမ်းကိုနေသားကျနေပြီ၊ ဘဝကို အရမ်းပျင်းရိစရာကောင်းတဲ့နည်းနှင့် ဖြတ်သန်းနေရတယ်လို့ တွေးမိနေတယ်၊ ဒါက အရင်ခေတ်က အမျိုးသမီးတွေလို အိမ်တွင်းအောင်းနေရတာနှင့် သိပ်မကွာသလိုပဲ”

ကျန်းရန်ကျယ်က ကျန်းကျန်းကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။

“ရှေးခေတ်မှာ မင်းလိုမျိုး ကြမ်းတမ်းတဲ့မိန်းကလေး ဘယ်လိုလုပ်ပြီးရှိနေနိုင်မှာလဲ၊ အဲလိုသာဆိုရင် နေ့တိုင်း သေလောက်အောင် စိတ်ပူနေရတော့မှာပေါ့”

မဒမ်လီက သူ့ရဲ့စကားကိုကြားတော့ ရယ်မောပြီး ပြောလာတယ်။

“ကျွန်မ ပြောပြမယ်၊ ကျွန်မရဲ့မြေးမလေးက လမ်းလျှောက်နိုင်တဲ့အရွယ်ကတည်းက အိမ်မှာငြိမ်ငြိမ်မနေနိုင်ဘူး၊ သူမက ငယ်ငယ်တုန်းက သူမဘာသာသူမ တစ်ယောက်တည်း ပြေးလွှားဖို့ မလုပ်နိုင်သေးတော့သူမရဲ့ အစ်ကိုတွေနှင့် အပြင်ထွက်ပြီး ဆော့ကစားနေတာ၊

ကောင်းကင်က မြင့်လာတော့ တောင်ပေါ်ကိုတက်လိုက်၊ မြစ်ထဲကိုဆင်းလိုက်နှင့်၊ ကျွန်မကတော့ ထမင်းစားဖို့အတွက် သူမ ပြန်လာတဲ့အထိတောင် မစောင့်နိုင်ဖြစ်ခဲ့တယ်၊ သူမက တကယ်ကို တောရိုင်းထဲမှာပဲ ပျော်မွေ့နေခဲ့တာ”

ကျန်းရန်ကျယ်သည်လည်း ကျန်းကျန်းရဲ့ ငယ်ငယ်တုန်းက နေထိုင်မှုပုံစံကို မှတ်မိနေခဲ့တာကြောင့် မရယ်မောဘဲ မနေနိုင်ခဲ့ဘူး။

“ဒီကလေးက တကယ်ကို တောရိုင်းမှာပျော်တယ်၊ ဒါပေမဲ့ ဥာဏ်ရည်ကတော့ ထက်မြကနေလို့သာပေါ့၊ ဒါမှမဟုတ်ရင် ဒီလိုမျိုး နတ်ဘုရားအဆင့်တက္ကသိုလ်ထဲကို ဝင်နိုင်မှာမဟုတ်လောက်ဘူး”

“အမှန်ပဲ”

မဒမ်လီက ထိုစကားတွေကို သူမရဲ့စိတ်ရင်းနှင့်ကို သဘောတူလက်ခံခဲ့ပြီး သူမရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်စွာရယ်မောလိုမှုတွေနှင့် ပြည့်နှက်နေခဲ့တယ်။

ကျန်းကျန်းက သူမရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်လိုက်မိပြီး ရှက်ရွံ့စွာနှင့် ပြန်ပြောလိုက်တယ်။

“ဒါတွေကို ပြန်ကြားရတာ ရှက်စရာကောင်းလွန်းတယ်၊ ဒါပေမဲ့ ကျွန်မ ပျော်သလိုနေတာက မကောင်းဘူးလား”

သူမက မဒမ်လီနှင့် ကျန်းရန်ကျယ်တို့ကို ရွှတ်နောက်နောက် မျက်လုံးမှိတ်ပြလိုက်တယ်။

“များများ ချီးမွမ်းခံရလေလေ ပိုပြီး တိုးတက်လာလေလေဖြစ်နေမှာပဲ”

မဒမ်လီက သူမရဲ့လက်ကို မြှောက်လိုက်ပြီး ကျန်းကျန်းရဲ့ လက်မောင်းပေါ်ကို ညင်သာစွာ ရိုက်လိုက်တယ်။

“ဒီမိန်းကလေးကတော့ အရမ်းကို စကားတတ်နေတာပဲ”

ကျန်းကျန်း ပြုံးပြီး ကျန်းရန်ကျယ်အတွက် လက်ဖက်ရည်တစ်ခွက် ထပ်ဖြည့်ပေးလိုက်တယ်။

ကျန်းရန်ကျယ်လည်း ကျန်းကျန်းနှင့် မဒမ်လီကို ကြည့်ပြီး ပြုံးလိုက်တယ်။

“တကယ်တော့ ဒီကလေး ကျန်းကျန်းက ဥာဏ်ကောင်းရုံတင်မကဘူး၊ စိတ်လည်းမရှည်တတ်ဘူး၊ ကျွန်တော်က သူ့ကို တရုတ်ဆေးပညာကို ဘယ်အချိန် လေ့လာမှာလဲဆိုပြီးတွေးနေခဲ့တာ၊

ကျွန်တော်က သူမကို ကျွန်တော့်ရဲ့ အမွေဆက်ခံသူဖြစ်စေချင်ခဲ့တာလေ၊ ဒါပေမယ့် အဲဒီအကြောင်းကိုပြောလိုက်တိုင်း သူမက ယုန်တစ်ကောင်လိုမျိုး ထွက်ပြေးသွားတတ်တယ်၊ မြန်လွန်းလို့ အစအနတောင် ရှာလို့မရဘူး”

“တကယ်တော့ ကျွန်မ တရုတ်တိုင်းရင်းဆေးပညာကို မကြိုက်တာမျိုးမဟုတ်ပါဘူး ၊ ကျွန်မက အဲလောက်ထိ စိတ်ထဲမှာ အာရုံမစိုက်နိုင်တာပဲ၊

တက္ကသိုလ်မှာ ကျွန်မယူထားတဲ့ ပရော်ဖက်ရှင်နယ်မေဂျာ သုံးခုက ကျွန်မရဲ့ စွမ်းအင်တွေ အကုန်လုံးကို ယူထားတာ၊ ဒီဆေးပညာက သမားတော်ကျန်းရဲ့နောက်ကို ဆယ်နှစ်ကြာအောင် လိုက်ပြီးလေ့လာရမှာ၊ နောက်ပြီး အရာအားလုံးကို မှတ်သားတူးဖော်ပြီးမှ အလုပ်သင်တစ်ယောက်ဖြစ်လာနိုင်တယ်၊

ကျွန်မက နှစ်ရက်သုံးရက်လောက် လိုက်ပြီး သင်ရုံနှင့် ပျင်းရိလွန်းတဲ့ငါးတစ်ကောင်လိုမျိုးဖြစ်သွားရင် ပိုပြီး အမှိုက်ဆန်လွန်းမှာမဟုတ်ဘူးလား၊ သမားတော်ကျန်းသာ ဆေးပညာတွေကို ဖြန့်ဝေချင်တယ်ဆိုရင် ဆေးတက္ကသိုလ်မှာ သင်ပေးလို့ရတယ်လေ”

ကျန်းရန်ကျယ်က ထိုစကားကိုကြားတော့ စိတ်ပျက်စွာ သက်ပြင်းချလိုက်တယ်။

“မင်းပြောသလိုတော့ဖြစ်တာပေါ့၊ ဒါပေမဲ့ အဲလိုဆိုရင် ငါက ငါ့မှာ အနီးကပ်တပည့်တစ်ယောက်ရှိလာတာမဟုတ်ဘူးလေ၊ ဆရာနှင့် တပည့်သားချင်းရဲ့ ကံကြမ္မာမျိုး မရှိတော့ဘူး”

“ဘယ်သူက အဲလိုပြောလို့လဲ?”

ကျန်းကျန်းက ချက်ချင်းဆိုသလို ကျန်းရန်ကျယ်ရဲ့ဘေးမှာထိုင်ပြီး သူ့အတွက် လက်ဖက်ရည်ခွက်ကို လောင်းထည့်ဖို့ အားစိုက်ထုတ်လိုက်တယ်။

“လောင်ရှစ်ရဲ့ ဆေးဖက်ဝင်အစားအစာတွေက မရှိမဖြစ်လိုအပ်ပါတယ်၊ ကျွန်မ လောင်ရှစ်ဆီကနေ ဆေးဖက်ဝင်ဓာတ်စာလုပ်နည်းကို သင်ယူချင်တယ်၊ ကျွန်မကို တုံးအ,တယ်လို့ မထင်ရင် အဲဒီပညာကို သင်ပေးလိုက်ပါလား”

ကျန်းရန်ကျယ်က ကျန်းကျန်းတစ်ယောက် သူ့ဆီကို မျှော်လင့်တကြီး လှမ်းကြည့်ပြီး တုံးအအရယ်မောနေတာကိုကြည့်ရင်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိတယ်။

“မင်းက စားသောက်ဖို့အတွက်တစ်ခုတည်းကိုပဲ စိတ်ဝင်စားတာပဲ”

ကျန်းကျန်းက ကျန်းရန်ကျယ်ဆီကို တောက်ပတဲ့ မျက်လုံးတွေနှင့် ကြည့်ပြီး ဝမ်းသာအားရ ခေါင်းညိတ်ပြပြီလာတယ်။

“ကျွန်မအတွက် အကြီးမားဆုံး ဘဝရည်မှန်းချက်က ကမ္ဘာတစ်ဝှမ်းလုံးမှာရှိနေတဲ့ အစားအစာမျိုးစုံကို စားဖို့အတွက်ပဲ”

ကျန်းရန်ကျယ်ရဲ့ပါးတွေက လှုပ်ခတ်သွားရပြီး ကူကယ်ရာမဲ့စွာ ပြောလာတယ်။

“ကောင်းပြီ မင်းက ဆေးဖက်ဝင် အစားအစာ ကြိုက်တယ်ဆိုမှတော့ ငါ မင်းကို သင်ပေးမယ်၊ မင်းရဲ့ နွေရာသီ အားလပ်ရက်အတွင်း နေ့တိုင်း ငါနဲ့ ဟင်းချက်ဖို့အတွက်ဖို့ ငါ့အိမ်ကို လာခဲ့”

ကျန်းကျန်း မျှော်လင့်တကြီး ခေါင်းညိတ်လိုက်တယ်။

“ကျွန်မ မနက်ဖြန်ကျရင် လောင်ရှစ်ရဲ့အိမ်မှာညစာလာစားမယ်”

“စားရုံနှင့်မရဘူး မင်း စောစောရောက်ရမယ်”

ကျန်းရန်ကျယ်ရဲ့အမူအရာက အလွန်လေးနက်နေခဲ့တယ်

“ချက်ပြုတ်နည်းတွေကပဲ အရေးကြီးရုံတင်မကဘူး? ကုန်ကြမ်းပစ္စည်းတွေကလည်း အရမ်းအရေးကြီးတယ်၊ ဟင်းချက်ပစ္စည်းဝယ်ဖို့အတွက်လည်း မင်းက ငါ့ဆီကနေ ရွေးချယ်နည်းတွေသင်ယူရမယ်”

ကျန်းကျန်း ခဏလောက်တုံ့ဆိုင်းနေပြီး အချိန်ကို တိတ်တိတ်လေး တွက်ချက်ကြည့်လိုက်တယ်။

“ဒါဆို ကျွန်မ ခုနစ်နာရီထိုးလောက်ကို လာခဲ့လိုက်ရမလား”

ကျန်းရန်ကျယ် ခေါင်းညိတ်ပြလိုက်တယ်။

“ရပါတယ်၊ အဲဒီအချိန်နှင့်ဆိုရင် မင်း ငါ့အိမ်မှာ မနက်စာစားလို့ရတယ်လေ”



All Chapters