အခန်း (၁၉၅)
Vol. 20 Ch. 195
“ဒါက ကျွန်မရဲ့ ကိုယ်ပိုင်ဂျင်ဆင်းပါ၊ ဒီအကြောင်းကို ကျွန်မရဲ့မိသားစုကို မပြောနဲ့နော်”
“မင်းရဲ့ ကိုယ်ပိုင်ဂျင်ဆင်းလား”
ကျန်းရန်ကျယ်က ကျန်းကျန်းကို ရယ်မောလိုက်တယ်။
“ကြည့်စမ်း၊ မင်းက ဒီလောက်တောင် လုပ်နိုင်စွမ်းရှိနေတာ၊ မင်းက မင်းတူးတဲ့အချိန်တွေမှာလည်း မင်းရဲ့အဖွားနှင့် မင်းအမေမသိအောင် တိတ်တိတ်လေး သွားတူးနေတာမလား”
ကျန်းကျန်း ပြုံးလိုက်ပြီး သူမရဲ့လက်ထဲက ရေနွေးခွက်ကို ကျန်းရန်ကျယ်ဆီသို့ မြှောက်လိုက်တယ်။
“ကျန်းလောင်ရှစ်က ကျွန်မကို နားလည်နိုင်နေတုန်းပဲ”
သူတို့နှစ်ယောက် စကားခဏလောက်ပြောနေခဲ့ကြပြီးနောက် ကျန်းကျန်းက ကျန်းရန်ကျယ်ဆီမှာ ရှဲယန်နန်ရဲ့ အကြောင်းကို ပြောလိုက်တယ်။
“ကျွန်မရဲ့ အဖွားက (ကလေးတစ်ယောက်ပဲယူလို့ရ)မူဝါဒကို အကောင်အထည်မဖော်ခင်မှာ ဒုတိယယောက်မကို နောက်ထပ် ကလေးတစ်ယောက် ကိုယ်ဝန်ရစေချင်နေတာလေ၊ အဲဒါ သမားတော်ကျန်းဆီကို ပြသချင်လို့”
ကျန်းရန်ကျယ်က ကျန်းကျန်းရဲ့ အိမ်သို့ မကြာခဏအလည်အပတ်သွားလေ့ရှိပြီး လီမိသားစုအိမ်ရဲ့ အခြေအနေကို သိတယ်။
လီမင်ရှီနှင့် သူ့ဇနီးသည်တို့ကို တကယ့်လူကိုယ်တိုင် တစ်ခါမှ မမြင်ဖူးပေမယ့် သူမရဲ့သိပ္ပံပညာရှင်တစ်ယောက်ဆိုတဲ့ ဝိသေသလက္ခဏာနှင့်တင် သူမကို အာရုံစိုက်ဖို့ လုံလောက်နေပြီ။
ကျန်းရန်ကျယ် ခေါင်းညိတ်ပြီးပြောလိုက်တယ်။
“ကောင်းပြီ၊ ငါ ပိတ်ရက်မှာ မင်းရဲ့ အိမ်ကို လာလည်ပြီး မင်းကို ပိုက်ဆံတွေ ယူလာပေးမယ်”
ကျန်းကျန်းကတော့ “ပိုက်ဆံ” ဆိုတဲ့ စကားကိုကြားတာနဲ့ ချက်ချင်းပဲ သူမ မျက်ခုံးတွေက မြင့်တက်သွားခဲ့ကာ ပျော်ရွှင်စွာပြုံးလိုက်လေတယ်။
“ဒါဆို ကျေးဇူးပြုပြီး ကူညီပေးပါဦး၊ သမားတော်ကျန်း”
ကျန်းကျန်း ကျန်းရန်ကျယ်ရဲ့အိမ်ကနေ ထွက်လာပြီးတဲ့နောက်မှာ ကျန်းကျန်း အိမ်တွေအကြောင်းကို စဉ်းစားလာခဲ့တယ်။
ဒီဆောင်းဦးရာသီမှာ မြို့တော်က အိမ်ရာပြုပြင်ပြောင်းလဲမှုတွေက စတင်ခဲ့တော့မှာဖြစ်ပြီး နောက်နှစ်ကစပြီး မိုတုနှင့် ဟွားတုတို့မှာ စီးပွားဖြစ်ရောင်းချလာမဲ့အိမ်တွေ ရှိလာတော့မယ်။
လက်ရှိမှာဆိုရင်တော့ လူပေါင်းများစွာက အိမ်တွေကို ဌာနဆိုင်ရာတွေဘက်ကနေခွဲဝေပေးလိမ့်မယ်ဆိုတဲ့ အတွေးတွေနှင့် စောင့်ဆိုင်းနေကြဆဲဖြစ်ပြီး အိမ်ဝယ်ဖို့ရန်အတွက် သူတို့ကိုယ်တိုင် ငွေပေးချေရန် ဆန္ဒမရှိကြဘူး။
ဒီတော့ လက်ရှိမှာ စျေးနှုန်းချိုသာပြီး တည်နေရာကောင်းတွေရှိတဲ့အိမ်တွေရှိတာကို အခွင့်ကောင်းယူပြီး၊ နောက်ထပ် ခြံနှင့်အိမ် အနည်းငယ်လောက်ကို ထပ်ပြီး ဝယ်ယူနိုင်တယ်။ နောက်ထပ် အနှစ် 20 လောက်ကြာအောင် ထားနိုင်မယ်ဆိုရင် ထိုအိမ်ရာတွေက ရွှေအဖြစ်ပြောင်းလဲသွားလိမ့်မယ်။
တနင်္ဂနွေနေ့မှာတော့ လီမင်ရှီနှင့် ရှဲယန်နန်တို့က သူတို့ရဲ့သားလေး မီးပုံးကြော်ကိုခေါ်ပြီး အိတ်ကြီးအိတ်ငယ်တွေကို သယ်ဆောင်ကာ ရောက်ရှိလာခဲ့ကြတယ်။
မဒမ်လီက သူတို့ သုံးယောက်ကို ပြုံးပြုံးရွှင်စွာနှင့် ကြိုဆိုလိုက်လေတယ်။
“ကောင်းပြီ မင်းတို့တွေ ပြန်လာရင် ဟိုဟိုဒီဒီပစ္စည်းတွေ ဘာမှ ယူလာစရာ မလိုပါဘူး ၊ ငါတို့ရဲ့အိမ်ထဲမှာ အကုန်ရှိနေတာပဲလေ”
ရှဲယန်နန်က သူမရဲ့ ဆံပင်တိုတိုကို့ကို နားရွက်နောက်မှာ ညှပ်လိုက်ပြီး အိတ်ထဲမှ အဝတ်အစားခုနစ်ပထည်၊ ရှစ်ထည်လောက်ကို ထုတ်ယူလိုက်တယ်။
“မနေ့က နေ့ခင်းပိုင်း အလုပ်မသွားအချိန်နည်းနည်းလောက် ရနေသေးလို့ ဈေးဝယ်စင်တာနည်းနည်းလောက်ကို သွားပြီး အဖွား၊ အမေ၊ အဖေနှင့်ကျန်းကျန်းတို့အတွက် အဝတ်အစားတွေ ဝယ်လာခဲ့ခဲ့တယ်”
အသက်အရွယ်ဘယ်လောက်ပဲ ရှိနေပါစေ၊ အမျိုးသမီးတစ်ယောက်ဖြစ်နေသရွေ့ အဝတ်အစားအသစ်တွေဆိုတဲ့အကြောင်းကို ကြားရမယ်ဆိုရင် နည်းနည်းလောက် စိတ်မလှုပ်ရှားဘဲ မနေနိုင်ဘူး။
မဒမ်လီ: “ဘာလို့ အဝတ်အစားအသစ်တွေဝယ်နေတာလဲ၊ ဒီမှာလည်း အဝတ်အစားတွေ ချို့တဲ့နေတာမဟုတ်ဘူးလေ”
ဒါပေမယ့် သူမရဲ့ မျက်လုံးတွေက အဝတ်ပုံဘက်ကိုဘဲ လှည့်ကြည့်နေခဲ့တယ်။ သူမက ဘယ်တစ်ခုက ဘယ်သူ့အတွက်လဲဆိုတာကို ကြည့်ချင်နေတဲ့ပုဲပဲ။
ရှဲယန်နန် ပြုံးပြလိုက်ပြီး မဒမ်လီကို ပြဖို့အတွက် အတွင်းထဲက အဝတ်နှစ်ထည်ကို ထုတ်ယူလိုက်တယ်။
“ဒီအင်္ကျီရဲ့ အရောင်က လှပြီး အထိအတွေ့ကလည်း သက်သောင့်သက်သာရှိစေတယ်လို့ထင်တယ်၊ နွေရာသီမှာ ဝတ်ဖို့ သင့်တော်မဲ့ အဝတ်အစားမျိုးပဲ”
သူမက မဒမ်လီကို ကြည့်ပြီး နူးညံ့တဲ့အဝတ်အစားအသစ်တွေကို မဒမ်လီဆီသို့လွှဲပြောင်းပေးလိုက်တယ်။
“ကျွန်မလည်း ဈေးကွက်အရောင်းဆိုင်တွေဆီကို မသွားဖြစ်တာကြာနေပြီလေ၊ မနေ့က သွားကြည့်လိုက်တော့ အဝတ်အစားတွေက ပုံစံမျိုးစုံနဲ့ အရောင်တွေလည်းအစုံအလင်ရှိနေတာကို တွေ့လိုက်ရတယ်၊
လွန်ခဲ့တဲ့နှစ်နည်းနည်းလောက်တုန်းကလိုမျိုး ရှားပါးလွန်းမနေတော့ဘူး၊ အရင်တုန့်ကဆိုရင် စစ်စိမ်းရောင်အပြင် မိုးပြာရောင်၊ မီးခိုးရောင်တွေပဲရှိပြီး လမ်းမတွေပေါ်မှာ ထွက်ရှာရရင်တောင် တောက်ပတဲ့အရောင်တွေ မရှိဘူး”
“ဒါပေမယ့် ဒီဝတ်စုံကတော့ တောက်ပလွန်းတယ်မဟုတ်ဘူးလား”
မဒမ်လီက သူမရဲ့လက်ထဲတွင် အနီရောင်ဝတ်စုံကိုကြည့်ပြီး အနည်းငယ်ရှက်သွားရတယ်။
“ငါက အသက်ရှစ်ဆယ်နီးပါးရှိနေပြီ၊ ဒါကို ဝတ်လို့အဆင်ပြေပါဦးမလား”
“ဘာလို့မပြေရမှာလဲ”
ရှဲယန်နန်က ပြုံးပြီး မဒမ်လီကို ခုတင်နားသို့ ဆွဲခေါ်သွားလိုက်တယ်။
“အဖွား ၊ ဝတ်ကြည့်ပါဦး၊ ကြည့်ကောင်းအောင် ကြည့်ရအောင်”
မဒမ်လီက ကျန်းကျန်းဆီကို တုံ့ဆိုင်းစွာနှင့် တစ်ချက်ကြည့်လိုက်တော့ ကျန်းကျန်းကလည်း ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်။
“ဒုတိယယောက်မရဲ့ မျက်လုံးတွေက အရမ်းကောင်းတယ်ထင်တယ်၊ အဖွားသာ ဒီဝတ်စုံကို ဝတ်လိုက်ရင် ဆယ်နှစ်လောက် ငယ်သွားတယ်လို့တောင် ထင်စေမှာပဲ”
ဒီစကားကိုကြားတော့ မဒမ်လီလည်းပျော်ရွှင်သွားခဲ့တယ်။
သူမက ခုတင်အတွင်းပိုင်းလိုက်ကာထဲသို့ ဝင်သွားခဲ့ပြီး ထိုအနီရောင်ဝတ်စုံကို နေဗီပြာရောင် ဘောင်းဘီရှည်နှင့် ၀တ်ဆင်လိုက်တယ်။
ထို့နောက်မှာ သူမက အောက်ကိုငုံ့ကြည့်ရင်းနှင့် ထွက်လာခဲ့လေတယ်။
“ကြည့်ကောင်းလား?”
ကျန်းကျန်းနှင့် ရှဲယန်နန်တို့က ခေါင်းဆက်တိုက် ညိတ်ပြလိုက်ပြတယ်။
“လုံးဝကိုဆန်းသစ်ပြီး နုပြိုသွားတယ်”
မဒမ်လီက ဗီရိုပေါ်မှာတပ်ထားတဲ့ မှန်ကို ပျော်ရွှင်စွာကြည့်ရင်းနှင့် သူမရဲ့မျက်နှာပေါ်ရှိ ပျော်ရွှင်မှုတွေက မဖုံးနိုင်မဖိနိုင်ပေါ်နေခဲ့တယ်။
“ဒီလိုတွေ မပြောစမ်းနဲ့၊ ယန်နန်က အဝတ်အစားဝယ်တာ အရမ်းတော်နေလို့ပဲ၊ ငါကတော့ ဒီလောက် အသက်ကြီးပြီး အိုမင်းနေတဲ့အချိန်မှာ အနီရောင်တောက်တောက်အဝတ်အစားတွေကို ဝတ်နိုင်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
အချိန်အတော်ကြာအောင် မှန်ထဲမှာ ပြည့်နေပြီးနောက် မဒမ်လီက ခေါင်းဖြီးကို ကောက်ကိုင်ကာ မှန်ရှေ့မှာဘဲ သူမရဲ့ ဆံပင်ကို ဖြီးသင်လိုက်တယ်။
ထို့နောက် အခန်းထဲကို လှည့်ပတ်လျှောက်လာရင်းနှင့် လှမ်းမေးခဲ့လေတယ်။
“တုန်ဇီရဲ့အမေ၊ မင်း အဝတ်လဲပြီးပြီလား၊ ငါ့ရဲ့အဝတ်အစားတွေ အဆင်ပြေလားလို့ လာကြည့်စမ်းပါ”
ခဏအကြာမှာ ဝမ်စုဖန်းကလည်း သူမရဲ့ မျက်နှာမှာ ရှက်ရွံ့နေတဲ့ အမူအရာတွေနှင့် အထဲကို ဝင်လာခဲ့တယ်။ သူမက သူမရဲ့ကိုယ်ပေါ်ကအဝတ်အစားအသစ်ကို ပွတ်သပ်ရင်းနှင့် ရှက်ရွံ့စွာမေးလာတယ်။
“အမေ၊ ကျွန်မရဲ့ ဝတ်စုံပေါ်မှာ ကြာပန်းပွင့်ကြီးတွေပါနေတယ်၊ ကြည့်ပါဦး”
မဒမ်လီက ဝမ်စုဖန်းရဲ့ ခန္ဓာကိုယ်ပေါ်ရှိ ပန်းပွင့်ကြီးကို ကြည့်ကာ အနည်းငယ်ကြိုက်နှစ်သက်သွားရတယ်။ သူမက နှုတ်ခမ်းတွေကို အသာဖိရင်းနှင့် မှန်ထဲမှာ သူ့ကိုယ်သူ ပြန်ကြည့်လိုက်ရင်း ပြောခဲ့လေတယ်။
“ငါကတော့ ငါ့ရဲ့ အနီရောင်ပေါ်က ပန်းကို ကောင်းတယ်လို့ ထင်နေတုန်းပဲ၊ အဲဒါကို ကြည့်ပြီး ငါ့ကို ပျော်ရွှင်ချမ်းမြေ့စေတယ်”
“အဲဒါက တကယ်ကိုမဆိုးဘူး”
ဝမ်စုဖန်းကလည်း မဒမ်လီရဲ့စကားအတိုင်းထင်မိတယ်။ သူမအတွက်ကတော့ ဘယ်အရောင်ပဲဖြစ်ဖြစ် အနီရောင်လောက် ကြည့်ကောင်းတယ် မထင်ဘူး။
မဒမ်လီက အလွန်အမင်းရဲတောက်နေတဲ့ အနီရောင်တောက်တောက်ကို မ၀တ်ထားပေမဲ့လည်း သူမရဲ့အရောင်က အနီရောင်တောက်တောက်တွေထက် သက်ကြီးရွယ်အိုများအတွက် ပိုသင့်တော်ပြီး လူအများက ဒါကို ကြည့်တဲ့အချိန်မှာ ပိုပြီး ငယ်ရွယ်သွားတယ်လု့ ထင်စေနိုင်တယ်။
ယောက္ခမနဲ့ချွေးမနှစ်ယောက်လုံးက သူတို့ရဲ့ပုံရိပ်ကို အလွန်ကျေနပ်နေခဲ့ကြတယ်။ ထို့နောက်မှာ မဒမ်လီက သူမရဲ့ဘေးနားမှာ ထိုင်ပြီး တခြားလူတွေကိုသာ အပျော်ကြည့်နေတဲ့ ကျန်းကျန်းကို ကြည့်ပြီး လောဆော်လိုက်တယ်။
“မင်းရဲ့ယောက်မက မင်းအတွက် အဝတ်အစားတွေဝယ်လာပေးတယ်လေ၊ မင်း ဘာလို့စမ်းမဝတ်ကြည့်တာလဲ”
ကျန်းကျန်း ပြုံးပြီး ပြန်ပြောလိုက်တယ်။
“ သမီးက အခုပဲ ခြံထဲက ဥယျာဉ်ဆီကိုဆင်းပြီး ဟင်းသီးဟင်းရွက်တွေသွားခူးတော့မလို့လေ၊ အဝတ်အစားအသစ်တွေ ဝတ်လိုက်ရင် ညစ်ပတ်သွားလိမ့်မယ်၊ မနက်ဖြန် စာအုပ်ဆိုင်ကို သွားမှာပဲ ဝတ်သွားလိုက်တော့မယ်”
ထိုစကားကိုကြားတော့ မဒမ်လီလည်း ကျန်းကျန်းအတွက် အဝတ်အစားတွေကို အလျှင်အမြမ်ထုတ်ကြည့်ပြီး ဝတ်စုံတစ်စုံကို ဗီရိုထဲမှာ ချိတ်ဆွဲထားလုက်တယ်။
“မနက်ဖြန် အပြင်ထွက်မယ်ဆိုရင် ဒီငန်းဝါရောင်ဝတ်စုံလေးကို ၀တ်သွားလိုက်နော်”
အိမ်မှာရှိနေတဲ့အမျိုးသမီးတစ်စုက အဝတ်အစားတွေကိုလဲလှယ်ပြီးတဲ့နောက်မှာ တံခါးနှင့် ပြတင်းပေါက်တွေပို ပြန်ဖွင့်လိုက်ကြတယ်။
အခု ကျန်းကျန်းလည်းအိမ်မှာရှိနေတာကြောင်း လီမိသားစုရဲ့ အိမ်ဝင်းအတွင်းမှာ ခြင်တွေ၊ယင်တွေ ရှိမနေခဲ့ဘူး။ ဒါကြောင့် သူတို့တွေက ညဘက်မှာပါ ပြတင်းပေါက်တွေအားလုံးကို ဖွင့်ထားခဲ့တယ်။
မီးပုံးကြော်၊ ပေါင်မုန့် နှင့် ဖက်ထုပ်တို့က စင်္ကြံတဝိုက်နားမှာ အတူ ပြေးလွှားဆော့ကစားနေကြပြီး ခြံဝင်းထဲမှာ စိတ်လှုပ်ရှားပျော်ရွှင်စွာ ရယ်မောသံတွေ ပဲ့တင်ထပ်နေခဲ့တယ်။
ဒီအချိန်မှာတော့ မဒမ်လီလည်း မုန်ရှောင်ရှီနှင့် ဆွေးနွေးခွင့်ရခဲ့တယ်။
“ကြည့်လိုက်ပါဦး၊ ဒီကလေးတွေက ပိုပြီးသွက်လက်လာကြပြီ၊ မတိာင်ခင်တုန်းက မင်းရဲ့အကြီးဆုံးဦးလေးက ပြောခဲ့တယ်၊ အခု ငါတို့ရဲ့မိသားစုမှာ လူအရမ်းများနေပြီဖြစ်လို့ နောက်တစ်နှစ်၊နှစ်နှစ်လောက်မှာ အတည်ပြုမဲ့မူဝါဒအရ ကလေးတွေ ထပ်မမွေးခိုင်းလောက်ဘူးတော့ဘူးတဲ့၊
အခု မီးပုံးကြော်လေးကလည်း သိပ်ပြီးမငယ်လှတော့ဘူး၊ အချိန်ရှိနေတုန်းမှာ မင်းတို့တွေ နောက်ထပ် ကလေးတစ်ယောက်လောက်ယူဖို့ မတွေးထားဘူးလား”
ရှဲယန်နန်ခေါင်းညိတ်လိုက်တယ်။
“ကျွန်မလည်း ဒီလိုမျိုး တွေးမိထားတယ်၊ အခုဆို မင်ရှီနှင့် ကျွန်မ လုပ်နေတဲ့ ပရောဂျက်ကလည်း ပြီးစီးသွားခဲ့ပြီလေ၊ကျွန်မတို့တွေ အစီရင်ခံစာကို အစောကြီးတင်ပြီး အနားယူဖို့ အချိန်ရအောင် လျှောက်လွှာတင်ထားတယ်၊
အဖွားလည်း သိတဲ့အတိုင်းပဲ မင်ရှီနှင့် ကျွန်မတို့က သိပ္ပံဆိုင်ရာတွေအတွက် သုတေသနလုပ်နေခဲ့ကြတာ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်မှာ ကလေးမွေးဖို့နေနေသာသာ၊ အားလပ်ရက်တောင် တစ်ပတ်လောက်မရရှိခဲ့ဘူး၊
မီးပုံးကြော်လေးက တကယ့်အလုပ်အရှုပ်ဆုံးကာလမှာမှ ရောက်လာခဲ့ရရှာတယ်၊ ကျွန်မ သူ့ကိုမွေးပြီး သုံးလလောက်ကြာပြီးတာနဲ့ ဓာတ်ခွဲခန်းဆီကိုပြန်သွားခဲ့ရပြီး ကလေးကတော့ ကလေးထိန်းကျောင်းမှာဘဲ နို့မှုန့်သောက်ရင်းနှင့် ကြီးပြင်းလာခဲ့ရတယ်၊ အခု ပြန်တွေးကြည့်ရင် ကျွန်မ ဒီကလေးအပေါ်ကိုတကယ်အကြွေးတင်နေခဲ့တာပဲ”
**