← Chapters

အခန်း (၁၉၄)

Vol. 20 Ch. 194

အခန်း (၁၉၄)

Vol. 20 Ch. 194

ကျန်းကျန်းတစ်ယောက် အိမ်မှာ ရက်အတော်ကြာအောင် စားချင်သမျှကို ၊ စားလိုက်လုပ်ကာ အိပ်ယာမှ နို့လာရင် စာဖတ်လိုက်၊ ပန်းချီဆွဲလိုက်၊ ရှေးဟောင်းပစ္စည်းတွေ လေ့လာလိုက်လုပ်နေခဲ့ပြီးနောက်မှာ လီမင်နန်က မုန်ရှောင်ရှီနှင့် သူ့ရဲ့သားနှစ်ယောက်နှင့်အတူ ပင်းချန်မှ ရောက်လာခဲ့တော့တယ်။

မဒမ်လီအနေနဲ့ ကျန်းကျန်းနှင့်အတူ တော်ဝင်မြို့တော်သို့ လိုက်သွားပြီးကတည်းက လီမင်နန်တို့မိသားစုကို ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခဲ့ရတာပဲ။

လွန်ခဲ့တဲ့ ခြောက်လအတွင်းမှာ ပိုမို ထွားကြိုင်းလာကြတဲ့ မြေးလေးနှစ်ယောက်ကို မြင်လိုက်ရတာကြောင့် ပျော်ရွှင်မှုတွေဖုံးလွှမ်းနေခဲ့ပြီး သူမရဲ့ပါးစပ်တွေကိုတောင် မပိတ်နိုင်တော့ဘူး။

ကျန်းကျန်းရဲ့အိမ်က တကယ်ကို ကြီးမားလွန်းတယ်။ အခုချိန်မှာ သူတို့အားလုံးက ပင်မဝင်းထဲမှာ နေကြတာကြောင့် နောက်ဘက်မှာရှိနေတဲ့ အခန်းတွေ အားလုံးက လွတ်နေခဲ့တယ် ။

လီမင်နန်တို့ မိသားစုအတွက် အိမ်ကို သန့်ရှင်းရေးလုပ်နေတုန်းမှာ ကျန်းကျန်းက လီမင်ရှီတို့ ဇနီးမောင်နှံ စစ်တပ်ထဲကနေ ထွက်လာချိန်မှာ နေဖို့အတွက် အခန်းကိုပါ ပြင်ဆင်စီမံခဲ့တယ်။

သူတို့တွေ ဘယ်အချိန်လောက်မှာ ရောက်လာနိုင်မလဲမသိနိုင်ပေမဲ့ လာတဲ့အချိန်မှာ ရက်နည်းနည်းလောက် အနားယူနိုင်ဖို့အတွက် ဒီမှာနေနိုင်လိမ့်မယ်။

လီမင်နန်နှင့် မုန်ရှောင်ရှီတို့တွေက အနောက်ဘက်ခရိုင်ဒေသကနေ တော်ဝင်မြို့တော်သို့ ပြန်လည်ပြောင်းရွှေ့ပြီးကတည်းက သိပ္ပံပညာဆိုင်ရာ သုတေသနလုပ်ငန်းတွေမှာ ဆက်လက် ပါဝင်ခဲ့ကြပေမဲ့လည်း သူတို့နှစ်ယောက်က သူတို့ ဘယ်လိုအရာမျိုးကို စူးစမ်းလေ့လာနေကြရတာလဲဆိုတာကို ဘယ်တုန်းကမှ မပြောပြခဲ့ကြဘူး။

ဒါ့အပြင် လီမိသားစုကလည်း ထိုအကြောင်းတွေကို သတိကြီးစွာထားပြီး မမေးမိအောင်ဆင်ခြင်ခဲ့ကြတယ်။

မဒမ်လီရဲ့မြေးလေးယောက်ထဲမှာ လီမင်ရှီက အကောင်းဆုံးနေရာမှာရှိနေတယ်ဆိုတာက တိကျတဲ့အကြောင်းပြချက်ရှိတယ်။

သူ့ဆီမှာ ဘယ်လိုရာထူးရှိနေတာလဲဆိုတာ မသိပေမယ့် သူ့ရဲ့လစာက တစ်လကို (၂၀၀) ထက်တောင် ပိုများသေးတယ်။ ဒီဘက်ခေတ်ကာလအတွက်တော့ တကယ်ကို ကြီးမားတဲ့ပမာဏလို့ဆိုနိုင်တယ်။

ရှဲယန်နန်က လီမင်နန်လောက် ဝင်ငွေမရှိပေမဲ့လည်း သူမရဲ့လစာဝင်ငွေက တစ်လကို တစ်ရာကျော်ရတယ်။ ပေရှားဒေသမှာ အဆင့်ရှစ်နေရာမှာရှိတဲ့ အလုပ်သမားတစ်ဦးရဲ့လစာထက်တောင်မှ မြင့်မားနေသေးတယ်။

သူတို့ဇနီးမောင်နှံနှစ်ယောက်က အစားအသောက်နှင့် အဝတ်အစားအတွက် စိတ်ပူစရာမလိုခဲ့ဘဲ လစာအပြင် တခြားခံစားခွင့်တွေလည်း အများကြီး ရှိနေခဲ့သေးတယ်။

သူတို့အတွက် နောင်တရစရာတစ်ခုရှိမယ်ဆိုရင်တော့ ထိုနောင်တက ရှဲ့ယန်နန်ဆီမှာ အခုအချိန်အထိ သားယောက်ျားလေးတစ်ယောက်ကိုသာ မွေးနိုင်သေးတာကိုပဲ။ သမီးမိန်းကလေးအတွက်ဆိုရင် ပိုလို့တောင် ဝေးကွာနေလောက်တယ်။

မဒမ်လီက လီမင်ရှီနှင့် သူ့ရဲ့ဇနီးသည်တို့တွေ ဘယ်လိုမျိုး သီးသန့်ဆွေးနွေးညှိနှိုင်းထားတာလဲဆိုတာကို မသိပေမဲ့လည်း လီမင်ရှီရဲ့ အလျင်လိုခြင်းမရှိတဲ့ အသွင်အပြင်ကို မြင်နေရချိန်မှာ သူမက စိတ်မပူဘဲ မနေနိုင်ခဲ့ဘူး။

ဒါက ရှဲယန်နန်မှ သူမအနေနဲ့ လက်တလောမှာ သူမရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်နေပြီး ကလေးယူဖို့ ပြင်ဆင်နေကြောင်းကို ပြောလာခဲ့တဲ့အချိန်အထိပဲ။

မဒမ်လီက ဒီအတွက် စိတ်သက်သာရာရသွားခဲ့ပေမဲ့ သူမက ဝမ်စုဖန်းဆီကို တီးတိုးပြောနေမိတုန်းပဲ။

“ယန်နန်က သူမရဲ့ အအေးဓာတ်များနေတဲ့ ခန္ဓာကိုယ်ကြောင့် ကိုယ်ဝန်မရနိုင်ဘူးလို့ ပြောခဲ့တယ်၊ ကျန်းကျန်း သူမကို သမားတော်ကျန်းဆီကို ခေါ်သွားပေးနိုင်လောက်မလားမသိဘူး၊ ငါထင်တာတော့ သူ့ဆေးရည်တွေက ထိရောက်တယ်ထင်တယ်”

မဒမ်လီရဲ့ ခေါင်းပေါ်မှာ အနက်ရောင်ဆံပင်တွေရှိနေသေးတာကို မြင်လိုက်ရတော့ ဝမ်စုဖန်းလည်း စိတ်ချယုံကြည်စွာ ခေါင်းညိတ်လိုက်တယ်။

“သူ့ရဲ့ ဆေးစာတွေက တကယ့်ကို ကောင်းလွန်းတယ်လို့ ကျွန်မလည်းထင်တယ်၊ ကျွန်မတောင်မှ သူပေးတဲ့ဆေးစာအတိုင်း သောက်တာ တစ်လပဲ ရှိသေးတယ်၊ အခု ကျွန်မရဲ့ခါးက နာကျင်နေတာတွေက သိသိသာသာကြီး သက်သာသွားပြီ”

သမားတော်ကျန်းရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက အလွန်ထူးချွန် ကောင်းမွန်လွန်းတယ်လို့ ထင်မြင်မိပေမဲ့လည်း ရှဲယန်နန်ရဲ့ ခန္ဓာကိုယ်ကို ထိန်းညှိပေးဖို့အတွက်တော့ ဝမ်စုဖန်း မဆုံးဖြတ်နိုင်သေးဘူး။

“အမေ၊ ကျွန်မတို့ ယန်နန်ကို အခုလို သမားတော်နှင့်ပြဖို့အတွက် ပြောလိုက်မယ်ဆိုရင်ရင် ကျွန်မတို့မိသားစုက သူမကိုအထင်သေးရှုံ့ချတယ်လို့ ခံစားသွားရလောက်မှာမဟုတ်ဘူးလား”

“မဖြစ်ပါဘူး၊ ယန်နန်က အဲလိုမျိုး ကြောင်သူတော်ဆန်တဲ့ကလေးမျိုး မဟုတ်ဘူး”

မဒမ်လီက ဂျင်းချဉ်တစ်ပိုင်းကို သူမရါ့ ပါးစပ်ထဲသို့ထည့်လိုက်တယ်။

“ငါ ကျန်းကျန်းနှင့် ဆွေးနွေးလိုက်ဦးမယ်”

ကျန်းကျန်းက ပန်းချီဆရာကြီးစုဝေ့ရန် ချရေးပေးခဲ့တဲ့ လက်ရေးလှစကားလုံးတွေကို ဘောင်သွင်းနေခဲ့တယ်။

မဒမ်လီက ကျန်းကျန်းရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး ကျန်းကျန်း ထိုလက်ရေးလှစကားလုံးကို နံရံပေါ်မှာ ချိတ်ဖို့ သံရိုက်ရင်း အလုပ်များနေတာကို ကြည့်ပြီး ရှဲယန်နန်ရဲ့အကြောင်းကို ပြောပြခဲ့တယ်။

ကျန်းကျန်းက သူမရဲ့နဖူးက ချွေးတွေကို သုတ်လိုက်ပြီး ပြုံးလိုက်မိကာ ပြန်ဖြေလိုက်လေတယ်။

“သမီး သမားတော်ကျန်းဆီကို ကိစ္စတစ်ခုခုအတွက် သွားစရာရှိသေးတယ်၊ အဲဒီအချိန်ကျရင် သူ့ကို ဒုတိယယောက်မရဲ့အကြောင်း ကြိုပြောထားလိုက်မယ်လေ၊ သမီးရဲ့ ဒုတိယယောက်မက ဘယ်တော့လာမှာလဲ”

မဒမ်လီ: “စနေ၊ တနင်္ဂနွေနေ့လောက်မှာ လာနိုင်မယ်ထင်တယ်၊ သူတို့နောက်ဆုံးတစ်ခေါက်တုန်းက အဲလိုပြောခဲ့တာပဲ”

ကျန်းကျန်းက လက်ရေးလှစကားလုံးကို မှန်ဘောင်ခတ်ကာ တပ်ဆင်လိုက်ပြီး အပေါ်ကိုတက်ပြီး နံရံမှာ သံချောင်းတွေကို ကိုယ်တိုင်ရိုက်ခဲ့တယ်။

လက်ရေးလှစာလုံးကို ချိတ်ဆွဲပြီးသွားတော့ သူမရဲ့ နေရာလွတ်ထဲမှ နှစ် (100) သက်တမ်းရှိတဲ့ ဂျင်ဆင်းနှစ်ပင်ကို ယူခဲ့ပြီး သူမရဲ့ အဝတ်အိတ်လေးတွေထဲမှာ သေသေချာချာထည့်သွင်းထုပ်ပိုးလိုက်ပြီး ထိုအထုပ်လေးတွေကို ကျောင်းလွယ်အိတ်ထဲမှာထပ်ထည့်ကာ ကျန်းရန်ကျယ်ရဲ့အိမ်သို့ သွားခဲ့တယ်။

ကျန်းကျန်းရဲ့အိမ်ကနေ ကျန်းရန်ကျယ်ရဲ့အိမ်သို့ မိနစ်နှစ်ဆယ်လောက်သာ လမ်းလျှောက်ရင် ရောက်ရှိနိုင်တယ်။

ကျန်းကျန်း ဟုန်ယန်ရပ်ကွက်ထဲမှ ထွက်လာခဲ့ပြီး သမဝါယမနဲ့ စျေးကွက်ရှာဖွေရေး အရောင်းဌာနသို့ဝင်ကာ နို့ခဲချဥ်သီတံဝယ်လာခဲ့ပြီး လမ်းတစ်လျှောက်မှာစားရင်းနှင့် ကျန်းရန်ကျယ်ရဲ့ အိမ်သို့ ရောက်လာခဲ့တယ်။

ကျန်းရန်ကျယ်က ခြံရဲ့အရိပ်ရတဲ့နေရာမှာထိုင်ပြီး ပန်ကာကိုဖွင့်ထားခဲ့ကာ အေးမြတဲ့လေကိုခံစားရင်း လက်ဖက်ရည်သောက်ဖို့အတွက် ပြင်ဆင်ထားခဲ့တယ်။

ကျန်းကျန်း တံခါးကိုခေါက်လိုက်ပြီး ခြံတံခါးအပြင်ဘက်ကနေ ခေါင်းကိုဆန့်ထုတ်ကာ ကျန်းရန်ကျယ်က ပြုံးလေးနှင့်ကြည့်ပြီး လှမ်းပြောလိုက်တယ်။

“သမားတော်ကျန်း ၊ ကျွန်မ ဝင်လာလို့ရမလား?”

ကျန်းရန်ကျယ်က သူမကို ဒေါသတကြီး စိုက်ကြည့်ရင်း ပြန်ပြောလာတယ်။

“တကယ်လို့ ငါသာ ဝင်မလာနဲ့လို့ ပြောရင် မင်းဘာလုပ်မလဲ၊ အဲဒါက အသုံးမဝင်ဘူးမလား!”

ကျန်းကျန်း ပြုံးပြီး တံခါးကို တွန်းဖွင့်ကာ ကျန်းရန်ကျယ်နှင့် ဆန့်ကျင်ဘက် ကုလားထိုင်မှာ ထိုင်လိုက်တယ်။

သူမ စကားမပြောခင်မှာပဲ ကျန်းရန်ကျယ်က လက်ဖက်ရည်တစ်ခွက်ကို လောင်းချပေးပြီး ကျန်းကျန်းရဲ့ရှေ့မှာ ချထားပေးလိုက်တယ်။

“နို့ချဉ်ခဲတွေ ထပ်ပြီးစားနေပြန်ပြီလား ၊ မင်းကို အဲဒါတွေမစားဘဲ မင်းရဲ့ပါးစပ်ကို ထိန်းထားဖို့ ငါမပြောခဲ့ဘူးလား၊ မင်းက အသက်အရွယ်ငယ်သေးပြီး သန်မာနေတုန်းဆိုတော့ မင်းရဲ့ခန္ဓာကိုယ်ကို အားကိုးလွန်းနေတာပဲ! မင်းအသက်ကြီးလာရင် သိလိမ့်မယ် “

ကျန်းကျန်း သူမရဲ့ပါးစပ်ကို မသိစိတ်အရ ဖုံးကွယ်လိုက်မိပြီး ကျန်းရန်ကျယ်ကို အပြစ်ကင်းစွာ ကြည့်လိုက်မိတယ်။

“ ကျွန်မ တစ်ကိုက်လောက်ပဲ ကိုက်လိုက်တာပါ “

“ဒါဆို မင်းပါးစပ်က မသေးဘူးပဲ”

ကျန်းရန်ကျယ်က သူမကို ကြည့်ကာ လှောင်ရယ်လိုက်တယ်။

“မင်းရဲ့ အေးခဲနေတဲ့ နှုတ်ခမ်းတွေကို အနည်းဆုံး ပြန်ကြည့်ပြီးမှ မင်းရဲ့ပါးစပ်ကို ဟပြီးပြောစမ်းပါ”

ကျန်းကျန်း နှစ်ခါလောက်ရယ်မောလိုက်ပြီး သူမရဲ့အိတ်ထဲက အဝတ်အိတ်လေးနှစ်လုံးကို ထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။

“သမားတော်ကျန်း၊ ဒါကိုကြည့်ပေးပါဦး၊ ဒါကို ဘယ်လောက်နှင့် ရောင်းနိုင်လောက်မလဲ”

ကျန်းရန်ကျယ်က ကျန်းကျန်းရဲ့လျှို့ဝှက်ဆန်းကြယ်နိုင်သလိုပြုမူနေတဲ့ အသွင်အပြင်ကို ကြည့်ပြီး ခေါင်းကိုခါရမ်းရင်း ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်တယ်။

“မင်းဆိုတဲ့ မိန်းကလေးက လင်ဇီးမှိုတွေကို ရောင်းရတာ အကြိုက်ဆုံးပဲမလား၊ အခု မင်းက ဘယ်လို ပစ္စည်းကောင်းတွေကို ရလာလို့ နောက်ထပ် ပိုက်ဆံနဲ့ လာပြီးလဲလှယ်နေတာလဲ”

“သမားတော်ကျန်း ဒါကို မြင်ရင် သိလိမ့်မယ်”

ကျန်းကျန်းက လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်တယ်။

ပူနွေးတဲ့ရေနွေးကြမ်းက သူမရဲ့လျှာပေါ်မှ လျှောကျသွားခဲ့ပြီး ပါးစပ်အတွင်းမှ စေးကပ်တဲသ အရသာကို ဆေးကြောပေးသွားခဲ့ကာ ကြည်လင်ဖျော့တော့တဲ့ မွှေးရနံ့တို့ကလည်း ပူပြင်းတဲ့ ရသီဥတုအပူဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ဆိုးတွေကို ဖယ်ရှားပေးလိုက်တယ်။

ကျန်းရန်ကျယ်က အထည်အိတ်ကို အလွှာလိုက်ဖွင့်လိုက်ပြီးနောက် သူ့ရဲ့ရှေ့မှာပေါ်ထွက်လာတဲ့ ဂျင်ဆင်းရိုင်းကြီးတစ်ခုလုံး မြင်တွေ့လိုက်ရတယ်။

သူက ဂျင်ဆင်းကြီးကို ဂရုတစိုက် ကောက်ယူလိုက်ကာ အနံ့ခံကြည့်လိုက်လေတယ်။ မြေဆီလွှာနှင့် ရောစပ်ထားတဲ့ ဆေးဖက်ဝင်ရနံ့သင်းသင်းလေးရဲ့ရနံ့တို့က လူတွေကို စိတ်လှုပ်ရှားစေနိုင်တယ်။

“ပစ္စည်းကောင်းပဲ”

ကျန်းရန်ကျယ်က သူ့ရဲ့လျှာကို စုတ်သပ်လိုက်ပြီး ချီးကျူးစကားဆိုလိုက်ကာ ဂျင်ဆင်းရဲ့ အမြစ်တွေကို သေသေချာချာကြည့်လိုက်တယ်။

“အရည်အသွေးကလည်း အရမ်းကောင်းတယ်၊ ကွဲသွားမယ့် အရိပ်အယောင်မျိုးမရှိဘူး”

သူက ဂျင်ဆင်းရဲ့အပေါ်ကနေ ကျန်းကျန်းကို လှမ်းကြည့်လိုက်ပြီး ပြောလာတယ်။

“မင်းအနေနဲ့ ဒီလိုမျိုး ကောင်းမွန်လွန်းတဲ့ သက်တမ်းရင့်ပစ္စည်းကောင်းတွကို ငွေနှင့်လဲလှယ်မယ်ဆိုရင် အပြည့်ရနိုင်ဖို့မလွယ်တော့ဘူး၊ မင်း ဒါကို ဘယ်လိုစဉ်းစားထားလဲ”

“စဉ်းစားကြည့်ထားတာတော့..”

ကျန်းကျန်းက စကားပြောနေရင်းနှင့် ရေနွေးအိုးကို ကောက်ကိုင်လိုက်ပြီး လက်ဖက်ရည်အိုးထဲကို ရေနွေးတွေကို သူတို့အတွက် နောက်ထပ် ခွက်နှစ်ခွက် လောင်းထည့်လိုက်တယ်။

“ ဒါကို ကျွန်မ ကိုယ်တိုင် အပြင်ကိုထွက်ပြီး ရောင်းမယ်ဆိုရင် ကျွန်မ ပိုက်ဆံ ဆုံးရှုံးရလိမ့်မယ်လို့ ခံစားရတယ်၊ အဲဒါက ကောင်းတဲ့အကြံတော့ မဟုတ်လောက်ဘူး၊ ဒါကြောင့် ကျွန်မ သမားတော်ကျန်းဆီကိုလာပြီး မေးမြန်းကြည့်တာပဲ”

ကျန်းရန်ကျယ်က သူမကို စိုက်ကြည့်လိုက်ပြီး နောက်ထပ်အထည်အိတ်ကိုဖွင့်လိုက်တော့ အထဲမှာရှိနေတဲ့ တောရိုင်းဂျင်ဆင်းကြီးက ပိုပြီးထူထဲနေခဲ့ကာ သက်တမ်းကလည်းပိုမိုရှည်ရှားနေတဲ့ပုံရတယ်။

“ကောင်းပြီ၊ မင်း ဒါကို ဒီမှာထားခဲ့လို့ရတယ်၊ ဒီဂျင်ဆင်းနှစ်ခုကို တစ်ရက်လောက်အတွင်း ငါရောင်းချနိုင်လောက်တယ်”

ကျန်းကျန်း ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။

“ကောင်းပါပြီ”

**

All Chapters