အခန်း (၁၉၂)
Vol. 20 Ch. 192
ရှီကျွင့်ကျဲရဲ့စကားကြောင်း ကျန်းကျန်းရဲ့ မျက်နှာက ချက်ချင်းဆိုသလို ပူလောင်လာရပြီး ပါးပြင်ပေါ်မှာ အနီရောင် တိမ်တိုက်လေးတစ်ခုစီ ဖြစ်လာခဲ့တယ်။
ဒီစကားဝိုင်းက သာမန်စာမေးပွဲတစ်ခုအတွက်သာဖြစ်ကြောင်းကို သူမ သိပေမဲ့လည်း ကျန်းကျန်းအနေနဲ့ သူမကို ထိုကဲ့သို့သော မျက်လုံးတွေနှင့် စိုက်ကြည်လာခြင်းကို ခံလိုက်ရတဲ့အချိန်မှာ ထိုမျက်လုံးတွေထဲသို့ နှစ်မြုပ်သွားသလိုမျိုး ခံစားလိုက်ရတယ်။
သူမရဲ့အရှေ့က နက်ရှိုင်းလွန်းတဲ့ မျက်လုံးတွေကို ကြည့်လိုက်ပြီးနောက် ကျန်းကျန်းတစ်ယောက် သူမရဲ့မျက်နှာကို လက်နဲ့ ဖုံးအုပ်မထားဘဲ မနေနိုင်တော့ဘူး။
‘ဘုရားရေ၊ ရှင်က ဒီလောက်တောင် ချောမောပြီးကြည့်ကောင်းလွန်းနေတာကို အခုလိုမျိုး စကားပြောအရမ်းကောင်းလွန်းနေတာကြီးက တရားမမျှတလွန်းဘူးနော်!’
ပြင်သစ်ဘာသာရပ်ကို စာသင်နှစ်တစ်ခုတည်းသာ လေ့လာထားခဲ့ကြရတာဖြစ်တဲ့အတွက် အတန်းထဲမှာရှိနေကြတဲ့ ကျောင်းသားတွေအတွက်တော့ သူတို့တွေ ကျွမ်းကျင်တတ်မြောက်ထားတဲ့ ပြင်သစ်စကားတွေက အကန့်အသတ်ရှိတယ်။
ဒါကြောင့် ကျန်းကျန်းကလွဲရင် အတန်းထဲမှ တခြားကျောင်းသားတွေက ရှီကျင့်ကျဲ ပြောလိုက်တဲ့စကားတွေကို နားမလည်နိုင်ခဲ့ကြဘူး။
သို့ဆိုရင်တောင် အခုလိုမျိုးနတ်ဘုရားအဆင့်ခက်ခဲတဲ့ တက္ကသိုလ်ကို ဝင်ခွင့်ရထားတဲ့အတွက် ဒီကျောင်းသားတွေထဲမှာ ဘယ်သူကမှ တုံးအ, မိုက်မဲနေခြင်းမရှိကြဘူး။
ကျန်းကျန်းက ရှီကျွင့်ကျဲပြောလိုက်တဲ့ စကားကြောင့် ရုတ်တရက် အံ့အားသင့်သွားခဲ့တယ်။ ခဏအကြာမှာတော့ သူမရဲ့ပါးပြင်တွေက နီရဲလာခဲ့တယ်လေ။ ဒါကြောင့် ရှီကျွင့်ကျဲ ပြောလိုက်တဲ့စကားရဲ့ အဓိပ္ပါယ်ကို လူတိုင်းက အနည်းနှင့်အများ ခန့်မှန်းနိုင်ခဲ့ကြတယ်။
ကျန်းကျန်းကို နှစ်သက်သက်သဘောကျတဲ့ ယောက်ျားလေးတွေက ပြင်သစ်မေဂျာအတန်းထဲမှာလည်း အနည်းငယ်ရှိပြီး တချို့က ဒါကို စဉ်းစားထားပြီးကြပြီ။
သူတို့တွေက ပြင်သစ်ဘာသာစကားကို ပိုမိုထူးချွန်အောင် လေ့လာပြီးသွားတဲ့နောက်မှာ သူတို့ရဲ့ အတွေးတွေကို ပြင်သစ်ဘာသာစကားနှင့် ဖော်ပြလိမ့်မယ်။
ဒါပေမဲ့ သူတို့တွေက တွေးနေရုံပဲရှိနေသေးချိန်မှာ ရှီကျွင့်ကျဲက အဲဒီနေရာကိုရောက်ပြီး စတင်လုပ်ဆောင်လာလိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ။
သူတို့တွေ တိုက်ရိုက်ပဲလုပ်ဆောင်လိုက်မှာလား?
တစ်ဖက်လူရဲ့ လှပလွန်းတဲ့လေယူလေသိမ်းနှင့် ကျွမ်းကျင်ပိုင်နိုင်တဲ့ ပြင်သစ်စကားပြောဆိုပုံကို နားထောင်ကြည့်လိုက်ဦး။
ပြီးတော့ အမျိုးသမီးတွေထက်တောင် ပိုမိုလှပ သူရဲ့ မျက်နှာကိုလည်း ကြည့်လိုက်ပါဦး။
ကျန်းကျန်းရဲ့အကြောင်းကို တွေးတောနေကြတဲ့ ယောက်ျားလေးများစွာက ဒီခဏမှာ စိတ်ပျက်လက်ပျက် မျက်နှာအမူအရာတွေနှင့် ဖုံးလွှမ်းသွားကြတော့တယ်။
တစ်ဖက်မှာတော့ ရှီကျွင့်ကျဲရဲ့ ရုပ်ရည်အသွင်အပြင်ကို သဘောကျနေကြတဲ့ မိန်းကလေးတွေ အများကြီးရှိနေခဲ့တယ်။
သူတို့တွေက မိန်းကလေးတွေနှင့် စကားပြောဆိုလေ့မရှိတဲ့ ရှီကျွင့်ကျဲက စင်မြင့်ပေါ်မှာရှိနေတဲ့ လီမင်ကျန်းကို လေးလေးနက်နက်ရှိပြီး နက်ရှိုင်းလွန်းတဲ့ အကြည့်တွေနှင့် စိုက်ကြည့်နေခဲ့တာကို တွေ့လိုက်ကြရချိန်မှာ လူတိုင်းက အသည်းကွဲကြေသွားခဲ့ကြရကာ လီမင်ကျန်းကို စင်ပေါ်ကနေ ဆွဲချချင်စိတ်တွေ ဖြစ်နေခဲ့ကြတယ်။
သူတို့တွေ အပေါ်ကိုတက်ပြီး စကားဝိုင်းကို ပြီးအောင်ဖြတ်တောက်လိုက်ချင်တယ်!
တစ်ဖက်လူပြောနေတဲ့ စကားတွေရဲ့အဓိပ္ပါယ်ကို နားလည်တာ၊ မလည်တာက ကိစ္စမရှိဘူး။ လီမင်ကျန်းရဲ့ ရှက်ရွံ့ပြီးနီရဲနေတဲ့မျက်နှာကိုကြည့်ရုံနှင့် သူတို့တွေ ခန့်မှန်းနိုင်နေပြီ။
အဆုံးမှာတော့ ဒီစကားဝိုင်းက နောက်ဆုံးစာမေးပွဲအပေါ် သက်ရောက်မှုရှိနေမှာပဲ။ ကျန်းကျန်းက သူမရဲ့အာရုံတွေကို အမြန်ဆုံးပြန်လည်စုစည်းလိုက်ပြီး စာမေးပွဲတွင်း အခြေအနေကို ပြန်ဝင်လိုက်တယ်။
သူမက သူမရဲ့မျက်နှာကို သုတ်လိုက်ကာ တစ်ဖက်လူကို ချစ်ခင်တွယ်တာတဲ့အကြည့်နှင့် စိုက်ကြည့်ခဲ့ပြီး ခြေဖျားထောက်လိုက်ကာ ရှီကျွင့်ကျဲရဲ့ ပုခုံးကို အသာပုတ်ရင်း ဆိုလိုက်တယ်။
“သားလေး၊ မင်းက မင်းရဲ့အမေကို ခွဲခွာပြီး ထားခဲ့ဖို့ ဝန်လေးနေတယ်ဆိုပေမဲ့ မင်း ဒီမူလတန်းကျောင်းကို ပြီးဆုံးအောင် တက်ရလိမ့်မယ်၊ မင်းသာ ဒုတိယတန်းကို ရောက်သွားပြီဆိုရင် ဒီအခြေအနေကို နေသားကျသွားတော့မှာပါ”
မုန်ဟွေ့ရှု အော်ဟစ် ရယ်မောလိုက်မိတယ်။ အလွန်အမင်းကောင်းမွန်လှတဲ့ ချောမောတဲ့ကာင်လေးနှင့် မိန်းမလှလေးတို့ရဲ့ ရိုမန်တစ်ဆန်တဲ့ ဇာတ်ဝင်ခန်းက အခုတော့ သာမာန်သားအမိနှစ်ယောက်ရဲ့ဇာတ်ဝင်ခန်းအဖြစ် ချောချောမွေ့မွေ့ အစားထိုးခံလိုက်ရတယ်။
သူမက အတန်းပြီးရင် သူတို့နှစ်ယောက်ထပ်မံဆုံတွေ့ပြီး ထီုနှစ်ယောက်က အတူရှိဖြစ်သွားကြလိမ့်မယ်လို့ ခန့်မှန်းနေခဲ့တာလေ။
လီမင်ကျန်းရဲ့ တွေးခေါ်ပုံတွေက သာမန်လူတွေနဲ့ တကယ်ကြီးကိုကွာခြားနေလိမ့်မယ်လို့ ဘယ်သူကထင်ထားခဲ့မှာလဲ။ ချစ်သူစုံတွဲတွရဲ့စကားဝိုင်းကနေ စကားတစ်ခွန်းတည်နှင့် သားအမိဖြစ်လာခဲ့တယ်။
ရှီကျွင့်ကျဲသည်လည်း ကျန်းကျန်းဆီကို ထုံထိုင်းတဲ့ အပြုံးနှင့် စိုက်ကြည့်နေမိတယ်။
ပြောရရင် သူ့အနေနဲ့ သူမကို အခွင့်ကောင်းယူရန် အမှန်တကယ် မမျှော်လင့်ထားခဲ့ဘူး။ ဒါပေမဲ့ ဒီအခြေအနေအရ စကားပြောဆိုမှုက သူမရဲ့ဘယ်သူလဲဆိုတဲ့အထောက်အထားကို သတ်မှတ်ထားခြင်းမရှိဘူးလေ။
ဒီတော့ ကန့်သတ်ချက်မရှိတဲ့ စကားဝိုင်းကို ကျန်းကျန်းက ပုံမှန်အတိုင်း စကားဆက်ပြောနိုင်တယ်။ ဘယ်သူကမှ သူမကို မှားယွင်းနေတယ်လို့ ပြောနိုင်မှာမဟုတ်ဘူး။
ရှီကျွင့်ကျဲ အပြုံးတစ်ခုနှင့် ခေါင်းရမ်းလိုက်မိကာ ငါးမိနစ်ကြာမြင့်တဲ့ စကားဝိုင်းကို အပြီးသတ်ရန်အတွက် သူမနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရတယ်။
မုန်ဟွေ့ရှုက စင်မြင့်ပေါ်မှာထိုင်ကာ သူတို့နှစ်ဦးကို ပျော်ရွှင်စွာကြည့်ရှုနေခဲ့ပြီး အနာဂတ်မှာလည်း အလားတူလှုပ်ရှားမှုတွေပြုလုပ်ရန် တွေးတောနေခဲ့တယ်။
ဒီလိုဆိုရင် အတန်းထဲမှာရှိတဲ့ အမျိုးသားအတန်းဖော်နှင့် အမျိုးသမီးအတန်းဖော်တို့ကို ပိုမိုရင်းနှီးလာစေရန်နှင့် သူတို့ကြားကအကွာအဝေးကို ပိုပြီးနီးကပ်လာစေရန်လုပ်နိုင်လိမ့်မယ်။
ရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့ သက်ဆိုင်ရာ နေရာကို ပြန်လည်ရောက်ရှိခဲ့ပြီးနောက် မုန်ဟွေ့ရှုက တခြားလူများအတွက် ဆက်လက်မဲနှိုက်ခဲ့တယ်။ သို့ပေမဲ့ စကားဝိုင်းကတော့ ပထမအုပ်စုနှင့် နှိုင်းယှဉ်ဖို့ မဖြစ်နိုင်ဘူး။
နောက်ထပ်စကားဝိုင်းတွေက အမှားအှင်းတွေပါဝင်နေတာ ဒါမှမဟုတ် ခြောက်သွေ့လွန်းနေတာတွေဖြစ်နေပြီး အဆင့်ကတော့ နောက်ကျကျန်လွန်းနေမှန်း သိသာပါတယ်။
တချို့က နှစ်မိနစ်၊ သုံးမိနစ်လောက်ပဲ စကားပြောနိုင်ခဲ့တယ်။ နောက်ထပ် စကားကို ရှာမတွေ့နိုင်ခဲ့ကြဘူး။ မုန်ဟွေ့ရှုကတော့ သူတို့ကိုကြည့်ရင်း အိပ်ပျော်လုနီးပါး ဖြစ်နေခဲ့ပြီ။
နောက်ဆုံးမှာတော့ လူတိုင်း စာမေးပွဲကို ပြီးမြောက်သွားခဲ့ကြတယ်။
မုန်ဟွေ့ရှုက အချိန်အနည်းငယ်ကျန်နေသေးတာကို မြင်လိုက်ရတာကြောင့် အခုလေးတင် စာမေးပွဲအတွင်း တွေ့ရှိခဲ့ရတဲ့ ပိုမိုကောင်းမွန်တဲ့ စကားလုံးတွေကို ဖော်ပြကာ ရှင်းပြခဲ့တယ်။
ရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့ရဲ့ စကားဝိုင်းကလည်း မုန်ဟွေ့ရှု ထံမှ ကျောက်သင်ပုန်းပေါ်မှာ ချရေးခံခဲ့ရတယ်။
သူမရဲ့ ပတ်ဝန်းကျင်မှ အတန်းဖော်တွေက ထိုစာကြောင်းတွေကိုကြည့်ရင်း မှတ်စုတွေ ချရေးနေတာကိုမြင်တော့ ကျန်းကျန်းတစ်ယောက် ဒါတွေက အနာဂတ်မှာ သူမရဲ့ အနက်ရောင်သမိုင်းကြောင်းအဖြစ် သတ်မှတ်ခံရလိမ့်မယ်လို့ ခံစားမိနေခဲ့ပြီ။
ပြင်သစ်စာမေးပွဲဆိုတာက နောက်ဆုံး စာမေးပွဲရဲ့ ရှေ့ပြေးဖြစ်ပုံရတယ်။ သိပ်မကြာခင်မှာဘဲ ဘာသာရပ်တစ်ခုစီမှ ဆရာ၊ဆရာမတွေက စာသင်ခန်းအတွင်းမှာ နောက်ဆုံးစာမေးပွဲအကြောင်းတွေကို ပြောလာကြပြီး ကျောင်းဝင်းအတွင်းရှိ လေထုက ရုတ်တရက် တင်းမာလာခဲ့တယ်။
ဝမ်မင်က တစ်နေ့ကို ရှစ်လုံးစပ်ကဗျာတစ်ပုဒ်စီ ရေးချင်ခဲ့တယ်။ ကဗျာဆရာတွေကလည်း သူတို့ရဲ့ အားလပ်ချိန်တွေကို ဖယ်ထားခဲ့ကွပြီး ထိုကဗျာတွေကို အသည်းအသန် ပြန်သုံးသပ်လာကြတယ်။
ဒီလိုမျိုး တင်းမာနေတဲ့ အခြေအနေ အတိုင်းအတာအတွင်းမှာ ဂျာနယ်လစ်မေဂျာရဲ့ “တိတုတက္ကသိုလ်သတင်းစာ”မှ ပထမစာစောင်ကို နောက်ဆုံးမှာ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့တယ်။
ကျန်းကျန်းရဲ့သတိပေးချက်တွေနှင့် သတင်းအေဂျင်စီရဲ့ညအရည်အချင်းတွေစုပေါင်းကာ နောက်ဆုံးမှာ သူတို့က ကုန်ကျစရိတ်ရဲ့သဘောတရားကို သိရှိလာခဲ့တယ်။
သူတို့တွေက နောက်ထပ် နှစ်ဆယ်ရာခိုင်နှုန်းထည့်ပြီး ထိုအခြေအနေကိုအခြေခံကာ သတင်းစာတွေကို ပုံနှိပ်ခဲ့တယ်။
ကျန်းကျန်းတစ်ယောက် သူမရဲ့ရှေ့မှာ သတင်းစာတွေ အစုလိုက်အပုံကိုလိုက်မြင်လိုက်ချိန်မှာ အတော်လေးစိတ်ရှုပ်ထွေးသွားရတယ်။
သူမက စာရေးရုံလောက်နှင့် မလုံလောက်ဘဲ သတင်းစာတွေပါ လိုက်ရောင်းရတော့မှာလား။
အိပ်ဆောင်ထဲမှ လူတွေကို အလုပ်တွေ လိုက်ခွဲဝေပေးရင်း ဝေ့ယွီကျင်း စိတ်လှုပ်ရှားစွာနဲ့ ပြောလာတယ်။
“ဒါက ငါတို့ အတန်းက ထုတ်လုပ်တဲ့သတင်းစာရဲ့ ပထမဆုံး ထုတ်ဝေမှုပဲ၊ လူတိုင်းက ကောင်းမွန်တဲ့ စတင်မှုကိုရရှိဖို့ ပိုကြိုးစားသင့်တယ်”
ကျန်းကျန်း သက်ပြင်းချလိုက်ပြီး သတင်းစာကို ကောက်ယူလိုက်တယ်
“ကျွန်မ စားသောက်ဆောင်ရဲ့ အဝင်ဝမှာ ရောင်းလိုက်မယ်”
“အတန်းထဲက လူတော်တော်များများက စားသောက်ဆောင်ဝင်ပေါက်ကို သွားနေကြပုံရတယ်”
ကွေ့ရှောင်ချင်းက သူမရဲ့လက်ထဲက သတင်းစာတွေကို ရေတွက်ရင်း မော့ကြည့်လိုက်တယ်။
“ဥပမာ၊ စာကြည့်တိုက်အဝင်ဝကို သွားရင်ရော”
ကျန်းကျန်း ခေါင်းညိတ်ပြလိုက်တယ်။ အတန်းထဲက တာဝန်ချပေးတဲ့ အလုပ်က သေချာပေါက် မလုပ်ဖို့မဖြစ်နိုင်ဘူး။ အမြန်ဆုံးပြီးဆုံးသွားအောင် လုပ်တာက ပိုကောင်းပါတယ်။
ဒါမှ နောက်ဆုံးစာမေးပွဲအတွက် စာတွေပြန်လည်သုံးသပ်ရန်အတွက် အချိန်နှောင့်နှေးဖို့ကို တားဆီးနိုင်လိမ့်မယ်။
သူတို့ နှစ်ယောက်သား အိပ်ဆောင်ထဲက သတင်းစာအထူကြီးတွေ ထွက်လာခဲ့ကြပြီး လမ်းတလျှောက်က ကျောင်းသားတွေက ကျန်းကျန်းတို့ကို လိုက်ကြည့်နေခဲ့ကြတယ်။
ဒါကြောင့် သူတို့တွေ လမ်းပေါ်မှာဘဲ သူတို့ရဲ့အသံကို အမြင့်ဆုံးမြှင့်ကာ စတင် အော်ရောင်းလိုက်ကြတယ်။
“ ‘တိတုတက္ကသိုလ်သတင်းစာ’ ရဲ့ ပထမစာစောင် ထုတ်ဝေမှုတွေ ရမယ်နော်! စာပေနိုဘယ်လ်ဆုရရှိထားတဲ့ မစ္စတာဝမ်မင်ရဲ့ သီးသန့် အင်တာဗျူးတစ်ခုလည်း ပါတယ်! ကျော်သွားရင် အခွင့်အရေးကို ဆုံးရှုံးသွားရလိမ့်မယ်! တစ်စောင်ကိုမှ နှစ်ဆင့်ပဲ ကျသင့်မှာပါ!”
ဒီအချိန်က သတင်းစာတစ်စောင်ကို နှစ်ဆင့်ဆိုတာ အတော်လေးဈေးကြီးနေခဲ့တယ်ဆိုပေမဲ့ အပြင်ဘက်မှာရောင်းချနေတဲ့ တော်ဝင်မြို့တော် သတင်းစာတွေရဲ့ ဈေးနှုန်းကလည်း အခြေခံအားဖြင့် တူညီနေခဲ့တယ်။
သို့ပေမဲ့ သူတို့တွေက အရေအတွက်အနည်းငယ်သာ ပုံနှိပ်ခဲ့ကြတာကြောင့် သတင်းစာတစ်ခုစီရဲ့ပုံနှိပ်ကုန်ကျစရိတ်ကလည်း သဘာဝအလျောက် ပိုပြီးတိုးလာလိမ့်မယ်။
ကျောင်းသားအများစုက ထိုကိစ္စကို စိုးရိမ်နေခဲ့ကြပြီး သူတို့အနေနဲ့ပရော်ဖက်ရှင်နယ်သတင်းစာတစ်စောင်တည်းကိုသာ ထုတ်ဝေပြီးနောက် ပြန်လည်ပျောက်ကွယ်သွားရမှာကို စိုးရိမ်နေခဲ့ကြတယ်။
စားသောက်ဆောင်မှာ ဘယ်လိုရောင်းနေကြလဲ မသိပေမဲ့ ကျန်းကျန်းကတော့ အတော်လေးရောင်းကောင်းနေခဲ့တယ်။ သူမရဲ့ ပြတ်သားတဲ့ အသံကလည်း လူအများရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။
မစ္စတာဝမ်မင်ရဲ့ သီးသန့်အင်တာဗျူးလည်းပါဝင်ကြောင်းကို နားထောင်ပြီးနောက် ကျောင်းသားအများအပြားက ချက်ချင်းဝိုင်းအုံလာခဲ့လေတယ်။
**