နဂါးနက်ဘုရင်လား … ကျုပ်ကို ဦးလေးလို့ ခေါ်
Vol. 20 Ch. 294
အခန်း (၂၉၄) : နဂါးနက်ဘုရင်လား … ကျုပ်ကို ဦးလေးလို့ ခေါ်
ပေတစ်ရာရှည်လျားသည့် နဂါးဝေါယာဉ် … ဒါက ဘယ်လိုကြီးတုန်း
ဝေါယာဉ်တစ်ခုတည်းနဲ့ ပေတစ်ရာကျော် ရှိနေပြီလေ …
ထိုစဉ် ဝေါယာဉ်၏ အကျယ်ကလည်း အရှည်နှင့် သိပ်မခြားလှပေ။ အရွယ်အစားကား အံ့ဩမင်သက်စရာ ကောင်းလှသည်။
အကယ်၍ နဂါးကိုးကောင်ကို ဖယ်ထုတ်လိုက်ပြီး နဂါးဝေါယာဉ်သာ မြေပြင်ပေါ် ဆင်းသက်လာလျှင် ဇိမ်ခံ စံအိမ်တော်အငယ်စား ဖြစ်သွားပေမည်။
နဂါးနက်တစ်ကောင်ချင်းစီကလည်း နဂါးနက်မျိုးနွယ်မှ ဖြစ်နေသေး၏။
ချီရှောက်ရွမ်၏ ဦးချိုမဲ့ နဂါးခြောက်ကောင်နှင့် ယှဉ်လိုက်လျှင် သူတို့စွမ်းအားက ပိုကြီးပေသည်။
ပို၍ ရှားသည်က ထိုနဂါးကိုးကောင်သည် ပူးပေါင်းတိုက်ခိုက်မှု၌လည်း ကောင်းကောင်း ဆောင်ရွက်နိုင်သည့် အချက် ဖြစ်၏။ သူတို့တိုက်ပွဲစွမ်းရည်က အတူတူသာ ပူးပေါင်းလိုက်လျှင် ပို၍ ကြီးကျယ်ခမ်းနားသွားပေမည်။
ထိုနဂါးကိုးကောင်အနက် တစ်ကောင်ချင်းစီသည် ကနဦးဝိညာဉ်အဆင့် ဖြစ်ကြသော်လည်း ပူးပေါင်းလိုက်ပါက ဝိညာဉ်အသွင်ပြောင်း ကောင်းကင်အသျှင် တစ်ယောက်ကိုပင် စုတ်ဖြဲပစ်နိုင်လိမ့်မည်။
သို့သော် ဤသည်က နဂါးဝေါယာဉ်နှင့် ပတ်သတ်၍ အံ့ဩစရာအကောင်းဆုံးအချက် မဟုတ်သေးပေ။
အထူးခြားဆုံးအရာမှာ ကာကွယ်စွမ်းအားနှင့် အမြန်နှုန်း ဖြစ်၏။
သူတို့သာ အားကောင်းကောင်း ရန်သူ၏ တိုက်ခိုက်မှုကို ခံခဲ့ရလျှင် နဂါးဝေါယာဉ်ရှိ အစီအရင်များက အသက်ဝင်လာပေမည်။ ထိုအခါ အစီအရင်မှ ကာကွယ်ရေးအလွှာတစ်ခု ဖြစ်တည်လာပြီး ဝေါယာဉ်ထဲရှိ လူကို ထိခိုက်မှုမဖြစ်စေရအောင် ကာကွယ်ပေးထားလိမ့်မည်။ ထို့နောက် အမြန်နှုန်းနှင့် ချက်ချင်း ထွက်ပြေးသွားနိုင်၏။
အကယ်၍ နဂါးဝေါယာဉ်သာ အရှိန်အပြည့်ဖြင့် သွားပြီး နဂါးနက်ကိုးကောင်ကလည်း ဝေါယာဉ်ထံ စွမ်းအားထောက်ပံ့ပေးလိုက်လျှင် ဝိဇ္ဇာတစ်ပါးပင် သူတို့နောက် အမီလိုက်နိုင်တော့မည် မဟုတ်ချေ။
ဤသို့သော နဂါးဝေါယာဉ်ကို ဖန်တီးဖို့ မလွယ်လှပေ။
ချမ်းသာကြွယ်ဝကာ စွမ်းအားကြီးသော နဂါးနက်ကျွန်း၌ပင် ဤသို့အဆင့်မျိုး နဂါးဝေါယာဉ်က ရှားပါးလှ၏။
အောင်းပင်းအား ကြိုဆိုပြီး အရှေ့ပိုင်းလွင်ပြင်ရှိ အထွတ်အမြတ်မြေများအား နဂါးနက်ကျွန်း၏ စွမ်းပကားကို ပြသလို၍သာ မဟုတ်လျှင် အောင်းယဲ့က ဤနဂါးဝေါယာဉ်ကို ထုတ်သုံးမည် မဟုတ်ပေ။
ထို့အပြင် နဂါးနက်ကိုးကောင်အတွက်လည်း ငွေပေးချေရဦးမည် မဟုတ်ပါလော။
……………...
“ အရှင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို နောက်ထပ် မိုင်တစ်ထောင်လောက် သွားပြီးရင် ရောက်ပါပြီ။ ကျွန်တော်တို့ လက်ရှိအမြန်နှုန်းနဲ့ သိပ်မကြာခင် ရောက်ပါလိမ့်မယ် ”
ချပ်ဝတ် အံ့ဖွယ်နဂါးအစောင့်တစ်ယောက်က နဂါးဝေါယာဉ်အပြင်ဘက်ကနေ လေးလေးစားစား ဦးညွှတ်ပြီး ပြောလိုက်သည်။
နဂါးဝေါယာဉ် တံခါး ဖြည်းဖြည်းချင်း ပွင့်လာပြီး ခမ်းနားကြီးကျယ်ကာ မြင့်မားသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
သူ့ခေါင်းအထက်တွင် နဂါးချိုတစ်စုံ ရှိနေပြီး ကောင်းကင်ယံကို ထိုးဖောက်လုမတတ် တလက်လက် တောက်ပနေသည်။
ဦးချိုက နဂါးများ၏ အားအကောင်းဆုံး တိုက်ကွက်များအနက် တစ်ခု ဖြစ်၏။
အောင်းယဲ့က မာန်အပြည့်ဖြင့် မတ်တတ်ရပ်ကာ မျက်လုံးအစုံ မှိတ်ထားလိုက်သည်။
“ ငါတို့သွေးမျိုးဆက်ရဲ့ ဖိနှိပ်တဲ့ ခံစားချက်မျိုးကို ခံစားမိနေပြီ။ အဆင့် ၉ သွေးမျိုးဆက်ကလွဲလို့ တခြားဖြစ်နိုင်ခြေ မရှိဘူး။ တကယ်ကို သူမပဲ ”
အောင်းယဲ့က မျက်လုံးပြန်ဖွင့်လိုက်ပြီးနောက် သူ့မျက်ဝန်းအစုံက ကြယ်အစုအဝေးထဲမှ ကြယ်တာရာများကဲ့သို့ တဖြတ်ဖြတ် လင်းလက်နေသည်။
သူ စိတ်လှုပ်ရှားနေမှန်း သိသာလှ၏။
အောင်းပင်းမှာ လွန်ခဲ့သော နှစ်တစ်သောင်းခန့်က သူ့စံပြပုဂ္ဂိုလ် ဖြစ်ပေသည်။ ထိုအချိန်က အောင်းပင်းသည် တိုက်ပွဲကို လွှမ်းမိုးပြီး မြောက်ပင်လယ် ပါရမီရှင်များ၏ အားကိုးမြောက်စားခြင်းကို ခံခဲ့ရသည်။ သူမကို “ စစ်နတ်ဘုရားမ” ဟုပင် တင်စားနိုင်သည်။
အချိန်တစ်ခုအထိ အောင်းယဲ့၏ အိပ်မက်သည်လည်း သူ ကြီးပြင်းလာသည့်အခါ လောကကို အုပ်စိုးနိုင်ဖို့ ဖြစ်ပြီး သူ့ဒေါ်လေးလိုမျိုး “ စစ်နတ်ဘုရားမ” ဖြစ်လာဖို့ ဖြစ်သည်။ သူ အရွယ်ရောက်လာသည့်အခါ “ စစ်နတ်ဘုရားမ” ဖြစ်ဖို့ အရင်ဦးစွာ အမျိုးသမီး ဖြစ်ဖို့ လိုအပ်ကြောင်း သဘောပေါက်ခဲ့ရ၏။
ထိုအကြောင်းကြောင့် အတော်လေး စိတ်ဓာတ်ကျသွားလိုက်သေးသည်။ ထို့နောက် အောင်းပင်းက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ နတ်ဘုရားလောက၏ ပါရမီရှင်တစ်ယောက်၏ စည်းပိတ်ချခြင်းကို ခံလိုက်ရသည်။
အောင်းယဲ့က အလွန်စိတ်ဓာတ်ကျကာ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ သူ့ဒေါ်လေးကို ရှာဖို့ စွန့်စွန့်စားစား ခဏတိုင်း လာခဲ့သည်။
အောင်းပင်းက အာကာပြင်အက်ကြောင်းကြား ရှိနေပြီး ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ပေါ်မလာခဲ့သောကြောင့် သူမကို ရှာဖို့ မဖြစ်နိုင်ချေ။
နှစ်တစ်သောင်းကုန်ဆုံးသွားပြီးနောက် သူ့ဒေါ်လေး ပြန်ရောက်လာလေပြီ။ နဂါးနက်မျိုးနွယ် ပြန်လည် မြင့်တက်လာဖို့ မျှော်လင့်ချက် ရှိလာလေပြီ။
လက်ရှိ နဂါးနက်ဘုရင် အောင်းယဲ့က အတော်လေး ပျော်နေမိသည်။
“ အရှိန်အပြည့်နဲ့ သွားမယ် … နဂါးတွေအားလုံး အမြင့်ဆုံးအထိ အရှိန်အဝါ ထုတ်လွှင့်လိုက်ကြ။ ငါတို့ရဲ့ နဂါးစွမ်းအားကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ သိအောင် ပြရမယ် ”
အောင်းယဲ့က ဟိန်းဟောက်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှ ထူးခြားအားကောင်းသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ သူ့နောက်တွင် ဧရာမနဂါးကြီး ပုံသဏ္ဌာန်လည်း ဝင့်ဝင့်စွားစွား ထွက်ပေါ်လာသည်။
နဂါးသဏ္ဌာန်က ပေတစ်ထောာင်နီးပါး အမြင့်ရှိပြီး ကြေးခွံတိုင်းက နက်မှောင်တောက်ပြောင်နေသည်။
ထိုနဂါးသဏ္ဌာန် ပေါ်လာသည်နှင့် စွမ်းအားပြင်းပြင်း အရှိန်အဝါတစ်ခုက နေရာအနှံ့ ပျံ့နှံ့သွားသောကြောင့် အာကာပြင်ပင် တွန့်လိမ်လာရသည်။ ထိုစဉ် အနီးအနားရှိ နတ်ဆိုးသားရဲများက ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်ကုန်ကြသည်။
သူတို့သွေးသားထဲမှ ဖြစ်ပေါ်လာသည့် အကြောက်တရားမျိုးကို ခံစားလိုက်ကြရသည်။ ဤသည်မှာ နဂါးမျိုးနွယ်ထံ သာမန်သားရဲများ ခံစားကြရသည့် ကြောက်ရွံ့မှုမျိုး ဖြစ်၏။
အောင်းယဲ့သာ မဟုတ်ပေ။ အံ့ဖွယ်နဂါးအစောင့် ရှစ်ယောက်လုံးလည်း သူတို့အရှိန်အဝါကို ထုတ်လွှင့်လိုက်ကြ၏။
အံ့ဖွယ်နဂါးအစောင့်များက နဂါးနက်မျိုးနွယ်၏ ထူးချွန်သော စစ်သည်တော်များ ဖြစ်ကြသည်။ တစ်ယောက်ချင်းစီက ဝိညာဉ်အသွင်ပြောင်းအဆင့်နှင့်အထက် ဖြစ်ကြ၍ သူတို့ဘာသာ နယ်မြေကို လွှမ်းမိုးအုပ်ချုပ်ဖို့ လုံလောက်ကြသည်။
နဂါးအစောင့်ရှစ်ယောက်၏ အရှိန်အဝါက ပေါင်းစပ်သွားကာ ဝိဇ္ဇာတစ်ပါးလောက် စွမ်းအားကြီးလာသည်။
ထိုစဉ် နဂါးဝေါယာဉ်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် မိုင်ငါးရာနီးပါးသာ ကွာဝေးတော့သည်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ လူများစွာက ထိုအရှိန်အဝါကို အာရုံခံမိလိုက်ကြပြီး မြောက်စူးစူးသို့ ကြည့်လိုက်ကြသည်။
“အားကောင်းလိုက်တဲ့ နဂါးအရှိန်အဝါပါ့လား … မြောက်ပင်လယ်ရဲ့ နဂါးတွေ ရောက်လာတာလား ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဂိုဏ်းချုပ်တောင်ရှေ့ ပေါ်လာသည်။ သူက နဂါးဝေါယာဉ်အား ကြည့်လိုက်ကာ သူ့ကောင်းကင်အရှိန်အဝါတို့က အနည်းငယ် လှိုင်းထသွားသည်။
“ အောင်းယဲ့ ငါးအိုကြီး … ငါ သူ့ကို တွေ့ခဲ့တာ နှစ်ရာချီကြာနေပြီပဲ။ သူက ဒီလိုတွေ ကြွားနေတုန်းပဲ ”
ကြာပြာကောင်းကင်အသျှင်က ကျတ်တီး ဝိညာဉ်တောင်ပေါ်တွင် ထိုင်နေသည်။ သူ့တုတ်ကို လှည့်ကာ ခိုတစ်ကောင်ကို မီးကင်နေသည်။ သူ ဘယ်နေရာက ဖမ်းလာလဲဆိုတာတော့ နတ်ဘုရားသာ သိပေမည်။
သူက သူ့ဘာသာ ရေရွတ်လိုက်သေး၏ “ သူ မောက်မာမပြတာ ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ သူ့နဂါးမြီးဖြတ်ပြီးတော့ ကင်စားပစ်လိုက်မယ် ”
ရွေကြာတောင်ထိပ်တွင် နှစ်လိုဖွယ် မျက်ဝန်းအစုံ ဖြည်းဖြည်းချင်း ပွင့်လာလေသည် “နောက်ဆုံးတော့ ကျင့်ကြံဆင့် အခြေတည်သွားပြီ။ အာ … ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ အရှိန်အဝါလဲ ”
ငွေရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေး လျှောက်လှမ်းလာသည့်အခါ ရွှေကြာပန်းများ ပွင့်လန်းကုန်ကြသည်။
သူမ၏ အပြုံးတစ်ပွင့်က တပည့်မြောက်များစွာကို စိတ်မခိုင်အောင် လုပ်နိုင်သည်။
................
ဂါး …
မြေတုန်လုမတတ် နဂါးအော်သံကြီးက မိုင်ပေါင်းများစွာ ပျံ့နှံ့လာသည်။
ဧရာမ နဂါးဝေါယာဉ်ကြီးက အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်လေး အဝင်ဝ၌ ရပ်တန့်သွားလေသည်။
အောင်းယဲ့က ဝေါယာဉ်မှ ထွက်လာလေ၏။ သူက လေထဲတွင် ရပ်ကာ ဘေးပတ်လည်ကို တစ်ချက်စစ်ဆေးကြည့်လိုက်သည်။ သူ့အကြည့်က အရာအားလုံးကို ဖောက်ထွင်းနိုင်သည့် လျှပ်စစ်လို ဖြစ်နေသည်။
“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ဘယ်မှာလဲ … ကြိုတင်အကြောင်းမကြားထားဘဲ ရောက်လာတဲ့အတွက် အားနာပါတယ် ”
လေထဲ မိုးကြိုးများ လင်းလက်လာသည်။
ကောင်းကင်တစ်ဝက်လောက်က နဂါးနက် အရိပ်ဖြင့် အုပ်လွှမ်းထားပြီး ကျန်တစ်ဖက်ကား ရွှေရောင်မိုးကြိုးများဖြင့် ဖုံးအုပ်ထားလေသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အလွန်စွမ်းအားကြီးဟန်ဖြင့် လေထဲ ပေါ်ထွက်လာသည်။
“ နဂါးနက်ဘုရင် ရောက်လာတာကိုး … ကောင်းကောင်း မကြိုဆိုမိတာ အားနာပါတယ် ”
အထွတ်အမြတ်မြေများကြားမှ ပဋိပက္ခများနှင့် နှိုင်းယှဉ်လိုက်လျှင် လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်ကြားရှိ ဆက်ဆံရေးက ပို၍ တင်းမာပေသည်။
သူတို့ဆက်ဆံရေးမှာ မိစ္ဆာဝိညာဉ်များ နယ်မြေငါးခုဆီ ကျူးကျော်လာစဉ်က အတော်လေး သိသာတိုးတက်လာခဲ့သော်လည်း ရှေးခေတ်အချိန်ကတည်းက ရှေးရိုးစွဲ မလိုမုန်းထား အစွဲအလမ်းကို အလွယ်တကူ မချေဖျောက်နိုင်ကြပေ။
နှစ်ထောင်ချီကြာလာပြီးနောက်တွင်ပင် လူသားနှင့် နတ်ဆိုးမျိုးနွယ်တို့က တစ်ယောက်နှင့်တစ်ယောက် မနှစ်မြို့သော ကိစ္စအတော်အများ ကျန်ရှိနေသေးသည်။
လက်ရှိ နဂါးနက်ဘုရင်နှင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်တို့ကိုသာ ကြည့်ပါလေ။ သူတို့က ရန်သူတွေ မဟုတ်ကြသော်လည်း သူတို့နှစ်ယောက်ကြား အငြိုးတရားတချို့ ရှိနေဆဲ ဖြစ်၏။
နဂါးနက်ဘုရင်၏ သားသုံးယောက်က ချုးလုံဟယ်နှင့် ကျန်းလုံယွမ်တို့နှင့် မျိုးဆက်တစ်ခုတည်း ဖြစ်ကြသည်။ ပဋိပက္ခတချို့ကြောင့် သူတို့က သတ်ပုတ်လေ့ရှိကြသည်။
အဆုံးသတ်၌ ချုံးလုံဟယ်နှင့် ကျန်းလုံယွမ်တို့က မြောက်ပင်လယ်အထိ ကျူးကျော်ကာ တတိယမြောက် နဂါးမင်းသား၏ အမြီးကို ဖြတ်ကာ မီးကင်လိုက်ကြသည်။ နဂါးများက တတိယမြောက် နဂါးမင်းသား၏ အမြီးကို အဖိုးတန်ဆေးပင်များဖြင့် ပြန်လည်ထွက်လာစေခဲ့သောကြောင့် နောက်ဆုံးတော့ အဆင်ပြေသွားလေသည်။
သို့သော် နဂါးမျိုးနွယ်က လူသားမျိုးနွယ်၏ အရှက်ခွဲမှုကို မည်သို့သည်းခံနိုင်မည်နည်း။
သူတို့အမြီးကို ဖြတ်ကာ မီးကင်ခြင်းက မခံမရပ်နိုင်ဖြစ်စေသော မျက်နှာပျက်မှုမျိုး ဖြစ်ပေသည်။
ရလဒ်အနေနှင့် နဂါးနက်ကျွန်းနှင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတို့က နှစ်တစ်သောင်းအတွင်း ပဋိပက္ခအတော်အတန် ဖြစ်ခဲ့ကြသည်။
…………...
အဲဒီတုန်းက ကောင်စုတ်လေးက ဝိဇ္ဇာဖြစ်လာတယ်ပေါ့လေ …
နဂါးနက်ဘုရင်က အကြီးအကဲတစ်ယောက်အနေနှင့် သူ့သားအတွက် တရားမျှတမှုကို ရှာမပေးဘဲ မနေနိုင်တော့ပေ။
ဂါး …
ဝုန်း …
နဂါးနက်ဘုရင် အောင်းယဲ့နှင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်တို့ မျက်နှာချင်းဆိုင်ကြသည့်အခါ တစ်ယောက်နှင့် တစ်ယောက် ဂုဏ်သိက္ခာရှိရှိ နှုတ်ဆိတ်နေကြသည်။ ယခု ဘေးပတ်ဝန်းကျင်တစ်ခုလုံးက နဂါးများနှင့် မိုးကြိုးများ အပိုင် ဖြစ်နေလေပြီ။ ဝိဇ္ဇာအဆင့် အရှိန်အဝါများလည်း အုပ်လွှမ်းသွားသည်။
မှန်ပေသည်။ အောင်းယဲ့နှင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်တို့က တစ်ယောက်နှင့် တစ်ယောက် ပြိုင်ဆိုင်နေကြသည်။
“ဒီလောက်နှစ်ရာပိုင်းလေးအတွင်း ဒီကောင်စုတ်လေးက ဒီလောက်အဆင့်အထိ ရောက်လာမယ်လို့ မထင်ထားမိဘူး ”
မိုးကြိုးစွမ်းပကားကို ခံစားမိပြီး အောင်းယဲ့က စိတ်ထဲကနေ အနည်းငယ် တုန်လှုပ်မိသွားသည်။
မင်းသား(၃) ကို အနိုင်ယူသွားတာ မဆန်းတော့ပါဘူး …
သူက ဘယ်လောက်ပဲ ပါရမီကောင်းကောင်း ငါ့ကို ဖိနှိပ်ဖို့တော့ မလုံလောက်သေးဘူး …
နဂါးနက်ဘုရင်က အလေးအနက်ဖြစ်ဖို့ ပြင်လိုက်ရင်း မျက်နှာထားက အေးစက်လာသည်။
သူက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို မည်သူက အထက်ကလဲ မြင်အောင် ပြရမည်။ သူ့အနေနှင့် အောင်းပင်းက သူတို့သူတော်စင်နှင့် စာချုပ်ချုပ်ဆိုထားလျှင်ပင် ဘာမှအဓိပ္ပါယ်မရှိကြောင်း သိအောင် ပြရမည်။
မင်းတို့ သဘောထားကို ပြင်လိုက်ပြီးတော့ ဒေါ်လေးအောင်းပင်းကိုသာ လေးလေးစားစား ဆက်ဆံကြစမ်း … မဟုတ်ရင် နဂါးနက်ကျွန်းက မင်းတို့အားလုံးကို ဖျက်စီးပစ်မယ်
ဤသည်မှာ နဂါးနက်မျိုးနွယ်၏ အမျက်ဒေါသ ဖြစ်၏။
အောင်းယဲ့က စွမ်းအားစုစည်းကာ အားအပြည့်ထုတ်ပြတော့မည့်ဆဲဆဲတွင် သူတော်စင် စံအိမ်တံခါးက ပွင့်လာလေသည်။
အင်မတန် ချောမောလှသည့် လူငယ်လေးနှင့် ကလေးမလေးတစ်ယောက်တို့ ထွက်လာသည်။ အောင်းယဲ့က မည်မျှစွမ်းအားကြီးစေကာမူ ထိုလူငယ်လေး၏ မျက်နှာကို မြင်လိုက်သည်နှင့် တအံ့တဩ နောက်ဆုတ်မိသွားသည်။
ဒီကမ္ဘာကြီးထဲမှာ ဒီလောက်ချောတဲ့သူ ရှိသေးတယ်လား … ဒါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လား
ဒေါ်လေးအောင်းပင်း သူနဲ့ စာချုပ်ချုပ်ချင်တာ မဆန်းတော့ပါဘူး … ဒေါ်လေးက ရုပ်ချောတဲ့သူဆိုရင် အားပျော့သွားတတ်တယ်လေ
.................
ထိုစဉ် အောင်းပင်းက သေရည်ထည့်ထားသည့် ဘူးသီးခြောက်ဘူးကြီးကို ကိုင်ဆောင်လာသ်။ ရှန်ထျန်းက သူမကို ပေးထားခြင်း ဖြစ်၏။ သူမက ထိုအရာကို သယ်ဆောင်ထားရင်း အတော်လေး ချစ်ဖို့ ကောင်းနေသည်။
အချိန်အတော်ကြာပြီးနောက် ရင့်ကျက်ကာ ယုံကြည်ချက်အပြည့် အပြုံးလေးက သူမ၏ ကလေးဆန်ဆန် မျက်နှာအထက်တွင် ပေါ်လာကာ “ ရှောင်ယဲ့လား … ငါတို့မတွေ့ဖြစ်တာ နှစ်တစ်သောင်း ရှိသွားပြီပဲ … မင်းတောင် ဝိဇ္ဇာ ဖြစ်လာပြီ ”
အောင်းပင်းက တစ်ခုခုတွေးမိသွားဟန်ဖြင့် ရှန်ထျန်းကို အောင်းယဲ့ဆီ ဆွဲခေါ်လာလိုက်သည်။
“ လာလာ မင်းတို့နှစ်ယောက်ကို မိတ်ဆက်ပေးမယ်။ ရှန်ထျန်း ဒါက ငါ့တူလေး အောင်းယဲ့။ အခုလက်ရှိ နဂါးနက်ဘုရင်ပဲ … သူ့စွမ်းရည်က အသင့်တင့်ပဲ။
ရှောင်ယဲ့ … ဒါက ငါ့လူသားတွဲဖက် အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင် ရှန်ထျန်းပဲ။ နဂါးမျိုးနွယ်ရဲ့ ဝါစဉ်စည်းမျည်းအရဆိုရင် မင်းက သူ့ကို ဦးလေးလို့ ခေါ်ရမယ် ”
ဘာကြီး …
ကျွန်တော်က နဂါးနက်ဘုရင်လေ ဒီကောင်စုတ်လေးကို ဦးလေးလို့ ခေါ်ရမှာလား …
အောင်းယဲ့ကား သူငယ်ငယ်တုန်းက ပုံစံနှင့် တူသည့် ရှန်ထျန်းကို ကြည့်ရင်း ကြောင်အမ်းနေမိသည်။
ယခု သူက အခြားညီအစ်ကိုများကို အောင်းပင်းအား ကြိုဆိုရန် သွားဖို့ပြောစဉ်အခါက အားလုံးက တခြားအစီအစဉ်ရှိကြောင်း ပြောကာ ငြင်းပယ်ခဲ့ကြသည်။
ဒီကောင်စုတ်လေးတွေက ဒီလိုဖြစ်မယ်မှန်း သိနေပြီးသားပဲ နေမယ် … ငါ့ကို မပြောခဲ့ကြဘူး … သေစမ်း ငါ သတိလွတ်သွားခဲ့တာပဲ
.................
ထိုစဉ် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က အောင်းယဲ့၏ တအံ့တဩ အမူအယာကို ကြည့်နေရင်း သိသိသာသာ လှုပ်ခတ်သွားတော့သည်။
အရှင်းဆုံးပြောရလျှင် လက်ရှိနဂါးနက်ဘုရင် အောင်းယဲ့က လွန်ခဲ့သော နှစ်တစ်ထောင်ခန့်ကတည်းက ထိပ်တန်း ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီးသား ဖြစ်၏။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ပင် သူနှင့် ရင်ဆိုင်သည့်အခါ ဖိအားခံစားရသည်။
ကျန်းလုံယွမ်က အရှုံးပေးပြီး အထွတ်အမြတ်မြေ၏ ဂုဏ်သိက္ခာကို ထိန်းဖို့ အကောင်းဆုံး ပြင်ဆင်ထားခဲ့သည်။
သို့သော် ယခု ထိုအရာများ မလိုတော့ပေ။
ဘာကြောင့်လဲ … သူက အခုအထက်စီးက ဖြစ်သွားလေပြီ။
အောင်းပင်းနှင့်ရှန်ထျန်းကြားရှိစာချုပ်မှာ ရှန်ထျန်းအား အောင်းပင်းနှင့်အတူတူ အဆင့်အတန်းကို ပေးသောကြောင့် အောင်းယဲ့ကပင် ရှန်ထျန်းအား ဦးလေးဟု ခေါ်ရပေမည်။
ရှန်ထျန်းက သူ့တပည့် ဖြစ်သည့်အတွက် အောင်းယဲ့က ကျန်းလုံယွမ်ထက် ဝါစဉ်နှစ်ခု ငယ်မသွားဘူးလား …
မောက်မာလွန်းတဲ့ နဂါးနက်ဘုရင်က သူ့ဂျူနီယာလေး ဖြစ်လာသည်ကို ကြည့်ကာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အားရပါးရ ရယ်ပစ်လိုက်ချင်မိသည်။
မဟုတ်သေးဘူး … ငါ တောင့်ခံထားရမယ် …
ငါက တည်တည်ငြိမ်ငြိမ် အမူအကျင့်လေးကို ထိန်း … ထိန်ထားရမယ် … ဟားဟားဟား