အခန်း (၂၀၂)
Vol. 21 Ch. 202
ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့ တစ်ညနေခင်းလုံး တော်ဝင်မြို့တော်စာအုပ်ဆိုင်ထဲတွင် ရှိနေခဲ့ပြီး စာအုပ်ဆိုင်မပိတ်ခင်အချိန်ထိ နေခဲ့ကြကာ စာအုပ်အိတ်များဖြင့် စာအုပ်ဆိုင်မှထွက်လာခဲ့ကြသည်။
နွေရာသီအချိန်တွင် နေလည်ခင်းအချိန်က ရှည်လျားကာ ညဘက်သို့ရောက်ရှိလာခဲ့လျှင်ပင် ကောင်းကင်မှာ အလင်းရောင်များကျန်ရှိနေခဲ့သေးသည်။
ကျန်းကျန်း ရှီကျွင့်ကျဲဘက်လှည့်၍ ပြောလိုက်သည်။
“ကျွန်မ အိမ်ကို ကားစီးပြန်လိုက်မယ်”
“ဒါဆို တူတူပြန်ရအောင်”
ရှီကျွင့်ကျဲက ကျန်းကျန်း၏ ဘယ်ဘက်သို့ ပုံမှန်အတိုင်းလျှောက်သွားခဲ့ကာ သူမအတွက် လမ်းဘေးမှဖြတ်သွားသည့်စက်ဘီးများမှ ကာကွယ်ပေးထားခဲ့သည်။
သူတို့နှစ်ဦးက နေ့တစ်နေ့၏အချိန်အများစုကို စာအုပ်ဆိုင်သို့လည်ပတ်ခဲ့ကြကာ နေ့လည်စာကိုလည်း အတူစားခဲ့ကြသည်။
ထို့ကြောင့် ယခုတွင် သူတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးနေကြပြီဟု ဆိုနိုင်ပေသည်။
ဘတ်စ်ကားမှတ်တိုင်သို့ အတူသွားနေကြဖြင့် ရှီကျွင့်ကျဲက သူ၏ပုခုံးလောက်သာ အမြင့်ရှိသည့် ကျန်းကျန်းကို ငုံ့ကြည့်ပြီး ရှက်ရွံ့မှုတို့ကို ဘေးဖယ်ကာ မေးမြန်းလိုက်သည်။
“ မင်းတို့အိမ်မှာ ဖုန်းရှိလား? တကယ်လို့ မင်း စာကြည့်တိုက်တို့စာအုပ်ဆိုင်တို့ သွားချင်တယ်ဆိုရင် ကိုယ်တို့တွေ အတူသွားကြမယ်လေ ‘
ကျန်းကျန်း သူ့ဘက်သို့ လှည့်ကြည့်လာသည်။ ရှီကျွင့်ကျဲက သူမ၏အကြည့်ကြောင့် အလျင်အမြန်ပြုံးပြခဲ့ကာ သူ၏စိတ်လှုပ်ရှားနေမှုကိုဖုံးကွယ်လိုက်ပြီး ဆက်ပြောခဲ့လေ၏။
“ ကိုယ့်အထင် ကိုယ်တို့တွေ စာအုပ်အကြောင်းတွေ ဆွေးနွေးလို့ရတယ်လေ၊ ဒါမှမဟုတ် ဘာသာစကားတွေအတွက် စကားပြောတွေ အတူတူလေ့ကျင့်လို့ရတာပဲ”
ကျန်းကျန်းကတော့ ပြင်သစ်စကားပြောလေ့ကျင့်ရန်အတွက်အဆင်ပြေသည်ကိုကြားလျှင် အနည်းငယ်စိတ်လှုပ်ရှားသွားရသည်။
ရှဲ့ရှူးရန်သည်ကား သူ့တွင် ကိုယ်ပိုင်အလုပ်များရှိပြီး တစ်ပတ်တစ်ရက်သွားကာ သူ့အားအလုပ်ရှုပ်စေခဲ့ရသည်မှာလည်း အလွန်စိတ်အနှောင့်အယှက်ဖြစ်စေလိမ့်မည်။
ပီကင်းအော်ပရာ မာစတာတစ်ယောက်က သူမနှင့်အတူ တစ်နေ့လုံး စကားပြောလေ့ကျင့်ပေးရန် မဖြစ်နိုင်ပေ။
ရှီကျွင့်ကျဲကတော့ သူ၏ပြင်သစ်စကားပြောဆိုမှုမှာ သူ ငယ်စဉ်ကတည်းက ပြင်သစ်တွင်သင်ယူခဲ့ခြင်းဖြစ်ပြီး ပြင်သစ်အသံထွက်စစ်မှန်ပေသည်။
ကျန်းကျန်း တစ်ခဏလောက်စဉ်းစားပြီးနောက် ရှီကျွင့်ကျဲအားပြောလိုက်သည်။
“ကျွန်မတို့ အိမ်မှာဖုန်းမရှိဘူး ၊ဒါပေမယ့် ရှင့်မိသားစုကလဲ ဟုန်ရန်မှာနေတယ်ဆိုရင် ကျွန်မတို့နှစ်ယောက်အရမ်းဝေးနေတာမှာမဟုတ်လောက်ဘူး။ တကယ်လို့ ရှင်အားတဲ့အခါ
ချိန်ကျရင် အိမ်ကိုလာပြီး ကျွန်မကိုလာရှာလိုက်လေ”
“မင်းရဲ့အိမ်ကိုလာရမှာလား?”
ရှီကျွင့်ကျဲ၏ နှာခေါင်းတွင် ချေးအနည်းငယ်ပြန်သွားခဲ့ရသည်။
“မင်းရဲ့မိသားစုက ခွင့်ပြုပါ့မလား?”
ကျန်းကျန်း အားရပါးရရယ်မောလိုက်လေ၏။
“အဆင်ပြေပါတယ်၊ ကျွန်မတို့ကအတန်းဖော်တွေပဲလေ၊ ကျွန်မတို့တွေ စာအတူတူလုပ်တာကို ကျွန်မရဲ့မိဘတွေက ဘာမှပြောမှာမဟုတ်ဘူး”
ရှီကျွင့်ကျဲတစ်ယောက် ကျန်းကျန်း၏နှလုံးသားကြီးမားပုံကိုကြည့်ရင်း အကူအညီမဲ့စွာပြုံးလိုက်ပြီး ပြောလိုက်သည်။
“အခုချိန်မှာ တံခါးဆီကိုဝင်သွားရမှာက စောသေးတယ်ထင်တယ်”
ကျန်းကျန်း နားမလည်စွာ မျက်တောင်ခတ်လိုက်မိသည်။
သို့သော် သူမ မည်သည့်အရာကိုမှ မပြောလာခင် ရှီကျွင့်ကျဲကအရင်ပြောလိုက်သည်။
“ ကိုယ် မနက်(၅)နာရီခွဲတိုင်း ဟုန်ရန်ရဲ့ တစ်ဝိုက်ကို ပြေးလေ့ရှိတယ်၊ ပြီးရင် တစ်နာရီလောက် ပြင်သစ်စာဖတ်လေ့ရှိတယ် ၊ မင်း ကိုယ်နဲ့ပူးပေါင်းချင်လား?”
ကျန်းကျန်း အချိန်ကိုတွက်ချက်လိုက်သည်။ ဟုန်ရန်တစ်ဝိုက်ကို ဆိုလျှင် နာရီဝက်ခန့်အတွင်း ပြေးရန်လုံလောက်ပြီး နောက်ထပ်နာရီဝက်တွင် ပြင်သစ်စာအုပ်ဖတ်မည်ဆိုပါက ပြီးသွားသည့်နောက်တွင် ဒေါက်တာကျန်း၏ အိမ်သို့သွားကာ ဆေးဘက်ဝင်အစားအစာများ ချက်ပြုတ်တတ်ရန် သင်ယူရမည်။
ကျန်းကျန်း ပြုံးကာ ခေါင်းညိမ့်လိုက်သည်။
“ဟုတ်ပြီ ဒါဆို အတည်အဖြစ်သတ်မှတ်လိုက်ပြီနော် ၊ မနက်ဖြန်မနက်၅နာရီခွဲမှတွေ့မယ်”
ရှီကျွင့်ကျဲ အံ့အားသင့်ကာ ပြုံးလိုက်မိသည်။
ကျန်းကျန်းတစ်ယောက်ကတော့ ရှီကျွင့်ကျဲ၏တောက်ပသည့် အပြုံးကိုကြည့်ကာ ချက်ချင်းဆိုသလိုအေးခဲသွားရလေ၏။
သူမ၏ စိတ်ထဲတွင် ဗလာဖြစ်သွားပြီး သူမ ခေါင်း၏ဘယ်ဘက်တွင် မှတ်ချက်မျက်နှာပြင်တစ်ခုသာရှိနေတော့သည်။
“ အား အားး အားးးကြည့်ကောင်းလိုက်တာ!”
“ကောင်းပြီ ချောမောမှုကိုတွေကိုလျက်လိုက်ရင် ဘယ်လိုချိုးဖြတ်လို့ရနိုင်မလဲ?”
“အမျိုးသားနတ်ဘုရားပဲ အမျိုးသားနတ်ဘုရားပဲ အမျိုးသားနတ်ဘုရားပဲ အမျိုးသားနတ်ဘုရားပဲ...”
“ဘာလို့ဒီလောက်ကြည့်ကောင်းနေရတာလဲ! အရူးလိုဖြစ်နေရပြီ!”
ရှီကျွင့်ကျဲမှာ ကျန်းကျန်းတစ်ယောက် သူ့အား အမူအရာမဲ့ စိုက်ကြည့်နေသည်ကိုမြင်လျှင် သူ့လက်အားမြှောက်ပြီး သူမ၏ ခေါင်းလေးကို ထိလိုက်ချင်သော်လည်း သူတို့နှစ်ယောက်ကြားမှ ပုံမှန်အတန်းဖော်ဆက်ဆံရေးကို သတိရသွားပြီး စိတ်ကိုပြန်ထိန်းချုပ်လိုက်ကာ သူမအတွက် လမ်းသွားလမ်းလာများနှင့်ယာဉ်များကို တိတ်တဆိတ်ကွယ်ထားပေးခဲ့သည်။
“တီ တီးး...”
ဘတ်စ်ကားရောက်လာသည့်အခါမှသာ ကျန်းကျန်း၏အာရုံက သူမထံသို့ပြန်လည်ရောက်ရှိလာခဲ့သည်။
သူမက ယောက်ျားတစ်ယောက်၏ဆွဲဆောင်မှုအောက်သို့ လုံးလုံးကျရောက်သွားသည်ကို နားလည်လိုက်ပြီး သူမ၏ ပါးစပ်ထောင့်ကို အလျင်အမြန်လက်နှင့် ထိလိုက်ကာ သွားရေများရှိမနေကြောင်း သိလိုက်ရပြီးမှသာ စိတ်သက်သာရာရသွားခဲ့လေသည်။
ကားက မှတ်တိုင်၅မှတ်တိုင်ကိုကျော်လွန်ပြီးနောက် အိမ်ရာအနားသို့ ရောက်ရှိလာခဲ့သည်။
သူတို့နှစ်ဦး လမ်းကြားထဲဝင်လိုက်ကာ ရေကန်ဘက်သို့ကွေ့လိုက်ကြသညိ။ ထိုအခါမှ သူတို့နှစ်ယောက်၏အိမ်များက တစ်နေရာထဲတွင်ရှိနေပြီး အလွန်လည်းနီးကပ်နေကြောင်းကိုသိရှိလိုက်ရလေသည်။
ရှီကျွင့်ကျဲ တံခါးပွင့်နေသည့် ခြံဝင်းအား ညွှန်ပြလိုက်ပြီး နူးညံ့စွာပြောလာသည်။
“ ဒါကိုယ့်အိမ်လေ ၊ မင်းကို အလည်လာဖို့ဖိတ်ခေါ်တယ်နော်”
ကျန်းကျန်း ရုတ်တရက်ပြုံးလိုက်ကာ မျက်လုံးကိုမှေးကျဥ်းရင်း ဘေးဘက်မှ ခြံတံခါးကိုညွှန်ပြလိုက်သည်။
“ကျွန်မတို့မိသားစုက ဒီမှာနေတာ”
ရှီကျွင့်ကျဲမှာ သူ့အိမ်နှင့် ကျန်းကျန်း၏အိမ်တို့ ပိုမိုနီးနိုင်ရန် လမ်းတစ်လျှောက်လုံးဆုတောင်းခဲ့သော်လည်း တကယ်တမ်းတွင် ဤမျှလောက်အထိ နီးနေလိမ့်မည်ကိုတော့ မမျှော်လင့်ထားမိခဲ့ပါချေပေ။
ရှီကျွင့်ကျဲ၏အိမ်က ဘုရင်ခံအိမ်တော်၏ အရှေ့ဘက်လမ်း လေးခုမြောက်ဝင်ပေါက်ဖြစ်ပြီး ကျန်းကျန်း၏အိမ်သည် ဘုရင်ခံအိမ်၏အလယ်လမ်း လေးခုမြောက်ဝင်ပေါက်ဖြစ်ကာ နံရံတစ်တစ်ခုသာခြားတေခဲ့သည်။
“တိုက်ဆိုင်လိုက်တာ”
ကျန်းကျန်းသည် ရှီကျွင့်ကျဲအား အံ့အသင့်စွာကြည့်လာသည်။
“ကျွန်မတို့နှစ်ယောက်ရဲ့ မိသားစုတွေက အိမ်နီးချင်းတွေဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး ၊ ဒီလိုဆို ရှင်လည်း အချိန်ရှိရင် ကျွန်မရဲ့ အိမ်လာလည်လေ၊ ကျွန်မတို့မကြာခဏတွေ့ရမှာပဲ”
“ကောင်းပြီ!”
ရှီကျွင့်ကျဲ ဤတစ်ကြိမ်တွင်တော့ မငြင်းဆန်တော့ပေ။
သူက ကျန်းကျန်းအား အပြုံးဖြင့်ကြည့်လိုက်ပြီး ပြောလာခဲ့သည်။
“ဒါဆို ကိုယ်တို့ မနက်ဖြန်မနက်(5)နာရီခွဲ တံခါးရှေ့မှာ တွေ့ကြမယ်”
“ဟုတ်ပြီ မနက်ဖြန်မနက်တွေ့ကြမယ်”
ကျန်းကျန်း ရှီကျွင့်ကျဲအား လက်ပြကာ ကျောင်းလွယ်အိတ်ကို ကျောပေါ်တွင်လွယ်လျက် အိမ်တံခါးဆီသို့လျှောက်သွားခဲ့သည်။
ရှီကျွင့်ကျဲသည်လည်း ကျန်းကျန်းအိမ်ထဲဝင်သွားသည်ကို ကြည့်ပြီးမှသာ သူ့အိမ်တံခါးကိုဖွင့်ကာ ဝင်သွားခဲ့သည်။
အိမ်ထဲတွင်တော့ သူ့၏အဖိုးဖြစ်သူက တံခါးနားတွင် ဝမ်းနည်းပက်လက်ထိုင်နေပြီး သူဝင်လာသည်ကိုမြင်သည်နှင့် လှမ်းမေးလိုက်သည်။
“ငါ့ယပ်တောင် ဘယ်မှာလဲ?”
ရှီကျွင့်ကျဲ သူ့လွယ်အိတ်အား အမြန်ချွတ်ကာ အရင်ဆုံး ကျောင်းလွယ်အိတ်ထဲမှ စာအုပ်ငါးအုပ်ခြောက်အုပ်အား ထုတ်ပြီး အောက်ဘက်မှ ယပ်တောင်ကိုယူကာ လူအိုကြီးချန်းကို လှမ်းပေးလိုက်သည်။
လူအိုကြီးချန်မှာ သူ့မြေးဖြစ်သူ၏ အမူအရာအပြုအမူများကို မြင်သည့်အခါ စိတ်ဆင်းရဲလွန်း၍ ဆွဲယူလုနီးပါးပင်။
သူ ယပ်တောင်အား အလျင်အမြန်ယူလိုက်ပြီး ဂရုတစိုက်ဖွင့်လိုက်ကာ ခေါက်ရာနှင့်သံချေးတက်မတက်သေချာစစ်ဆေးပြီး အပြစ်အနာအဆာမရှိတော့မှသာ စိတ်သက်သာရာရသွားလေသည်။
“အဖိုးရဲ့ ယပ်တောင်က ဈေးကြီးလွန်းတယ်၊ ဘာလို့ မနေ့ညကကျွန်တော့် အိမ်မှာထားခဲ့ရတာလဲ?”
ရှီကျွင့်ကျဲ စာအုပ်များကိုပြန်စီပြီး ကျောင်းလွယ်အိတ်ထဲထည့်ကာ ပုခုံးပေါ်သို့ လွယ်လိုက်သည်။
လူအိုကြီးချန်တစ်ယောက် ခုန်ကာ ရှီကျွင့်ကျဲ၏နဖူးကို တောက်လိုက်လေသည်။
“စဉ်းစားဉာဏ်မရှိတဲ့ကောင်စုတ်လေး၊ ငါမနေ့ကအများကြီးမသောက်ခဲ့ဘူးလား? ဒါနဲ့ မေးပါရစေဥး၊ ဒီယပ်တောင်ကို ငါ့ဆီ ပို့ရမဲ့အစား မင်း ဘယ်နေရာကို ရောက်နေတာလဲ”
ရှီကျွင့်ကျဲက ခေါင်းကိုစောင်းလိုက်ကာ လူအိုကြီးချန်၏ လျှပ်စီးလက်ချောင်းများကိုရှောင်လိုက်ပြီး အရှေ့သို့ဆက်လျှောက်သွားကာ မထူးခြားသလိုပြောလိုက်သည်။
“စာအုပ်ဆိုင်ကိုသွားပြီး စာအုပ်သွားဝယ်တာ”
“စာအုပ်သွားဝယ်တယ်?”
လူအိုကြီးချန်က သူ့လက်ထဲရှိယပ်တောင်ကို ခေါက်ကာ ရှီကျွင့်ကျဲနောက်လိုက်သွားခဲ့ပြီး သူ့အား မယုံသင်္ကာဟန်ဖြင့်ကြည့်လာသည်။
“မင်းရဲ့စာအုပ်စင်က စာအုပ်တွေအကုန် ဖတ်ပြီးသွားပြီလား?”
“ပြီးသွားပြီ”
ရှီကျွင့်ကျဲ ကော်ရစ်တာကိုဖြတ်ကာ သူ့အခန်းသို့လျှောက်သွားခဲ့သည်။
လူအိုကြီးချန်က ခြေလှမ်းအနည်းငယ် အမြန်လှမ်းကာ သူ့မြေးအား ရှေ့မှပိတ်ဆို့လိုက်လေသည်။
“မင်းရဲ့အဖိုးကိုအလွယ်လေး လှည့်စားလို့ရတယ်ထင်နေတာလားကွ?”
လူအိုကြီး နှာခေါင်းရှုံ့လိုက်ပြီး
“အခုလေးတင် တံခါးနားမှာ ငါကြားခဲ့တယ်”
ရှီကျွင့်ကျဲ၏ ချက်ချင်းအသင့်အနေအထားဖြစ်သွားသည့် မျက်နှာက်ုကြည့်ရင်း လူအိုကြီးချန်က သူ့အား မျက်စိတစ်ဖက်မှိတ်ပြကာ သူ့မျက်နှာပေါ်တွင်အတင်းပြောချင်သည့်အမူအရာပြည့်နှက်နေသည်။
“အဲဒါ ဘေးအိမ်ကကောင်မလေးမလား? သူမက လှလား?”
“အဖိုးဘာတွေပြောနေတာလဲ ကျွန်တော်မသိဘူး”
ရှီကျွင့်ကျဲသည် တံခါးကိုတွန်းဖွင့်လိုက်ပြီး ကျောင်းလွယ်အိတ်ကို ပြတင်းပေါက်နားရှိစာအုပ်စင်တွင်ချကာ စာအုပ်များကို စာအုပ်ချင်းစီထုတ်နေသည်။
“မင်း ဟန်ဆောင်နေတာပဲ!”
*
လူအိုကြီးချန် လက်ဖက်ရည်စားပွဲရှေ့တွင် ထိုင်ပြီး အီလတ်ထရစ်နစ်ရေနွေးအိုးအား ပလပ်တပ်ကာရေနွေးပူပူဖြင့် လက်ဖက်ရည်ဖျော်ရင်း ပြောလာပြန်သည်။
“ငါ မင်းရဲ့ရယ်သံကို တံခါးကနေဖြတ်ပြီး ကြားနေရတယ်နော်”
လူအိုကြီးချန်း စူပုတ်နေပြီး အနိုင်ရလိုစွာပြောလာပြန်သည်။
“မင်း ငါ့ကို ဒီလိုမျိုး လှည့်စားဖို့မလုပ်နဲ့!”
ရှီကျွင့်ကျဲ အဖိုးဖြစ်သူအားဗလာသပ်သပ်ကြည့်ကာ တစ်ဖက်ထိုင်ခုံတွင်ထိုင်ရင်း သူ့အတွက်သူ လက်ဖက်ရည်လောင်းထည့်လိုက်သည်။
“ကျွန်တော့်မိဘတွေကို သူမအကြောင်းမပြောနဲ့အုံး”
“ဘာဖြစ်လို့လဲ?”
လူအိုကြီးချန် ရှီကျွင့်ကျဲအား စိတ်ဝင်စားစွာကြည့်လိုက်ပြီး မေးမြန်ကြည့်လိုက်သည်။
“အဲဒီမိန်းကလေးက မင်းကိုမလေးမစားလုပ်လို့လား?”
ရှီကျွင့်ကျဲ၏ မျက်လုံးများ အောက်သို့နှိမ့်သွားပြီး လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။
“ဘွဲရပြီးမှ ဒီအကြောင်းပြောကြတာပေါ့”
လူအိုကြီးချန် သူ့အားအဓိပ္ပာယ်အပြည့်ပါသည့် အကြည့်ဖြင့် ပြောလာလေ၏။
“အိုး လက်ထပ်ဖို့အတွက်ပေါ့”
“အဓိပ္ပာယ်မရှိတာ!”
ရှီကျွင့်ကျဲ လူအိုကြီးအား တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“အချစ်မပါတဲ့ အိမ်ထောင်ရေးဆိုတာ ရမ်းကားမှုတစ်ခုသက်သက်ပဲ”
**