အခန်း (၂၀၃)
Vol. 21 Ch. 203
ကျန်းကျန်း အိမ်သို့ ပြန်ရောက်ပြီး ခန်းဆီးတံခါးဆီသို့ ဝင်လာသည့်အချိန်တွင် အခန်းတွင်းထဲ၌ စကားပြောသံနှင့် ရယ်မောသံများဖြင့် သက်ဝင်လှုပ်ရှားနေသည်ကိုကြားလိုက်ရသည်။
ပထမဦးစွာ သူမ အရှေ့ဘက်ပပေါက်ဆီသို့သွားကာ ကျောင်းလွယ်အိတ်အားချလိုက်ပြီး လက်နှင့်မျက်နှာကိုအရင်ဆေးကြောလိုက်လိုက်သည်။ ထို့နောက် ရေတစ်ခွက်သောက်လိုက်ပြီး ပင်မအိမ်ခန်းဆီသို့သွားလိုက်သည်။
တံခါးမှ ဝင်လိုက်လျှင်ပင် ပင်မဟောခန်းထဲတွင် မိသားစုလိုက် ထိုင်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
သူတို့ရှေ့မှ စင်ပေါ်တွင်တော့ အဖြူ၊အမဲ ရုပ်သံထွက်သည့် တီဗီအသေးတစ်လုံးရှိသည်။
အင်တန်နာတိုင်နှစ်ခုမှာ တီဗီ၏ဘယ်နှင့်ညာတွင်တပ်ဆင်ထားပြီး တီဗီဖန်သားပြင်တွင် တီဗီအစီအစဥ်တစ်ခုကိုပြသနေသည်။
မဒမ်လီက စာကြည့်မျက်မှန်ကိုတပ်ဆင်ကာ လီမူဝူနှင့်ဝမ်စုဖန်းတို့နှင့်အတူအရှေ့တွင်ထိုင်နေပြီး ဘယ်ဘက်ဘေးတွင်တော့ လီမင်နန်နှင့် မုန်ရှောင်ရှီတို့က ဘီစကစ်နှင့် ဖက်ထုတ်တို့နှင့်အတူ ထိုင်နေခဲ့သည်။
လီမင်ပေနှင့် ဝမ်ရှင်းဝမ့်တို့က ညာဘက်တွင် စွပ်ပြုတ်လေးဖြင့် အတူထိုင်နေခဲ့ပြီး မင်ရှီနှင့် ရှဲ့ယန်နန်တို့ကတော့ ဘေးတွင် မီးပုံးကြော်လေးနှင့်အတူ သစ်သီးများဖြင့်ထိုင်နေကြကာ တီဗီကြည့်နေခဲ့ကြသည်။
ကျန်းကျန်း အခန်းထဲသို့ ဝင်လာချိန်တွင်ပင် သူတို့က စကားပြောနေကြဆဲဖြစ်ပြီး မဒမ်လီက သူမဝင်လာသည့်အသံကြောင့် ခေါင်းလှည့်လာခဲ့ကာ သူမအားစိတ်လှုပ်ရှားစွာဖြင့် လက်ဝေ့ရမ်းလျက်ခေါ်လာသည်။
“ ကျန်းကျန်း ဒီကိုလာခဲ့ မင်းရဲ့အကြီးဆုံးဦးလေးက အဖွားတို့အိမ်အတွက် တီဗီတစ်လုံးယူလာတယ်၊ ဒါက ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်နေရသလိုပဲ ၊ လာကြည့်ကြည့်”
ကျန်းကျန်းသည်ကား နောက်လာမည့်မျိုးဆက်သစ်များ၏ ၄၀ လက်မ သို့မဟုတ် ၅၀လက်မခန့်ကြီးသည့် တီဗီကြီးဖြင့် အသားကျနေခဲ့ပြီး ထိုတီဗီမှာကား ပထမတစ်ချက်ကြည့်ရုံဖြင့် ၁၈လက်မ၊ ၁၉လက်မ လောက်သာရှိကြောင့်တွေ့နိုင်ကာ သူမကျင့်သားမရသေးပေ။
သို့သော် ဆယ်နှစ်ကျော်ခန့် တီဗီမကြည့်ရသည့်ရသည့်အတွက် လက်ရှိတွင် အလွန်သစ်လွင်သည်ဟုလည်းခံစားနေခဲ့ရသည်။
မစ္စလီက လီမူဝူ၏ထိုင်ခုံနေရာအားညစ်ထုတ်လိုက်ပြီး တစ်နေရာစာလွတ်သည့် ခုံရှည်အား ပုတ်ကာ ပြောလာသည်။
“ကျန်းကျန်း ၊လာ အဖွားရဲ့ဘေးမှာလာထိုင်၊ အဖွားနှင့်အတူ တီဗီကြည့်ကြမယ်”
ကျန်းကျန်း ထိုနေရာသို့လျှောက်သွားခဲ့ကာ အပြုံးဖြင့်ထိုင်လိုက်ပြီး မဒမ်လီကို ပြန်ပြောလိုက်သည်။
“ဒီတီဗီက တကယ်ကို အသက်ဝင်လွန်းတာပဲ၊ အနာဂတ်မှာ အဖွားအတွက် လုပ်စရာတစ်ခုရှိလာပြီ၊ အိမ်မှာ ဒါကို နေ့တိုင်းဖွင့်ပြီးကြည့်နေလို့ရပြီဆိုတော့ အဖွားအတွက် အပျင်းပြေတာပေါ့”
မစ္စလီသည် ပြုံးရွှင်စွာဖြင့် အလွန်စိတ်ကျေနပ်စွာ ခေါင်းငြိမ့်ပြလာခဲ့ပြီး တီဗီကြည့်ရင်းသက်ပြင်းတစ်ချက်ချလိုက်ပြန်သည်။
“ ပေါင်ပေ့ပြောသလိုပဲ ၊ ဘဝကအခုဘယ်လောက်ကောင်းလိုက်သလဲ မင်းရဲ့အဖွားက အစားအသောက်အလုံအလောက် မစားခဲ့ရတာကိုကျင့်သားရနေခဲ့တာ ၊ နောက်ပြီး နေ့တိုင်း အလုပ်ပိုလုပ်ပြီးအစားအသောက်တွေ များများစုဆောင်းနိုင်မှ ငတ်မသေမှာလို့ တွေးနေခဲ့တာ၊
အခုကျတော့ ကြည့်လိုက်ပါဦး၊ အိမ်မှာတောင်မှ တီဗီတွေကြည့်လို့ရပြီး ဒီလိုမျိုး အိမ်ကြီးထဲမှာလည်း နေရသေးတယ်၊ည နောက်ပြီး နေ့တိုင်းစားဖို့လဲမပူပန်ရဘူး”
ကျန်းကျန်း မစ္စလီ၏လက်မောင်းကိုပွေ့ဖက်လိုက်ကာ အလိုလိုက်ခံထားရသည့်ကလေးတစ်ယောက်ကဲ့သို့ ပြုမူလိုက်သည်။
“အနာဂတ်မှာ ပိုပြီးကောင်းလာဦးမှာ၊ အဖွားက အမြဲတမ်းဒီလိုမျိုး သက်သောင့်သက်သာနှင့် ဇိမ်ရှိရှိနေရင်ရပြီ၊ အနာဂတ်မှာ သမီးက အဖွားကို လေယာဉ်နှင့် ခရီးထွက်ဖို့ ခေါ်သွားပြီး ပင်လယ်တွေဘက်ကို လည်ပတ်ခိုင်းမယ်၊ ပင်လယ်စာတွေလည်း အများပြီးစားကြမယ်၊ နောက်ပြီး နိုင်ငံခြားကိုပါ သွားပြီးကစားကြမယ်”
မဒမ်လီက တခဏမျှ တွေးပြီး ခေါင်းခါလိုက်သည်။
“မဖြစ်ပါဘူး၊ အဲဒီလေယာဉ်တွေက ကောင်းကင်ပေါ်ကနေ ဗုံးတွေပစ်ချတာလေ၊ မင်းရဲ့အဖွားကတော့ အဲဒီအပေါ်ကနေ တက်ထိုင်ပြီးမလိုက်ရဲပါဘူး”
ကျန်းကျန်း ပြုံးလိုက်ကာ အနောက်မှာမှီပြီး ပြောလိုက်တယ်။
“အဖွားက ရယ်စရာတွေပြောနေပြန်ပြီ ၊ သမီးပြောတဲ့လေယာဉ်က လူတွေတင်ဖို့အတွက် အထူးတလည်လုပ်ထားတဲ့လေယာဥ်ကိုပြောတာ”
မဒမ်လီက ကျန်းကျန်းပြောသည့် ထိုအရာက မည်သည်နှင့်တူလဲဆိုသည်ကို တွေးတော၍မရနိုင်သော်လည်း သူမက ပြုံးလိုက်ဆဲပဲဖြစ်ကာ ကျန်းကျန်း၏ ခေါင်းလေးအား အသာအယာပုတ်လိုက်လေသည်။
“ကောင်းပြီလေ ဒါဆို ပေါင်ပေ့ခေါ်သွားပေးမှာကို အဖွားစောင့်နေမယ်၊ ပြီးရင် မင်းရဲ့မိဘတွေကိုလဲ နေရာအနှံ့ ကစားဖို့ခေါ်သွားကြတာပေါ့”
ကျန်းကျန်းက မဒမ်လီနှင့် ဝမ်စုဖန်းတို့အား လက်တစ်ဖက်စီဖြင့် ပွေ့ဖက်ကာ ပျော်ရွှင်စွာဖြင့် ပြောလိုက်စည်။
“အဖွားတို့တွေက အနာဂတ်မှာ သမီးနဲ့အတူ အပျော်တွေအတူ ခံစားရဖို့ စောင့်သာနေသင့်တယ်”
ပစ္စည်းအသစ်အဆန်းဖြစ်သည့် တီဗီကြောင့် တစ်မိသားစုလုံးက တီဗီ၏ ဘေးဘက်ပတ်ပတ်လည်တွင် စိတ်လှုပ်ရှားစွာကြည့်ရှုနေခဲ့ပြီး ချက်ပြုတ်ရန်ကိုပင် သတိမရခဲ့ကြပေ။
သို့နှင့် မုန်ရှောင်ရှီတစ်ယောက် ရေထယူရင်း နံရံပေါ်မှ နာရီအားကြည့်လိုက်မိသည့်အချိန်တွင် အချိန် အတော်လေးလင့်နေပြီဖြစ်၍ လီမင်နန်၏ လက်မောင်းကြားထဲမှ ကလေးအား အလျင်အမြန်ဖယ်လိုက်ပြီး ပြောခဲ့သည်။
“အိုး ညစာစားချိန်တောင် ရောက်နေပြီပဲ၊ ကျွန်မ သွားချက်ပြုတ်လိုက်အုံးမယ်”
ဝမ်ရှင်းဝမ့်ကလည်း ထရပ်လိုက်လျှင် ရှဲ့ယန်နန်မှ သူတို့နှစ်ဦးအား ထိုင်ခုံတွင်ပြန်ထိုင်နေခိုင်းကာ ပြောလာလေသည်။
“တီဗီပဲဆက်ကြည့်နေလိုက်ကြဦး၊ ဒီနေ့ ငါ့ရဲ့လက်ရာကို လက်စွမ်းပြပေးဦးမယ်၊ ဒါမှ ငါ့ရဲ့လက်ရာကို လူတိုင်း မြည်းစမ်းကြည့်လို့ရမှာ”
ဝမ်ရှင်းဝမ့်ကလည်း အပြုံးလေးဖြင့်ပြောလာသည်။
“မိသားစုဝင်တွေ အတူစားကြမှာပဲလေ၊ ကျွန်မလည်း ယောက်မကို ကူညီပေးမယ်”
ဤသို့ဖြင့်သမီးယောက်မ သုံးယောက်လုံးက မီးဖိုထဲသို့ဝင်သွားခဲ့ကြလေ၏။
မဒမ်လီကတော့ သူမ ကြည့်နေသည့် ရုပ်ရှင်အားကြည့်ကာ ရပ်တန့်လိုက်ရမည်ကို ဝန်လေးနေခဲ့သည်။
ထို့ကြောင့် သူမ ဝမ်စုဖန်းနှင့်ဆွေးနွေးလိုက်သည်။
“ငါတို့ စားသောက်တဲ့အချိန် တီဗီကိုခြံဝင်းထဲကို ရွေ့ပြီး စားပွဲကိုလည်းခြံဝင်းထဲရွေ့လိုက်မယ်လေ ၊ အဲဒါဆို ငါတို့တွေ ထမင်းစားရင်းအေးအေးဆေးဆေး တီဗီကြည့်လို့ရပြီ”
တစ်မိသားစုလုံးက မဒမ်လီ၏စကားကိုအလွန်သဘောတူခဲ့ကြပြီ စိတ်အားထက်သန်စွာ ကြည့်လိုက်ကြကာ စားပွဲကိုအမြန်ရွေ့လိုက်ကြသည်။ သူတို့က ဝိုင်ယာကြိုးကိုလည်း အရှည်ဆွဲ၍ ထုတ်ယူလာခဲ့ကြသည်။
အစားအသောက်များက အဆင်သင့်မဖြစ်ခင်မှာပင် တစ်မိသားစုလုံးကခြံဝင်ထဲသို့ ထိုင်နေကြပြီဖြစ်ပေသည်။
စားသောက်ပြီးနောက်တွင် ကျန်းကျန်း အခန်းထဲသို့ပြန်ကာ ရေချိုးသန့်စင်လိုက်ပြီး အိပ်ယာထဲမဝင်ခင် နိုးစက်နာရီကို ငါးနာရီ ဆယ်မိနစ်တွင်ထားလိုက်သည်။
ထို့နောက်အိပ်ယာပေါ်တွင် ထိုင်လိုက်ပြီး စာအုပ်တစ်အုပ်အား ခဏလောက်ဖတ်လိုက်ပြီးမှမီးအိမ်ကိုပိတ်လုက်ကာ အိပ်စက်ရန်လှဲလျောင်းလိုက်လေသည်။
ကျန်းကျန်း၏အိပ်စက်ခြင်းအလေ့အထက အလွန်ကောင်းပေသည်။ သူမက လှဲချလိုက်သည်နှင့် အိပ်ပျော်သွားလေ့ရှိသည်။
လတ်တလောတွင် သူမ၌ လုပ်စရာအလုပ်များမရှိသဖြင့် သူမအိပ်ပျော်သွားစဉ် သူမခန္ဓာကိုယ်မှ အသိစိတ်က ထွက်ခွာသွားခဲ့ပြီးတစ်ခြားနေရာသွားတာမျိုး မလုပ်ခဲ့ပေ။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီးနောက် မနက်စောစောတွင်ပင် ကျန်းကျန်း နိုးထလာခဲ့ပြီး သက်တောင့်သက်သာဖြစ်စေမည့် လက်တိုအင်္ကျီကိုလဲလိုကသည်။
ထို့နောက် ရေအေးဖြင့်မျက်နှာသစ်လိုက်ပြီး ဆံပင်ကိုရိုးရှင်းစွာ စုချည်ပြီး အပြင်သို့ထွက်လာခဲ့လေသည်။
ရှီကျွင့်ကျဲသည်ကား အစောကြီးကတည်းက တံခါးနားတွင်စောင့်နေခဲ့ပြီး လီမိသားစုအိမ်မှ တံခါးပွင့်လာသည်ကို မြင်တွေ့လိုက်ရသည်နှင့်သူ၏ ခေါင်းကို ချက်ချင်းလှည့်လိုက်ကာ တံခါးထဲမှ ခြေတစ်ဖက်တည်းသာ လှမ်းရသေးသည့် ကျန်းကျန်းအား မစောင့်နိုင်တော့စွာနှင့် နှုတ်ဆက်လာခဲ့သည်။
သူက အလွန်တောက်ပလွန့်သည့်အပြုံးဖြင့် ကျန်းကျန်းကို နှုတ်ဆက်လိုက်လေ၏။
“မင်္ဂလာမနက်ခင်းပါ”
ကျန်းကျန်း ရှီကျွင့်ကျဲ၏ ဆွဲဆောင်နိုင်သည့်မျက်နှာနှင့် အပြုံးအား ကြည့်ရင်း ရုတ်တရက် ဤကဲ့သို့ မနက်စောစောထရသည်မှာ အလွန်ပင် ထိုက်တန်လှကြောင်း ခံစားမိခဲ့သည်။
ကျန်းကျန်း ရှီကျွင့်ကျဲနှင့် အပြန်အလှန် နှုတ်ဆက်ပြီးနောက် သူမ တစ်ဖက်လူအား အပေါ်မှအောက်သို့ အပြန်အလှန်ကြည့်လိုက်မိသည်။
ရှီကျွင့်ကျဲမှာ အားကစားဝတ်စုံအား အပေါ်အောက် ပရော်ဖက်ရှင်နယ်ကျကျဝတ်ဆင်ထားခဲ့သည်။
ထိုဝတ်စုံသည်ကား နိုင်ငံခြား၌ နာမည်ကြီးသည့် အားကစားဝတ်စုံအမှတ်တံဆိပ်ဖြစ်ကာ တရုတ်တွင် မမြင်ဖူးသေးပေ။
ကျန်းကျန်းအနေဖြင့် ရှီကျွင့်ကျဲအား ကျောင်းတွင် ရှပ်အင်္ကျီနှင့်ဘောင်းဘီရှည်ဝတ်ထားသည်ကိုသာမြင်ဖူးခ့်သည်။
ပထမအကြည့်တစ်ချက်မှာတင် ထိုသူက ထသွားထလာ ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ထားခဲ့ကြောင်း တွေ့မြင်နိုင်ပြီး ကျန်းကျန်းတစ်ယောက် လူတစ်ယောက်၏ အသွင်အပြင်မှာ အမှန်တကယ်ပင် အရေးကြီးကြောင်း ချက်ချင်းတွေးလိုက်မိသည်။
သူတို့နှစ်ဦးက အိမ်တံခါးဝမှ စတင်ပြီး ရေကန်အထိ ဘေးချင်းယှဉ်လျက် ပြေးနေခဲ့ကြသည်။
ပြေးလွှားနေရခြင်းကြောင့် သူတို့က အသက်ရှူမှုကို ထိန်းချုပ်ရန်လိုအပ်သဖြင့် စကားမပြောဖြစ်ခဲ့ကြချေ။
ရှီကျွင့်ကျဲသည် ကျန်းကျန်းနှင့်သူ နှစ်ယောက်လုံး၏ ခြေသံများကိုနားထောင်နေရင်း ပြေးနေခဲ့ပြီး သူမခန္ဓာကိုယ်မှ မွှေးရနံဖျော့ဖျော့လေးအားရှူရှိုက်မိကာ အသက်ရှူမှားလုမတတ်ပင် ဖြစ်နေခဲ့ရသည်။
ရှီကျွင့်ကျဲ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် သူတို့နှစ်ဦး ပြေးနေသည်မှာ ရေကန်ပတ်လမ်းတစ်ဝက်သို့ရောက်နေပြီ ဖြစ်ကြောင်း သတိထားမိသွားသည်။
သို့သော် ကျန်းကျန်းမှာတော့ သူမ၏အသက်ရှူလုပ်ငန်းအား ပုံမှန်အတိုင်း ထိန်းညှိထားနိုင်နေတုန်းပင်။
ရှီကျွင့်ကျဲ အတော်လေး အံ့သြသင့်မိကာ သူ့ခေါင်းကိုလှည့်ကာ ကျန်းကျန်းဘက်ကြည့်လိုက်မိပြီး သူ၏အရှိန်ကို ထပ်မြှင့်လိုက်သည်။
ကျန်းကျန်းက သူ အရှိန်မြှင့်လိုက်သည်ကို သတိထားမိသွားခဲ့ကာ တောက်ပစွာပြုံးလိုက်ပြီး ရှီကျွင့်ကျဲကို လှမ်းပြောလိုက်သည်။
“အခုမှပတ်လမ်းတစ်ဝက်ပဲရှိသေးတာဆိုတော့ ကျွန်မတို့တွေ အိမ်နားက သစ်ပင်ကြီးဆီကို ဘယ်သူအရင်ရောက်အောင် ပြေးနိုင်မလဲဆိုတာပြိုင်ကြမလား”
ရှီကျွင့်ကျဲ အပြုံးတစ်ခုဖြင့် သူမအားကြည့်လိုက်သည်။
“ဒါဆို ကိုယ် မင်းကို အနိုင်ကျင့်လွန်းရာ ကျမနေဘူးလား?”
ကျန်းကျန်းက သူမ၏ လက်ညိုးအားကွေးလိုက်ပြီး ခေါင်းခါရမ်းပြလိုက်သည်။
“ကျွန်မက တောင်ပေါ်ကိုတက်ပြီး နေရာအနှံ့လျှောက်ပြေးလိုက်၊ မြစ်ထဲကို ဆင်းပြီး ဆော့ကစားလိုက် လုပ်နေတဲ့အချိန် ရှင်က ကလေးထိန်းကျောင်းမှာ သကြားလုံးစားနေတာတောင်ဖြစ်နိုင်တယ်၊ ရှင်မယုံရင်ကြည့်လိုက်လေ”
“ကောင်းပြီလေ”
ရှီကျွင့်ကျဲ ရပ်လိုက်ကာ အသက်ရှူနှုန်းအား ထိန်းညှိလိုက်ပြီး ကျန်းကျန်းနှင့်ဘေးချင်းယှဉ်ရပ်လိုက်သည်။
ထို့နောက် ကျန်းကျန်းဘက်သို့ လှည့်ကြည့်ပြီး ပြုံးလိုက်သည်။
“ရှုံးမှ မငိုရဘူး ဟုတ်ပြီလား”
“ကျွန်မရဲ့ ဘဝမှာ တစ်ခါမှမငိုခဲ့ဖူးဘူး”
**