အခန်း (၂၀၄)
Vol. 21 Ch. 204
ကျန်းကျန်း အသင့်အနေအထားဖြင့်ထိုင်လိုက်ပြီး ရှီကျွင့်ကျဲအားတိုက်တွန်းလိုက်သည်။
“စတော့မယ်ဆိုပြောလိုက်”
ကျန်းကျန်း၏ ပရော်ဖက်ရှင်နယ်မကျသည့် စဦးအနေအထားအားကြည့်ရင်း ရှီကျွင့်ကျဲ ကူရာမဲ့စွာခေါင်းခါလိုက်သည်။
သူ့၏အသံမှာ စီးဆင်းနေသည့် စိမ့်စမ်းရေများကဲ့သို့ ငြိမ့်ငြောင်းနူးညံ့နေပြီး ကျန်းကျန်းကဲ့သို့ပုံစံအနေအထားလုပ်ကာ ကျန်းကျန်းအဆင်သင့်ဖြစ်နေသည်ကိုကြည့်ရင်း အော်လိုက်သည်။
“စမယ် _ ပြေး!”
ချက်ချင်းပင် ကျန်းကျန်းက လေးမှပစ်ခွင်းလိုက်သည့် မြှားတစ်စင်းအလား ပြေးသွားခဲ့လေ၏။ သူမ၏ အလင်းကဲ့သိုး အမြန်နှုန်းကြောင့် ရှီကျွင့်ကျဲအား အလန့်တကြားဖြစ်သွားစေသည်။
ဤခဏတာအချိန်လေးတွင် ကျန်းကျန်းက ဆယ်မီတာနှင့်အထက်ပြေးသွားခဲ့ပြီးပြီ။ ရှီကျွင့်ကျဲသည်လည်း ဂရုမစိုက်ဘဲမနေရဲတာကြောင့် သူ၏ပြေးနှုန်းကိုအရှိန်တင်လိုက်သည်။
သို့သော် သူစပြေးသည့်အချိန်မှာပင် ကျန်းကျန်း၏အမြန်နှုန်းက သူထင်ထားသည်ထက် ပိုမြန်နေသည်ကို သတိထားမိသွား။သည်။
ကျန်းကျန်း၏ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းမှုက သူမ ငယ်စဥ်ကလေးဘဝကတည်းက အလွန်ကောင်းပေသည်။
သူမ တောင်ပေါ်တွင် တစ်နေ့လုံးပြေးလွှားနေခဲ့ပြီးလျှင်ပင် မောပန်းသည်ဟုမခံစားရပေ။
ကောင်းချီးပေးခံရသည့် သဘာဝလွန်စွမ်းအားကို မဆိုထားနှင့် သူမက အပြေးကလည်း မြန်ဆန်သေးပေသည်။ ကျန်းကျန်းသည်ကား ယခုအချိန်တွင်လည်း သူမ၏ခွန်အားကိုအများအပြားမသုံးထားပေ။
သူမက သူမနောက်တွင်ရှိနေသောရှီကျွင့်ကျဲအား အသိစိတ်ဖြင့် ကြည့်လိုက်မိသည်။ သူမ သူ၏နဖူးနှင့်ပါးမှချွေးများစီးကျနေသည်ကို မြင်လိုက်ပြီးနောက် ထိုပုံစံမှာ သူ၏ ကြည့်ကောင်းသည့်မျက်နှာအား ပို၍ပင်ဆွဲဆောင်မှုပြင်းထန်လွန်းစေသလိုပင်။
ကျန်းကျန်း သူ၏ခိုင်မာတောင့်တင်းသည့်ပေါင်များနှင့် သန်မာသည့်လက်မောင်းများကိုကြည့်ပြီး တိတ်တဆိတ်တံတွေးမျိုချလိုက်သည်။
ဤသည်က သူမ၏ဘဝတွင် ချောမောပြီးကြည့်ကောင်းသည့် အမျိုးသားကို ပထမဆုံးမြင်ဖူးခြင်းဖြစ်ကာ သူက သူမကို သဘောကျသည့်ပုံလည်းရသည်။
ထို့ကြောင့် သူမအနေဖြင့်လည်း အကောင်းဆုံးပုံစံရှိတဲ့ အမျိုးသားကို လက်လွှတ်လိုက်ရမည်ဆိုပါက အနည်းငယ် စိတ်မကောင်းဖြစ်ရလိမ့်မည်။
သူမ၏ နောက်မှ ချောမောလှသည့် အမျိုးသားကိုကြည့်ရင်း ကျန်းကျန်းတစ်ယောက် မတော်တဆအမြန်ပြေးလိုက်မိသည်။
ရှီကျွင့်ကျဲကတော့ သူ၏ရှေ့မှ လှပလွန်းသည့်ပုံရိပ်လေးက သူတို့သဘောတူထားသည့်နေရာသို့ မရပ်တမ်းပြေးနေခဲ့ပြီး တစ်ဖြည်းဖြည်းဝေးသွားသည်ကိုကြည့်နေခဲ့ရသည်။
ကျန်းကျန်းသည်လည်း ရှီကျွင့်ကျဲက သူမနှင့်တစ်ဖြည်းဖြည်းဝေးပြီးအနောက်တွင် ကျန်ခဲ့သည်ကိုသတိထားမိလိုက်၍ နောက်ပြန်လှည့်ကာ တိတ်ဆိတ်စွာ ပြန်ပြေးလာခဲ့သည်။
သူတို့နှစ်ဦးသား မျက်နှာချင်းဆိုင် ဆုံမိကြသည့်အချိန်တွင် ရှီကျွင့်ကျဲမှာ ကျန်းကျန်းအားကြည့်ကာ သက်ပြင်းချလိုက်ပြီး ဆိုလာခဲ့သည်။
“ကိုယ် မင်းကိုရှုံးသွားတယ် ရှက်စရာပဲ”
ကျန်းကျန်း ရယ်မောလိုက်မိပြီး ရှီကျွင့်ကျဲ၏ ပုခုံးအားပုတ်လိုက်ကာ သူမ၏အိတ်ထဲမှ လက်ကိုင်ပုဝါလေးကိုထုတ်ကာ သူ့အားပေးလိုက်သည်။
“ဒါက ရှင် ကျွန်မကိုပေးထားတဲ့ လက်ကိုင်ပုဝါပဲ ၊ မြန်မြန် ရှင့်ရဲ့မျက်နှာပေါ်က ချွေးတွေကိုသုတ်လိုက်”
ရှီကျွင့်ကျဲ လက်ကိုင်ပုဝါယူလိုက်ပြီး ထိုလက်ကိုင်ပုဝါတွင် ကျန်းကျန်းဆီမှရသည့် အနံဖျော့ဖျော့လေးနှင့် ဆင်တူရနံ့ကိုရနေကြောင်း သိထားမိလိုက်သည်။
ရှီကျွင့်ကျဲ တစ်ခဏခန့် ရပ်တန့်သွားခဲ့ပြီး လက်ကိုင်ပုဝါလေးအား အမြတ်တနိုးခေါက်ကာ အိတ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် တခြားအိတ်ထဲမှ လက်ကိုင်ပုဝါအသစ်အား ထုတ်ကာ နဖူးမှချွေးများကိုသုတ်လိုက်သည်။
ရှီကျွင့်ကျဲ၏ အဝတ်အစားများမှာ တစ်ဝက်လောက် စိုရွဲနေခဲ့ပြီဖြစ်သည်။ တော်ဝင်မြို့တော်၌ နွေရာသီက ပူအိုက်လွန်းသည်ဟု ဆိုသော်ငြားလည်း မနက်ခင်းတိုက်ခတ်သည့်လေမှာ အေးနေဆဲပင်။
ကျန်းကျန်းတစ်ယောက် လေအေးများကြောင့် ရှီကျွင့်ကျဲ ဖျားနာမည်ကိုစိုးရိမ်၍ အမြန်ပြောလိုက်သည်။
“ကျွန်မ အိမ်ပြန်ပြီး ရေသောက်လိုက်အုံးမယ် ရှင်လည်းအဝတ်အစားပြန်လဲလိုက်ဦး၊ နောက်ဆယ်မိနစ်နေရင် ရေကန်နားက ခုံတန်းမှာတွေ့ကြမယ်၊ ကျွန်မမှာ ရှင့်ကိုမေးချင်တဲ့ ပြင်သစ်မေးခွန်းတချို့ရှိတယ်”
ရှီကျွင့်ကျဲ ကျန်းကျန်း၏ တက်ကြွနေသေးသည့်မျက်နှာလေးအားကြည့်ကာ သူမ၏အပင်ပန်းခံကြိုးစားအားထုတ်မှုကိုခံစားမိ၍ ရင်ထဲနွေးထွေးသွားရသည်။
“ကောင်းပြီ ဒါဆိုနောက်မှတွေ့ကြမယ်”
နေမင်းက အရှေ့ဘက်မှ ဖြည်းညင်းစွာထွက်ပေါ်လာခဲ့ပြီး ကောင်းကင်တစ်ခွင်လုံးကို ရွှေဝါရောင်ဖြင့် လွှမ်းခြုံလိုက်လေသည်။
ကျန်းကျန်းနှင့်ရှီကျွင့်ကျဲတို့က မြစ်ဘေးမှခုံတန်းတွင် ဘေးချင်းကပ်ထိုင်ကာ ပြင်သစ်စာအုပ်ထဲမှ သူတို့၏အတွေ့အကြုံများကို လဲလှယ်နေခဲ့ကြသည်။
ကျန်းကျန်းက ပြင်သစ်ဘာသာရပ်တွင် သိပ်ပြီးမတော်လှသည့်အတွက် တစ်ခါတရံ သူမပြောချင်သည်များကို ပြောမထွက်နိုင်ပေ။ ထို့အခါများတွင် ရှီကျွင့်ကျဲက သူမအား တွန်းအားမပေးခဲ့ဘဲ နူးညံ့သည့်အပြုံးလေးဖြင့်ကြည့်ကာ တစ်လုံးစ နှစ်လုံးစ ထောက်ပေးတတ်သည်။
ထို့နောက်တွင် ကျန်းကျန်းကလည်း သူမ၏စကားလုံးများကို ချောမွေ့စွာဖော်ပြနိုင်သွားခဲ့လေသည်။
ထိုအခြေအနေကိုမြင်လျှင် ရှီကျွင့်ကျဲကလည်း ချက်ချင်းပင် အားပေးအားမြှောက်လိုစွာ လက်မထောင်ပြတတ်သည်။
ပိုက်ဆံမလိုသည့် တချို့သောချီးမွမ်းစကားများကိုရရှိပါလျှင် ချီးမွမ်းခံရသည့်ကျန်းကျန်းက သူမ၏မျက်နှာလေးအား ပွတ်သတ်ကာ ပန်းလေးငယ်လေးတစ်ပွင့်လို ပြုံးနေခဲ့တတ်သည်။
သူ၏ သမီးနှင့်သမက်တို့၏ အိမ်တွင် မည်သို့သောအခါမှ ညအိပ်မနေခဲ့ဖူးတတ်သည့် လူအိုကြီးချန်သည် ယမန်နေ့ညတွင်တော့ ထူးထူးခြားခြား ထွက်မသွားခဲ့ပေ။
သူ ဤမနက်ခင်း သူ နိုးလာသည့်အချိန်တွင် မြေးဖြစ်သူ၏ တံခါးမှာပွင့်နေသည်ကိုမြင်လိုက်ရကာ မည်သည့်အချိန်ကတည်းက ထွက်သွားသည်ကိုမသိရပေ။
လူအိုကြီးချန် ခြံထဲမှထွက်ကာ ရေကန်သို့ ရောက်သွားချိန်တွင် သူ့မြေးဖြစ်သူ၏ ပုံရိပ်ကိုမြင်လိုက်ရသည်။ သူ့အနေဖြင့် မြေးဖြစ်၏နူးညံ့သည့်မျက်နှာထားနှင့် ရပ်တန့်ဖို့ရန်အလာအလာပင် မမြင်နိုင်သည့်အပြုံးတို့အား မြင်လိုက်ရကာ တစ်ဖက်မှ ကောင်မလေးအားကြည့်နေသည့် အကြည့်ကိုလည်း မြင်တွေ့လိုက်ရသည့်အတွက် ရုတ်တရက်သက်ပြင်းအသာချလိုက်မိသည်။
“နောက်ဆုံးတော့ ကိုယ်ပိုင်မိသားစုကို မကြာခင်ပြုစုပျိုးထောင်တော့မယ်၊ ငါ့အိမ်ရဲ့ အသက်၂၀အရွယ်ဝက်က နောက်ဆုံးတော့ တစ်ခြားအိမ်ကဂေါ်ဖီထုပ်နဲ့ အဝေးကိုထွက်ပြေးသွားပြီ!”
“ရင်းးလင်းးလင်းးး...”
နေရာလွတ်ထဲမှ နိုးစက်သံမြည်လာသည့်အချိန်တွင် ကျန်းကျန်းတစ်ယောက် သူမ၏ လက်ကောင်ဝတ်မှ နာရီကိုငုံ့ကြည့်လိုက်ရာ ၆နာရီ၅၀မိနစ်သို့ပြနေခဲ့သည်။
သူမ နေရာလွတ်မှ နိုးစက်အား အသိစိတ်ဖြင့် ပိတ်လိုက်ပြီး မတ်တပ်ရပ်ကာ ရှီကျွင့်ကျဲအား တောင်းပန်သည့်အမူအရာဖြင့် ပြောလိုက်လေ၏။
“တောင်းပန်ပါတယ် ကျွန်မ(၇)နာရီမှာ ချိန်းထားတာလေးရှိလို့ အခုသွားရတော့မယ်”
ရှီကျွင့်ကျဲလည်း မတ်တပ်ရပ်လိုက်ကာ ကျန်းကျန်းအား အံ့အားသင့်စွာကြည့်လိုက်သည်။
“ ဒီလောက်အစောကြီး? မင်း အဲဒီကိုဘယ်လိုသွားမှာလဲ? ကိုယ်မင်းကိုစက်ဘီးစီးပြီးလိုက်ပို့ပေးမယ်လေ”
“”မလိုပါဘူး”
ကျန်းကျန်းအပြုံးလေးဖြင့်ပြောလိုက်သည်။
“ကျွန်မဆရာက ကားမှတ်တိုင်ဘေးက လမ်းကြားလေးထဲမှာနေတာ၊ ဒီနေ့ ကျွန်မ သူနဲ့အတူ ဆေးဖက်ဝင်အစားအစာတွေ ဘယ်လိုချက်ရမလဲဆိုတာ စသင်မှာလေ”
“ဆေးဖက်ဝင်အစားအစာ?”
ရှီကျွင့်ကျဲ လေးလေးနက်နက်တွေးလိုက်သည်။
“မင်းမိသားစုတွေရဲ့ ခန္ဓာကိုယ်ကိုဂရုစိုက်ပေးချင်တာလား?”
“အဲဒါပဲမဟုတ်ဘူး”
ကျန်းကျန်း သူမဆံပင်အား အရှက်သည်းစွာ လိမ်နေခဲ့ပြီး သူမပါးနှစ်ဖက်မှာလည်း နီရဲလာရသည်။
“အဓိကက ကျွန်မ ကြိုက်လို့ပါ ၊ ဟင်းလျာထဲမှာပါတဲ့ ဆေးဖက်ဝင်တဲ့အရာတွေက ကျန်းမာရေးလဲကောင်းသလို အရသာလဲရှိတယ်လေ၊ အဲဒါကြောင့် ကျွန်မ ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သင်ယူချင်တာ “
“ဒါက ကောင်းတဲ့အကြံပဲ”
ရှီကျွင့်ကျဲ ပြုံးကာခေါင်းငြိမ့်လိုက်သည်။
“ကိုယ် ဟိုနားကဆိုင်မှာ မနက်စာသွားဝယ်မလို့၊ မင်း လိုက်ခဲ့မလား”
ကျန်းကျန်း ခေါင်းငြိမ့်လိုက်သည်။
သို့ နှင့် နှစ်ဦးသား ကျောက်တုံးများစီးထားသည့်လမ်းကြောင်းအတိုင်း အပြင်ဘက်သို့လျှောက်သွားကြသည်။
ရှီကျွင့်ကျဲတစ်ယောက် သူ၏ဘေးမှ ကျန်းကျန်း၏ခေါင်းလုံးလုံးလေးအား ကြည့်ကာ အသံတိုးတိုးဖြင့်မေးလိုက်သည်။
“မင်း ဘယ်အ၀ားအစာတွေကို စားရတာကြိုက်လဲ?”
အစားအသောက်အကြောင်း ပြောရမည်ဆိုလျှင် ကျန်းကျန်း၏ စကားလုံးများမှာအတောမသတ်နိုင်ပေ။
“ကျွန်မက ဟေးစီရင်စုမှာ ကြီးပျင်းလာခဲ့တာလေ၊ ကျွန်မရဲ့ မိသားစုက တောဧရိယာတစ်ဝိုက်နားက ရွာငယ်လေးတစ်ခုမှာနေတာ၊ ဒါကြောင့် ကျွန်မအစ်ကိုက အမဲလိုက်နည်းကိုသင်ယူပြီးတော့ တောယုန်တွေ ရစ်ဌက်တွေ ဒရယ်တွေကို သူ့ရဲ့လက်နဲ့ပဲဖမ်းခဲ့တာ၊ ကျွန်မတို့ အိမ်က တောယုန်တွေနဲ့ရစ်ဌက်သားတွေအများကြီးစားကြတယ်၊ သူတို့ကိုနှပ်ရင် အနံ့ပိုကောင်းတယ်”
ကျန်းကျန်း နှုတ်ခမ်းသပ်လိုက်ကာ ဆက်ပြောခဲ့သည်။
“အသားပြီးရင်တော့ ငါးတို့ပုစွန်တို့ဂဏန်းတို့ကိုကြိုက်တယ် ၊ စတူးချက်တာရော နှပ်တာရော အစပ်ချက်တာရော အကုန်လုံးအရသာရှိတယ်၊ ကျွန်မ အသီးအရွက်နဲ့သစ်သီးတွေကိုလည်းကြိုက်တယ်၊ လတ်ဆတ်နေရင်တော့အကြိုက်ဆုံးပဲ ၊ ဒါနဲ့ ကျွန်မအိမ်မှာ အသီးအရွက်စိုက်ခင်းတွေရှိတယ် တည်သီးနဲ့သခွားသီးတွေကလည်း အရသာက အရမ်းကောင်းတာ ၊ ကျွန်မ အသီးတချို့ကို ရှင့်ကိုပေးဖို့ယူလာခဲ့မယ်”
“ကျေးဇူးတင်ပါတယ်!”
ရှီကျွင့်ကျဲ ကျန်းကျန်းအား အပြုံးများဖြင့်ကြည့်ပြီး သူမအတွက် သူဘာပေးရမည်လဲ ဆိုသည်ကို စဉ်းစားလိုက်သည်။
“ကိုယ့် အိမ်မှာတော့ အသီးအရွက်တွေမစိုက်ဘူး ဒါပေမယ့် ဥယျာဉ်ထဲမှာတော့ ပန်းတွေအများကီုးရှိတယ်၊ နောက်ပြီး ရေကန်ငယ်လေးထဲမှာ ဘဲတွေလဲမွေးထာသေးတယ် ၊ မင်း ဘဲသားစားရတာကြိုက်လား? ကိုယ်မင်းအတွက် နှစ်ကောင်ယူလာခဲ့ပေးမယ်”
“မကောင်းလောက်ဘူးထင်တယ်”
ကျန်းကျန်း တုံ့ဆိုင်းစွာဖြင့် ခေါင်းခါလိုက်သည်။
“ဘဲတွေက ရှားလဲရှားတယ်လေ”
“အဆင်ပြေပါတယ်”
ရှီကျွင့်ကျဲ အလျင်အမြန်ပြောလိုက်သည်။
“ကိုယ့်မိဘတွေက ဘဲသားစားရတာသိပ်မကြိုက်ကြဘူး ကိုယ့်အိမ်မှာဘဲတွေအများကြီးရှိတာ တစ်ဒါဇင်ကျော်တယ် နောက်ပြီးတစ်ကောင်စီကလဲ သုံးကီလို၊ လေးကီလိုအလေးချိန်ရှိတယ်”
“ဒါဆိုလဲ ကောင်းပြီလေ”
ကျန်းကျန်းခေါင်းငြိမ့်လိုက်သည်။
“ရှင် ဘာပန်းအမျိုးအစားကြိုက်လဲ ကျွန်မတို့လဲကြတာပေါ့”
ရှီကျွင့်ကျဲ ကျန်းကျန်းအား အံ့သြသင့်သည့်အပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ဘာလို့ နေ့ကလေးထိန်းကျောင်းက ကလေးတွေလို အကုန်လုံးကိုလိုက်ပြီး အလဲအလှယ် လုပ်ချင်နေတာလဲ? ကိုယ်မင်းကိုဒီတိုင်းပေးလိုက်လို့မရဘူးလား?”
“မရဘူး”
ကျန်းကျန်း ရိုးသားစွာပြောလိုက်သည်။
“အရည်အချင်းမရှိရင် ဆုလာဘ်မရှိဘူး အကယ်၍ ကျွန်မသာ ရှင့်ဘဲတွေကို အကြောင်းပြချက်မရှိဘဲလက်ခံလိုက်မယ်ဆိုရင် စားရတာစိတ်ဖြောင့်မှာမဟုတ်ဘူး”
“ကောင်းပါပြီကွာ”
ရှီကျွင့်ကျဲ သူမအား အားမလိုအားမရဟန်ကြည့်လိုက်သည်။
“ဘယ်ပန်းမဆိုအဆင်ပြေတယ် ,မင်းပေးသမျှ ဘာဘဲ ဖြစ်ဖြစ်ရတယ်”
ရှီကျွင့်ကျဲ ဘာမှမပြောပေခဲ့သော်လည်း ကျန်းကျန်းအတွက်တော့ ခက်ခဲလေသည်။
သူမက ရှီမိသားစုအိမ်၏ ဥယျာဉ်ဆီသို့ သူမ၏အသိစိတ်ပို့လွတ်လိုက်ပြီး ရေကန်ငယ်လေးထဲမှ ဝဖီးနေသည့်ဘဲများကို သေချာကြည့်လိုက်သည်။
ထို့နောက် ဥယျာဉ်ထဲတွင် ပန်းများအတွက် နေရာသပ်သပ်ခွဲထားသည်ကို တွေ့လိုက်ရလေ၏။ အမျိုးအစားများသော်လည်း ဂရုတစိုက်သေချာပြုစုပျိုးထောင်ထားသည့် အခြေခံသစ်ခွများကို မြင်နိုင်လေသည်။
ကျန်းကျန်း ပြုံးလိုက်သည်။
“ဒါဆို ကျွန်မ ရှင့်ကို သစ်ခွတစ်အိုးပေးမယ်”