လူတိုင်းကို သူကိုယ်တိုင် တိုက်ခိုက်ခြင်း
Vol. 156 Ch. 2217
အခြားကျင့်ကြံသူများက ရီဖူရှင်းကို ကြည့်လိုက်ကြပြီး ရှေးဟောင်းသစ်ပင်တစ်ပင်၏ နွယ်များက သူ့ရှေ့မှ ရန်ဟောင်များ၏ ခန္ဓာကိုယ်များအား ရစ်ပတ်ထားသည်ကို မြင်သည့်အခါ မည်သူမှ အလျင်စလို မလုပ်ဝံ့ကြတော့ပေ။
ရီဖူရှင်း၏ ထိန်းချုပ်မှုအောက်၌ ရှိနေသူများသည် တူညီသော အင်အားစုများမှ လူများမဟုတ်သော်လည်း တစ်စုံတစ်ယောက် အသတ်ခံလိုက်ရမည် စိုးသောကြောင့် မည်သူမှ လက်လွတ်စပယ် မလှုပ်ရှားရဲကြပေ။ ဤနေရာမှ လူတိုင်းသည် ထူးခြားသော အဆင့်အတန်းများ ရှိကြပြီး သေဆုံးမှုတစ်ခုခု ဖြစ်ပေါ်လာခဲ့လျှင် ပြဿနာများစွာ ဖြစ်ပေါ်လာပေလိမ့်မည်။ ရန်စတစ်ခု ဖြစ်ပေါ်လာသည့်အခါ မည်သို့သော အကျိုးဆက်မျိုးက သူတို့ကို စောင့်ကြိုနေမည်အား မည်သူမှ မသိကြပေ။
ရန်ဟောင်များက ရေခဲအတွင်း ပိတ်လှောင်ခံထားရသည်။
လူတိုင်း၏ မျက်လုံးများက ရီဖူရှင်းပေါ်သို့ ကျရောက်နေခဲ့သည်။ သူထုတ်လွှတ်လိုက်သည့် ထိုအေးစက်သော လေများက သာမန်ရေခဲစွမ်းအားမဟုတ်ဘဲ ယင်စွမ်းအားနှင့် တူညီပေသည်။ ၎င်းက ခါးသီးလောက်အောင် အေးစိမ့်နေပြီး အနုတ်ပြနေသော အပူချိန်၌ ရှိနေခဲ့သည်။ ယင်စွမ်းအားများက ရီဖူရှင်း၏ ခန္ဓာကိုယ်နှင့် သစ်ပင်နွယ်များတလျှောက် စီးဆင်းနေပြီး သူ့ထိန်းချုပ်မှုအောက် ရှိနေသည့် ရေခဲနှင့် အေးခဲခံထားရသော ရန်ဟောင်များ၏ ခန္ဓာကိုယ်များသို့ ဖြန့်ကျက်ဝင်ရောက်သွားသည်။ အစွမ်းထက်သော စွမ်းအားကို ပိုင်ဆိုင်ထားသည့် တစ်စုံတစ်ယောက်သည်ပင် ၎င်းကို ဖယ်ထုတ်ပစ်ရန် နည်းလမ်းမရှိပေ။
အစောပိုင်းက တိုက်ပွဲတွင် မပါဝင်ခဲ့သည့် ကျင့်ကြံသူများစွာက ရီဖူရှင်း ရှိနေသည့် နေရာသို့ ရောက်လာကြကာ သူ့ကို ဝန်းရံလိုက်ကြသည်။ သူတို့က ရှေ့သို့ ခြေလှမ်းလိုက်ကြပြီး သူတို့ထုတ်လွှတ်လိုက်သော မဟာလမ်းစဥ်များ၏ အစွမ်းထက် စွမ်းအားများနှင့် ပြင်းထန်သော အရှိန်အဝါတို့ကြောင့် လေထုမှာ လေးလံလာပေသည်။ သူတို့၏ အကြည့်များက ရေခဲကဲ့သို့ အေးစက်နေကာ ရီဖူရှင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "သူတို့ကို လွှတ်လိုက်။"
ရှင်းလင်းစွာပင် ရေခဲအတွင်း ချိပ်ပိတ်ခံထားရသည့် ကျင့်ကြံသူအချို့က သူတို့လူများ ဖြစ်ပေသည်။
"ကျုပ် အစောက ပြောခဲ့သလိုပဲ။ အကြွေးတိုင်းက ယူတဲ့လူနဲ့ပဲ ဆိုင်ပြီး ရန်စတိုင်းကလည်း လုပ်တဲ့လူနဲ့ပဲ ဆိုင်တယ်။ ခင်ဗျားတို့ထဲက ဘယ်သူကမှ ဒီနေရာကို တစ်ယောက်တည်း လာကြတာ မဟုတ်ဘူး။ တကယ်လို့ ခင်ဗျားတို့ ရတနာကို လိုချင်တယ်ဆို ယူသွားတဲ့ လူနောက်ကိုပဲ လိုက်သွားသင့်တယ်။" ရီဖူရှင်းက လူတိုင်းကို ကြည့်ရင်း ပြောလိုက်သည်။ သူ ပြောပြီးသည်နှင့် အကိုင်းအခက်များက သူတို့ကို ရစ်ပတ်ထားခြင်းမှ ဖြေလျော့ပေးလိုက်ကာ ယင်စွမ်းအားများလည်း ရုတ်သိမ်းသွားပေသည်။ ချက်ချင်းပင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ ရန်ဟောင်များက အေးခဲနေသော အခြေအနေမှ လွတ်မြောက်သွားကြပေသည်။
"မဟုတ်ရင်တော့ ကျုပ် နောက်တစ်ခါကျ ဒီလောက် ညှာတာပေးနေမှာ မဟုတ်ဘူး။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။
အေးခဲထားမှုမှ လွတ်မြောက်လာသော ရန်ဟောင်များက အနည်းငယ် တုန်ယင်နေကြပြီး အေးစိမ့်မှုက သူတို့၏ အသွေးအသားနှင့် အရိုးများထဲသာမက စိတ်ဝိညာဥ်အတွင်းသို့ပင် စိမ့်ဝင်နေသလိုထင်မှတ်ရပေသည်။ သူတို့သည် အစောပိုင်းက ရေခဲအတွင်း အပိတ်ခံထားရသောအခါ သူတို့၏ အသက်နှင့် အတွေးများက ရပ်တန့်သွားပြီး အလောင်းတစ်ခုဖြစ်လာသလို ခံစားလိုက်ကြရပေသည်။
ယင်စွမ်းအားက အကြွင်းမဲ့ ရေခဲစွမ်းအားအမျိုးအစားကို ပိုင်ဆိုင်ထားသည့်အတွက် ၎င်းက စိတ်ဝိညာဥ်ကို ချိပ်ပိတ်ကာ အေးခဲသွားစေနိုင်သည်။ ရီဖူရှင်းက သူတို့ကို အလွန် နောက်ကျသည့်အချိန်မှ လွှတ်ပေးခဲ့လျှင် သူတို့၏ မဟာလမ်းစဥ်တွင် ဆိုးဆိုးဝါးဝါး ပြင်းထန်စွာ ထိခိုက်သွားနိုင်ပေသည်။
"မင်းက တကယ်ပဲ မဟာအင်ပါယာရှန်ကျားရဲ့ နတ်ခန္ဓာကို နားလည်သဘောပေါက်နိုင်စွမ်းရှိခဲ့တဲ့သူ ပီသပါတယ်။" သြဇာပြည့်ဝသည့် အသံတစ်ခုက ပြောလိုက်သည်။ အစွမ်းထက်သော အဘိုးအိုတစ်ယောက်က ရီဖူရှင်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ သူ ထုတ်လွှတ်ထားသည့် အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှပြီး သူက အဆင့်ရှစ်ရန်ဟောင်တစ်ယောက်ဖြစ်သည်။ သူက ရီဖူရှင်းကို စိုက်ကြည့်ရင်း ခန္ဓာကိုယ်ကို တောက်ပသော အလင်းများလွှမ်းခြုံထားသည့် ထိုငွေရောင်ဆံပင်နှင့် ကောင်လေးကို စူးစမ်းနေခဲ့သည်။ ထိုကောင်လေးထံမှ မိစ္ဆာနတ်ဘုရား၏ အရှိန်အဝါတို့ ထွက်ပေါ်နေပြီး သူ့အထက် လေထဲတွင် ဥဒေါင်းမိစ္ဆာနတ်ဘုရားပုံရိပ်က ရစ်ဝဲနေကာ သူ့ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ် နတ်အလင်းတို့က သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာနေသည်။
ထိုသို့သော အခြေအနေကို ပြိုင်ဘက်ကင်းသည်ဟု ဆုံးဖြတ်နိုင်ပေသည်။ တူညီသော အဆင့်တွင် ထိုသို့ ထူးချွန်သည့် ပုဂ္ဂိုလ်မျိုးကို မြင်ရရန် ခက်ခဲပေသည်။.
ထို့အပြင် သူက အနည်းဆုံး မတူညီသည့် စွမ်းအားသုံးမျိုးလောက် ပိုင်ဆိုင်ထားသည်အား မြင်နိုင်ပေသည်။ ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ စွမ်းအား၊ ယင်စွမ်းအားနှင့် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို နားလည်သဘောပေါက်ကာ ဖွဲ့စည်းထားသည့် ကြောက်မက်ဖွယ် ခန္ဓာလမ်းစဥ် စွမ်းအားတို့ပင် ဖြစ်လေသည်။ သူ ဆက်ခံထားသည့် အားလုံးသော စွမ်းအားများက သူ့ကို မကောင်းဆိုးဝါးဆန်ဆန် ထူးချွန်လှသော လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားစေပြီး သူက ပြီးပြည့်စုံသော မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားသည့် အခြားရန်ဟောင်များထက် ပို၍ ကြောက်မက်ဖွယ် ကောင်းနေပေသည်။
အစောပိုင်းက တိုက်ခိုက်မှုအတွင်း သူတို့အားလုံးက ထိုအချင်းအရာကို သတိပြုမိလိုက်ကြသည်။ ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ခြောက်ရန်ဟောင်ကို မဆိုထားနှင့် အဆင့်ခုနစ်ရန်ဟောင်များသည်ပင် သူ၏ မုန်တိုင်းကဲ့သို့ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဤမဟာလမ်းစဥ်ခန္ဓာကိုယ်က သူနှင့် အဆင့်ချင်းတူသော သူများထက် ပို၍ အစွမ်းထက်စေသည်မှာ သေချာပေသည်။ သူက တိုက်ခိုက်မှုတစ်ခုကို ဖော်ထုတ်လိုက်လျှင် သူတို့ထဲက မည်သူကမှ သူ့ကို ဆန့်ကျင်၍ ခုခံကာကွယ်နိုင်မည် မဟုတ်ပေ။
အစောပိုင်းက ရီဖူရှင်းနှင့် တိုက်ခိုက်ခဲ့သော အစွမ်းထက်သည့် အဆင့်ခုနစ်ရန်ဟောင် ကျင့်ကြံသူကအလွန် ရန်လိုနေခဲ့သည်။ သို့သော် သူက ရီဖူရှင်း၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် နောက်သို့လွင့်စင်သွားရခြင်းနှင့် အဆုံးသတ်ကာ ရီဖူရှင်းက သူ့နောက်မှ အခြားလူများကိုပင် ဆက်လက်ရင်ဆိုင်ခဲ့သည်။
ကြည့်ရသည်မှာ ဤအဖြူရောင်ဆံပင်နှင့် လူငယ်လေးက ရှန်ချင်းနယ်မြေအတွင်း၌သာ အထူးချွန်ဆုံး ဖြစ်လာခြင်း ဟုတ်ပုံမရပေ။ သူက အခြားသော နတ်ကုန်းမြေများမှ ကျော်ကြားသော လူများကြား၌ပင် နေရာတစ်ခု ရယူထားနိုင်ပုံရပေသည်။
"မင်း ဘယ်လောက် အစွမ်းထက်လဲ ကျုပ် သိချင်မိတယ်။" ထို့နောက် အဆင့်ခုနစ်ရန်ဟောင်ဖြစ်သော သက်လတ်ပိုင်းလူတစ်ယောက်က ရှေ့သို့ ခြေလှမ်းလာကာ သူ့အထက်၌ ရပ်နေသည့် ရီဖူရှင်းအား ကြည့်လိုက်သည်။ သူက ချန်ယိအတွက်ကြောင့် တိုက်ခိုက်ချင်သည်ဟု မပြောခဲ့ပေ။ ထို့အစား သူက ရီဖူရှင်း၏ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းအားက မည်မျှ ရှိကြောင်း သိချင်သည်ဟု ပြောခဲ့သည်။
သူက ရှန်ချင်းနယ်မြေမှ နာမည်ကြီးလာသော ထို စည်းမျဥ်းများကိုပင် သွေဖည်နိုင်သည့် ရန်ဟောင်မှာ မည်မျှ အစွမ်းထက်သည်ကို သိချင်ပေသည်။
"ကျုပ်လည်း သိချင်မိတယ်။ မဟာအင်ပါယာရှန်ကျားရဲ့ နတ်ဘုရားရုပ်ကြွင်းကိုတောင် နားလည်သဘောပေါက်နိုင်တဲ့ ကျင့်ကြံသူတစ်ယောက်က ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ တကယ် သိချင်မိပါရဲ့။" နောက်ထပ်တစ်ယောက်ကလည်း ရှေ့တက်လာခဲ့သည်။ သူသည်လည်း ကြောက်မက်ဖွယ် အစွမ်းထက်သော အဆင့်ခုနစ်ရန်ဟောင် ဖြစ်လေသည်။
မျက်မမြင်ထျယ်နှင့် အခြားသူများက ရီဖူရှင်း ဘေးသို့ ရောက်လာခဲ့သည်။ သူတို့က အစွမ်းထက်ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်လာသည်ကို ကြည့်နေကြသည်။ အစွမ်းထက် ရန်ဟောင်များစွာက ရီဖူရှင်းနှင့် ယှဥ်ပြိုင်ရန် စိတ်ဝင်စားနေကြပေသည်။
ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူများအတွက် သူတို့သည် သူတို့နေထိုင်ရာ နယ်မြေများအတွင်းမှ ဘုရင်များ ခေါင်းဆောင်များ ဖြစ်နေပြီးဖြစ်လေရာ သူတို့၏ စွမ်းအားများကို ယှဥ်နိုင်သည့် ပြိုင်ဘက်က အနည်းငယ်သာ ရှိသည်။ ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် မည်သည့် အဆင့်မြင့်ရန်ဟောင်ကိုမဆို သူတို့ နေထိုင်ရာ နယ်မြေများအတွင်း၌ ရှားပါးသူများအဖြစ် သတ်မှတ်နိုင်သည်။ ဥပမာအားဖြင့် တုန်းဟွာနယ်မြေ၌ အကျော်ကြားဆုံး ပုဂ္ဂိုလ်လေးယောက် ဖြစ်သည့် နင်ဟွာ၊ ကျုံးချန်နှင့် အခြားလူများမှာ ထိုအဆင့်မှ ဖြစ်ကြသည်။
သူတို့ကဲ့သို့ လူများသည်လည်း သူတို့နှင့် အဆင့်တူသော အခြားသူများနှင့် ယှဥ်ပြိုင်ချင်ကြသည်။ ရီဖူရှင်းသည် သူ့နယ်ပယ်အတွင်း၌ အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်ဟု သတ်မှတ်နိုင်ပြီး အခြားနယ်မြေများမှ ကျင့်ကြံသူများက တိုက်ခိုက်ချင်သည့် အစွမ်းထက်ရန်ဟောင်တစ်ပါး ဖြစ်လေသည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို တွေ့ရရန် ခက်ခဲပေသည်။ သူက ပါရမီရှင်များကြားမှ ပါရမီရှင်ဖြစ်ပြီး မဝေးလှတော့သည့် အနာဂတ်တွင် နတ်ဘုရားကုန်းမြေ နေရာအနှံ့တွင် နာမည်ကျော်ကြားလာအောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။ ထို့ကြောင့် သူတို့အားလုံးက သူနှင့် တိုက်ခိုက်ချင်နေကြခြင်း ဖြစ်သည်။
ထို့အပြင် အချို့သော သူများက သူတို့က ရီဖူရှင်းကို အနိုင်ယူနိုင်လျှင် ပို၍ပင် ကောင်းလိမ့်ဦးမည်ဟု တူညီစွာ တွေးနေကြသည်။
ရီဖူရှင်းက သူ့ဝန်းကျင်မှ လူများကို ကြည့်လိုက်သည်။ ရှေ့သို့ တက်လာသော လူတိုင်းက ကြောက်မက်ဖွယ်ကောင်းလှသည့် အရှိန်အဝါတို့ကို ပိုင်ဆိုင်ထားပေသည်။ သူတို့အားလုံးက ယခင်က ကျုံးချန်နှင့် တူညီသော အဆင့်တွင် ရှိနေသည်ဖြစ်ရာ ကျင့်ကြံခြင်းလောက၏ ထိပ်သီးများ ဖြစ်သည်ဟု သတ်မှတ်နိုင်ပေသည်။
"ကောင်းပြီလေ။" ရီဖူရှင်းက သူတို့အားလုံးကို ကြည့်ကာ ပြန်ဖြေလိုက်သည်။ "အဆင့်ရှစ်က မတိုက်ခိုက်ချင်ရင် ကျန်တဲ့လူတွေ အကုန်အတူတူ ကြိုးစားကြည့်လို့ရတယ်။ ဒါပေမယ့် ခင်ဗျားတို့အားလုံး တိုက်ခိုက်လို့ ရှုံးနိမ့်သွားရင် ဒီနေ့ရဲ့ ကိစ္စကို အဆုံးသတ်ပေးရမယ်။"
"..."
ရီဖူရှင်း၏ စကားများကို ကြားပြီးနောက် သူတို့က ဆွံ့အသွားလေသည်။ သူက သူတို့ကို အတူတူ ကြိုးစားကြည့်ဟု ပြောလိုက်သည်လား။
အဆင့်ရှစ်ကျင့်ကြံသူက သေချာပေါက် တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ ဤတိုက်ပွဲက သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်လျှင် သူတို့က ကျင့်ကြံဆင့်ကို ဂရုစိုက်ကြမည်မဟုတ်ပေ။ သို့သော် ယခု တိုက်ပွဲမှာ ရီဖူရှင်း၏ အရည်အချင်း အစစ်အမှန်ကို နားလည်ချင်သည့်အတွက် ယှဥ်ပြိုင်သည့် ချစ်ကြည်ရေးပြိုင်ပွဲမျှသာ ဖြစ်သည့်အတွက်ကြောင့် ရီဖူရှင်းထက် အဆင့်နှစ်ဆင့် မြင့်သော တစ်စုံတစ်ယောက် ပါဝင်ရန် မလိုအပ်ပေ။ အဆင့်နှစ်ဆင့်ကြားမှ ကွာခြားမှုက မတိုက်ခိုက်ခင်မှာပင် မမျှတသည်က သိသာနေပြီး ၎င်းကို ချစ်ကြည်ရေး ပညာဖလှယ်တိုက်ခိုက်သည်ဟု သတ်မှတ်၍ ရနိုင်တော့မည် မဟုတ်ပါချေ။
အဆင့်ခုနစ်ရန်ဟောင်များအတွက်မူ ရီဖူရှင်းက အစောပိုင်းတွင် အဆင့်ခုနစ်ရန်ဟောင်အား ရှုံးနိမ့်စေနိုင်သော ကြီးမားသည့် စွမ်းအားကို ပြသခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် အဆင့်ခုနစ်ကျင့်ကြံသူများ အားလုံးက တိုက်ခိုက်ချင်နေကြခြင်း ဖြစ်သည်။
သို့သော် ထိုလူငယ်က သူတို့အားလုံးကို အတူတကွ တိုက်ခိုက်လာရန် ပြောခဲ့ပေသည်။ ထိုစကားလုံးများက အနည်းငယ် မောက်မာနေသလို ထင်မှတ်ရသည်။
ကောင်းကင်အမြင့်ရှိ သူတို့ထဲမှ တစ်ယောက်တွင် မည်းနက်သော မျက်ဝန်းများနှင့် မှောင်မိုက်သော အရှိန်အဝါတို့ကို ပိုင်ဆိုင်ထားသည်။ သူက ရီဖူရှင်းကို နက်ရှိုင်းစွာ စိုက်ကြည့်နေခဲ့ပြီး အခြား အဆင့်ခုနစ်မှ ကျင့်ကြံသူများနှင့်အတူ စုဝေးနေခဲ့သည်။ သူ၏ အမြင်အရ ရီဖူရှင်း၏ တန်ဖိုးက ရတနာကို ယူဆောင်ကာ ထွက်ပြေးသွားသည့် ချန်ယိ၏ တန်ဖိုးထက် ကျော်လွန်နေပေသည်။
သူသာ ရီဖူရှင်းကို အနိုင်ယူကာ ရီဖူရှင်း ဆက်ခံထားနိုင်သမျှ စွမ်းအားများကို ဖယ်ရှားပစ်နိုင်လျှင် သေးငယ်သော ရတနာလေးတစ်ခုထက် ပို၍ အဖိုးတန်ပေလိမ့်မည်။
ထိုသို့သော အတွေးဝင်လာသည်နှင့် သူ့မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး သူက အနည်းငယ် စိတ်လှုပ်ရှားလာပေသည်။
"ဒီလိုဆိုရင် သူတို့ တိုက်ခိုက်ပါစေ။" အဆင့်ရှစ်ရန်ဟောင် ကျင့်ကြံသူအချို့က နောက်သို့ ဆုတ်ခွာလိုက်ကြပြီး တိုက်ခိုက်ရန် နေရာရှင်းပေးလိုက်သည်။ ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းကာ ကျယ်ပြောလှသည့် ကြယ်ကောင်းကင်၌ ရပ်လိုက်သည်။ သူ့ရှေ့တွင် အစွမ်းထက် ကျင့်ကြံသူများစွာက ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်ကြပြီး ရီဖူရှင်းကို ဖိနှိပ်လာကြသည်။
မျက်မမြင်ထျယ်နှင့် အခြားသူများက အောက်ဘက် အနည်းငယ် နိမ့်သောနေရာတွင် ရပ်နေကြပြီး တိုက်ခိုက်နေကြသည့် နေရာအား သတိထားကာ ကြည့်နေကြသည်။ အခြားကျင့်ကြံသူများက ပညာဖလှယ်သည်ဟု ပြောသော်လည်း သူတို့သည် ရုတ်တရက် တစ်စုံတစ်ယောက်က သေစေလောက်သော တိုက်ခိုက်မှုကို ပြုလုပ်လာမည်ကို သတိထားရပေလိမ့်မည်။ လူသားများ၏ နှလုံးသားတို့က ခန့်မှန်းရခက်ခဲလှပြီး ထိုကျင့်ကြံသူများက အမျိုးမျိုးသော ကျင့်ကြံခြင်းအင်အားစုများမှ လူများဖြစ်သည့်အတွက် အချင်းချင်း မသိကြလေရာ သူတို့ အမှန်တကယ် မည်သည့်အရာကို တွေးနေသည်အား မသိကြပေ။
ဝုန်း...
ထို့နောက် ကြောက်မက်ဖွယ် အစွမ်းထက်သည့် ပုံရိပ်တစ်ခုက ရန်ဟောင်များထဲမှ တစ်ယောက်၏ နောက်တွင် ပေါ်ပေါက်လာသည်။ တောက်ပသည့် နေမင်းတစ်စင်း ပေါ်ပေါက်လာကာ ကြယ်များကို နီစွေးသွားစေသည်။ ကျယ်ပြောသော လေဟာနယ်သည် မီးလျှံများဖြင့် လွှမ်းခြုံခံထားရပြီး အဆုံးမဲ့နေမင်း၏ နတ်အလင်းများက နေမင်းနတ်ဓားများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူ့မျက်လုံးများကလည်း နေမင်းတစ်စင်းအသွင် ပြောင်းလဲသွားကာ ကြောက်မက်ဖွယ် နတ်မီးလျှံများ ထိုးထွက်လာပေသည်။ အတွေးတစ်ချက်နှင့် နတ်နေမင်းအလင်းက တောက်ပဖြာကျလာပြီး ဖျက်ဆီးခြင်း နေမင်းနတ်မီးလျှံက ၎င်း၏ လမ်းကြောင်းအတွင်း အရာအားလုံးကို လောင်ကျွမ်းဖျက်ဆီးသွားကာ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဝါးမြိုရန် ခြိမ်းခြောက်လာသည်။
လူတိုင်းသည် လေထဲမှ ပြင်းထန်သော အပူလှိုင်းကို ခံစားမိနိုင်ပြီး နေမင်းနတ်အလင်းက ထိတွေ့မိသမျှ နေရာတိုင်းက မီးလျှံများဖြင့် လောင်ကျွမ်းသွားပုံရလေသည်။ ရီဖူရှင်း၏ နောက်တွင် မြင့်မြတ်သော အလင်းများ ထုတ်လွှတ်နေသည့် ဥဒေါင်းမိစ္ဆာနတ်ဘုရားတစ်ပါး၏ ပုံရိပ် ပေါ်ပေါက်လာပြီး ယင်စွမ်းအားတို့ ပါဝင်နေသည့် နတ်ဆိုးအလင်းတန်းများစွာ ထိုးထွက်လာပေသည်။ ၎င်းက နေအလင်းနတ်ဓားတို့ထံ ဦးတည်သွားခဲ့သည်။
ချက်ချင်းပင် လေဟာနယ်အတွင်း၌ ကြောက်မက်ဖွယ် ထိခတ်မှုကြီး ပေါက်ကွဲထွက်လာသည်။ အင်အားနှစ်ခုက ကြယ်များစွာ၏ အလယ်တွင် တစ်ခုနှင့် တစ်ခု ထိခတ်သွားကာ ပြိုကျပျက်စီးသွားခဲ့ပေသည်။ မရေတွက်နိုင်သော နေမင်းနတ်ဓားများအားလုံးက ရီဖူရှင်းထံ မရောက်ရှိနိုင်ခဲ့ပေ။ အခြားအစွမ်းထက်သော ကျင့်ကြံသူများသည် ရီဖူရှင်းကို စိုက်ကြည့်နေသော သူတို့၏ မျက်လုံးများက တင်းကျပ်သွားသည်ကို ခံစားမိလိုက်သည်။ သူတို့၏ ခန္ဓာကိုယ်များမှ ပြင်းထန်သော မဟာလမ်းစဥ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို စတင် ထုတ်ဖော်လာကြပေသည်။
***