ကြာပြာကောင်းကင်အသျှင် အမွေအနှစ်၏ ပြဿနာ
Vol. 20 Ch. 298
အခန်း (၂၉၈) : ကြာပြာကောင်းကင်အသျှင် အမွေအနှစ်၏ ပြဿနာ
ကောင်းကင်တေးသံ စံအိမ်ကို ဧရာမ ကမာခွံများဖြင့် ပြုလုပ်ထားပေသည်။ အလယ်တွင် အကစင်မြင့်တစ်ခု ရှိပြီး ဘေးပတ်လည်တွင် သန္တာကောင်ရောင်စုံဖြင့် သီးသန့်အခန်းငယ်လေးများ ရှိ၏။
ရှန်ထျန်းနှင့် သူ့အဖွဲ့က အခန်းကောင်းကောင်း ရလိုက်သည်။ စင်မြင့်နှင့် မျက်နှာချင်းဆိုင် ဖြစ်ပြီး လသာဆောင်လေးလည်း ပါရှိသေးသည်။ ပွဲကြည့်ဖို့ရာအတွက် အကောင်းဆုံးနေရာ ဖြစ်ပေသည်။
အားလုံးက သူတို့အခန်းငယ်အတွင်း သောက်စားပျော်ပါးနေကြသည်။ သူတို့က စင်မြင့်အထက်မှ ပင်လယ်မျိုးနွယ် အမျိုးသမီးလှလှလေးများကိုလည်း ကြည့်ကြသည်။ ကောင်းကင်တေးသံ စံအိမ်၏ ပုံမှန်ဖောက်သည်ဖြစ်နေသည့် ဂဏန်းမင်းသားက ရှန်ထျန်းအား ကြွားလုံးထုတ်ဖို့ အလွန်စိတ်တက်ကြွနေသည်။
“အစ်ကိုရှန်၊ အစ်ကိုချီ၊ မင်းသား(၇) … ဒီလိုမျိုး ကောင်းကင်တေးသံ စံအိမ်ကို ရောက်တာ ပထမဆုံးအကြိမ်မလား။ နည်းနည်း မိတ်ဆက်ပေးပါရစေ … အခုစင်မြင့်ပေါ်က ဖျော်ဖြေနေတဲ့ မိန်းမလှလေးတွေက ခုံးမျိုးနွယ်ကလေ။ အကကိုတော့ ခုံးနတ်မိမယ်အကလို့ ခေါ်တယ်။
ခုံးမျိုးနွယ် မိန်းကလေးတွေကို အမျိုးအစားနှစ်ခု ခွဲထားတယ်။ ပထမတစ်ခုက ပန်းရောင်ဝတ်စုံနဲ့ ကောင်မလေးတွေ … သူတို့က ဧည့်သည်တွေနဲ့ အပြင် လိုက်သွားပေးကြတယ်။ နောက်တစ်မျိုးကျ အဖြူရောင် ဝတ်စုံနှင့် ကောင်မလေးတွေ … သူတို့က ခုံးမျိုးနွယ်ရဲ့ ပါရမီရှင် ဖြစ်ပြီးတော့ အဆင့်အတန်း မြင့်မားကြတယ်။
အခြေအနေအများစုအောက်မှာ အဖြူဝတ် ခုံးနတ်မိမယ်လေးတွေက ဧည့်သည်တွေကို မဧည့်ခံကြဘူး။ သူတို့က ဒီမှာ အနုပညာကိုပဲ ရောင်းတာ ခန္ဓာကိုယ်ကို မဟုတ်ဘူး ”
ရှန်ထျန်းက ဂဏန်းမင်းသား၏ ရှင်းပြချက်ကို နားထောင်ရင်း စင်မြင့်ပေါ် လှမ်းကြည့်လိုက်မိသည်။
ပန်းရောင်ဝတ်စုံနှင့် ခုံးမိန်းကလေးလေးများစွာက အဖြူရောင်ဝတ်စုံနှင့် ခုံးမိန်းကလေး လေးယောက်ဘေးကနေ အကူသဘောမျိုး ကပြနေကြသည်။ သူတို့အဆင့်အတန်း နိမ့်မှန်း သိသာလှ၏။
အောင်းဝူက ထိုကောင်မလေးများကို ကြည့်ကာ “ ဧည့်သည်နဲ့ လိုက်ထွက်သွားတယ်ဆိုတာက ဘာပြောချင်တာလဲ။ အဲဒီပန်းရောင် ကောင်မလေးတွေတချို့ရဲ့ ခေါင်းမှာ ပုလဲရှိပြီးတော့ တချို့ကျ ဘာလို့ မရှိရတာလဲ ”
ငွေဖြူရောင် မင်းသားက ပြုံးကာ “အရှင့်သား အဲဒါတွေက ခုံးမျိုးနွယ်ရဲ့ ပုလဲတွေလေ။ သူတို့ရဲ့ အပျိုစင်ဘဝကို ကိုယ်စားပြုတယ်လေ။ အပျိုစင် ခုံးမိန်းကလေးတွေက ပုလဲကို သူမတို့ ခန္ဓာကိုယ်ထဲ ဝှက်ထားတတ်ကြတယ်။ ခေါင်းပေါ်မှာ ပုလဲထုတ်ထားတဲ့ အမျိုးသမီးတွေကတော့ အပျိုစင်မဟုတ်တော့ဘူးပေါ့။ သူတို့က အတွေ့အကြုံ ကြွယ်ဝနေပြီလေ …
ခုံးမိန်းကလေးအမျိုးအစား တစ်ခုချင်းစီက ကိုယ်စီ စိတ်ဝင်စားဖို့ကောင်းကြတယ်။ ထပ်ပြောနေဖို့တောင် မလိုတော့ဘူး။ အရှင့်သား ဒီကို ခဏတိုင်းလာရင် နားလည်သွားလိမ့်မယ် ”
ရှန်ထျန်း “ … ”
ချီရှောက်ရွမ် “ … ”
ဒီငရှုပ်ကောင်တွေက ကလေးကို ဘာတွေသင်ပေးနေတာလဲ …
ဂဏန်းမင်းသားက ထင်းမထွက်လိုသောကြောင့် ထပ်ပြောလိုက်သည် “ ပြီးတော့ ဝတ်စုံဖြူ ခုံးမိန်းကလေးတွေက သူတို့ရဲ့ ချစ်မြတ်နိုးမှု ရယူနိုင်တဲ့သူကို ပုလဲပေးကြတယ်တဲ့ … ပြောရရင်တော့ သူမနှလုံးသားက သူ့အပိုင် ဖြစ်သွားပြီပေါ့။ သူမရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတဲ့ အနေနဲ့ လက်ဆောင်ပေးကြတာ…
အဲဒီမိန်းကလေးတွေက မာနကြီးနေတာ တော်တော်ဆိုးတယ်။ သူတို့ ပုလဲကို အမျိုးသားတစ်ယောက်ဆီ ပေးတာ ခပ်ရှားရှားပဲ …
ကောင်းကင်တေးသံ စံအိမ်ရဲ့ ဧည့်သည်အများစုက လာပျော်ပါးကြတာလေ။ တကယ်လို့ သူတို့ ခုံးမိန်းကလေးတစ်ယောက်ယောက်ကို ကြိုက်သွားမိမယ်ဆိုရင် ဒီစံအိမ်ကနေ ပြန်ရွေးသွားနိုင်တယ်။
ဒါပေမဲ့ အဲဒီခုံးပါရမီရှင်လေးတွေက မာနကို ခဝါချပြီး သူတို့ပုလဲကို အားလုံးရှေ့ ပေးရမှာဆိုတော့ အတော်လေးတော့ အကဲစမ်းတဲ့ စစ်ဆေးမှုမျိုးပဲ ”
ထိုသို့ပြောပြီးနောက် ဂဏန်းမင်းသားလေး၏ မျက်နှာ၌ တမ်းတလွမ်းဆွတ်ဖွယ် အမူအယာတစ်ချက် ဖြတ်ပြေးသွားသည်။
ခုံးနတ်မိမယ် ပါရမီရှင် တစ်ယောက်ရဲ့ မျက်နှာသာပေးမှုကို ရယူနိုင်ရင် အမျိုးသားတစ်ယောက်အတွက် အတော်လေး စိတ်လှုပ်ရှားစရာ ဖြစ်နေပြီ …
ရှန်ထျန်းက ငွေဖြူရောင် မင်းသားနှင့် ဂဏန်းမင်းသားတို့၏ အမူအယာကို မြင်ကာ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားလေသည်။
ဒီပင်လယ်မျိုးနွယ် ပါရမီရှင်တွေက တကယ်ကို တစ်ခုခုပဲ …
.......................
ရှန်ထျန်းက လသာဆောင်ရှေ့ လျှောက်လှမ်းလာကာ ကခုန်နေသည့် ခုံးမိန်းကလေးများကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းက ကြည်လင်အေးချမ်းနေပြီး ရိုးရိုးရှင်းရှင်း လေးစားမှုသာ ရှိပေသည်။
အရိုးသားဆုံးပြောရလျှင် ထိုခုံးမိန်းကလေးများက လှလှပပ ကပြနေကြသည်။ သူတို့ဝတ်စုံက သူတို့နား ပျံဝဲနေကာ မှော်ဆန်သည့် မြင်ကွင်းမျိုး ဖြစ်၏။
သို့သော်လည်း ထိုမိန်းကလေးများက သူတို့ကံတရားသူ ထိန်းချုပ်ခွင့် မရှိကြောင်း တွေးမိလိုက်သောအခါ ရှန်ထျန်းက သနားလာမိသည်။
ဒီလောကကြီးမှာ ဘယ်သူမှ မလွယ်ပါ့လား ..
ခုံးမိန်းကလေးအများစုက သာမန်အရည်အချင်းသာ ရှိကြပြီး ကောင်းကင်တေးသံ စံအိမ် နောက်ခံသာမရှိလျှင် သူတို့အခြေအနေက ပိုဆိုးသွားနိုင်သည်။
ပင်လယ်မျိုးနွယ် သောင်းချီသော နတ်ဆိုးများအနက် အသက်ရှင်သန်ဖို့ တိုက်ပွဲကား လူသားလောကထက် ပိုရက်စက်သည်။ အားကောင်းသည့် နောက်ခံမပါရှိဘဲ မျက်စိတစ်မှိတ်အတွင်း ငါးစာ ဖြစ်သွားနိုင်သည်။
ဒီကျင့်ကြံရေးလောကမှာ ငါ့လို ရုပ်ချောတဲ့ အမျိုးသားတောင် အားကောင်းလာမှ ကိုယ့်ကံတရားကို ထိန်းချုပ်လာနိုင်တာလေ
ရှန်ထျန်းက သက်ပြင်းချလိုက်သည်။ သူ့အနေနှင့် ပိုအားကောင်းလာအောင် လုပ်ဖို့ ဆုံးဖြတ်ချက်ပိုမို ခိုင်မာလာသည်။
ထိုစဉ် ခုံးနတ်မိမယ်အကက ပြီးဆုံးသွားလေပြီ။ ပန်းရောင်ဝတ်စုံနှင့် ခုံးမိန်းကလေးများက သူတို့၏ နောက်ဆုံးပုံစံကို ပြောင်းလဲလိုက်ကြသည်။ ပုံမှန်အားဖြင့် အဖြူဝတ်စုံနှင့် ခုံးမိန်းကလေးလေးယောက်က စင်မြင့်ပေါ်မှ ထွက်ဖို့ စတင်ပြင်ဆင်မည် ဖြစ်၏။ သို့သော် လူအုပ်ကြီးက ငေးကြည့်နေစဉ် ထိုမိန်းမပျိုလေးယောက်က အကကို မရပ်တန့်ကြသေးပေ။
သူတို့က အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် အနီရောင်နှုတ်ခမ်းပါးလေးမှ ချစ်စဖွယ် ပုလဲတစ်လုံးစီ ထုတ်လိုက်ကြသည်။ ထို့နောက် လေးယောက်သား စင်မြင့်ပေါ်မှ ဒုတိယအလွှာရှိ လဆောင်ဆီ ဦးတည်လိုက်ကြသည်။
ခုံးမိန်းမပျိုလေးယောက်က လေပြေလေးအလား ပေါ့ပါးစွာ ပျံသန်းလာကြသည်။ သူတို့ကို ကြည့်ရသည်မှာ အင်မတန် ကြော့ရှင်းသေသပ်လှ၏။ သူတို့က ပုလဲကို ဘယ်သူအရင်ဆုံးပေးနိုင်မလဲဟု တစ်ယောက်နှင့် တစ်ယောက် အလုအယက် တိုးဝှေ့နေပုံပေါ်သည်။
အဆုံးသတ်၌ အားလုံး၏ ကြောင်အနေသည့် အကြည့်အောက်တွင် လေးယောက်လုံး လသာဆောင်တစ်ခုတည်းသို့ ပြိုင်တူ ရောက်ရှိလာပြီး တူညီသည့် အမျိုးသားတစ်ယောက်တည်းကို စိုက်ကြည့်နေကြသည်။
ခုံးမိန်းမပျိုလေး လေးယောက်က ယောက်ျားတစ်ယောက်ကို တစ်ချိန်တည်း သဘောကျသွားတာလား … သူတို့က ပုလဲပေးဖို့တောင် အလုအယက် တိုးဝှေ့နေကြသေးတယ် …
ကောင်းကင်တေးသံ စံအိမ်တစ်ခုလုံး တအံ့တဩ ဖြစ်သွားကြသည်။
ဤသည်မှာ ဘဝမှာ တစ်ခါ မြင်တွေ့ဖို့ပင် ရှားပါးလှသည့် မြင်ကွင်းမျိုး ဖြစ်၏။ အားလုံးက အားကျမနာလို ဖြစ်မိသွားကြသည်။
ခုံးမိန်းမပျိုလေး လေးယောက်လုံး ကြိုက်သွားအောင် လုပ်နိုင်တာ ဘယ်လိုယောက်ျားတုန်း … အားလုံးက ထိုအမျိုးသားအား ကြည့်လိုက်ကြသည်။
……………....
သူတို့က ထိုအမျိုးသား၏ ရုပ်ရည်ကို မြင်လိုက်သည်နှင့် မယုံကြည်ကာ သံသယပွားနေကြသည့် အမူအယာများက အံ့ဩတုန်လှုပ်ခြင်းအဖြစ်မှ လက်ခံအလျော့ပေးလိုက်ခြင်းအဖြစ် ပြောင်းလဲသွားတော့သည်။
ဒီကမ္ဘာကြီးထဲမှာ ဒီလိုရုပ်ရည်ချောမောတာမျိုး ရှိသေးတယ်လား … ခုံးမိန်းမပျိုလေးတွေ ပုလဲတွေ ပေးချင်နေတာ မဆန်းတော့ပါဘူး
လသာဆောင်တွင် ရပ်နေသည့် အမျိုးသားက အဖြူရောင်နဂါးဝတ်စုံကို ဝတ်ဆင်ထားပြီး မဟာဆန်လှသည်။ သူ့ဆံပင်များက ပခုံးကို ဖြတ်ကာ လွှင့်နေပြီး သူ့မျက်နှာမှ လွှမ်းမိုးနိုင်သည့် အငွေ့အသက်တို့ ထုတ်လွှင့်နေသည်။
သူ့မျက်ဝန်းအစုံက ပင်လယ်ကြီးလောက် နက်ရှိုင်းပြီး အကြည့်ချင်းဆုံမိလျှင် ချောက်နက်ထဲ ပြုတ်ကျသွားသလိုမျိုးအထိ ကူကယ်ရာမဲ့စေသည်။
မှန်ပေသည်။ ဤလူမှာ ရှန်ထျန်း ဖြစ်၏။
အရိုးသားဆုံးပြောရလျှင် သူက အတော်လေး ကူကယ်ရာမဲ့နေလေပြီ။
ငါက လေကောင်းလေသန့်လေး ထွက်ရှုတာလေ … သီးသန့်အခန်းထဲက လူတွေနဲ့ ဝေးဝေးနေနိုင်တုန်း ရှိသေးတယ် မီးထဲ တည့်တည့်ခုန်ဆင်းမိတာလား
ခုံးမိန်းမပျိုလေးယောက်ကလည်း ငါ့ကို ဝါးစားတော့မလိုမျိုး စိတ်အားထက်ထက်သန်သန်နဲ့ ကြည့်နေကြတယ် …
ရှန်ထျန်း တစ်ယောက် တုန်တုန်ယင်ယင် ဖြစ်လာမိသည်။
ခုံးလား … သူတော့ စိတ်ဓာတ်ရေးရာ မကျော်လွှားနိုင်လောက်ဘူး
ဒီလိုအခြေအနေမှာ ဘယ်လိုရှောင်ထွက်ရမလဲ … ငါ ဘာလုပ်ရမလဲ
“ မင်း … မင်းတို့လေးယောက်လုံးက တကယ်ကို တော်တဲ့ အကမယ်တွေပဲ။ အတော်လေး အံ့ဩမိသွားတယ် ”
ရှန်ထျန်းက ထပ်ပြောလိုက်သည် “ အားလုံးအတူတူ ရှိတာ ကောင်းတယ်ဆိုတော့ သွေးသောက်မောင်နှမအဖြစ် ကျိန်ဆိုရအောင်လေ ”
ခုံးမိန်းမပျိုလေးယောက် “ … ”
အိပ်ယာထဲ ခေါ်ချင်တာလေ …မောင်နှမ ဖြစ်ချင်တယ်ဆိုတာ ဘာကြီးတုန်း
ဆူဆူညံညံအခြေအနေကို ကြားကာ မင်းသားလေးယောက်၊ ချီရှောက်ရွမ်နှင့် အောင်းဝူတို့က လသာဆောင်ဆီ အပြေးအလွှား ထွက်လာကြသည်။
သူတို့က ပုလဲများ ထုတ်ပေးနေသည့် ခုံးမိန်းမပျိုလေး လေးယောက်နှင့် မောင်နှမအဖြစ် ကျိန်ဆိုရန် ပြောနေသော ရှန်ထျန်းကို မြင်လိုက်ကြရသည်။ အားလုံးက ကြောင်အမ်းသွားလေ၏။
သွေးသောက် မောင်နှမတဲ့လား ..
သူတို့က ခုံးမျိုးနွယ်ရဲ့ ပါရမီရှင်လေးယောက်လေ … ပင်လယ်မျိုးနွယ်ရဲ့ ပါရမီရှင်တွေက သူတို့ရဲ့ မျက်နှာသာပေးမှုရအောင် ဘယ်လောက်တောင် အိပ်မက်မက်နေကြလဲ သိရဲ့လား … သူတို့တစ်မိသားစုလုံး ပိုင်ဆိုင်သမျှ ကုန်သွားရင်တောင် လိုလားနေကြတာ
မင်းကတော့ သွေးသောက်မောင်နှမဖွဲ့ဖို့ အကြံပြုနေတယ်တဲ့လား … ဒီလိုမျိုး ဘယ်လိုများ တွေးမိသွားတာလဲ
ရုပ်ချောတာနဲ့ ဇွတ်တရွတ် လုပ်နိုင်မယ် ထင်နေတာလား
..............
ကောင်းကင်တေးသံ စံအိမ်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ခုံးမိန်းမပျိုလေးတို့လည်း ရှန်ထျန်းကို မကြည်မလင် ကြည့်လိုက်ကြသည်။
ရှန်ထျန်းက ထိုအကြည့်များအား မသိချင်ယောင်ဆောင်ထား၏။
လာနောက်နေတာလား … ငါ့ ဘဝမှာ မိန်းကလေး ပြဿနာတွေ များလွန်းနေပြီ
လျန်အာ၊ ရှောင်လင်း၊ အစ်မယွင်ရှီး၊ ခုံမုန့်၊ အောင်းပင်း … သူတို့ကိုတောင် ဘယ်လိုဖြေရှင်းရမလဲ မသိသေးတာ … အခု ဒီလေးယောက်ပါ ထည့်ပေါင်းလိုက်ရင် ဘုရားဘုရား ငါက ရုပ်ချောလို့ ငါ့ဆီ လာနေကြတာလား … မတရားလိုက်တာ
မိန်းကလေးတိုင်းရဲ့ အချစ်ကို လက်ခံရမယ်လို့ ဘယ်သူကများ ဆုံးဖြတ်ပေးလိုက်တာတုန်း … ငါ့ကို ရချင်ရင် နဂါးမင်းသမီး အောင်းပင်းကို အရင်ကျော်ဖြတ်ရဦးမယ်
ရှန်ထျန်းအနေနှင့် ကြမ်းတမ်းသည့် အောင်းပင်းက ထိုခုံးမိန်းမပျိုလေးများအား စွတ်ပြုတ်လုပ်သောက်ပစ်မည်ကို စိုးရိမ်လာမိသည်။
ငါက ဒီမိန်းကလေးတွေအတွက် လုပ်ပေးနေတာလေ … တကယ်လို့ ငါ့ကို လိုချင်ရင် တိုးတိုးတိတ်တိတ် ဆက်သွယ်မှပေါ့
ဒီလိုလူအများအမြင် ထုတ်ဖော်တာက ဉာဏ်မရှိရာကျတယ်လေ … သွေးစွန်းကုန်ရော ဘယ်လိုလုပ်မလဲ
ရှန်ထျန်းက သူ့အတွေးနှင့်သူ နစ်မြောနေစဉ် ငွေဖြူရောင် မင်းသားကလည်း အတွေးလွန်နေသည်။
အောင်းဝူကက ရှန်ထျန်း၏ ဇစ်မြစ်ကို မထုတ်ဖော်သေးသော်လည်း ငွေဖြူရောင်မင်းသားအနေနှင့် တခြားသိစရာ နည်းလမ်း မရှိကြောင်း မဆိုလိုပေ။
တကယ်တော့ သူက ရှန်ထျန်းနှင့် မတွေ့ခင်ကတည်းက ရှန်ထျန်းအကြောင်း အကြမ်းဖျင်း စုံစမ်းထားခဲ့သည်။ တခြားနည်းဖြင့်ဆိုရလျှင် ချီရှောက်ရွမ်ပင် သူ့အတွက် ပြိုင်ဖက် မဟုတ်ပေ။
နှုတ်လုံရှာသည့် ညီအစ်ကိုလီက ငွေဖြူရောင်မင်းသားနှင့် စကားတချို့ ပြောခဲ့ကြသေးသည် မဟုတ်ပါလော။ ရှန်ထျန်းက စကားဝိုင်း၏ ဇာတ်ကောင် ဖြစ်နေသည်မှာ မလွဲဧကန်ပင်။
သူက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သည် လွန်ခဲ့သော နှစ်တစ်သောင်းခန့်က နဂါးမင်းသမီး အောင်းပင်း၏ အပိုင်ဖြစ်ကြောင်း ကြားထားသည်။
အကယ်၍ သူမသာ ယနေ့အဖြစ်အပျက်အကြောင်း တစွန်းတစ သိသွားခဲ့လျှင် …
ငွေဖြူရောင် မင်းသားက တုန်တုန်ယင်ယင် ဖြစ်လာမိသည်။ သူက အောင်းပင်းအကြောင်း မသိသော်လည်း ရှေးဟောင်းစာအုပ်များထဲမှ သူမအကြောင်း များစွာ ဖတ်ထားဖူး၏။
အကယ်၍ အောင်းပင်းသာ ရှန်ထျန်းကို ဤဖျော်ဖြေရေး နေရာဆီ ခေါ်လာသူမှာ သူတို့ဖြစ်ကြောင်း သိသွားခဲ့လျှင် ….
အကျိုးဆက်ကို စဉ်းစားမိရုံနဲ့တင် ကြောက်စရာကြီး …
ငွေဖြူရောင်မင်းသားက ခိုင်ခိုင်မာမာ ရှေ့ထွက်ရပ်လိုက်သည်။
သူက ခုံးမိန်းမပျိုလေး လေးယောက်ကို နှုတ်ဆက်လိုက်ပြီး “ နတ်မိမယ်လေးတို့ တစ်ခုခု အထင်လွဲနေတာနေမယ်။ အစ်ကိုရှန်က နဂါးမင်းသမီးနဲ့ စေ့စပ်ထားပြီးသားဆိုတော့ မင်းတို့ကို လက်မခံနိုင်တာပါ။ မင်းတို့ပုလဲကို ကိုယ့်ဆီ ပေးလိုက်ပါ့လား ”
ငွေဖြူရောင်မင်းသားက တည်ကြည်လေးနက်သော အမူအယာ ဆင်မြန်းလိုက်သည်။
“ကိုယ့်ဆီမှာ စေ့စပ်ထားတဲ့သူ မရှိသေးဘူးဆိုတော့ မိန်းကလေးတို့ စိတ်မရှိရင် ကိုယ်ကပဲ ကိုယ့်ဘာသာ ပေးအပ်လိုက်ပါရစေ ”
ခုံးမိန်းမပျိုလေးများ “ … ”
ဒီရေဘဝဲ ဘယ်က ရောက်လာတာလဲ .. ရုပ်ဆိုးလိုက်တာ
ငါတို့ ကောင်လေး ချောချောလေး ငမ်းနေတာကို ရှေ့ကနေ ဘာလို့ ကာဆီးနေတာတုန်း … သူ့မျက်နှာ ရေနဲ့ ပက်ပစ်လိုက်ချင်တယ်
ဒါပေမဲ့ ဒီကောင်ချောလေးက နဂါးမင်းသမီးနဲ့ စေ့စပ်ထားပြီးပြီတဲ့လား … နှမြောစရာကောင်းလိုက်တာ
နဂါးနက်မျိုးနွယ်၏ စွမ်းအားမှာ မြောက်ပင်လယ်တခွင် ကျော်ကြားသောကြောင့် ထိုခုံးမိန်းမပျိုလေးများအနေနှင့် နဂါးမင်းသမီး၏ လူကို လုယူဖို့ ကြိုးစားနိုင်မည် မဟုတ်ပေ။
အနည်းဆုံးတော့ လူသိရှင်ကြား မဟုတ်ဘူးပေါ့ …
သူတို့က နဂါးနက်မင်းသမီး၏ ပိုင်ဆိုင်မှုကို ပွင့်လင်းမြင်သာ မလုယူနိုင်ပေ။
“ မင်းသားလေးကို စိတ်အနှောင့်အယှက် ဖြစ်စေမိတာ တောင်းပန်ပါတယ် ”
ခုံးမိန်းမပျိုလေး လေးယောက်က ပုလဲများ သိမ်းကာ တိတ်တဆိတ် ထွက်သွားကြတော့သည်။
ခုံးမိန်းမပျိုလေး တစ်ယောက်က ထပ်တွေးလိုက်ပြီးနောက် ခရုခွံအသေးလေး ထုတ်ပြီး ရှန်ထျန်း လက်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် ရှန်ထျန်းအား အဓိပ္ပါယ်ပါပါ ကြည့်ကာ
“ ဒီက အစ်ကိုရှန်က ညီမနဲ့ မောင်နှမဖြစ်လာဖို့ ကိစ္စမရှိဘူးဆိုရင် အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုချင်ပါတယ်။ နောင်အခါများ အစ်ကိုရှန် တွေ့ချင်တဲ့ အချိန်တိုင်း ဒီခရုခွံလေးကို မှုတ်လိုက်ပါ … ညီမ ရောက်တဲ့နေရာကနေ အမြန်ဆုံးလာခဲ့ပါ့မယ် ”
ကျန်ရှိနေသော ခုံးမိန်းမပျိုလေး သုံးယောက်လည်း အဖြစ်အပျက်ကို မြင်လိုက်ပြီးနောက် သူတို့၏ ဝမ်းနည်းပက်လက် အမူအယာများ ချက်ချင်း လွှင့်ပျောက်သွားလေသည်။ သူတို့လည်း ခရုံခွံလေးများ ထုတ်ကာ ရှန်ထျန်း လက်ထဲ ထည့်ပေးလိုက်ကြသည်။
“ ကျွန်မရောပဲ ”
ထိုသို့လုပ်ပြီးနောက် ခုံးမိန်းမပျိုလေး လေးယောက်က ရှန်ထျန်းအား အရှက်သည်းစွာ တစ်ချက်ကြည့်ပြီး စင်မြင့်ပေါ် ပြန်သွားလိုက်ကြသည်။ သိပ်မကြာခင် စင်မြင့်အထက်ရှိ လိုက်ကာများနောက်တွင် ပျောက်ကွယ်သွားလေသည်။ ရှန်ထျန်းနှင့် အားကျမနာလိုဖြစ်နေသည့် အမျိုးသားများစွာက ကြောင်အမ်းအမ်း ကျန်ခဲ့ကြသည်။
“ ခုံးမိန်းမပျိုလေးတွေက သန့်ရှင်းဖြူစင်ပြီး မာနကြီးတယ်လို့ ဘယ်သူက ပြောလိုက်တာလဲ။ ထွက်ခဲ့စမ်း သေတဲ့အထိ ရိုက်ပစ်ဦးမယ်။
သူတို့က အငြင်းခံရပြီးတော့ မုန်းသွားသင့်တာ မဟုတ်ဘူးလား။ ဒါပေမဲ့ သူတို့က အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုပြီးတော့ နောင်လည်း တွေ့ချင်ပါသေးတယ်တဲ့လား … ဒီလူသားက သူ့အတွက် ဘာကောင်းမှန်း မသိရှာဘူး။ ခုံးနတ်မိမယ်လေးရေ ကျုပ်ကို ဘာလို့ မစဉ်းစားပေးရတာလဲဗျာ … ကျုပ်က ရိုးရိုးသားသား ဖြူဖြူစင်စင် ငါးလေးပါ။
မင်းက ရုပ်ချောနေတော့လည်း ဘာဖြစ်လဲ။ ရုပ်ချောနေရုံနဲ့ မိန်းကလေးတွေရဲ့ ခံစားချက်ကို ကစားလို့ရမယ်ထင်နေလား ”
“ဒါပေမဲ့ အဲဒီလူသားက ဘာမှမလုပ်ခဲ့ဘူးလေ။ တခြားသူရဲ့ ခံစားချက်ကို ကစားတယ်ဆိုပြီး စွပ်စွဲမနေစမ်းပါနဲ့ကွာ”
“ ပါးစပ်ပိတ်ထား … ရုပ်ချောတဲ့ ယောက်ျားတိုင်း သေသင့်တယ် ”
……………...
အငြိုးတရားများစွာနှင့် အကြည့်များစွာက ရှန်ထျန်းဆီ စုပြုံလာသည်။
ရှန်ထျန်းက ကောင်းကင်တေးသံ စံအိမ်အတွင်း သတ်ဖြတ်ငွေ့ကို ခံစားမိလိုက်သည့်အခါ ခေါင်းကျိန်းမိသွားသည်။
သူက သတိလက်လွတ် နေခဲ့မိ၏။ သူ အပြင်မသွားခင် ဇာမဏီမျက်နှာဖုံးကို တပ်ထားသင့်ပေသည်။ လူမသိသူမသိနေ၍ မမှားပေ။
ဟူး … ကုန်းမြေကလိုမျိုး ပင်လယ်မျိုးနွယ်လည်း အမျိုးသားတွေအပေါ် အကြိုက်တူနေလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ … သူတို့က လူသားတွေထက်တောင် ရဲတင်းကြသေးတယ်
သူတို့က ငါ့ကို နောင်ကျရင် ဆက်သွယ်ဖို့ဆိုပြီး ခရုခွံလေးတွေတောင် ပေးခဲ့သေးတယ် … ငါ့ကို ဘယ်လိုလူ ထင်နေတုန်း
ထိုအတွေးဖြင့် ရှန်ထျန်းက ခရုခွံလေးခုလုံးကို ခန်းမင်လက်စွပ်အတွင်း ထည့်သိမ်းလိုက်တော့သည်။
သူက အမှတ်တရ လက်ဆောင်အဖြစ် ထည့်သိမ်းလိုက်ခြင်း ဖြစ်၏။ ဘယ်သောအခါမှ ဆက်သွယ်မည် မဟုတ်ပေ။
လူအုပ်ကြီး၏ အားကျမနာလိုမှုနှင့် အမုန်းတရားတို့က ပိုမို ပြင်းထန်လာသည်။ အခြားသီးသန့်အခန်းမှ ပင်လယ်မျိုးနွယ် အမျိုးသားများလည်း ပြေးလာကြ၏။ သူတို့က မျက်လုံးမှ မီးပွားထွက်လာတော့မည့်အလား ရှန်ထျန်းကို စိုက်ကြည့်လိုက်ကြသည်။
“ဟားဟား ဒီလူသားက ဘယ်ကနေ ရောက်လာတာလဲ။ ငါတို့အတိသုခမြို့ထဲမှာ ဒီလိုရုတ်ရုတ်သည်းသည်း လာလုပ်တယ်ပေါ့လေ။ သတ္တိရှိရင် ထွက်ခဲ့စမ်း … ”
ထိုအမျိုးသားများက အားကောင်းသည့် အငွေ့အသက်များ ထုတ်လွှင့်နေကြသည်။ တချို့သူများက ချီရှောက်ရွမ်နှင့်ပင် လက်ရည်တူလိုက်နိုင်၏။
“အဲဒါ ဧရာမမိချောင်း၊ မြွေနက်နဲ့ ကြယ်ငါးမျိုးနွယ်ရဲ့ ပါရမီရှင်တွေပဲ ”
“ကျစ်ကျစ် ကြည့်ရတာ ငါတို့တော့ ပွဲကောင်း ကြည့်ရတော့မယ်။ အဲဒီသူတွေက ခုံးနတ်မိမယ်လေးတွေကို သဘောကျနေကြတာမလား”
“ လူသားက နဂါးမင်းသားရဲ့ မိတ်ဆွေဆိုပေမဲ့ ဧရာမမိချောင်း မင်းသားနဲ့ မြွေနက်မင်းသားတို့က နတ်ဆိုးအသျှင်အဆင့်ကို ရောက်နေပြီ။ သူတို့တော့ မခုခံနိုင်လောက်ဘူး ”
“ ဘယ်သူက ဂရုစိုက်မှာလဲ။ အဲကောင်လေးက ချောလွန်းနေတော့ သူက ငပွေးမှန်း သိသာနေတာပဲ။ ငရှုပ်ကြီးပဲ ဖြစ်ရမယ် ”
“ ဟုတ်တယ် … ဧရာမမိချောင်း မင်းသားနဲ့အဖွဲ့က သင်ခန်းစာကောင်းကောင်း ပေးလိုက်ပါစေ ”
“ ငါတို့က ပင်လယ်မျိုးနွယ် အလှလေးတွေရဲ့ ဂုဏ်သတင်းကို ကာကွယ်ပေးရမယ် ”
…………...
နတ်ဆိုးများက တိုက်ခိုက်ရသည်ကို နှစ်သက်ကြသည်။ သူတို့က အားကောင်းသူကိုသာ လေးစားကြ၏။
နဂါးနက်မျိုးနွယ်၏ မင်းသား(၇)က မြောက်ပင်လယ်၌ အဆင့်အတန်း အတော်လေး မြင့်မားပေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုတစ်ချက်တည်းဖြင့် သူတို့အောင်မြင်မှုမှ ဂုဏ်သတင်းကြီးမားလာသည့် ပါရမီရှင်များကိုတော့ ထိန်းမထားနိုင်ပေ။
နမူနာအားဖြင့် ဧရာမ မိချောင်းနှင့် မြွေနက်မျိုးနွယ်တို့သည် နဂါးမျိုးနွယ်အောက် ထိပ်တန်းမျိုးနွယ်များ ဖြစ်ကြသည်။ သူတို့၏ ထိပ်တန်း ကျင့်ကြံသူများက နတ်ဧကရာဇ်အဆင့်ကို ကျော်လွန်သွားကြလေပြီ။
ထို့အပြင် နဂါးနက်မျိုးနွယ်က လွန်ခဲ့သော နှစ်တစ်သောင်းအတွင်း သိုသိုသိပ်သိပ် နေထိုင်လာကြ၏။ ရလဒ်အနေနှင့် နဂါးနက်မျိုးနွယ်စုက ယခင်လောက် တခြားမျိုးနွယ်စုများ၏ လေးစားမှုကို မရရှိတော့ပေ။ ထိုမျိုးနွယ်များအနက် အဓိကမှာ ဝေလငါး၊ ပင်လယ်ပုတ်သင်နှင့် ဧရာမ မိချောင်းတို့ ဖြစ်ကြသည်။
မြောက်ပင်လယ်အတွင်း လျို့ဝှက်မဟာမိတ်များ ရှိကြသည်။ ထိုထိပ်တန်း မျိုးနွယ်များက နဂါးနက်မျိုးနွယ်ကို ဆန့်ကျင်ဖို့အတွက် မဟာမိတ်ဖွဲ့ထားကြခြင်း ဖြစ်၏။
ဤသည်မှာ ဘယ်သူ့အမှားမှ မဟုတ်ချေ။ အားကြီးသူသာ အုပ်စိုးသော လောက၌ အားကြီးသူသာ ရှင်သန်ခွင့် ရှိပေသည်။
ရလဒ်အနေနှင့် ဧရာမ မိချောင်းမင်းသားတို့ အဖွဲ့က စိတ်ဆိုးနေရုံမျှဖြင့် ရှန်ထျန်း၏ သီးသန့်အခန်းအတွင်း ဝင်လာ၍လည်း ဘာမှမဖြစ်ပေ။ အကြောင်းအရင်းမှာ ရိုးရှင်းလှ၏။ အောင်းဝူတို့အဖွဲ့က ရွှေအမြုတေအဆင့်မျှသာ ရှိကြသေးသည်။
လူသားမျိုးနွယ်၏ ကျင့်ကြံဆင့်ကို ချီသန့်စင်ခြင်း အဆင့်၊ အခြေတည်အဆင့်၊ ရွှေအမြုတေအဆင့်၊ ကနဦးဝိညာဉ်အဆင့်၊ ဝိညာဉ်အသွင်ပြောင်းအဆင့်၊ အတိဒုက္ခလွန် အဆင့်နှင့် မဟာယနအဆင့်ဟူ၍ ခွဲခြားထားသည်။
ထိုစဉ် နတ်ဆိုးမျိုးနွယ်၏ ကျင့်ကြံဆင့်ကိုမူ ကိုယ်ထည်မာအဆင့်၊ သာလွန်ကိုယ်ထည်အဆင့်၊ ရွှေရောင်ကိုယ်ထည်အဆင့်၊ နိဗာနအဆင့်၊ စွမ်းပကားရှင်အဆင့်နှင့် အတိဒုက္ခလွန်အဆင့် ဟူ၍ ခွဲခြားထားသည်။
ဧရာမ မိချောင်းမင်းသားနှင့် မြွေနက်မင်းသားတို့က မြောက်ပင်လယ်အတွင်း နှစ်ရာချီ ကျော်ကြားနေသည့် ပါရမီရှင်များ ဖြစ်ကြ၏။ သူတို့က နိဗာနအဆင့်ကို ရောက်လာခဲ့ပြီ ဖြစ်သောကြောင့် အင်မတန် အားကောင်းကြသည်။
အရှင်းဆုံးပြောရလျှင် သူတို့က နဂါးမင်းသား (၇) နှင့် ပါလာသည့်သူများက သူတို့အတွက် လက်ရည်တူ ဖြစ်လိမ့်မည်ဟု မထင်ပေ။
မြောက်ပင်လယ်၏ မင်းသားလေးပါးလုံးက ထိပ်တန်း ရွှေရောင်ကိုယ်ထည်အဆင့် ဖြစ်ကြသည်။ သူတို့က သူတို့အဆင့်ကို ကျော်လွန်သည့် ပြိုင်ဖက်များနှင့် တိုက်ခိုက်နိုင်ကြ၏။
သို့သော် ဧရာမမိချောင်း မင်းသားနှင့် မြွေနက်မင်းသားတို့ကလည်း ပါရမီရှင်များ ဖြစ်ကြ၍ သူတို့ကျင့်ကြံဆင့်ကို ကျော်လွန်နေသည့် ပြိုင်ဖက်မျိုးနှင့် တိုက်ဖို့ ပြဿနာမရှိပေ။
ရွှေအမြုတေနှင့် ရွှေရောင်ကိုယ်ထည်အဆင့် ကျင့်ကြံသူများအနေနှင့် နတ်ဆိုးအသျှင် ပါရမီရှင်များနှင့် ထိပ်တိုက် ရင်ဆိုင်ဖို့ရာ သိပ်မလွယ်လှပေ။ ပြောရလျှင် မဖြစ်နိုင်ပေ။
အောင်းဝူ၏ ငယ်ငယ်ရွယ်ရွယ် မျက်နှာလေးက မှုန်မှိုင်းလာသည်။
ဒီလူတွေက ငါ့ကို ပြဿနာလာရှာရဲတယ်ပေါ့ …
နဂါးမင်းသား(၇) တစ်ယောက်အနေနှင့် ထိုလူများကို မောင်းထုတ်ဖို့ရာ သူ့အစ်ကို၊ အစ်မများကို ခေါ်လိုက်ရုံသာ ဖြစ်၏။
သို့သော် နတ်ဆိုးမျိုးနွယ်အတွက် ရန်ပွဲမနိုင်တိုင်း မိဘကို လှမ်းခေါ်သည်က ရှက်ဖို့ကောင်းလှသည်။ လူငယ်မျိုးဆက်အတွင်းမှ ပြဿနာများကို လူငယ်ချင်းသာ ဖြေရှင်းသင့်သည်။
တကယ်လို့ အစ်ကို(၆)သာ နှစ်ငါးရာအထက် သက်တမ်းရှိနေလို့သာ မဟုတ်ရင် သူ့ကို ခေါ်ပြီး မင်းတို့ကို ရိုက်ခိုင်းပစ်မယ်
အောင်းဝူက အံ့ကြိတ်ကာ ရှန်ထျန်းရှေ့မှ ကာရပ်လိုက်သည်။
“ အာ့ထုံထျန်း၊ ပိရွမ်ချင်း … မင်းတို့ ဘာလိုချင်တာလဲ ”
အစိမ်းဝတ်စုံနှင့် ပိန်ပါးပါး အမျိုးသားက နတ်ဆိုးအုပ်စုကြားမှ ထွက်လာသည်။ သူ့မေးက ချွန်ထွက်နေပြီး မြွေတစ်ကောင်နှင့် တူလှသည်။ အတော်လေး ယုတ္တိမရှိပေ။
“ ဒါက အရှင့်သား မင်းသား(၇) မလား … စိတ်မပူပါနဲ့။ ကျုပ်တို့က ဘာမှမလုပ်ပါဘူး။ မြောက်ပင်လယ်မှာ လူသားပေါ်မလာတာ ကြာလှပြီဆိုတော့ ဧည့်ဝတ်ကျေပွန်မှုလေး ပြမလို့ပါ … ကျုပ်က မြွေနက်မင်းသား ပိရွမ်ချင်းပါ။ တွေ့ရတာ ဝမ်းသာပါတယ်”
ထို့နောက် ပိရွမ်ချင်းက ရှန်ထျန်းနှင့် ချီရှောက်ရွမ်တို့က လေ့လာဟန် ကြည့်လိုက်ပြီးနောက် “ဒီက နှစ်ယောက်ကို ဘယ်လိုများခေါ်ရမလဲ ”
ချီရှောက်ရွမ်ကလည်း ပိရွမ်ချင်းအား စိုက်ကြည့်လိုက်သည် “ ကျုပ်က ခရမ်းစံအိမ် သူတော်စင် ချီရှောက်ရွမ် … နဂါးနက်ကျွန်းကို ကိုယ်စားပြုတဲ့ လူသားတွဲဖက် ”
ပိရွမ်ချင်းက ရှန်ထျန်းအား ကြည့်လိုက်ပြီးနောက် “ ဒီညီအစ်ကိုကရော ”
ရှန်ထျန်းက ပြုံးလိုက်ကာ “ ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ပါ။ နဂါးနက်ကျွန်းကို ကိုယ်စားပြုတဲ့ လူသားတွဲဖက်ပါပဲ ”
ပိရွမ်ချင်း၏ အပြုံးတို့က ရှန်ထျန်းကို ကြည့်နေရင်း တဖြည်းဖြည်း တောင့်တင်းလာလေသည် “ကောင်းကင်အသျှင် ဟယ်တုနဲ့ ဘာပတ်သတ်လဲ ”
ရှန်ထျန်းက ပြန်မေးလိုက်သည် “ကောင်းကင်အသျှင် ဟယ်တုလား ”
ပိရွမ်ချင်းက အေးစက်စက်ဖြင့် ဆက်ပြောလိုက်သည် “ ကောင်းကင်အသျှင် ဟယ်တုဆိုတာက နာမည်ခွဲတစ်ခု … ကြားသလောက်တော့ သူ့နာမည်အရင်းက ချူးလုံဟယ်ဆိုလား ”
ရှန်ထျန်း တစ်ယောက် သဘောပေါက်သွားကာ “ဆရာဦးလေးကြာပြာကို ပြောတာလား။ အစ်ကိုပိက ဆရာဦးလေးကြာပြာအကြောင်း ကြားဖူးတယ်လား ”
ခဏနေပါဦး … ဆရာဦးလေးကြာပြာက မြောက်ပင်လယ်မှာ ကျော်ကြားတယ်လား … ဘာနဲ့ကျော်ကြားတာလဲ
ရှန်ထျန်းက ကျောရိုးတစ်လျောက် ကြက်သီးထလာမိသည်။
ဆိုးတာပဲ နေရမယ် .. ငါ့တော့ ခံစားချက်ဆိုးလာပြီ
...............
ကောင်းကင်အသျှင် ဟယ်တုရဲ့ ဂိုဏ်းတူတူလေးလား …
ကောင်းကင်တေးသံ စံအိမ်အတွင်း ဒေါသတကြီးအကြည့်များ ရှန်ထျန်းဆီ စုပြုံလာသည်။
ပိရွမ်ချင်းက သရော်ပြုံးဖြင့် “ အဲဒီလူယုတ်မာရဲ့ ဂိုဏ်းတူ တူလေးကိုး … မင်းဦးလေး ဘာလုပ်ခဲ့လဲ သိလား။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က အဲဒီလူယုတ်မာ ကောင်းကင်အသျှင် ဟယ်တုဆိုတဲ့ နာမည်နဲ့ ဒီနေရာရောက်လာခဲ့တယ်။ သူက ငါတို့ကောင်းကင်အသျှင် ချင်းမင်ရဲ့ နှလုံးသားကို ရဖို့ ရွံ့စရာကောင်းတဲ့ နည်းလမ်းတွေကို သုံးခဲ့သေးတယ်။
သူက ဒေါ်လေးချင်းမင်ရဲ့ အကူအညီနဲ့ ငါတို့နယ်မြေထဲ ကျူးကျော်ဝင်ရောက်ပြီးတော့ ငါတို့ရဲ့ ထူးခြားအံ့ဖွယ် မီးတောက်ဖြစ်တဲ့ ကောင်းကင် အပြာရောင် မီးတောက်စွမ်းအားကို ခိုးသွားခဲ့သေးတယ်။ ငါတို့လူတွေအတွက် ဆုံးရှုံးမှုကြီးပဲ ”
ပိရွမ်ချင်း၏ အရှိန်အဝါက ပြင်းထန်လာသည်။
“ငါ့လူတွေပဲ ခံစားခဲ့ရတာ မဟုတ်ဘူး။ မင်း ပင်လယ်နတ်ဆိုးတိုင်းကို မေးကြည့်လိုက် သူ့လက်ထဲက ဘယ်သူများ လွတ်ဖူးလဲလို့ … ဟားဟား အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မြောက်ပင်လယ်ကို လာရဲသေးတယ်”
ထိုသို့ဖြင့် ပိရွမ်ချင်း၏ ရည်ရွယ်ချက် အစစ်အမှန်ကား ပေါ်ထွက်လာလေသည်။
“ မင်း သေချင်နေတာလား ”