အဓိကဘုံသုံးခုမှ ကျင့်ကြံသူများ
Vol. 156 Ch. 2218
အဝေးမှ ကျင့်ကြံသူများက တိုက်ပွဲသို့ ကြည့်နေကြသည်။ သူတို့က နေမင်းဓားမိုး၊ နေမင်းနတ်ဓားနှင့် နေမင်းနတ်အလင်းတို့က မတူညီသည့် အရောင်များ ဖြစ်ပေါ်နေသည်။ ၎င်းတို့က အလွန် လှပပေသည်။
တစ်ချိန်တည်းတွင် အခြားလူများ၏ တိုက်ခိုက်မှုတို့လည်း ကျရောက်လာသည်။ လူတစ်ယောက်၏ လက်ထဲတွင် ကြယ်များက ပေါ်ပေါက်လာသည်။ သူ့အထက်တွင် ကြီးမားသည့် ပုံရိပ်ကြီးတစ်ခုလည်း ထွက်ပေါ်လာသည်။ သူက သူ့ လက်ဝါးကို ရှေ့သို့ ဆန့်ထုတ်လိုက်သည့်အခါ ကောင်းကင်မှ ပုံရိပ်ကြီး၏ ကြီးမားသည့် ကြယ်လက်ဝါးကြီးကလည်း ရီဖူရှင်းကို တိုက်ရိုက် ဆုပ်ဆွဲလိုက်ပေသည်။ ကြယ်များက လက်ဝါးကြီးအတွင်း လှည့်ပတ်နေပြီး ၎င်းအတွင်းတွင် တိုင်းတာ၍မရနိုင်သော ခွန်အားတစ်ခု ပါဝင်နေကာ ၎င်း၏ လမ်းကြောင်းအတွင်းမှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။
ရီဖူရှင်းက သူ့ခေါင်းကို မော့ကာ ကြည့်လိုက်သည်။ သူသည် ကောင်းကင်နှင့် မြေကြီးကြားမှ အပြောင်းအလဲကိုသာ ခံစားမိနိုင်ပေသည်။ သူက ရန်သူ၏ မဟာလမ်းစဥ် နတ်ဝင်ရိုး နယ်မြေအတွင်း ဝင်ရောက်သွားခဲ့သည်။ ၎င်းက ကြယ်နယ်မြေတစ်ခုနှင့် တူပေသည်။ ဤကြယ်နယ်မြေအတွင်း ကြီးမားသည့် ကြယ်လက်ဝါးကြီးက သူ့ကို ရိုက်ချလာသည်။ ၎င်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပြီး ရပ်တန့်၍ မရနိုင်အောင် ဖြစ်သည်။
ဘုန်း...
အဆုံးမဲ့ လွှမ်းမိုးနိုင်သော အရှိန်အဝါတို့က ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ ပေါက်ကွဲသံ တဖောက်ဖောက်ကသာ ကောင်းကင်တစ်ခွင်ကို လွှမ်းခြုံထားသည်။ ၎င်းက မိုးချုန်းသံကဲ့သို့ပင် ဖြစ်သည်။ သူက လက်ကို မြှောက်လိုက်လျှင် မရေတွက်နိုင်သော ကြယ်ကျောက်တုံးများက နေရာအနှံ့ ပေါ်ပေါက်လာသည်။ ကြယ်ကျောက်တုံးတိုင်းတွင် ကြောက်မက်ဖွယ်စွမ်းအားတို့ ကိန်းဝပ်နေသည့် ရှေးဟောင်းစာလုံးများ ရှိနေပြီး ၎င်းတို့၌ ဆေးအင်ပါယာထံမှ သူ သင်ယူခဲ့သည့် လောကဖိနှိပ်ခြင်းစွမ်းအားတို့ ပါဝင်နေသည်။
ထို့နောက်တွင် ချက်ချင်းပင် အော်မြည်သံများ ထွက်ပေါ်လာသည်။ ရွှေရောင်လေဟာနယ်မုန်တိုင်းက ကောင်းကင်ကို ဖြတ်သန်းလာကာ ပါးလွှာပြီးထက်ရှသော မရေတွက်နိုင်သည့် ဓားများကဲ့သို့ ကောင်းကင်အား ထက်ခြမ်းပိုင်းဖြတ်ခဲ့သည်။ ၎င်းတို့က ရီဖူရှင်း၏ ခန္ဓာကိုယ်ကိုပါ ခုတ်ပိုင်းရန် ရောက်လာခဲ့ကြသည်။ ကျင့်ကြံသူများစွာက တစ်ချိန်တည်း တိုက်ခိုက်လာပေသည်။ တိုက်ခိုက်မှုလှိုင်းတစ်ခုပြီးတစ်ခုက သူ့ထံ ကျရောက်လာပေသည်။
တိုက်ခိုက်မှုများ သူ့ထံ ကျရောက်လာသည့်အခါ ရီဖူရှင်း၏ မျက်လုံးများက အေးစက်သောအလင်းတို့ လင်းလက်သွားသည်။ သူက ကောင်းကင်ထက်သို့ ခုန်တက်သွားခဲ့သည်။ သူ၏ ပျော့ပျောင်းသော ခန္ဓာကိုယ်က မကောင်းဆိုးဝါးဆန်သော လူသားတစ်ယောက်ကဲ့သို့ ကောင်းကင်တစ်ခွင်ကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။ သူ့ခန္ဓာမှ နတ်အလင်းများ လင်းလက်လာသည်။ ၎င်းသည် သူ၏ လူသားခန္ဓာကိုယ်ကို ကြယ်စင်တိုက်ပွဲခန္ဓာအဖြစ် ပြောင်းလဲသွားစေခဲ့သည်။ ကြယ်များက လှည့်ပတ်နေခဲ့သည်။ လေဟာနယ်မဟာလမ်းစဥ်နတ်အလင်းတို့နှင့် မိစ္ဆာနတ်ဘုရား၏ အလင်းတို့က သူ့ခန္ဓာကိုယ် မျက်နှာပြင်မှ ဖြာထွက်နေသည်။
ကြောက်မက်ဖွယ် ရွှေရောင်ဓားသွားများက ကောင်းကင်ကိုပင် ပိုင်းဖြတ်နိုင်သည့်အတွက် အန္တရာယ်များလှသည်။ ၎င်းတို့က သူ့ခန္ဓာကိုယ်ကို ဟက်တက်ခွဲပစ်တော့မလိုပင်။ သို့သော် လေဟာနယ်အလင်းအက္ခရာများ ပေါ်ပေါက်လာသည်။ လူတိုင်းသည် ရီဖူရှင်းအနီးတွင် လေဟာနယ်တံခါးများစွာ ပေါ်ပေါက်လာသည်ကို မြင်တွေ့ကာ တအံ့တသြ ဖြစ်သွားကြပေသည်။ ၎င်းတို့က သူ့ ခန္ဓာကိုယ်အနီး ထွက်ပေါ်လာကာ အကြွင်းမဲ့လေဟာနယ်တစ်ခု ဖြစ်တည်လာစေပြီး သူ့ထံ ကျရောက်လာသော တိုက်ခိုက်မှုအားလုံးကို ဝါးမြိုပစ်လိုက်ပေသည်။
ဘန်း...
ကျယ်လောင်သော အသံတစ်ခုက လေထဲ၌ ထွက်ပေါ်လာသည်။ ရီဖူရှင်းက လေထဲသို့ ခြေလှမ်းလိုက်ကာ သူ၏ ခန္ဓာကိုယ်က တစ်နေရာသို့ တည့်မတ်စွာ တိုးဝင်သွားသည်။ ၎င်းသည် ကြယ်စင်စစ်နတ်ဘုရားကို ဆင့်ခေါ်ထားသော ကျင််ကြံသူရှိသည့် နေရာပင် ဖြစ်သည်။ ကြယ်စင်စစ်နတ်ဘုရားက ကောင်းကင်၌ လှုပ်ရှားလာပြီး ၎င်း၏ လက်များကို ရီဖူရှင်းထံ ဆန့်ထုတ်လိုက်သည်။
ဘုန်း...
ရီဖူရှင်း၏ ခန္ဓာကိုယ်က အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။ ဥဒေါင်းနတ်အလင်းတို့က သူ့ခန္ဓာမှ ပေါက်ကွဲထွက်လာကာ တသားတည်း ပေါင်းစည်းသွားခဲ့သည်။ ဓားလမ်းစဥ်က အသက်ဝင်လာကာ သူက ဖျက်ဆီး၍မရနိုင်သော ဓားတစ်လက်ကဲ့သို့ ဖြစ်လာခဲ့သည်။ သူက ကောင်းကင်ကို တိုက်ရိုက် ပျံသန်းသွားခဲ့၏။ လေထဲတွင် ဆူညံသော တုန်ခါသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ဖြစ်လာသည် ကြီးမားသည့် ကြယ်လက်ဝါးကို တိုက်ရိုက်ဖြတ်သန်းသွားခဲ့ပြီးနောက် ကြီးမားသည့် ခန္ဓာကိုယ်ကြီးထံ တိုးဝင်သွားခဲ့၏။ ထို့နောက်တွင် ၎င်း၏ ခန္ဓာကိုယ်က အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားလေသည်။
ထိုကြီးမားသည့် ပုံရိပ်ကို ထိုးဖောက်ပြီးနောက်၌ အလင်းက ရပ်တန့်မသွားခဲ့ပေ။ ၎င်းကို ဖြတ်သန်းသွားပြီးသောအခါ ရီဖူရှင်းက သူ့ကို တိုက်ခိုက်လာသော ကျင့်ကြံသူထံ ဆက်သွားခဲ့သည်။ ထိုကျင့်ကြံသူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သော်လည်း အလင်းက အလွန် လျင်မြန်လှသည်။ ချက်ချင်းပင် ၎င်းက သူ့ရှေ့သို့ ရောက်ရှိလာပေသည်။ ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် တူသော ကြီးမားသည့် ပုံရိပ်တစ်ခုက သူ့ အနောက်တွင် ပေါ်ပေါက်လာပြီး ၎င်း၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ရီဖူရှင်း၏ တိုက်ခိုက်မှုအား တားဆီးလိုက်သည်။
ဘုန်း...
ရီဖူရှင်း၏ ခန္ဓာကိုယ်က ဓားတစ်လက်ကဲ့သို့ ရောက်ရှိလာကာ သူ့ ပြိုင်ဘက် လက်ဝါးကို တိုက်ခိုက်လိုက်သည်။ တုန်ခါသံများက လေထဲတွင် ထွက်ပေါ်လာပြီး လက်ဝါးနှစ်ဖက်လုံး၌ အက်ကြောင်းများ ပေါ်ပေါက်လာကာ တဖြေးဖြေး ကွဲအက်ပြိုကျလာသည်။ ရီဖူရှင်းက ထိုအက်ကြောင်းများကို တိုက်ရိုက်ဖြတ်သန်းသွားခဲ့သည်။ ထို့နောက် သူက လက်ကို မြှောက်ကာ ညွှန်လိုက်သည်။
စွပ်ခနဲအသံနှင့်အတူ ထိုလူ၏ ခန္ဓာကိုယ်က ထိုးဖောက်ခံလိုက်ရကာ အဝေးသို့ လွင့်သွားခဲ့သည်။ သူက ရီဖူရှင်း၏ အနီးကပ်တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိခဲ့ပေ။
သို့သော် ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ် ရွှေရောင်ပုံရိပ်တစ်ခုက ကောင်းကင်၌ ထွက်ပေါ်လာသည်။ ၎င်းက ရီဖူရှင်းထံသို့ ကြောက်မက်ဖွယ် နတ်လက်သီးတစ်ခုဖြင့် တိုက်ခိုက်လိုက်သည်။ မရေတွက်နိုင်သော ရွှေရောင်အလင်းတန်းများက ကြယ်ကောင်းကင်အပြည့် ထွက်ပေါ်လာပေသည်။ ၎င်းတို့က ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ လက်သီးတိုင်းက ကြီးမားလှသည်။ ရွှေရောင်အလင်းတို့ဖြင့် လင်းလက်နေသော လက်သီးများက ကောင်းကင်၌ ပြည့်နှက်လာသည်။ ၎င်းတို့က နေရာအနှံ့မှ ကျဆင်းလာပြီး ရီဖူရှင်းအနေနှင့် ထွက်ပြေးလွတ်မြောက်ရန် မရှိပေ။
"ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ တိုက်ခိုက်မှုလဲ။" လူအများက ထိုမြင်ကွင်းအား စောင့်ကြည့်နေရင်း တုန်ယင်လာသည်။ သွမ့်ချုံးက ထိုမြင်ကွင်းကို မြင်သောအခါ အစွမ်းထက် အင်အားစုတစ်ခုကို သတိရသွားသည်။ ရီဖူရှင်းသည်လည်း ရင်းနှီးသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ယခင်က ရီဖူရှင်းကို လိုက်လံဖမ်းဆီးခဲ့သော အစွမ်းထက် ကျင့်ကြံသူတစ်ယောက်တွင်လည်း ၎င်းနှင့် တူညီသည့် စွမ်းအားရှိသည်။ ထိုစဥ်က လေဟာနယ်ဘုံအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်သလို သဏ္ဌာန်မဲ့ဘုံ၌လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ နတ္တိတောင်တန်းမှ အစွမ်းထက် ရန်ဟောင်တစ်ပါးက သူ့ကို လမ်းဆုံးရောက်အောင် တွန်းအားပေးခဲ့ပေသည်။
ရီဖူရှင်းက မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ သူထံ ပျံသန်းလာသည့် ရွှေရောင်လက်သီးအား စိုက်ကြည့်နေခဲ့သည်။
ဘုန်း.. ဘုန်း.. ဘုန်း... ဘုန်း...
လက်သီးများက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ရိုက်ခတ်လာသည်။ သူ၏ သေးငယ်သော ခန္ဓာကိုယ်က လက်သီး မိုးအောက် တိုက်ရိုက်မြှပ်နှံခံလိုက်ရသည်။ အဝေးမှ စောင့်ကြည့်နေသော ကျင့်ကြံသူများက နတ်လက်သီးများ၏ အလယ်ကို ကြည့်နေရင်း သူတို့နှလုံးသားများက တုန်ယင်လာပေသည်။
နတ်လက်သီးများမှ ရွှေရောင်အလင်းက တောက်ပစွာ လင်းလက်နေသည်။ လက်သီးစွမ်းအားလှိုင်းများက ရှေ့သို့ တိုးဝင်လာ၏။ ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော လွှမ်းမိုးနိုင်သည့် ရန်ဟောင်တစ်ပါးက ကောင်းကင်၌ ပေါ်ပေါက်လာသည်။ သူက အောက်ဘက်မှ ရီဖူရှင်းကို ငုံ့ကြည့်လိုက်သည်။ မဟာလမ်းစဥ် ကြီးမားသော စွမ်းအားများက သူ့ခန္ဓာကိုယ်က အဆက်မပြတ် စိမ့်ထွက်နေသည်။
လူတိုင်းသည် နတ်လက်သီးမိုး၏ အလယ်၌ ရှိနေသော သေးငယ်သည့် ခန္ဓာကိုယ်တစ်ခုကို မြင်တွေ့နိုင်ပေသည်။ လက်မောင်းများနှင့် ခြေထောက်များက ကြီးမားသော နတ်လက်သီးအား တားဆီးရန် ဆန့်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကိုလည်း ရိုက်ခတ်မိသွားသည်။ သို့သော် သူ၏ မျက်လုံးများထဲမှ အေးစက်မှုတို့အား မြင်လိုက်ရသောအခါ ကြည့်ရှုနေသူများက ထိတ်လန့်အံ့အားသင့်သွားခဲ့သည်။ သူက ခေါင်းကိုမော့ကာ ကောင်းကင်မှ ကျင့်ကြံသူကို ကြည့်လိုက်သည်။ သူက အမှန်တကယ် အဆင်ပြေနေ၏။
"သူက ဒါတောင် အဆင်ပြေနေတုန်းလား။"
လူတိုင်း၏ နှလုံးသားများက လျင်မြန်စွာ ခုန်ပေါက်လာခဲ့သည်။ သူတို့က ကြီးမားကာ ခမ်းနားထည်ဝါသည့် ခန္ဓာကိုယ်ကို ကြည့်လိုက်ကြသည်။ ၎င်း နတ်လက်သီးများ၏ ထိတ်လန့်ဖွယ် ရွှေရောင်လှိုင်းများက လူသားခန္ဓာကိုယ်အား ဖျက်ဆီးပစ်နိုင်ပြီး လူတစ်ယောက်ကို အပြီးတိုင် သုတ်သင်ပစ်နိုင်သည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းလျှင်ပင် သူက အသက်ရှင်သော်ငြား ဒဏ်ရာအပြင်းအထန် ရသွားသင့်ပေသည်။
သို့သော် ထိုတိုက်ခိုက်မှုကို ခံရပြီးနောက်၌ပင် သူက အမှန်တကယ် အဆင်ပြေနေသေးသည်။
သူ့ခန္ဓာကိုယ်က အမှန်တကယ် လူသားခန္ဓာကိုယ် ဟုတ်ပါသေးသည်လား။
ဒုတ်.... ဒုတ်....
လူတိုင်းသည် သူ၏ ပြင်းထန်သော နှလုံးခုန်သံကို ကြားနိုင်ကြပြီး ၎င်းက လူတိုင်း၏ နှလုံးခုန်သံကိုပါ သူနှင့် ထပ်တူကျလာစေသည်။ ရီဖူရှင်းက ခေါင်းကို မော့လိုက်သည်။ သူ၏ အကြည့်များထဲတွင် အရာအားလုံးကို ဂရုမစိုက်သည့် မောက်မာမှုတို့ ရှိနေခဲ့ပြီး ယင်စွမ်းအားက သူ့ခန္ဓာကိုယ်မှ စတင်ထွက်ပေါ်လာသည်။ ချက်ချင်းပင် ရွှေရောင်နတ်လက်သီးက ရေခဲအလွှာနှင့် စတင် လွှမ်းခြုံခံလာရသည်။
တစ်ချိန်တည်းတွင် ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ ပုံရိပ်တစ်ခု ဖြစ်တည်လာသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ် နတ်အလင်းတို့ ပေါက်ကွဲထွက်လာသည်။ ချက်ချင်းပင် မျက်စိကျိန်းလောက်အောင် တောက်ပသည့် နတ်အလင်းတို့ ထွက်ပေါ်လာကာ အပိုင်းအစများအဖြစ် ဖျက်ဆီးခံလိုက်ရသည်။ သိပ်မကြာခင်မှာပင် ၎င်းတို့အားလုံးက အဝေးသို့ ရှင်းထုတ်ခံလိုက်ရကာ မည်သည်မှ မကျန်ရစ်ခဲ့တော့ပေ။
ထိုစဥ်၌ ရီဖူရှင်း၏ ပုံရိပ်က ကောင်းကင်၌ မျောလွင့်နေဆဲ ဖြစ်သည်။ သူ၏ ပိတုန်းနက်ရောင်မျက်လုံးတို့က ကျင့်ကြံသူများကို လေ့လာနေကာ သူက ဖျက်ဆီး၍ မရနိုင်သော လူတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် သူက သတ်ဖြတ်၍ မရနိုင် ဖျက်ဆီး၍မရနိုင်သော သူတစ်ယောက်ကဲ့သို့ ထင်မှတ်ရပေသည်။
လေဟာနယ်ကို ဖြတ်သန်းစုတ်ဖြဲနိုင်သည့် ပြင်းထန်သော လေမုန်တိုင်းအောက်တွင် ဥဒေါင်းမိစ္ဆာနတ်ဘုရားက ၎င်း၏ တောင်ပံများကို တဖျတ်ဖျတ် ခတ်လိုက်သည်။ ရီဖူရှင်းက ကောင်းကင်ရှိ နတ္ထိတောင်တန်း ကျင့်ကြံသူထံ တိုက်ရိုက် ဦးတည်လိုက်သည်။ သူသည် အစောပိုင်းက သူ့ကို တိုက်ခိုက်ခဲ့သည့်အတွက် ထိုတန်ကြေးအား ပြန်ပေးချင်ပေသည်။
နတ္ထိတောင်တန်းကျင့်ကြံသူ၏ မျက်လုံးများက ကျဥ်းမြောင်းသွားခဲ့သည်။ သူက ကောင်းကင်တွင် ခြေလှမ်းလိုက်၏။ ထို့နောက်တွင် သူ့အနောက်၌ ကြီးမားသော ရွှေရောင်စစ်နတ်ဘုရားတစ်ပါး၏ ပုံရိပ် ပေါ်ပေါက်လာသည်။ သူက တစ်ချိန်တည်းတွင် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ မရေတွက်နိုင်သော နတ်လက်သီးများက ကောင်းကင်တွင် ပြည့်နှက်သွားပြီး လက်သီးတစ်ခုချင်းစီက ရီဖူရှင်းထံ ပျံသန်းသွားကာ ရွှေရောင်လက်သီးစွမ်းအားလှိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။ နေမင်းနှင့် ကောင်းကင်က အပြည့်အဝ ပိတ်ဆို့ကာဆီးခံလိုက်ရသည်။
ဘုန်း...
ရွှေရောင်လေဟာနယ် နတ်တောင်ပံတစ်စုံက ရီဖူရှင်းအထက်၌ ပေါ်ပေါက်လာသည်။ ထို့နောက် ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ ၎င်းက ကောင်းကင်ခွင်းရွှေရောင်နတ်ငှက်တစ်ကောင်၏ ပန်းချီကားပင် ဖြစ်သည်။ ယင်းက ရွှေရောင်တောင်ပံများနှင့် ကြီးမားလှသော ရှေးဟောင်းနတ်ငှက်တစ်ကောင် ပေါ်ပေါက်လာသည်နှင့် တူပေသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က ကြီးမားသော ရွှေတောင်ပံနတ်ငှက်အသွင်သို့ ပြောင်းလဲသွားသည်။ သူက ကောင်းကင်ကို ဖြတ်သန်းကာ ရွှေရောင်လက်သီးမိုးအား ထိုးဖောက်၍ လမ်းစဥ်အားလုံးကို အပိုင်းအစများအဖြစ်သို့ ဖျက်ဆီးပစ်လိုက်ကာ ပြိုင်ဘက်ထံ ချဥ်းကပ်လာပေသည်။
နတ္ထိတောင်မှ ကျင့်ကြံသူသည် ရီဖူရှင်းက သူ့အရှေ့သို့ အလွယ်တကူ ချဥ်းကပ်လာသည့်အချိန်၌ပင် တည်ငြိမ်နေဆဲ ရှိသေးပေသည်။ သူ့နောက်မှ ရွှေရောင်နတ်အလင်းက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားပြီး ၎င်းလက်များက ရှေ့သို့ ရွေ့လျားသွားသည်။ လက်သီးနှစ်ဖက်က ပျံထွက်လာပြီး ကောင်းကင်ကို ချိုးဖျက် ဖြတ်သန်းလာသည်။ သူတို့ မည်မျှ အစွမ်းထက်သည်ကို မည်သူမှ မသိကြပေ။ လက်သီးတစ်ချက်က မိုင်ပေါင်း ထောင်သောင်းချီသော လေဟာနယ်ကို ဖျက်ဆီးပစ်နိုင်သည်။
ဝုန်း...
ထို့နောက် ထိတ်လန့်ဖွယ် ဆူညံသံတစ်ခုက လေထဲတွင် ပဲ့တင်ထပ်လာသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က ကြယ်စင်စစ်လူဝံတစ်ကောင်အဖြစ် ပြောင်းလဲသွားပေသည်။ ၎င်း၏ ခန္ဓာကိုယ်က အလွန် ကြီးမားလှပြီး လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လာသည်။ ပျံသန်းလာသည့် လက်သီးများက ကြွေကျလာသော ကြယ်များကဲ့သို့ ရှေ့ကို ထိုးထွက်လာပေသည်။
ဘုန်း...
ပြင်းထန်လှသော ထိခတ်မိသည့်အသံက လေထဲတွင် ပြည့်နှက်လာသည်။ မရေတွက်နိုင်သော ကြယ်များက ရှေ့သို့ ပျံသန်းလာကာ ရန်သူ၏ ရွှေရောင်ခန္ဓာကိုယ်ကို တုန်ယင်လာစေသည်။
ရွှေရောင်ကောင်းကင်ခွင်းနတ်ငှက်ဖြစ်စေ ကြယ်စင် စစ်လူဝံဖြစ်စေ အားလုံးက သူ လေးမျက်နှာကျေးရွာ၌ သင်ယူခဲ့သော နတ်ဘုရားနည်းစနစ် ခုနစ်ခုထဲမှ ဖြစ်ပေသည်။ ရီဖူရှင်းက လေးမျက်နှာကျေးရွာတွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး သူက ၎င်းတို့ကို အချိန်မရွေး အသုံးပြုနိုင်သော အဆင့်သို့ ရောက်ရှိခဲ့ပေသည်။ နတ်ဘုရားနည်းစနစ်များအပေါ် သူ၏ နားလည်နိုင်စွမ်းက အလွန် ထူးခြားပြောင်မြောက်လှသည်။
စွမ်းအားနှစ်ခုက အချင်းချင်း ထိခတ်မိသွားသည်နှင့် အရိပ်တစ်ခုက သူတို့အထက်တွင် ပေါ်ပေါက်လာသည်။ ၎င်းက မှော်နက်ရှေးနတ်ဘုရားတစ်ပါး ဖြစ်ပေသည်။ မရေတွက်နိုင်သော မီးခိုးရောင်အခိုးအငွေ့များက လေထဲတွင် လှည့်ပတ်နေပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်သို့ စီးဆင်းနေသည်။ ချက်ချင်းပင် သူ့အနီးမှ အရာအားလုံးက ဝါးမြိုခံလိုက်ရပေသည်။ ထိုမီးခိုးရောင်အခိုးအငွေ့များက အနက်ရောင်သံကွင်းဆက်ကြိုးများကဲ့သို့ ဖြစ်လာကာ သူ့ကို ချည်နှောင်ကာ သူ့ခန္ဓာကိုယ်အတွင်း စီးဝင်သွားစေရန် ကြိုးစားလိုက်ပြီး သူ့ခန္ဓာကိုယ်မှ ခွန်အားတို့က ယိုစီးထွက်လာသလို ခံစားမိစေအောင် ပြုလုပ်နေသည်။ သူ၏ စိတ်ဝိညာဥ်က တုန်ယင်လာ၏။
"ဝိညာဥ်ချုပ်ကြိုး။" ရီဖူရှင်းက ခေါင်းကို မော့ကာ အထက်သို့ ကြည့်လိုက်သည်။ သူက နက်မှောင်သည့် မျက်လုံးတစ်စုံကို မြင်လိုက်ရ၏။ ၎င်းသည် မှော်နက်လောက၏ အသန်မာဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်သည်။ အနက်ရောင်အခိုးအငွေ့များက သူ့ထံသို့ စီးဆင်းလာကာ ဝိညာဥ်ချုပ်ကြိုး ဖြစ်လာပေသည်။
ဘန်း...
သူ၏ လက်နှစ်ဖက်က လှုပ်ရှားသွားသည်။ သူက နတ္ထိတောင်တန်းမှ ကျင့်ကြံသူကို အဝေးသို့ လွင့်စင်သွားစေခဲ့သည်။ ရီဖူရှင်း၏ အေးစက်ကာ စူးရဲသည့် အကြည့်များက ထိုမှော်နက်လောက၏ ကျင့်ကြံသူထံ ကျရောက်လာသည်။ ဝိညာဥ်ချုပ်ကြိုး။ ထိုသူက ရီဖူရှင်း၏ စိတ်ဝိညာဥ်ကို ယူဆောင်ကာ ချုပ်နှောင် သိမ်းဆည်းထားချင်နေပေသည်။
ထိုတိုက်ပွဲတွင် သူက အဓိကဘုံသုံးခုဖြစ်သော ကောင်းကင်ဒေသ၊ နတ္ထိတောင်တန်းနှင့် မှော်နက်လောကမှ အစွမ်းထက်ကျင့်ကြံသူများကို တပြိုင်နက် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်ပြီးနောက် အခြားသော ကျင့်ကြံသူများ၏ မျက်လုံးများက စူးရဲလာကာ ကောင်းကင်ထက်ရှိ ကြောက်မက်ဖွယ် ပုံရိပ်ကို မော့ကြည့်လိုက်သည်။ ပုံရိပ်ယောင်တစ္ဆေနတ်ဘုရားတစ်ပါးက ရီဖူရှင်း၏ အထက်တွင် ပေါ်ပေါက်လာသည်။ ၎င်းတွင် နက်မှောင်သော မျက်လုံးတစ်စုံ ရှိနေသည်။ ကောင်းကင်ထက်မှ တစ္ဆေနတ်ဘုရား၏ ပုံရိပ်မှ ဖြစ်တည်လာသည့် ဝိညာဥ်ချုပ်ကြိုးက ရီဖူရှင်းကို ဝန်းရံထားပြီး သူ့ ဝိညာဥ်အား ထုတ်ယူချင်နေပုံရသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်တွင် လူတစ်ယောက်၏ ပုံရိပ်က စတင်ပေါ်ပေါက်လာသည်။ သူ၏ စိတ်ဝိညာဥ်က သူ့ခန္ဓာကိုယ်မှ စတင် ထွက်ခွာလာနေပေသည်။
ထိုလူက ရတနာအတွက် လာခဲ့ခြင်းမဟုတ်ဘဲ ရီဖူရှင်းကြောင့်သာ ရောက်လာခြင်း ဖြစ်လေသည်။ အမှန်တကယ်၌ ရီဖူရှင်း၏ တန်ဖိုးက ရတနာထက် ပိုမိုမြင့်မားပေသည်။ ထိုသည်မှာ မှော်နက်လောကမှ ကျင့်ကြံသူက မည်သည့်အတွက်ကြောင့် ဝင်ရောက်စွက်ဖက်ရသနည်းဟူသည်ပင် ဖြစ်လေသည်။
ဤသည်မှာ ရီဖူရှင်းက အဓိကဘုံသုံးခုမှ ကျင့်ကြံသူများအား ရင်ဆိုင်တိုက်ခိုက်နေရသည့် တိုက်ပွဲတစ်ခု ဖြစ်သည်။ ဤတိုက်ပွဲက ရီဖူရှင်းကို ကျော်ကြားလာစေရန် လုံလောက်ပေသည်။
***