← Chapters

အလွှာတစ်ဆယ်ကဏ္ဍ၏ လမ်းကြောင်း....

Vol. 40 Ch. 602

အလွှာတစ်ဆယ်ကဏ္ဍ၏ လမ်းကြောင်း....

Vol. 40 Ch. 602

" ငါ အချိန်လေဟာနယ်ခြေလှမ်းကိုးလှမ်းကို အသုံးပြုခဲ့ရင်..." လင်းယွမ်က သူ၏.ခေါင်းကို ခါလိုက်သည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က ထိုင်နေရင်း ပြုံးလိုက်သည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာသို့ ကျရောက်ခဲ့ခြင်းက သူ၏ သိုင်းတာအိုအခြေခံကို ထိခိုက်စေနိုင်သော ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ဖျက်ဆီးရမည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသော်လည်း ချောမွေ့စွာ ပြန်ထွက်လာပြီးနောက် ကြီးမားသော အကျိုးအမြတ်ကို ရရှိခဲ့သည်။

ပထမအကျိုးအမြတ်က မျိုးနွယ်အမျိုးမျိုး၏ အင်အားကြီးသူများထံမှ ရုပ်ခန္ဓာများ၊ စိတ်ဝိညာဉ်များ၊ နိယာမအပေါ် နားလည်မှုများ စသည့်အရာအားလုံး လင်းယွမ်၏ လက်ထဲသို့ ကျရောက်ခဲ့သည်။ အချိန်လေဟာနယ်ပေါင်းစပ်နိယာမမှလွဲ၍ အခြားအရာများက အနည်းငယ် မသန့်စင်ဘဲ နားလည်သည့်အချိန်တွင် သတိထားရမည်ဖြစ်သော်လည်း လင်းယွမ်အတွက် အကျိုးများစွာ ရှိနေဆဲဖြစ်သည်။

နောက်တစ်ခုမှာ ထူးခြားသော ရတနာများဖြစ်သည်။ လင်းယွမ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲမှ ထူးခြားသော ရတနာများကို ရရှိခဲ့သည်။ ၎င်းတို့က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲတွင် အနည်းငယ် ထူးခြားရုံသာဖြစ်သော်လည်း ပင်မစကြာဝဠာသို့ရောက်လျှင် ကြယ် ၁၂လုံး ရတနာများဖြစ်သွားပေလိမ့်မည်။

" အနိုင်ရတဲ့သူက တစ်ယောက်တည်းရှိနိုင်မှန်းသိခဲ့ရင် အခြားသူတွေဆီက ထပ်ပြီး လုယက်ပါသေးတယ်။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

လင်းယွမ်က ကောင်းကင်ဂိတ်တံခါးကို ဖွင်လိုက်နိုင်ချိန်တွင် သူတို့ကလည်း နောက်တစ်ကြိမ် ဝင်ရောက်နိုင်မည်ဟု ယုံကြည်သောကြောင့် ရတနာများကို အပြင်သို့ ပေးလိုက်ခြင်းမရှိခဲ့ပေ။

လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ သခင်ဖြစ်သည်ကို ဘယ်သူမှမသိကြပေ။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ဧကရာဇ်ရွှမ်ဟွမ်က တည်ထောင်ခဲ့ပြီး ကြယ်စကြာဝဠာထဲတွင် အမြစ်တွယ်နေခဲ့သည်။

လျို့ဝှက်နယ်မြေ၏ သခင်အနေဖြင့် လင်းယွမ်က ဤစကြာဝဠာထဲတွင် ရှိနေသရွေ့ ရွှမ်ဟွမ်တံဆိပ်ကို အသုံးပြုပြီး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်လေသည်။

ထိုအခါ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ တည်နေရာပို့ဆောင်ခြင်းဖြင့် သူက နဂါးငွေ့တန်းကြယ်နယ်မြေသို့ ပြန်လာနိုင်လေသည်။

ကြယ်စကြာဝဠာမဟာမိတ်၏ နယ်မြေအတွင်း လင်းယွမ်က ရပ်၍ ရွှမ်ဟွမ်တံဆိပ်ကို အသက်သွင်းပြီး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

" သခင် " လက်ခြောက်ဖက်နှင့်ပုံရိပ်က လေးစားစွာပြောလိုက်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ စိတ်ဝိညာဉ်ဖြစ်သောကြောင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတစ်ခုလုံး၏ ပြောင်းလဲမှုကို သိနိုင်ပြီး လင်းယွမ်ရောက်လာသည်ကိုလည်း သတိထားမိလေသည်။

" အင်း မင်းသွားလို့ရပြီ။ " လင်းယွမ်က လက်ခြောက်ဖက်နှင့်ပုံရိပ်ကို ကြည့်ပြီးပြောလိုက်သည်။

" ဟုတ်ကဲ့။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က လေးစားစွာ ဆုတ်ခွာသွားသည်။

" အခုလုံခြုံသွားပြီ။ " လင်းယွမ်က စိတ်ပြေလျော့သွားသည်။

နဂါးငွေ့တန်းပင်မကြယ်ပေါ်တွင် ရှိနေလျှင်တောင် သူက ရတနာများနှင့် လုံခြုံသည်ဟု မပြောနိုင်ပေ။ သို့သော် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် အန္တရာယ်မရှိပေ။

" ငွေရောင်မှန်ကို ကြည့်ရမယ်။ " လင်းယွမ်က ငွေရောင်မှန်ကို တိုက်ရိုက်ထုတ်ယူလိုက်သည်။

ဝုန်း....

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ ကန့်သတ်ချက်များမှ လွတ်မြောက်လာသည်နှင့် နိုးထလာပုံရလေသည်။ ကြီးမားသော လေဟာနယ်လှိုင်းများ ထုတ်လွှတ်ရင်း သေးငယ်သော စကြာဝဠာတစ်ခု ဖွင့်လှစ်လိုက်သကဲ့သို့ ဖြစ်လာသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ သခင်ဖြစ်သော လင်းယွမ်က လျို့ဝှက်နယ်မြေတစ်ခုလုံး၏ စွမ်းအားကို ထိန်းချုပ်နိုင်သောကြောင့် မည်သည့်ဖိအားမှ မခံစားရပေ။

" ဒါက အပြင်ကို ယူလာပြီးတဲ့နောက်မှာ ပြန်ပြီး သန့်စင်ဖို့ လိုသေးတာလား။ " လင်းယွမ်က တွေးလိုက်သည်။

ပင်မစကြာဝဠာသို့ ပြန်ရောက်ပြီးနောက် ငွေရောင်မှန်က ကြယ် ၁၂လုံး ရတနာအဖြစ် နိုးထလာခြင်းဖြစ်သည်။ ငွေရောင်မှန်ကို သန့်စင်ခြင်းက လင်းယွမ်အတွက် မခက်ခဲပေ။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် လင်းယွမ်က ၎င်းကို စိတ်စွမ်းအားများ ထည့်သွင်းခဲ့သောကြောင့် တစ်ဝက် သန့်စင်ပြီးသည်နှင့် တူလေသည်။ ၎င်းကို ဆက်ပြီး သန့်စင်လျှင် တစ်လနှစ်လသာ အချိန်ယူရပေလိမ့်မည်။

သို့သော် လင်းယွမ်က ငွေရောင်မှန်၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ရန် သူ၏ လက်ရှိအဆင့်နှင့် မဖြစ်နိုင်သေးပေ။ အလွှာဆယ့်တစ်သို့ ရောက်ပြီးမှသာ ၎င်းက ဖြစ်နိုင်ပေလိမ့်မည်။

ငွေရောင်မှန်ကို သန့်စင်နေချိန်အတွင်း လင်းယွမ်က အလင်းလုံးငါးခုကို ထုတ်ယူလိုက်သည်။ ၎င်းတို့က လင်းယွမ်၏ ဆုလာဘ်များ ဖြစ်ကြသည်။

အလင်းလုံးငါးခုမှ တစ်ခုက မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ နားလည်မှုများပါဝင်ပြီး သန့်စင်သော အော်ရာကို ထုတ်လွှတ်နေသည်။ အခြားအလင်းလုံးလေးခုက အနည်းငယ် မသန််စင်ကြပေ။

" တစ်ခုကို စမ်းကြည့်မယ်။ " လင်းယွမ်က အလင်းလုံးတစ်ခုကို ရွေးချယ်ပြီး သေချာလေ့လာလိုက်သည်။

" ဒါက " လင်းယွမ်က အံ့အားသင့်သွား၏။

သူက ကီလိုမီတာသန်းပေါင်းများစွာ ကြီးမားသော မီးတောက်ဘီလူးတစ်ကောင်ဖြစ်နေပြီး လက်ရှိ မီးတောက်ပင်လယ်ထဲတွင် အိပ်စက်နေသည်။

" ဒါက ပျက်စီးခြင်း မီးတောက်ဘုရင်လား။ အလွှာဆယ့်တစ် အထွတ်အထိပ်သက်ရှိ။ " လင်းယွမ်က မီးတောက်ဘီလူး၏ အသွင်အပြင်ကို သတိပြုမိပြီး အခြားတစ်ယောက်ကို သတိရလိုက်သည်။

ပျက်စီးခြင်းမီးတောက်ဘုရင်က နတ်ဘုရင်နှင့် တိုက်ခိုက်ခဲ့သော အဘိုးအိုပင်ဖြစ်သည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် သူက အဘိုးအိုတစ်ယောက်ဖြစ်သော်လည်း ပင်မစကြာဝဠာတွင် အထူးသက်ရှိတစ်ယောက်ဖြစ်သည်။ သို့သော် သူက နတ်ဘုရင်နှင့် သစ်ပင်ကမ္ဘာ၏ မိခင်တို့ထက် အနည်းငူ် နိမ့်ကျလေသည်။

" ဒါက မယုံကြည်နိုင်စရာပဲ။ " လင်းယွမ်က မီးတောက်ဘီလူး၏ ရှုထောင့်တိုင်းကို ပြတ်သားစွာ ခံစားနေရသည်။ ၎င်း၏ ရုပ်ခန္ဓာဖွဲ့စည်းပုံအသေးစိတ်၊ မွေးရာပါစွမ်းရည်များ အရာအားလုံးဖြစ်သည်။

" ဒါက အထူးသက်ရှိတစ်ယောက်ကို ပြိုင်ဘက်ကင်းစေတဲ့အရာလား။ " လင်းယွမ်က သူ၏ စိတ်အသိကို အလင်းလုံးမှ ဆုတ်ခွာပြီး အံ့အားသင့်နေသည်။

လူသားများနှင့်ယှဉ်လျှင် အထူးသက်ရှိများက အလွန် အစွမ်းထက်ကြသည်။ မီးတောက်ဘီလူးကဲ့သို့သော အထူးသက်ရှိများက စတင်မွေးဖွားချိန်တွင် ဆဋ္ဌမအလွှာသို့ ရောက်ခဲ့ပြီး ရိုးရှင်းစွာ အိပ်စက်နေရုံနှင့် အလွှာတစ်ဆယ်၊ အလွှာဆယ့်တစ်သို့ အလွယ်တကူ ရောက်နိုင်ကြလေသည်။

သူတို့က စကြာဝဠာ၏ နှစ်သက်ခြင်းခံရသူများဖြစ်ပြီး များစွာ ကြိုးစားအားထုတ်ခြင်းမရှိလျှင်တောင် အထွတ်အထိပ်သို့ ရောက်နိုင်ကြလေသည်။ သို့သော် ထိုသို့ အလွယ်တကူ တက်လှမ်းလာခြင်းက အလွှာဆယ့်နှစ်သို့ ရောက်ရန် အခွင့်အရေးကို များစွာနည်းပါးသွားစေသည်။

" ဆက်လုပ်မယ်။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် အခြားအလင်းလုံးတစ်ခုကို အာရုံစိုက်လိုက်သည်။

ဤတစ်ကြိမ်တွင် လင်းယွမ်က ငွေရောင်ချပ်ဝတ်၊ ရွှေရောင်ဦးချိုနှင့် မျိုးနွယ်ခြားတစ်ယောက် ဖြစ်သွားပြီး အင်အားကြီးသူတစ်ယောက်နှင့် တိုက်ခိုက်နေသည်။

ဝုန်း ဝုန်း....

လေဟာနယ်က အဆက်မပြတ် ပြိုကျနေသည်။ တိုက်ပွဲအတွင်း ငွေရောင်ဦးချိုနှင့် မျိုးနွယ်ခြားအသုံးပြုခဲ့သော နိယာမများ၏ အသိအမြင်များက လင်းယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။

" ဒီရွှေရောင်ဦးချိုနဲ့ မျိုးနွယ်ခြားက မဟာဖျက်ဆီးခြင်းနိယာမကို ကျွမ်းကျင်တာပဲ။ " လင်းယွမ်က တွေးလိုက်သည်။ " ပြီးတော့ သူ့ရဲ့ ရုပ်ခန္ဓာက မီးတောက်ဘီလူးနဲ့ မယှဉ်နိုင်ပေမယ့် အချို့ရှုထောင့်တွေမှာ အရမ်းထူးချွန်တယ်။ "

မီတာဝက်ရှိသော အဘိုးအို နောက်ထပ်ပေးခဲ့သော အလင်းလုံးက သန့်စင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် သူတို့က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကဲ့သို့ တိုက်ရိုက်လေ့လာပြီး နားလည်၍မရပေ။ သို့သော် ၎င်းက လင်းယွမ်အတွက် ကွာခြားမှုမရှိပေ။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့်အတူ သူက မရေတွက်နိုင်သော အသိအမြင်များကို ရရှိခဲ့သည်။

" သိုင်းတာအို အလွှာတစ်ဆယ်ကဏ္ဍအတွက် ငါ့မှာ ဦးတည်ချက်တစ်ခု ရှိသွားပြီ။ "

လင်းယွမ်က အင်အားကြီးသူအမျိုးမျိုး၏ အသွင်အပြင်များကို လေ့လာပြီး သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍအတွက် သေချာသော ချဉ်းကပ်မှုတစ်ခုကို ရရှိခဲ့သည်။

" ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ် ။ " လင်းယွမ်၏ မျက်လုံးများက တောက်ပနေသည်။

ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အခြေခံများဖြစ်ကြသည်။ စတုတ္ထအလွှာမှ စတင်၍ လင်းယွမ် ဖွင့်လှစ်ခဲ့သော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က နိယာမများကို နားလည်မှုနှင့် အတွင်းကမ္ဘာကို ဖွင့်လှစ်ရန် အာရုံစိုက်ခဲ့သည်။

သို့သော် အလွှာတစ်ဆယ်ကဏ္ဍတွင် လင်းယွမ်၏ အာရုံက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်သို့ ပြန်ရောက်လာခဲ့သည်။ အထူးသက်ရှိများအပါအဝင် သက်ရှိအမျိုးမျိုးကို လေ့လာပြီး လင်းယွမ်က ရုပ်ခန္ဓာဖွဲ့စည်းပုံနှင့် စိတ်ဝိညာဉ်၏ အနှစ်သာရတို့နှင့်ပက်သက်ပြီး သူ၏ နားလည်မှုက အဆင့်သစ်တစ်ခုသို့ ရောက်သွားခဲ့သည်။

အခြေခံရှုထောင့်များနှင့်ယှဉ်လျှင့် လူသားမျိုးနွယ်က အထူးသက်ရှိများထက် နိမ့်ကျလေသည်။ နောက်ကျပြီးစတင်ခြင်းက အမြဲတမ်း နောက်ကျမည်ဟု မဆိုလိုပေ။

အနာဂတ်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများက အလွှာတစ်ဆယ်ကဏ္ဍကို ကျင့်ကြံခဲ့လျှင် သူတို့၏ ရုပ်ခန္ဓာများက အထူးသက်ရှိများထက် အားနည်းလိမ့်မည်မဟုတ်ပေ။

လင်းယွမ်က မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ၏ ရုပ်ခန္ဓာများ၊ စိတ်ဝိညာဉ်များ၊ နိယာမအပေါ်နားလည်မှုများနှင့် မှတ်ဉာဏ်များကို လေ့လာပြီး သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍကို ပြည့်စုံစေရန် ကြီးမားသော အထောက်အကူဖြစ်ခဲ့လေသည်။

သူ၏ ရုပ်ခန္ဓာကလည်း တဖြည်းဖြည်း တိုးတက်နေပြီး အဓိကပေါင်းစပ်နိယာမများကိုလည်း ပို၍ နားလည်လာခဲ့သည်။

နှစ်လကြာပြီးနောက် လင်းယွမ်က အနီးရှိ လွင့်မျောနေသော ငွေရောင်မှန်ကို ကြည့်လိုက်သည်။

" နောက်ဆုံးတော့ ကနဦးသန့်စင်မှု အောင်မြင်သွားပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ဝှစ်....

လင်းယွမ်က ငွေရောင်မှန်ကို သန့်စင်ပြီးနောက် အတွင်းရှိ ကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ငွေရောင်မှန်၏ အတွင်းပိုင်းကမ္ဘာက ဆယ်မီတာ ဝန်းကျင်သာ ကျယ်ဝန်းလေသည်။

သို့သော် ယခု သူ၏ စိတ်အသိက ငွေရောင်မှန်ထဲသို့ ဝင်ရောက်ပြီးနောက် လင်းယွမ်က အံ့အားသင့်သွားခဲ့သည်။ ကြီးမားသော ကမ္ဘာကြီးတစ်ခုက သူ၏ ရှေ့တွင် ပေါ်လာခဲ့သည်။

All Chapters