← Chapters

ကြီးမြတ်သူများနှင့် တွေ့ဆုံခြင်း....

Vol. 40 Ch. 603

ကြီးမြတ်သူများနှင့် တွေ့ဆုံခြင်း....

Vol. 40 Ch. 603

" ဒီနေရာရဲ့ အရွယ်အစားက အနည်းဆုံး အလင်းနှစ်တစ်သောင်းကျော်လောက်တယ်။ " လင်းယွမ်က ရေရွတ်လိုက်သည်။

အရွယ်အစားက ကြီးမြတ်သူတစ်ယောက်၏ အတွင်းစကြာဝဠာနှင့် တူညီလောက်ပေသည်။

" ဒီလိုကြီးမားတဲ့ကမ္ဘာကို အပြည့်အဝ အသက်ဝင်လာဖို့ဆိုရင် ကြီးမြတ်သူတစ်ယောက်မှရမယ်ထင်တယ်။ "

လင်းယွမ်က အလွှာဆယ့်တစ်သို့ ဝင်ရောက်ခဲ့လျှင်တောင် ငွေရောင်မှန်ကို အသက်သွင်းနိုင်ရုံသာ ရှိပေလိမ့်မည်။

" အခြားရတနာတွေကို စစ်ကြည့်ရအောင်။ " လင်းယွမ်က ကျောက်တုံးစင်မြင့်တစ်ခုကို ကြည့်လိုက်သည်။

ထူးခြားသော ရတနာအမျိုးမျိုးကို ထိုနေရာတွင်ထားရှိပြီး အရေအတွက်အားဖြင့် တစ်ရာကျော်လေသည်။ သူက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ထွက်လာပြီးနောက် ငွေရောင်မှန်အပြင် အခြားရတနာများကလည်း မူလအခြေအနေသို့ ပြန်ရောက်လာကြသည်။

၎င်းက ငွေရောင်မှန်အတွင်းမဟုတ်ဘဲ ပင်မစကြာဝဠာတွင်ဖြစ်လျှင် ရတနာတစ်ရာကျော်၏ ထုတ်လွှတ်သော စွမ်းအားလှိုင်းများက အလင်းနှစ်ထောင်ပေါင်းများစွာကို သက်ရောက်စေပေလိမ့်မည်။

" ဒီရတနာဆယ့်တစ်ခုက လူသားမျိုးနွယ်က ပိုင်တာပဲ။ " လင်းယွမ်က ရတနာတစ်ရာကျော်မှ အချို့ကို ခွဲထုတ်လိုက်သည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာရှိ နှစ်ပေါင်းတစ်သောင်းကျော်အတွင်း ရွှမ်ယွမ်တောက်နှင့် လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများက ရတနာများကို အဆက်မပြတ် ရှာဖွေခဲ့ပြီး ရတနာ ၂၂ခုကို လင်းယွမ်ဆီသို့ လွှဲပြောင်းပေးခဲ့သည်။

လင်းယွမ်နှင့် ကြီးမြတ်သူရှချင်တို့၏ သဘောတူညီချက်အရ လင်းယွမ်က ရတနာများကို ထုတ်ယူပြီးလျှင် တစ်ဝက်ကို ယူနိုင်သည်ဟု ပြောထားလေသည်။

" ရတနာတွေအများကြီးပဲ။ " လင်းယွမ်က ကျန်ရှိသော ရတနာများကို ကြည့်ပြီး အလွန်ပျော်ရွှင်နေသည်။ ထိုရတနာများကို မြင်လျှင် ကြီးမြတ်သူများပင် မနာလိုဖြစ်ပေလိမ့်မည်။

" စိတ်ထိန်း စိတ်ထိန်း " လင်းယွမ်က သူ့ကိုသူ ထိန်းချုပ်လိုက်သည်။

ထိုရတနာများက တန်ဖိုးကြီးလှသော်လည်း ယခုအချိန်တွင် သူ၏ အသက်အဆင့်က နိမ့်နေသောကြောင့် အပြည့်အဝ အသုံးပြုနိုင်မည်မဟုတ်ပေ။

လင်းယွမ်က လူသားမျိုးနွယ်၏ ရတနဆယ့်တစ်ခုကို အတွင်းကမ္ဘာထဲသို့ ထည့်လိုက်သည်။

" ငါ ဒီရတနာတွေကို ကြီးမြတ်သူရှချင်ဆီ လွှဲပြောင်းပေးရမယ်။ " လင်းယွမ်က ငွေရောင်မှန်နှင့် အခြားရတနာများကို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် သိမ်းဆည်းထားခဲ့သည်။ ထိုသို့ပြုလုပ်ပြီးနောက် ထိုက်ယန်မူလစိတ်ဝိညာဉ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ထွက်ခွာသွားသည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က ထိုင်နေပြီး ထိုက်ယန်မူလစိတ်ဝိညာဉ်က သူ၏ ရှေ့တွင် ပေါ်လာသည်။

" ကြီးမြတ်သူယုတိုင်က ငါ့ကို စောင့်နေတာပဲ။ " ထိုက်ယန်မူလစိတ်ဝိညာဉ်က နဂါးငွေ့တန်းပင်မကြယ်မှ ထွက်ခွာပြီး ကြယ်စကြာဝဠာ၏ တစ်နေရာသို့ ဦးတည်လိုက်သည်။

လွန်ခဲ့သော ရက်အနည်းက ကြီးမြတ်သူယုတိုင်၏ ကိုယ်ပွားတစ်ခုက နဂါးငွေ့တန်းပင်မကြယ်သို့ ရောက်လာပြီး လင်းယွမ်ကို ခဏစောင့်ကြပ်ပေးနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျသွားသော ပင်မစကြာဝဠာမှ သက်ရှိများထဲတွင် လင်းယွမ်က တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်သည်။

" ကျေးဇူးတင်ပါတယ် ကြီးမြတ်သူယုတိုင်။ " လင်းယွမ်က ကြီးမြန်သူယုတိုင်၏ ကိုယ်ပွားကို အနည်းငယ် ဦးညွှတ်လိုက်သည်။

" ကိစ္စမရှိဘူး။ " ကြီးမြတ်သူယုတိုင်က ပြုံး၍ နူးညံ့စွာ ပြောလိုက်သည်။ " ငါမင်းကို လူသားမျိုးနွယ်ရဲ့ တတိယမြောက်ခံတပ်ဆီ ခေါ်သွားရမယ်။ အခြားကြီးမြတ်သူတွေက မင်းကို တွေ့ချင်နေကြတယ်။ "

" ကြီးမြတ်သူတွေလား။ " လင်းယွမ်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

" ဟုတ်တယ်။ ရှချင်နဲ့ အခြားခုနှစ်ယောက်က မင်းကို တွေ့ချင်နေတာပဲ။ " ကြီးမြတ်သူယုတိုင်က လင်းယွမ်ကို ကြည့်လိုက်သည်။

" ကြီးမြတ်သူရှစ်ယောက်။ "

လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်လုံးက သူ့ကို တွေ့ချင်နေတာလား။ လူသားမျိုးနွယ်၏ အရေးပါသော ကိစ္စတစ်ခုမဟုတ်လျှင် ကြီးမြတ်သူများက အချင်းချင်း တွေ့ဆုံရန်ပင် ခက်ခဲလေသည်။

" စိုးရိမ်စရာမလိုဘူး။ သူတို့က မင်းကို တွေ့ချင်ရုံသက်သက်ပဲ။ " ကြီးမြတ်သူယုတိုင်က ညင်သာစွာ ပြောလိုက်ကြသည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် လင်းယွမ်က နတ်ဘုရင်နှင့် အခြားအလွှာဆယ့်တစ်သက်ရှိများကို ကျော်လွန်သွားခြင်းက ကြီးမြတ်သူများကိုပင် အံ့အားသင့်စေခဲ့သည်။ ကြီးမြတ်သူ ရှချင်မှလွဲ၍ အခြားကြီးမြတ်သူများက လင်းယွမ်အကြောင်း ပို၍ သိချင်သွားကြသည်။

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူက ရတနာဆယ့်တစ်ခုကိုလည်း ပေးရဦးမည်ဖြစ်သည်။ ထိုရတနာများကို လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက ခက်ခဲစွာ တိုက်ခိုက်ရယူထားကြခြင်းဖြစ်ပြီး လင်းယွမ်က တစ်ဝက်ယူထားခြင်းကပင် လွန်လှပြီဖြစ်သည်။

" ငါ့နောက်မှာ ရပ်နေ။ " ကြီးမြတ်သူယုတိုင်က လင်းယွမ်ကို ကြည့်လိုက်ပြီးနောက် အချိန်နှင့် လေဟာနယ်တို့က စတင်ပြောင်းလဲသွားသည်။

" ငါနဲ့ ငါ့ရဲ့ မူလခန္ဓာကိုယ်က ခဏအတွင်း အလင်းနှစ်မရေတွက်နိုင်အောင် ဝေးကွာသွားတယ်။ " လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။

၎င်းက ကြီးမြတ်သူယုတိုင်၏ မူလခန္ဓာကိုယ်မဟုတ်ဘဲ ကိုယ်ပွားလေးတစ်ခုမျှသာဖြစ်သည်။ ခဏကြာသောအခါ လင်းယွမ်နှင့် ကြီးမြတ်သူယုတိုင်တို့က ခမ်းနားသော နန်းတော်တစ်ခုသို့ ရောက်သွားကြသည်။

" ဒါက ငါတို့ လူသားမျိုးနွယ်ရဲ့ တတိယခံတပ်ပဲ။ " ကြီးမြတ်သူယုတိုင်က ရပ်ပြီး ပြုံး၍ ပြောလိုက်သည်။

တတိယခံတပ်က ကြီးမြတ်သူကိုးယောက် တွေ့ဆုံကြသောနေရာဖြစ်သည်။ VR ကမ္ဘာကို ဖန်တီးပြီးနောက် တတိယခံတပ်ကို အသုံးပြုသည်မှာ ရှားပါးသွားခဲ့သည်။

" ဟုတ်ကဲ့ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ထိုနန်းတော်က သူ့အပေါ် ကြီးမားသော ဖိအားတစ်ခုကို ခံစားရစေပြီး အနည်းဆုံး အလွှာဆယ့်နှစ်ရှိလောက်ပေသည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲမှ ရရှိခဲ့သော ရတနာများ၏ အော်ရာက ထိုနန်းတော်ကို လုံးဝမယှဉ်နိုင်ပေ။

ကြီးမြတ်သူယုတိုင်၏ နောက်မှလိုက်ပြီး လင်းယွမ်က နန်းတော်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ နန်းတော်အတွင်း ကြီးမားသော ပလ္လင်ကိုးခုရှိပြီး အထဲသို့ ရောက်သည်နှင့် ကြီးမြတ်သူယုတိုင်၏ ခန္ဓာကိုယ်က လွင့်ပျယ်သွားသည်။

" ကြီးမြတ်သူကိုးယောက်ကို နှုတ်ဆက်ပါတယ်။ " လင်းယွမ်က ဦးညွှတ်ပြီး နှုတ်ဆက်လိုက်သည်။

ကြီးမြတ်သူများက ကိုယ်ကျိုးမဖက်ဘဲ လူသားမျိုးနွယ်ကို ကာကွယ်နေကြခြင်းကြောင့် လင်းယွမ်က သူတို့ကို အလွန်လေးစားလေသည်။ စစ်မြေပြင်များတွင် အလွှာဆယ့်နှင့် အောက်အဆင့်ရှိ ဆင့်ကဲပြောင်းလဲသူများက မျိုးနွယ်ခြားများဖြင့် တိုက်ခိုက်နေခဲ့သဘ်ယာ ၎င်းက တာဝန်တစ်ခုဖြစ်သော်လည်း သူတို့အတွက် ဆုလာဘ်များနှင့် အကျိုးကျေးဇူးများ ရရှိလေသည်။ သို့သော် ကြီးမြတ်သူများက လူသားမျိုးနွယ်ကို ကာကွယ်ပြီး ကြိုးစားအားထုတ်မှုများ ပေးထားသော်လည်း အခြေခံအားဖြင့် သူတို့က ဘာမှမရရှိကြပေ။

" ဒီလိုကြောက်စရာကောင်းတဲ့ ရုပ်ခန္ဓာ " ကြီးမြတ်သူ ကုလီက လင်းယွမ်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။

ကြီးမြတ်သူကုလီက ခွန်အားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆုံးစွန်သော တည်ရှိမှုဖြစ်ပြီး အကြွင်းမဲ့ခွန်အားက နိယာမအားလုံးကို ဖျက်ဆီးနိုင်သည်ဟူသော ယုံကြည်မှုကို စွဲကိုင်ထားသည်။

လင်းယွမ်က ဂရုတစိုက် နားထောင်နေသည်။ သူ၏ ရုပ်ခန္ဓာက သာမန်အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူများထက် များစွာ သာလွန်လေသည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရုပ်ခန္ဓာကို အခြေခံထားပြီး ဘူးသီးခြောက်၏ မြှင့်တင်မှုဖြင့် သူ၏ ရုပ်ခန္ဓာက အလွန်သန်မာသွားခဲ့သည်။ ထို့အပြင် ရွှမ်ဟွမ်မူလခန္ဓာကလည်း ရုပ်ခန္ဓာကို မြှင့်တင်ပေးသောကြောင့် လင်းယွမ်၏ ရုပ်ခန္ဓာက မယုံကြည်နိုင်စရာကောင်းသော အဆင့်သို့ ရောက်သွားခဲ့သည်။ ၎င်းက ထိုက်ယန်မူလစိတ်ဝိညာဉ်၏ ရုပ်ခန္ဓာသာဖြစ်ပြီး မူလခန္ဓာကိုယ်က ပို၍ သန်မာလေသည်။

" ရုပ်ခွန်အားက နိယာမတွေရဲ့ နားလည်မှုနဲ့ ယှဉ်ရင် သိပ်အရေးမပါဘူး။ " ပလ္လင်တစ်ခုပေါ်ရှိ ကြီးမြတ်သူ ဟင်းလင်းပြင်နတ်ဘုရားက ပြောလိုက်သည်။

" ဟမ့် " ကြီးမြတ်သူကုလီက ကြီးမြတ်သူဟင်းလင်းပြင်နတ်ဘုရားကို ကြည့်လိုက်သည်။

လေဟာနယ်နိယာမကို ကျွမ်းကျင်သော ဟင်းလင်းပြင်နတ်ဘုရားက ယှဉ်ပြိုင်ရန် အခက်ခဲဆုံးပြိုင်ဘက်တစ်ယောက်ဖြစ်ပေလိမ်မည်။ အကြောင်းမှာ သူ၏ မူလခန္ဓာကိုယ်၏ တည်နေရာကို ရှာဖွေရန် အလွန်ခဲယဉ်းသောကြောင့်ဖြစ်သည်။

" ရုပ်ခန္ဓာမရှိဘဲ နိယာမတွေကို ဘယ်လိုနားလည်နိုင်မှာလဲ။ " အခြားကြီးမြတ်သူတစ်ယောက်က လင်းယွမ်ကို ကြည့်ပြီး ပြုံးလိုက်သည်။

" လင်းယွမ် " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။ " ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲက မင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်ပြီး ငါတို့ အရမ်းကျေနပ်တယ်။ "

" ကျေးဇူးတင်ပါတယ် ကြီးမြတ်သူ။ " လင်းယွမ်က ချက်ချင်း ပြန်ဖြေလိုက်သည်။

ကြီးမြတ်သူတစ်ယောက်နှစ်ယောက်ကို စိတ်ကျေနပ်စေခြင်းကပင် ခက်ခဲနေပြီး ကြီးမြတ်သူကိုးယောက်ကို စိတ်ကျေနပ်စေခြင်းက လင်းယွမ် ပထမဆုံးဖြစ်ပေလိမ့်မည်။

" ကြီးမြတ်သူတို့ ဒီမှာ ရတနာ ဆယ့်တစ်ခုပါ။ " လင်းယွမ်၏ ရှေ့တွင် ရတနာဆယ့်တစ်ခု ပေါ်လာသည်။

ရတနာဆယ့်တစ်ခုလုံးက ရှစ်ခုက ကြယ် ၁၂လုံးအဆင့်ရတနာများဖြစ်ပြီး သုံးခုက ကြီးမြတ်သူအဆင့် လက်နက်များ ဖြစ်ကြသည်။

" ရတနာတွေအားလုံး မဆိုးဘူး။ " ကြီးမြတ်သူကိုးယောက်က ကြည့်ပြီး ခေါင်းညိမ့်လိုက်ကြသည်။

ထိုရတနာများက သူတို့အတွက် အကျိုးမရှိသော်လည်း လူသားမျိုးနွယ်၏ အခြေခံကို မြှင့်တင်နိုင်လေသည်။

" လင်းယွမ် မင်းမလိုချင်တဲ့ ရတနာတွေရှိရင် အဲ့ဒါတွေကို ကောင်းမှုအမှတ်တွေနဲ့ လဲလှယ်လို့ရတယ်။ ပြီးတော့ လူသားမျိုးနွယ်ရဲ့ ရတနာတိုက်ထဲက မင်းအတွက် အသုံးဝင်တဲ့ ကြယ်၁၂လုံးရတနာတွေကိုလည်း လဲလှယ်နိုင်တယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။

လင်းယွမ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲမှ ထွက်ခွာလာနိုင်သောကြောင့် သူနှင့်အတူ ရတနာများစွာ ပါလာမည်မှာ ထင်ရှားလေသည်။ ကြီးမြတ်သူရှချင်က လင်းယွမ်တွင် ရတနာသုံးဆယ်ကျော် ရှိလိမ့်မည်ဟု ခန့်မှန်းလေသည်။

ကြီးမြတ်သူရှချင်က လင်းယွမ်၏ ရတနာများကို စိတ်ဝင်စားခြင်းမရှိဘဲ လင်းယွမ်အတွက် အသုံးမဝင်သော ရတနာများ ကိုင်ထားမည်စိုးသောကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်၏ ရတနာတိုက်ထဲတွင် ကြယ်၁၂လုံးရတနာများရှိပြီး လင်းယွမ်အတွက် သင့်လျော်သော ရတနာကို ရွေးချယ်နိုင်လေသည်။

" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

All Chapters