← Chapters

ဆုလာဘ်ပြောင်းလို့ရလား....

Vol. 40 Ch. 604

ဆုလာဘ်ပြောင်းလို့ရလား....

Vol. 40 Ch. 604

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ရရှိသော ရတနာတစ်ရာနီးပါးတွင် အများစုက သူ့အတွက် အသုံးမဝင်ဘဲ သိမ်းထားခြင်းက အကျိုးမရှိသောကြောင့် လဲလှယ်ခြင်းက ပိုကောင်းလေသည်။

" ဒီရတနာဆယ့်တစ်ခုကို ငါယူသွားလိုက်မယ်။ " ကြီးမြတ်သူရှချင်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်ပြီး လင်းယွမ်ရှေ့မှ ရတနာများက ပျောက်ကွယ်သွားသည်။

" ငါတို့ မင်းကို ဒီနေရာ ခေါ်လိုက်တာက ငါတို့ပူးပေါင်းပြီး မင်းကို အချိန်မြစ်ရဲ့ ကမ်းခြေကို နောက်တစ်ကြိမ် ခေါ်ထုတ်ပေးဖို့ပဲ။ မင်းက အချိန်မြစ်ကို ထပ်ပြီး လေ့လာနိုင်ရင် အချိန်နှင့် လေဟာနယ် ပေါင်းစပ်မှုအတွက် အများကြီးအထောက်အကူဖြစ်လိမ့်မယ်။ " ကြီးမြတ်သူရှချင်က ဆက်ပြောလိုက်သည်။

လင်းယွမ်က အချိန်နိယာမကို နားလည်သည်ဟု ဆိုသော်လည်း လေဟာနယ်နိယာမကဲ့သို့ပင် အချိန်နိယာမ၏ ရှုထောင့်တစ်ခုကို နားလည်ခြင်းသာဖြစ်သည်။

နောက်ဆုံးတွင် သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ရန်အတွက် အချိန်နိယာမကို အဆက်မပြတ် လေ့လာနေရန် လိုအပ်လေသည်။ ကြီးမြတ်သူရှချင်၏ စွမ်းအားတစ်ခုတည်းဖြင့် လင်းယွမ်က အချိန်မြစ်ထဲမှ ခဏတာ ထွက်နိုင်ခဲ့ပြီး ကြီးမြတ်သူကိုးယောက်၏ စွမ်းအားနှင့်ဆိုလျှင် သူက အချိန်မြစ်ထဲမှာ ပို၍ ကြာကြာ ထွက်နိုင်ပေလိမ့်မည်။

ထိုအကူအညီက အချိန်နိယာမအပေါ် လင်းယွမ်၏ နားလည်မှုအတွက် များစွာ အထောက်အကူပြုလေသည်။ သို့သော် ကြီးမြတ်သူကိုးယောက်က သက်ရှိတစ်ယောက်ကို အချိန်မြစ်ထဲမှ အတင်းအကျပ် ဆွဲထုတ်ချိန်တွင် စကြာဝဠာ၏ တန်ပြန်မှုတစ်ခုကို ခံရပေလိမ့်မည်။

သို့သော် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ လင်းယွမ်၏ စွမ်းဆောင်ရည်များနှင့် ရတနာများကို ထည့်တွက်လျှင် ၎င်းက လင်းယွမ်နှင့် ထိုက်တန်ပေသည်။ ထို့အပြင် လင်းယွမ်က အလွှာတစ်ဆယ်သာ ရှိသောကြောင့် တန်ပြန်မှုက များစွာပြင်းထန်မည်မဟုတ်ပေ။

" အချိန်မြစ်ရဲ့ ကမ်းခြေကို သွားရမှာလား။ " လင်းယွမ်က အနည်းငယ် တုန့်ဆိုင်းသွားသည်။

အချိန်မြစ်၏ ကမ်းခြေသို့ သွားနိုင်ခြင်းက ကြီးမားသော ကံကောင်းမှုတစ်ခုဖြစ်သည်။ သို့သော် လင်းယွမ်က အချိန်နိယာမကို အဆင့်တစ်ခုအထိ နားလည်ထားပြီး အချိန်မြစ်၏ ကမ်းခြေသို့ နောက်တစ်ကြိမ်သွားခဲ့လျှင်တောင် များစွာ အကျိုးရှိမည်မဟုတ်ပေ။

၎င်းက မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် နားလည်မှုများကို စုပ်ယူခြင်းထက် အကျိုးနည်းလေသည်။

အဓိကပြဿနာမှာ ကြီးမြတ်သူများက လင်းယွမ်ကို အချိန်မြစ်မှ ခေါ်ထုတ်လျှင် အခက်အခဲများရှိနိုင်လေသည်။ အချိန်မြစ်ထဲတွင် အလွှာတစ်ဆယ်သက်ရှိများကို ငါးများအဖြစ် သတ်မှတ်ပြီး အလွှာဆယ့်တစ် သက်ရှိများက ငါးကြီးများဖြစ်ကြလေသည်။

သို့သော် လင်းယွမ်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ မကျရောက်မီကပင် အလွှာဆယ့်တစ်သက်ရှိ၏ ခွန်အားကို ပိုင်ဆိုင်ခဲ့ပြီး ငါးကြီးတစ်ကောင်အဖြစ် သတ်မှတ်နိုင်လေသည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ထွက်လာပြီးနောက် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ခဲ့ပြီး သူ၏ အတွင်းကမ္ဘာက ပြောင်းလဲသွားခဲ့သည်။

ကြီးမြတ်သူရှချင်က လင်းယွမ်က အလွှာတစ်ဆယ် သို့်မဟုတ် အလွှာဆယ့်တစ်နှင့် နီးစပ်သည်ဟုသာ တွေးပြီး သူ့ကို အချိန်မြစ်၏ ကမ်းခြေသို့ အလွယ်တကူ ခေါ်သွားနိုင်လိမ့်မည်ဟု ထင်နေခဲ့သည်။

" ဘာလို့လဲ။ " ကြီးမြတ်သူရှချင်က လင်းယွမ်တုန့်ဆိုင်းနေသည်ကို ကြည့်ပြီး မျက်ခုံးများပင့်သွားသည်။

" ကြီးမြတ်သူ ကျွန်တော် ဆုလာဘ်ကို ပြောင်းလို့ရလား။ " လင်းယွမ်က တွေးလိုက်သည်။

" ဆုလာဘ်ကို ပြောင်းတာလား။ " ကြီးမြတ်သူက စိတ်ရှုပ်ထွေးစွာဖြင့် လင်းယွမ်ကို ကြည့်လိုက်သည်။

အချိန်မြစ်ကို လေ့လာခြင်းထက် မည်သည့်ဆုလာဘ်က ပိုတန်ဖိုးရှိလို့လဲ။

" တကယ်တော့ ကျွန်တော်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ထားပါပြီ။ " လင်းယွမ်က ကြီးမြတ်သူများကို ဘယ်လိုငြင်းရမှန်းမသိသောကြောင့် အမှန်တိုင်းသာ ပြောလိုက်သည်။

" မင်းက အချိန်လေဟာနယ်ပေါင်းစပ်နိယာမိုက နားလည်သွားပြီလား။ " ကြီးမြတ်သူရှချင်က တိတ်ဆိတ်သွားပြီး အခြားကြီးမြတ်သူများကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

ပလ္လင်များပေါ်ရှိ ကြီးမြတ်သူကိုးယောက်က လင်းယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ လင်းယွမ်က အချိန်လေဟာနယ်နိယာမကို နားလည်သွားပြီလား။ ကြီးမြတ်သူရှချင်နှင့် အခြားသူများက လင်းယွမ်၏ စကားကို သံသယဝင်ခြင်းတော့မရှိကြပေ။

ကြီးမြတ်သူများက လင်းယွမ်ကို ကြီးမြတ်သူတစ်ယောက်ဖြစ်လာပြီး လူသားမျိုးနွယ်၏ ထောက်တိုင်တစ်ခုအဖြစ် သူတို့နှင့်အတူ ရပ်တည်နိုင်ရန် မျှော်လင့်ထားကြသည်။ သို့သော် လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ယခုလောက်ထိ လျင်မြန်စွာ နားလည်သွားလိမ့်မည်ဟု သူတို့က မမျှော်လင့်ထားကြပေ။

ကြီးမြတ်သူရှချင်က လင်းယွမ်ကို အချိန်မြစ်၏ ကမ်းခြေသို့ ခေါ်ပြီး တွန်းအားတစ်ခုပေးခဲ့သောကြောင့် လင်းယွမ်က အချိန်နိယာမကို နားလည်သွားခဲ့သည်။ ယခု သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို သူဟာသူ နားလည်သွားခဲ့သည်။

" မင်းက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို တကယ်နားလည်သွားတာလား။ " ကြီးမြတ်သူဟင်းလင်းပြင်နတ်ဘုရားက မနေနိုင်တော့ဘဲ မေးလိုက်သည်။

" ကံကောင်းလို့ပါ။ " လင်းယွမ်၏ အတွေးများက အနည်းငယ် လှုပ်ရှားသွားပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ စွမ်းအားက ထွက်ပေါ်လာသည်။

ရုပ်ခန္ဓာ၏ ပေါက်ကွဲသော စွမ်းအားနှင့် ယှဉ်လျှင် နိယာမများက နားလည်မှုအသိအမြင်များနှင့် သက်ဆိုင်သောကြောင့် အခြားသူများရှာတွေ့နိုင်ရန် ခက်ခဲလေသည်။

" တကယ် အချိန်လေဟာနယ်ပေါင်းစပ်နိယာမပဲ..."

ကြီးမြတ်သူများက လင်းယွမ်ကို အချိန်လေဟာနယ်ပေါင်းစပ်နိယာမအား နားလည်သွားသည်ကို အတည်ပြုလိုက်ကြသည်။

" မင်း..." ကြီးမြတ်သူရှချင်က ကူကယ်ရာမဲ့သွားသည်။

သူက လင်းယွမ်ကို အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ရန်အတွက် အသိအမြင်အချို့ပေးရန် ရည်ရွယ်ထားခဲ့သော်လည်း ယခု ၎င်းက မလိုအပ်တော့ပေ။

" မင်းက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်သွားပြီဆိုတော့ အချိန်မြစ်ကို ကြည့်ဖို့ တကယ်မလိုအပ်တော့ဘူး။ " ကြီးမြတ်သူယုတိုင်က ဖြည်းညင်းစွာ ပြောလိုက်သည်။

အချိန်မြစ်တစ်ခုလုံးကို လေ့လာခြင်းက အချိန်နိယာမနှင့် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ရန် အဓိက အကူအညီ ပေးလေသည်။ ကျန်သည်များက သက်ရောက်မှု သိပ်မရှိပေ။ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ပြီးသည်နှင့် ကျင့်ကြံခြင်းက မိမိကိုယ်တိုင်အပေါ်တွင်သာ မှီခိုလေသည်။

" မင်းရဲ့ လက်ရှိ အသက်အဆင့်နဲ့ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်တာက တကယ်ရှားပါးတယ်။ ဒါပေမယ့် မင်း အရမ်မကျေနပ်နေနဲ့။ မင်းကြီးမြတ်သူဖြစ်လာချင်ရင် အဲ့ဒါက အစပဲရှိသေးတယ်။ မင်းအဲ့ဒါကို ဒုတိယအဆင့်၊ တတိယအဆင့်နဲ့ နောက်ပိုင်းအဆင့်တွေကို ထပ်ပြီး ကျင့်ကြံဖို့လိုတယ်။ " ကြီးမြတ်သူရှချင်က ဘာပြောရမှန်းမသိသောကြောင့် ဩဝါဒခြွေလိုက်တော့သည်။

ကြီးမြတ်သူဖြစ်လာရန် လိုအပ်ချက်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ပဉ္စမအဆင့်ထိ နားလည်ရန်ဖြစ်သည်။

ကြီးမြတ်သူရှချင်၏ စကားများက အခြားကြီးမြတ်သူများကို ထူးဆန်းသော အတွေးများ ဖြစ်ပေါ်သွားစေသည်။ လင်းယွမ်က အလွှာတစ်ဆယ်တွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ခဲ့သည်။ သို့သော် ကြီးမြတ်သူရှချင်အပါအဝင် သူတို့ထဲမှ ဘယ်သူမှ အလွှာတစ်ဆယ်တွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ကြခြင်းမရှိသေးပေ။

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ကြီးမြတ်သူရှချင်ပြောသည်မှာ မှန်လေသည်။ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ခြင်းက အစသာဖြစ်သည်။ စစ်မှန်သော စိန်ခေါ်မှုများက ဒုတိယအဆင့်မှ ပဉ္စမအဆင့်ထိ ကျင့်ကြံခြင်းဖြစ်သည်။

စကြာဝဠာထဲရှိ အလွှာဆယ့်တစ်သက်ရှိများက ထိုအဆင့်တွင် ပိတ်မိနေကြခြင်းဖြစ်သည်။ သို့သော် လင်းယွမ်က မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် နားလည်မှုများအား စုပ်ယူထားသည်ကို သူတို့မသိခဲ့ကြပေ။ သူ့အတွက် ပဉ္စမအဆင့်သို့ ကျင့်ကြံခြင်းက အချိန်သာလိုအပ်ပြီး များစွာခက်ခဲမည်မဟုတ်ပေ။ လင်းယွမ်၏ စစ်မှန်သော ပစ်မှတ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်နှင့် ကြီးမြတ်သူအဆင့်တို့ပင် ဖြစ်သည်။

" မင်းက အချိန်မြစ်ရဲ့ ကမ်းခြေကို သွားဖို့မလိုတော့ဘူးဆိုတော့ ဘယ်ဆုလာဘ်ကို လိုချင်လဲ။ " ကြီးမြတ်သူကုလီက မေးလိုက်သည်။

" အဲ့ဒါကို ကြီးမြတ်သူတို့ပဲ ဆုံးဖြတ်ပေးဖို့ ကျွန်တော်တောင်းဆိုချင်ပါတယ်။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။

" ငါတို့ဆုံးဖြတ်ပေးရမှာလား။ " ကြီးမြတ်သူကုလီနှင့် အခြားကြီးမြတ်သူများက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ကြီးမြတ်သူများက သူတို့ကြား လျို့ဝှက်ဆက်သွယ်နေကြသည်ကို လင်းယွမ်က သ်လေသည်။

" မင်းက အခု အလွှာတစ်ဆယ်မှာဆိုပေမယ့် ကြီးမြတ်သူအဆင့်ကို စိန်ခေါ်ဖို့လည်း ထည့်စဉ်းစားရမယ်။ " ကြီးမြတ်သူရှချင်းက လေးနက်စွာ ပြောလိုက်သည်။ " ဒီရတနာက မင်းနဲ့ သင့်တော်လိမ့်မယ်။ "

သူ၏ ညာလက်ကို ဝှေ့ရမ်းလိုက်သည်နှင့် စကြာဝဠာတစ်ခုက သူ၏ ရှေ့တွင် ပေါ်လာပြီး လျင်မြန်စွာ ကျုံ့သွားခဲ့သည်။ နောက်ဆုံး ၎င်းက ပုတီးစေ့တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်ဆီသို့ ပျံသန်းသွားသည်။

ပုတီးစေ့က လင်းယွမ်၏ ရှေ့တွင် ရပ်တန့်သွားပြီး သူက ကြီးမားသော စကြာဝဠာတစ်ခုကို ခံစားလိုက်ရသည်။

" ဒါက အသေးစားစကြာဝဠာလား။ မဟုတ်ဘူး ဒါက အသေးစားစကြာဝဠာထက် ပိုပြီးစစ်မှန်တယ်။ "

လင်းယွမ်၏ အမြင်တွင် ထိုပုတီးစေ့က အသေးစားစကြာဝဠာနှင့် ဆင်တူလေသည်။ သို့သော် အသေးစားစကြာဝဠာက ပြည့်စုံသော အချိန်နှင့် လေဟာနယ်နိယာမများရှိနေသော်လည်း အသက်မရှိဘဲ ယခု ပုတီးစေ့က အသက်ရှိနေပုံရသည်။

" အဲ့ဒါကို စကြာဝဠာရင်းမြစ်လို့ခေါ်တယ်။ မင်းရဲ့ အတွင်းကမ္ဘာကို အတွင်းစကြာဝဠာအဖြစ် အသွင်ပြောင်းလဲချိန်မှာ အကူအညီပေးနိုင်လိမ့်မယ်။ " ကြီးမြတ်သူရှချင်က ရှင်းပြလိုက်သည်။

" အတွင်းကမ္ဘာကို အတွင်းစကြာဝဠာအဖြစ် အသွင်ပြောင်းချိန်မှာ အကူအညီပေးတာလား။ " လင်းယွမ်က အသက်ပြင်းပြင်းရှူလိုက်သည်။

ကြီးမြတ်သူဖြစ်လာသည်နှင့် အတွင်းကမ္ဘာက အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ သို့သော် ၎င်းက တစ်ခုမှ တစ်သောင်း၊ တစ်သိန်း၊ တစ်သန်းသို့ ခုန်ကူးခြင်းနှင့်တူလေသည်။ ထိုပုတီးစေ့က အတွင်းကမ္ဘာကို အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲချိန်တွင် အကူအညီပေးနိုင်လျှင် ကြီးမြတ်သူဖြစ်လာရန် ကူညီပေးနိုင်သည်ဟု ပြောလို့ရပေသည်။

All Chapters