← Chapters

အချိန်၏ အနှစ်သာရ....

Vol. 40 Ch. 605

အချိန်၏ အနှစ်သာရ....

Vol. 40 Ch. 605

" ဒါက တန်ဖိုးကြီးလွန်းတယ်။ " လင်းယွမ်က ရေရွတ်လိုက်သည်။

" အဲ့ဒါက တန်ဖိုးကြီးတာ မကြီးတာ ကိစ္စမရှိဘူး။ " ကြီးမြတ်သူရှချင်က ခေါင်းခါပြီး ပြောလိုက်သည်။ " ယူလိုက်။ "

" ဟုတ်ကဲ့။ " လင်းယွမ်က စကြာဝဠာမူလရင်းမြစ်ကို သိမ်းဆည်းလိုက်သည်။

" ကောင်းပြီ။ ယုတိုင်က မင်းကို ပြန်ပို့ပေးလိမ့်မယ်။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်လိုက်သည်။

လူသားမျိုးနွယ်၏ တတိယခံတပ်က အချိန်လေဟာနယ် ဝင်္ကဘာနှင့် ဝန်းရံထားပြီး လင်းယွမ်တစ်ယောက်တည်း ထွက်သွားနိုင်မည်မဟုတ်ပေ။

လင်းယွမ်ထွက်သွားချိန်တွင် ကြီးမြတ်သူကိုးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" ရှချင် မင်း အဲ့ကောင်လေးကို ဘယ်ကရှာတွေ့ခဲ့တာလဲ။ "

" သူ့ရဲ့ ပါရမီက အရမ်းကြောက်စရာကောင်းတယ်။ အလွှာတစ်ဆယ်နဲ့ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်သွားပြီ။ "

" ရိုးရိုးသားသား ပြောရရင် အဲ့ဒီကောင်လေးက အလွှာဆယ့်နှစ်ကို ရောက်ဖို့ အချိန်တစ်ခုပဲလိုမယ်ထင်တယ်။ "

ကြီးမြတ်သူများက အံ့ဩစွာဖြင့် ဆွေးနွေးလိုက်ကြသည်။

နဂါးငွေ့တန်းပင်မကြယ်၏ အပြင်ဘက်တွင် ထိုက်ယန်မူလစိတ်ဝိညာဉ်က တိတ်ဆိတ်စွာ ပေါ်လာသည်။

" ပြန်ရောက်လာပြီလား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး တွေးလိုက်သည်။ " တတိယခံတပ်က လေဟာနယ်အလွှာတွေရဲ့ ကြားမှာ တည်ရှိပြီး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေနဲ့ ဆင်တူတယ်။ ဒါပေမယ့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေလိုတော့ လုံးဝ ဖုံးကွယ်နိုင်တာတော့မဟုတ်ဘူး။ "

" ထားလိုက်တော့။ ငါဒါတွေ တွေးဖို့မလိုဘူး။ " လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး ကြယ်သခင်ခန်းမတွင် ပေါ်လာသည်။

ဝှစ်....

စကြာဝဠာရင်းမြစ်ပုံစံက အပြင်သို့ ပျံထွက်လာပြီး လင်းယွမ်၏ ရှေ့တွင် လွင့်မျောနေသည်။ ၎င်းက အတွင်းကမ္ဘာကို အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲရာတွင် ကူညီပေးနိုင်သောကြောင့် သဘာဝအတိုင်း မူလခန္ဓာကိုယ်သာ အသုံးပြုရပေလိမ့်မည်။

လင်းယွမ်က ကြီးမြတ်သူတစ်ယောက်ဖြစ်လာလျှင် ထိုက်ယန်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယင်မူလစိတ်ဝိညာဉ်တို့ကို ပြောင်းလဲပေးနိုင်လေသည်။ ထို့နောက် သူတို့၏ အတွင်းကမ္ဘာများကလည်း အတွင်းစကြာဝဠာများအဖြစ် တဖြည်းဖြည်း တိုးတက်လာကြပေလိမ့်မည်။

" စကြာဝဠာရဲ့ ရင်းမြစ် " လင်းယွမ်က သူ၏ ရှေ့မှ ပုတီးစေ့ကို ဂရုတစိုက် လေ့လာလိုက်သည်။

" ကြီးမြတ်သူရှချင်ရဲ့ စကားအရဆို ဒါကို အသုံးပြုဖို့ အတွင်းကမ္ဘာထဲထည့်ပြီး ကမ္ဘာစွမ်းအားနဲ့ ချိတ်ဆက်ပေးလိုက်ရုံပဲ။ " လင်းယွမ်က ချက်ချင်း စတင်လိုက်သည်။ သူ၏ စိတ်အသိက ပုတီးစေ့ကို ယူပြီး အတွင်းကမ္ဘာထဲသို့ ဆင်းသက်သွားသည်။

" ငါ့ရဲ့ အတွင်းကမ္ဘာ " လင်းယွမ်က ခဏ ကြည့်လိုက်သည်။

ကျယ်ပြောလှသော အတွင်းကမ္ဘာထဲတွင် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်က မြင့်မားစွာ ရပ်တည်နေပြီး ထူးခြားသော အော်ရာတစ်ခုကို ထုတ်လွှတ်ကာ အတွင်းကမ္ဘာကို ပို၍ တည်ငြိမ်သွားစေသည်။ ၎င်းက ကမ္ဘာသစ်ပင်ဖြစ်သည်။

ကြယ်၁၂လုံးရတနာ ကမ္ဘာသစ်ပင်က အတွင်းကမ္ဘာကို တည်ငြိမ်စေပြီး အတွင်းစကြာဝဠာသို့ ပြောင်းလဲချိန်တွင်လည်း အနည်းငယ် အထောက်အကူပြုလေသည်။

" ရာစုနှစ်အနည်းငယ်အတွင်း ငါ့ရဲ့ ကမ္ဘာသစ်ပင်က ကမ္ဘာသစ်သီးတွေ သီးနိုင်လောက်တယ်။ " လင်းယွမ်က လှည့်ပတ်ကြည့်လိုက်သည်။

ပုံမှန်အားဖြင့် ကမ္ဘာသစ်ပင်က ကြီးထွားလာချိန်မှ အသီးသီးချိန်အထိ နှစ်တစ်သန်းမှ နှစ်ဆယ်သန်းအထိ ကြာနိုင်လေသည်။ သို့သော် လင်းယွမ်၏ အတွင်းကမ္ဘာ အခြေခံက အလွန်အားကောင်းသောကြောင့် နှစ်ပေါင်းသန်းချီ ကြီးထွားမှုကို နှစ်ပေါင်းနှစ်ရာအတွင်း ပြီးမြောက်စေခဲ့သည်။

" စမယ်။ " လင်းယွမ်က ကမ္ဘာစွမ်းအားများကို သူ၏ ရှေ့မှ စကြာဝဠာရင်းမြစ်နှင့် ဆက်သွယ်လိုက်သည်။

ဝုန်း....

ကမ္ဘာစွမ်းအားများက စကြာဝဠာရင်းမြစ်နှင့် ထိတွေ့လိုက်သည်နှင့် လင်းယွမ်၏ စိတ်ထဲတွင် မြင်ကွင်းများစွာ ပေါ်ဘာခဲ့သည်။

ဝုန်း ဝုန်း ဝုန်း.....

လက်သီးအရွယ်အစားရှိသော စကြာဝဠာရင်းမြစ်က မရေတွက်နိုင်သော အမှုန်းများအဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်၏ အတွင်းကမ္ဘာနှင့် ဖြည်းညင်းစွာ ပေါင်းစည်းသွားသည်။

" ဟမ် " အတွင်းကမ္ဘာ၏ ဖန်တီးသူဖြစ်သော လင်းယွမ်က အတွင်းကမ္ဘာ၏ ပြောင်းလဲမှုများကို အရင်ဆုံး အာရုံခံမိခဲ့သည်။

ကြီးမားသော အတွင်းကမ္ဘာက စကြာဝဠာ၏ မူလအစမှ ပစ္စုပ္ပန်အထိ အဆုံးမရှိသော နှစ်များကို ကြုံတွေ့လိုက်ရသကဲ့သို့ ရုတ်တရက် ရှေးကျပြီး နက်နဲသွားခဲ့သည်။

" ဒါ ဒါက အချိန်ရဲ့ အနှစ်သာရလား။ " လင်းယွမ်က ထိတ်လန့်သွားသည်။

အတွင်းကမ္ဘာ၏ အရွယ်အစားနှင့် လေဟာနယ်အလွှာများက လေဟာနယ်အနှစ်သာရကိုသာ ကိုယ်စားပြုလေသည်။ ယခု လင်းယွမ်က သူ၏ အတွင်းကမ္ဘာထဲတွင် အချိန်ကြာမြင့်စွာ တည်ရှိနေသကဲ့သို့ အချိန်အနှစ်သာရ၏ ပြောင်းလဲမှုကို ခံစားလိုက်ရသည်။

အတွင်းကမ္ဘာကို အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲခြင်းက လေဟာနယ်အနှစ်သာရ တစ်ခုတည်းကို မှီခိုခြင်းက မလုံလောက်ဘဲ အချိန်အနှစ်သာရကလည်း မရှိမဖြစ် လိုအပ်လေသည်။

လေဟာနယ်အနှစ်သာရတွင် လင်းယွမ်၏ အတွင်းကမ္ဘာကို အလွှာဆယ့်တစ်သက်ရှိများပင် မယှဉ်နိုင်ပေ။ သို့သော် အချိန်အနှစ်သာရက သာမန်သာဖြစ်ပြီး ကြီးမြတ်သူအဆင့်သို့ ကြိုးစားချိန်တွင် ကြီးမားသော အားနည်းချက်တစ်ခု ဖြစ်သွားပေလိမ့်မည်။

သို့သော် ယခု စကြာဝဠာရင်းမြစ်၏ ပေါင်းစည်းမှုနှင့်အတူ အချိန်နှင့် လေဟာနယ်ကို ပေါင်းစည်းပြီး အတွင်းကမ္ဘာ၏ အချိန်အနှစ်သာရကို ဖြည့်တင်းပေးခဲ့သည်။

" ငါ့ ကျင့်ကြံတဲ့အချိန်က အရမ်းတိုတော့ အချိန်အနှစ်သာရ ချို့တဲ့နေတာကို ကြီးမြတ်သူတွေက သိလို့ ငါ့ကို ဒီစကြာဝဠာရင်းမြစ် ပေးခဲ့တာထင်တယ်။ " လင်းယွမ်က စိတ်ထဲမှ အလွန်ကျေးဇူးတင်သွားမိသည်။

" ငါ့ရဲ့ လက်ရှိ လေဟာနယ် အနက်နဲ့ အချိန် အလျားနဲ့ဆို အလွှာဆယ့်တစ်ကို တက်လှမ်းပြီး ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို လက်ခံပြီးရင် ငါ့ရဲ့ အတွင်းကမ္ဘာက အတွင်းစကြာဝဠာနဲ့ နီးစပ်သွားလောက်မလား။ " လင်းယွမ်က တွေးလိုက်သည်။

ကြီးမြတ်သူရှချင်က လင်းယွမ်၏ အချိန်အနှစ်သာရ ချို့တဲ့မှုကို သိသောကြောင့် စကြာဝဠာရင်းမြစ်ကို ပေးအပ်ခဲ့သော်လည်း လင်းယွမ်၏ အတွင်းကမ္ဘာက လေဟာနယ်အနှစ်သာရ အလွန်မြင့်မားသည်ကို သိမည်မဟုတ်ပေ။

ထို့အပြင် လက်ရှိအတွင်းကမ္ဘာက လင်းယွမ်၏ ကန့်သတ်ချက်မဟုတ်သေးပေ။ သူ၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမက ပထမအဆင့်တွင်သာ ရှိသေးသည်။ ၎င်းက ပဉ္စမအဆင့်သို့ ရောက်ရှိသည်နှင့် အတွင်းကမ္ဘာက ပို၍ ပြည့်စုံသွားပေလိမ့်မည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ထိုက်ယန်မူလစိတ်ဝိညာဉ်က ခြေချိတ်ထိုင်နေသည်။ သူ၏ ရှေ့တွင် ရတနာများရှိနေပြီး အားလုံးက ကြယ် ၁၂လုံးရတနာများ ဖြစ်ကြလေသည်။

" ငါအတွက် အသုံးမဝင်တဲ့ ရတနာတွေကို ယွမ်ရှန်းကျင်းကို အားဖြည့်ဖို့အပြင် ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံဖို့လည်း အသုံးပြုလို့ရတယ်။ " လင်းယွမ်က တွေးလိုက်သည်။

ကြီးမြတ်သူအဆင့်လက်နက်များက အစွမ်းထက်သော်လည်း အားလုံးက လင်းယွမ်နှင့် သင့်တော်သည်မဟုတ်ပေ။ သင့်တော်မှုအကြောင်းပြောလျှင် မည်သည့်ရတနာမှ ယွမ်ရှန်းကျင်းကို ယှဉ်နိုင်မည်မဟုတ်ပေ။ မူလရွှေစင်ဖြင့် ပြုလုပ်ထားသော ထိုလက်နက်ကို လင်းယွမ်က အမြဲတမ်း ပြုစုပျိုးထောင်ခဲ့ပြီး သူ့အတွက် ပြည့်စုံသော ကိုက်ညီမှုတစ်ခုဖြစ်သည်။

လင်းယွမ်က မူလစွမ်းအားကို ကျွမ်းကျင်ခဲ့ပြီး အရာအားလုံးကို အခြေခံအကျဆုံး စွမ်းအားအဖြစ် ပြောင်းလဲနိုင်လေသည်။ ကြီးမြတ်သူအဆင့် လက်နက်တစ်ခုကို မူလစွမ်းအားအဖြစ် သန့်စင်ပြီး ယွမ်ရှန်းကျင်းကို အားဖြည့်ရန် အလွှာဆယ့်တစ်ရောက်မှ ပြုလုပ်နိုင်ပေလိမ့်မည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က အတွင်းကမ္ဘာ၏ ပြောင်းလဲမှုများကို လေ့လာပြီးနောက် နိယာမများ၏ နားလည်မှုအလင်းလုံးကို ထုတ်ပြီး ကျင့်ကြံခြင်းတွင် နစ်မြုပ်သွားသည်။ ပုံမှန်နိယာမများကို နားလည်ခြင်းအပြင် သိုင်းတာအို အလွှာတစ်ဆယ်ကဏ္ဍကိုလည်း ဖြည်းညင်းစွာ ပြည့်စုံစေခဲ့သည်။

" သိုင်းတာအို အလွှာတစ်ဆယ်ကဏ္ဍရဲ့ အဓိကအချက်က ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ််နဲ့ စိတ်အသိကို အားဖြည့်ဖို့ပဲ။ ခိုင်မာတဲ့ အခြေခံနဲ့သာ ပိုပြီးကြီးမားတဲ့ အလားအလာကို ထုတ်ဖော်နိုင်လိမ့်မယ်။ " လင်းယွမ်က ကြယ်စကြာဝဠာထဲရှိ အထူးသက်ရှိများ၏ ရုပ်ခန္ဓာများကို အဆက်မပြတ် လေ့လာနေခဲ့သည်။

ပုံမှန်အားဖြင့် အထူးသက်ရှိများက ရှားပါးပြီး အချို့ အထူးသက်ရှိများဆိုလျှင် စကြာဝဠာထဲတွင် တစ်ကြိမ်သာ ပေါ်ထွက်နိုင်လေသည်။ သူတို့၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်အနှစ်သာရ၊ မွေးရာပါစွမ်းရည်များကို ကြီးမြတ်သူများပင် သေချာမလေ့လာနိုင်ပေ။

သို့သော် မီတာဝက်ရှိသော အဘိုးအို၏ ကောင်းမှုဖြင့် လင်းယွမ်က အလင်းလုံးလေးလုံးကို လေ့လာပြီး သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍကို ပြည့်စုံစေခဲ့သည်။ အထူးသက်ရှိများကို စကြာဝဠာ၏ နှစ်သက်ခံရသူများအဖြစ် သတ်မှတ်နိုင်ပြီး လင်းယွမ်က ၎င်းတို့ကို အသုံးပြုခြင်းမှာ မြင့်မားသော လမ်းကြောင်းတစ်ခုကို ပုံဖော်နိုင်လေသည်။

VR ကမ္ဘာတွင် လင်းယွမ်နှင့် နာလန်တို့က သက်သောင့်သက်သာ ထိုင်နေကြသည်။ လင်းယွမ်က လေ့ကျင့်မှုများအပြင် စိတ်သက်သာစေရန်အတွက် သူ၏ စိတ်အသိအပိုင်းအစတစ်ခုကို VR ကမ္ဘာနှင့် ချိတ်ဆက်ထားခဲ့သည်။

" ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲကို ကျရောက်ခဲ့တဲ့ ပင်မစကြာဝဠာက သက်ရှိတွေကတော့ ဆုံးရှုံးမှုကို ခံစားလိုက်ရတာပဲ။ အထူးသဖြင့် နတ်ဘုရင်က သူနဲ့အသင့်တော်ဆုံး ကြီးမြတ်သူအဆင့် လက်နက်တစ်ခုကို ဆုံးရှုံးလိုက်ရတာပဲ။ " နာလန်က ပြောလိုက်သည်။

သူ၏ ကိုယ်ပွားတစ်ခုကလည်း ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲတွင် သေဆုံးခဲ့ပြီး အခြေခံဆုံးရှုံးမှုဖြစ်ခဲ့သော်လည်း လူသားမျိုးနွယ်က အတိုင်းအတာတစ်ခုအထိ ပြန်လည်ထောက်ပံ့ပေးခဲ့သည်။ လင်းယွမ်က လူသားမျိုးနွယ်ကို ရတနာဆယ့်တစ်ခု ပြန်ပေးခဲ့ပြီး လူသားမျိုးနွယ်ကလည်း လူသားဆင့်ကဲပြောင်းလဲသူများကို လျော်ကြေးပြန်ပေးခဲ့သည်။

နောက်ဆုံးတွင် လူသားဆင့်ကဲပြောင်းလဲသူများက ထိုရတနာများကို ရရှိရန် ကြိုးစားခဲ့ကြပြီး လူသားမျိုးနွယ်က သူတို့ကို ဆုံးရှုံးမှု တစ်ခုတွင် ရှိစေမည်မဟုတ်ပေ။

" အင်း တော်တော်ဆိုးတာပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အစတွင် နတ်ဘုရင်က ကြီးမြတ်သူများအောက်ရှိ အသန်မာဆုံးထဲတွင် ပါဝင်ခဲ့သော်လည်း ယခု သူနှင့်သင့်လျော်သော လက်နက်တစ်ခုကို ဆုံးရှုံးခဲ့ရသည်။

ကြယ်စကြာဝဠာမဟာမိတ်၊ လူသားမျိုးနွယ်၊ အင်းဆက်မျိုးနွယ်နှင့် အခြားမျိုးနွယ်များတွင် ကြီးမြတ်သူအဆင့်လက်နက်များက အရေအတွက်တစ်ခုထိ ရှိလေသည်။ သို့သော် ကြီးမြတ်သူအဆင့်အောက်ရှိ သက်ရှိများအတွက် သူတို့နှင့် သင့်လျော်သော လက်နက်တစ်ခုကို ရှာဖွေနိုင်ရန် အလွန်ခက်ခဲလှသည်။

ထိုလက်နက်ကို ဆုံးရှုံးပြီးနောက် နတ်ဘုရင်က ကြီးမြတ်သူအဆင့် လက်နက်တစ်ခုကို ထပ်ရခဲ့လျှင်တောင် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို အထွတ်အထိပ်အထိ မြှင့်တင်နိုင်တော့မည်မဟုတ်ပေ။

All Chapters