အလွှာတစ်ဆယ်ကဏ္ဍ တင်ပြခြင်း....
Vol. 40 Ch. 606
နတ်ဘုရင်၏ ကိုယ်ပွားက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲတွင် သေဆုံးသွားသောကြောင့် ကိုယ်ပွား၏ စိတ်အသိကလည်း ထာဝရဆုံးရှုံးသွားပေလိမ့်မည်။ ၎င်းကလည်း သူ၏ ခွန်အားအပေါ် ထင်ရှားသော သက်ရောက်မှုရှိစေသည်။
သူက သာမန်အဆင့်သို့ မရောက်သွားလျှင်တောင် သစ်ပင်ကမ္ဘာ၏ မိခင်နှင့် ယှဉ်နိုင်တော့မည်မဟုတ်ပေ။ ကြီးမြတ်သူအဆင့်ကို ကြိုးစားရမည့်အချိန်ကလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းရပေလိမ့်မည်။ သို့သော် မည်မျှရွှေ့ဆိုင်းသည်ဖြစ်စေ ကြီးမြတ်သူဖြစ်လာရန်အခွင့်အရေးကတော့ လျှော့နည်းသွားပြီဖြစ်သည်။
နတ်ဘုရင်မှလွဲ၍ အခြားအထူးသက်ရှိများနှင့် မျိုးနွယ်ခြားများကလည်း ကြီးမားသော ဆုံးရှုံးမှုများရှိခဲ့ပြီး အနည်းဆုံး သူတို့၏ စိတ်အသိအပိုင်းအစကို အခြေခံအားဖြင့် ဆုံးရှုံးသွားပြီဖြစ်သည်။
စိတ်အသိက ရုပ်ခန္ဓာနှင့်မတူဘဲ ရတနာများ၏ အကူအညီနှင့် မြှင့်တင်၍ မရနိုင်ပေ။ စိတ်အသိကို မြှင့်တင်နိုင်ရန်အတွက် မည်မျှကြိုးစားအားထုတ်ရမည်ကို မသိနိုင်ပေ။
" ဟဲဟဲ အဲ့ဒီအထူးသက်ရှိတွေ မျိုးနွယ်ခြားတွေ ဘယ်လောက်သန်မာလိုက်သလဲ။ နောက်ဆုံးတော့ ငါတို့လူသားမျိုးနွယ်ရဲ့ ရွှယ်ယုရိုက်တာခံလိုက်ရတာပဲ။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ အရှင်ရွှယ်ယုကတော့ လုံးဝ ပြိုင်ဘက်ကင်းပဲ။ " နာလန်က ပြုံးလိုက်သည်။
လူသားမျိုးနွယ်မှ ရွှယ်ယုကလည်း ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ အောင်မြင်စွာ ထွက်ခွာနိုင်သည်ဟု လူသိရှင်ကြားမကြေညာခဲ့ပေ။ သို့သော် လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက အရှင်ရွှယ်ယု အသက်ရှင်နေသည်ဟု သေချာစွာ ခန့်မှန်းခဲ့ကြသည်။ မျိုးနွယ်ခြားများကလည်း ထိုသို့ခန့်မှန်းခဲ့ကြသော်လည်း ခန့်မှန်းနိုင်ရုံသာ ရှိသည်။
ကြီးမြတ်သူကိုးယောက်ရှိသော အထွတ်အထိပ်မျိုးနွယ်တစ်ခုကို မျိုးနွယ်ခြားများက ကြီးမားသော ဆုံးရှုံးမှုများ ရင်ဆိုင်ရလျှင်တောင် လူသားမျိုးနွယ်ကို ဆန့်ကျင်ပြီး မလှုပ်ရှားကြပေ။
အချိန်များက တရွေ့ရွေ့ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်နှစ်ခွဲကြာသွားခဲ့သည်။
နဂါးငွေ့တန်းပင်မကြယ်။
လင်းယွမ်က တိတ်ဆိတ်စွာ ထိုင်နေသည်။
" ရုပ်ခန္ဓာဆိုတာဘာလဲ။ စိတ်ဝိညာဉ်ဆိုတာ ဘာလဲ။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားနေသည်။
မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ၏ ရုပ်ခန္ဓာ အနှစ်သာရများ၊ မွေးရာပါစွမ်းရည်များ စသည့်အရာအားလုံးက လင်းယွမ်၏ စိတ်ထဲတွင် ပေါင်းစည်းနေပြီး သိုင်းတာအို အလွှာတစ်ဆယ်ကဏ္ဍကို ပုံဖော်နေခဲ့သည်။
လင်းယွမ်က သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ပြီး ပြုံးလိုက်သည်။ " သိုင်းတာအို အလွှာတစ်ဆယ်ကဏ္ဍ ပြီးမြောက်သွားပြီ။ "
လင်းယွမ်က မကြာသေးမီက အလွှာတစ်ဆယ်သို့ တက်လှမ်းခဲ့ပြီး အဓိကပေါင်းစပ်နိယာမတစ်ခုကို နားလည်၍ အလွှာတစ်ဆယ် အဆင့်အေတစ်ယောက်ဖြစ်လာခဲ့သည်။ ၎င်းက အလွှာတစ်ဆယ် အထွတ်အထိပ်ဟု ဆိုနိုင်သော်လည်း အလွှာတစ်ဆယ်ကဏ္ဍကို ပြည့်စုံစွာ ဖန်တီးနိုင်သည်ဟု မဆိုလိုပေ။
သူက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အလွှာတစ်ဆယ်ကဏ္ဍကို ကြိုးစားခဲ့သော်လည်း စိတ်ကျေနပ်ခြင်းမရှိခဲ့ပေ။ အဖြူရောင်စာရွက်အတွင်းမှ အဘိုးအိုပေးသော အင်အားကြီးသူများ၏ အရာအားလုံးကို ရရှိပြီးနောက်မှသာ အလွှာတစ်ဆယ်ကဏ္ဍ၏ အနှစ်သာရကို ရှာတွေ့ပြီး ပြီးမြောက်ရန် နှစ်နှစ်ခွဲအချိန်ယူခဲ့ရခြင်းဖြစ်သည်။
" သိုင်းတာအို အလွှာတစ်ဆယ်ကဏ္ဍက နိယာမတွေရဲ့ နားလည်မှု၊ အဓိကပေါင်းစပ်နိယာမတွေအပြင် ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို ပြန်လည်ပြည့်စုံစေပြီး အထူးသက်ရှိတွေနဲ့ နီးစပ်သွားစေလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
၎င်းကို အောင်မြင်ရန်အတွက် အရာနှစ်ခုလိုအပ်ခဲ့သည်။ တစ်ခုက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် တစ်ခုက အင်အားကြီးသူများ၏ ရုပ်ခန္ဓာများနှင့် စိတ်ဝိညာဉ်များ၏ ကွဲပြားသော အနှစ်သာရများဖြစ်ကြသည်။
" အခု ငါ့ရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်က.." သိုင်းတာအို အလွှာတစ်ဆယ်ကဏ္ဍကို ဖန်တီးခြင်းက သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို တဖြည်းဖြည်း ပြည့်စုံစေခဲ့သည်။
ယခု လင်းယွမ်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က အလွန်ပြည့်စုံနေခဲ့ပြီး အစွမ်းထက်သော အထူးသက်ရှိများအောက် နိမ့်ကျခြင်းမရှိခဲ့ပေ။
" အထူးသက်ရှိတွေ ကြီးမြတ်သူဖြစ်လာနိုင်ခြေနည်းတာက မွေးရာပါ သန်မာပေမယ့် နားလည်နိုင်စွမ်းက နိမ့်ကျလို့ပဲ။ ဒါပေမယ့် သူတို့ရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကတော့ အတုယူဖို့ ထိုက်တန်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
သိုင်းတာအို အလွှာတစ်ဆယ်ကဏ္ဍက ထိုအထူးသက်ရှိများ၏ အားသာချက်များနှင့် ဖန်တီးထားခြင်းဖြစ်သည်။
" ပြီးပြီ။ " လင်းယွမ်က သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍကို အကြိမ်ကြိမ် စစ်ဆေးပြီးနောက် ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။
အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ အလွှာတစ်ဆယ်ကဏ္ဍများက နိယာမများ၏ လေ့လာမှုနှင့် နားလည်မှုများကို အလေးပေးလေသည်။ သို့သော် သိုင်းတာအို အလွှာတစ်ဆယ်ကဏ္ဍက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို အခြေခံမှစ၍ ဆင့်ကဲပြောင်းလဲခြင်းဖြစ်သည်။
" ဉာဏ်ပညာနတ်ဘုရား " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားကို ချက်ချင်း ဆက်သွယ်လိုက်သည်။
" လေးစားရပါသော ပညာရှင်လင်းယွမ် ဘာမျာယအလိုရှိပါသလဲ။ " ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။
" ငါ သိုင်းတာအို အလွှာတစ်ဆယ်ကဏ္ဍကို တင်ချင်တယ်။ " လင်းယွမ်က သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍကို ဉာဏ်ပညာနတ်ဘုရားဆီသို့ ပေးပို့လိုက်သည်။
VR ကမ္ဘာတွင် ကြီးမြတ်သူရှချင်နှင့် အခြားကြီးမြတ်သူများက တဖန် စုဝေးရပြန်သည်။
" သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍလား။ "
" အဲ့ဒီကောင်လေး သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍကို ဖန်တီးလိုက်ပြီလား။ " ကြီးမြတ်သူရှချင်က ခဏအံ့အားသင့်သွားပြီးနောက် လက်ခံလိုက်သည်။
လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ရုံသာမက သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍကိုလည်း ဖန်တီးခဲ့သည်။
" ငါကြည့်ရအောင်။ " ကြီးမြတ်သူဟင်းလင်းပြင်နတ်ဘုရားကလည်း စတင်ကြည့်ရှုလိုက်သည်။
ယနေ့ခေတ် လူသားမျိုးနွယ်တွင် လင်းယွမ်၏ အရေးပါမှုက ကြီးမြတ်သူကိုးယောက်ပြီးနောက် ဒုတိယဖြစ်သည်။ သူ၏ အလွှာတစ်ဆယ်ကဏ္ဍကို ကြီးမြတ်သူများက တိုက်ရိုက်စိစစ်ရလေသည်။
" ဒီအလွှာတစ်ဆယ်ကဏ္ဍက..." ကြီးမြတ်သူကုလီက အနည်းငယ် အံ့အားသင့်သွား၏။
ခွန်အားနိယာမတွင် ကျွမ်းကျင်ပြီး ရုပ်ခန္ဓာကို အထူးပြုသော ကြီးမြတ်သူကုလီက သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍတွင် ရုပ်ခန္ဓာကို ပြန်လည်သန့်စင်ခြင်းပါဝင်နေသည်ကို ချက်ထျင်း သိနိုင်လေသည်။
" တကယ် အထင်ကြီးစရာပဲ။ "
" ဒီကောင်လေး ရုပ်ခန္ဓာကို ဒီလိုနက်ရှိုင်းတဲ့ နားလည်မှုတစ်ခုရဖို့ အထူးသက်ရှိဘယ်နှစ်ယောက်ကိုတောင် ခွဲခြမ်းစိတ်ဖြာထားတာလဲ။ " ကြီးမြတ်သူကုလီက သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍကို ဖတ်ရင်း မယုံကြည်နိုင်ဖြစ်သွားသည်။
နိယာမများ၏ နားလည်မှုကို အတိုင်းအတာတစ်ခုအထိ ရှင်းပြချက် လုပ်နိုင်ပေသည်။ နောက်ဆုံးတွင် ကြယ်စကြာဝဠာတစ်ခုလုံးက နိယာမများနှင့် ပြည့်နှက်နေသောကြောင့် လူတိုင်းက နိယာမများနှင့် ထိတွေ့နေရသည်။ သို့သော် ရုပ်ခန္ဓာက မတူပေ။
သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍထဲရှိ ရုပ်ခန္ဓာ၏ နက်ရှိုင်းမှုက ရုပ်ခန္ဓာ၏ တာအို စကြာဝဠာ၏ မဟာတာအိုဆီသို့ ဦတည်လေသည်။ ရုပ်ခန္ဓာကအပေါ် ထိုကဲ့သို့ နက်ရှိုင်းသော နားလည်မှုက လင်းယွမ်ကဲ့သို့ ကလေးတစ်ယောက်နှင့် မလိုက်ဖက်လှပေ။
" ပြီးတော့ စိတ်ဝိညာဉ်ရောပဲ။ " ကြီးမြတ်သူယုတိုင်၏ အမူအရာက အနည်းငယ် လေးနက်နေသည်။
" သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍကို ကျင့်ကြံတဲ့ သိုင်းတာအိုဆင့်ကဲပြောင်းလဲသူတွေက အလွှာတစ်ဆယ်အထွတ်အထိပ်ရောက်ရင် အလွှာဆယ့်တစ်ကို တက်လှမ်းဖို့ ဖြစ်နိုင်ခြေများတဲ့အပြင် ကြီးမြတ်သူအဆင့်ကိုတောင် သေးငယ်တဲ့ အထောက်အကူတစ်ခု ပေးနိုင်တယ်။ " ကြီးမြတ်သူရှချင်က ခေါင်းညိမ့်လိုက်သည်။
ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်၏ အရေးပါမှုကိုလည်း လျှော့တွက်၍ မရပေ။ ပြည့်စုံသော ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က အကူအညီတစ်ခုတော့ ပေးနိုင်ပေလိမ့်မည်။
" တကယ် အရမ်းကောင်းတယ်။ " ကြီးမြတ်သူဟင်းလင်းပြင်နတ်ဘုရားကလည်း သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍ၏ အနှစ်သာရကို မြင်နိုင်လေသည်။
" ဒီအလွှာတစ်ဆယ်ကဏ္ဍက အနည်းဆုံး ကောင်းမှုအမှတ် သုံးဘီလီယံ တန်ဖိုးရှိတယ်။ "
" သုံးဘီလီယံ နည်းတာပေါ့။ အဲ့ဒါက ကောင်းမှုအမှတ် လေးဘီလီယံ ငါးဘီလီယံတန်ဖိုးရှိလိမ့်မယ်လို့ ငါထင်တယ်။ "
" ငါဘီလီယံထားလိုက်ကြစို့။ ဒီအလွှာတစ်ဆယ်ကဏ္ဍရဲ့ ရုပ်ခန္ဓာရှင်းလင်းချက်တွေက အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေလည်း အသုံးပြုလို့ရနိုင်မယ်လို့ ငါထင်တယ်။ "
ကြီးမြတ်သူများက အချင်းချင်း ဆွေးနွေးပြီး ကောင်းမှုအမှတ် ငါးဘီလီယံအဖြစ် တန်ဖိုးသတ်မှတ်လိုက်ကြသည်။
နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က ကျင့်ကြံရင်း စောင့်ဆိုင်းနေခဲ့သည်။
" လေးစားရပါသော ပညာရှင်လင်းယွမ် သင်၏ သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍကို အကဲဖြတ်ပြီးပါပြီ။ " ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည်။
" အကဲဖြတ်ပြီးသွားပြီလား။ " လင်းယွမ်က မျှောလင့်ချက်များနှင့် မျက်လုံးဖွင့်လိုက်သည်။
" နောက်ဆုံးအကဲဖြတ်မှုအရ သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍက ကောင်းမှုအမှတ် ငါးဘီလီယံတန်ဖိုးရှိပါတယ်။ "
" ငါးဘီလီယံလား။ " လင်းယွမ်က ပြုံးလိုက်သည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ လက်ရှိအဆင့်က ဘာလဲကြည့်ရအောင်။ " လင်းယွမ်က ချကချင်း စစ်ဆေးလိုက်သည်။
နဝမအလွှာကဏ္ဍကို တင်ပြီးနောက် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က တောင်ပိုင်းကြယ်ဒေသတွင် အဆင့် ၄၂ ဖြစ်ခဲ့လေသည်။ လူသားမျိုးနွယ်၏ အဓိကကြယ်ဒေသငါးခုမှ တစ်ခုတွင် အဆင့် ၄၂က လူသားမျိုးနွယ်တစ်ခုလုံး၏ ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် အဆင့်သုံးရာနှင့် လေးရာကြားဖြစ်နိုင်လေသည်။
" တောင်ပိုင်းကြယ်ဒေသရဲ့ ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှာ ဟမ် အဆင့်တစ်လား။ " လင်းယွမ်က အဆင့်သတ်မှတ်ချက်ကို ကြည့်ပြီး အံ့အားသင့်သွား၏။
ကောင်းမှုအမှတ်များ အကဲဖြတ်ခြင်းမှာ နတ်ဘုရားသုံးပါးနှင့် ကြီးမြတ်သူများက ကြီးမားသော အလားအလာကို မြင်သောကြောင့် စျေးနှုန်းမြှင့်ပေးကြခြင်းဖြစ်သည်။ သို့သော် တောင်ပိုင်းကြယ်ဒေသ၏ အဆင့်သတ်မှတ်ချက်တွင် အဆင့်တစ် ရောက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ၎င်းက ကြယ်ဒေသငါးခုထဲမှ တစ်ခုဖြစ်သည်။
တောင်ပိုင်းကြယ်ဒေသများ၏ အဆင့်များထဲတွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အများစုက အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များဖြစ်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ၎င်းတို့ကို ကျော်တက်သွားခဲ့လေသည်။