← Chapters

လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းအဆင့် ၁၀....

Vol. 40 Ch. 607

လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းအဆင့် ၁၀....

Vol. 40 Ch. 607

" လူသားမျိုးနွယ်ရဲ့ ဆင့်ကဲပြောင်းလဲခြင်းအဆင့်..." လင်းယွမ်က လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကြည့်လိုက်သည်။

လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းအဆင့်က အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခုလည်း အပါအဝင်ဖြစ်သည်။

" အဆင့် ၁၀......." လင်းယွမ်က မှင်သက်သွားသည်။

သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အထက်သို့ ကြည့်လိုက်ရာ အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ကိုးခုသာ ရှိတော့လေသည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေအောက် အသန်မာဆုံးလား။ " လင်းယွမ်က တွေးလိုက်သည်။

လူသားမျိုးနွယ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ အဆင့်ကို အလားအလာများအပါအဝင် များစွာသော ရှုထောင့်များနှင့် အကဲဖြတ်လေသည်။ မည်သို့ပင်ဖြစ်စေ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များအောက် နံပါတ်တစ်ဖြစ်လာခဲ့သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်တိုးတက်မှုက လူသားမျိုးနွယ်၏ အစိတ်အပိုင်းတစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ကျော်လွန်ပြီး လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် အဆင့်တစ်ဆယ်၊ တောင်ပိုင်းကြယ်ဒေသ၏ ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် အဆင့်တစ်ဖြစ်လေသည်။ ၎င်းက မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်မြင့်နိုင်ငံသားများကို ထိတ်လန့်သွားစေခဲ့သည်။

" လူသားမျိုးနွယ်ရဲ့ ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှာ အဆင့်တစ်ဆယ်လား။ ဒီသိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အရမ်းကြောက်စရာကောင်းတယ်။ "

" အလွှာတစ်ဆယ်ကဏ္ဍကို တင်လိုက်တာ အဆင့်သုံးလေးရာကနေ အဆင့်တစ်ဆယ်ကို တိုက်ရိုက်တက်လှမ်းသွားတယ်။ "

" ဟားဟားဟား သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ အလားအလာက တိုင်းတာလို့မရဘူးလို့ ငါမင်းတို့ကို ပြောခဲ့ပါတယ်။ ဒါပေမယ့် မင်းတို့က ငါ့ကို ယုံမှမယုံကြတာ။ "

မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများက စိတ်အားထက်သန်စွာ ဆွေးနွေးလိုက်ကြသည်။ ကြယ်ပင်လယ်ခေတ်ကလည်းက ကြယ်ဒေသတစ်ခု၏ ထိပ်ဆုံးသို့ ရောက်ရှိသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုမှမရှိခဲ့ပေ။ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းအဆင့်များက အလားအလာကို အဓိကထားသော်လည်း အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက အလားအလာနိမ့်သည်ဟု မပြောနိုင်ပေ။

မိုးကြိုးမုန်တိုင်းကြယ်နယ်မြေ။

လိုလန်ဟီက ရုတ်တရက် ထခုန်လိုက်သည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အရမ်းကောင်းတယ်လို့ ငါပြောခဲ့ပါတယ်။ " လိုလန်ဟီက အလွန်စိတ်လှုပ်ရှားနေသည်။

သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ မျက်မြင်သက်သေတစ်ဦးအဖြစ် ပြောနိုင်လေသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဒုတိယအလွှာတွင် ရှိစဉ်ကတည်းက သူက သူ၏ ဖခင်၏ ဆန္ဒကို ဆန့်ကျင်ပြီး ၎င်းကို ကျင့်ကြံခဲ့ခြင်းဖြစ်သည်။

" အဖေ အဖေ " လိုလန်ဟီက သူ၏ ဖခင်ကို ချက်ချင်း ဆက်သွယ်လိုက်သည်။ လိုလန်ယု၏ပုံရိပ်က သူ၏ ရှေ့တွင် ပေါ်လာသည်။

" အဖေ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ နောက်ဆုံးအဆင့်သတ်မှတ်ချက်ကို ကြည့်ပြီးပြီလား။ " လိုလန်ဟီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" ငါကြည့်ပြီးပြီ။ " လိုလန်ယုက လေးနက်စွာ ပြန်ပြောလိုက်သည်။

လက်ရှိတွင် လူသားမျိုးနွယ်၏ အကျော်ကြားဆုံးသတင်းက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်ပြီး မျိုးနွယ်ခြားများပင် သတိထားမိကြသည်။

" မင်းရဲ့ ရွေးချယ်မှု အရမ်းတော်ခဲ့တယ်။ " လိုလန်ယုက သူ၏ သားကို ကြည့်လိုက်သည်။ " သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကြိုးစားကျင့်ကြံပါ။ ဘာလို့လဲဆိုတော့..."

" ဘာလို့လဲ။ " လိုလန်ဟီက ပျော်ရွှင်စွာ မေးလိုက်သည်။

လိုလန်ယုက လေးနက်စွာ ပြန်ပြောလိုက်သည်။ " အဲ့ဒါက ငါတို့ လူသားမျိုးနွယ်ရဲ့ ဆယ်ခုမြောက် အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဖြစ်နိုင်လို့ပဲ။ "

နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပြောင်းလဲမှုများကို ကြည့်ပြီး အံ့အားသင့်နေခဲ့သည်။ ကြယ်ပင်လယ်ခေတ်ကတည်းက အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခုက လူသားမျိုးနွယ်၏ လူကြိုက်အများဆုံးဖြစ်ခဲ့သည်။

ဆင့်ကဲပြောင်းလဲသူအများစုက ရွေးချယ်စရာရှိလျှင် အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကိုသာ ရွေးချယ်ပေးလိမ့်မည်။ အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ အားနည်းချက်က အဆုံးစွန်သော တည်ရှိမှုရှိနေသောကြောင့် ကြီးမြတ်သူဖြစ်လာရန် အခွင့်အရေးမရှိဘဲ အလွှာဆယ့်တစ်တွင် ရပ်တန့်နေပေလိမ့်မည်။

သို့သော် ၎င်းက ဘာအရေးလဲ။ အလွှာဆယ့်တစ်ကပင် ဆင့်ကဲပြောင်းလဲသူအများစု စိတ်ကူးယဉ်ရန် ခက်ခဲသော အဆင့်တစ်ခုဖြစ်သည်။ အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များနှင့်ယှဉ်လျှင် အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ အဆင့်တိုင်းက ပြည့်စုံလေသည်။

ပုံမှန်အခြေအနေများအောက်တွင် အဆင့်တူ ဆင့်ကဲပြောင်းလဲသူနှစ်ယောက်၏ တိုက်ပွဲတွင် သူတို့၏ စွမ်းရည်များနှင့် အခြားရှုထောင့်များ အားလုံး တူညီနေလျှင် အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံထားသူက ပို၍ အားသာလေသည်။

ထို့ကြောင့် လူသားမျိုးနွယ်တွင် အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခုက သံသယဝင်စရာမလိုဘဲ လူကြိုင်အများဆုံးဖြစ်လေသည်။

သို့သော် ယခု VR ကွန်ရက်ပေါ်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အကြောင်း ဆွေးနွေးမှုများက အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခုထက် ကျော်လွန်သွားခဲ့သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခုထက် ကျော်လွန်သည်ဟု ပြောခြင်းမဟုတ်ပေ။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွှာတစ်ဆယ်နှင့် အလွှာဆယ့်တစ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ကျော်လွန်သွားပြီး အဆင့်တစ်ဆယ်နေရာသို့ ဝင်ရောက်ခဲ့လေသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွှာဆယ့်တစ်သို့ ရောက်လျှင် ဘာဖြစ်သွားမလဲ။

လူသားမျိုးနွယ်ရှိ မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆယ်ခုမြောက် အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းကြလေသည်။

" ဆယ်ခုမြောက် အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လား။ " လင်းယွမ်က ကြီးမြတ်သူဖြစ်လာရန် သေချာမှုမရှိသောကြောင့် သူ၏ ခေါင်းကို ခါလိုက်သည်။ တစ်ကြိမ်ကျရှုံးသည်နှင့် သူက အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ အကူအညီနှင့်ပင့် အသက်ရှင်နိုင်မလား မသေချာပေ။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်သူတွေက တဟုန်ထိုး တိုးတက်လာတယ်။ " လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အချက်အလက်များကို ကြည့်လိုက်သည်။

ပထမအလွှာကဏ္ဍ - ၂၆ ထရီလီယံ။

ဒုတိယအလွှာကဏ္ဍ - ၈၃၂ ထရီလီယံ။

တတိယအလွှာကဏ္ဍ - ၄ ထရီလီယံ။

စတုတ္ထအလွှာကဏ္ဍ - ၁၂၀ ဘီလီယံ။

ပဉ္စမအလွှာကဏ္ဍ - ၅.၃သန်း။

ဆဋ္ဌမအလွှာကဏ္ဍ - ၈၆၀၀၀၀။

သတ္တမအလွှာကဏ္ဍ - ၁၇၀၀၀။

အဋ္ဌမအလွှာကဏ္ဍ - သုည။

" နှစ်တစ်ရာကျော်ကြာသွားပြီ။ သိုင်းတာအိုဆင့်ကဲပြောင်းလဲသူတစ်ယောက်မှ အဋ္ဌမအလွှာ မရောက်သေးဘူးလား။ " လင်းယွမ်က တွေးလိုက်သည်။

လွန်ခဲ့သော နှစ်တစ်ရာကျော်နှင့် ယှဉ်လျှင် သိုင်းတာအိုဆင့်ကဲပြောင်းလဲသူအရေအတွက်က ပထမအလွှာမှ စတုတ္ထအလွှာထိ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ ပဉ္စမအလွှာမှ သတ္တမအလွှာထိ အဆတစ်ရာမှ အဆတစ်ထောင်အထိ တိုးတက်လာခဲ့သည်။ အဋ္ဌမအလွှာကိုတော့ တစ်ယောက်မှ မရောက်ကြသေးပေ။

" အချိန်က အရမ်းနည်းလွန်းတယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသည်မှာ နှစ်ငါးပင်မပြည့်သေးပေ။ ကြီးမားသော အလားအလာရှိလျှင်တောင် အဆင့်များကို အလွယ်တကူ တက်လှမ်းနိုင်မည်မဟုတ်ပေ။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရှည်လျားသော လမ်းစဉ်တစ်ခုဖြစ်ပြီး လမ်းညွှန်မှုရှိလျှင်တောင် အဆင့်တက်ရန် ခက်ခဲလေသည်။

" ငါ သတ္တမအလွှာနဲ့ အဋ္ဌမအလွှာရဲ့ လမ်းညွှန်ဗီဒီယိုတွေလုပ်ဖို့ လိုနေတုန်းပဲ။ " လင်းယွမ်က စဉ်းစားလိုက်သည်။

မည်သို့ပင် ဖြစ်စေ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု၏ လေ့ကျင့်သူအရေအတွက်က ကြီးမြတ်သူဖြစ်လာရန် အထောက်အကူပြုလေသည်။

" နှစ်တစ်ရာကျော်အတွင်း သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ဝင်ငွေက စကြာဝဠာသလင်းကျောက် ခြောက်ရာဘီလီယံကျော်သွားခဲ့ပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။ " ဝင်ငွေမြင့်မားလာတာနဲ့ ကျင့်ကြံခြင်းအတွက် ကုန်ကျစရိတ်ကလည်း ပိုတိုးလာတယ်။ "

သူ၏ ကျင့်ကြံခြင်းတွင် အဓိက ကုန်ကျသည်မှာ ရွှမ်ဟွမ်မူလခန္ဓာဖြစ်သည်။ ရွှမ်ဟွမ်မူလခန္ဓာက အကန့်အသတ်မရှိသော အရင်းအမြစ်များနှင့် ပြည့်စုံစေသော နည်းလမ်းတစ်ခုဖြစ်သည်။

၎င်းက လင်းယွမ်၏ ကြောက်စရာကောင်းသော ရုပ်ခန္ဓာအခြေခံ၊ ဆန်းကြယ်သော ဘူးသီးခြောက်၏ မြှင့်တင်မှု၊ ထာရဝစမ်းချောင်း၏ အားဖြည့်မှု၊ သိုင်းတာအို၏ တိုးတက်မှု၊ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ် ပေါင်းစည်းခြင်း စသည်တို့ကို စုပေါင်းလိုက်လျှင် ရလဒ်အနေဖြင့် လင်းယွမ်၏ ရုပ်ခန္ဓာက အနည်းငယ် မြှင့်တင်လိုလျှင်တောင် ကြီးမားသော အရင်းအမြစ်ကို လိုအပ်လေသည်။

" ငါ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံနေကြတဲ့ သက်ရှိတွေကို နည်းနည်း အာရုံခံနိုင်တယ်။ " လင်းယွမ်က မျက်လုံးများ မှိတ်ပြီး အာရုံစိုက်လိုက်သည်။

မှောင်မိုက်နေသော နေရာတစ်ခုကို ပုံဖော်ရလျှင် ပိုးစုန်းကြူးကဲ့သို့ မရေတွက်နိုင်သော အလင်းလေးများက လင်းယွမ်ကို ဝန်းရံထားကြသည်။ ပိုးစုန်းကြူးလေးများက တစ်ခုချင်းမှာ အားနည်းသော်လည်း အားလုံးပေါင်းလိုက်သောအခါ ကြီးမားသော အလင်းရောင်ကို ပေးစွမ်းနိုင်လေသည်။

" ဒါတွေက ငါ့ရဲ့ အန္တိမအသိအမြင်တွက် မြှင့်တင်ပေးနိုင်တာလား။ " လင်းယွမ်က တွေးလိုက်သည်။

ထိုအလင်းများက ပင်မစကြာဝဠာတွင် ကန့်သတ်ထားခြင်းမရှိဘဲ အချို့က မရေတွက်နိုင်သော အကွာအဝေးမှ လာကြခြင်းဖြစ်သည်။ သူတို့က အတိတ်မှ ဆင်းသက်မှုများတွင် အခြားဒိုင်မန်ရှင်းများမှ သိုင်းတာအိုကျင့်ကြံသူ သက်ရှိများ ဖြစ်နိုင်လေသည်။

" မရေတွက်နိုင်တဲ့ သက်ရှိတွေ ကျင့်ကြံဖို့အတွက် ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်တယ်။ ပြီးရင် အန္တိမအသိအမြင်ကို ကြိုးစားဖို့အတွက် ကိုယ်ပိုင်အာဟာရအဖြစ် အသုံးပြုတယ်။ ဒီလိုနည်းလမ်းက မယုံကြည်နိုင်စရာကောင်းလွန်းတယ်။ " လင်းယွမ်က တွေးလိုက်သည်။

ထိုကဲ့သို့ အာဟာရဖြည့်ပေးခြင်းက ယုံကြည်မှုစွမ်းအားမှ လာခြင်းမဟုတ်ဘဲ ထိုအစား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှဖြစ်ပြီး အခြေခံအားဖြင့် မည်စည့်အန္တရာယ်မှ မရှိပေ။

All Chapters