အဆင့်ကိုးနိုင်ငံသား....
Vol. 40 Ch. 608
" ဒီကျင့်ကြံခြင်းစနစ်ကို ဘယ်လိုအစွမ်းထက်တဲ့ တည်ရှိမှုမျိုးက ဖန်တီးခဲ့တာလဲ။ ပြည့်စုံတဲ့ အချိန်သက်ရှိနဲ့ နီးစပ်တဲ့ တည်ရှိမှုတစ်ခုလား။ " လင်းယွမ်က သိချင်စိတ်ပြင်းပြသွားသည်။
လွန်ခဲ့သော စကြာဝဠာခေတ်များတွင် လူတစ်ယောက်၏ ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ခြင်းမရှိကြသေးပေ။ ကြီးမြတ်သူဖြစ်လာရန် အန္တိမအသိအမြင်ကို လိုချင်လျှင် မိမိကိုယ်တိုင်အပေါ်တွင်သာ မှီခိုရလေသည်။
ဥပမာ ဧကရာဇ်ရွှမ်ဟွမ်၏ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဖြန့်ကျက်ခြင်းမရှိဘဲ ၎င်း၏ အဆင့်ကလည်း အလွန်မြင့်နေခဲ့သည်။
" အဆင့်ကိုးနိုင်ငံသားအဖြစ် မြှင့်တင်ရမယ်။ " လင်းယွမ်က သူ၏ ကောင်းမှုအမှတ်များကို ကြည့်လိုက်သည်။ " အဆင့်ရှစ်နိုင်ငံသားကနေ အဆင့်ကိုးနိုင်ငံသားကို မြှင့်တင်ဖို့ ကောင်းမှုအမှတ် တစ်ဘီလီယံလိုအပ်တယ်။ "
အတိတ်တွင် လင်းယွမ်က သူ၏ နိုင်ငံအဆင့်ကို မြှင့်တင်သည့်အချိန်တိုင်း ထိုတန်ဖိုးထက်ပိုသော အကျိုးရလဒ်များကို ရရှိခဲ့သည်။ နိုင်ငံရေးအဆင့်မြင့်မားလျှင် အခွင့်အရေးများသာမက လူသားမျိုးနွယ်၏ ဆုံးဖြတ်ချက်အချို့ကိုလည်း လွှမ်းမိုးနိုင်စွမ်းရှိလေသည်။
" ဉာဏ်ပညာနတ်ဘုရား ငါ အဆင့်ကိုးနိုင်ငံသား မြှင့်တင်မယ်။ " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်ပြီး သူ၏ နိုင်ငံသားအဆင့်ကို မြှင့်တင်လိုက်သည်။
လင်းယွမ်၏ ကောင်းမှုအမှတ်များမှ တစ်ဘီလံ လျှော့ကျသွားသည်။ တစ်ချိန်တည်းတွင် သူ၏ အချက်အလက်များရှိ အဆင့်ရှစ်နိုင်ငံသားက အဆင့်ကိုးနိုင်ငံသားအဖြစ် ပြောင်းလဲသွားသည်။
လူသားမျိုးနွယ်၏ အဆင့်ကိုးနိုင်ငံသား။ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများကြားမှာပင် အများစုက အဆင့်ကိုးနိုင်ငံသားများ မဟုတ်ကြပေ။ သူတို့က ကောင်းမှုအမှတ် တစ်ဘီလီယံကို စုဆောင်းရန် ကြီးမားသော စွမ်းဆောင်မှုများလိုအပ်လေသည်။
ရွှမ်ယွမ်မိသားစုမှ အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူ ရွှမ်ယွမ်ဖန်းပင် စစ်မြေပြင်တွင် နှစ်ပေါင်းသန်းချီတိုက်ခိုက်ခဲ့ပြီး ကောင်းမှုအမှတ် သန်းနှစ်ဆယ်သာ စုဆောင်းနိုင်ခဲ့သည်။ အနက်ရောင်ဂြိုလ်မှ အခွင့်အလမ်းတစ်ခုကို ရရှိရန် သူ၏ မိသားစုကိုယ်စား လူသားမျိုးနွယ်မှ ကောင်းမှုအမှတ် သန်းရှစ်ဆယ်ကို ချေးငှားခဲ့ရသည်။
ကောင်းမှုအမှတ်များက လူသားမျိုးနွယ်တွင် အလွန်တန်ဖိုးရှိပြီး အဖိုးတန်သော မြင်းအမြစ်များ၊ အမွေအနှစ်များနှင့် လဲလှယ်နိုင်လေသည်။ လင်းယွမ်ကဲ့သို့ လူအနည်းငယ်ကသာ နိုင်ငံသားအဆင့်မြှင့်တင်ရန် ကောင်းမှုအမှတ်များ စုဆောင်းကြလေသည်။
လင်းယွမ်က အဆင့်ကိုးနိုင်ငံသား ဖြစ်လာသည်နှင့် အလယ်ပိုင်းကြယ်နယ်မြေမှ ဂုဏ်ပြုခြင်းနှင့် အခွင့်အလမ်းအကြောင်း ရှင်းပြချက်များပေးပို့ခဲ့သည်။
" အဆင့်ကိုးနိုင်ငံသားရဲ့ အခွင့်အရေးတွေ။ " လင်းယွမ်က ကြည့်ရှုလိုက်သည်။
ပထမတစ်ခုက နဝမအလွှာ ဆင့်ကဲပြောင်းလဲခြင်းဆေးရည်ကို ရရှိခြင်းဖြစ်သည်။ အဆင့်ခြောက်နိုင်ငံသားမှ အဆင့်မြှင့်တင်သည့်အကြိမ်တိုင်း ဆင့်ကဲပြောင်းလဲခြင်းဆေးရည်တစ်ခုကို လက်ခံရရှိလေသည်။
၎င်းက စကြာဝဠာသလင်းကျောက်များပေါများလျှင်တောင် အလွယ်တကူ ဝယ်မရနိုင်ပေ။ ၎င်းတို့ကို ကောင်းမှုအမှတ်များဖြင့်သာ လဲလှယ်နိုင်လေသည်။ ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းဆေးရည်က ကောင်းမှုအမှတ် တစ်သောင်း၊ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းဆေးရည်က ကောင်းမှုအမှတ် တစ်သိန်း၊ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းဆေးရည်က ကောင်းမှုအမှတ် တစ်သန်း၊ နဝမအလွှာဆင့်ကဲပြောင်းလဲခြင်းဆေးရည်က ကောင်းမှုအမှတ် ဆယ်သန်း လိုအပ်လေသည်။ ထို့အပြင် ဆင့်ကဲပြောင်းလဲခြင်းဆေးရည်များကို လဲလှယ်ရန် လုံလောက်သော ခွင့်ပြုချက်ကိုလည်း လိုအပ်လေသည်။
" လူသားမျိုးနွယ်ရဲ့ ဗဟိုကောင်စီမှာ ပါဝင်ခွင့်ရှိတယ်။ " လင်းယွမ်က ဒုတိယအခွင့်အရေးကို ကြည့်လိုက်သည်။
ဗဟိုကောင်စီက လူသားမျိုးနွယ်တစ်ခုလုံး၏ အဓိကအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကြီးမြတ်သူများသာမက နတ်ဘုရားသုံးပါးကလည်း အာရုံစိုက်ထားကြသည်။ ထိုအစည်းအဝေးတွင် ပါဝင်ရန်အတွက် အဆင့်ကိုးနိုင်ငံသား ဖြစ်ရန် လိုအပ်လေသည်။
" စိတ်မဝင်စားဘူး။ " လင်းယွမ်က ဗဟိုကောင်စီကို စိတ်မဝင်စားပေ။
" ဟမ် ထာဝရစမ်းချောင်းထဲမှာ သန့်စင်ဖို့ အခွင့်အရေးသုံးကြိမ်လား။ "
ထာဝရစမ်းချောင်းက လူသားမျိုးနွယ်၏ ကြယ်၁၂လုံးရတနာများထဲမှ တစ်ခုဖြစ်ပြီး အထဲတွင် ရေစိမ်သည့်သူတိုင်းကို သက်တမ်း နှစ်ပေါင်းများစွာ တိုးပေးနိုင်လေသည်။ ထို့အပြင် ရုပ်ခန္ဓာနှင့် အလားအလာကိုလည်း မြှင့်တင်ပေးလေသည်။
" ဒါက မူလစိတ်ဝိညာဉ်နှစ်ခုသန့်စင်ဖို့အတွက် အခွင့်အရေးပဲ။ " လင်းယွမ်က ထိုအခွင့်အရေးမျိုး ရှားပါးသည်ဟု တွေးလေသည်။
" လူသားမျိုးနွယ်ရဲ့ ရတနာတိုက်က လဲလှယ်မှုတွေအတွက်လည်း လျှော့စျေးရှိသေးတယ်။ စကြာဝဠာသလင်းကျောက်တွေအတွက် လျှော့စျေးက ခြောက်ဆယ်ရာခိုင်နှုန်း။ ကောင်းမှုအမှတ်လဲလှယ်မှုအတွက် လျှော့စျေးက ကိုးဆယ်ရာခိုင်နှုန်း။ " လင်းယွမ်က အလွန်ကျေနပ်သွားသည်။
လူသားမျိုးနွယ်၏ ရတနာတိုက်ထဲရှိ ကောင်းမှုအမှတ်များ လဲလှယ်မှုက ကန့်သတ်ထားသော အရင်းအမြစ်ဖြစ်ပြီး ပြင်ပလူများအတွက် ဖွင့်လှစ်ပေးခြင်းမရှိပေ။ ၎င်းက ကြယ် ၁၂လုံးရတနာများ၊ အထူးအမွေအနှစ်များ၊ နိယာမများကို နားလည်ခြင်းများနှင့် ပေါင်းစပ်နိယာမအတွက် အသုံးဝင်သော အနက်ရောင်ဂြိုလ်ကဲ့သို့ နေရာများ ပါဝင်လေသည်။
အဆင်းကိုးနိုင်ငံသား၏ အကျိုးကျေးဇူးများက များပြားလွန်းလှသည်။ အများစုက အဆင့်ရှစ်နိုင်ငံသားမှ မြှင့်တင်ထားခြင်းဖြစ်ပြီး အနည်းငယ်က အခွင့်အရေးအသစ်များ ဖြစ်ကြသည်။
" အဆင့်တစ်ဆယ် နိုင်ငံသား တိုးမြှင့်ဖို့က ကောင်းမှုအမှတ် သန်းငါးဆယ် လိုအပ်တယ်။ " လင်းယွမ်က မျက်လုံးပြူးသွားမိသည်။ သူက ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာမှ အကျိုးအမြတ်များကို လဲလှယ်ခဲ့လျှင်တောင် ထိုကောင်းမှုအမှတ်ပမာဏကို ရရှိရန် ဝေးကွာနေဆဲ ဖြစ်သည်။
" အခု လူသားမျိုးနွယ်ရဲ့ ကြီးမြတ်သူကိုးယောက်ကလွဲရင် အဆင့်တစ်ဆယ်နိုင်ငံသား သိပ်မရှိလောက်ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
ကောင်းမှုအမှတ် သန်းငါးဆယ်ကို စုဆောင်းခြင်းက မဖြစ်နိုင်လုနီးပါးပင်ဖြစ်သည်။ စစ်မြေပြင်ကြီးများတွင် တိုက်ခိုက်လျှင်တောင် နတ်ဘုရင်ကဲ့သို့ အင်အားကြီးသူများပင် မျိုးနွယ်ခြားများကို သတ်ဖြတ်နိုင်ရန် ခက်ခဲလေသည်။ လက်ထဲတွင် ကြီးမြတ်သူအဆင့် လက်နက် ကိုင်ထားပြီး တစ်ယောက်ချင်း မယှဉ်နိုင်လျှင် ငါးယောက် သို့မဟုတ် ဆယ်ယောက် ရောက်လာပေလိမ့်မည်။
" အရင်းအမြစ်တွေ ဝယ်ယူပြီး ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံရမယ်။ " လင်းယွမ်က လူသားမျိုးနွယ်၏ ရတနာတိုက်ကို ဖွင့်ပြီး သူ၏ ရွေးချယ်မှုများကို စတင်လိုက်သည်။
ရွှမ်ဟွမ်မူလခန္ဓာကို ဝင်ရောက်ခြင်း၊ အသေးစားအောင်မြင်မှု၊ အကြီးစားအောင်မြင်မှုနှင့် ပြည့်စုံခြင်းဟူ၍ အဆင့်လေးဆင့်ခွဲခြားထားသည်။ သီအိုရီအရ အလွှာဆယ့်နှစ်ကြီးမြတ်သူတစ်ယောက်က သူတို့၏ အဆင့်တွင် ရွှမ်ဟွမ်မူလခန္ဓာကို ပြည့်စုံခြင်းအဆင့်ထိ မြှင့်တင်ထားလျှင် စကြာဝဠာပျက်စီးခြင်းတွင် အလွယ်တကူ အသက်ရှင်နိုင်သည်ဟု ပြောလေသည်။
စကြာဝဠာပျက်စီးခြင်းက စကြာဝဠာခေတ်သစ်တစ်ခုကို စတင်ခြင်းဖြစ်ပြီး ၎င်းကို ကြီးမြတ်သူတစ်ယောက်ပင် အသက်ရှင်နိုင်ရန် မသေချာပေ။ သို့သော် စကြာဝဠာပျက်စီးခြင်းတွင် အသက်ရှင်ကျန်ရစ်သော ကြီးမြတ်သူများက လွတ်လပ်သွားပြီဟု ပြောနိုင်လေသည်။
လင်းယွမ်က ရွှမ်ဟွမ်မူလခန္ဓာကို အကြီးစားအောင်မြင်မှုထိ ကျင့်ကြံထားပြီး ပြည့်စုံခြင်းအဆင့်နှင့် တစ်ဆင့်သာ ကွာတော့လေသည်။
ခဏရွေးချယ်ပြီးနောက် လင်းယွမ်က စကြာဝဠာသလင်းကျောက် နှစ်ရာဘီလီယံတန်ဖိုးကို ဝယ်ယူခဲ့ပြီး လျှော့စျေးနှင့်အတူ စကြာဝဠာသလင်းကျောက် ၁၂၀ ဘီလီယံသာ ပေးချေရလေသည်။
" ကုန်ကျစရိတ်က တကယ်များတာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
အမှန်မှာ ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံခြင်းက စျေးကြီးခြင်းမဟုတ်ဘဲ လင်းယွမ်၏ ရုပ်ခန္ဓာက အလွန်မြင့်မားနေသောကြောင့် ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံရန် လိုအပ်သော အရင်းအမြစ်ကလည်း အလွန်ကြီးမားသွားခြင်းဖြစ်သည်။
လင်းယွမ်က ဝယ်ယူပြီးသော အရင်းအမြစ်များကို ရရှိရန် အချိန်တစ်ထိ စောင့်ရပေလိမ့်မည်။ သို့သော် သူက အလျင်မလိုပေ။ ရွှမ်ဟွမ်မူလခန္ဓာကို ဖြည်းဖြည်းချင်း ကျင့်ကြံနိုင်လေသည်။ ယခုအချိန်တွင် သူက ရွှမ်ဟွမ်မူလခန္ဓာကို ပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံရန် အရေးပေါ်လိုအပ်ချက်မရှိသေးပေ။
VR ကမ္ဘာတွင် လင်းယွမ်က သူ၏ မိဘများနှင့် စကားပြောနေခဲ့သည်။
" သား အနားယူချိန်လေးဘာလေးလည်း ပိုထားဦး။ " လုချုံးက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " သား အမေပြောထားတာကို သေချာစဉ်းစားသင့်တယ်။ လင်းယိတောင် အခုမြေးရနေပြီ သားက တစ်ယောက်တည်းနေနေတုန်းပဲ။ "
လင်းယိနှင့် ရှခွန်ရန်တို့ လက်ထပ်ခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော်ကြာသွားခဲ့ပြီဖြစ်သည်။ သူတို့က လက်ထပ်ပြီးနောက် ဒုတိယနှစ်တွင် ကလေးများရရှိခဲ့ကြပြီး ယခု မြေးများပင်ရှိနေပြီဖြစ်သည်။
" အလျင်မလိုပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
မျိုးဆက်များပြန့်ပွားခြင်းက နောက်မျိုးဆက်များအပေါ် မျှော်လင့်ချက်များ ထားရှိခြင်းဖြစ်သည်။ သို့သော် လင်းယွမ်က သူ၏ မျှော်လင့်ချက်နှင့် ပန်းတိုင်ကို မျိုးဆက်များဆီ လွှဲပြောင်းပေးရန် မလိုအပ်ဘဲ သူကိုယ်တိုင်ပြီးမြောက်အောင် လုပ်နိုင်လေသည်။
" အလျင်မလိုဘူးဟုတ်လား။ " လုချုံးက သက်ပြင်းချလိုက်သည်။
သူတိူ့က ယခုနှစ်ထောင်ပေါင်းများစွာ အသက်ရှင်နိုင်သော ဆင့်ကဲပြောင်းလဲသူများ ဖြစ်နေကြသော်လည်း ထိုကိစ္စက အချိန်ကြာကြာ အသက်ရှင်ခြင်းနှင့် မဆိုင်ပေ။
" သား ငါတို့နဲ့ အတူထားဖို့ မင်း ကလေးနည်းနည်းတော့ ယူသင့်တယ်လေ။ " လင်းချောင်ချန်က ပြောလိုက်သည်။ " မင်းအမေနဲ့ ငါက အခု အရမ်းပျင်းနေပြီ။ မြေးလေးတွေရှိတော့ ပျော်ရွှင်ရတာပေါ့။ "
" ကျွန်တော်စဉ်းစားပါမယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
လူးသားမျိုးနွယ်၏ လက်ရှိနည်းပညာများနှင့် လက်တွဲဖော်မရှိလည်း ကလေးယူနိုင်ပြီဖြစ်သည်။
နဂါးငွေ့တန်းပင်မကြယ်။
လင်းယွမ်က ထိုင်နေပြီး သူ၏ ရှေ့တွင် အလင်းလုံးတစ်ခု လွင့်မျောနေသည်။ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ အသိအမြင်များစွာက သူ၏ စိတ်ထဲသို့ ဝင်ရောက်နေသည်။
" အချိန် လေဟာနယ်..." လင်းယွမ်က အချိန်ကုန်ဆုံးမှုကို မေ့လျော့နေပြီး နားလည်မှုထဲတွင် နစ်မြုပ်နေခဲ့သည်။