အနက်ရောင်မျှော်စင်၏ ဆဋ္ဌမအထပ်....
Vol. 40 Ch. 610
" ရွှမ်ဟွမ်မူလခန္ဓာအပြင် ငါက ရွှမ်ဟွမ်တိုက်ကွက်နဲ့ အချိန်လေဟာနယ်ခြေကိုးလှမ်းကိုလည်း ပြည့်စုံလုနီးပါးဖြစ်နေပြီ။ " လင်းယွမ်က သူ၏ လက်ကို မြှောက်လိုက်ပြီး ရွှမ်ဟွမ်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
၎င်းက သူ၏ ခွန်အားကန့်သတ်ထက် ငါးဆသို့ ရောက်ရှိနေပြီး စွမ်းအားကုန်ကျမှုတစ်ခုသာ ပြောစရာရှိလေသည်။ သို့သော် လင်းယွမ်၏ ကြီးမားသော အတွင်းကမ္ဘာနှင့် ယှဉ်လျှင် ထိုသုံးစွဲမှုက သမုဒ္ဒရာထဲမှ ရေစက်တစ်ခုပမာ ဖြစ်နေသည်။
" အချိန်လေဟာနယ်ပေါင်းစပ်နိယာမက ပဉ္စမအဆင့် ဒါမှမဟုတ် ဆဋ္ဌမအဆင့်ရောက်ရင် ငါက အလွှာဆယ့်တစ်ကို တက်လှမ်းဖို့ အဆင်သင့်ဖြစ်လိမ့်မယ်။ " လင်းယွမ်က သူ၏ လက်ရှိအခြေအနေနှင့် အလွှာဆယ့်တစ်သို့ အချိန်မရွေး တက်လှမ်းနိုင်ပြီး ရာနှုန်းပြည့်အောင်မြင်ရန် သေချာလေသည်။
သို့သော် ထိုသို့ပြုလုပ်ခြင်းက အချိန်လေဟာနယ်ပေါင်းစပ်နိယာမ အဆင့်က လုံလောက်ခြင်းမရှိဘဲ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို အပြည့်အဝ လက်ခံနိုင်မည်မဟုတ်ပေ။
သက်ရှိအားလုံးနီးပါးက သူတို့၏ သက်တမ်းအတွင်း ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ် ပေါင်းစည်းမှုကို လက်ခံရန် အခွင့်အရေးမရှိပေ။ သက်ရှိအနည်းငယ်ကသာ အလွှာဆယ့်တစ်မှ အလွှာဆယ့်နှစ်သို့ ကြိုးစားချိန်တွင် အခွင့်အရေး တစ်ကြိမ်ရရှိလေသည်။
နဝမအလွှာတွင် အချိန်နိယာမကို နားလည်ခဲ့သော လင်းယွမ်က အခွင့်အရေးသုံးကြိမ်ရှိပြီး ၎င်းတို့ကို တန်ဖိုးထားရမည်ဖြစ်သည်။
" အချိန်လေဟာနယ်ပေါင်းစပ်နိယာမ... " လင်းယွမ်က သူ၏ စိတ်အသိအပိုင်းအစတစ်ခုကို အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ရန် ခွဲထုတ်ထားခဲ့သည်။
လင်းယွက ခြေတစ်လှမ်းနှင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအထက်သို့ ရောက်သွားပြီး လျို့ဝှက်နယ်မြေကို လေ့လာနေသည်။ သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ပို၍ နားလည်လာသည်နှင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ မယုံကြည်နိုင်စရာကောင်းပုံကို သိလာရသည်။
စကြာဝဠာ၏ မရေတွက်နိုင်သော လေဟာနယ်အလွှာများထဲသို့ ချောမွေ့စွာ ပေါင်းစပ်ခြင်းက လင်းယွမ်၏ လက်ရှိအဆင့်နှင့် မဖြစ်နိုင်သေးပေ။ ကြီးမြတ်သူများကြာတွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို သတ္တမအဆင့်နှင့် အဋ္ဌမအဆင့်သို့ ရောက်မှသာ ဖြစ်နိုင်လေသည်။
လက်ခြောက်ဖက်နှင့် ပုံရိပ်က လင်းယွမ်၏ ဘေးတွင် ပေါ်လာသည်။ " ရွှမ်ဟွမ်မူလခန္ဓာကို ပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ခဲ့လို့ သခင်ကို ဂုဏ်ပြုပါတယ်။ "
လင်းယွမ်အတွက် ရွှမ်ဟွမ်မူလခန္ဓာကို ပြည့်စုံခြင်းအဆင့်သို့ ကျင့်ကြံရန် လုံလောက်သော အရင်းအမြစ်များသာ လိုအပ်လေသည်။ သို့သော် ၎င်းက သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းအပေါ်တွင် မူတည်နေသည်။ အမှန်တော့ ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံရန် မြင့်မားသော နားလည်မှုကို လိုအပ်နေဆဲ ဖြစ်သည်။
" ဒါက အလွှာတစ်ဆယ်ရဲ့ ပြည့်စုံခြင်းအဆင့်ပါပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
" အလွှာတစ်ဆယ်လား။ " လက်ခြောက်ဖက်နှင့်ပုံရိပ်က ရယ်ရခက်သွားသည်။
သူ၏ မှတ်ဉာဏ်ထဲတွင် ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံခြင်းက မြင့်မားသော နားလည်နိုင်စွမ်းနှင့် ကြီးမားသော အရင်းအမြစ်ကို လိုအပ်လေသည်။ ထို့အပြင် လင်းယွမ်၏ အလွှာတစ်ဆယ် ရွှမ်ဟွမ်မူလခန္ဓာ ပြည့်စုံခြင်းအဆင့်က အလွှာဆယ့်တစ်ပြည့်စုံခြင်းအဆင့်နှင့် ယှဉ်နိုင်လုနီးပါးဖြစ်သည်။
" ဧကရာဇ်ရွှမ်ဟွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဘယ်အဆင့်ထိတောင် ရောက်ခဲ့တာလဲ။ " လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို လေ့လာပြီး မနေနိုင်ဘဲ မေးလိုက်သည်။
" နဝမအဆင့် " လက်ခြောက်ဖက်နှင့်ပုံရိပ်က ပြောလိုက်သည်။ " အရှင်မင်းကြီးက အချိန်လေဟာနယ်နိယာမကို နဝမအလွှာထိ ရောက်ခဲ့ပြီး အချိန်လေဟာနယ်မဟာတာအိုကို နားလည်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ "
" အချိန်လေဟာနယ်မဟာတာအိုလား။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
အလွှာဆယ့်တစ်သက်ရှိ တစ်ယောက်က ကြီးမြတ်သူဖြစ်လာလျှင် အချိန်မြစ်မှ လွတ်မြောက်ပြီး မိမိနှင့် အနီးစပ်ဆုံး မဟာတာအိုကို မကြာမီ နားလည်ပေလိမ့်မည်။ ဥပမာ လေဟာနယ်မဟာတာအို၊ အသက်မဟာတာအို၊ သေခြင်းမဟာတာအို စသည်တို့ဖြစ်သည်။
လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်တွင် ဟင်းလင်းပြင်နတ်ဘုရားက လေဟာနယ်မဟာတာအိုကို နားလည်ခဲ့ခြင်းဖြစ်သည်။ မဟာတာအိုက နိယာမအားလုံး၏ အထက်တွင် ရှိပြီး ကြီးမြတ်သူများ၏ ဉာဏ်အလင်းပွင့်ခြင်းအတွက် အခြေခံဖြစ်သည်။
ပုံမှန်အားဖြင့် ကြီးမြတ်သူများက သေချာသော အဓိကနိယာမတစ်ခုကို မဟာတာအိုအဖြစ် ပြောင်းလဲကြလေသည်။ ပေါင်းစပ်နိယာမများနှင့် အချိန်လေဟာနယ်ပေါင်းစပ်နိယာမများအတွက် မဟာတာအိုသို့ ပြောင်းလဲရန် ကြီးမြတ်သူတစ်ယောက်က စကြာဝဠာခေတ်တစ်ခုကို အသက်ရှင်ကျရစ်ရန်လိုအပ်လေသည်။
" ကံမကောင်းစွာနဲ့ ခြေတစ်လှမ်းက ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလွန်းတယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြောလိုက်သည်။ " အရှင်မင်းကြီးသာ အချိန်လေဟာနယ်မဟာတာအိုကို အောင်မြင်ခဲ့ရင် သူက ပျောက်ကွယ်သွားမှာမဟုတ်လောက်ဘူး။ "
" တကယ် မပျောက်ကွယ်သွားလောက်ဘူး။ " လင်းယွမ်က နှစ်သိမ့်လိုက်သည်။
ဧကရာဇ်ရွှမ်ဟွမ်ပျောက်ကွယ်သွားခြင်းက စကြာဝဠာခေတ် တစ်ခုပြီးတစ်ခု ကုန်လွန်သွားသော်လည်း ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကြီးမြတ်သူတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းမရှိပေ။ ၎င်းက ဧကရာဇ်ရွှမ်ဟွမ် ပျောက်ကွယ်သွားခြင်းနှင့် ဆက်စပ်နေနိုင်လေသည်။
ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ကြီးမြတ်သူရှိမရှိ အခြားနည်းလမ်းများဖြင့် အတည်ပြုနိုင်လေသည်။ လက်ရှိ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် ကြီးမြတ်သူမရှိပေ။
နဂါးငွေ့တန်းပင်မကြယ်။
လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။
" မင်းလည်း ရွှမ်ဟွမ်မူလခန္ဓာကို ပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံရမယ်။ " လင်းယွမ်က ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။
ထိုက်ယန်မူလစိတ်ဝိညာဉ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားသည်။
" အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဒီအဆင့်ထိ နားလည်ပြီဆိုတော့ နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ ဆဋ္ဌမအထပ်ကို ဖြတ်ကျော်နိုင်မလား ကြည့်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
မျှော်စင်၏ ပဉ္စမအထပ်ကို ဖြတ်ကျော်ရန်အတွက် အချိန်နိယာမကို နားလည်ရန် လိုအပ်ပြီး လင်းယွမ်က ၎င်းကို နဝမအလွှာကတည်းက အောင်မြင်ခဲ့လေသည်။ သို့သော် ဆဋ္ဌမအထပ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ရန် လိုအပ်လေသည်။
" ငါ ပဉ္စမအထပ်အတွက် ဆုလာဘ်တွေကိုလည်း ရွေးချယ်သင့်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။
ပဉ္စမအထပ်၏ ဆုလာဘ်များက ကြယ်၁၂လုံးရတနာများဖြစ်ပြီး လင်းယွမ်က ဘာရွေးချယ်ရမှန်းမသိခဲ့ပေ။
လင်းယွမ်၏ စိတ်အသိအပိုင်းအစတစ်ခုက နတ်ဆိုးကျောက်စိမ်းနေရာသို့ ဆင်းသက်လာသည်။
" နတ်ဆိုးကျောက်စိမ်းနေရာက ပင်မစကြာဝဠာထဲမှာ တည်ရှိတာမဟုတ်ဘဲ ဖရိုဖရဲဟင်းလင်းပြင်ထဲမှာပဲ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို လေ့လာပြီး ကွဲပြားမှုကို ခံစားလိုက်ရသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ပင်မစကြာဝဠာအတွင်း တည်ရှိပြီး နတ်ဆိုးကျောက်စိမ်းနေရာက ပင်မစကြာဝဠာနှင့် မည်မျှဝေးကွာသည်ကို လင်းယွမ်က မသိပေ။
ဧကရာဇ်ရွှမ်ဟွမ်၊ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်နှင့် ကွဲပြားသော ခေတ်မှ အင်အားကြီးသူများ သူတို့နှစ်ယောက်လုံးက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
မကြာမီ လင်းယွမ်က မျှော်စင်ရှေ့သို့ ရောက်သွားခဲ့ပြီး ကျောက်ရုပ်တုရှန်းကျိကလည်း စောင့်ဆိုင်းနေခဲ့သည်။
" မင်းက အလွှာတစ်ဆယ်ကို ရောက်သွားပြီလား။ " ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို သေချာလေ့လာနေသည်။
လင်းယွမ်က သတ္တမအလွှာတွင် နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး သူ၏ ခြေလှမ်းများကို မြင်တွေ့ခဲ့ရသည်။
" မင်းရဲ့ ဆုလာဘ်တွေကို ရွေးချယ်မှာလား ဒါမှမဟုတ်..." ကျောက်ရုပ်တုရှန်းကျိက မေးလိုက်သည်။
လင်းယွမ်က ဆုလာဘ်များကို ရွေးချယ်ရန် အခွင့်အရေး နှစ်ကြိမ်ရှိနေဆဲ ဖြစ်သည်။ တစ်ခုက မျှော်စင်၏ ဒုတိယအထပ်မှ ဆုလာဘ်ဖြစ်ပြီး တစ်ခုက ပဉ္စမအထပ်မှ ဆုလာဘ်ဖြစ်လေသည်။
ဆုလာဘ်များကို ရွေးချယ်ခြင်းအပြင် လင်းယွမ်က မျှော်စင်၏ ဆဋ္ဌမအထပ်ကို စိန်ခေယ်ရန်လည်း ဖြစ်နိုင်လေသည်။
" ဆဋ္ဌမအထပ်ကို အရင်စမ်းကြည့်တာပေါ့။ " လင်းယွမ်က ပြောလိုက်သည်။
ဆုလာဘ်များ ရွေးချယ်ခြင်းက စောင့်ဆိုင်းနိုင်လေသည်။ ဖြစ်နိုင်လျှင် သူက ပဉ္စမအထပ်နှင့် ဆဋ္ဌမအထပ်မှ ဆုလာဘ်များကို တစ်ခါတည်းရွေးချယ်ရန် ရည်ရွယ်ထားသည်။
" ဆဋ္ဌမအထပ်လား။ " ကျောက်ရုပ်တုရှန်းကျိက ခဏတိတ်ဆိတ်သွားသည်။
လင်းယွမ်က နတ်ဆိုးကျောက်စိမ်းနေရာသို့ နှစ်တစ်ရာကျော် လာရောက်ခြင်းမရှိဘဲ ယခု ရောက်ရှိသည်နှင့် ဆဋ္ဌမအထပ်ကို စိန်ခေါ်မည်ဆိုသောကြောင့် လင်းယွမ်တွင် ယုံကြည်မှုရှိပေလိမ့်မည်။
" မင်းက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်သွားပြီလား။ " ကျောက်ရုပ်တုရှန်းကျိက မနေနိုင်တော့ဘဲ မေးလိုက်သဘ်။
" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" တကယ်နားလည်ခဲ့တာလား။ " ကျောက်ရုပ်တုရှန်းကျိက စိတ်ရှုပ်ထွေးသွားသည်။
လင်းယွမ်က လိမ်စရာအကြောင်းမရှိသောကြောင့် သူက ၎င်းကို ချက်ချင်း ယုံကြည်လေသည်။
" ဒါဆို သွားတော့ " ကျောက်ရုပ်တုရှန်းကျိက မျှော်စင်တံခါးကို ဖွင့်ပေးလိုက်သည်။
လင်းယွမ်က မျှော်စင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
" ဒီလိုအရည်အချင်းနဲ့ ဒီလိုကျင့်ကြံခြင်းအရှိန်က မျှော်စင်သခင် ကြီးမြတ်သူအဆင့် မရောက်ခင်ကထက်တောင် သာလွန်နေသေးတယ်။ " ကျောက်ရုပ်တုရှန်းကျိက တွေးလိုက်သည်။
နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ကြီးမြတ်သူဖြစ်မလာမီ ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့ပြီး ဒဏ္ဍာရီများစွာကို ချိုးဖျက်ခဲ့သည်။ သို့သော် ထိုသို့သော ပါရမီရှင်တစ်ယောက်က အလွှာတစ်ဆယ်တွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ခဲ့ခြင်းမရှိသေးပေ။
နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က အလွှာတစ်ဆယ်တွင် အချိန်နိယာမကို နားလည်ခဲ့ပြီး အလွှာဆယ့်တစ်တွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ခဲ့ခြင်းဖြစ်သည်။
" ဒီလိုအရည်အချင်းရှိတဲ့သူတစ်ယောက်က ကြီးမြတ်သူအဆင့်မရောက်ခင် ပျက်စီးသွားရင် ကြီးမားတဲ့ ဆုံးရှုံးမှုကို ဖြစ်စေလိမ့်မယ်။ " ကျောက်ရုပ်တုရှန်းကျိက အနည်းငယ် တွန့်ဆုတ်နေသည်။
လင်းယွမ်က အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်ခဲ့လျှင် သူက နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အမွေအနှစ်ကို ထိန်းသိန်းနိုင်လောက်ပေသည်။
" လုံလောက်တယ်။ " ကျောက်ရုပ်တုရှန်းကျိက ဆုံးဖြတ်ချက်ချလိုက်သည်။