← Chapters

အချိန်လေဟာနယ်နှလုံးသား.....

Vol. 40 Ch. 611

အချိန်လေဟာနယ်နှလုံးသား.....

Vol. 40 Ch. 611

အနက်ရောင်မျှော်စင်၏ ဆဋ္ဌမအထပ်တွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။

" အဆက်မပြတ်ပေါင်းစည်းနေတဲ့ အချိန်နဲ့လေဟာနယ်..." လင်းယွမ်က တစ်ချက်ကြည့်လိုက်ရုံနှင့် ဆဋ္ဌမအလွှာ၏ အဓိကအချက်ကို မြင်နိုင်လေသည်။

" ငါ့ရဲ့ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ ဒုတိယအဆင့်က အင်အားကြီးသူအမျိုးမျိုးရဲ့ နားလည်မှုတွေနဲ့ဆို တတိယအဆင့်လို့ ပြောလို့ရတယ်။ " လင်းယွမ်က စမ်းသပ်မှုကို စတင်လိုက်သည်။

နေ့တစ်ဝက်ကြာပြီးနောက် လင်းယွမ်က အဆုံးသို့မရောက်မီ ရပ်တန့်လိုက်သည်။

" အချိန်လေဟာနယ်ပေါင်းစပ်နိယာမဆိုတာ ဒီလိုကိုး။ " လင်းယွမ်က နောက်ဆုံးခြေလှမ်းကို လှမ်းပြီး တွေးလိုက်သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အချိန်နှင့် လေဟာနယ်ပေါင်းစပ်မှုကို လေ့လာပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

အနက်ရောင်မျှော်စင်၏ ဆဋ္ဌမအထပ်ကို ဖြတ်ကျော်ပြီးနောက် လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်မှုတစ်ခုရရှိသွားသည်။

" ဂုဏ်ပြုပါတယ်။ မင်း ဆဋ္ဌမအထပ်ကို ဖြတ်ကျော်နိုင်ခဲ့ပြီ။ " ကျောက်ရုပ်တုရှန်းကျိက ပေါ်လာသည်။

လင်းယွမ်က ဆဋ္ဌမအထပ်ကို ဖြတ်ကျော်နိုင်လောက်သည်ဟု တွေးထားသော်လည်း အမှန်တကယ် အလွှာတစ်ဆယ်တစ်ယောက်က ဆဋ္ဌမအထပ်အား ဖြတ်ကျော်လိုက်သည်ကို မြင်ရသောအခါ သူက ထိတ်လန့်နေရဆဲဖြစ်သည်။

" သတ္တမအထပ်ကို ဘာလို့မစမ်းသပ်တာလဲ။ " ကျောက်ရုပ်တုရှန်းကျိက မေးလိုက်သည်။

" မလိုတော့ဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

သတ္တမအထပ်မပြောနှင့် ဆဋ္ဌမအထပ်ကို ဖြတ်ကျော်ခြင်းကပင် သူ့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့သည်။ ဆဋ္ဌမအထပ်နှင့် သတ္တမအထပ်ကြား ကွာခြားမှုက အရည်အသွေးတစ်ခု ခုန်တက်သွားခြင်းဖြစ်သည်။

" ကောင်းပြီ။ " ကျောက်ရုပ်တုရှန်းကျိ ခေါင်းညိမ့်လိုက်သည်။

" အခု မင်းက ဒုတိယအထပ်၊ ပဉ္စမအထပ်နဲ့ ဆဋ္ဌမအထပ်တွေအတွက် ဆုလာဘ်သုံးခုရွေးချယ်လို့ရတယ်။ ဘယ်ဟာကို ရွေးချယ်ချင်လဲ။ " ကျောက်ရုပ်တုရှန်းကျိက မေးလိုက်သည်။

" ဒုတိယအထပ်က စလိုက်မယ်။ " လင်းယွမ်က ဒုတိယအထပ်ဟု ပြောသော်လည်း ၎င်းက တတိယအထပ်မှ ဖြစ်သည်။

သူက ဒုတိယအထပ်ကို ဖြတ်ကျော်ချိန်တွင် စွမ်းဆောင်ရည်ကောင်းသောကြောင့် တတိယအထပ်မှ ဆုလာဘ်ကို ရွေးချယ်ခွင့်ရခဲ့လေသည်။

" ဒီဆုတွေထဲက တစ်ခုရွေးပါ။ " ကျောက်ရုပ်တုရှန်းကျိက လက်ဝှေ့ရမ်းလိုက်ပြီး ရတနာအမျိုးမျိုး၏ ပုံရိပ်များ ပေါ်လာသည်။

လင်းယွမ်က ဂရုတစိုက် ကြည့်လိုက်သည်။

" ဒီတစ်ခုရွေးမယ်။ "

လင်းယွမ်က လက်နက်များကို ပျိုးထောင်ရာတွင် အသုံးဝင်သော ရွှေအရင်းအမြစ်ဟူသော ရတနာကို ရွေးချယ်လိုက်သည်။ ယွမ်ရှန်းကျင်းကို ၎င်းနှင့် ပေါင်းစပ်လိုက်လျှင် ကြီးထွားမှုနှုန်းက ပို၍ လျင်မြန်လာပေလိမ့်မည်။

" ကောင်းပြီ။ " ကျောက်ရုပ်တုရှန်းကျိက လက်ဝှေ့ရမ်းလိုက်ပြီး ရွှေရောင်အလင်းတစ်ခုက လင်းယွမ်၏ ရှေ့တွင်ပေါ်လာသည်။

" ရွှေအရင်းအမြစ် " လင်းယွမ်က ရွှေအရင်းအမြစ်ကို သိမ်းဆည်းလိုက်ပြီး ပဉ္စမအထပ် ဆုလာဘ်များကို ကြည့်လိုက်သည်။

" မင်း ဒီဆုလာဘ်တွေထဲက ဘယ်ဟာကို ရွေးမလဲ။ " ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို စိတ်ဝင်စားစွာ ကြည့်လိုက်သည်။

" ကျွန်တော်စဉ်းစားခဲ့ပြီးပြီ။ ဒီတစ်ခုကို ယူမယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" ဒီတစ်ခုလား။ " ကျောက်ရုပ်တုရှန်းကျိက အနည်းငယ် အံ့အားသင့်သွားသည်။

ပဉ္စမအထပ်၏ ဆုလာဘ်များထဲတွင် ကြီးမြတ်သူအဆင့် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးရတနာများနှင့် အမွေအနှစ်လျို့ဝှက်နည်းစနစ်အနည်းငယ် ပါဝင်လေသည်။

" အမွေအနှစ် ထျန်းဟီ " လင်းယွမ်က အမွေအနှစ် လျို့ဝှက်နည်းစနစ်ကို ကြည့်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေသည်။

သူက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ မကျရောက်ခင်က ဆုလာဘ်များကို ရွေးချယ်ရန် တွန့်ဆုတ်နေခဲ့သည်။ သူက အမွေအနှစ်လျို့ဝှက်နည်းစနစ်များနှင့် ကြီးမြတ်သူအဆင့်လက်နက် နှစ်ခုလုံးကို လိုချင်ခဲ့သည်။

သို့သော် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ပြန်လာပြီးနောက် လင်းယွမ်တွင် ရတနာများစွာ ပါလာခဲ့သည်။ ကြီးမြတ်သူအဆင့် လက်နက်များကြားတွင် အဆင့်ကွာရှားမှုများရှိပြီး ဆုလာဘ်ထဲမှ လက်နက်များက ပိုမိုကောင်းမွန်လေသည်။

သို့သော် ကြီးမြတ်သူအဆင့်အောက်ရှိ သက်ရှိများအတွက် သူတို့နှင့် သင့်လျော်သော လက်နက်မဟုတ်လျှင် များစွာကွာခြားမှုမရှိပေ။

" ဒါက ထျန်းဟီ အမွေအနှစ် လျို့ဝှက်နည်းစနစ်ပဲ။ " ကျောက်ရုပ်တုရှန်းကျိက စက်ဝိုင်းသဏ္ဍန် သလင်းကျောက်တစ်ခုကို ပေးလိုက်သည်။ " မင်းပြန်ရောက်ရင် မင်းရဲ့ စိတ်အသိနဲ့ ဆက်သွယ်ကြည့်လိုက်ပါ။ "

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" နောက်တစ်ခု ဆဋ္ဌမအထပ်အတွက် ဆုလာဘ်။ " ကျောက်ရုပ်တုရှန်းကျိက ဆုလာဘ်စာရင်းအသစ်တစ်ခုကိူ ပြလိုက်သည်။

" အဲ့ဒါတွေလား။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

လင်းယွမ်အတွက် ဆဋ္ဌမအထပ်မှ ဆုလာဘ်များက သတ္တမအထပ်နှင့် အဋ္ဌမအထပ်မှ ဆုလာဘ်များလည်း ပါဝင်လေသည်။ အနက်ရောင်မျှော်စင်၏ အထပ်တစ်ခုစီတိုင်းမှ ဆုလာဘ်များက စွမ်းဆောင်ရည်အပေါ် မူတည်လေသည်။

အလွှာတစ်ဆယ်နှင့် ဆဋ္ဌမအထပ်ကို ဖြတ်ကျော်နိုင်သည့် လင်းယွမ်၏ စွမ်းဆောင်ရည်က အမြင့်ဆုံးထက်ပင် ကျော်လွန်လေသည်။ ထို့ကြောင့် သူရွေးချယ်နိုင်သော ဆုလာဘ်များကလည်း ပို၍ အဆင့်မြင့်လေသည်။

" သုံးခုတည်းလား။ " လင်းယွမ်က ဆုလာဘ်သုံးခုကို ကြည့်လိုက်သည်။

၎င်းတို့က အဆုံးမဲ့ကမ္ဘာ၊ စကြာဝဠာပျက်စီးခြင်းနှင့် အချိန်လေဟာနယ်နှလုံးသားတို့ဖြစ်သည်။

" အကြီးအကဲရှန်းကျိ အဲ့ဒါရတနာသုံးခုက ဘာတွေလဲ။ " လင်းယွမ်က သေချာမသိသောကြောင့် တိုက်ရိုက်မေးလိုက်သည်။

" အဆုံးမဲ့ကမ္ဘာက မျှော်စင်သခင် ပြည့်စုံတဲ့ အချိန်သက်ရှိတွေရဲ့ ခြေရာကို လိုက်ရှာရင်းတွေ့ခဲ့တာပဲ။ သူက ပြည့်စုံတဲ့ အချိန်သက်ရှိတစ်ယောက် ရောက်ခဲ့တာဖြစ်နိုင်တဲ့ ကမ္ဘာတစ်ခုကို ရှာတွေ့ခဲ့တယ်။ " ကျောက်ရုပ်တုရှန်းကျိက ပြုံး၍ ပြောလိုက်သည်။ " ဒါပေမယ့် အဲ့ဒါက မျှော်စင်သခင်ရဲ့ ခန့်မှန်းချက်တစ်ခုပဲ။ "

" အဲ့ဒါက ပြည့်စုံတဲ့ အချိန်သက်ရှိတစ်ယောက် ရောက်ခဲ့တာမဟုတ်ရင်တောင် အဲ့ဒါနဲ့ နီးစပ်တဲ့ သက်ရှိတစ်ယောက်ဖြစ်နိုင်တယ်။ မျှော်စင်သခင်က ဒီအဆုံးမဲ့ကမ္ဘာကို အချိန်တစ်ခုအထိ လေ့လာခဲ့တယ်။ "

" ပြည့်စုံတဲ့ အချိန်သက်ရှိလား။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

ကျောက်ရုပ်တုရှန်းကျိ၏ စကားအရ အနည်းဆုံးတော့ ထိုအဆုံးမဲ့ကမ္ဘာက ပြည့်စုံသော အချိန်သက်ရှိနှင့် နီးစပ်သည့် သက်ရှိတစ်ယောက်နှင့် ဆက်စပ်နေသည်။

" စကြာဝဠာပျက်စီးခြင်းက ဘာလဲ။ " လင်းယွမ်က ထပ်မေးလိုက်သည်။

" အာ စကြာဝဠာပျက်စီးခြင်း " ကျောက်ရုပ်တုရှန်းကျိက ခဏစဉ်းစားလိုက်သည်။ " စကြာဝဠာက ပျက်စီးမယ်ဆိုတာ မင်းသိလောက်ပါတယ်။ "

" ဟုတ်ကဲ့ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

စကြာဝဠာမွေးဖွားချိန်မှ ပျက်စီးချိန်အထိကို စကြာဝဠာခေတ်တစ်ခုအဖြစ် သတ်မှတ်လေသည်။

" စကြာဝဠာပျက်စီးချိန်မှာ နိယာမတွေနဲ့ မဟာတာအိုလည်း ပြိုလဲသွားတယ်။ စကြာဝဠာထဲက အလွှာဆယ့်နှစ်သက်ရှိတွေအတွက် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး တစ်ဝက် ဒါမှမဟုတ် အများစုက သေဆုံးရတယ်။ "

" စကြာဝဠာပျက်စီးခြင်းက စကြာဝဠာတစ်ခုရဲ့ ပျက်စီးခြင်းအစကနေ အဆုံးထိ ဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင်ထားတာပဲ။ " ကျောက်ရုပ်တုရှန်းကျိက ခဏရပ်ပြီး ဆက်ပြောလိုက်သည်။ " စကြာဝဠာပျက်စီးခြင်းက ဘေးအန္တရာယ်တစ်ခုဖြစ်သလို အခွင့်အလမ်းတစ်ခုလည်းဖြစ်တယ်။ "

" လူတစ်ယောက်က နိယာမတွေနဲ့ မဟာတာအိုပြိုလဲခြင်းကို သတိထားပြီး လေ့လာနိုင်ရင် နိယာမတွေရဲ့ နားလည်မှုကို အများကြီး မြှင့်တင်ပေးနိုင်တယ်။ "

" ကျွန်တော်သိပါပြီ။ " လင်းယွမ်က စကြာဝဠာပျက်စီးခြင်း မှတ်တမ်း၏ တန်ဖိုးကို ချက်ချင်းနားလည်လိုက်သည်။

စကြာဝဠာပျက်စီးသည့် ဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင်ရန် စကြာဝဠာထဲရှိ အလွှာဆယ့်နှစ် သက်ရှိတစ်ယောက်ဖြစ်ရပေလိမ့်မည်။ ထို့အပြင် မှတ်တမ်းတင်ရန်အတွက် ပျက်စီးမှုတစ်ခုလုံးကို အသက်ရှင်ရမည်ဖြစ်သည်။

" နောက်ဆုံး အချိန်လေဟာနယ်နှလုံးသားပဲ။ " ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို ကြည့်လိုက်သည်။ " အချိန်လေဟာနယ်နှလုံးသားကို ပေါင်းစည်းပြီးရင် အချိန်မြစ်က လွတ်မြောက်တဲ့အချိန်ကို တို့ချဲ့ပေးနိုင်တယ်။ "

" အချိန်မြစ်က လွတ်မြောက်တဲ့အချိန်ကို တို့ချဲ့ပေးနိုင်တာလား။ " လင်းယွမ်က ပင့်သက်ရှိုက်သွား၏။

သူက အချိန်လေဟာနယ်နှလုံးသား၏ အသုံးဝင်ပုံကို ချက်ချင်း နားလည်သွားသည်။ ၎င်းက ကြီးမြတ်သူအဆင့်ကို ကြိုးစားရန်အတွက် ဖြစ်သည်။

အလွှာဆယ့်တစ်သက်ရှိတစ်ယောက်က အလွှာဆယ့်နှစ်ကို ကြိုးစားရန် သူတို၏ အရာအားလုံးကို အချိန်မြစ်မှ ထုတ်ပစ်ရန်လိုအပ်လေသည်။ ထိုကာလအတွင်း အလွှာဆယ့်တစ်သက်ရှိတစ်ယောက်က အချိန်မြစ်အပေါ်တွင် ရှိနေသော အချိန်က အကန့်အသတ်ရှိလေသည်။ သူတို့သာ ထိုအချိန်ကို တိုးချဲ့နိုင်လျှင် ကြီးမြတ်သူဖြစ်လာရန် အခွင့်အရေးကို မြှင့်တင်နိုင်ပေလိမ့်မည်။

အလွှာဆယ့်တစ်သက်ရှိတစ်ယောက်က အချိန်မြစ်မှ လွတ်မြောက်ရန် ကြိုးစားချိန်တွင် အချိန်မြစ်၏ ခုခံခြင်းနှင့် ဖိနှိပ်ခြင်းကို ခံရပေလိမ့်မည်။ ငါးတစ်ကောင်မြစ်ထဲမှ ခုန်ထွက်ခြင်းကို တားဆီးခြင်းဖြစ်သည်။

" ရတနာသုံးခုထဲက ဘယ်တစ်ခုကို ရွေးချယ်မလဲ။ " ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို မေးလိုက်သည်။

" အချိန်လေဟာနယ်နှလုံးသား " လင်းယွမ်က တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။

အဆုံးမဲ့ကမ္ဘာ၏ မူလက တိုင်းတာ၍မရဘဲ ပြည့်စုံသော အချိန်သက်ရှိနှင့် နီးစပ်သော သက်ရှိတစ်ယောက်နှင့် ဆက်စပ်နေသည်။ သို့သော် လင်းယွမ်က ကြီးမြတ်သူဖြစ်မလာလျှင် အဆုံးမဲ့ကမ္ဘာက အသုံးဝင်မည်မဟုတ်ပေ။

စကြာဝဠာပျက်စီးခြင်းကလည်း ကြီးမြတ်သူတစ်ယောက်အတွက် အသုံးဝင်ကောင်းဝင်နိုင်သော်လည်း လင်းယွမ်အတွက် လိုအပ်မှုမရှိပေ။ ထိုနှစ်ခုလုံးက အလွန်တန်ဖိုးကြီးမားလှသော်လည်း လင်းယွမ်အတွက် လက်ရှိအကြီးမားဆုံး စိန်ခေါ်မှုက ကြီးမြတ်သူအဆင့်ကို ကြိုးစားခြင်းဖြစ်သည်။

ထို့ကြောင့် လင်းယွမ်အတွက် လက်ရှိအသုံးဝင်ဆုံးက အချိန်လေဟာနယ်နှလုံးသားပင်ဖြစ်သည်။ အချိန်မြစ်မှ လွတ်မြောက်ရန် ကြိုးစားချိန်ကို တိုးချဲ့ပေးခြင်းကို လင်းယွမ်တစ်ခါမှမကြားဖူးခဲ့ပေ။

လူသားမျိုးနွယ် လက်ရှိပိုင်ဆိုင်သော ရတနာများက စကြာဝဠာရင်းမြစ်ကဲ့သို့ အလွှာဆယ့်နှစ်သို့ ကြိုးစားရန် လူတစ်ယောက်၏ အခြေခံကို မြှင့်တင်ပေးရုံသာဖြစ်သည်။

All Chapters