← Chapters

ထျန်းချင်းကမ္ဘာ၏ အရေးပေါ်အခြေအနေ....

Vol. 40 Ch. 612

ထျန်းချင်းကမ္ဘာ၏ အရေးပေါ်အခြေအနေ....

Vol. 40 Ch. 612

လင်းယွမ်၏ ရှေ့တွင် နှလုံးကဲ့သို့ ကြည်လင်သော သလင်းကျောက်တစ်ခု ပေါ်လာသည်။ ၎င်းက ကြည်လင်နေပြီး နှလုံးခုန်နေသည်ဟုပင် လင်းယွမ်က ခံစားမိနေသည်။

" ကျွန်တော်သွားတော့မယ်။ " လင်းယွမ်က အချိန်လေဟာနယ်နှလုံးသားကို သိမ်းဆည်းပြီး ပြောလိုက်သည်။

" အင်း " ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။

" အချိန်လေဟာနယ်နှလုံးသား..." ကျောက်ရုပ်တုရှန်းကျိက တိတ်ဆိတ်သွားသည်။

အမှန်တော့ အချိန်လေဟာနယ်နှလုံးသားကဲ့သို့ အလွန်တန်ဖိုးကြီးသော ရတနာက ဆဋ္ဌမအထပ်၊ သတ္တမအထပ်နှင့် အဋ္ဌမအထပ်မှ ဆုလာဘ်များထဲတွင် မရှိခဲ့ပေ။ ၎င်းက နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အမွေအနှစ်ရတနာမှ မျှော်စင်သခင်၏ တိုက်ရိုက်တပည့်များ အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် ပြင်ဆင်ထားသော ရတနာဖြစ်သည်။

ပုံမှန်အားဖြင့် လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဓိကအဖွဲ့ဝင်တစ်ယောက်သာ ရှိသေးပြီး အချိန်လေဟာနယ်နှလုံးသားအကြောင်း သိရန်ပင် အရည်အချင်းမပြည့်မီသေးပေ။

သို့သော် နတ်ဆိုးကျောက်စိမ်းမျှော်စင်က အတိတ်မှ နတ်ဆိုးကျောက်စိမ်းမျှော်စင်မဟုတ်တော့ပေ။ ကျောက်ရုပ်တုရှန်းကျိက အချိန်လေဟာနယ်နှလုံးသားကို ထိုကဲ့သို့ သိမ်းဆည်းထားလျှင် ဖုန်တက်ရုံသာရှိလိမ့်မည်ကို သိလေသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ တိုက်ရိုက်တပည့်ဖြစ်လာရန် မျှော်စင်သခင်၏ ကိုယ်တိုင်စစ်ဆေးမှုကို ခံယူရန် လိုအပ်လေသည်။ သို့သော် ယခု မျှော်စင်သခင် ပျောက်ဆုံးနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က ရတနာများကို ကြည့်ပြီး ပျော်ရွှင်နေသည်။

" ငါတော့ ချမ်းသာတာပဲ။ " လင်းယွမ်က ရွှေအရင်းအမြစ်နှင့် နဂါးငွေ့တန်းလျို့ဝှက်နည်းစနစ်တို့ကို ယခင်ကတည်းက စဉ်းစားထားပြီးသားဖြစ်သည်။

သို့သော် အချိန်လေဟာနယ်နှလုံးသားကိုတော့ သူတစ်ခါမှမစဉ်းစားခဲ့ဖူးပေ။

" အချိန်လေဟာနယ်နှလုံးသား " လင်းယွမ်၏ အတွေးတစ်ချက်နှင့်အတူ နက်ရှိုင်းသော အော်ရာကို ထုတ်လွှတ်နေသည့် နှလုံးသဏ္ဍန် သလင်းကျောက်တစ်ခု ပေါ်လာသည်။

" ဒါကို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲမှာ သိမ်းထားလိုက်မယ်။ " လင်းယွမ်က ရွှမ်ဟွမ်တံဆိပ်ကို အသက်သွင်းပြီး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်ကာ အချိန်လေဟာနယ်နှလုံးသားကို သိမ်းဆည်းလိုက်သည်။

လင်းယွမ်အတွက် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက အလုံခြုံဆုံးဖြစ်ပြီး ကြီးမြတ်သူများပင် မဝင်ရောက်နိုင်ပေ။ မကြာမီ လင်းယွမ်၏ စိတ်က ပြန်လည်တည်ငြိမ်သွားခဲ့သည်။

အချိန်လေဟာနယ်နှလုံးသားက ကြီးမြတ်သူဖြစ်လာရန် အခွင့်အရေးကို တိုးမြှင့်ပေးနိုင်လျှင်တောင် သူ၏ အခြေခံက မလုံလောက်လျှင် ကြီးမြတ်သူအဆင့်သို့ ကြိုးစားချိန်တွင် ကျရှုံးမှုနှင့် ရင်ဆိုင်ရပေလိမ့်မည်။ အချိန်လေဟာနယ်နှလုံးသားကို ပေါင်းစည်းခြင်းက ကြီးမြတ်သူဖြစ်လာရန် ရာနှုန်းပြည့်အောင်မြင်နိုင်ခြင်းမဟုတ်ပေ။

လင်းယွမ်က ရွှေအရင်းအမြစ်နှင့် ယွမ်ရှန်းကျင်းတို့ကို ထုတ်ယူလိုက်သည်။

" ပေါင်းစပ်စမ်း " လင်းယွမ်က ရွှေအရင်းအမြစ်ကို ယွမ်ရှန်းကျင်းထဲသို့ ပေါင်းစပ်လိုက်သည်။

ဝုန်း ဝုန်း....

ယွမ်ရှန်းကျင်းက ရွှေအရင်းအမြစ်ကို စုပ်ယူနေပြီး ၎င်း၏ အော်ရာက လျင်မြန်စွာ တိုးတက်လာသည်။ ခဏအတွင်း အလွှာတစ်ဆယ် အထွတ်အထိပ်သို့ ရောက်လာပြီး အလွှာဆယ့်တစ်ထဲသို့ ဝင်ရောက်သွားသည်။

" ယွမ်ရှန်းကျင်းက ရွှေအရင်းအမြစ်ကို အပြည့်အဝ စုပ်ယူပြီးသွားရင် အလွှာဆယ့်တစ် အထွတ်အထိပ် ရောက်သွားလောက်တယ်။ အဲ့ဒီအချိန်ကျရင် ငါလည်း အလွှာဆယ့်တစ်ထဲ ရောက်နေလောက်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။

ယွမ်ရှန်းကျင်းက အလွှာဆယ့်တစ် အထွတ်အထိပ်သို့ ရောက်လျှင်တောင် ကြီးမြတ်သူအဆင့်နှင့် ဝေးကွာနေဆဲ ဖြစ်သည်။

လင်းယွမ်က ယွမ်ရှန်းကျင်းကို ဆက်လက်စုပ်ယူစေရန် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲတွင် ထာခဲ့လိုက်သည်။ ထို့နောက် သူက နဂါးငွေ့တန်းပင်မကြယ်သို့ ပြန်လာခဲ့သည်။

" ထျန်းဟီလျို့ဝှက်နည်းစနစ် " လင်းယွမ်က အမွေအနှစ်သလင်းကျောက်ကို ထုတ်ပြီး သူ၏ စိတ်အသိကို ပို့လွှတ်လိုက်သည်။

" အံ့ဩစရာပဲ။ " ခဏကြာသောအခါ လင်းယွမ်က ကျေနပ်သွားသည်။

ရွှမ်ဟွမ်လျို့ဝှက်နည်းစနစ်သုံးခုနှင့်ယှဉ်လျှင် ထျန်းဟီလျို့ဝှက်နည်းစနစ်က အချိန်နှင့် လေဟာနယ်၏ နက်နဲမှုများပါဝင်ပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်နှင့် နဝမအဆင့်ထိ အနှစ်သာရကို ဦးတည်ထားသည်။

လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမ ဆဋ္ဌမအဆင့်အတွက် ကြိုတင်ပြင်ဆင်ရန် ထိုနည်းစနစ်ကို ရွေးချယ်ခြင်းဖြစ်သည်။ သူက ထျန်းဟီလျို့ဝှက်နည်းစနစ်ကို လေ့လာနေစဉ် သူ၏ စိတ်ထဲမှ လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာသည်။

" ဟင် " လင်းယွမ်၏ စိတ်အသိက သူ၏ စိတ်ထဲမှ အနက်ရှိုင်းဆုံးသို့ ဝင်ရောက်သွားပြီး ကြီးကျယ်ခမ်းနားသော အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ကြည့်လိုက်သည်။

" ဘာဖြစ်တာလဲ။ " လှုပ်ရှားမှုက ဂိတ်တံခါးမှ ထွက်ပေါ်လာခြင်းမဟုတ်သည်ကို လင်းယွမ်က သိလေသည်။ ထိုအစား ၎င်းက ဂိတ်တံခါးနှင့် ချိတ်ဆက်နေသော ကမ္ဘာများမှ လာခဲ့ခြင်းဖြစ်သည်။

" အဲ့ဒါက ဘယ်ကမ္ဘာက လာတာလဲ။ " လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါး အောက်ခြေမှ ကမ္ဘာဆုံမှတ်များကို ကြည့်လိုက်သည်။ ၎င်းတို့က လင်းယွမ် ယခင်ဆင်းသက်ခဲ့သော ကမ္ဘာကိုးခုနှင့် မဆင်းသက်ရသေးသော အင်မော်တယ်ကမ္ဘာဖြစ်သည်။

" ထျန်းချင်းကမ္ဘာလား။ " လင်းယွမ်၏ အကြည့်က ထျန်းချင်းကမ္ဘာ၏ ဆုံမှတ်ပေါ်သို့ ကျရောက်သွားသည်။

ထျန်းချင်းကမ္ဘာက လင်းယွမ်မဆင်းသက်မီ ပြင်ပမိစ္ဆာနတ်ဘုရား၏ ကျူးကျော်ခြင်းကို ခံနေခဲ့ရသည်။ ထို့အချိန်တွင် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်ကို ချေမှုန်းပြီး ထျန်းချင်းကမ္ဘာ၏ ကောင်းကင်တာအိုကို အစားထိုးခဲ့သည်။ သူက ထိုကမ္ဘာ၏ ကောင်းကင်တာအိုဖြစ်လာခဲ့သည်။

ထျန်းချင်းကမ္ဘာက အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင်ရှိသော ကမ္ဘာငယ်လေးတစ်ခုဖြစ်သည်။ ထျန်းချင်းကမ္ဘာ၏ ပြင်ပတွင် မိစ္ဆာနတ်ဘုရားများ နေထိုင်ကြသည်။ ကံမကောင်းစွာပင် လင်းယွမ်က ထျန်းချင်းကမ္ဘာ၏ ကောင်းကင်တာအိုကို အစားထိုးပြီးနောက် နေထိုင်ချိန်အနည်းငယ်သာ ကျန်သောကြောင့် အဆုံးမဲ့ဟင်းလင်းပြင်ထဲသို့ ရှာဖွေနိုင်ခြင်းမရှိခဲ့ပေ။

သို့သော် သူ၏ ခန္ဓာကိုယ်ဖြစ်သော ဘိုးဘေးနတ်ဆိုးသစ်ပင်ကို ထျန်းချင်းကမ္ဘာ၏ ကောင်းကင်တာအိုနှင့် အစားထိုးပြီးနောက် သူက ထျန်းချင်းကမ္ဘာကို အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှတစ်ဆင့် ဆက်သွယ်မှုတစ်ခု ရှိခဲ့လေသည်။

သူက ထျန်းချင်းကမ္ဘာသို့ မဆင်းသက်ခဲ့လျှင်တောင် ထျန်းချင်းကမ္ဘာမှ အချက်အလက်အချို့ကို အကြမ်းဖျင်းသိနိုင်လေသည်။ သူက ထျန်းချင်းကမ္ဘာမှ ပြန်လာပြီးနောက်တွင် ထိုကမ္ဘာ၏ တိုးတက်မှုအကြောင်းကို မကြာခဏ စုံစမ်းခဲ့လေသည်။

သို့သော် ယခု ထျန်းချင်းကမ္ဘာမှ ဘိုးဘေးနတ်ဆိုးသစ်ပင်က လင်းယွမ်ဆီသို့ အချက်အလက်များ အရင်ဆုံး ပေးပို့ခဲ့လေသည်။ လင်းယွမ်က ၎င်းကို အရေးပေါ် အခြေအနေများအတွက်သာ ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။

လင်းယွမ်၏ စိတ်အသိက ထျန်းချင်းကမ္ဘာ၏ ဆုံမှတ်များမှတစ်ဆင့် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အချက်အလက်များကို လက်ခံလိုက်သည်။

" နောက်ထပ် မိစ္ဆာနတ်ဘုရားတစ်ပါးကျူးကျော်တာလား။ " လင်းယွမ်က အတွေးနက်သွားသည်။

ထျန်းချင်းကမ္ဘာနှင့် ပင်မစကြာဝဠာကြား အချိန်စီးဆင်းမှုကို တွက်ကြည့်လျှင် ၎င်းက ခြောက်ရာမှ တစ်ဖြစ်သည်။ ပင်မစကြာဝဠာတွင် တစ်နှစ်က ထျန်းချင်းကမ္ဘာတွင် နှစ်ပေါင်းခြောက်ရာဖြစ်လေသည်။

လင်းယွမ်က ထျန်းချင်းကမ္ဘာမှ ပြန်လာသည်မှာ နှစ်ပေါင်းနှစ်ရာနီးပါး ကြာပြီဖြစ်သောကြောင့် ထျန်းချင်းကမ္ဘာတွင် နှစ်ပေါင်းနှစ်သိန်းနီးပါး ကုန်ဆုံးသွားပေလိမ့်မည်။

" ထျန်းချင်းကမ္ဘာကို ကျူးကျော်တာ ဟိုမိစ္ဆာနတ်ဘုရားနှစ်ပါးဖြစ်နိုင်လား။ " လင်းယွမ်က တွေးလိုက်သည်။

ထျန်းချင်းကမ္ဘာ၏ ပြင်ပတွင် မိစ္ဆာနတ်ဘုရားနှစ်ပါးပုန်းအောင်းနေခဲ့သည်။ ထိုမိစ္ဆာနတ်ဘုရားနှစ်ပါး၏ နောက်တွင်လည်း အခြားမိစ္ဆာနတ်ဘုရားများ ရှိနေနိုင်လေသည်။ လင်းယွမ်က ထိုမိစ္ဆာနတ်ဘုရားနှစ်ပါးနှင့် ဆက်သွယ်မှုရှိခဲ့ပြီး သူတို့တွင် မကောင်းသော ရည်ရွယ်ချင်အချို့ ရှိနေသည်ကို သိခဲ့ရသည်။

သူတို့က အဆုံးမဲ့ဟင်းလင်းပြင်ထဲမှ လျို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေရန် သူ့ကို တစ်ကြိမ်မက ဖိတ်ခေါ်ခဲ့ပြီး လင်းယွမ်က အချိန်မကျန်တော့သောကြောင့် ငြင်းဆိုခဲ့လေသည်။

" နှစ်ပေါင်းသိန်းချီကြာပြီးမှ ဘာလို့ထျန်းချင်းကမ္ဘာကို ရုတ်တရက် ကျူးကျော်ဖို့ တွေးရတာလဲ။ " လင်းယွမ်က အနည်းငယ်သိချင်သွားသည်။

မိစ္ဆာနတ်ဘုရားများက ကမ္ဘာများကို ကျူးကျော်ကြသော်လည်း အခြေအနေကို ကြည့်ကြလေသည်။ ထျန်းချင်းကမ္ဘာက ဘိုးဘေးနတ်ဆိုးသစ်ပင်ရှိသည့်အပြင် အခြားပြင်ဆင်မှုများလည်း ရှိလေသည်။

ထိုမိစ္ဆာနတ်ဘုရားနှစ်ပါးက ထျန်းချင်းကမ္ဘာကို ကျူးကျော်ရန် တန်ဖိုးတစ်ခုပေးဆပ်ရမည်ဖြစ်ပြီး အကျိုးအမြတ်နှင့် လုံးဝမကိုက်ညီပေ။

" လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း ထျန်းချင်းကမ္ဘာထဲမှာ ပြောင်းလဲမှုအချို့ ဖြစ်သွားခဲ့တာထင်တယ်။ ဒါမှမဟုတ် အဆုံးမဲ့ဟင်းလင်းပြင်ထဲက ပြောင်းလဲမှုအချို့က မိစ္ဆာနတ်ဘုရားနှစ်ပါးကို အတင်းအကျပ် ကျူးကျော်အောင် ဖိအားပေးလိုက်တာထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

" ငါ အခုဘာလုပ်သင့်လဲ။ " လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်လိုက်သည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာတွင် အခြေအနေ အလွန်ဆိုးရွားနေကြောင်း သတင်းပို့ခဲ့လေသည်။ လင်းယွမ် ဆင်းသက်ခဲ့သော အချိန်ကလည်း အလွန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး နတ်ဆိုးဘုရင်နှစ်ပါး၏ စွမ်းအားကလည်း ထျန်းချင်းကမ္ဘာထဲသို့ ထိုးဖောက်နေခဲ့သည်။ ယခုအချိန်တွင် လင်းယွမ်က ဘာမှမလုပ်လျှင် ထျန်းချင်းကမ္ဘာတစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

" ကောင်းပြီ။ နောက်တစ်ကြိမ် ဆင်းသက်ကြတာပေါ့။ " လင်းယွမ်က ဆုံးဖြတ်ချက်ချလိုက်သည်။

ထျန်းချင်းကမ္ဘာ၏ အပြင်ဘက်တွင် ကြောက်စရာကောင်းသော မိစ္ဆာနတ်ဘုရားများနှင့် လင်းယွမ်မသိသေးသော လျို့ဝှက်ချက်များစွာ ရှိနေလေသည်။ လင်းယွမ်၏ ခန့်မှန်းချက်အရ အဆုံးမဲ့ဟင်းလင်းပြင်က အင်မော်တယ်ကမ္ဘာနှင့် မယှဉ်နိုင်လျှင်တောင် အလွှာဆယ့်တစ်ကို ရောက်နေသော မိစ္ဆာနတ်ဘုရားများ ရှိနိုင်လေသည်။

All Chapters