← Chapters

ကောင်းကင်၊ မြေကြီး၊ နတ်ဘုရား၊ လူသား၊ မိစ္ဆာ၊ တစ္ဆေ အားလုံးက သိုင်းဘိုးဘေးကို ကိုးကွယ်ပူဇော်ကြလေသည်....

Vol. 40 Ch. 613

ကောင်းကင်၊ မြေကြီး၊ နတ်ဘုရား၊ လူသား၊ မိစ္ဆာ၊ တစ္ဆေ အားလုံးက သိုင်းဘိုးဘေးကို ကိုးကွယ်ပူဇော်ကြလေသည်....

Vol. 40 Ch. 613

ထျန်းချင်းကမ္ဘာသို့ ပြန်လည်ဆင်းသက်ရန် လင်းယွမ်က အချက်သုံးချက်ကို ထည့်သွင်းစဉ်းစားခဲ့လေသည်။

ပထမအချက်မှာ ထျန်းချင်းကမ္ဘာက သဘာဝအတိုင်း သူ၏ နောက်ဖေးခြံဝင်းဖြစ်လေသည်။ ထိုကမ္ဘာတွင် သိုင်းတာအိုကသာ အဓိကကျင့်ကြံခြင်းစနစ်ဖြစ်ပြီး သိုင်းတာအိုကျင့်ကြံသူအများဆုံး ကမ္ဘာတစ်ခုလည်း ဖြစ်သည်။

အခြားကမ္ဘာများတွင် လင်းယွမ်က ကမ္ဘာစိတ်အသိကို ထည့်သွင်းစဉ်းစားရန် လိုအပ်သော်လည်း ထျန်းချင်းကမ္ဘာတွင် လင်းယွမ်ကိုယ်တိုင်က ကမ္ဘာစိတ်အသိဖြစ်လေသည်။

ဒုတိယအချက်မှာ ထျန်းချင်းကမ္ဘာ၏ အပြင်ဘက်မှ အဆုံးမဲ့ဟင်းလင်းပြင်ကို စူးစမ်းလေ့လာရန်ဖြစ်သည်။ သူက ထျန်းချင်းကမ္ဘာတွင် သတ္တမအလွှာသာ ရှိခဲ့ပြီး အဆုံးမဲ့ဟင်းလင်းပြင်ကို လေ့လာနိုင်ခြင်းမရှိခဲ့ပေ။

သို့သော် ယခု လင်းယွမ်က အလွှာတစ်ဆယ်ဖြစ်ပြီး အလွှာဆယ့်တစ်များနှင့် ယှဉ်နိုင်လေသည်။ လင်းယွမ်၏ လက်ရှိခွန်အားနှင့် အဆုံးမဲ့ဟင်းလင်းပြင်တွင် အသန်မာဆုံးမဟုတ်လျှင်တောင် များစွာကွာခြားခြင်းမရှိတော့ပေ။ ထို့အပြင် ကမ္ဘာနှစ်ခုကြား အချိန်စီးဆင်းမှုကွာခြားခြင်းကလည်း အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ခြင်းအတွက် အကျိုးရှိလေသည်။

နောက်ဆုံးအချက်မှာ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ကုန်ကျမှုအလွန်နည်းသောကြောင့်ဖြစ်သည်။ လင်းယွမ်က ထျန်းချင်းကမ္ဘာ၏ စိတ်အသိကို အစားထိုးပြီးနောက် ဆင်းသက်မည့် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက တစ်မျှင်၏ သုံးပုံတစ်ပုံသာ ကုန်လေသည်။

လင်းယွမ်က ဆင်းသက်ခြင်းပြုလုပ်လျှင် အင်မော်တယ်ကမ္ဘာမှလွဲ၍ စိတ်ကြိုက်ဆင်းသက်ခြင်းသာ အဆင်ပြေပေလိမ့်မည်။ သူ၏ ခွန်အားက အလွန်သန်မာလှသည်။

ထျန်းချင်းကမ္ဘာက အဆင့်နိမ့်သော်လည်း ၎င်း၏ အပြင်ဘက်မှ အဆုံးမဲ့ဟင်းလင်းပြင်တွင် မိစ္ဆာနတ်ဘုရားများ၏ စွမ်းရည်များနှင့် နိယာမများ၏ နက်နဲဆန်းကြယ်မှုများပါဝင်နေသည်။ လွန်ခဲ့သော ဆင်းသက်မှုတွင် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်ကိုသာ လေ့လာနိုင်ခဲ့သည်။

ယခုတစ်ကြိမ်တွင် သူ၏ ကျင့်ကြံခြင်းကို မြှင့်တင်ရန် မိစ္ဆာနတ်ဘုရားများကို ဖမ်းပြီး လေ့လာနိုင်လေသည်။

အဆုံးမဲ့ဟင်းလင်းပြင်က ပင်မစကြာဝဠာ၏ ဖရိုဖရဲဟင်းလင်းပြင်ကဲ့သို့ပင် ဒိုင်မန်ရှင်းကွာခြားသော နေရာများဖြစ်ကြသည်။ ပြည့်စုံသော အချိန်သက်ရှိများပင် ဒိုင်မန်ရှင်းတစ်ခုနှင့် တစ်ခုကြား ဆက်သွယ်ရန် ခက်ခဲသည်ဟု ပြောကြသည်။

ထိုအဖြူရောင်စာရွက်အတွင်းရှိ အဆင့်နိမ့်ဒိုင်မန်ရှင်းနေရာက ပြည့်စုံသော အချိန်သက်ရှိနှင့် နီးစပ်သည့် သက်ရှိတစ်ယောက်က အဆင့်နိမ့်ဒိုင်မန်ရှင်းကမ္ဘာများကို ရှာဖွေရန် ဖန်တီးခဲ့ခြင်းဖြစ်သည်။

ထျန်းချင်းကမ္ဘာကို ဆင်းသက်ရန် ဆုံးဖြတ်ပြီးနောက် လင်းယွမ်က ပြင်ဆင်မှုအချို့ ပြုလုပ်ခဲ့သည်။ ကမ္ဘာများသို့ ဆင်းသက်လျှင် လင်းယွမ်၏ စိတ်အသိက အနန္တကမ္ဘာများ၏ ဂိတ်တံခါးထဲသို့ ဝင်ရောက်ပြီး သူ၏ ရုပ်ခန္ဓာက လှုပ်ရှားနိုင်ခြင်းရှိတော့မည်မဟုတ်ပေ။

လင်းယွမ်က ထိုအချိန်အတွင်း အခြားဒိုင်မန်ရှင်းတစ်ခုတွင် ရှိခဲ့လျှင်တောင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှတစ်ဆင့် မူလခန္ဓာကိုယ်၏ ပတ်ဝန်းကျင်မှ အခြေအနေများကို ခံစားနိုင်လေသည်။

အမှန်တွင် လင်းယွမ်က ပြင်ဆင်မှုအတွက် များစွာမလိုအပ်ပေ။ အနက်ရောင်ဂြိုလ်မှ လမ်းညွှန်မှုလမ်းကြောင်းဆယ့်နှစ်ခုကို ယခင်ကတည်းက နားလည်ခဲ့ပြီး ကိုယ်ပွားအားလုံးက ပြန်ရောက်လာပြီဖြစ်သည်။ သူက ကြီးမြတ်သူရှချင်ကို ကျင့်ကြံရန်အတွက် လိုအပ်သောကြောင့် ပြောပြီး စကြာဝဠာအော်ရိုရာကို လေ့လာနေသော ကိုယ်ပွားကို ပြန်ခေါ်ခဲ့သည်။

ကိုယ်ပွားတစ်ခုစီတွင် စိတ်အသိမျှင်တစ်ခုစီရှိပြီး ကိုယ်ပိုင်အခြေအနေကို သေချာစေရန်အတွက် စိတ်အသိမျှင်ကို ပြန်ရုတ်သိမ်းခြင်းက သာမန်သာဖြစ်သည်။

" ဒီတစ်ကြိမ် နေထိုင်ချိန်က နှစ်ပေါင်းခြောက်ရာဖြစ်လိမ့်မယ်။ ဆင်းသက်မှုအဆုံးသတ်ရင် ပင်မစကြာဝဠာမှာ တစ်နှာကုန်သွားလိမ့်မယ်။ "

" စကြစို့။ " လင်းယွမ်က ဂိတ်တံခါးကို ကြည့်ပြီး ဆင်းသက်မှုကို စတင်လိုက်သည်။

ထျန်းချင်းကမ္ဘာက မိစ္ဆာနတ်ဘုရားများ၏ ကျူးကျော်ခြင်းခံနေရပြီး အချိန်စီးဆင်းမှုမတူညီသောကြောင့် အနည်းငယ် နှောင့်နှေးသည်နှင့် ထျန်းချင်းကမ္ဘာတစ်ခုလုံးကို ကြီးမားသော သက်ရောက်မှုဖြစ်စေပေလိမ့်မည်။

ထျန်းချင်းကမ္ဘာ။

ကောင်းကင်တွင် ကြီးမားသော အက်ကြောင်းတစ်ခု ပွင့်နေပြီး မိစ္ဆာနတ်ဘုရားရုပ်သေးများက အဆက်မပြတ်ဝင်ရောက်ကာ နယ်မြေများစွာကို ဖျက်စီးနေခဲ့သည်။

ထိုအက်ကြောင်း၏ အလွန်တွင် မိစ္ဆာအော်ရာများနှင့် မိစ္ဆာနတ်ဘုရားနှစ်ပါးက ရပ်နေပြီး သွေးနီရောင်မျက်လုံးများနှင့် ထျန်းချင်းကမ္ဘာထဲသို့ စိုက်ကြည့်နေသည်။

မိစ္ဆာနတ်ဘုရားများ၏ ကျူးကျော်မှုကို ခုခံရန်အတွက် ထျန်းချင်းကမ္ဘာမှ သက်ရှိများက ကောင်းကင်နှင့် မြေကြီးကို ထောက်ပံ့ပေးထားသော မြင့်မြတ်သစ်ပင်ဆီသို့ ဆုတ်ခွာလာရသည်။ မြင့်မြတ်သစ်ပင်၏ နွယ်များ တစ်ချက်ဝှေ့ရမ်းလိုက်သည်နှင့် မိစ္ဆာနတ်ဘုရားရုပ်သေး သန်းပေါင်းများစွာကို ဖျက်ဆီးသွားခဲ့သည်။

ထျန်းချင်းကမ္ဘာ၏ အပြင်ဘက်။

" နယ်မြေသခင်ရဲ့ နည်းလမ်းတွေက တကယ်ကြောက်စရာကောင်းတာပဲ။ တစ်ချက်တည်းနဲ့ ဒီကမ္ဘာရဲ့ အတားအဆီးကို ဖျက်စီးပစ်ခဲ့တယ်။ " ဘယ်ဘက်ရှိ မိစ္ဆာနတ်ဘုရားက စိတ်ဝိညာဉ်လှိုင်းများကို ထုတ်လွှတ်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။

နယ်မြေသခင်၏ နည်းလမ်းများသာ မရှိခဲ့လျှင် မိစ္ဆာနတ်ဘုရားနှစ်ပါးက ထျန်းချင်းကမ္ဘာသို့ ကျူးကျော်ရန်မပြောနှင့် ဘိုးဘေးနတ်ဆိုးသစ်ပင်ကြောင့် အနားပင် ချဉ်းကပ်နိုင်မည်မဟုတ်ပေ။ သူတို့က ကမ္ဘာအတားအဆီးကို ဖျက်စီးပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်ကို ဒဏ်ရာရစေခဲ့သည်။

" ဘိုးဘေးနတ်ဆိုးသစ်ပင်က ဒဏ်ရာအပြင်းအထန် ရပြီးတာတောင် ငါတို့ စိတ်ဝိညာဉ်ဖိနှိပ်ခြင်းကို ခုခံနိုင်သေးတယ်။ မဟုတ်ရင် ဒီကမ္ဘာတစ်ခုလုံးက သက်ရှိတွေက ငါတို့ ဖန်တီးထားတဲ့ အိပ်မက်ဆိုးကမ္ဘာထဲကို ကျရောက်ပြီးသွားပြီပေါ့။ " ညာဘက်မှ မိစ္ဆာနတ်ဘုရားက ပြောလိုက်သည်။

" အဲ့ဒီနတ်ဆိုးသစ်ပင်က နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ဒီလောက်စွမ်းအားကြီးလာတယ်။ နယ်မြေသခင်ရဲ့ နည်းလမ်းတွေကတောင် သူ့ကို မချေမှုန်းနိုင်ခဲ့ဘူး။ " ဘယ်ဘက်မှ မိစ္ဆာနတ်ဘုရားကလည်း ထောက်ခံလိုက်သည်။

သူတို့ နယ်မြေသခင်က မည်မျှ ကြောက်စရာကောင်းသည်ကို သိကြလေသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းကျော်က သူတို့က လျို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေနိုင်ခဲ့ပြီး သူတို့၏ ခွန်အားကလည်း သာမန်မိစ္ဆာနတ်ဘုရားများထက် သာလွန်ခဲ့သည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်က ပြင်းထန်စွာ ဒဏ်ရာရရှိပြီးနောက် သူတို့က ကျူးကျော်ရန် စွမ်းအားရှိခဲ့ကြလေသည်။ သို့သော် ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ့ကိုသူ ဖျက်စီးပြီး သူတို့အား ထိခိုက်အောင် လုပ်သွားမည်ကို သူတို့က စိုးရိမ်ကြလေသည်။ သို့သော် ကမ္ဘာအတားအဆီးက ပျက်စီးသွားပြီဖြစ်သောကြောင့် ထျန်းချင်းကမ္ဘာကို သိမ်းပိုက်နိုင်ရန် အချိန်တစ်ခုသာလိုလေသည်။

မြင့်မြတ်သစ်ပင်က ကောင်းကင်နှင့် မြေကြီးကို ထောက်ပံ့ပေးထားပြီး မရေတွက်နိုင်သော သိုင်းတာအိုကျင့်ကြံသူများက ၎င်း၏ ပင်စည်အတွင်း ပုန်းအောင်းနေခဲ့ကြသည်။

နှစ်ပေါင်းသိန်းချီကြာပြီးနောက် လင်းယွမ်၏ လျို့ဝှက်လမ်းညွှန်မှုအောက်တွင် သိုင်းတာအိုက အားလုံး၏ ရိုသေလေးစားခြင်းကို ခံခဲ့ရသည်။ မြင့်မြတ်သစ်ပင်က သိုင်းဘိုးဘေးချန်ထားခဲ့သော အရန်အစီအစဉ်တစ်ခုသာ ဖြစ်ပြီး သိုင်းဘိုးဘေးက ထျန်းချင်းကမ္ဘာထဲရှိ သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ မူလအစဖြစ်ခဲ့သည်။

သိုင်းဘိုးဘေးမရှိလျှင် ထျန်းချင်းကမ္ဘာက ပျက်စီးသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် မရေတွက်နိုင်သော သိုင်းတာအိုကျင့်ကြံသူများ၏ စိတ်ထဲတွင် သိုင်းဘိုးဘေးဟူသော ယုံကြည်ချက်တစ်ခု ဖြစ်လာခဲ့သည်။ မြင့်မြတ်သစ်ပင်က ထျန်းချင်းကမ္ဘာကို စောင့်ရှောက်ရန် သိုင်းဘိုးဘေး ချန်ထားခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။

မြင့်မြတ်သစ်ပင်၏ အပေါ်ဆုံးတွင် နယ်မြေတစ်ခုကဲ့ ကျယ်ဝန်းသော နေရာတွင် မရေတွက်နိုင်သော သိုင်းတာအိုကျင့်ကြံသူများက နေထိုင်နေကြသည်။ ၎င်းက ထျန်းချင်းကမ္ဘာ၏ နောက်ဆုံးအကာအကွယ်လည်း ဖြစ်သည်။

ထိုနေရာ၏ အလယ်တွင် သိုင်းခန်းမရှိပြီး သိုင်းဘိုးဘေးကို ပူဇော်သည့်နေရာလည်း ဖြစ်သည်။ ထျန်းချင်းကမ္ဘာမှ သက်ရှိများ၏ တော်ဝင်နယ်မြေလည်းဖြစ်သည်။

ထျန်းချင်းကမ္ဘာထဲရှိ ဘယ်သူမှ သိုင်းဘိုးဘေးကို မမြင်ဖူးကြသော်လည်း သိုင်းဘိုးဘေး၏ ဒဏ္ဍာရီက နေရာတိုင်းတွင် ရှိလေသည်။

ခန်းမထဲတွင် ဘုန်းတော်ကြီးများနှင့် သိုင်းတာအိုကျင့်ကြံသူများက သိုင်းဘိုးဘေး၏ ရွှေရောင်ခန္ဓာကို ပူဇော်နေကြသည်။ သူတို့က မိစ္ဆာနတ်ဘုရားများကို တွန်းလှန်ရန်အတွက် ထျန်းချင်းကမ္ဘာ၏ သက်ရှိများကို ကယ်တင်ရန် သိုင်းဘိုးဘေးကို အကြိမ်များစွာ ပူဇော်ခဲ့ကြသည်။ သိုင်းဘိုးဘေးက ပေါ်လာခြင်းမရှိလျှင်တောင် သူတို့၏ စိတ်ထဲမှ သိုင်းဘိုးဘေးအပေါ် ယုံကြည်မှုက ယိမ်းယိုင်သွားခြင်းမရှိခဲ့ပေ။

သိုင်းခန်းမထဲတွင် လူတစ်ယောက်၏ ရုပ်တုတစ်ခုက ထိုနေရာတွင် ပူဇော်ခံနေရသည်။ ၎င်းက မြင့်မြတ်သစ်ပင်၏ စိတ်အသိမှတစ်ဆင့် ရရှိခဲ့သော သိုင်းဘိုးဘေး၏ မူလခန္ဓာကိုယ်နှင့်ဆင်တူသည့် သိုင်းဘိုးဘေး၏ ရွှေရောင်ခန္ဓာဖြစ်သည်။

အမှန်တော့ သိုင်းဘိုးဘေး၏ ရွှေရောင်ခန္ဓာက ဘိုးဘေးနတ်ဆိုးသစ်ပင်ကို လင်းယွမ်အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်များနှင့် နှစ်ပေါင်းတစ်သိန်းကျော်ကြာအောင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ လင်းယွမ်၏ စိတ်အသိဆင်းသက်ရန်အတွက် ဖြစ်သည်။

နှစ်ပေါင်းတစ်သိန်းကျော်ကြာအောင် ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်များနှင့် အားဖြည့်မှုကြောင့် ထိုရွှေရောင်ခန္ဓာက အဋ္ဌမအလွှာတွင် ရှိလေသည်။ လင်းယွမ်က ထျန်းချင်းကမ္ဘာထဲသို့ နောက်တစ်ကြိမ် ဆင်းသက်လာသည်နှင့် ထိုခန္ဓာထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်လေသည်။

ရွှေရောင်ခန္ဓာက ရတနာတစ်ခုကဲ့သို့ ဖြစ်သောကြောင့် အခြားကမ္ဘာများတွင် ဖန်တီးလျှင် အင်အားကြီးသူများ၏ လုယက်ခြင်းခံရနိုင်လေသည်။ သို့သော် သူ၏ ကမ္ဘာကဲ့သို့ ဖြစ်နေသော ထျန်းချင်းကမ္ဘာတွင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ကာကွယ်မှုနှင့်အတူ ရွှေရောင်ခန္ဓာက ထျန်းချင်းကမ္ဘာမှ သက်ရှိအားလုံး၏ ယုံကြည်မှုတစ်ခုဖြစ်လာခဲ့သည်။

သိုင်းခန်းမထဲတွင် မရေတွက်နိုင်သော လူများက သိုင်းဘိုးဘေးကို ကိုးကွယ်ပူဇော်နေကြသည်။ နံ့သာတိုင်များ၏ အမွှေးနံ့သာများက လေထဲတွင် ပျံ့နှံ့နေပြီး လူတိုင်းက ဒူးထောက်ပြီး ဆုတောင်လိုက်ကြသည်။

" သိုင်းဘိုးဘေးက သက်ရှိများအပေါ် သနားကြင်နာပြီး ကြီးမားသော ခွန်အားနှင့် ဆင်းသက်ကာ မိစ္ဆာနတ်ဘုရားများကို မောင်းထုတ်ပါစေ။ "

အမျိုးသမီးတစ်ယောက်က ဒူးထောက်ပြီး သိုင်းဘိုးဘေးဆီသို့ ဆုတောင်းလိုက်သည်။ တစ်ချိန်တည်းတွင် ကမ္ဘာသစ်ပင်၏ အကိုင်းအခက်များက ယိမ်းထိုးပြီး နက်ရှိုင်းသော အော်ရာများကို ထုတ်လွှတ်လိုက်သည်။

ဤကမ္ဘာတွင် ကောင်းကင်၊ မြေကြီး၊ နတ်ဘုရား၊ လူသား၊ မိစ္ဆာ၊ တစ္ဆေ အားလုံးက သိုင်းဘိုးဘေးကို ကိုးကွယ်ပူဇော်ကြလေသည်။

All Chapters