မိစ္ဆာနတ်ဘုရားနှစ်ပါး ဝင်ရောက်လာခြင်း....
Vol. 40 Ch. 614
ထိုအချိန်တွင် အခြားဒိုင်မန်ရှင်းတစ်ခုမှ စိတ်အသိတစ်ခုက ရွှေရောင်ခန္ဓာထဲသို့ ဝင်ရောက်သွားသည်။လင်းယွမ်က ရွှေရောင်ခန္ဓာထဲတွင် တဖြည်းဖြည်း နိုးထလာသည်။
" ထျန်းချင်းကမ္ဘာကို ပြန်ရောက်ပြီ။ " လင်းယွမ်က စိတ်စွမ်းအားအနည်းငယ်ကို ဘိုးဘေးနတ်ဆိုးသစ်ပင်ဆီသို့ ပို့လွှတ်လိုက်သည်။ " ဘိုးဘေးနတ်ဆိုးသစ်ပင်ရဲ့ ဒဏ်ရာတွေက ဒီလောက်တောင် ပြင်းထန်တာလား။ "
ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ဒဏ်ရာများက အမြစ်များထိပင် ရောက်နေခဲ့သည်။ ထို့ကြောင့်လည်း ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ့ကို အရေးတကြီး ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။
" ဒါက သိပ်အရေးမကြီးပါဘူး။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
ရွှေရောင်ခန္ဓာကို ပျိုးထောင်ပြီးနောက် ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ့အတွက် သိပ်အရေးမပါတော့ပေ။ သိုင်းဘိုးဘေးရွှေရောင်ခန္ဓာကို နှစ်တစ်သိန်းကျော်ပျိုးထောင်ပြီးနောက် နဝမအလွှာသို့ ခြေလှမ်းတစ်ဝက် ဝင်ရောက်နိုင်ခဲ့သည်။
လင်းယွမ်က သိုင်းဘိုးဘေး ရွှေရောင်ခန္ဓာကို သိမ်းပိုက်နိုင်ရန် နာရီဝက်သာ အချိန်လိုအပ်လေသည်။ သူက နဝမအလွှာ အခြေခံတိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ပြီး နိယာမများကို နားလည်မှုနှင့် ကျွမ်းကျင်မှုလည်း ရှိနေသည်။
" အင်း " လင်းယွမ်၏ စိတ်က ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် ပေါင်းစပ်သွားပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာမှ အသေးစိတ် အချက်အလက်များကို စတင်လက်ခံလိုက်သည်။
သူတို့ကြားရှိ ဆက်သွယ်မှုကြောင့် လင်းယွမ်က ပင်မစကြာဝဠာတွင် ရှိနေစဉ် ဘိုးဘေးနတ်ဆိုးသစ်ပင်ထံမှ သတင်းအချက်အလက်များ ရရှိနိုင်သော်လည်း အချက်အလက်များက အလွန်ရိုးရှင်းလေသည်။
" မိစ္ဆာနတ်ဘုရားနှစ်ပါးက ထျန်းချင်းကမ္ဘာကို ကျူးကျော်တာ အံ့ဩစရာမဟုတ်ဘူး။ သူတို့ရဲ့ နောက်ကွယ်မှာ နယ်မြေသခင်ဆိုတာ ရှိနေတာကိုး။ " လင်းယွမ်က နှစ်ပေါင်းများစွာအတွင်း အဖြစ်အပျက်များကို လျင်မြန်စွာ နားလည်လိုက်သည်။
နောက်ဆုံးတွင် ထျန်းချင်းကမ္ဘာ၏ အတားအဆီးက ဆုတ်ပြဲပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်ပြင်းထန်စွာ ဒဏ်ရာရသွားခြင်းမှာ အစွမ်းထက်သော မိစ္ဆာနတ်ဘုရားထံမှ လာခြင်းဖြစ်လေသည်။
လင်းယွမ်ရရှိထားသော အချက်အလက်များအရ ထျန်းချင်းကမ္ဘာ၏ အပြင်ဘက်ရှိ အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် အနက်ရောင်နတ်ဆိုးနယ်မြေဟူသော အင်အားစုတစ်ခုဖြစ်ပြီး နယ်မြေသခင်က မိစ္ဆာနတ်ဆိုးများစွာကို အုပ်ချုပ်လေသည်။
" နှစ်ပေါင်းများစွာအတွင်း ငါ့ရဲ့ လွှမ်းမိုးမှုအောက်မှာ ထျန်းချင်းကမ္ဘာရဲ့ မူလရင်းမြစ်က အနည်းဆုံး ဆယ်ဆကျော် ပိုပြီးအားကောင်းလာတယ်။ " လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ရှုထောင့်မှ ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်ကို ကြည့်လိုက်သည်။
ထျန်းချင်းကမ္ဘာ၏ ကောင်းကင်တာအိုကို အစားထိုးပြီးနောက် လင်းယွမ်က ၎င်းကို စတင်ထိန်းချုပ်ခဲ့ပြီး မူလရင်းမြစ်၏ စီးဆင်းမှုကို ပိုမိုပြည့်စုံအောင်လုပ်ခဲ့သည်။ ဆင်းသက်မှုပြီးနောက် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ် စီးဆင်းမှုကို ချိန်ညှိပေးခဲ့သည်။
သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ပင်မစကြာဝဠာ၏ လည်ပတ်မှုကို လေ့လာပြီး ထျန်းချင်းကမ္ဘာ၏ လည်ပတ်မှုကိုလည်း ပင်မစကြာဝဠာနှင့် နီးစပ်အောင် ပြုပြင်ခဲ့သည်။
သို့သော် ပင်မစကြာဝဠာက ထျန်းချင်းကမ္ဘာမပြောနှင့် အဆုံးမဲ့ဟင်းလင်းပြင်တစ်ခုလုံးပင် နှိုင်းယှဉ်၍ မရပေ။ ထျန်းချင်းကမ္ဘာက ပင်မစကြာဝဠာ၏ လည်ပတ်မှုကို အတုယူခြင်းက ရေတိုတွင် သက်ရောက်မှုနည်းလျှင်တောင် နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ ကွာခြားမှုက ကြီးမားလာပေလိမ့်မည်။
ရလဒ်အနေဖြင့် ယနေ့ ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်က လွန်ခဲ့သော နှစ်ပေါင်းများစွာထက် ဆယ်ဆပိုမိုများပြားလာသည်။ လင်းယွမ်က သိုင်းဘိုးဘေး ရွှေရောင်ခန္ဓာကို ပျိုးထောင်ရန်အတွက်လည်း မူလရင်းမြစ်များ သုံးစွဲခဲ့သေးသည်။
ထျန်းချင်းကမ္ဘာ၏ ထိုကဲ့သို့ ပြောင်းလဲမှုက ပြင်ပမှ မိစ္ဆာနတ်ဘုရားများ၏ အာရုံကို ဆွဲဆောင်ခဲ့လေသည်။ ယခင် ထျန်းချင်းကမ္ဘာ၏ အားနည်းမှုနှင့် ဘိုးဘေးနတ်ဆိုးသစ်ပင်တို့၏ ကာကွယ်မှုကြောင့် မိစ္ဆာနတ်ဘုရားများက ကျူးကျော်ချင်လျှင်တောင် အကျိုးအမြတ်နှင့် ဆုံးရှုံးမှု မထိုက်တန်သောကြောင့် လှုပ်ရှားခြင်းမရှိကြပေ။
သို့သော် မူလရင်းမြစ် ဆယ်ဆကျော် ပိုမိုအားကောင်းလာသော ထျန်းချင်းကမ္ဘာက ကွဲပြားလေသည်။ အဓိကပြဿနာတစ်ခုမှာ အနက်ရောင်နတ်ဆိုးနယ်မြေသခင်က နှစ်ပေါင်းများစွာအတွင်း ထျန်းချင်းကမ္ဘာ အားကောင်းလာသည့် လျို့ဝှက်ချက်ကို သိလိုခဲ့သည်။
ထိုနည်းလမ်းကိုသာ ကျွမ်းကျင်လျှင် မူလရင်းမြစ်များကို ဝါးမျိုခြင်းက ပို၍ အကျိုးရှိလာပေလိမ့်မည်။ ၎င်းက ထျန်းချင်းကမ္ဘာကျူးကျော်ခံရသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။
" ကျူးကျော်ခံရပေမယ့် ဒီကမ္ဘာက သက်ရှိတွေထဲမှ သေဆုံးမှုသိပ်မရှိဘူး။ " လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်မှတစ်ဆင့် ထျန်းချင်းကမ္ဘာကို လေ့လာလိုက်သည်။
အဓိကအချက်မှာ ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာမှ သက်ရှိများကို ၎င်း၏ ပင်စည်အနီးတွင် စုဝေးကြရန် အချိန်မီအမိန့်ထုတ်ပြန်ခဲ့သောကြောင့် ဖြစ်သည်။ နတ်ဆိုးသစ်ပင်၏ စွမ်းအားကို အကာအကွယ်ယူပြီး အားလုံးက အသက်ရှင်နိုင်ခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ မိစ္ဆာနတ်ဘုရားနှစ်ပါး၏ ဆက်လက်တိုက်ခိုက်မှုများကြောင့် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ဒဏ်ရာများက ပို၍ ဆိုးလာခဲ့သည်။
" ပူဇော်ပွဲပြီးသွားပြီလား။ " လင်းယွမ်က ခန်းမထဲသို့ ကြည့်လိုက်သည်။
ပူဇော်ကြသူများက ရိုသေလေးစားစွာ ရပ်နေကြပြီး ကောင်းကင်နှင့် မြေကြီး၏ အော်ရာတစ်ခုက ရွှေရောင်ခန္ဓာထဲသို့ စီးဝင်သွားသည်။ နှစ်ပေါင်းများစွာတိုင်အောင် ပွဲတော်တိုင်းတွင် သိုင်းဘိုးဘေး ရွှေရောင်ခန္ဓာက ကမ္ဘာ၏ မူလစွမ်းအားများကို စုပ်ယူပြီး ၎င်း၏ အခြေခံကို ခိုင်မာစေခဲ့သည်။
" အမွှေးတိုင်တစ်ဝက်မကုန်ခင် ငါ ဒီခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်လိမ့်မယ်။ " လင်းယွမ်က သူကိုယ်တိုင်အတွက် ပျိုးထောင်ထားသော သိုင်းဘိုးဘေး ရွှေရောင်ခန္ဓာကို ကြည့်ပြီး ကျေနပ်နေသည်။
မကြာမီ သိုင်းတာအိုလေ့ကျင့်သူများအားလုံး ခန်းမထဲမှ ထွက်ခွာသွားကြပြီး နတ်ဆရာတစ်ယောက်သာ ကျန်ခဲ့သည်။ နတ်ဆရာက ချင်ယောင်ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာ ထျန်းချင်းမဟာမိတ် ပထမခေါင်းဆောင်၏ မျိုးဆက်ဖြစ်သည်။
ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က လင်းယွမ်ကို နှသ်ပေါင်းများစွာ အမှုထမ်းခဲ့ပြီး သူ၏ မျက်ဆက်တိုင်းကလည်း လေးစားခံခဲ့ရသည်။
"သိုင်းဘိုးဘေး " ချင်ယောင်က ရွှေရောင်ခန္ဓာကို အနည်းငယ် စိုးရိမ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ " အဲ့ဒီမိစ္ဆာနတ်ဘုရားနှစ်ပါးက ဒီလိုသာ ဆက်ကျူးကျော်နေရင် ထျင်းချင်းကမ္ဘာ လူသားနယ်မြေရဲ့ ၇၀ ရာခိုင်နှုန်းက လုံးဝသိမ်းပိုက်ခံရလိမ့်မယ်။ အဲ့ဒီနောက်မှာ ထျန်းချင်းကမ္ဘာတစ်ခုလုံးလည်း ပျက်စီးသွားလိမ့်မယ်။ "
နတ်ဆရာတစ်ယောက်အနေဖြင့် သူမ၏ စိတ်ဝိညာဉ်က ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် ချိတ်ဆက်ထားပြီး ထျန်းချင်းကမ္ဘာရင်ဆိုင်နေရာသောအန္တရာယ်ကို မရေမရာ ခံစားရလေသည်။
" ဒါကြောင့် အဲ့ဒီအခြေအနေကို မရောက်အောင် ကျွန်မတို့ ခုခံရလိမ့်မယ်။ " ချင်ယောင်က ဆုံးဖြတ်ချက်ချလိုက်သည်။ " ဒီကမ္ဘာက သက်ရှိတစ်ဝက်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်တွေကို ယဇ်ပူဇော်ပြီး မြင့်မြတ်သစ်ပင်ရဲ့ ဒဏ်ရာတွေ သက်သာလာအောင် ကူညီပေးမယ်။ မြင့်မြတ်သစ်ပင်ရဲ့ စွမ်းအားနဲ့ဆို အဲ့ဒီမိစ္ဆာနတ်ဘုရားနှစ်ပါးကို ရပ်တန့်နိုင်လိမ့်မယ်။ "
ချင်ယောင်၏ အမူအရာက တည်ငြိမ်လာသည်။ ဤကမ္ဘာမှ သက်ရှိတစ်ဝက်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များကို ယဇ်ပူဇော်မည့် နတ်ဆရာအနေဖြင့် သူမကိုယ်တိုင်လည်း အသက်ရှင်နိုင်မည်မဟုတ်ဘဲ အခြားသူများနှင့်အတူ မြင့်မြတ်သစ်ပင်၏ အာဟာရဖြစ်သွားပေလိမ့်မည်။ သို့သော် ထျန်းချင်းကမ္ဘာကို ကာကွယ်နိုင်သရွေ့ အကြီးမားဆုံး ပေးဆပ်မှုလည်း ထိုက်တန်ပေသည်။
ထျန်းချင်းကမ္ဘာ၏ အက်ကြောင်းအပြင်ဘက်တွင် မိစ္ဆာနတ်ဘုရားနှစ်ပါးက အတွင်းသို့ လေ့လာနေကြသည်။
" အကိုနတ်ဆိုးသစ်ပင် မင်း ဒီကမ္ဘာကို ပေးအပ်ပြီး ကမ္ဘာရဲ့ မူလရင်းမြစ်က လာလို့ ဒီလေုက်မြန်မြန်တိုးတက်လာတဲ့ အကြောင်းရင်းကို ပြောပြလိုက်ရုံပါပဲ။ ငါတို့ နယ်မြေသခင်ရှေ့မှာ မင်းအတွက် ပြောပေးရင် မင်းလည်း ယုံကြည်ရတဲ့ လက်အောက်ခံတစ်ယောက် ဖြစ်လာမှာပါ။ " ဘယ်ဘက်ရှိ မိစ္ဆာနတ်ဘုရားက စိတ်ဝိညာဉ်လှိုင်းများထုတ်လွှတ်ပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။
စတင်ကျူးကျော်ကတည်းက သူတို့က တိုက်ခိုက်ခြင်းမရှိဘဲ ဖိနှိပ်ရန်ရည်ရွယ်ခဲ့ကြပြီး မကြာခဏ ထိုသို့ ပြုလုပ်ခဲ့ကြသော်လည်း ထိရောက်ခြင်းမရှိပေ။ ခဏကြာသောအခါ မိစ္ဆာနတ်ဘုရားက မကျေမနပ်ဖြစ်သွားသည်။
ပုံမှန်အားဖြင့် သူမေးလိုက်တိုင်း ဘိုးဘေးနတ်ဆိုးသစ်ပင်က အချိန်ဆွဲရန်အတွက် အချက်အလက်အနည်းငယ် ပေးပို့လေ့ရှိသည်။ သို့သော် ယခု ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ့ကို ဂရုစိုက်ခြင်းမရှိပေ။
" ဒီလို သနားစရာကောင်းတဲ့ အခြေအနေမှာတောင် မောက်မာနေတုန်းပဲ။ " ညာဘက်မှ မိစ္ဆာနတ်ဘုရားကလည်း မကျေမနပ်ဖြစ်သွားသည်။
သူတို့က အသာစီးတွင် ရှိနေပြီး တန်ဖိုးတစ်ခု ပေးဆပ်လိုက်လျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်ကို ဖမ်းချုပ်ပြီး ထျန်းချင်းကမ္ဘာကို သိမ်းပိုင်ပြီးသား ဖြစ်ပေလိမ့်မည်။
" ထားလိုက်တော့ နောက်ထပ် အချိန်ဆွဲမနေတော့နဲ့။ ငါတို့ မူလခန္ဓာကိုယ်တွေနဲ့ တိုက်ရိုက်ဝင်ကြမယ်။ " ဘယ်ဘက်မှ မိစ္ဆာနတ်ဘုရားက ပို၍ ဒေါသထွက်နေသည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က ခုခံမှုအချို့ရှိလျှင်တောင် အများကြီးဖြစ်လာမည်မဟုတ်တော့ပေ။ မိစ္ဆာနတ်ဘုရားနှစ်ပါးက အတင်းအကျပ်ဝင်ရောက်လာလျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ပြန်လည်တိုက်ခိုက်မှုများက သူတို့ကို များစွာ ထိခိုက်စေမည်မဟုတ်ပေ။
ဝုန်း ဝုန်း ဝုန်း....
ထိုခဏတွင် ထျန်းချင်းကမ္ဘာအတွင်း ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ကာကွယ်မှုနယ်မြေအောက်တွင် မရေတွက်နိုင်သော သက်ရှိများက ကောင်းကင်သို့ ထိတ်လန့်စွာ မော့ကြည့်လိုက်ကြသည်။ ကောင်းကင်ရှိ အက်ကြောင်းက ရုတ်တရက် ပိုမိုကျယ်ဝန်းလာခဲ့သည်။
လက်တန်ပေါင်းများစွာ ဖုံးလွှမ်းထားသော မိစ္ဆာနတ်ဘုရားတစ်ပါးက အက်ကြောင်းမှတစ်ဆင့် ဖြည်းညင်းစွာ ဝင်ရောက်လာသည်။ သူဝင်ရောက်လာသည်နှင့် ထျန်းချင်းကမ္ဘာတစ်ခုလုံး တုန်ခါသွားပြီး မြေပြင်များ ကွဲအက်သွားသည်။
အခြားတစ်ဖက်တွင်လည်း အလားတူအက်ကြောင်းတစ်ခုမှ တောင်ပံများစွာနှင့် မျက်လုံးကြီးတစ်လုံးက မိစ္ဆာအော်ရာများနှင့်အတူ ဖြည်းညင်းစွာ ဝင်ရောက်လာသည်။