သိုင်းဘိုးဘေးက ထျန်းချင်းကမ္ဘာသို့ ဆင်းသက်လာခဲ့လေပြီ....
Vol. 40 Ch. 615
သိုင်းခန်းမအတွင်း နတ်ဆရာ ချင်ယောင်၏ အမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားသည်။
" မကောင်းတော့ဘူး။ " ချင်ယောင်က ထရပ်လိုက်သည်။ သူမက အပြင်သို့ မမြင်ရလျှင်တောင် ကြောက်စရာကောင်းသော အော်ရာနှစ်ခုက ထျန်းချင်းကမ္ဘာထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။
" ထပ်စောင့်လို့မရတော့ဘူး။ အခု သက်ရှိတစ်ဝက်ကို မြင့်မြတ်သစ်ပင်ဆီ ယဇ်ပူဇော်ရမယ်။ " ချင်ယောင်က ချက်ချင်း အမိန့်ထုတ်ပြန်လိုက်ပြီး မြင့်မြတ်သစ်ပင်၏ ဒဏ်ရာများကို ကုသပေးရန် သိုင်းတာအိုကျင့်ကြံသူများကို ခန်းမအပြင်ဘက်တွင် စုဝေးစေလိုက်သည်။ သူတို့က ထျန်းချင်းကမ္ဘာအတွက် စတေးရန် အမြဲတမ်းအဆင်သင့် ဖြစ်နေခဲ့ကြသည်။
" သိုင်းဘိုးဘေး ကျွန်မတို့ကို ကောင်းချီးပေးပြီး အရာအားလုံး အဆင်ပြေချောမွေ့စေဖို့ မျှော်လင့်ပါတယ်။ "
ချင်ယောင်က သိုင်းခန်းမထဲမှ မထွက်ခွာမီ သိုင်းဘိုးဘေးရွှေရောင်ခန္ဓာကို လှည့်ကြည့်လိုက်သည်။ ကမ္ဘာ၏ သက်ရှိတစ်ဝက်ကို ယဇ်ပူဇော်ခြင်းက မြင့်မြတ်သစ်ပင်၏ ဒဏ်ရာများကို ကုသပေးနိုင်သော်လည်း မိစ္ဆာနတ်ဘုရားနှစ်ပါးကို ရပ်တန့်နိုင်ရန် မသေချာပေ။
မြင့်မြတ်သစ်ပင်၏ အထွတ်အထိပ်ကာလမှာပင် ထိုမိစ္ဆာနတ်ဘုရားနှစ်ပါးက မြင့်မြတ်သစ်ပင်ကို ဒဏ်ရာရစေပြီး ထျန်းချင်းကမ္ဘာထဲသို့ ကျူးကျော်ခဲ့ခြင်းဖြစ်သည်။
သို့သော် ချင်ယောင်က လှည့်ကြည့်လိုက်ချိန်တွင် အံ့အားသင့်သွားသည်။ နှစ်ပေါင်းသောင်းချီကြာအောင် သိုင်းခန်းမထဲတွင် မလှုပ်မယှက် ရပ်နေခဲ့သေည သိုင်းဘိုးဘေးက ယခု ပျောက်ကွယ်နေခဲ့သည်။
" သိုင်းဘိုးဘေး ဘယ်ရောက်သွားတာလဲ။ "
ချင်ယောင်က အလွန်ထိတ်လန့်သွားသည်။ သိုင်းဘိုးဘေးက သူမသာမက ထျန်းချင်းကမ္ဘာမှ သက်ရှိအားလုံး၏ ယုံကြည်မှုဖြစ်သည်။ သူမက သိုင်းခန်းမမှ လျင်မြန်စွာ ထွက်ခွာပြီး စစ်ဆေးရန် ပြင်လိုက်သော်လည်း ရုတ်တရက် မှင်သက်သွားသည်။
အကြောင်းမှာ သိုင်းခန်းမ၏ ဝင်ပေါက်တွင် ဘယ်ချိန်ကတည်းကမှန်းမသိ အရပ်မြင့်မြင့် လူတစ်ယောက် ရပ်နေသောကြောင့် ဖြစ်သည်။ ထိုလူက လက်နှစ်ဖက်နောက်ပစ်၍ သူမကို ကျောပေးပြီး ရပ်နေသည်။
" သက်ရှိတစ်ဝက်ကို စတေးဖို့ မလိုတော့ဘူး။ " လင်းယွမ်က ချင်ယောင်ကို ကြည့်ပြီး ပြောလိုက်သည်။
ချင်ယောင်က ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် ဆက်သွယ်ထားသောကြောင့် လင်းယွမ်ကလည်း သက်ရှိတစ်ဝက် ယဇ်ပူဇော်မည့်အကြောင်းကို သိထားလေသည်။
" သိုင်းဘိုးဘေး..." ထိုစကားများကို ကြားသောအခါ ချင်ယောင်က တုန်လှုပ်သွားပြီး မျက်လုံးများတွင် မျက်ရည်များ စိုစွတ်လာသည်။
ထျန်းချင်းကမ္ဘာရှိ သက်ရှိများ နှစ်ပေါင်းများစွာ ကိုးကွယ်ခဲ့သော သိုင်းဘိုးဘေးက နောက်ဆုံးတွင် ပြန်လာခဲ့ပြီဖြစ်သည်။
လင်းယွမ်က ချင်ယောင်ကို ကျောခိုင်းပြီး ခြေတစ်လှမ်းဖြင့် သိုင်းခန်းမမှ ပျောက်ကွယ်သွားခဲ့သည်။ ထျန်းချင်းကမ္ဘာထဲရှိ မိစ္ဆာနတ်ဘုရားရုပ်သေးများက ရုတ်တရက် ပျက်စီးသွားကြပြီး ကြောက်စရာကောင်းသော စွမ်းအားများအဖြစ် ပြောင်းလဲကာ ထျန်းချင်းကမ္ဘာ မူလရင်းမြစ်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
ကောင်းကင်ပေါ်ရှိ ကြီးမားသော အက်ကြောင်းနှစ်ခုမှ ဝင်ရောက်ရန် ကြိုးစားနေကြသော မိစ္ဆာနတ်ဘုရားနှစ်ပါးကလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားကြပုံရသည်။ သူတို့က ဘိုးဘေးနတ်ဆိုးသစ်ပင်ရှိရာသို့ ကြည့်ပြီး ထိတ်လန့်သွားကြသည်။ တုန့်ဆိုင်းမနေကြတော့ဘဲ သူတို့၏ ကြီးမားသော ခန္ဓာကိုယ်ကြီးများနှင့် အက်ကြောင်းမှတစ်ဆင့် ပြန်ဆုတ်ရန် ကြိုးစားလိုက်ကြသည်။
သိုင်းဘိုးဘေးက ထျန်းချင်းကမ္ဘာသို့ ဆင်းသက်လာခဲ့လေပြီ။
ကျယ်ပြောသော ကောင်းကင်ယံထက်တွင် မိစ္ဆာနတ်ဘုရားနှစ်ပါး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးများက ထျန်းချင်းကမ္ဘာထဲသို့ တစ်ဝက်ဝင်ရောက်နေကြပြီဖြစ်သည်။ သူတို့က ကမ္ဘာများကို ဝါးမျိုရှင်သန်သူများဖြစ်သဖြင့် သူတို့၏ အာရုံခံနိုင်စွမ်းက အလွန်ထက်မြက်လှသည်။ ယခုအခါ သူတို့က ဘေးအန္တရာယ်ကြီးတစ်ခု ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူတို့က ချက်ချင်း ပြန်လည်ဆုတ်ခွာကြခြင်းဖြစ်သည်။
သူတို့၏ ခန္ဓာကိုယ်များက ကမ္ဘာထဲသို့ တစ်ဝက်ဝင်ရောက်နေပြီဖြစ်သောကြောင့် အတင်းအကျပ် ပြန်ဆုတ်ခြင်းက ထိခိုက်ဒဏ်ရာများ ရရှိစေနိုင်လေသည်။ သို့သော် သူတို့က ၎င်းကို ဂရုစိုက်ခြင်းမရှိကြပေ။
" အဲ့ဒီနတ်ဆိုးသစ်ပင်က ဒီလောက်ကြောက်စရာကောင်းတဲ့ ဝှက်ဖဲတစ်ခုရှိနေတာလား။ " မိစ္ဆာနတ်ဘုရားနှစ်ပါးက မယုံကြည်နိုင်ဖြစ်သွားကြသည်။
ထိုခြိမ်းခြောက်မှုကို အတိအကျ မသိသေးသော်လည်း ထျန်းချင်းကမ္ဘာအတွင်းမှ လာသည်ကို သံသယဝင်စရာမလိုပေ။ ထို့အပြင် ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် ဆက်စပ်နေခြင်းက သူတို့ကို အံ့အားသင့်စေခဲ့သည်။
" ဘိုးဘေးနတ်ဆိုးသစ်ပင်က အဲ့ဒီဝှက်ဖဲကို ဘာလို့အရင်ကတည်းက မသုံးခဲ့တာလဲ။ "
" ထျန်းချင်းကမ္ဘာရဲ့ အတားအဆီ ဖျက်ဆီးခံရတဲ့အထိ ဘာလို့စောင့်နေတာလဲ။ "
အဆုံးမဲ့ဟင်းလင်းပြင်တွင် မိစ္ဆာနတ်ဘုရားများက ထျန်းချင်းကမ္ဘာအား ကျူးကျော်ခြင်းကို အာရုံစိုက်နေကြသည်။ နှစ်ပေါင်းသိန်းအနည်းငယ်အတွင်း ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ် ဆယ်ဆအထိ တိုးတက်လာခြင်းက သူတို့ကို လိုချင်တပ်မက်စိတ်ဖြစ်ပေါ်စေခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် ထျန်းချင်းကမ္ဘာက အနက်ရောင်နတ်ဆိုးနယ်မြေသခင်၏ မျက်စိကျခြင်းကို ခံနေရလေသည်။
နယ်မြေသခင်က လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းကျော်က ဟင်းလင်းပြင် လျို့ဝှက်နယ်မြေတစ်ခုမှ အခွင့်အလမ်းတစ်ခုကို ရရှိခဲ့သည်။ သူ၏ စွမ်းအားက ကြီးမားစွာ တိုးတက်ခဲ့ပြီး ထိုနေရာရှိ အသန်မာဆုံး မိစ္ဆာနတ်ဘုရား ဖြစ်လာခဲ့သည်။
" အဲ့ဒီကမ္ဘာထဲမှာ ဘယ်လိုလျို့ဝှက်ချက်တွေရှိမယ်ဆိုတာ ဘယ်သူသိမလဲ။ "
" အဲ့ဒီနတ်ဆိုးသစ်ပင်က နယ်မြေသခင်ရဲ့ အမိန့်ကို လျစ်လျူရှုပြီး တားဆီးခဲ့တယ်။ အခုတော့ ဘာဖြစ်သွားလဲကြည့်ဦး။ "
မိစ္ဆာနတ်ဘုရားများက သူများဒုက္ခရောက်နေသည်ကို ကြည့်ပြီး ကျေနပ်နေကြသည်။ အထူးသဖြင့် မိစ္ဆာနတ်ဘုရားများက သူတို့၏ မူလခန္ဓာကိုယ်များဖြင့် ထျန်းချင်းကမ္ဘာထဲသို့ ဝင်ရောက်ရန် ကြိုးစားနေကြသည်ကို မြင်သောအခါ နတ်ဆိုးသစ်ပင်၏ ကံကြမ္မာကို ကြိုသိသွားကြသည်။
သို့သော် မကြာမီ မိစ္ဆာနတ်ဘုရားများက တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိသွားကြသည်။
" မိစ္ဆာမျက်လုံးနဲ့ လက်တစ်သောင်းမိစ္ဆာက ဘာလို့ထွက်ပြေးနေကြတာလဲ။ "
မိစ္ဆာမျက်လုံးနှင့် လက်တစ်သောင်းမိစ္ဆာတို့က နယ်မြေသခင်၏ အမိန့်အောက်မှ ထျန်းချင်းကမ္ဘာကို သိမ်းပိုက်ရန် တာဝန်ပေးခံရသူများဖြစ်သည်။ ယခု သူတို့က အသက်အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ အသည်းအသန် နောက်ဆုတ်နေကြသည်ကို တွေ့လိုက်ကြရသည်။
" စိတ်ဝင်စားစရာပဲ။ ဘာတွေဖြစ်နေတာလဲ။ "
" အဲ့ဒီနတ်ဆိုးသစ်ပင်မှာ အခြားဝှက်ဖဲတွေ ရှိနေတာလား။ "
" ဒါပေါ့။ ကမ္ဘာတစ်ခုရဲ့ မူလရင်းမြစ်ကို ဆယ်ဆတိုးမြှင့်ပေးနိုင်တယ်ဆိုတာ ဝှက်ဖဲတွေတော့ ရှိမှာပဲ။ "
မိစ္ဆာနတ်ဘုရားများက အခြေအနေကို ခန့်မှန်းလိုက်ကြသည်။
" စောင့်ကြည့်ကြတာပေါ့။ "
မိစ္ဆာနတ်ဘုရားများက နယ်မြေသခင်ကို ကြောက်ရွံ့ကြသော်လည်း မိစ္ဆာမျက်လုံးနှင့် လက်တစ်သောင်းမိစ္ဆာတို့ ဆုတ်ခွာနေကြသည်ကို မြင်ရသည့်အတွက် ကျေနပ်နေကြသည်။
ထျန်းချင်းကမ္ဘာ။
လင်းယွမ်က လေထဲတွင် ရပ်နေပြီး သူ၏ အကြည့်ရောက်သည့်နေရာမှ မိစ္ဆာနတ်ဘုရားရုပ်သေးများက ပြာဖြစ်သွားကြသည်။ ၎င်းတို့က မိစ္ဆာနတ်ဘုရား၏ စွမ်းအားမှ လာခြင်းဖြစ်ပြီး မိစ္ဆာနတ်ဘုရားများက ကမ္ဘာကို ဝါးမျိုနိုင်သကဲ့သို့ ကမ္ဘာကလည်း မိစ္ဆာနတ်ဘုရားများကို ဝါးမျိုနိုင်လေသည်။
ယခု လင်းယွမ်၏ ထိန်းချုပ်မှုအောက်တွင် မိစ္ဆာနတ်ဘုရားရုပ်သေးများက ပျက်စီးပြီးနောက် ကျန်ရစ်သော စွမ်းအားများအားလုံးက ကမ္ဘာ၏ မူလရင်းမြစ်မှ စုပ်ယူခြင်းခံလိုက်ရသည်။
" ဒီခန္ဓာကိုယ်က..." လင်းယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
သူလက်ရှိပိုင်ဆိုင်ထားသော ခန္ဓာကိုယ်က ထျန်းချင်းကမ္ဘာ၏ အဆုံးမဲ့မူလရင်းမြစ်များဖြင့် အားဖြည့်ပြီး ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။
" ထွက်ပြေးချင်တာလား။ " လင်းယွမ်က အပြင်သို့ ပြန်ထွက်ရန် ကြိုးစားနေကြသော မိစ္ဆာနတ်ဘုရားနှစ်ပါးကို ကြည့်လိုက်သည်။
သူ၏ အတွေးများက အနည်းငယ် လှုပ်ရှားသွားပြီး ထျန်းချင်းကမ္ဘာ၏ စွမ်းအားများက ထက်ရှသော လေဟာနယ်ဓားများအဖြစ် ပြောင်းလဲ၍ တိုက်ရိုက်ခုတ်ပိုင်းလိုက်သည်။
" မကောင်းတော့ဘူး။ "
တိုက်ခိုက်ခံရသူမှာ လက်တစ်သောင်းမိစ္ဆာဖြစ်ပြီး ၎င်းက ကမ္ဘာထဲသို့ အရင်ဆုံးဝင်ရောက်လာသူဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်း အများစုက ထျန်းချင်းကမ္ဘာအတွင်း ရှိနေသည်။ အကယ်၍ ထိုခန္ဓာကိုယ်အစိတ်အပိုင်းသာ ခုတ်ပိုင်းခံရလျှင် မသေလျှင်တောင် ပြန်လည်ကောင်းမွန်ရန် အချိန်မည်မျှယူရမည်ကို မသိနိုင်ပေ။
" နယ်မြေသခင် ကယ်ပါဦး။ " လက်တစ်သောင်းမိစ္ဆာက ရုပ်တုတစ်ခုကို ထုတ်လိုက်သည်။
ရုပ်တုက လက်၁၈ဖက်ပါသော ရုပ်တုတစ်ခုဖြစ်သော်လည်း သက်ရှိများစွာကို ရူးသွပ်ခြင်းနှင့် ပျက်စီးခြင်းသို့ ပို့ဆောင်နိုင်သော စွမ်းအားတစ်ခု ထုတ်လွှတ်နေသည်။ ၎င်းက နယ်မြေသခင်ပေးထားသော နောက်ဆုံးဝှက်ဖဲဖြစ်ပြီး သုံးကြိမ်သာ အသုံးပြုနိုင်လေသည်။
ထျန်းချင်းကမ္ဘာကို ကျူးကျော်ချိန်က တစ်ကြိမ်အသုံးပြုပြီးသောကြောင့် အခွင့်အရေးနှစ်ကြိမ်သာ ကျန်တော့လေသည်။ သူတို့က ရုပ်တုကို တစ်ကြိမ်သာ အသုံးပြုရန် လိုအပ်ပြီး ကျန်သည့်နှစ်ကြိမ်ကို အနာဂတ်အတွက် ချန်ထားမည်ဟု တွေးခဲ့ကြသည်။ သို့သော် ယခုတော့ နောက်တစ်ကြိမ်ကို အသုံးပြုလိုက်ရပြီဖြစ်သည်။
" ဒါဆို နယ်မြေသခင်လုပ်တာပေါ့။ " လင်းယွမ်က အချက်အလက်များကို ရရှိထားသောကြောင့် ထိုရုပ်တုကိုလည်း သိထားလေသည်။
" မကောင်းတော့ဘူး။ ရုပ်တုမှာ အလွှာတစ်တယ်နဲ့ နီးစပ်တဲ့ စွမ်းအားရှိနေတယ်။ " လင်းယွမ်က ရုပ်တုကို ကြည့်ပြီး နယ်မြေသခင်၏ ခွန်အားကို ခန့်မှန်းလိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဘိုးဘေးနတ်ဆိုးသစ်ပင် အထွတ်အထိပ်ကာလမှာပင် သတ္တမအလွှာသာ ရှိခဲ့ပြီး နယ်မြေသခင်က အလွှာတစ်ဆယ်နှင့် နီးစပ်သော စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။ ထို့ကြောင့်ပင် မိစ္ဆာနတ်ဘုရားအားလုံးက သူ့ကို ကြောက်ရွံ့ကြခြင်းဖြစ်သည်။
သို့သော် လင်းယွမ်က ထိုစွမ်းအားကို ဂရုမစိုက်ပေ။ လက်ရှိခွန်အားအရ သူကိုယ်တိုင်လည်း အလွှာတစ်ဆယ်သို့ ရောက်ခါနီးနေပြီဖြစ်သည်။ ထို့အပြင် သူက အရေးကြီးသည့် အချိန်များတွင် အလွှာဆယ့်တစ်စွမ်းအားကိုပင် ထုတ်ဖော်နိုင်လေသည်။
ဝုန်း...
လက်တစ်သောင်းမိစ္ဆာ၏ လက်ထဲမှ ရုပ်တုက အနက်ရောင်မြူခိုးများကို ထုတ်လွှတ်လိုက်သည်။ အနက်ရောင်မြူခိုးများက လျင်မြန်စွာ ကျယ်ပြန့်လာပြီး မိုင်ပေါင်းသိန်းချီကို ခဏအတွင်း ဖုံးလွှမ်းသွားသည်။
" ပျောက်ကွယ်စေ။ " လေထဲတွင် ရပ်နေသော လင်းယွမ်က ကြီးမားသော မိစ္ဆာနတ်ဘုရားနှစ်ပါးနှင့် ယှဉ်လျှင် အရေးမပါသော ဖုန်မှုန့်လေးတစ်ခုနှင့် တူလေသည်။
သို့သော် သူ၏ ညာလက်ကို မြှေက်ပြီး လက်ညှိုးထိုးလိုက်သောအခါ ရုပ်တုမှ ထွက်ပေါ်လာသော ကြောက်စရာကောင်းသည့် အနက်ရောင်မြူခိုးများက လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ရုပ်တုကိုယ်တိုင်ပင် တုန်ခါသွားပြီး မျက်နှာပြင်တွင် အက်ကြောင်းများ ပြည့်နှက်သွားသည်။