← Chapters

ကျွမ်းကျင်မှုဖြင့် ရရှိခဲ့လျှင် အငှားပစ္စည်းကို ဘာလို့ ပြန်ပေးရမှာလဲ

Vol. 55 Ch. 815

ကျွမ်းကျင်မှုဖြင့် ရရှိခဲ့လျှင် အငှားပစ္စည်းကို ဘာလို့ ပြန်ပေးရမှာလဲ

Vol. 55 Ch. 815

ကောင်းကင်နှင့်မြေကြီး၏ လွှမ်းမိုးမှုသည် လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာ ကုန်ဆုံးသွားသည်။

အချို့လူများသည် သူတို့၏အဝတ်အစားများကို ယူရန် အိမ်ပြန်ရန် ပြင်ဆင်နေကြစဉ် မိုးတိမ်မည်းများ ရောက်ရောက်ချင်း ပျောက်ကွယ်သွားသည်။

အဝတ်လှန်းစင်ပေါ်မှ အဝတ်အစားများကို ယူရမလို ထားခဲ့ရမလို ဖြစ်နေသည်။မင်းနေပြည်တော်က ပြည်သူတွေအတွက်တော့ ဒါက အသေးအဖွဲ ကိစ္စလေးတစ်ခုပါပဲ။

ချင်စံအိမ်တော်အတွင်းတွင် အန်းယာသည် ကောင်းကင်နှင့်မြေကြီး၏ လွှမ်းမိုးမှု အတည်ပြုခြင်းကို အောင်မြင်စွာ ဖြတ်ကျော်ပြီး တတိယအဆင့်နယ်ပယ်သို့ ဝင်ရောက်သွားသည်။ ထို့နောက် ထုံးစံအတိုင်း ချင်ကျန့်အန်းနှင့် မေမေလေးအပြင် အစ်မတော် ကျန့်လီနှင့် ဖေးလန်တို့ကိုပါ လက်ဖက်ရည် ဆက်သရမည်။

ပထမနှစ်ယောက်ကတော့ ပုံမှန်အတိုင်းပါပဲ။ ချင်ကျန့်အန်းနှင့် မေမေလေးတို့ သူမထွက်သွားသည်ကို ပြုံးပြီး ကြည့်နေကြသည်။

နောက်ဆုံးနှစ်ယောက်ကတော့...အန်းယာသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ချင်ဖုန်းကို ပြောလိုက်သည်။

"ယောက်ျား ရှင်ရှေ့ကနေ သွားပါ ကျွန်မဘာသာ အစ်မတော်နှစ်ယောက်ကို သွားတွေ့လိုက်မယ်"

"တစ်ယောက်တည်းသွားရင် အဆင်ပြေပါ့မလား"

ချင်ဖုန်းက အံ့အားသင့်စွာ မေးလိုက်သော်လည်း ရိုးရိုးသားသားပြောရရင် သူကိုယ်တိုင်လည်း မသွားချင်ပေ။

"မိန်းမသုံးယောက်က ပြဇာတ်တစ်ခုဖန်တီးတယ်" ဆိုတဲ့ စကားပုံရှိတာကိုး။ သူက မုန်တိုင်းရဲ့ ဗဟိုမှာ ရှိနေပြီး မိန်းမသုံးယောက်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ချင်စိတ်မရှိဘူး။

အချိန်ရောက်လာတဲ့အခါ ဇနီးတွေက သူ့ကို ဘက်လိုက်ခိုင်းရင် သူဘယ်ဇနီးကို ထောက်ခံထောက်ခံ ဒုက္ခရောက်မှာပဲ။

မြင်တယ်မလား မိန်းမတွေရှေ့မှာ ရွေးချယ်စရာမေးခွန်းတွေအတွက် ဘယ်တော့မှ မှန်ကန်တဲ့အဖြေဆိုတာ မရှိဘူး။

"ယောက်ျား စိတ်မပူပါနဲ့ ကျွန်မက အစ်မတော်နှစ်ယောက်နဲ့ စကားပြောရုံပဲ စစ်မြေပြင်သွားရမှာမှ မဟုတ်တာ"

အန်းယာက အနည်းငယ်ပြုံးပြီး ပြန်ဖြေလိုက်ပေမဲ့ သူမရဲ့မျက်လုံးတွေမှာတော့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ ပြည့်နေတယ်။

သူမရဲ့မယ်တော်က အစ်မတော်နှစ်ယောက်နဲ့ မယှဉ်ဘဲ ချင်ဖုန်းရဲ့နှလုံးသားကိုပဲ ရအောင်ယူဖို့ အကြံပေးခဲ့ပေမဲ့ ငယ်စဉ်ကတည်းက မယ်တော်ရဲ့နန်းတွင်းလွှမ်းမိုးမှုကို မြင်လာရတဲ့ တော်ဝင်မိသားစုက မင်းသမီးတစ်ပါးအနေနဲ့ ဘယ်လိုလုပ် မတိုက်ခိုက်ဘဲ နောက်ဆုတ်နိုင်မှာလဲ။

နိုင်ငံတစ်နိုင်ငံရဲ့ မင်းသမီးတစ်ပါးအနေနဲ့ သူမမှာလည်း ကိုယ့်ဂုဏ်သိက္ခာနဲ့ကိုယ် ရှိတာကိုး။

"ဒီလိုဆိုရင်တော့ ကိုယ်မလိုက်တော့ဘူး အချိန်အရဆို ကျန့်လီနဲ့ ဖေးလန်က အခုလောက်ဆို ကွင်းပြင်မှာ လေ့ကျင့်နေလောက်ပြီ"

ချင်ဖုန်းပြောပြီးတာနဲ့ ထွက်ပြေးသလို လျင်မြန်စွာ ထွက်သွားသည်။

အန်းယာသည် ချင်စံအိမ်တော်သို့ အကြိမ်များစွာ ရောက်ခဲ့ဖူးသဖြင့် အပြင်အဆင်နှင့် ရင်းနှီးသည်။ မကြာမီပင် သူမသည် ကွင်းပြင်သို့ ဦးတည်သော စင်္ကြံထောင့်သို့ ရောက်ရှိလာသည်။

သူမပတ်ဝန်းကျင်တွင် မှိန်ဖျော့ဖျော့ ဆူညံသံများကို ကြားနေရသည်။ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူမ၏ကိုယ်ဟန်အနေအထားကို တည့်မတ်ကာ ဖြည်းဖြည်းချင်း ရှေ့သို့တိုးလိုက်သည်။

ဒါက ချင်စံအိမ်တော်တွင် အစ်မတော်နှစ်ယောက်နှင့် သူမတိုက်ခိုက်ရမယ့် ပထမဆုံးတိုက်ပွဲဖြစ်လိမ့်မယ်။

ဒါပေမဲ့ သူမ အဲဒီမှာ ရပ်နေခဲ့ပြီး ကွင်းပြင်က မြင်ကွင်းကြောင့် မှင်တက်သွားခဲ့ရသည်။

ဓားနယ်မြေက ကွင်းပြင် တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး လျိုကျန့်လီနဲ့ ချန်းဖေးလန်တို့က အဲဒီထဲမှာ လေ့ကျင့်နေကြတယ်။ ဓားချီစွမ်းအင်တွေက လေထဲမှာ ပြည့်နှက်နေပြီး သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲက သူမနားလည်နိုင်စွမ်းထက် လုံးဝကျော်လွန်နေတယ်။

သူမရဲ့ဝင်ရောက်မှုကို မကျေနပ်ရင် ငါ့ကို တိုက်ခိုက်ကြမလား။

အန်းယာ စိုးရိမ်တကြီး တံတွေးမျိုချလိုက်သည်။။

သူမကို မြင်သောအခါ လျိုကျန့်လီနှင့် ချန်းဖေးလန်တို့ ချက်ချင်းပင် လေ့ကျင့်မှုကို ရပ်လိုက်ကြသည်။ သူမ၏အဖြူရောင်လက်စကို ဝှေ့ယမ်းလိုက်ပြီး လျိုကျန့်လီသည် ဓားနယ်မြေကို ဖယ်ရှားလိုက်သည်။

"လက်ဖက်ရည်လာဆက်တာလား"

ချန်းဖေးလန်က အရင်ဆုံးစကားစပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်တယ်။

သူမ ချင်စံအိမ်တော်ကို ပထမဆုံးလက်ထပ်ဝင်တုန်းကလည်း အစ်မ ကျန့်လီကို လက်ဖက်ရည်ဆက်သခဲ့ရတယ်။

အစပိုင်းမှာ သူမ မလိုလားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သူမယုံကြည်ခဲ့တယ်။

အခု အန်းယာကို မြင်ရတဲ့အခါ သူမရဲ့စိတ်က မကူညီနိုင်ဘဲ စိတ်လှုပ်ရှားလာတယ်။ အစ်မ ကျန့်လီကို သူ မယှဉ်နိုင်တဲ့အတွက် သူ့အပေါ်မှာတော့ သူမရဲ့ဩဇာကို တည်ထောင်နိုင်မယ်။

အတိတ်က သူမလိုပဲ အန်းယာကလည်း ခေါင်းမာနေဖို့ သူမ ဘယ်လောက်မျှော်လင့်ခဲ့လဲဆိုတာ ဘုရားပဲသိတယ်။

သို့သော် နံ့သာတိုင်တစ်တိုင် မီးလောင်ကျွမ်းဖို့ ကြာတဲ့အချိန်အတွင်းမှာပဲ ကျန့်လီနဲ့ ဖေးလန်ရှေ့မှာ နူးညံ့သိမ်မွေ့တဲ့ လက်ဖက်ရည်ပန်းကန်ခွက်ယောက်တစ်စုံ ချထားပေးခဲ့တယ်။

အန်းယာက အစ်မတော်နှစ်ယောက်အတွက် တိတ်တိတ်ဆိတ်ဆိတ် လက်ဖက်ရည်ငှဲ့ပေးပြီး စဉ်းစားဟန်ဖြင့် သတိပေးလိုက်တယ်။

"သတိထားပါ ပူတယ်နော်"

'ငါ့မယ်တော်ပြောတာ မှန်တယ် ငါယောက်ျားရဲ့နှလုံးသားကို ဆုပ်ကိုင်ထားသရွေ့ အစ်မတော် နှစ်ယောက်ကို ရန်တိုက်ဖို့ မလိုအပ်ဘူး။'

ပညာရှိသူသည် အရှက်မရှိဘဲ အားကြီးသူအား လိုက်လျောရန် အချိန်ကို သိသည်။

တခြားတစ်ယောက်က ဒီလောက်ယဉ်ကျေးတာကို မြင်ရတဲ့အခါ ချန်းဖေးလန်က နည်းနည်း ကြပ်တည်းသလို ခံစားရပြီး ဒေါသထွက်တာကို မထုတ်ဖော်နိုင်တဲ့အတွက် မကျေနပ်တဲ့မျက်နှာနဲ့ လက်ဖက်ရည်ကို သောက်လိုက်ရသည်။။

လျိုကျန့်လီကတော့ ခေါင်းဆောင်ဇနီးတစ်ယောက်ရဲ့ ကိုယ်ဟန်အနေအထားနဲ့ တည်ငြိမ်အေးဆေးနေခဲ့သည်။

အပျင်းထူထူ စကားပြောပြီးနောက် ချန်းဖေးလန်က ထပ်ပြောလိုက်သည်။။

"အိမ်စည်းကမ်းတွေကို မင်းကို ပြောပြဖို့ မေ့သွားတယ် ငါတို့ယောက်ျားနဲ့ အိပ်ရာခွဲတာက တစ်ယောက်တစ်လှည့်စီ တစ်ညစီပဲ မင်းက မနေ့ကမှ လက်ထပ်တာဆိုတော့ ငါမင်းနဲ့ မယှဉ်လိုက်ဘူး ဒါပေမဲ့ ဒီညတော့ ငါ့အလှည့်ပဲ"

ဒီလိုအရာမျိုး ရှိလိမ့်မယ်လို့ ထင်မထားမိဘူး။ အန်းယာရဲ့ မျက်စိသူငယ်အိမ်တွေက သူ့အလိုလို ပြူးကျယ်သွားပြီး သူမရဲ့နှုတ်ခမ်းတွေကို မသိစိတ်က စူလိုက်မိတယ်။

တားမြစ်ထားတဲ့အသီးကို ပထမဆုံးအကြိမ် မြည်းစမ်းပြီးတဲ့နောက် စွဲလမ်းသွားမှာက သဘာဝပဲ။ မနေ့ညက ချိုမြိန်မှုက သူမရဲ့စိတ်ထဲမှာ စွဲမြဲနေတုန်းပဲ ဒါပေမဲ့ သူမယောက်ျားနဲ့ နောက်တစ်ကြိမ်ကျတော့ သုံးရက်စောင့်ရမှာလား။

သူမဘယ်လို သည်းခံနိုင်မှာလဲ။ သူမရဲ့အတွေးတွေ လည်ပတ်နေရင်း သူမဖြေရှင်းချက်တစ်ခုကို ရှာတွေ့ပြီး တိုးတိုးလေးပြောလိုက်တယ်။

"အစ်မတော်နှစ်ယောက်ကို ကျွန်မ မဖုံးကွယ်ပါဘူး ကျွန်မတတိယအဆင့်ကို ရောက်နိုင်ခဲ့တာက ကျွန်မယောက်ျားရဲ့ အကူအညီကြောင့်ပါ"

လျိုကျန့်လီနဲ့ ချန်းဖေးလန်တို့ မော့ကြည့်လိုက်ကြတော့ ဒီအချက်ကို သူတို့သိပြီးသားဖြစ်တယ်။

"အဲတော့ ဘာဖြစ်လဲ"

"ကျွန်မ အခုမှ တတိယအဆင့်ကို ဝင်ရောက်တာပါ ကျွန်မရဲ့နယ်ပယ်က မတည်ငြိမ်သေးပါဘူး ကျွန်မယောက်ျားနဲ့ နောက်ထပ်ညအနည်းငယ် နေနိုင်ရင် အဆင်ပြေသွားနိုင်တယ် "

ချန်းဖေးလန်က မျက်မှောင်ကြုတ်လိုက်တယ်။

"မင်းနောက်နေတာလား"

အန်းယာက ချက်ချင်းထပ်ပြောလိုက်တယ်။

"ထုံးစံအတိုင်း ကျွန်မက အစ်မတော်နှစ်ယောက်ကို ဆုံးရှုံးမှုတွေ မဖြစ်စေပါဘူး ဒီရက်တွေကို အငှားသဘောထားပြီး ကျွန်မနောက်မှ ပြန်ဆပ်ပါ့မယ်"

ဒီစကားကို ကြားရတဲ့အခါ ချန်းဖေးလန်က တစ်ခုခုပြောချင်ပေမဲ့ လျိုကျန့်လီက သူမကို တားလိုက်သည်။။

"အစ်မ ကျန့်လီ"

"ငါနဲ့လိုက်ခဲ့"

လျိုကျန့်လီက ထရပ်ပြီး အန်းယာကို ဒီမှာခဏစောင့်ခိုင်းပြီး သူတို့ထွက်သွားကြတယ်။

ချန်းဖေးလန်က နားမလည်နိုင်ဘူး။

"အစ်မတော် ကျန့်လီ ဒါက စည်းကမ်းတွေနဲ့ မညီဘူးလေ"

လျိုကျန့်လီက ညင်သာစွာ ပြောလိုက်တယ်။

"ကောင်းကင်ဘုံမျှော်စင် နိုင်ငံတော် ဆရာရဲ့ တပည့် ကြိုတင်ဟောထားတာကို မင်းမှတ်မိလား"

ချန်းဖေးလန်ကတော့ သေချာပေါက် မှတ်မိသည်။

ကြိုတင်ဟောကြားချက်ကတော့ သူမယောက်ျားမှာ သားနှစ်ယောက်နဲ့ သမီးနှစ်ယောက် ရှိလိမ့်မယ်ဆိုတာပါပဲ။ ဒီသတင်းက အခုဆို မင်းနေပြည်တော်မှာ အတော်လေး လူသိများနေပြီဖြစ်ပြီး မိသားစုများစွာက သူတို့သမီးတွေကို ချင်စံအိမ်တော်ကို လက်ထပ်ပေးချင်စိတ်တွေ ပေါက်လာစေတယ်။

"အန်းယာက စောစောစီးစီး အမြွှာမွေးနိုင်ခဲ့ရင် ဒီဟောကြားချက် အမှန်တကယ်ဖြစ်မလာဘူးလား"

"ဒါဆို အစ်မ ကျန့်လီရဲ့ဆိုလိုရင်းက..."

ချန်းဖေးလန် ရုတ်တရက် နားလည်သွားတယ်။

"ငါ့ယောက်ျားရဲ့စွမ်းအားက အခု ဒုတိယအဆင့် အထွတ်အထိပ်ကို ရောက်နေပြီ ငါတောင် သူ့ကို မမြင်နိုင်ဘူး ဒီလိုကျင့်ကြံမှုနဲ့ သားသမီးရဖို့ မလွယ်ဘူး"

သူမရဲ့စကားတွေမှာ အရေအတွက်က အရည်အသွေးကို ဖြစ်ပေါ်စေနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါနေတယ်။

"ဒါပေမဲ့ အစ်မ ကျန့်လီ ကျွန်မတို့ ရှောင်အာနဲ့ လန်အာကို ကိုယ်ဝန်ဆောင်တုန်းက ဒါက တစ်ညတည်းဖြစ်ခဲ့တာမှ မဟုတ်တာ ရက်အနည်းငယ်အတွင်းမှာ အောင်မြင်နိုင်မလား"

"အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူမကို ခုနစ်ရက်ပေးလိုက်ပါ။ ပြီးတော့ သူမနောက်မှ ပြန်ဆပ်ရလိမ့်မယ်။"

ခဏစဉ်းစားပြီးနောက် အပြင်က ကောက်ကျစ်တဲ့မြေခွေးတွေက သူမယောက်ျားကို ဆက်ပြီး လောဘမကြီးစေဖို့ တားဆီးရန် ချန်းဖေးလန်က မထီမဲ့မြင် သဘောတူလိုက်တယ်။

အစ်မတော်နှစ်ယောက်ရဲ့ သဘောတူညီချက်ကို အန်းယာသိလိုက်ရတဲ့အခါ သူမတောက်ပစွာ ပြုံးလိုက်တယ်။

သူမရဲ့မျက်နှာအမူအရာကို မြင်ရတော့ ချန်းဖေးလန်က မကူညီနိုင်ဘဲ သတိပေးလိုက်တယ်။

"ဒီရက်တွေကို မင်းနောက်မှ ပြန်ဆပ်ရလိမ့်မယ်"

အန်းယာက ခေါင်းညိတ်လိုက်တယ်။

"ညီမငယ် နားလည်ပါတယ်"

သူမသဘောတူညီခဲ့သော်လည်း စီးပွားရေးနိယာမများကို ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူမတစ်ခုကို နားလည်သည်။

ကျွမ်းကျင်မှုဖြင့် ရရှိခဲ့လျှင် အငှားပစ္စည်းကို ဘာလို့ ပြန်ပေးရမှာလဲ……

ထို့အပြင် အစ်မတော် နှစ်ယောက်က ဘယ်အချိန်ပြန်ပေးရမယ်ဆိုတာကို သတ်မှတ်မထားဘူး။

သူမကိုယ်ဝန်ရလာပြီး အိမ်ထောင်ရေးလှုပ်ရှားမှုတွေ မလုပ်နိုင်တော့တဲ့အခါ သူမလိုချင်တဲ့ရက် အရေအတွက်ကိုပဲ ပြန်ဆပ်လိုက်လို့ရတယ်။

ရက်တွေက ငြိမ်းချမ်းစွာ ကုန်ဆုံးသွားပြီး အိမ်တိုင်းက ပျော်ရွှင်စွာ နေထိုင်နေပုံရတယ်။

ကောင်းကင်ဘုံမျှော်စင်ထိပ်မှာ နိုင်ငံတော် ဆရာကြီးက သက်ပြင်းရှိုက်လိုက်သည်။ ဘာလို့လဲဆိုတော့ ဒါက မုန်တိုင်းမတိုင်ခင် ငြိမ်သက်ခြင်းပဲဆိုတာ သူသိနေသည်။

တကယ့်တိုက်ပွဲက အခုမှစတော့မှာ ရှောင်လွဲလို့မရဘူး သူလုပ်နိုင်တာက အရန်အစီအစဉ်အချို့ကို ပြင်ဆင်တာပဲ။

တခြားတစ်ဖက်မှာတော့ မြောက်ဘက်အစွန်ဆုံးနယ်စပ် ရာ့ခ်ရှာဆာပြည်……

ရာ့ခ်ရှာဆာ ဘုရင်မက သူမရှေ့မှာ အဆက်မပြတ်လိမ်လည်ကောက်ကွေးနေတဲ့ ကိုယ်ခန္ဓာတွေကို ကြည့်ပြီး စွမ်းအားတွေ ပိုပြီးထွက်လာတယ်။ သူမရဲ့မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေနဲ့ နှုတ်ခမ်းတွေကို လျှာနဲ့သပ်လိုက်တယ်။

ကောင်းကင်မှာ မျက်လုံးကြီးတစ်လုံးက မှိန်ဖျော့ဖျော့ ပြောလိုက်တယ်။

"ဒီစွမ်းအားနဲ့ ရာ့ခ်ရှာဆာ မျိုးနွယ်က ဒီကမ္ဘာမှာ လွှမ်းမိုးဖို့ အချိန်တန်ပါပြီ"

"ဒါဆို ကျွန်မဘာလုပ်ရမှာလဲ"

ရာ့ခ်ရှာဆာ ဘုရင်မက မေးလိုက်တယ်။

"မဟာချန်ရဲ့ နယ်မြေလေးခုမှာရှိတဲ့ နဂါးတံဆိပ်တုံးကျောက်တိုင်အားလုံးကို ဖျက်ဆီးပစ်"

****ရက္ခိုသ်ဘုရင်မကို ရာ့ခ်ရှာဆာ ဘုရင်မလို့ ပြောင်းရေးပါမယ်***

All Chapters