ဒုတိယမြောက် သွေးလိုင်း
Vol. 18 Ch. 231
မိခင်သင်္ဘော၏ ဘယ်ဘက်တွင်ရှိသော တာဘိုင်အင်ဂျင်သည် ပေါက်ကွဲသွားပြီး မီးလျှံများထွက်လာကာ မိခင်သင်္ဘောသည် ဘေးဘက်သို့ စောင်းကျသွား၏။
ဘီလီယံပေါင်းများစွာ အကုန်အကျကာ ဝယ်ယူခဲ့ရသော မိခင်သင်္ဘောသည် ဧရာမမြွေကြီး၏ အော်ဟစ်သံကြောင့် ပျက်စီးလုနီးပါး ဖြစ်သွားသည်။
ဘီးး!
အရန်အင်ဂျင်များသည် အပြည့်လည်ပတ်လာပြီး မိခင်သင်္ဘောသည် လျင်မြန်စွာ တည်ငြိမ်သွား၏။ ဤကဲ့သို့ လုံးဝတည်ငြမ်သွားသည့် အခိုက်အတန့်တွင် မိခင်သင်္ဘောသည် မယုံနိုင်စရာကောင်းသော အရှိန်ဖြင့် လှည့်ထွက်ကာ ပျံပြေးသည်။
"သေစမ်း... ဘာတွေဖြစ်နေတာလဲ"
ဝါနာတာဘေး နိုဘီဆုသည် ကွပ်ကဲရေးခန်းထဲတွင် ကျောက်ရုပ်တစ်ခုလို ရပ်နေခဲ့၏။ သူသည် အသိစိတ်ပြန်ဝင်လာပြီးနောက် ဆဲဆိုလိုက်ကာ သူ၏ ဘယ်ဘက်ရှိ မော်နီတာကို အမြန်ကြည့်လိုက်သည်။ ၎င်းမော်နီတာသည် ပေါက်ကွဲသွားခဲ့သော အင်ဂျင်၏ အခြေအနေကို လက်ရှိအခြေအနေကို ပြသလျက်ရှိသည်။
ဖျက်ဆီးခံလိုက်ရသော အင်ဂျင်က မီးကို ငြှိမ်းသတ်ရန်အတွက် ရေမြူခိုးများ စီးထွက်နေသည်။
ဝါနာတာဘေး နိုဘီဆု ကြောင်အသွားသည်။ သူသည် အဘယ့်ကြောင့် အင်ဂျင်များသည် ရုတ်တရက် ဘယ်လို ပေါက်ကွဲသွားသည်ကို ပြန်တွေးလိုက်သည်။
ထိုအခါ ဧရာမမြွေကြီး၏ ပါးစပ်ကို ဖွင့်လိုက်သော ပုံရိပ်က သူ့အတွေးထဲတွင် ပေါ်လာသည်။
သတင်းရင်းမြစ်များအရ ဧရာမမြွေကြီးတွင် အဓိကတိုက်ခိုက်မှု ပုံစံနှစ်ခုရှိသည်။ ၎င်းက မိုးကြိုးနယ်မြေနှင့် အသံလှိုင်း ဖြစ်သည်။
"သူက အသံတိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တာလား"
ဝါနာတာဘေး နိုဘီဆု အံ့သြနေခဲ့သည်။
အသံနဲ့ တိုက်ခိုက်တာက အင်ဂျင်ကို ပေါက်ကွဲစေခဲ့တယ်။ ပြီးတော့ တစ်ကြိမ်တည်းနဲ့...။
သို့သော် သူသည် ဖန့်ရန်က သဘာဝကြိမ်နှုန်းတစ်ခုကို ခွဲခြမ်းစိတ်ဖြာပြီး ရိုက်ခတ်မှုတစ်ခုဖြင့် အရာဝတ္ထုတစ်ခုကို ဖျက်ဆီးနိုင်သည်ကို သူမသိခဲ့ပေ။
စောနက ဖန့်ရန်သည် ထိုအင်ဂျင်၏ သဘာဝကြိမ်နှုန်းကို ခွဲခြမ်းစိတ်ဖြာကာ သက်ဆိုင်ရာရိုက်ခတ်မှုကို ဖန်တီးရန်အတွက် အသံလှိုင်းများပုံစံဖြင့် တိုက်ခိုက်မှုပြုခဲ့ခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် မိခင်သင်္ဘောသည် မတူညီသော ပစ္စည်းအမျိုးမျိုးဖြင့် ပြုလုပ်ထားသောကြောင့် အစိတ်အပိုင်းတိုင်း၏ သဘာဝကြိမ်နှုန်းသည် မတူညီပေ။
ဤကြောင့်သာ မဟုတ်ခဲ့လျှင် သူ၏ အသံလှိုင်း တိုက်ခိုက်မှုတစ်ခုတည်းဖြင့် မိခင်သင်္ဘောကို ဖျက်ဆီးရန် လုံလောက်ပေမည်။
ဖန့်ရန်သည် ရေဘီလူး အမည်ရှိ ကိုင်းဂျူး သားရဲကို မျိုရန်အတွက် အချိန်အကြာကြီး မယူခဲ့ရပေ။ ထိုနောက် သူသည် နေရာအနှံ့ ပြန့်ကျဲနေသော ရေဘီလူး၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို စားသောက်ပြီးသည့်အခါတွင် စနစ်က စနစ်အမှတ် (၅၀၀၀၀၀) ရရှိကြောင်း အကြောင်းကြားလာခဲ့သည်။
"အူးးဝူးး... နောက်ဆုံးတော့ ဆင့်ကဲဖြစ်စဉ်စတင်နိုင်ပြီ"
ဖန့်ရန် အလွန်ပျော်ရွှင်နေသည်။ သူ၏ ဆင့်ကဲဖြစ်စဉ် စတင်ခဲ့သော နောက်ဆုံးအချိန်သည်၊ လွန်ခဲ့သော တစ်နှစ်ကျော် နှစ်နှစ်နီးပါးက ဖြစ်သည်။ ဤသည်က ဆင့်ကဲဖြစ်စဉ်စတင်ရန်အတွက် သူ၏ အချိန်အကြာဆုံးသော စနစ်အမှတ် စုဆောင်းရခြင်း ဖြစ်သည်။
သူသည် မလှမ်းမကမ်းတွင် ပျံဝဲနေသော လေယာဉ်များကို ဂရုမစိုက်တော့ပေ။ သူသည် အနည်းငယ် ကူးခတ်ကာ ရေအောက်သို့ ငုပ်ဆင်းလိုက်သည်။
ဂျပန်၏ မိခင်သင်္ဘောပင် ဖြစ်စေ ဟွာရှ၏ K-1b တိုက်လေယာဉ်များပင် ဖြစ်စေ ၎င်းတို့သည် ဧရာမမြွေကြီးကို စောင့်ကြည့် လေ့လာနိုင်ခြင်း မရှိတော့ပေ။
ဂျပန်၏ ကိုင်းဂျူး သားရဲလေ့ကျင့်ရေး အစီအစဉ် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သော်လည်း ၎င်း၏ အဆုံးသတ်က မည်သူမှ မမျှော်လင့်ထားသောအရာ ဖြစ်သည်။
အကြံအစည် တစ်ခုကြောင့် ဂျပန်သည် ဟွာရှကို ရန်စခဲ့သော်လည်း ၎င်းတွင် K-1b တိုက်လေယာဉ်ကဲ့သို့ အစွမ်းထက် လေယာဉ်များ ရှိနေသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။
ဤကိစ္စအဆုံးသတ်ပြီဟု အားလုံးက ထင်နေစဉ်မှာပင် ဧရာမမြွေကြီးသည် ရုတ်တရက် ပေါ်လာပြီး ရေဘီလူးကို သတ်ဖြတ်စားသောက်ကာ ပြန်လည်ပျောက်ကွယ်သွားသည်။
နိုင်ငံတကာဖိုရမ်များတွင် လူအများအပြားက ဂျပန်၏ အဓိပ္ပာယ်မဲ့တဲ့ ဤလုပ်ရပ်အတွက် လှောင်ပြောင်ကြသည်။ သို့သော်လည်း အချို့လူများသည်တော့ ဤဖြစ်ရပ်ကို အစမှ အဆုံးအထိ အလေးအနက်ထား၍ ခွဲခြမ်းစိတ်ဖြာကြသည်။
လူများစွာက ဤဖြစ်ရပ်တွင် နောက်ကွယ်က အကြံအစည်များ ရှိနေနိုင်သည်ဟု ခံစားမိခဲ့သည်။ ဂျပန်နိုင်ငံရဲ့ အဆင့်မြင့် အရာရှိများက ဤမျှလောက် မိုက်မဲမည် မဟုတ်ပေ။ ၎င်းတို့သည် အကြောင်းပြချက်မရှိ နိုင်ငံများကြား ပဋိပက္ခ ဖြစ်စေနိုင်သော မတော်တဆမှုတစ်ခုကို ဖန်တီးမည် မဟုတ်ပေ။
ဤဖြစ်ရပ်တွင် တစ်စုံတစ်ခုက နောက်ကွယ်က လက်မည်းကြီးသာ ဖြစ်မည်ဆိုလျှင် ၎င်းက အမေရိကန်ဆိုတာ သေချာသည်။
လူနည်းစုက နောက်ကွယ်က အကြံအစည်အကြောင်း ဆွေးနွေးနေကြစဉ်၊ လူအများအပြားကတော့ ဟွာရှ၏ K-1b တိုက်လေယာဉ်အပေါ် အာရုံစိုက်နေသည်။
၎င်းတို့သည် K-1b တိုက်လေယာဉ်၏ အားသာချက်၊ အားနည်းချက်ကို ခွဲခြမ်းစိတ်ဖြာပြီး အမေရိကန်၏ မိခင်သင်္ဘောများနှင့် ထိန်းချုပ်ထားနိုင်သော ကိုင်းဂျူး သားရဲများကို နှိုင်းယှဉ်ခဲ့သည်။
K-1b တိုက်လေယာဉ်နှင့် အမေရိကန်၏ မိခင်သင်္ဘောကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မိခင်သင်္ဘော၏ နည်းပညာနှင့် အဆင့်မှာ သံသယဖြစ်ဖွယ်မရှိအောင် မြင့်မားသည်။
သို့သော် K-1b တိုက်လေယာဉ်တွင် ကိုင်းဂျူး သားရဲ၏ လေဆာရောင်ခြည်တန်းနှင့် ဆင်တူသော စွမ်းရည်ရှိသည့် ဒုံးကျည် ရှိသည်။
လူအမျိုးမျိုး၊ ပညာရှင် အမျိုးမျိုးတို့၏ ခွဲခြားစိတ်ဖြာမှုအောက်တွင် ၎င်းတို့၏ အားနည်းချက် အားသားချက်များက ပေါ်လာသည်။
K-K1b တိုက်လေယာဉ်သည် ပစ်မှတ်ကို လော့ခ်ချကာ ဖျက်စီးနိုင်သည့် လေဆာရောင်ခြည်တန်းနှင့် ဆင်တူသော ဒုံးကျည်ရှိသည်။
သို့သော် ကိုင်းဂျူး သားရဲသည် ပင်လယ်ရေမျက်နှာပြင်အောက် တစ်ဆယ်ကီလိုမီတာခန့်အထိ ငုပ်ဆင်းနိုင်သည်။ ထို့အပြင် ၎င်းသည် ပစ်မှတ်ကို လော့ခ်ချကာ လေဆာရောင်ခြည်တန်းနှင့် ပစ်ခတ်နိုင်ခြင်း မရှိသော်လည်း ရေငုတ်သင်္ဘောနှင့် သင်္ဘောတွေကို ရေအောက်ကနေ ဖျက်ဆီးနိုင်သည်။
ထို့အပြင် ၎င်းသည် အသိဉာဏ်အနည်းငယ်ရှိသော သက်ရှိများဖြစ်ပြီး တိုက်လေယာဉ်တွင် မရှိသည့် ဝိညာဉ်လည်း ရှိသည်။ ၎င်းသည် ဘက်ပေါင်းစုံအသုံးပြုနိုင်ပြီး မျှော်လင့်မထားသော အခြေအနေများဖြစ်လာလျှင်ပင် လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်၏။
ဤသည်က သံသယဖြစ်ဖွယ်ရာမရှိအောင်ပင် ဧရာမမြွေကြီး အကြောင်းကို လူအများက ပြောနေကြခြင်း ဖြစ်သည်။
၎င်းသည် လူအများ ဆွေးနွေးနေသည့် အရာများထဲမှ တစ်ခုဖြစ်ပြီး၊ ၎င်းတို့ အဓိကဆွေးနွေးနေသည်ကတော့ မိခင်သင်္ဘော၏ အင်ဂျင်ကို မည်သို့ ဖျက်ဆီးခဲ့သနည်း ဆိုသည်ပင်။
မိခင်သင်္ဘော၏ အင်ဂျင်ပေါက်ကွဲမှုကြောင့် အချို့လူများသည် ၎င်း၏ တိုက်ခိုက်ရေးနှင့် ခုခံကာကွယ်ရေးတို့သည် သိပ်မကောင်းဟု ယူဆခဲ့ကြသည်။
သို့သော် အချို့လူများကတော့ မိခင်သင်္ဘောသည် မျှော်လင့်မထားသော အခြေအနေကြောင့် ထိခိုက်သွားခဲ့ခြင်း ဖြစ်ပြီး ၎င်းကို တိုက်ခိုက်ခဲ့တာကလည်း ကမ္ဘာပေါ်က အစွမ်းအထက်ဆုံး သားရဲအဖြစ် လူသိများသော ဧရာမမြွေကြီးကြောင့် ၎င်းဤသို့ ဖြစ်သွားခဲ့မှန်းသိ၏။
ထို့အပြင် အမေရိကန်၏ မိခင်သင်္ဘောရဲ့ စွမ်းအားက ဤမျှဖြင့် အဆုံးသတ်မည် မဟုတ်ပေ။ အွန်လိုင်းတွင် ဖော်ပြထားသော အချက်အလက်များအရ အမေရိကန်၏ ရည်မှန်းချက်သည် အာကာသသို့ပင် ဝင်ရောက်နိုင်သော စွမ်းရည်ရှိသည့် မိခင်သင်္ဘောကို ဖန်တီးရန် ဖြစ်သည်။
အနာဂတ်တွင် ၎င်းမိခင်သင်္ဘော သယ်ဆောင်ထားမည့် လက်နက်တွေက ဒုံးကျည်များ သို့မဟုတ် ကျည်များ ဖြစ်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် အာကာသတွင် တိုက်ခိုက်နိုင်မည့် လေဆာလက်နက်များ၊ စွမ်းအင်လက်နက်များကို အနာဂတ်တွင် အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။
ဂျပန်၏ ကိုင်းဂျူး သားရဲ၊ ရေဘီလူး အကြောင်း အွန်လိုင်းတွင် ဆွေးနွေးမှုများ အလွန်ရေပန်းစားနေသည်။ ၎င်းတို့ဆွေးနွေးနေသည်က ၎င်း၏ ဧရာမမြွေကြီးရဲ့ အလွယ်တကူ အသတ်ခံရပုံဖြစ်သည်။
ဤသည်က ဖန့်ရန်၏ ဂုဏ်သတင်းကို မြင့်တက်စေခဲ့ပြီး ဂုဏ်သတင်းရမှတ်များ ရရှိစေခဲ့သည်။
သူ၏ ဂုဏ်သတင်းရမှတ်ကို တိုးပွားစေနိုင်သော အချက်နှစ်ခုရှိပြီး၊ ၎င်းက သူ့အကြောင်းကို လူသိများခြင်း၊ ၎င်းတို့၏ သူ့အပေါ် ထင်မြင်ချက် နက်ရှိုင်းခြင်းတို့ ဖြစ်သည်။
ရေဘီလူးကို စားသောက်ပြီး နှစ်လကြာပြီးနောက် သူသည် တောင်ပစိဖိတ်သမုဒ္ဒရာဆီသို့ ဦးတည်လာခဲ့၏။
သူ၏ ဤရွေ့လျားချက်တွင် နက်ရှိုင်းသော ပန်းတိုင် မရှိပေ။ ၎င်းက သူ၏ ကျပန်းဦးတည်ချက်တစ်ခုသာ ဖြစ်သည်။
သူသည် ဆင့်ကဲဖြစ်စဉ်စတင်ရန်အတွက် သင့်လျော်သောနေရာတစ်ခုကို ရှာဖွေနေသည်။
သူသည် ဆင့်ကဲဖြစ်စဉ်စတင်ရန်အတွက် ဆောင်းခိုခြင်း သို့မဟုတ် အိပ်စက်ရန် မလိုအပ်တော့ပေ။ သို့သော်လည်း ဤတစ်ကြိမ်သည် အထူးအခြေအနေတစ်ခု ဖြစ်၏။ ယခုသူ၏ ဂုဏ်သတင်းရမှတ်သည် (၁၀) ဘီလီယံသို့ ရောက်ရှိခဲ့သည်။
ဂုဏ်သတင်းရမှတ် (၁၀) ဘီလီယံသို့ ရောက်ချိန်တွင် စနစ်က သူ့အား ဒုတိယမြောက် သွေးလိုင်းကို ဆုလာဘ်အဖြစ် ပေးခဲ့သည်။
သူသည် ဤတစ်ကြိမ် ရရှိခဲ့သော သွေးလိုင်းသည် ဖေယိမြွေသွေးလိုင်း ဖြစ်သည်။ ဖေယိမြွေသည် ဒဏ္ဍာရီလာမြွေကဲ့သို့ ဒဏ္ဍာရီလာ သားရဲတစ်ကောင် ဖြစ်သည်။
ဒဏ္ဍာရီများတွင် ဒဏ္ဍာရီလာမြွေက ဆင်များကို မျိုနိုင်သော မြွေဟု ဆိုထားပြီး၊ ဖေယိသည် ၎င်းဖြတ်သန်းသွားရာ လမ်းတလျှောက်တွင် မိုးခေါင်ခြင်းနှင့် ကပ်ဆိုးများ သယ်ဆောင်ကာ ချန်ရစ်ခဲ့သောမြွေ ဖြစ်သည်။
(စိတ်ကူးယဥ် စာပေဖြစ်သည်။ ဤအခန်းတွင် မြွေအမည်ကို ဘာသာပြန် အလွဲအချော် အချို့ရှိခဲ့သောကြောင့် အမှားအယွင်သီးခံပေးပါ)
ရှေးဘိုးဘေးများသည် ဖေယိကို ကြောက်ရွံ့ခဲ့ကြပြီး ၎င်းတို့ကို နတ်ဘုရားများအဖြစ် ကိုးကွယ်ခဲ့ကြသည်။
အကယ်၍ ဒဏ္ဍာရီလာမြွေသည် ၎င်း၏ ကန့်သတ်ချက်ကို ဖောက်ထွက်နိုင်သော ထူးခြားဆန်းကျယ်သည့် မြွေဖြစ်လျှင် ဖေယိသည် စွမ်းအားကြီးမားသော နတ်ဘုရားတစ်ပိုင်း သားရဲ ဖြစ်သည်။
သူသည် ယခင် ဒဏ္ဍာရီမြွေ သွေးလိုင်းကို အသုံးပြုစဉ်က နက်ရှိုင်းသော အိပ်စက်ခြင်းသို့ ဝင်ရောက်ခဲ့ရပြီး၊ ယခု ဖေယိ သွေးလိုင်းကို အသုံးပြုမည့်အခါတွင် ဤအခြေအနေကိုလည်း ထက်မံကြုံတွေ့ရမည်လားဆိုသည်ကို သူမသိပေ။
ထို့အပြင် သူသည် ဂုဏ်သတင်းရမှတ် (၁၀) ဘီလီယံသို့ ရောက်ရှိချိန်တွင် ကျွမ်းကျင်မှုရမှတ် (၁၅) ကို ဆုလာဘ်အဖြစ် ရရှိခဲ့သည်။ ထိုကျွမ်းကျင်မှုရမှတ်နှင့် ယခင်ကျန်ရှိနေသော ကျွမ်းကျင်မှုရမှတ်ကို ပေါင်းလိုက်သည့်အခါတွင် သူသည် စွမ်းရည်တစ်ခုကို အဆင့်မြှင့်တင်နိုင်၏။
သို့သော်လည်း သူသည် ကျွမ်းကျင်မှုရမှတ်ကို ချက်ချင်းအသုံးပြုခြင်း မရှိပေ။ သူသည် ဆင့်ကဲဖြစ်စဉ်ပြီးဆုံးသည်အထိ စောင့်ဆိုင်းမည် ဖြစ်သည်။ မည်သူသိနိုင်မည်နည်း ဆင့်ကဲဖြစ်စဉ် ပြီးဆုံးချိန်တွင် စွမ်းရည်အသစ်များ ရရှိလာနိုင်သည်။
ခြောက်ရက်ခန့်ကြာပြီးနောက် ဖန့်ရန်သည် ကျွန်းကြီးတစ်ခုကို တွေ့ရှိခဲ့သည်။ ၎င်းကျွန်းသည် အလွန်ကြီးပြီး နိုင်ငံတကာ မြို့တွေထက်တောင် ကြီးမားသည်။ သူသည် ကမ်းခြေဆီသို့ တက်သွားပြီး အတွင်းပိုင်းအခြေအနေကို အိုဗာကလော့ တုန်ခါမှု စွမ်းရည်က သံလိုက်လှိုင်းကို အသုံးပြု၍ စူးစမ်းလိုက်သည်။
ဤကျွန်းသည် လူသူကင်းမဲ့သော ကျွန်းတစ်ခု ဖြစ်သည်။
သူသည် ဤကျွန်း၏ နက်ရှိုင်းသော အပိုင်းဆီသို့ ဝင်ရောက်ပြီးနောက် ရေကန်တစ်ခုရှေ့တွင် ရပ်လိုက်သည်။ ထိုနောက် သူသည် ရေကန်၏ အနက်ကို စူးစမ်းရန် အသံလှိုင်းကို အသုံးပြုပြီးနောက် ရေကန်အနက်သည် မီတာ (၁၀၀) ကျော်ကြောင်း တွေ့လိုက်ရ၏။
"အရမ်းကောင်းတယ်"
ဆင့်ကဲဖြစ်စဉ်စတင်ရန် အကောင်းဆုံးနေရာကို တွေ့ရှိပြီးနောက် သူသည် ရေကန်ထဲသို့ ဝင်ရောက်ရန် တွန့်ဆုတ်မနေပေ။
ရေကန်အောက်ခြေသို့ ရောက်ရှိပြီးနောက် ဖန့်ရန်သည် ဘေးပတ်လည် ရေအောက်ရှုခင်းကို ကြည့်လိုက်သည်။ ရေကန်အောက်ခြေသည် အလွန်ကျယ်ဝန်းပြီး ရေအနက်သည်လည်း သူထင်ထားသည်ထက် ကျော်လွန်နေသည်။
ဤနေရာသည် သူ၏ ဆင့်ကဲဖြစ်စဉ်စတင်ရန်အတွက် သင့်လျော်သော အကောင်းဆုံးနေရာ ဖြစ်သည်။
"စနစ်.. ဆင့်ကဲဖြစ်စဉ်စတင်ပြီး ဖေယိသွေးလိုင်းကို အသုံးပြုပါ"
.....