Nubra
Vol. 18 Ch. 232
ဖန့်ရန်သည် စနစ်ကို အမိန့်ပေးပြီးနောက် သူ၏ မျက်ခွံများ လေးလံလာသည်။
သူသည် ဤအိပ်ချင်စိတ်ကို ဖယ်ရှားကာ ဆက်လက်လှုပ်ရှားနိုင်သော်လည်း ဤသို့ပြုလုပ်မည်ဆိုလျှင် စုဆောင်းထားသော စနစ်အမှတ်များနှင့်အတူ သွေးလိုင်းအသစ်ကိုလည်း ဆုံးရှုံးသွားရလိမ့်မည်ဟု ခံစားနေရသည်။
ဤတစ်ကြိမ်သည် ဆင့်ကဲဖြစ်စဉ်နှင့် သွေးလိုင်းပြောင်းလဲခြင်းကို တဆက်တည်း ပြုလုပ်လိုက်သောကြောင့် သူ၏ စိတ်သည် ဖိစီးမှုများစွာခံစားနေရပြီး အလွန်အမင်း အိပ်ချင်စိတ်တို့ ဖြစ်ပေါ်လာသည်။
ဖန့်ရန်သည် ရိုးသားစွာ အိပ်စက်ရန် ဆုံးဖြတ်လိုက်သည်။ မည့်သို့ပင် ဖြစ်စေ ဤနေရာတွင် ပင်လယ်ထဲက သားရဲများလောက် ကြီးမားသော သားရဲများ မရှိပေ။
ဤသို့ဖြင့် ဖန့်ရန်သည် ရေကန်အောက်ခြေတွင် လှဲလျောင်းရင်း နက်ရှိုင်းသော အိပ်စက်ခြင်းထဲ ဝင်ရောက်သွားခဲ့သည်။
သူအိပ်စက်မည့် ဤကျွန်းသည် တောင်ပစိဖိတ်သမုဒ္ဒရာတွင် တည်ရှိကြောင်း ဖန့်ရန် သိ၏။ သူသည် ၎င်းကျွန်း၏ နေရာအတိအကျကို မသိသော်လည်း သူသည် ၎င်းကို ဂရုမစိုက်ပေ။
သို့သော် သူသည် ဤကျွန်း၏ တည်နေရာကို အကြမ်းဖျင်းခန့်မှန်းမိထားသည်။
ဤကျွန်းသည် ဟာဝိုင်အီကျွန်းစုရှိ လူသူကင်းမဲ့သော ကျွန်းတစ်ခု ဖြစ်သည်။ ဤကျွန်းနှင့် ရေမိုင် (၃၀)၊ (၄၀) ခန့်အကွာတွင် လူသူနေထိုင်သော ဖြင့် ကျွန်းတစ်ခု ရှိသည်။
၎င်းကျွန်းတွင် နေထိုင်သူများသည် ကိုင်းဂျူး သားရဲများ ကြီးစိုးသော ခေတ်တွင် ရွေ့ပြောင်းခဲ့ကြသော်လည်း ယခုအခါမှာတော့ လူအချို့သည် ဤကျွန်းသို့ ပြန်လာကာ နေထိုင်ဖို့ စဉ်းစားနေကြပြီ ဖြစ်သည်။
အထူးသဖြင့် အမေရိကန်အစိုးရ ဖြစ်သည်။ ၎င်းသည် ဤကျွန်း၏ ယခင်က လူကြိုက်များမှုနှင့် စည်ပင်သာယာမှုကို ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ထားသည်။
ဤကျွန်းများအတွက် ရင်းနှီးမြှုပ်နှံစတင်ခဲ့ပြီးနောက် စီးပွားရေးသမားများကို ဤနေရာတွင် အခြေချနေထိုင်ရန် ဆွဲဆောင်ခဲ့သည်။
ဖန့်ရန်၏ ဆင့်ကဲဖြစ်စဉ်စတင်ပြီး ရက်သတ္တပတ်ခန့်အကြာတွင် သူရှိနေသော ကျွန်းအပါအဝင် လူသူကင်းမဲ့သော ကျွန်းများစွာကို ရောင်းချခဲ့၏။ ဤကျွန်းတွေကို ဝယ်ယူခဲ့သော စီးပွားရေးသမားသည် ဂျွန်မက်ဟမ်ဟုခေါ်သော အဖိုးအိုတစ်ယောက် ဖြစ်သည်။
သူသည် ချမ်းသားကြွယ်ဝကာ ဇီဝနည်းပညာ ကုမ္ပဏီတစ်ခု၏ ပိုင်ရှင်လည်း ဖြစ်သည်။ သူ၏ ကုမ္ပဏီသည် ကိုင်းဂျူး သားရဲများနှင့် ပတ်သက်သော သုတေသနကို စမ်းသပ်နေသော်လည်း သူဝယ်ယူခဲ့သော ကျွန်းတွေကတော့ ၎င်းနှင့် မသတ်ဆိုင်ပေ။
ဖန့်ရန် အိပ်စက်နေသော ကျွန်းအမည်က Nubra ဖြစ်သည်။ ဤကျွန်းကို ကောင်းကင်က ကြည့်လိုက်မည်ဆိုလျှင် ကျွန်းတစ်ခုလုံးကို စိမ်းစိုနေသော သစ်ပင်ကြီးများနှင့် အရွက်ထူထဲသော ဖန်ပင်များ၊ ပေဆယ်ချီသော သစ်ပင်များ၊နှင့် ချုံနွယ်များက ဖုံးလွှမ်းထားသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
သို့သော် ဤစိမ်းလန်းစိုပြေသော နေရာနှင့် မလိုက်ဖက်သော ကြမ်းတမ်းခတ်ထန်သော မြေမျက်နှာသွင်ပြင်က ဤနေရာကို ဖုံးလွှမ်းထား၏။ ဂျွန်မက်ဟမ် ဤကျွန်းကို ဝယ်ခြင်းသည် ထူးခြားဆန်းပြားသော ပန်းခြံတစ်ခုကို တည်ဆောက်ရန် ဖြစ်သည်။
"မစ္စတာ မက်ဟမ်"
ဓာတ်ခွဲခန်းတစ်ခုတွင် အဖြူရောင်ကုတ်အင်္ကျီအား ဝတ်ဆင်ထားသော လူဖြူလူငယ်တစ်ယောက်က သူ၏ လက်ထဲတွင် ထူးဆန်းသောအသွင်ရှိသည့် တိရစ္ဆာန်တစ်ကောင်ကို ကိုင်ကာ အဖိုးအိုတစ်ယောက်ဆီ လျှောက်လာသည်။
"ဒီအကောင်က နောက်ဆုံးရောက်လာတဲ့ အသုတ်ကနေ ပေါက်တာပါ"
လူငယ်က သူ့လက်ထဲတွင် ရှိသည့် တိရိစ္ဆာန်လေး၏ ခေါင်းကို အပြုံးတစ်ခုဖြင့် ထိလိုက်သည်။ ဤတွင် တိရိစ္ဆာန်လေးက ပါးစပ်ကို ဖွင့်၍ ကျယ်လောင်စွာ အော်ဟစ်လာသည်။
"ဒီကောင်လေး ဆာနေပြီ၊ နို့နည်းနည်းတိုက်လိုက်ပါ"
လူငယ်က တိရိစ္ဆာန်လေးဆီကနေ အကြည့်လွှဲပြီး မလှမ်းမကမ်းတွင် ရှိနေသော ဝန်ထမ်းတစ်ယောက်ကို ပြောလိုက်သည်။
"ငါ့ကိုပေး"
လူဖြူအဖိုးအိုက လူငယ်၏ လက်ထဲက တိရိစ္ဆာန်လေးကို အနီးကပ်စိုက်ကြည့်လိုက်ပြီး သူ၏မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။
သူသည် ထိုတိရိစ္ဆာန်လေးကို လူငယ်ဆီကနေ နုနယ်သော ကလေးငယ်တစ်ယောက်ကို ပွေ့ဖက်ထားသလို ညင်သာစွာယူကာ ပွေ့ဖက်လိုက်သည်။
"မစ္စတာ မက်ဟမ်၊ ကျွန်တော်တို့တွေ ပန်းခြံကို ဒီနှစ်နှစ်၊ သုံးနှစ်အတွင်းမှာတင် စီးပွားရေးလုပ်ငန်းအတွက် စတင်ဖွင့်လှစ်နိုင်တော့မယ်"
လူငယ်၏ စကားများကို ကြားပြီးနောက် မက်ဟမ်သည် ဓာတ်ခွဲခန်းကို အနီးကပ် သေချာကြည့်လိုက်သည်။ သူ၏ နှလုံးသားက အပြင်းခုန်နေကာ သူသည် အလွန်စိတ်လှုပ်ရှားနေ၏။ သူသည် ပန်းခြံဖွင့်ပြီးသောအခါ ကမ္ဘာပေါ်တွင် သူ၏ ပန်းခြံက နာမည်ကျော်လာမည်ဟု ယုံကြည်သည်။
ဤပန်းခြံသည် ကြီးမားသော အလားအလာရှိသည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်။ သူသည် ၎င်းကနေ မကုန်ခမ်းနိုင်အောင် များပြားလှသော ချမ်းသားကြွယ်ဝမှုများ ရရှိတော့မည်ဟု တွေးမိသောအခါ သူ၏ မျက်နှာတွင် အပြုံးတစ်ခုက ထက်မံပေါ်လာခဲ့တော့သည်။
...
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးနှစ်ကုန်လွန်သွားသည်။
ဤသုံးနှစ်သည် ကမ္ဘာကြီးကို ပြောင်းလဲစေရန် လုံလောက်သည်။
စစ်ဘက်ဆိုင်ရာနည်းပညာ အောင်မြင်မှုမှာ အမေရိကန်က ရှေ့ရောက်နေဆဲ ဖြစ်သည်။
ဤသုံးနှစ်အတွင်း အမေရိကန်သည် မိခင်သင်္ဘော၏ ဒုတိယမျိုးဆက်ကို တီထွင်နိုင်ခဲ့သည်။ ဤဒုတိယမျိုးဆက်သည် အမြင့်ပေ မီတာ (၂၀၀၀၀) ကျော် (၃၀၀၀၀) အထိ ပျံသန်းနိုင်ပြီး အလွန်ဝေးကွာသော နေရာကပင် တာဝေးတိုက်ခိုက်မှုများ ပြုလုပ်နိုင်သည်။
ဤအမြင့်သည် အရပ်သုံးလေယာဉ်ပျံတစ်စင်း ပျံသန်းနိုင်သော အမြင့်ပေထက် ပိုမြင့်သည်။
ဤသို့တိုးတက်လာသော်လည်း အမေရိကန်၏ အာကာသအတွင်း သွားလာနိုင်သော ရည်မှန်းချက်ထက် ဝေးကွာနေတုန်းပင် ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ ဤဒုတိယမျိုးဆက် မိခင်သင်္ဘောသည် အိုဇုန်းလွှာအတွင်းသာ တိုက်ခိုက်နိုင်ပြီး အာကာသနှင့် အတော်လေး ဝေးကွာနေသေးသည်။
နိုင်ငံတကာ အာကာသယာဉ်များ၏ အဖွဲ့ချုပ်မှ သတ်မှတ်ထားသော လေထုနှင့် အာကာသအကြား နယ်နိမိတ်သည် ကီလိုမီတာ (၁၀၀) ဖြစ်ခြင်းကြောင့် အာကာသအတွင်း လည်ပတ်နိုင်စေရန် မိခင်သင်္ဘောသည် အဆင့်မြှင့်တင်မှုများစွာ လိုအပ်သည်။
သို့သော်လည်း အမေရိကန်သည် မိခင်သင်္ဘော၏ အမြန်နှုန်းကို အဆင့်မြှင့်တင်နိုင်ခဲ့သည်။ မိခင်သင်္ဘော၏ လက်ရှိတရားဝင်မှတ်တမ်းများအရ ၎င်း၏ အမြင့်ဆုံးအမြန်နှုန်းသည်၊ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး တစ်နာရီလျှင် ကီလိုမီတာ (၅၀၀) ဖြစ်သည်။
ထို့အပြင် မိခင်သင်္ဘော၏ အရွယ်အစားသည်လည်း ကြီးမားလာသည်။ ဒုတိယမျိုးဆက်၏ အဆင့်မြင့်ဆုံးမော်ဒယ်သည် အလျား မီတာ (၁၀၀၀) ရှိသည်။ ၎င်းတွင် ယခင်ကဲ့သို့ ဘေးနှစ်ဖက်မှာ အင်ဂျင်ရှစ်လုံးသာ ရှိနေသေးသော်လည်း ၎င်းတို့၏ အရွယ်အစားသည် ပို၍ ကြီးမားလာသည်။
မိခင်သင်္ဘောကို ပျံသန်းနိုင်စေရန် အထောက်အပံ့ပေးသော အင်ဂျင်အရေအတွက်သည် ဆယ်လုံးဖြစ်ပြီး အနောက်ဘက်တွင် ခြောက်လုံးနှင့် ဘေးနှစ်ဖက်တွင် နှစ်လုံး ဖြစ်သည်။
နည်းပညာတိုးတက်မှုသည် အပြောင်းအလဲများစွာ ဖြစ်စေခဲ့ပြီး၊ မိခင်သင်္ဘော၏ ပုံသဏ္ဌာန်သည်လည်း မြေဆွဲအားကို ခုခံနိုင်ရန်အတွက် ယခင်ကျွန်းပုံစံကနေ ပိုအဆင်ပြေချောမွေ့သော ပုံစံသို့ ပြောင်းလဲပစ်ခဲ့သည်။
မိခင်သင်္ဘောများတွင် ကိုယ်ပိုင်ပျံသန်းနိုင်သော အဖျက်သင်္ဘောများနှင့် အခြားအဖျက်လက်နက်များကိုလည်း တပ်ဆင်ခဲ့သည့်အပြင် သင်္ဘောများမျက်နှာပြင်တွင် ထောက်လှန့်ရေးကိရိယာများကို တိမ်ရှောင်စေနိုင်သော ကိရိယာများနှင့် အလင်းပြန်ခြင်း နည်းပညာကို အသုံးပြုထားသည်။
၎င်းသည် ယခုအချိန်၌ အမေရိကန်၏ အစွမ်းအထက်ဆုံးသော စစ်လက်နက်လည်း ဖြစ်သည်။
သို့သော်လည်း ၎င်းသည် ဟွာရှ၏ K-1b တိုက်လေယာဉ်များတွင် အသုံးပြုသော နည်းပညာအဆင့်မြင့် အပူဒုံးကျည်များကိုတော့ ကူးယူနိုင်ခြင်း မရှိသေးပေ။
သို့သော်လည်း ၎င်းသည် လေဆာလက်နက်ကို စတင်တီထွင်နိုင်ခဲ့သည်။
၎င်းလက်နက်သည် စမ်းသပ်မှုအဆင့်ကို ကျော်လွန်ပြီဖြစ်ကာ လက်တွေ့တိုက်ပွဲတွင် အသုံးပြုရန်အတွက် ပြုပြင်မွမ်းမံမှုအနည်းငယ်သာ လိုအပ်တော့သည်။
ဤလက်နက်ကို သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်များတွင် မြင်တွေ့နိုင်ခဲ့သော်လည်း၊ ယခုအခါမှာတော့ လူသားများအနေဖြင့် ဤလက်နက်အား တီထွင်နိုင်တော့မည် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
ပုံမှန်အသုံးပြုနေကျ ဒုံးကျည်လက်နက်များနှင့် နှိုင်းယှဉ်ကြည့်လိုက်သော် ဤလေဆာလက်နက်တွင် အားသာချက်နှစ်ခု ရှိသည်။ ၎င်းသည် တိကျခြင်းနှင့် ကုန်ကျစရိတ်သက်သာခြင်း ဖြစ်သည်။
သို့သော်လည်း ဤလက်နက်ကို သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲကလို အလွယ်တကူ ကိုင်တွယ်အသုံးပြုနိုင်ခြင်း မရှိသေးပေ။
အမေရိကန်သည် လေဆာလက်နက်တစ်ခုကို အမှန်တကယ် တီထွင်နိုင်ခဲ့သော်လည်း ၎င်းသည် အလွန်ကြီးမားပြီး လေးလံ၏။ ၎င်းကို စစ်ဘက်ဆိုင်ရာသုံး ထရပ်ကားများ သို့မဟုတ် သင်္ဘောကြီးတွေပေါ်မှာသာ သယ်ဆောင်နိုင်သည်။
အမေရိကန်သည် ဤလေဆာလက်နက်တွေကို မကြာသေးခင်က စမ်းသပ်ခဲ့သည်။ ၎င်းသည် (၂၅) ကီလိုမီတာ အကွာရှိ ပင်လယ်ရေမျက်နှာပြင်ပေါ်က စစ်သင်္ဘောတစ်စင်းကို အောင်မြင်စွာ ဖျက်ဆီးခဲ့သည်။ ဤလက်နက်သည် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများက တီးတိုးသံများ ထွက်ပေါ်လာစေသည်။
ကံမကောင်းစွာဖြင့် ဤလက်နက်တွင် အလွန်ဆိုးရွားသော ချို့ယွင်းချက်တစ်ခု ရှိသည်။ ၎င်းသည် ရာသီဥတုနှင့် ပတ်ဝန်းကျင်ကြောင့် ပြင်းထန်စွာ သက်ရောက်မှုရှိနိုင်သည်။
ထို့အပြင် ဒုံးကျည်၊ စစ်သင်္ဘော၊ နူကလီးယားလက်နက်နှင့် တိုက်လေယာဉ်များ အဆင့်မြှင့်တင်ခံခဲ့ရသည်။
အမေရိကန်၏ နည်းပညာနှင့် ကမ္ဘာတစ်ဝှမ်းက နည်းပညာအဆင့်သည် လွန်ခဲ့သော ဆယ်နှစ်ကနဲ့ လုံးဝကွဲပြားခြားနား နေသည်ဟု ဆိုနိုင်သည်။
ကြမ်းတမ်းခတ်ထန်သော ဤနှစ်များသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဆယ်နှစ်တာကာလအတွင်းကို နှစ်တစ်ရာနှင့်ညီမျှသော ခေတ်ရှေ့ပြေးစေခဲ့သည်ဟု ဆိုနိုင်သည်။
ဟွာရှသည် သဘာဝကျစွာပင် တိုးတက်ဖွံ့ဖြိုးခဲ့ပြီး လက်နက်အသစ်များစွာ တီထွင်ခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် ၎င်း၏ လျှို့ဝှက်ထားတတ်သော အလေ့အကျင့်အတိုင်း ထိုအရာအားလုံးကို လျှို့ဝှက်ထားခဲ့သည်။
K-1b တိုက်လေယာဉ်များ ပေါ်လာပြီးနောက် ဟွာရှသည် နည်းပညာအသစ်များအား ဖုံးကွယ်ထားခဲ့သည်။ သို့သော်လည်း လူတိုင်းသည် ဟွာရှက လက်နက်အသစ်များ တီထွင်နိုင်ခဲ့သည်ကို သဘာဝအတိုင်း သိရှိထားခဲ့သည်။
ဟွာရှကို ယခုအခါမှာ မည်သည့်နိုင်ငံမှ အထင်မသေးကြတော့ပေ။ လူတိုင်းသည် ဟွာရှက လက်နက်အသစ်များ တီထွင်နိုင်ခဲ့သည်ကို သိရှိသော်လည်း ၎င်းက ဖုံးကွယ်ထားတတ်သည်ကိုလည်း သိရှိကြသည်။
လူ့အဖွဲ့အစည်းသည် ပြန်လည်အသက်ဝင်လာပြီဖြစ်ကာ အငတ်ဘေးက ကင်းလွတ်သွားခဲ့ပြီး၊ ဟင်းသီးဟင်းရွက် အမျိုးမျိုးနှင့်၊ အသီးအနှံ့များကိုလည်း စားသုံနိုင်ပြီ ဖြစ်သည်။
စိုက်ပျိုးရေး နည်းပညာသည်လည်း အခြားနည်းပညာများနှင့်အပြိုင် ဖွံ့ဖြိုးတိုးတက်ခဲ့သောကြောင့် သာမာန်လူများ၏ နေ့စဉ်ဘဝကလည်း အဆင်ပြေချောမွေ့လာပြီ ဖြစ်သည်။
ဥပမာအားဖြင့် ဟွာရှတွင် သာမာန်လူများက အစားအသောက် ထောက်ပံ့ရာ နေရာဆီသို့ လစဉ်သွားရောက်ကာ ဆန်တစ်အိတ်နှင့် ဟင်းသီးဟင်းရွက်ဆီ၊ ဆားကဲ့သို့ နေ့စဉ်သုံး ပစ္စည်းများ အခမဲ့ ရယူနိုင်ခြင်းကို ကြည့်ရမည် ဖြစ်သည်။
၎င်းသည် ဟွာရှတွင်သာမက ကမ္ဘာတစ်ဝန်းက နိုင်ငံတိုင်းတွင် ဖြစ်သည်။
ကုန်းမြေပေါ်က သန္ဓေပြောင်း သားရဲတိရိစ္ဆာန်များကို စစ်တပ်က ပုံမှန်ရှင်းလင်းခဲ့သည်။ ၎င်းသည် စစ်ရေးလေ့ကျင့်မှုနှင့် ဆင်တူပြီး သားရဲတိရိစ္ဆာန်များအနေဖြင့် နောက်ဆုံးပေါ် လက်နက်ကိရိယာများ တပ်ဆင်ထားသော စစ်တပ်ကို ပြန်လည်တိုက်ခိုက်ခြင်း မပြုနိုင်ပေ။
စွမ်းအင်ရင်းမြစ်အမျိုးမျိုးကို စားသုံးသော ပိုးကောင်များနှင့် သတ္တုစား ပိုးကောင်များကိုတော့ ကိုင်းဂျူး သားရဲအတုများအား စားသောက်စေခြင်းဖြင့် ဖြေရှင်းနိုင်ခဲ့ပြီး၊ ထိုပိုးကောင်များ၏ အခြားအသုံးဝင်မှုကိုတော့ ယခုအချိန်ထိတိုင် စမ်းသပ်လေ့လာနေဆဲ ဖြစ်သည်။
နည်းပညာအသစ်များ အချိန်တိုင်း ပေါ်လာနေသော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ လူသားများ၏ နည်းပညာအသစ်များအပေါ် စိတ်ဝင်စားမှုသည်လည်း ကုန်ဆုံးလာသည်။
သို့သော် တစ်နေ့တွင် သတင်းတစ်ခု ထွက်ပေါ်လာပြီး၊ ၎င်းက လူများစွာ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
"ရှေးခေတ်ကာလကို ကြီးစိုးခဲ့တဲ့ ဒိုင်နိုဆောတွေ၊ တိုင်နိုဆောရပ်စ်တွေနဲ့ ပြည့်နေတဲ့ သစ်တောထဲမှာ လမ်းလျှောက်ချင်ပါသလား..."
"လက်နက်တစ်ခုကို ကိုင်ဆောင်ရင်း ရှေးဟောင်း သားရဲတွေကို လိုက်လံရှာဖွေချင်ပါသလား။ သာမန်လူသားတွေ မယှဉ်နိုင်တဲ့ သားရဲကြီးတွေကို မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်လိုပါသလား..."
"စိတ်လှုပ်ရှားစရာတွေကိုမှ ကိုယ်တိုင်တွေ့ဆုံလိုပါတယ် ဆိုရင်တော့... ဂျူးမြစ်ပန်းခြံ၊ Nubra ကျွန်း၊ ဟာဝိုင်အီကို ဇူလိုင်လ ဆယ်ရက်နေ့မှာ လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ... ဒီနေရာမှာ သင့်အတွက် စိတ်ခေါ်မှုအသစ်တွေက စောင့်ဆိုင်းနေပါတယ်"
.....