4-D ကွန်ပျူတာ
Vol. 18 Ch. 233
လွန်ခဲ့သော ရက်အနည်းငယ်က ဂျူမြစ်ပန်းခြံနှင့် Nubra ကျွန်းအကြောင်း ကမ္ဘာတစ်ဝန်းရှိ လူများစွာ၏ မိုဘိုင်းဖုန်းများတွင် ကြောငြာများအနေဖြင့် ပေါ်လာခဲ့သည်။
လူအများစွာသည် ထိုကြော်ငြာ ဗီဒီယိုကို စိတ်ဝင်တစား နှိပ်ကြည့်ကြသည်။
အစိမ်းရောင် မြက်ခင်းပြင်တွင် ဧရာမဦးချိုသုံးချောင်း ဒိုင်နိုဆောသည် ရှေ့သို့ တဖြည်းဖြည်းချင်း လျှောက်သွားနေ၏။ ၎င်းသည် လှုပ်ရှားသွားလာနေစဉ် ဧရာမသစ်ပင်ကြီး တစ်ပင်၏ အရွက်တွေကို စားသုံးနေသည်။
ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ငှက်များစွာသည် ထိတ်လန့်ကာ ပျံသန်းကုန်ကြ၏။
ဘုန်း! ဘုန်း! ဘုန်း!
ကျယ်လောင်သော အသံများနှင့်အတူ လည်ပင်းရှည်ကာ ကိုယ်ထည်ကြီးမားသော ဒိုင်နိုဆောအများအပြားသည် တုန်ခါမှုများစွာကို ဖန်တီးရင်း တဖြည်းဖြည်း ၎င်းရှေ့က ဖြတ်သန်းသွားခဲ့သည်။
၎င်းကြော်ငြာသည် ကမ္ဘာတစ်ဝန်းကို လှုပ်ခတ်စေခဲ့သည်။ လူများစွာ၏ အိမ်မက်တွင် ဒိုင်နိုဆောများကို မျက်မြင်ကိုယ်တွေ့ တွေ့လိုခြင်းကလည်း ပါဝင်သည်။
၎င်းသည် လူများစွာ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ ၎င်းအား ဒိုင်နိုဆော ရုပ်ရှင်များကို ကြည့်ရူသူအရေအတွက်ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်သည်။
ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများ ပထမဆုံး ပေါ်ပေါက်လာချိန်ကစ၍ ရှေးဟောင်း ဒေဗီယန်ခေတ်က မိုဆာဆောရပ်စ် ပေါ်လာခဲ့သော်လည်း ယခုထိတိုင် ကုန်းနေ ဒိုင်နိုဆောများ ပေါ်လာဖူးခြင်း မရှိပေ။
ဂျူမြစ်ပန်းခြံ၏ ရှေးဟောင်းခေတ်က ဒိုင်နိုဆောများကို အသက်သွင်းကာ Nubra ကျွန်းပေါ်တွင် ထားရှိခြင်းသည်၊ ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်စားမှုများစွာကို ရရှိစေခဲ့သည်။
တရားဝင်ဖော်ပြထားသော အချက်အလက်များအရ ပန်းခြံတစ်ခုလုံးကို အစိတ်အပိုင်းသုံးခု ခွဲထားသည်။
၎င်းက ခရီးသွား ဧရိယာ၊ အမဲလိုက် ဧရိယာနှင့် တိုက်ပွဲကွင်းပြင် ဖြစ်သည်။
ခရီးသွား ဧရိယာသည် ခရီးသွားများအနေဖြင့် အထူးခရီးသွားဘတ်စ်ကားပေါ်သို့ တက်ရောက်ကာ သတ်မှတ်ထားသော ဧရိယာအတွင်း လှည့်လည်သွားလာနိုင်ခြင်းကို ဆိုလိုသည်။
ထိုနေရာတွင် ဒိုင်နိုဆောများစွာက ၎င်းတို့ဘေးမှ ဖြတ်သွားသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
အမဲလိုက် ဧရိယာသည် ဒိုင်နိုဆောတွေကို အမဲလိုက်သော နေရာဖြစ်သည်။
တိုက်ပွဲကွင်းပြင်တွင် ကြည့်ရူသူ ပရိတ်သက်များ ရှိကာ ဤနေရာကနေ လူသားများနှင့် ဒိုင်နိုဆောများကြားက သေခြင်း ရှင်ခြင်း တိုက်ပွဲများကို မြင်တွေ့နိုင်မည် ဖြစ်သည်။
အမဲလိုက် ဧရိယာနှင့် တိုက်ပွဲကွင်းပြင်ကြားတွင် ဆက်စပ်မှုအချို့ရှိသည်။ အမဲလိုက်ဧရိယာက မြင်ကွင်းကို ကင်မရာများကတဆင့် တိုက်ပွဲကွင်းပြင်ရှိ မျက်နှာပြင်ကြီးပေါ်တွင် ပြသမည် ဖြစ်သည်။
အမဲလိုက် ဧရိယာသို့ ဝင်ရောက်မည့် မုဆိုးတိုင်း၏ ခေါင်းတွင် ကင်မရာတစ်ခုကို တပ်ဆင်ထားရန် လိုအပ်ပြီး ၎င်းတို့တွေ့ကြုံရသမျှ အရာအားလုံးကို ပြသမည် ဖြစ်သည်။
ထို့အပြင် အမဲလိုက် ဧရိယာ၏ နေရာတိုင်းတွင် ကင်မရာများ ရှိသည်။ ဤကင်မရာများသည် ဘေးပတ်လည် ရှုခင်းကို ထောက်ရူက မတူညီသော ရှုထောင့်များမှ ပြသမည် ဖြစ်သည်။
တိုက်ပွဲကွင်းပြင်အတွင်းက ကြည့်ရူသူ ပရိသတ်များသည် တိုက်ပွဲများကို အလွန်နှစ်သက်ကြသည်။ အမဲလိုက် ဧရိယာအတွင်းရှိ လူသားများနှင့် ဒိုင်နိုဆောများကြားက တိုက်ပွဲ သို့မဟုတ် ၎င်းတို့၏ သူတစ်ပြန် ကိုယ်တစ်ပြန် အမဲလိုက်ဂိမ်းပင် ဖြစ်စေ ၎င်းက ကြည့်ရူသူ ပရိသတ်များ အနှစ်သက်ဆုံး ဖြစ်သည်။
တိုက်ပွဲကွင်းပြင်သည် ပန်းခြံအတွင်းက လူကြိုက်အများဆုံး နေရာတစ်ခုဖြစ်ပြီး ဤနေရာတွင် တိုက်ပွဲနှစ်သက်သူများက ၎င်းတို့ကြိုက်နှစ်သက်သူများအပေါ် လောင်းကြေးထပ်ရန် ဝန်မလေးကြပေ။
၎င်းတို့သည် ဒိုင်နိုဆောအပေါ် သို့မဟုတ် တိုက်ခိုက်ရေးသမားအပေါ် လောင်းကြေးထပ်နိုင်သည်။
တိုက်ခိုက်ရေးသမားများသည် နောက်ဆုံးပေါ် စက်မှုနည်းပညာဖြင့် ဖန်တီးထားသော အပြင်ပိုင်းကိုယ်ထည်ကို ဝတ်ဆင်ထား၍ ၎င်းတို့သည် ထရပ်ကားတစ်စီးကို အလွယ်တကူ မှောက်လှန်နိုင်ကာ တစ်နာရီလျှင် ကီလိုမီတာ နှစ်ရာနှုန်းဖြင့် ပြေးလွှားနိုင်၏။
၎င်းကို ဝတ်ဆင်ထားသော တိုက်ခိုက်ရေးသမားများသည် စူပါလူသားဟုပင် ခေါ်ဆိုနိုင်သည်။
ထို့အပြင် ၎င်းတို့သည် တိုက်ပွဲအဆင့်အလိုက် ကွဲပြားခြားနားသော လက်နက်များကို အသုံးပြုကြသည်။
အချို့အန္တရာယ် ရှိသော အမဲလိုက်ဂိမ်းများနှင့် တိုက်ပွဲများတွင် တိုက်ခိုက်ရေးသမားများအား လက်နက်အေးများ အသုံးပြုခွင့် ပေးထားသည်။
ဤသို့အသုံးပြုခွင့် ပေးရခြင်းမှာလည်း ၎င်းတို့၏ ပြိုင်ဘက်က ၎င်းထက် အနည်းဆုံး လေးဆကြီးခြင်း သို့မဟုတ် ရာနှင့်ချီ ကြီးမားသောကြောင့် ဖြစ်ကာ လက်နက်မဲ့ဖြင့် ယှဉ်ပြိုင်ရန်လည်း မဖြစ်နိုင်ပေ။
သို့သော် အန္တရာယ်သည် လိုအပ်၏။ ၎င်းကလည်း အန္တရာယ်မရှိသည့် တိုက်ပွဲများ အမဲလိုက်ဂိမ်းများသည် စိတ်လှုပ်ရှားမူအား ပေးစွမ်းနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။
ဂျူမြစ်ပန်းခြံကို ဖွင့်လှစ်ပြီးနောက် ၎င်းသည် ခရီးသွားအရေအတွက်များစွာကို ဆွဲဆောင်ခဲ့၏။ လူများစွာသည် ၎င်းတို့၏ ကိုယ်ပိုင်စွန့်စားခန်းများ စတင်ရန်အတွက် ဤနေရာသို့ ဦးတည်လာခဲ့သည်။
...
လူများစွာက ဂျူမြစ်ပန်းခြံအကြောင်း စိတ်ဝင်တစား ပြောနေကြစဉ် နဂါးငွေ့တန်းအတွင်းက ဂြိုလ်တစ်ခုတွင် အသံများ ကြားနေရသည်။
ကျောက်တုံးဖြင့် ပြုလုပ်ထားပုံရသော်လည်း ပုံမှန်လမ်းများကဲ့သို့ အဖုအထစ် ချိုမ့်ဝှမ်ငယ်များ မပါရှိသော ရှေးဟောင်း လမ်းမတစ်ခု၏ ဘေးနှစ်ဖက်တွင် ဖုန်မှုန့်များက ပြည့်နှက်နေပြီး ၎င်းတို့က ပုပ်သိုးနံ့များ ထွက်ပေါ်နေကာ ၎င်း၏ သက်တမ်းနှင့် ထူးဆန်မှုများကို ပြသနေသည်။
သို့သော် ၎င်းတို့နှင့် ဆန့်ကျင်ဘက်က လမ်းမသည် တစ်စုံတစ်ယောက်က မကြာခဏ ဖြတ်သန်းသွားလာနေသကဲ့သို့ သန်ရှင်းနေသည်။
ရှပ်! ရှပ်! ရှပ်! ရှပ်!
ခြေသံများနှင့်အတူ လူနှစ်ယောက် လမ်းမကြီး၏ အဆုံးကနေ ပေါ်လာသည်။
ဤလူနှစ်ယောက်တွင် တူညီသော အရပ်၊ တူညီသော ကိုယ်လုံးကိုယ်ထည်နှင့် တူညီသော မျက်နှာ ရှိသည်။
၎င်းတို့၏ မျက်နှာသည် ထူးဆန်းကာ လူတစ်ယောက်၏ မျက်နှာသွင်ပြင်များမရှိဘဲ သတ္တုအရောင် တောက်နေသည်။
၎င်းတို့၏ မျက်နှာပေါ်က သတ္တုနှင့်တူသော အရာသည် အစိုင်အခဲမဟုတ်ဘဲ အရည်နှင့် ပိုတူသည်။ ဤအရည်သတ္တုသည် အဆက်မပြတ် စီးဆင်းနေသော်လည်း ၎င်း၏ ဦးခေါင်းပုံစံကို ထိန်းသိမ်းထားသည်။
အကယ်၍ ၎င်းတို့၏ မျက်နှာပေါ်က အရည်သတ္ထုသာ အစိုင်အခဲဖြစ်နေခဲ့လျှင် တစ်ချက်တစ်ချက် ပေါ်လာတတ်သော ၎င်းတို့၏ အဆက်မပြတ် လှုပ်ရှားနေသော သတ္တုဦးနှောက်ကို မြင်တွေ့ရမည် မဟုတ်ပေ။
"ဒီမတော်တဆမှု ဖြစ်ခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ"
ဘယ်ဘက်အခြမ်းက သတ္တုမျက်နှာနဲ့ သူက သူ့ဘေးရှိ အဖော်ကို ရုတ်တရက် မေးလိုက်သည်။ ထိုသူထံက ထွက်ပေါ်လာသော အသံသည် လူတစ်ယောက်၏ အသံနှင့် မတူဘဲ စက်ရုပ်သံနှင့် ဆင်တူကာ အေးစက်သည်။
ဤသတ္တုမျက်နှာနဲ့ သူများ၏ မျက်နှာတွင် ပါးစပ်မပါသောကြောင့် ဤအသံထွက်ပေါ်လာသည်က ထူးဆန်းလှသည်။
"ဆယ်မိနစ်"
သူ့အဖော်က ပြန်ဖြေသည်။
ဘယ်ဘက်အခြမ်းက သတ္တုမျက်နှာနဲ့ သူက ခဏရပ်လိုက်ပြီး ပြောလိုက်သည်။
"ဆယ်မိနစ်က စကြဝဠာအဆင့် ကပ်ဘေးတစ်ခု ဖြစ်ဖို့ လုံလောက်တယ်။ ဒါက ကြီးမားတဲ့ မတော်တဆမှုတစ်ခုပဲ"
သတ္တုမျက်နှာနဲ့ သူက ပြောလိုက်ပြီးနောက် သူတို့ရှေ့တွင် ဧရာမကျောက်တံခါးတစ်ခုက ပေါ်လာသည်၊ ထိုတံခါးတွင်ထူးဆန်းသော စာလုံးအချို့ ရှိနေသည်။
သတ္တုမျက်နှာနဲ့ သူနှစ်ယောက်က ကျောက်တံခါးရှေ့တွင် ရပ်လိုက်သောအခါ ၎င်းတို့၏ စိတ်က စကားလုံးတန်းတစ်ခုအပေါ် ကျရောက်သွားသည်။
အခန်းနံပါတ် - WX-119
ထိန်းသိမ်းရေးအခန်း၏ မိတ်ဆက် - အခန်းနံပါတ် WX-119 သည် အာကာသကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး အချင်း တစ်ဆယ်ကီလိုမီတာ ရှိသည်။
ထိန်းသိမ်းရေးအခန်း၏ အဆင့်သည် အဆင့် (၅) ဖြစ်သည်။ အဆင့် (၄) အောက်ရှိ အလုပ်သမားများကို ထိန်းသိမ်းရေးအခန်းထဲ ဝင်ရောက်ခြင်းအား တားမြစ်ထားသည်။ ထိန်းသိမ်းရေးအခန်းအတွင်း ဝင်ရောက်လာသော အလုပ်သမားများသည် မည်သည့်လျှပ်စစ်ပစ္စည်းကိုမှ သယ်ဆောင်ခွင့်မရှိဘဲ စိတ်ဝိညာဉ် အသုံးပြုခွင့်လည်း မရှိပေ။
ထိန်းသိမ်းထားသော အရာဝတ္ထု - နံပါတ် (၇) - အရူးကွန်ပျူတာ
ဖော်ပြချက် - ဤအရာဝတ္ထုသည် (၄-D) ကွန်ပျူတာ ဖြစ်သည်။ ၎င်းသည် အလျား ငါးဆယ်စင်တီမီတာ၊ အနံ လေးဆယ် စင်တီမီတာရှိပြီး အလေးချိန် (၂၃.၄) ကီလိုဂရမ် ရှိသည်။ ဤအရာဝတ္ထုအား ပါဝါအထောက်အပံ့မရှိဘဲ ပါဝါဖွင့်ပိတ်နိုင်သည်။
(၄-D) ကွန်ပျူတာကို အသုံးပြု၍ အရာဝတ္ထုတစ်ခုကို ဖန်တီးနိုင်သည်။ ၎င်းသည် သက်ရှိ သို့မဟုတ် စက်ပစ္စည်းသို့မဟုတ် ညစ်ညမ်းမှုတစ်မျိုးမျိုး ဖြစ်နိုင်သည်။
ဖန်တီးထားသော အရာသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့တွင် တည်ရှိနိုင်သည်။
နံပါတ် (၇) အရာဝတ္ထုသည် ၎င်းကို မထိန်းသိမ်းထားမှီ အတိတ်က စကြဝဠာတစ်ခုကို ၎င်းကိုယ်တိုင် ဖန်တီးခဲ့သည်ဟု သိပ္ပံပညာရှင်အချို့က ဆိုကြသည်။
ဤထူးခြားသော အရာဝတ္ထုတွင် အားနည်းချက်တစ်ခု ရှိသည်။ ၎င်းသည် တစ်ကြိမ်လျှင် အရာဝတ္ထုတစ်ခုကိုသာ ဖန်တီးနိုင်ခြင်း ဖြစ်သည်။ ၎င်းသည် အရာဝတ္ထုတစ်ခုကို ဖန်တီးနေစဉ် ၎င်းကို ဖန်တီး၍ မပြီးမခြင်း အရာဝတ္ထုအသစ်တစ်ခုကို ထက်မံ မဖန်တီးနိုင်ပေ။
၎င်းဖန်တီးသော အရာဝတ္ထုသည် စကြဝဠာ ယဉ်ကျေးမှု အားလုံးအပေါ် ရန်လိုခြင်းမရှိကြောင်းကို ထုတ်ဖော်ပြသရန် အထောက်အထားမရှိပေ။
အလုပ်သမားသည် ကွန်ပျူတာအား အဆက်မပြတ်နှိပ်နေရမည် ဖြစ်ပြီး ဖန်တီးမှုလုပ်ငန်းစဉ်အတွင်း ရှိသော အရာဝတ္ထုအား အဆက်မပြတ် အားကောင်းစေခြင်းဖြင့် အသစ်တဖန် ထက်မံဖန်တီးခြင်းကို ရှောင်ရှားနိုင်သည်။
အကယ်၍ အလုပ်သမားသည် အဆိုင်းပြောင်းရန် လုပ်မည်ဆိုလျှင် ထိုအချိန်ကာလသည် (၁၀) စက္ကန့်ထက် ကျော်လွန်၍ မရပေ။
အကယ်၍ (၄-D) ကွန်ပျူတာကို ဖျက်ဆီးနိုင်ခြင်း သို့မဟုတ် ရပ်တန့်နိုင်ခြင်းသာရှိခဲ့လျှင် ယခင်ကတည်းက လုပ်ခဲ့ပြီ ဖြစ်သည်။ ဤမျှအထိ ၎င်း၏ ဒုက္ခကို ခံနေရန် မလိုအပ်ပေ။
သတ္တုမျက်နှာနဲ့ သူနှစ်ယောက်ဟာ ကျောက်တံခါးရှေ့တွင် ရပ်နေပြီးနောက် ခဏအကြာတွင် ကျောက်တံခါးသည် တဖြည်းဖြည်း ပွင့်လာပြီး အတွင်းရှိအရာများက ၎င်းတို့အရှေ့တွင် ပေါ်လာသည်။
ကျောက်တံခါး၏ အနောက်တွင် အလွန်ကြီးမားသော နေရာလွတ်တစ်ခုရှိနေပြီး ၎င်း၏ အလယ်တွင် ကွန်ပျူတာတစ်လုံး တိတ်တဆိတ် ပျံဝဲနေကာ ၎င်း၏ မျက်နှာပြင်က အဖြူရောင်အလင်းများကို မှိတ်တုတ်မှိတ်တုတ် ထုတ်လွှတ်နေသည်။
ကွန်ပျူတာအဟောင်းအား အနက်ရောင် အရာဝတ္ထုတစ်ခုဖြင့် ဖုံးလွှမ်းထားသည်။
၎င်း၏ အရှေ့တွင် လူတစ်ယောက်က ထိုင်နေပြီး လက်ချောင်းများက ကီးဘုတ်ကို အဆက်မပြတ် ရိုက်နှိပ်နေသည်။
ကွန်ပျူတာ မျက်နှာပြင်မှ ထွက်ပေါ်နေသော အလင်းသည် ထိုလူ၏ မျက်နှာပေါ်သို့ ကျရောက်နေပြီး တစ္ဆေတစ်ကောင်ကဲ့သို့ ထင်ရစေသည်။
.....