← Chapters

လီဇီ၏ သံသယ

Vol. 18 Ch. 235

လီဇီ၏ သံသယ

Vol. 18 Ch. 235

ဘတ်စ်ကားသည် ဆက်လက်ရွေ့လျားနေခဲ့၏။ ရုတ်တရက် လီဇီ၏ မျက်လုံးများ တောက်ပလာသည်။ ရှေးဟောင်းသစ်ပင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အလွန်ကျယ်ပြောသော မြက်ခင်းစိမ်းများနှင့် ချုံပုတ်များက သူ့အမြင်အာရုံအတွင်း ဝင်ရောက်လာခဲ့၏။

နောက်ဆုံးတွင် မြေပြန့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

မြေပြင်အား အစိမ်းရောင် မြက်ခင်းပြင်များက အလွှာလိုက် ဖုံးအုပ်ထားသည်။ တစ်ခါတစ်ရံတွင် ချုံပုတ်များအား အစုလိုက်အပြုံလိုက် မြင်တွေ့ရတတ်ပြီး၊ တစ်ခါတစ်ရံတွင် အထီးကျန်တစ်ကိုယ်တည်း သစ်ပင်တစ်ပင်အား မြင်တွေ့ရတတ်၏။

မြက်ခင်းပြင်နှင့် အလွန်ဝေးကွာသော နေရာတွင်မှု ယခင်ဖြတ်သန်းလာခဲ့သော ရှေးဟောင်းသစ်ပင်များဖြင့် ပြည့်နှက်နေသော ဧရာမသစ်ပင်များ ရှိ၏။

လီဇီသည် မျှော်လင့်ချက်အပြည့်ဖြင့် မြက်ခင်းပြင်သို့ ကြည့်နေ၏။

"ဝိုး"

လီဇီသည် ရုတ်တရက် အံ့သြတသင့် ရေရွတ်လိုက်သော အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။ သူသည် ထိုအသံကြားရာ ဆီသို့ ကြည့်လိုက်ချိန်တွင် မျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်နေသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။

ဘတ်စ်ကားပေါ်က လူတိုင်းသည် ထိုအမျိုးသမီးကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။ သို့သော် ထိုအမျိုးသမီးသည် ၎င်းအား ဂရုမစိုက်ဘဲ အပြင်ဘက်ဧရိယာရှိ ဦးတည်ချက်တစ်ခုသို့ ကြည့်နေသည်။ သူမသည် သူမတို့နှင့် သိပ်မဝေးသောနေရာတွင် ဧရာမသားရဲတစ်ကောင် မြက်စားနေသည်ကို မြင်နေရ၏။

လီဇီ၏ မျက်လုံးများသည် သူမ၏ အကြည့်ကြောင့် တောက်ပလာသော်လည်း ကံမကောင်းစွာဖြင့် သူထိုင်နေသော နေရာကနေ ထိုဧရာမသားရဲ၏ ပုံပန်းသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရန်မဖြစ်နိုင်ပေ။

လီဇီသည် သူကံမကောင်းဘူးဟု တွေးနေမိစဉ် သူ၏ ညာဘက်မှ ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာပြီး၊ မီတာတစ်ရာအကွာရှိ ချုံပုတ်တစ်ခုကနေ ဧရာမဦးခေါင်းတစ်လုံး ထွက်ပေါ်လာ၏။

လီဇီသည် ထိုသားရဲအား ပထမဆုံး သတိပြုမိသူ ဖြစ်သည်။

သူ၏ မျက်လုံးများသည် ဧရာမသားရဲတွင် စွဲကပ်နေပြီး ခဏအကြာ၌ ၎င်းသားရဲ ထွက်လာခဲ့၏။ ၎င်း၏ ခြေလှမ်းများသည် လေးလံလှပြီး မြေပြင်က တုန်ခါနေသလို ထင်ရသည်။

"ဦးချိုသုံးချောင်း ဒိုင်နိုဆော"

သူ၏ ညာဘက် မြက်ခင်းပြင်ပေါ်တွင် ဦးချိုသုံးချောင်း ဒိုင်နိုဆောတစ်ကောင် ပေါ်လာသည်။ ဦးချိုသုံးချောင်း ဒိုင်နိုဆောသည် ဧရာမသားရဲဟု ဆိုနိုင်ပြီး ၎င်းသည် အလျား ရှစ်မီတာကျော်နှင့် အမြင့် သုံးမီတာခန့် ရှိ၏။

၎င်း၏ တုတ်ခိုင်သန်မာသော ဧရာမကြွက်သားများနှင့် အရေပြားအရောင်သည် အလွန်သိသာထင်ရှားသော်လည်း ၎င်း၏ အထူးခြားဆုံးအစိတ်အပိုင်းက ဦးချိုသုံးချောင်းနှင့် လည်ပင်းပေါ်က အကြေးခွံအမာတို့ ဖြစ်သည်။

၎င်း၏ ဦးချိုသုံးချောင်းထဲက တစ်ခုသည် ၎င်း၏ နှာခေါင်းပေါ်တွင် တည်ရှိပြီး ကျန်ဦးချိုနှစ်ချောင်းသည် ၎င်း၏ ဦးခေါင်းက တစ်ဖက်တစ်ချက်စီတွင် တည်ရှိသည်။ ထိုဦးချိုများသည် အလွန်ရှည်လျားက ရှစ်ဆယ် စင်တီမီတာခန့် ရှိ၏။

၎င်း၏ လည်ပင်း အကြေးခွံအမာသည် ၎င်း၏ နာမည်အတိုင်း လည်ပင်းပေါ်တွင် တည်ရှိကာ ဦးချိုသုံးချောင် ဒိုင်နိုဆော၏ လည်ပင်းအနောက်ဘက်တွင် ဖြစ်ပြီး ၎င်း၏ လည်ပင်းအား အကာအကွယ်ပေးထား၏။

လီဇီသည် ခြံစည်းရိုးအတွင်းက မြက်ခင်းပြင်ပေါ်တွင် တဖြည်းဖြည်း လျှောက်သွားနေသော ဦးချိုသုံးချောင်း ဒိုင်နိုဆောကို ကြည့်နေစဉ် သူ၏ နှလုံးသားက အပြင်းအထန်ခုန်နေသည်။ သူသည် ဤကဲ့သို့ ကြီးမားသော သားရဲတစ်ကောင်ကို လက်တွေ့ဘဝ၌ ပထမဆုံးအကြိမ် အနီးကပ် မြင်ဖူးခြင်း ဖြစ်သည်။

သူသည် ၎င်းအား အနီးကပ်သွားရောက် ကြည့်ရူလိုသော်လည်း ၎င်းစိတ်ကို လျင်မြန်စွာ ဖိနှိပ်လိုက်သည်။

ဦးချိုသုံးချောင်း ဒိုင်နိုဆောများသည် အပင်စားသားရဲများ ဖြစ်ကြသော်လည်း၊ ၎င်းတို့အနီးသို့ အခြားသားရဲများ ချည်းကပ်လာခြင်းကို လုံးဝမကြိုက်ကြပေ။ ထိုကြောင့် ၎င်းတို့အနီးသို့ ချည်းကပ်သွားသည်နှင့် တိုက်ခိုက်ခံရဖို့က ကိုးဆယ်ကိုး ရာခိုင်နှုန်းသေချာ၏။

ဤကဲ့သို့ ကြီးမားသော ဧရာမသားရဲတစ်ကောင်၏ တိုက်ခိုက်ခြင်း ခံရမည်ဆိုလျှင် သူသည် သေချာပေါက် အပြင်းအထန်ဒဏ်ရာရနိုင်ဖွယ် ရှိ၏။

ယခုအခါ သူသည် သံမဏိလျှပ်စစ်ခြံစည်းရိုးများက ဒိုင်နိုဆောများ အပြင်သို့ ထွက်ခြင်းအား ကာကွယ်ရန်အတွက်သာ မဟုတ်ဘဲ မိုက်မဲသော လူများ၏ အတွင်းဘက်သို့ ဝင်ရောက်ခြင်းကိုလည်း ကာကွယ်ရန်အတွက် ဖြစ်မှန်းသဘောပေါက်လာပြီ ဖြစ်သည်။

လီဇီသည် မှန်ပြတင်းပေါက်ကို မှီရင်း ဦးချိုသုံးချောင်း ဒိုင်နိုဆောအား တောင်ပသော မျက်လုံးများဖြင့် ငေးကြည့်နေခဲ့သည်။ ဘတ်စ်ကားသည် ဆက်လက်ထွက်ခွာလာပြီး တဖြည်းဖြည်း ဦးချိုသုံးချောင်း ဒိုင်နိုဆော၏ ပုံရိပ်သည် သူ၏ အမြင်အာရုံအတွင်းက ပျောက်ကွယ်သွားသည်။

"ဟူးး..."

လီဇီသည် ရှည်လျားသော သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး သူ၏ မိုဘိုင်းဖုန်းပေါ်က ဦးချိုသုံးချောင်း ဒိုင်နိုဆော၏ ဓာတ်ပုံများကို စိတ်ကျေနပ်စွာ ကြည့်ရူလိုက်သည်။ သူသည် ဓာတ်ပုံရိုက်ရန် အခွင့်အရေးကို သဘာဝအတိုင်း မဖြုန်းတီးခဲ့ပေ။

ဤသို့ဖြင့် လီဇီနှင့် ဘတ်စ်ကားပေါ်ရှိ လူများသည် နာမည်ကျော် T-Rex အပါအဝင် ဒိုင်နိုဆောများစွာကို မြင်တွေ့ခဲ့ရ၏။

ထို့အပြင် T-Rex အား အစာကျွေးနေသည်ကို မြင်တွေ့ခဲ့ရသည်။

ထရပ်ကား တစ်စီးသည် မောင်းလာခဲ့ပြီး ယာဉ်မောင်းသည် သံတံခါးတစ်ခုဆီသို့ နောက်ပြန်ဆုတ်ကာ သံတံခါးနှင့် ထရပ်ကား နောက်ဘက်တံခါးကို လုံးဝကိုက်ညီစေသည်။ ထိုနောက် ယာဉ်မောင်းသည် ခလုတ်တစ်ခုကို နှိပ်လိုက်ပြီး နောက်ဘက်တံခါးကို ဖွင့်လိုက်၏။

ခဏမျှကြာပြီးနောက် ဆိတ်အနည်းငယ်သည် ထရပ်ကားအတွင်းက ခုန်ထွက်လာခဲ့ပြီး T-Rex ၏ ဧရိယာသို့ ဝင်ရောက်ခဲ့ကြသည်။

လီဇီနှင့် အခြားလူများ ဤမြင်ကွင်းကို ကြည့်ရူနေစဉ် ဘတ်စ်ကားသည် ခဏတာ ရပ်တန့်ခဲ့၏။ T-Rex ၏ ဧရိယာအတွင်းသို့ ဝင်ရောက်ပြီးနောက် ဆိတ်များသည် စတင်တုန်ယင်လာခဲ့ပြီး မငြိမ်မသက် ဖြစ်နေခဲ့ကြသည်။

ဤဆိတ်တွေသည် ဤဧရိယာပိုင်ရှင်အား သိနေသကဲ့သို့ ဂနာမငြမ်ဖြစ်နေခဲ့သည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် လေးလံသော ခြေသံများနှင့်အတူ T-Rex သည် သစ်တောထဲက တဖြည်းဖြည်း ထွက်လာခဲ့၏။

"ဂါးးးး...."

နာမည်ကျော် T-Rex ကို သူ၏ ကိုယ်ပိုင်မျက်စီဖြင့် မြင်တွေ့လိုက်ရသော လီဇီသည် အလွန်အံ့အားသင့်သွား၏။ သူသည် ဤကမ္ဘာကျော် T-Rex ကို တီဗီတွင် တွေ့ရခြင်းနှင့် လက်တွေ့တွင် မြင်ရခြင်းတို့၏ ကွဲပြားခြားနားသော စိတ်ခံစားချက်ကို သဘောပေါက်သွားခဲ့သည်။

Cretaceous ခေတ်တွင် T-Rex သည် အစာကွင်းဆက်၏ ထိပ်ဆုံးတွင် တည်ရှိခဲ့သည်။

လီဇီ၏ အရှေ့တွင် ပေါ်လာသော T-Rex သည် အလျား ဆယ်လေးမီတာခန့်ရှိပြီး လေးမီတာ အမြင့်ရှိသည်။

အခြား T-Rex များကဲ့သို့ ၎င်း၏ လက်များသည် အလွန်တိုတောက်ကာ လူတစ်ယောက်၏ လက်အရွယ်အစားခန့်သာ ရှိသည်။

လီဇီ သိရှိထားသော ဇီဝဗေဒများအရ T-Rex ၏ ရှေ့လက်တစ်စုံသည် ၎င်း၏ ခန္ဓာကိုယ်အား ဟန်ချက်ညီစေရန် တည်ရှိနေခြင်း ဖြစ်သည်။

T-Rex သစ်တောထဲက ထွက်လာပြီးနောက် ဆိတ်ငါးကောင်ကို ဆက်တိုက် အမဲလိုက်ခဲ့သည်။ ဆိတ်ငါးကောင်သည် မတူညီသော ဦးတည်ချက်များသို့ ထွက်ပြေးခဲ့မည်ဆိုလျှင် တစ်ကောင်၊ နှစ်ကောင်ခန့် လွတ်မြောက်နိုင်မည် ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ၎င်းတို့သည် ဤနေရာသို့ သယ်ယူလာစဉ် ကြုံတွေ့ခဲ့ရသော အကြောက်တရား သို့မဟုတ် အခြားအရာတစ်ခုခုကြောင့် မြေပြင်ပေါ်တွင်သာ လှဲလျောင်းနေနိုင်ကြသည်။

ဤသို့ဖြင့် ဆိတ်ငါးကောင်သည် T-Rex ၏ ကိုက်ဖြတ်စားသောက်ခြင်းကို တစ်ကောင်ခြင်းစီ ခံလိုက်ရသည်။ သွေးထွက်သံယို ဤမြင်ကွင်းက လီဇီနှင့် ကြည့်ရူနေကြသော လူများ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့ပြီး ဘတ်စ်ကား အတွင်းက အမျိုးသမီးများသည် ကျယ်လောင်စွာ အော်ဟစ်ခဲ့ကြ၏။

၎င်းသည် လီဇီကိုပင် သက်ရောက်မှုရှိခဲ့ကာ သူသည် စက်ဆုပ်ရွံရှားခြင်းနှင့် စိတ်မသက်မသာ ဖြစ်မှုတို့နှင့်အတူ စိတ်လှုပ်ရှားမှု အနည်းငယ်ကို ခံစားခဲ့ရသည်။

နေ့လည်စာ စားသောက်ရန်အတွက် လီဇီနှင့် အခြားလူများသည် စားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ခဲ့ကြသည်။

စိတ်လှုပ်ရှားခဲ့ရသည့် ဒိုင်နိုဆောခရီးစဉ်အဆုံး၌ လီဇီသည် ဟိုတယ်သို့ ပြန်သွားပြီး တစ်ညတာ အနားယူရန် ဆုံးဖြတ်ထားသည်။ နောက်တစ်နေ့တွင် သူက တိုက်ပွဲကွင်းပြင်သို့ သွားရောက်မည် ဖြစ်သည်။

တိုက်ပွဲကွင်းပြင်သို့ သွားရန် ရည်ရွယ်ချက်ရှိသော်လည်း သူသည် အမဲလိုက်ဧရိယာသို့ သွားရောက်ရန် စီစဉ်ထားခြင်း မရှိပေ။ ထို့အပြင် ထိုဧရိယာသည် အလွန်အန္တရာယ်များပြီး အမဲလိုက်လေ့မရှိသူများနှင့် အတွေ့အကြုံမရှိသူများကို ထိုနေရာသို့ မသွားရန် ပန်းခြံက အကြံပေးထားသည်။

အမဲလိုက်ဧရိယာသို့ သွားရောက်လေ့ရှိသော လူများသည် စိတ်လှုပ်ရှားမှုကို ရှာဖွေနေသူများ သို့မဟုတ် စစ်မှုထမ်းဟောင်းများ ဖြစ်သည်။ ဤဧရိယာသို့ ဝင်ရောက်ကြသူများကို သေခြင်းတရားကို စိန်ခေါ်ကြသူများ ဟုလည်း ခေါ်ဆိုနိုင်၏။

တစ်နာရီကြာ အနားယူပြီးနောက် လီဇီအပါအဝင် လူတိုင်းသည် ဘတ်စ်ကားပေါ်သို့ ပြန်တက်ကာ ဆက်လက်ခရီးဆက်ခဲ့ကြသည်။

ဤသို့ဖြင့် ခရီးသွားဧရိယာကို ကျော်ဖြတ်လာခဲ့ပြီး လမ်းတစ်လျှောက်တွင် ဒိုင်နိုဆောအမျိုးမျိုးနှင့် လှပသော ရှုမျှော်ခင်းများစွာကို မြင်တွေ့ခဲ့ကြရသည်။

ဘတ်စ်ကားသည် လေးနာရီကြာ ရွေ့လျားလာခဲ့ပြီးနောက် လေကောင်းလေသန့် ရှူရှိုက်ရန်နှင့် ကြွက်သားများ လှုပ်ရှားနိုင်စေရန် အကြိမ်အနည်းငယ် ရပ်နားပေးခဲ့သည်။

ခရီးစဉ်သည် အဆုံးသတ်တော့မည် ဖြစ်ကာ မိုးလည်း လင်းနေခဲ့ပြီ ဖြစ်သည်။

ဤသို့ဖြင့် ခရီးစဉ် အဆုံးသတ်အနီးတွင် တည်ရှိနေသော ဒီပလိုဒေါကပ်စ်များ တည်ရှိရာ ဧရိယာသို့ ရောက်ရှိလာခဲ့၏။

ဒီပလိုဒေါကပ်စ်သည် လည်ပင်းရှည်နှင့် အမြီးအလွန်ရှည်သော အရွယ်အစားကြီးမားသည့် အပင်စား ဒိုင်နိုဆော ဖြစ်သည်။ ၎င်းသည် နာမည်ကျော်ကြားသော ဒိုင်နိုဆောမျိုးစိတ်တွေထဲက ဒိုင်နိုဆောမျိုးစိတ်တစ်ခု ဖြစ်သည်။

လီဇီ၏ မျက်နှာတွင် စိတ်လှုပ်ရှားသော အမူအရာက အပြည့်ရှိနေပြီး သူသည် အရွယ်အစား အလွန်ကြီးမားသော်လည်း နူးညံ့သိပ်မွေ့သည့် ဧရာမသားရဲကြီးများ၏ ပုံကို သူ၏ မိုဘိုင်းဖုန်းဖြင့် ဓာတ်ပုံရိုက်လိုက်သည်။

"ဟားဟားဟား၊ ဒီနေ့မှာ ဓာတ်ပုံကောင်းလေးတွေ အများကြီး ရခဲ့တယ်"

လီဇီသည် သူ၏ မိုဘိုင်းဖုန်းက ဓာတ်ပုံအယ်လ်ဘမ်ကို ကျပန်း ကြည့်လိုက်သည်။ နာရီအနည်းငယ်အတွင်း သူသည် ဓာတ်ပုံရာနှင့်ချီ ရိုက်ယူနိုင်ခဲ့သောကြောင့် သူသည် ဓာတ်ပုံအယ်လ်ဘမ်အတွင်းက ပုံများကို ကျပန်း လျှောက်ကြည့်နေစဉ် သူ၏ စိတ်ထဲ၌ ဂုဏ်ယူနေစိတ်က အပြည့်ရှိနေသည်။

“အိုး”

သူ၏မိုဘိုင်းဖုန်းရှိ ဓာတ်ပုံအယ်လ်ဘမ်ကို ကြည့်နေစဉ် လီကျီသည် သူ၏မျက်လုံးထောင့်မှ အကြွင်းမဲ့ပုံရိပ်တစ်ခုကို သတိပြုမိခဲ့သည်။ သူသည် ထိုနေရာသို့ လျင်မြန်စွာ ကြည့်လိုက်သည်။

"အဲ့ဒါက ဘာလဲ"

လီဇီသည် ပြတင်းပေါက် အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်၏။ သူသည် အရိပ်တစ်ခုက ချုံပုတ်များအတွင်းသို့ လျင်မြန်စွာ ပြေးလာပြီး အခြားချုံပုတ်အစုအဝေးတစ်ခုသို့ ဝင်ရောက် ပုန်းအောင်းလိုက်သည်ကို မြင်လိုက်ရသည်။

ထိုသားရဲသည် သေချာပေါက် ဒစ်ပလိုဒိုကတ် မဟုတ်ပေ။ အရွယ်အစား အလွန်သေးငယ်ပြီး မယုံနိုင်အောင်ကို လျင်မြန်လှ၏။

သူသည် ထိုသားရဲ၏ ခြေသည်းများက ရှည်လျားသည်ကို မသဲမကွဲ မြင်ခဲ့ရသည်။

"ရက်ပ်တာလား။ မဟုတ်ဘူး။ မဟုတ်သေးဘူး။ အဲ့သားရဲရဲ့ ခြေသည်းတွေက ပိုရှည်တယ်။ ဖြစ်နိုင်တာက အဲ့တာ အသားစားဒိုင်နိုဆောပဲ"

ဤသည်ကို တွေးတော ကောက်ချက်ချလိုက်ပြီးနောက် လီဇီ အနည်းငယ် ရှုပ်ထွေးသွားသည်။

ဒီနေရာက ဒီပလိုဒေါကပ်စ်တွေအတွက် ဧရိယာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် အသားစားဒိုင်နိုဆောတွေ ရှိနေတာလဲ။ သူတို့တွေ ဒီဒိုင်နိုဆောများ ပဋိပက္ခဖြစ်မှာ မစိုးရိမ်ဘူးလား။

"ဟေးး... ညီလေး ဝုဒ်"

လီဇီသည် အကူယာဉ်မောင်းကို လှမ်းခေါ်လိုက်သည်။ ဤတစ်နေ့တာလုံး ဝုဒ် အမည်ရှိ အကူယာဉ်မောင်းက သူနှင့် အခြားလူများ၏ မေးခွန်းများကို ဖြေကြားပေးခဲ့သည်။

လီဇီ၏ ရုတ်တရက် အော်ခေါ်လိုက်သံက ဘတ်စ်ကားပေါ်ရှိ အခြားခရီးသွားများအား သူ့ကို လှည့်ကြည့်စေခဲ့သည်။ ဘတ်စ်ကား၏ တံခါးဘေးတွင် ဂိမ်းကစားနေသော အသားမည်းနှင့် လူငယ်တစ်ယောက်က သူ့ကို ကြည့်လာပြီး သူမေးမည့် အရာကို ပြန်ဖြေရန် စောင့်ဆိုင်းနေသည်။

"ဒီပလိုဒေါကပ်စ်ဧရိယာမှာ အသားစားဒိုင်နိုဆောတွေ ရှိနေတာလား"

လီဇီက ဒီပလိုဒေါကပ်စ်ဧရိယာကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။

အသားမည်းမည်းနှင့် ဝုဒ်အမည်ရှိ လူငယ်အပြင် ယာဉ်မောင်းက လီဇီ၏ စကားကို ကြားပြီးနောက် ပြုံးလိုက်ကြသည်။

ဝုဒ်က လီဇီ၏ မေးခွန်းကို ရယ်လိုစိတ်အား မြိုသိပ်ရင်း ပြန်ဖြေသည်။

"ခင်ဗျား ကြည့်ရတာ ပင်ပန်းနေပုံရတယ်။ မစ္စတာ လီ... ဒီပလိုဒေါကပ်စ်ဧရိယာမှာ အသားစားဒိုင်နိုဆောတွေ မရှိပါဘူး"

"ဒါပေမယ့် ငါစောနက အသားစားဒိုင်နိုဆော အသေးလေးတစ်ကောင်ကို မြင်ခဲ့တာ သေချာတယ်"

"အသားစားဒိုင်နိုဆော အသေးလေးလား"

ဝုဒ်သည် ရယ်ရမလို့ ငိုရမလို ဖြစ်နေသည်။ သူက စိတ်ရှည်လက်ရှည်ဖြင့် လီဇီအား ရှင်းပြသည်။

"မစ္စတာ လီ... သေချာပေါက် အမြင်မှားနေတာ ဖြစ်ပါလိမ့်မယ်။ အနီးဆုံး အသားစားဒိုင်နိုဆော မွေးမြူထားတဲ့ ဧရိယာက ဒီပလိုဒေါကပ်စ်ဧရိယာကနေ ဧရိယာနှစ်ခု အကွာမှာ တည်ရှိပါတယ်။ အသားစားဒိုင်နိုဆော အသေးလေးတွေဆို ပြောဖို့တောင် မလိုတော့ပါဘူး။ ဒီပလိုဒေါကပ်စ်နဲ့ သူတို့ကြား အကွာအဝေးက အလွန်ဝေးကွာလှပါတယ်"

ဝုဒ်၏ ဖြေရှင်းချက်ကို ကြားလိုက်ရသော လီဇီသည် မျက်မှောင်ကြုတ်မိလိုက်၏။

ဝုဒ်၏ ဖြေရှင်းချက်ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် ဘတ်စ်ကားပေါ်ရှိ လူတွေကလည်း ပြုံးလိုက်ကျကာ ခေါင်းခါလိုက်ကြ၏။ သူတို့သည် လီဇီ၏ စကားကို အခြေခံ၍ တီးတိုးပြောဆိုနေကြသည်။

"အသားစားဒိုင်နိုဆော အသေးလေးလား။ ရက်စ်တာလား။ ဒါ မဖြစ်နိုင်ဘူး"

"ဒီပန်းခြံက မွေးမြူသူတွေက အသားစားဒိုင်နိုဆော တစ်ကောင်ကို အပင်စား ဒိုင်နိုဆောတွေရဲ့ ဧရိယာထဲ ဝင်ခွင့်ပြုမှာ မဟုတ်ဘူး။ ငါပြောတာ မှန်တယ်မလား။ အဲ့ဒီလိုသာ လုပ်ခဲ့မယ်ဆိုရင် သူတို့က အတော်လေး မိုက်မဲတယ်လို့ ဆိုရလိမ့်မယ်"

လီဇီသည် ထိုလူတွေ၏ တီးတိုးပြောဆိုချက်ကို လျစ်လျူရှုလိုက်သည်။ သူသည် ၎င်းကို မြင်တွေ့လိုက်ရသော နေရာသို့ ပြန်ကြည့်လိုက်သည်။ ထိုအခါ သူသည် တည်ငြိမ်နေသော ချုံပုတ်တစ်ခုကိုသာ မြင်တွေ့လိုက်ရသည်။

ဤသည်က လီဇီကို စိတ်ရှုပ်ထွေးသွားစေသည်။ ကြည့်ရသည်မှာ စိတ်အာရုံချောက်ချားမှုသာ ဖြစ်ပုံရ၏။

တကယ်ပဲ မြင်ခဲ့ရတာက စိတ်အာရုံချောက်ချားမှုလား။

.....

All Chapters