← Chapters

ပန်းခြံအတွင်းက မတော်တဆမှုများ

Vol. 18 Ch. 237

ပန်းခြံအတွင်းက မတော်တဆမှုများ

Vol. 18 Ch. 237

ဤခဏတွင် တိုက်ခိုက်ရေးသမားနှင့် ဒိုင်နိုဆောတို့ကြား တိုက်ပွဲသည် စတင်လာခဲ့၏။ သံမဏိကိုယ်ထည်ကို ဝတ်ဆင်ထားသော နဂါးသတ်သမားတွင် အလွန်ကြမ်းတမ်း ခတ်ထန်သည့် စွမ်းအားနှင့် အလွယ်တကူပြောင်းလွယ်ပြင်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

မှန်ပေသည်။ ၎င်းတွင် သူ၏ ကိုယ်ပိုင် ကာယကြံ့ခိုင်မှုနှင့် ခွန်အားရှိ၏။ သူသည် အင်အားကြီးနိုင်ငံတစ်ခုက အထူးလေ့ကျင့် သင်ကြားပေးခြင်းကို ခံထားရသော တိုက်ခိုက်ရေးသမားများစွာထဲကမှ တစ်ယောက် ဖြစ်သည်။

ဤနှစ်များတွင် သန္ဓေပြောင်း သားရဲ အသားများစွာကို သူစားသောက်ခဲ့၏။ ထိုကြောင့် ယခုဆို သူသည် သံမဏိကိုယ်ထည်အား မဝတ်ဆင်ထားလျှင်ပင် တန်ပေါင်းများစွာကို မနိုင်နေဆဲ ဖြစ်သည်။

သူသည် ထယ်ရီဇင်နိုဆောရပ်စ်၏ တိုက်ခိုက်မှုကို လျင်မြန်စွာ ရှောင်တိမ်းပြီးနောက် သူ၏ ဓားရှည်ကို လွှဲလိုက်သည်။ ဤသို့ဖြင့် သူ၏ ဓားတစ်ချက် ဝှေ့ရမ်းလိုက်တိုင်း ထယ်ရီဇင်နိုဆောရပ်စ်၏ ကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့သည်။

ပရိသတ်ခုံတန်းတွင် ထိုင်နေကြသော ရှောင်လန်နှင့် အခြားမိန်းကလေးများသည် ဤသွေးထွက်သံယို မြင်ကွင်းကြောင့် ၎င်းတို့၏ မျက်လုံးများကို ဖုံးအုပ်ထားခဲ့ကြ၏။ သို့သော်လည်း အခြားပရိသတ်များကမူ အရူးအမူး အားပေးနေကြဆဲ ဖြစ်သည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် ထယ်ရီဇင်နိုဆောရပ်စ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးများက ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။ နဂါးသတ်သမားက ထယ်ရီဇင်နိုဆောရပ်စ်၏ အရှေ့တွင် ရပ်နေပြီး တိုက်ပွဲအကျိုးအမြတ်များကို ရိတ်သိမ်းရန် အသင့်ရှိနေသည်။

"ဒီလူဒီလောက်အားကောင်းလာဖို့ သန္ဓေပြောင်း သားရဲအသားတွေ အများကြီး စားခဲ့ရမှာပဲ.."

ပရိသတ်ခုံတန်းတွင် ထိုင်နေသော လီဇီက တိုက်ခိုက်ရေးသမား၏ မယုံနိုင်စရာကောင်းသော ကာယစွမ်းရည်ကို မြင်ပြီးနောက် ကောက်ချက်ချလိုက်သည်။

"ဟေးး...."

တိုက်ခိုက်ရေးသမားက ကျယ်လောင်စွာ အော်ဟစ်ရင်း ဒဏ်ရာရနေသော ဒိုင်နိုဆောဆီသို့ ပြေးသွားကာ ၎င်းကို အဆုံးသတ်ရန် လုပ်လိုက်သည်။

လီဇီနှင့် ပရိသတ်များသည် ခုံတန်းများ၏ အစွန်းတွင် ရပ်နေပြီး စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြသည်။

ဤထိတ်တိုက်တွေ့ဆုံမှုအပြီးတွင် အနိုင်ရသူက မည်သူမှန်း ဆုံးဖြတ်နိုင်ဖွယ်ရှိသည်။

သို့သော် ဤအချိန်မှာပင် ကြည့်ရှုသူပရိသတ် ခုံတန်းများထဲက တစ်ခုတွင် ကျယ်လောင်သော အသံတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာပြီး ထိုခုံတန်းသည် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

ဤဖြစ်ရပ်သည် ထိုဧရိယာတွင် ပထမဆုံးအကြိမ် ပေါ်လာပြီးနောက် အခြားကြည့်ရှုသူ ခုံတန်းများသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။

"ဘာတွေဖြစ်နေတာလဲ.."

အောက်ဘက်ရှိ တိုက်ပွဲကို အာရုံစိုက်ကာ ကြည့်ရူနေသော လီဇီသည် ရုတ်တရက် ဖြစ်ပေါ်လာသော ရုတ်ရုတ်သဲသဲဖြစ်ရပ်၏ ရင်းမြစ်ဆီသို့ စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

"မက်ခ်.. မက်ခ်.."

ဤဖြစ်ရပ်၏ အစသည် ကြည့်ရူသူခုံတန်း၏ အောက်ဘက်က ဘယ်ဘက်အခြမ်းတွင်ရှိသည့် အမျိုးသမီးတစ်ယောက်က စတင်ခဲ့ပြီး သူမသည် သူမ၏ လက်ထဲက ဖုန်းကို အော်ဟစ်နေ၏။ သူမ၏ အော်ဟစ်နေပုံက အသိစိတ်လွတ်နေသလိုဖြစ်ကာ သူမသည် မရပ်မနား ဆက်တိုက်အော်ဟစ်နေခဲ့၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. မဖြစ်နိုင်ဘူး။ အဲ့တာ မဖြစ်နိုင်ဘူး"

ခဏအကြာတွင် သတင်းစကားတစ်ခုက ပျံ့နှံ့သွားခဲ့ကာ လူတစ်ယောက်ပြီး တစ်ယောက် အော်ဟစ်လာခဲ့ကြသည်။ ဤသို့ဖြင့် လီဇီသည် ၎င်းတို့၏ စကားဝိုင်းများကတဆင့် ဤခရီးသွား ဧရိယာ၌ တစ်စုံတစ်ရာ မှားယွင်းနေမှန်း သိလာခဲ့၏။

အသားစားဒိုင်နိုဆောတစ်ကောင်သည် အပင်စားဒိုင်နိုဆောဧရိယာတွင် ပေါ်လာခဲ့ကာ ထိုဧရိယာ၏ အကာအကွယ် အားနည်းချက်ကို အခွင့်ကောင်းယူ၍ ထွက်ပြေးခဲ့၏။

ယခုအခါမှာတော့ အသားစားဒိုင်နိုဆောက ခရီးသွား ဘတ်စ်ကားတစ်စီးကို တိုက်ခိုက်ပြီးခဲ့ပြီ ဖြစ်သည်။ ဤတွင် အသက်ရှင်ကျန်ရစ်သူများက ၎င်းတို့၏ အဖော်များထံသို့ လုံခြုံရေးဧရိယာက လွတ်မြောက်နေသော ဒိုင်နိုဆောအကြောင်းကို အသိပေးရန် ဖုန်းခေါ်ခဲ့ကြသည်။

ဘုန်းး...

အောက်ဘက်ရှိ တိုက်ပွဲကွင်းထဲမှာတော့ ထယ်ရီဇင်နိုဆောရပ်စ်သည် နဂါးသတ်သမား၏ လည်ပင်းကို ဓားဖြင့် ထိုးနှက်ခြင်းခံလိုက်ရသောကြောင့် သေဆုံးရန် မလိုလားသော်လည်း သွေးအိုင်ထဲသို့ လဲကျသွားခဲ့၏။

သို့သော်လည်း ကြည့်ရှုသူများ ခုံတန်းများက ပရိသတ်များ၏ အာရုံစိုက်မှုသည် အခြားအရာအပေါ်သို့ ရောက်ရှိနေသောကြောင့် အားပေးသံများ ထွက်ပေါ်မလာချေ။

ဒိုင်နိုဆော သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူများစွာက ဤသတင်းကြောင့် ထိတ်လန့်သွားကြ၏။

"ခရီးသွားများ... ကျေးဇူးပြုပြီး သတိထားပေးပါ။ ကျေးဇူးပြုပြီး သတိထားပေးပါ"

ကြည့်ရှုသူ ခုံတန်းများအထက်ရှိ အသံချဲ့စက်မှ အသံများက ရုတ်တရက် ထွက်ပေါ်လာသည်။

"ကျေးဇူးပြုပြီး အားလုံးပဲ ထိုင်ခုံကနေ စနစ်တကျ ထွက်ခွာပေးပါ.."

"တိုက်ပွဲကွင်းပြင်ရဲ့ အပြင်ဘက်မှာ ကျွန်တော်တို့ရဲ့ဘတ်စ်ကားတွေ ရှိနေပါတယ်။ ဘတ်စ်ကားက လူတိုင်းကို ဟိုတယ်ဆီ ပြန်ပို့ပေးပြီး အနားယူစေပါလိမ့်မယ်"

အသံချဲ့စက်က စကားများကို ကြားပြီးနောက် ကြည့်ရူသူခုံတန်းများတွင် ဆူညံသံများဖြင့် ပြည့်နှက်သွား၏။

ခရီးသွားဧသည်များကို ၎င်းတို့က အဘယ့်ကြောင့် ဟိုတယ်ကို ပြန်ပို့နေရသနည်း။ အဘယ့်ကြောင့် တိုက်ပွဲကွင်းပြင်ကနေ ထွက်ခွာခိုင်းနေရသနည်း။

လော်ယန်နှင့် သူ၏ အဖွဲ့ဝင်များသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး ၎င်းတို့၏ မျက်နှာတွင် ထူးခြားသော အမူအရာများ ပေါ်လာသည်။

"ပြန်ကြရအောင်"

လော်ယန်က ဤစကားကို ပြောရင်း ခုံတန်းများ၏ ဘေးပတ်လည်ကို ကြည့်လိုက်သည်။ ဤနေရာတွင် အခြေအနေကို တည်ညိမ်စေရန် ထိန်းသိမ်းနေသော လုံခြုံရေးဝန်ထမ်းများ ရှိသည်။ ထို့ကြောင့် ခရီးသွားများက ဆူညံနေကြသော်လည်း ယခုထိတိုင် ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ မရောက်ရှိသေးပေ။

ခဏအကြာတွင် လီဇီနှင့် လော်ယန်၏ အဖွဲ့အလှည့် ကျရောက်လာသည်။ ဤသို့ဖြင့် လူရှစ်ယောက်ပါ အဖွဲ့သည် လူအုပ်ကြီးအတွင်းကနေ ကျဉ်ကျပ်စွာ တိုးဝှေ့ထွက်ခွာကာ လှေကားများစွာကို နင်းလျှောက်ပြီးနောက် တိုက်ပွဲကွင်းပြင် အပြင်သို့ ရောက်ရှိလာခဲ့ပြီး ဟိုတယ်သို့ ပြန်ပို့ပေးမည့် ဘတ်စ်ကားပေါ်သို့ တတ်ခဲ့ကြသည်။

"ဒါနဲ့ ဘာတွေဖြစ်နေတာလဲ ခင်ဗျာသိလား"

ဘတ်စ်ကားပေါ်သို့ တက်ရောက်ပြီးနောက် လီဇီက ယာဉ်မောင်းကို မေးလိုက်သည်။ သို့သော်လည်း ယာဉ်မောင်းက သူ့အား လျစ်လျူရှုကာ ပြန်မဖြေပေ။

တခဏအကြာတွင် ဘတ်စ်ကားက စတင်ရွေ့လျားလာပြီး ထိုနေရာကနေ လျင်မြန်စွာ မောင်းနှင်ထွက်ခွာလာခဲ့သည်။

တိုက်ပွဲကွင်းပြင်နှင့် ဟိုတယ်ကြားတွင် အကွာအဝေးတစ်ခုရှိကာ ဟိုတယ်သို့ ရောက်ရှိရန်အတွက် လမ်းခရီး၌ ဒိုင်နိုဆောများ၏ ဧရိယာ အများအပြားကို ဖြတ်သန်းရန် လိုအပ်၏။

ဘတ်စ်ကားက ရွေ့လျားနေစဉ် လီဇီနှင့် အခြားလူများက ထိတ်လန့်ကြောက်ရွံနေကြပြီး ဒိုင်နိုဆောတစ်ကောင် ရုတ်တရက် ပေါ်လာကာ ၎င်းတို့ကို စားမည်ကို ကြောက်ရွံ့နေကြသည်။

ရုတ်တရက် ယာဉ်မောင်းသည် ဘရိတ်ကို နင်းချလိုက်ရာ ခရီးသွားများ ထိုင်ခုံတွေပေါ်က အရှေ့သို့ စောင့်မိလှနီးပါး ဖြစ်သွားသည်။ ကိုယ့်ကိုကိုယ် ဟန်ချက်ညီအောင် ထိန်းလိုက်နိုင်ကြသော လီဇီနှင့် လော်ယန်တို့သည် ကြောက်ရွံ့နေသော အကြည့်များဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။

အထူးသဖြင့် ဘတ်စ်ကားအရှေ့က အရာကို မြင်ပြီးနောက် သူတို့၏ နှလုံးသားများသည် ရင်ဘတ်ထဲက ခုန်ထွက်လုနီးပါး ဖြစ်ခဲ့ရသည်။

ကြောက်မက်ဖွယ်ရာ သားရဲတစ်ကောင်သည် ဘတ်စ်ကားနှင့် သိပ်မဝေးသော နေရာတွင် ရှိနေသည်။ ၎င်း၏ ဘေးတွင် ဘတ်စ်ကားတစ်စီး မှောက်နေသည်။

ထိုသားရဲသည် ယခင်က ဘတ်စ်ကား၏ အစွန်းကို ကိုက်နေခဲ့သော်လည်း ကျယ်လောင်သော ဘရိတ်အုပ်သံကို ကြားပြီးနောက် ၎င်းသည် လီဇီတို့ ရှိရာ ဘတ်စ်ကားကို တည့်တည့် စိုက်ကြည့်လာခဲ့၏။

"ဒါ.. ဒါက T-Rex လား"

လီဇီနှင့် အခြားလူတွေ၏ အသက်ရှူသံဟာ ဧရာမသားရဲကို မြင်ပြီးနောက် ရပ်တန့်လုနီးပါး ဖြစ်သွားသည်။

ဗုန်း.. ဗုန်း..

ခဏမျှ စိုက်ကြည့်နေပြီးနောက် T-Rax သည် ၎င်းဘေးက ဘတ်စ်ကားကို ဂရုမစိုက်တော့ဘဲ လီဇီနှင့် အခြားလူများရှိရာ ဘတ်စ်ကားဆီသို့ ပြေးဝင်လာသည်။ ၎င်း၏ ခြေလှမ်းတိုင်းတွင် မြေပြင်သည် တုန်ခါသွားပြီး ကျယ်လောင်သော အသံများ ထွက်ပေါ်လျက်ရှိသည်။

"ခွေး%#တွေ၊ မကောင်းတဲ့အကောင်တွေ၊ T-Rex ကိုတောင် လွှတ်ပေးထားတယ်"

ယာဉ်မောင်းက ကျယ်လောင်စွာ ဆဲဆိုလိုက်ပြီး ဘတ်စ်ကားကို (၁၈၀) ဒီဂရီ ချိုးကွေ့ကာ အရှိန်မြှင့်နင်းပြားကို ဖိနင်း၍ ဘေးဘက်ရှိ တောထဲသို့ မောင်းဝင်လိုက်၏။

ဘတ်စ်ကား၏ တောထဲသို့ မောင်းဝင်စဉ်တွင် ၎င်းရှေ့က ချုံပုတ်တစ်ခုသည် ချက်ချင်းပင် ပြားချပ်သွားခဲ့၏။ ကံကောင်းထောက်စွာဖြင့် တောထဲက မြေပြင်သည် အတော်လေး ပြန့်ပြူးကာ သစ်ပင်အလွန်ထူထဲခြင်း မရှိပေ။

သို့မဟုတ်ပါက ၎င်းရှေ့က ရိုးရှင်းစွာ ထွက်ပြေးနိုင်မည် မဟုတ်ပေ။

ဘတ်စ်ကားသည် တောထဲတွင် သစ်ပင်ကြီးများကို ကွေ့ပတ်မောင်းနေခဲ့သည်။ တစ်ခါတစ်ရံတွင် ဘတ်စ်ကားက သစ်ပင်ကြီးအချို့ကို တိုက်မိလုနီးပါး ဖြစ်ခဲ့ရပြီး T-Rex ကတော့ ယခုထိတိုင် အနောက်ကနေ လိုက်လာနေဆဲ ဖြစ်သည်။

"ငါဘာလုပ်ရမလဲ.. ငါဘာလုပ်ရမလဲ... ငါမသေချင်သေးဘူး"

"အမေ.. သား ကြောက်တယ်"

ကားပေါ်တွင် ခရီးသည်အများအပြားက အော်ဟစ်ငိုယိုနေကြကာ အမျိုးသမီးများက အမျိုးသားများထက် ပိုလို့ပင် သည်းထန်စွာ ငိုကြွေးနေကြ၏။

ဒီနေရာမှာ ငါသေရတော့မှာလား"

လီဇီက နောက်ဘက် လှည့်ကြည့်လိုက်သည်။ သူသည် ဖောက်ထွင်မြင်နိုင်သော မှန်ကတဆင့် အနောက်က ပြေးလိုက်လာနေသော ဧရာမသားရဲကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။

T-Rex သည် ဘတ်စ်ကားနှင့် ပို၍ ပို၍ နီးကပ်လာနေပြီး၊ ထူးထူးခြားခြား မည်သည့်အရာမှ ဖြစ်မလာဘူးဆိုလျှင် ၎င်းက မိနစ်အနည်းငယ်အတွင်း ဘတ်စ်ကားကို ဖမ်းမိတော့မည် ဖြစ်သည်။

ဟူးးး

ပြင်းထန်သော လေတိုးသံများက ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်က အရိပ်အချို့ ကျရောက်လာသည်။ ၎င်းသည် လီဇီနှင့် အခြားလူများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းတို့က မော့ကြည့်လိုက်ကြသည်။

"ပတီရိုဆောလား"

(လေပေါ်ပျံသန်းနိုင်သော ရှေးဟောင်း ငှက်တစ်မျိုး)

လီဇီနှင့် အခြားလူများ သူတို့၏ စိတ်ထဲတွင် တွေးလိုက်သော်လည်း တရားဝင်ထုတ်ပြန်ထားသော သတင်းတွင် ပတီရိုဆောအကြောင်း မရှိပေ။

ဂျူးမြစ်ပန်းခြံ၏ အာဏာပိုင်များက ပျံသန်းနိုင်သော သားရဲအမျိုးအစားကို ထိန်းချုပ်နိုင်သည့် နည်းလမ်းမရှိသေးသောကြောင့် ၎င်းတို့ကို ပုံတူပွား ဖန်တီးရခြင်း မရှိသေးဟု ဆိုထား၏။

ဤသို့ဆိုလျှင် ကောင်းကင်တွင် ပျံသန်းနေသော ပတီရိုဆောတစ်အုပ်က ဘယ်ကနေ လာခဲ့သနည်း။ အတိအကျဆိုရသော် ဘာတွေ ဖြစ်နေပါသနည်း။

ဤအကြောင်း တွေးတောရန် အချိန်နှောင်းနေပြီ ဖြစ်သည်။ ကျယ်လောင်သော ခြေသံများက လီဇီ၏ အတွေးများကို ဖယ်ရှားပစ်ခဲ့သည်။

သူသည် နောက်လှည့်ကြည့်လိုက်ရာ ပိုမိုနီးကပ်လာနေသော T-Rex ကို တွေ့လိုက်ရ၏။

လီဇီသည် T-Rex ကို ခဏမျှ ကြည့်ပြီးနောက် ယာဉ်မောင်းကို ကြည့်လိုက်သည်။ သူ၏ နှလုံးသားသည် မယုံနိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းဖြင့် ခုန်နေပြီး သူ၏ လည်ချောင်းက ခြောက်သွေ့နေသည်။

"မြန်မြန် မြန်မြန် မြန်မြန်လေး"

လီဇီက သူ့စိတ်နှလုံးထဲ အဆက်မပြတ် အော်ဟစ်နေသည်။ ပြင်းထန်သော စိတ်ခံစားချက်ကြောင့် သူ၏ မျက်နှာတွင် ချွေးများဖြင့် ပြည့်နှက်နေသည်။ သူသည် အော်ဟစ်နေစဉ်မှာပင် ယာဉ်မောင်းက ဘရိတ်ကို ရုတ်တရက် နင်းချလိုက်၏။

ကျွီးးး....

ကျယ်လောင်သော ဘရိတ်အုပ်သံနှင့်အတူ ဘတ်စ်ကားသည် မြေပြင်ပေါ်တွင် အကွာအဝေးတစ်ခုထိ လျှောတိုက်သွားခဲ့၏။

လီဇီ အံ့အားသင့်သွားသည်။ ဤကဲ့သို့ သေခြင်း ရှင်ခြင်း အခိုက်အတန့်တွင် ယာဉ်မောင်းက အဘယ်ကြောင့် ရုတ်တရက် ဘရိတ်နင်းလိုက်ရသည်ကို သူမသိပေ။

သို့သော် သူသည် ဘတ်စ်ကားရှေ့ရှိ မြင်ကွင်းကို မြင်ပြီးနောက် သူ၏ နှလုံးသားသည် အေးစက်သွားခဲ့၏။ မျက်ရည်တစ်စက်သည် သူ၏ ပါးပြင်ပေါ်သို့ ကျဆင်းသွားသည်။

ဘတ်စ်ကားနှင့် သိပ်မဝေးသောနေရာတွင် ဧရာမရေကန်ကြီး တစ်ကန်ရှိနေသည်။

သူတကယ်ပဲ ဒီနေ့ ဒီနေရာမှာ သေရတော့မှာလား...။

.....

All Chapters