← Chapters

သေမင်းနှင့် လက်တစ်ကမ်း

Vol. 18 Ch. 238

သေမင်းနှင့် လက်တစ်ကမ်း

Vol. 18 Ch. 238

ဗုန်း... ဗုန်း...

ဘတ်စ်ကား၏ အနောက်ဘက် မလှမ်းမကမ်းက ဆယ်ခြောက်မီတာ အရှည်ရှိသော T-Rex တစ်ကောင် ကျယ်လောင်သော ခြေသံများနှင့်အတူ ဘတ်စ်ကားဆီသို့ ချည်းကပ်လာနေသည်။ ဤလေးလံသော ခြေသံများကြောင့် ဘတ်စ်ကားအတွင်း တခဏမျှ တိတ်ဆိတ်သွားပြီးနောက် အော်ဟစ်ငိုယိုသံများ ထွက်ပေါ်လာကာ စတင်ရုတ်ရုတ်သဲသဲ ဖြစ်လာ၏။

ဂလု...

လီဇီက ကြောက်လန့်တကြား တံတွေးကို မျိုချလိုက်သည်။ သူ၏ မျက်နှာတွင် အလွန်အမင်းကြောက်ရွံ့မှုကြောင့် ချွေးများဖြင့် ပြည့်နှက်နေ၏။ သူ၏ နှလုံးက ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မလို့ သူခံစားနေရသည်။

သူ၏ ဘေးတွင် လော်ယန်၊ ရှောင်လန်နှင့် အခြားအဖွဲ့ဝင်များ ထိုင်နေကြသည်။ မိန်းကလေးအများစုသည် သူမတို့၏ လက်များဖြင့် ပါးစပ်များကို ဖုံးအုပ်ထားကြပြီး တိတ်တဆိတ် ငိုကြွေးနေကြ၏။

"ဘာအသံမှ မထွက်စေနဲ့၊ မင်းတို့ရဲ့ ထိုင်ခုံကနေ ဖြည်းဖြည်းချင်း လျှောချလိုက်"

လီဇီက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ဘေးက လော်ယန်နှင့် ရှောင်လန်ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

ထိုနောက် သူသည် သူ၏ ထိုင်ခုံအောက်သို့ ဖြည်းဖြည်းချင်း လျှောချလိုက်ပြီး သူ၏ ဦးခေါင်းပေါ်သို့ လက်နှစ်ဖက်တင်ကာ ခန္ဓာကိုယ်ကို ကျုံ့ထားလိုက်သည်။

လော်ယန်နှင့် ရှောင်လန်သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကျကာ လီဇီအတိုင်း လိုက်လုပ်ကြသည်။ အခြားအဖွဲ့ဝင်များနှင့် လူများသည် သူတို့၏ ပုံစံကို မြင်ပြီးနောက် ၎င်းတို့၏ ခုံများက လျှောချလိုက်ကာ စတင်ပုန်းအောင်းလိုက်ကြ၏။

"အား..."

သို့သော် တည်ငြမ်သော လေထုက ကြာရှည်မခံပေ။ ခရီးသွားအချို့က စတင်အော်ဟစ်လာကြ၏။ အချို့သည် မှန်တံခါးများကို ထုရိုက်နေကာ ဘတ်စ်ကားအတွင်းက ထွက်ခွာခွင့်ပြုရန် အော်ဟစ်နေကြသည်။

"ချီးပဲ..."

ယာဉ်မောင်းက အော်ဟစ်လိုက်သည်။

"မင်းတို့အားလုံး စောက်ပါးစပ်တွေ ပိတ်လိုက်ထားကြစမ်း။ ခွေးမတွေ"

"မင်းတို့ မသေချင်ရင် စောက်ပါးစပ်တွေ ပိတ်ထားလိုက်"

ယာဉ်မောင်း၏ အော်ဟစ်သံများနှင့် ဆဲဆိုသံများက အကျိုးသက်ရောက်မှု မရှိပေ။ ဘတ်စ်ကားပေါ်တွင် အမျိုးသမီးများက ဆက်လက် အော်ဟစ်နေကြစဉ်... လူတစ်ယောက်က ပြတင်းပေါက်ကို ဖွင့်ကာ အပြင်သို့ ခုန်ထွက်လိုက်၏။

၎င်း၏ အန္တရာယ်များသော လုပ်ဆောင်ချက်အပြီးတွင် နောက်ထက် လူတစ်ယောက်က ၎င်းနောက်သို့ ခုန်ချကာ ပြေးထွက်သွားခဲ့၏။

အချိန်တိုအတွင်း ဘတ်စ်ကားအတွင်းက လူတစ်ဝက်ကျော်သည် ထွက်ခွာသွားကြပြီး လူဆယ်ငါးယောက်သာ ကျန်ရှိခဲ့သည်။ ဘတ်စ်ကား၏ ထိပ်ဘက်တွင် ယာဉ်မောင်းနှင့် ၎င်း၏ လက်ထောက်သည် လီဇီနှင့် လော်ယန်ကဲ့သို့ ၎င်းတို့၏ ထိုင်ခုံအောက်တွင် ဝပ်ဆင်းနေခဲ့၏။

ယာဉ်မောင်းသည် ဘတ်စ်ကားထဲကနေ ထွက်ပြေးသွားကြသော လူများကို အေးစက်စက်စိုက်ကြည့်နေခဲ့သည်။ သူသည် မူလက မိုက်မဲသော လုပ်ရပ်များမလုပ်ရန် အကြံပေးလိုခဲ့သော်လည်း သူ၏ စကားကို မည်သူမှ အဖက်မလုပ်ခဲ့သောကြောင့် သူသည် ပါးစပ်ပိတ်၍သာ နေလိုက်သည်။

ထို့အပြင် ၎င်းတို့ကို မတားမြစ်တော့သည်မှာလည်း ၎င်းတို့၏ ထွက်ပြေးမှုက T-Rex ၏ အာရုံစိုက်မှုက ဤဘတ်စ်ကားကနေ လမ်းကြောင်းပြောင်းသွားစေနိုင်တာကြောင့်လည်း ပါဝင်သည်။

"ဘာတွေ ဖြစ်နေတာလဲ ဆိုတာ မင်းတို့သိကျလား။ ဒိုင်နိုဆောတွေ ဘာလို့ လုံခြုံရေး ဧရိယာကနေ ရုတ်တရက် ထွက်လာရတာလဲ အဲ့ဒီလို ထွက်လာစေနိုင်လောက်တဲ့ အကြောင်းရင်းက ဘာလဲ"

လီဇီ၏ အရှေ့က ယန်ဖေ့သည် သူ၏ အဖော်တွေကို အသံတိုးတိုးဖြင့် မေးလိုက်သည်။

သို့သော် ၎င်းတို့ကလည်း အဖြေကို မသိကြပေ။ ၎င်းတို့သည်လည်း ဒိုင်နိုဆောတွေ ဘာကြောင့် လုံခြုံရေး ဧရိယာကနေ ထွက်လာကျတာလဲဆိုတာ သိချင်နေကြ၏။

"ကယ်... ကယ်ကြပါ.... မဖြစ်နိုင်ဘူး..... မဟုတ်ဘူး..... အားး..."

ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက်ကင်းမဲ့နေသော အော်ဟစ်သံတစ်ခုသည် ဘတ်စ်ကားအပြင်ဘက်က ရုတ်တရက် ထွက်ပေါ်လာပြီး ဘတ်စ်ကားပေါ်ရှိ လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

လီဇီနှင့် အခြားလူများသည် ၎င်းတို့၏ နှလုံးသားထဲရှိ သိလိုစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ၎င်းတို့၏ ခေါင်းများကို ဖြည်းဖြည်းချင်းထုတ်ကာ ပြတင်းပေါက်ကနေ အပြင်ဘက်ကို ကြည့်လိုက်ကြသည်။

ထိုအခါ T-Rex က ပြတင်းပေါက်ကနေ ခုန်ထွက်ကာ ထွက်ပြေးသွားသော လူတွေထဲက နောက်ဆုံးတစ်ယောက်ရဲ့ နောက်ကို ပြေးလိုက်သွားနေတာကို မြင်လိုက်ရသည်။

T-Rex သည် ထိတ်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးနေသော အမျိုးသားကို အလျင်အမြန် လိုက်မီသွားပြီး ၎င်း၏ ဦးခေါင်းကို နှိမ့်ချကာ ဧရာမပါးစပ်ဖြင့် ထိုလူကို ကိုက်ချလိုက်သည်။

သတ်လတ်ပိုင်းအရွယ် လူဖြူ အမျိုးသား၏ မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်မှုဖြင့် ပြည့်နေခဲ့ကာ သူသည် အစွမ်းကုန်အသုံးပြု၍ ပြေးနေခဲ့၏။ သို့သော်လည်း နောင်တစ်ခဏတွင် T-Rex ၏ ဧရာမပါးစပ်ကြီးဖြင့် ကိုက်ချလာခြင်းကို ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်သွားကာ ခါးလယ်အပေါ်ပိုင်းသည် T-Rex ၏ စားသောက်ခြင်းကို ခံလိုက်ရသည်။

ဘတ်စ်ကားအတွင်းက ဤကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မြင်လိုက်ကြရသော လူတိုင်း၏ နှလုံးဟာ အလွန်လျင်မြန်စွာ ခုန်နေခဲ့၏။ လူတိုင်းသည် ၎င်းတို့၏ နှလုံးခုန်သံကို ကိုယ်တိုင် ကြားနေရပြီး၊ အချို့လူများသည် အလွန်အမင် ကြောက်ရွံ့မှုကြောင့် ဆီးများ ထွက်ကျကုန်ကာ စူးရှသော ကျင်ငယ်နံ့က ဘတ်စ်ကားအတွင်း ပျံ့နှံ့သွားခဲ့သည်။

T-Rex သည် ဘတ်စ်ကားအပြင်တွင် ကျယ်လောင်စွာ အော်ဟစ်နေခဲ့၏။ ၎င်းသည် ခရီးသွားများစွာ၏ အသံကို ကြားလိုက်ရသော်လည်း လူအနည်းငယ်ကိုသာ စားသုံးခဲ့ရပြီး လူများစွာ၏ အသံက ယခုပျောက်ဆုံးသွားသောကြောင့် ဒေါသထွက်နေခဲ့သည်။

အော်ဟစ်သံများ ပျောက်ကွယ်သွားသောအခါ ဤနေရာတစ်ခုလုံးကို တိတ်ဆိတ်မှုက လွှမ်းခြုံထားခဲ့သည်။

လီဇီနှင့် လော်ယန်တို့သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကာ တိတ်တဆိတ် အသက်ပြင်းပြင်းရှူပြီးနောက် ဘတ်စ်ကားအပြင်ဘက်ရှိ အခြေအနေကို နားလည်နိုင်ရန်အတွက် ၎င်းတို့၏ ခေါင်းတွေကို ဖြည်းဖြည်းချင်း ထုတ်ကြည့်လိုက်သည်။

သူတို့သည် အလွန်တိတ်ဆိတ်စွာ ရွေ့လျားခဲ့ကြပြီး T-Rex ၏ အာရုံကို ဆွဲဆောင်မိမည်ကို ကြောက်ရွံ့နေခဲ့ကြ၏။ ဤသို့ဖြင့် သူတို့၏ အမြင်အာရုံအတွင်းသို့ ဘတ်စ်ကားအပြင်က မြင်ကွင်းဟာ ရောက်ရှိလာခဲ့လေသည်။

"...."

ဘတ်စ်ကား၏ အပြင်တွင် သွေးကွက်တစ်ခုသာ ရှိနေပြီး ကျန်ရှိနေသည်က လစ်ဟာနေသော မြေအစိုင်အခဲများပင်။ ထိုအခါ ချက်ချင်းပင် သူတို့၏ ခေါင်းထဲတွင် အမေးသင်္ကေတများက ပြည့်သွားသည်။

T-Rex က ဘယ်ရောက်သွားတာလဲ...

သို့သော် ဤအချိန်မှာပင် ဧရာမအရိပ်ကြီးတစ်ခုက ရုတ်တရက် ပေါ်လာခဲ့၏။ ဧရာမဦးခေါင်းတစ်ခုက လီဇီနှင့် လော်ယန်တို့ရှေ့က မှန်ပြတင်းပေါက်နှင့် အလွန်နီးကပ်နေသည်။

လီဇီနှင့် လော်ယန်တို့၏ အကြည့်က ဧရာမအနီရောင် မျက်လုံးကြီးတစ်ခုနှင့် အကြည့်ချင်းဆုံသွားသည်။

ဂလု...

အမျိုးသားနှစ်ယောက်၏ ခန္ဓာကိုယ်ဟာ ပြင်းထန်စွာ တုန်ယင်သွားပြီး ၎င်းတို့၏ ခြေထောက်တွေက ဂျယ်လီနှင့် လုပ်ထားသလား မှတ်ရလောက်အောင် ပျော့ခွေလုနီးပါး ဖြစ်သွားသည်။

ဘတ်စ်ကားပေါ်က အခြားလူများလည်း ထိုအချိန်တွင် T-Rex ၏ တည်ရှိမှုကို သတိပြုမိလိုက်ကြသည်။ လူတိုင်းက ၎င်းတို့၏ ပါးစပ်တွေကို လျင်မြန်စွာ ဖုံးအုပ်လိုက်ကြသည်။

သို့သော် ဤအခြေအနေက စက္ကန့်အနည်းငယ်သာ တည်ရှိခဲ့ပြီး အချို့လူများက ၎င်းတို့၏ ကြောက်ရွံမှုကို မအောင့်အီးနိုင်တော့ဘဲ စတင်အော်ဟစ်ခဲ့ကြ၏။

"အား..."

ဘတ်စ်ကားအတွင်းက ရုတ်တရက် ထွက်ပေါ်လာသော စူးရှသော အော်ဟစ်သံတစ်ခုက လီဇီ၏ မျက်နှာကို ခရမ်းရောင် ပြောင်းသွားစေသည်။ သူက လော်ယန်၏ ခေါင်းကို ချက်ချင်းပင် ဖိလိုက်ပြီး အော်ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကို ကာကွယ်ကျ..."

"ဂါးးး"

သူ၏ အသံ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ဘတ်စ်ကား ဘေးတွင် ရှိနေသော T-Rex က ၎င်း၏ ခေါင်းကို မော့ကာ ကျယ်လောင်စွာ ဟိန်းသံပြုလိုက်ပြီး၊ ၎င်း၏ ခေါင်းကို နှိမ့်ကာ ဘတ်စ်ကားကို တွန်းလိုက်သည်။

ခွမ်းးး......

T-Rex ၏ ဦးခေါင်းသည် မှန်ပြတင်းပေါက်ကို ထိသွားပြီး ပြတင်းပေါက်တစ်ခုလုံး အက်ကွဲကြောင်းများ ပျံ့နှံ့သွားသည်နှင့် တပြိုင်နက် ဘတ်စ်ကားသည် ၎င်း၏ ကြီးမားသော ခွန်အားကြောင့် အလွယ်တကူ မှောက်ကျသွားခဲ့သည်။

"အား..."

"အား..."

"အား..."

ဘတ်စ်ကားအတွင်း ခရီးသည်များ၏ ကြောက်ရွံထိတ်လန့်မှုဖြင့် ပြည့်နှက်နေသော အော်ဟစ်သံများက လေထုအတွင်း ပျံ့လွင့်နေ၏။ ဤအော်ဟစ်သံတွေထဲမှာ လီဇီနှင့် လော်ယန်တို့၏ အော်ဟစ်သံလည်း ပါဝင်နေသည်။

ဘတ်စ်ကားသည် မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ်ခန့် လှိမ့်သွားပြီးနောက် လီဇီနှင့် အခြားလူများသည် ၎င်းတို့၏ ဟန်ချက်ကို ပြန်ထိန်းနိုင်ခဲ့သည်။

ယခုအခါမှာတော့ လူတိုင်း၏ ခန္ဓာကိုယ်က ဖူးရောင်ညိုမဲနေပြီး အထူးသဖြင့် မျက်နှာနှင့် လက်တွေက နီရဲကာ ဖောယောင်စပြုနေခဲ့ချေပြီ...။ သို့သော် ကံကောင်းထောက်စွာဖြင့် အက်ဒရီနယ်လင်နှင့် သွေးပူနေခြင်းကြောင့် နာကျင်မှုက များများစားစား ဖြစ်ပေါ်မလာသေးပေ။

သို့သော် လူတိုင်း၏ စိတ်ကမအေးနိုင်သေးမှီ ဧရာမဦးခေါင်းတစ်ခုက ဘတ်စ်ကားအထက်တွင် ရုတ်တရက် ပေါ်လာခဲ့ပြီး ယခု ၎င်းကိုက်ခဲ့ဖူးသော ဘတ်စ်ကားအစိတ်အပိုင်းကို ထက်မံကိုက်ချလာလေသည်။

ခရက်... ခရက်...

မှန်ကွဲသံများနှင့်အတူ သံမဏိမျက်နှာကျက်၏ တစ်စိတ်တစ်ပိုင်းသည် ပိန်ချိုင့်သွားခဲ့ကာ ပြတင်းပေါက်၏ အစိတ်အပိုင်းအနည်းငယ်က အက်ကွဲစပြုလာသည်။

ဤဘတ်စ်ကားတွေကို အပျက်အစီးခံနိုင်သော အထူးပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် T-Rex သည်ပင် ဘတ်စ်ကားကို အလွယ်တကူ ဖောက်ထွင်းနိုင်မည် မဟုတ်ပေ။

ဤနည်းလမ်းဖြင့် ဘတ်စ်ကားကို ဖောက်ထွင်းမရသည်ကို ရိပ်စာမိလိုက်သော T-Rex က ၎င်း၏ ဦးခေါင်းကို အသုံးပြု၍ ပိန်ချိုင့်နေသော အစိတ်အပိုင်းကို ထပ်မံ၍ တွန်းထိုးလာခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် ဘတ်စ်ကားက မမှောက်သွားပေ။ ဤသို့ဖြင့် ယခင်ပြတင်းပေါက်၏ ဘေးဘက်သံမဏိသည် ကွေးညွှန့်လာခဲ့ကာ T-Rex ၏ ဦးခေါင်း ဝင်ဆန့်နိုင်သော အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။

၎င်းက ဘတ်စ်ကားပေါ်ရှိ လူတိုင်းနီးပါးကို အော်ဟစ်မိသွားစေသည်။ လူတိုင်းက ၎င်းတို့၏ မျက်လုံးများကို ပိတ်ကာ ဦးခေါင်းများကို လက်နှစ်ဖက်ဖြင့် အုပ်လျက် အဆုတ်ကွဲမတတ် အော်ဟစ်ခဲ့ကြသည်။

ဤအချိန်တွင် လီဇီက သူ၏ ကိုယ်ကို ဘောလုံးတစ်လုံးကို ပွေ့ဖက်ထားသလို ကြုံကာ သူ၏ တည်ရှိမှုကို ဤနေရာက ပျောက်ကွယ်သွားစေရန် ကြိုးစားလျက်ရှိသည်။

သူသည် ဘတ်စ်ကားအတွင်း မရမက တိုးဝင်ရန်ကြိုးစားနေသော ဦးခေါင်းကြီးကို ကြည့်နေစဉ် သူ၏ ပြင်းထန်သော နှလုံးခုန်သံကို ကြားနေရသည်။

ဤအချိန်တွင် သူ၏ စိတ်ခံစားချက်က စကားလုံးများဖြင့် ဖော်ပြရန် မဖြစ်နိုင်လောက်အောင် ဖြစ်ပြီး သူ၏ အတွေးများက ဗလာဖြစ်နေကာ စဉ်းစားဆင်ခြင်နိုင်စွမ်းများ ပျောက်ဆုံးနေသလိုပင်။

ရုတ်တရက် လီဇီသည် ဘတ်စ်ကားအတွင်း မရမက ၎င်း၏ ဦးခေါင်းကို ထည့်သွင်းရန် ကြိုးစားနေခဲ့သော T-Rex က နောက်ပြန်ဆုတ်သွားခြင်းကို မြင်လိုက်ရသည်။

ဤသည်က လီဇီကို အံ့အားသင့်သွားစေသည်။ အခြားလူများကလည်း ၎င်းတို့၏ အော်ဟစ်ခြင်းကို ရပ်တန့်လိုက်ကြသည်။ လူတိုင်းက တွေးမိလိုက်ကြသည်။ အကူအညီတွေ ရောက်လာပြီလား။

လူတိုင်း စိတ်လှုပ်ရှားစပြုနေစဉ် အပြင်ဘက်ရှိ အခြေအနေကို မြင်ပြီးနောက် ဤစိတ်လှုပ်ရှားခြင်းက လေကဲ့သို့ ပျောက်ကွယ်သွားသည်။

ဘတ်စ်ကား အနောက်ဘက်က ကြီးမားသော ပြတင်းပေါက်မှတဆင့် လီဇီသည် အပြင်ဘက်မြင်ကွင်းကို မြင်လိုက်ရ၏။ သူသည် ဒိုင်နိုဆောတစ်အုပ်သည် ပြေးလာနေသည်ကို မြင်နေရသည်။

T-Rex နှင့် နှိုင်းယှဉ်လျှင် ၎င်းတို့၏ အရွယ်အစားက များစွာသေးငယ်သော်လည်း ၎င်းတို့၏ ချွန်ထက်သော ခြေသည်း၊ ချွန်ထက်သော သွားတွေနှင့် လျင်မြန်မှုတို့ကြောင့် နာမည်ကြီးသည်။

"ရက်ပ်တာတွေ..."

လီဇီသည် ထိုဒိုင်နိုဆောအုပ်ကို မြင်လိုက်ရသောအခါ ၎င်းတို့က ဗီလိုစီရက်ပ်တာတွေ ဖြစ်သည်ကို ချက်ချင်း မှတ်မိလိုက်သည်။ ၎င်းသည် အကူအညီ မဟုတ်ဘဲ သူတို့အား အမဲလိုက်မည့် မုဆိုးတစ်အုပ်သာ ဖြစ်သည်။

ဗီလိုစီရက်ပ်တာသည် ထယ်ရီဇင်နိုဆောရပ်စ်နှင့် အတော်လေး ဆင်တူသော်လည်း အရွယ်အစားခြားနား၏။

ဗီလိုစီရက်ပ်တာများသည် အမြီးအပါအဝင် နှစ်မီတာခန့်ရှိကာ တင်ပါးအမြင့် တစ်မီတာ၏ တစ်ဝက်ခန့်သာရှိပြီး အလေးချိန်က ဆယ်ငါး ကီလိုဂရမ်မှ နှစ်ဆယ် ကီလိုဂရမ်အထိ ရှိသည်။

"ဂီးးး"

"ဂါးး"

ဗီလိုစီရက်ပ်တာအုပ်စု ပေါ်လာပြီးနောက် ၎င်းတို့သည် ငှက်ဆိုးတစ်ကောင်၏ အသံဖြင့် အော်လိုက်သည်။ T-Rex ကလည်း အစာလာလုချင်နေသော သူခိုးအုပ်စုကို ချက်ချင်း ပြန်အော်၏။

၎င်း၏ ဟိန်းသံသည် အလွန်ကျယ်လောင်သောကြောင့် မှန်ပြတင်းပေါက်များပင် တုန်ခါသွားခဲ့၏။ လီဇီနှင့် အခြားလူများသည် ၎င်း၏ သူခိုးမောင်းနှင်သံကို တွန်းလှန်ရန်အတွက် နားများကို ဖုံးအုပ်ထားခဲ့ရသည်။

လီဇီ၏ မျှော်လင့်ချက်များ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် အကူအညီလာခြင်း ဖြစ်မည်ဟု တွေးထင်ခဲ့သော်လည်း တကယ်ရောက်လာသည်က သူခိုးတစ်အုပ်ဖြစ်နေသည်။

အကယ်၍ T-Rex သူတို့အား စားသုံးပြီးနောက် ထွက်သွားသည့်အခါ ကျွင်းကျန်ရစ်သော ကိုယ်လက်အင်္ဂါများနှင့် အသားအပိုင်းအစများကို ဤတောခွေးအုပ်စုနှင့် တူသော ဗီလိုစီရက်ပ်တာက မည်သည်မှ မကျန်ခဲ့လေအောင် ရှင်းလင်းပေလိမ့်မည်။

ဤသည်ကို တွေးမိလိုက်ကျသော ခရီးသည်များသည် မှင်သေနေခဲ့သည်။ ၎င်းတို့သည် ကိုယ့်ကိုယ်ကို အခြားသတ္တဝါများ၏ အထက်တွင် ရှိနေသော သက်ရှိအဖြစ် မှတ်ယူထားခဲ့ကာ ဒိုင်နိုဆောများကို အဖျော်အဖြေခံသားရဲအဖြစ် မှတ်ယူထားခဲ့သည်။

ကမ္ဘာပျက်တွင် လူသားဘီလီယံနှင့်ချီ သေဆုံးပြီးနောက် တိရစ္ဆာန်များကို ကာကွယ်သင့်သည်ဟု တွေးတောကျသော လူများစွာက မရှိတော့ပေ။

ဤအချိန်တွင် လူတိုင်းက ၎င်းတို့ ကြဲခဲ့သော မျိုးစေ့များကို ရိတ်သိမ်းကျရတော့မည် ဖြစ်သည်။

"ဂါးး"

T-Rex သည် ရက်ပ်တာများကို ဒုတိယအကြိမ် အော်ဟစ် သတိပေးပြီးနောက် ဘတ်စ်ကားထဲသို့ မရမက ၎င်း၏ ဦးခေါင်းကို ထိုးသွင်းတော့မည် ဖြစ်သည်။ ဘတ်စ်ကားပေါ်က ခရီးသည်တိုင်းသည် ယခုအခါ သေမင်းနှင့် လက်တကမ်းတွင် ရှိနေခဲ့ပြီ ဖြစ်သည်။

ထိုအချိန်မှာပင် T-Rex ၏ လှုပ်ရှားမှုများ ရုတ်တရက် အေးခဲသွားသည်။

T-Rex သည် ၎င်း၏ ခေါင်းကိုမော့ကာ မနီးမဝေးရှိ ရေကန်ကြီးကို ကြည့်လိုက်သည်။

"ဘာတွေထပ်ဖြစ်ပြန်ပြီလဲ... နောက်ထက် အသားစားဒိုင်နိုဆောတစ်ကောင် လာနေတာလား"

လီဇီ၏ နှလုံးသား တင်းကြပ်သွားသည်။ သူက T-Rex ၏ အကြည့်အတိုင်း ရေကန်ကြီးကို ကြည့်လိုက်သည်။

ဤအချိန်မှာပင် သူသည် တည်ငြိမ်သော ကန်ရေမျက်နှာပြင်တွင် ဧရာမရေအဖုတစ်ခု ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသည်။

ထို့နောက် လူတိုင်းမထင်ထားခဲ့သော ဧရာမသားရဲကြီးတစ်ကောင် ပေါ်လာခဲ့၏။

.....

All Chapters