← Chapters

ဖန့်ရန်၏ နိုးထခြင်း

Vol. 18 Ch. 239

ဖန့်ရန်၏ နိုးထခြင်း

Vol. 18 Ch. 239

ဝေါ....

လီဇီ၏ ကြောက်ရွံ့နေသော မျက်လုံးများအောက်၌ ရေကန်ကြီးအတွင်းကနေ ဧရာမသားရဲကြီးတစ်ကောင် တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ရေကန်ကြီးအလယ်တွင် ပါးပြင်းထောင်လျက် အပေါ်ဆီးကနေ အေးစက်သော မျက်လုံးများဖြင့် ကြည့်လာခဲ့လေသည်။

ဤသားရဲကြီးသည် ဧရာမမြွေကြီးတစ်ကောင်ဖြစ်ကာ အဖြူရောင် ခန္ဓာကိုယ်၊ အနီရောင် ဦးခေါင်းနှင့် အပြာရောင် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထား၏။ ၎င်း၏ အသွင်အပြင်သည် ထူးဆန်းကာ လူအများ၏ အာရုံကို ဆွဲဆောင်နိုင်သော ထူးဆန်းမှုတစ်ခုအား ထုတ်လွှတ်လျက်ရှိသည်။

ဤသည်က လီဇီကို အထိတ်တလန့် ဖြစ်သွားစေခြင်း၏ အဓိကအချက် မဟုတ်ခဲ့ပေ။ သူ့အား ထိတ်လန့်တကြား ဖြစ်စေခဲ့သည်က ၎င်းဧရာမမြွေကြီး၏ ခန္ဓာကိုယ် အချင်းဟာ ကိုးမီတာကျော် ဆယ်မီတာနီးပါး ရှိနေခြင်းပင် ဖြစ်သည်။

ထို့အပြင် ရေပြင်အထက်ပေါ်လာသော ၎င်းဧရာမမြွေကြီး၏ ခန္ဓာကိုယ် အစိတ်အပိုင်းကပင် ရေကန်ကြီးဘေးက တောင်ကုန်းထက် ပို၍ပင် မြင့်မားနေလေ၏။

သူတို့အား အကြိမ်ပေါင်းများစွာ မျှော်လင့်ချက်ကင်းမဲ့သည့် ခံစားချက်ကို ခံစားရစေနိုင်သော T-Rex ပင် အလျား ဆယ်ခြောက်မီတာ ရှိသည်။ T-Rex သည် သူတို့အတွက် ဧရာမကြီး ဖြစ်သော်ငြားလည်း ၎င်းအတွက်တော့ T-Rex က ကြွက်တစ်ကောင်ထက် မပိုပေ။

ဤအချိန်တွင် ဘတ်စ်ကားပေါ်ရှိ လူတိုင်းက အလွန်အမင် ကြောက်ရွံထိတ်လန့်နေပြီး အသက်ရူရန်ပင် မဝံ့မရဲ ဖြစ်နေကြသည်။

တစ်ချိန်တည်းမှာပင် ဘတ်စ်ကားဘေးက အလွန်ဒေါသထွက်ကာ ရန်လိုနေခဲ့သော T-Rex သည် တဖြည်းဖြည်း နောက်ဆုတ်နေခဲ့ပြီး ဧရာမမြွေကြီး၏ အာရုံစိုက်မှုကို မခံရစေရန် ကြိုးစားနေခဲ့လေသည်။

ရက်ပ်တာအုပ်စုကမူ ဤနေရာက ပျောက်ဆုံးနေပြီး လွန်ခဲ့သော အချိန်ကတည်းကပင် ထွက်ပြေးသွားခဲ့ပုံပေါ်သည်။

T-Rex သည် ဤသို့ဖြင့် အနည်းငယ် နောက်ဆုတ်လိုက်ပြီးနောက် နောက်လှည့်ကာ ဤနေရာကနေ အသည်းအသန် ထွက်ပြေး၏။ သို့သော် ထိုအချိန်မှာပင် မိုးခြိမ်းသံနှင့်အတူ အဖြူရောင် အလင်းတန်းတစ်ခုက T-Rex ကို လွှမ်းခြုံသွားသည်။

စက္ကန့်အနည်းငယ်အကြာတွင် အဖြူရောင် အလင်းတန်း ပျောက်ဆုံးသွားပြီးနောက် T-Rew ၏ ခန္ဓာကိုယ်က အဖြူရောင် ရေနွေးငွေ့များ ထွက်ပေါ်နေပုံနှင့် ၎င်း၏ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ပုံရိပ်က လူတိုင်း၏ အမြင်အာရုံအတွင်း ဝင်ရောက်လာသည်။

"ဒါ..."

မိုးခြိမ်းသံအပြီးတွင် ဤမြင်ကွင်းကို မြင်လိုက်ရသော လီဇီ၏ နှလုံးသားဟာ အနည်းငယ် တုန်ခါသွား၏။ ခဏတာ တွေးတောပြီးနောက် သူ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

"ဧရာမမြွေကြီးလား..."

လီဇီက ဧရာမမြွေကြီးကို ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် ၎င်းသည် ရေကန်စပ်ဆီသို့ ရုတ်တရက် ကူးခတ်လာခဲ့၏။

မှန်ပြတင်းပေါက်က တစ်ဆင့် လူတိုင်းက အလွန်ကြီးမားသော ဧရာမမြွေကြီးတစ်ကောင်သည် ရေကန်ထဲက ထွက်လာကာ ၎င်းတို့ဆီ ဦးတည်လာနေသည်ကို မြင်လိုက်ရသည်။

ဘတ်စ်ကားအတွင်း တိတ်ဆိတ်မှုက ခဏကြာ လွှမ်းခြုံသွားပြီးနောက် လူအချို့သည် အလွန်ကြောက်ရွံ့သောကြောင့် တုန်ယင်စပြုလာကာ အချို့သည်တော့ အလွန်ကြောက်ရွံ့သောကြောင့် မူးမေ့သွားကြသည်။

ဧရာမမြွေကြီးသည် လျှောတိုက်လာနေလျက်ရှိ၏။ သို့သော် ၎င်းသည် လူတို့အား ဂရုမစိုက်ဘဲ ဘတ်စ်ကားကို ကျော်ဖြတ်ကာ ဆက်လက်ရွေ့လျားသွားခဲ့သည်။

ဘတ်စ်ကားအတွင်းက လူတိုင်းဟာ စိတ်သက်သာရာရသွားသော်လည်း အလွန်စိတ်လှုပ်ရှားနေသေးသည်။ ၎င်းတို့သည် ကျောက်ရုပ်ကဲ့သို့ မလှုပ်ရှားကြဘဲ အနည်းငယ်မျှ လှုပ်ရှားမှုကပင် ဧရာမမြွေကြီး၏ အာရုံစိုက်မှုကို ဆွဲဆောင်မိမည်အား ကြောက်ရွံနေပေသည်။

ဧရာမမြွေကြီးသည် T-Rex ဆီသို့ ချည်းကပ်သွားပြီးနောက် ၎င်းကို မြိုချလိုက်သည်။ ဧရာမသားရဲတစ်ကောင် ဖြစ်သော T-Rex သည် ဧရာမမြွေကြီး၏ မြိုချခြင်း ခံရချိန်တွင် ၎င်း၏ လည်ပင်း၌ အနည်းငယ်မျှသော အဖုအထစ်ကိုပင် ဖြစ်ပေါ်စေနိုင်ခြင်း မရှိပေ။

ဤဧရာမမြွေကြီးနှင့် ပတ်သတ်၍ လူတိုင်းတွင် ကိုယ်ပိုင်ခန့်မှန်းချက်များ ရှိနေကြပြီ ဖြစ်သည်။ ၎င်းသည် ဧရာမမြွေကြီး ဖြစ်မည်မှာ သေချာသလောက် ဖြစ်သော်လည်း ၎င်း၏ အကြေးခွံအရောင်ဟာ မတူညီနေပေ။

လူတိုင်း၏ ၎င်းက ဧရာမမြွေကြီး ဖြစ်ရမည်ဟူသော ခန့်မှန်းချက်သည် ၎င်းက ထုတ်လွှတ်လိုက်သော လျှပ်စီးကြောင်းနှင့် တိုက်ရိုက်ပတ်သတ်နေပေသည်။

ဧရာမမြွေကြီး၏ အကြေးခွံအရောင် ကွဲပြားနေမှုနှင့် အရွယ်အစား ပိုကြီးနေရခြင်း၏ အကြောင်းရင်းကို လူတိုင်းက တွေးတောမိကြပြီ ဖြစ်သည်။

အင်တာနက်ပေါ်တွင် ၎င်းနှင့် ပတ်သတ်၍ ရှင်းပြထားသော သီအိုရီတစ်ခုရှိသည်။

၎င်းက ဧရာမမြွေကြီးတွင် သာမာန်မဟုတ်သော ကြီးထွားနိုင်စွမ်းနှင့် ဆင့်ကဲပြောင်းလဲနိုင်ခြင်း ဖြစ်သည်။

၎င်းသည် အတိတ်ကာလက သားကောင်များစွာကို အမဲလိုက်ပြီးနောက် လပေါင်းများစွာက အစပြုကာ နှစ်ပေါင်းများစွာကြာသည်အထိ ကာလကြာရှည် ပျောက်ကွယ်သွားတတ်ကာ ၎င်းပြန်ပေါ်လာသောအခါတွင် ၎င်း၏ အရွယ်အစားဟာ ယခင် ၎င်းမပျောက်ဆုံးသေးချိန်ကထက် အကြိမ်တိုင်း ပို၍ပို၍ ကြီးမားလာတတ်၏။

ထိုအရာကို လူများစွာက သတိထားမိခဲ့ကာ ၎င်းနှင့် ပတ်သတ်သော သီအိုရီများ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်များကို ဖော်ထုတ်ခဲ့ကြ၏။

သို့သော် ၎င်းသည် အကြိမ်တိုင်း ပို၍ပို၍ ကြီးမားလာတတ်သော်လည်း ၎င်းပြန်ပေါ်လာသည့် အခါတိုင်း ၎င်း၏ အကြေးခွံအရောင်ဟာ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။

ထိုကြောင့် အကြေးခွံအရောင် ပြောင်းလဲခြင်းက ဧရာမမြွေကြီး၏ မယုံနိုင်လောက်အောင် အရွယ်အစားကြီးထွားလာတတ်ခြင်းနှင့် ယှဉ်လိုက်လျှင် မပြောပလောက်ပေ။

ဤသို့တွေးမိလိုက်ကြသော လီဇီနှင့် အခြားလူများဟာ ဖန့်ရန်၏ အကြေးခွံအရောင်က ပြောင်းလဲသွားရုံသာမက သူ၏ မျိုးစိတ်ပါ ပြောင်းလဲသွားခဲ့သည်ကို မသိခဲ့ကြပေ။

လူတိုင်း၏ စိတ်နှလုံးဟာ တုန်လှုပ်နေကြသော်လည်း တစ်ချိန်တည်းမှာပင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေသည်။

ဧရာမမြွေကြီးတွင် လူတွေအား တက်ကြွစွာ တိုက်ခိုက်တတ်သည့် မှတ်တမ်းမရှိဖူးသောကြောင့် ဤကြောက်မက်ဖွယ် T-Rex ကို စားသောက်ပြီးသည့်နောက် ထွက်ခွာသွားလိမ့်မည်ဟု လူတိုင်းက မျှော်လင့်နေကြသည်။

ထို့နောက် ဘေးကင်းသွားပေမည်။

လူတိုင်း၏ အကြည့်များအောက်၌ ဧရာမမြွေကြီးသည် T-Rex ကို မြိုချပြီးနောက် ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်ကာ ရုတ်တရက် ဘတ်စ်ကားမှန်ပြတင်းပေါက်ကနေ သူတို့အား ကြည့်လာလေသည်။

"..."

လူတိုင်း၏ အသက်ရှူသံဟာ ချက်ချင်း ရပ်တန့်သွားပြီး၊ သက်တောင့်သက်သာ ဖြစ်စပြုလာပြီဖြစ်သော ကြွက်သားတွေက ချက်ချင်းပင် တောင့်တင်းသွားကာ လူတိုင်းဟာ အေးခဲသွားသလို ဖြစ်နေသည်။

"သူတို့နဲ့ ထပ်တွေ့ပြန်ပြီ.."

ဖန့်ရန်က သူရှေ့ရှိ ခရီးသွားဘတ်စ်ကားကို ငုံ့ကြည့်လိုက်ပြီးနောက် သူ၏ စိတ်ထဲတွင် အံအားသင့်ခြင်းများ ပြည့်နှက်သွား၏။ သူသည် ဤဘတ်စ်ကားအတွင်း၌ အနည်းငယ် ရင်းနှီးနေသည့် လူအနည်းငယ်ကို မြင်လိုက်ရသည်။

လော်ယန်နှင့် ရှောင်လန်...။

မူလက သေဆုံးသွားပြီ ထင်ခဲ့သော လူတွေက အသက်ရှင်နေသည်၊ သူ၏ အတွေးများ မှားယွင်ခဲ့ပုံရသည်။

ဖန့်ရန်က သူ့ရှေ့ရှိ ခရီးသွားဘတ်စ်ကားကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဒီနေရာက တောတစ်ခုပါ။ လမ်းလည်း မရှိဘူး။ ဘယ်သူမှလည်း မနေကျဘူး။ ဒါတောင် ဒီဘတ်စ်ကားက ဘယ်က ဘယ်လို ရောက်လာတာလဲ...

မဟုတ်ဘူး... ခဏလေး...

သူသည် ဤကျွန်းက လူသူကင်းမဲ့သော တစ်ကျွန်းဖြစ်သည်ကို သူ မှတ်မိလိုက်၏။

ဘယ်လိုလုပ် ဒီလူတွေ ရှိနေတာလဲ။ ပြီးတော့ ဒိုင်နိုဆောတွေ... ဘာတွေဖြစ်ကုန်တာလဲ....

"ဒီကမ္ဘာက ဘာတွေ ပြောင်းလဲသွားပြန်ပြီလဲ"

ဖန့်ရန်သည် ခေါင်းကိုက်သွားသည်။

ဘာမှ မသိရတဲ့ စိတ်ခံစားချက်က သူ့ကို အနည်းငယ် စိတ်မသက်မသာ ခံစားရစေသည်။

"အတွေးနဲ့ ဆက်သွယ်နိုင်မဲ့ စွမ်းရည်သာ ရှိရင် သိပ်ကောင်းမယ်။ ဒါဆို ဒီလူတွေကို မေးခွန်တွေမေးပြီး ဘာတွေဖြစ်နေတာလဲ သိနိုင်လိမ့်မယ်"

ဖန့်ရန်က အနည်းငယ် စိတ်မသက်မသာဖြစ်လျက် တွေးသည်။

ကံဆိုးသည်ဟု ဆိုရမည်။ သူ၏ စိတ်စွမ်းအင်ဟာ လူသားများထက် များစွာပို၏။ သို့သော် သူ့တွင် ထိုကဲ့သို့ စွမ်းရည် မပိုင်ဆိုင်သေးပေ။

ဧရာမမြွေကြီးက တိတ်တဆိတ်ဖြင့် သူ၏ အရှေ့ရှိ ခရီးသွားဘတ်စ်ကားကို စိုက်ကြည့်နေလျက်ရှိသည်။ ဖန့်ရန်၏ အတွေးများက ကျပန်းလွင့်မျောနေပြီး ဟိုရောက်ဒီရောက် ဖြစ်နေသည်။ ထိုအချိန်တွင်တော့ လီဇီနှင့် အခြားလူများ၏ အတွေးများဟာ ဂယောက်ပယက် ဖြစ်နေသည်ကို သူကတော့ မသိခဲ့ပေ။

လီဇီ၏ အမြင်တွင် ဧရာမမြွေကြီးက သူတို့အား စားသင့်မစားသင့် တွေဝေနေခြင်း ဖြစ်သည်။

"ဖြစ်နိုင်တာတစ်ခုက သူက လူသားမစားဖူးသေးဘူး။ သူ့ရဲ့ အတွေးထဲမှာ လူသားဆိုတာ အရသာမရရှိဘူးလို့ မှတ်ယူထားတာ ဖြစ်ရမယ်။ ဒါပေမဲ့ သူက အခုဗိုက်ဆာနေပုံရတယ်။ ဒါက သူ့ကို လူသား စားသင့်မစားသင့် တွေဝေစေတာပဲ ဖြစ်ရမယ်"

လီဇီက သူ၏ ကြောက်ရွံ့မှုကို ဖိနှိပ်၍ ဧရာမမြွေကြီး၏ အတွေးများကို ခန့်မှန်းကာ ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။ ဤတွင် လီဇီအပါအဝင် လူတိုင်း၏ စိတ်ထဲတွင် ဧရာမမြွေကြီး သူတို့အား အရေမစိုက်ဘဲ ထွက်သွားရန်အတွက် ဆုတောင်းနေခဲ့၏။

ထိုအချိန်မှာပင် သူတို့၏ ဆုတောင်းသံကို ကြားလိုက်ရသကဲ့သို့ ဧရာမမြွေကြီးသည် ရုတ်တရက် နောက်လှည့်ကာ အဝေးသို့ စတင်ထွက်သွားစပြုလာလေတော့သည်။

ဖန့်ရန်သည် သူတို့အား စားသောက်ရန်အတွက် တွေးတောခြင်းပင် မပြုခဲ့ပေ။ သူသည် စနစ်အမှတ်သိန်းသောင်းချီအတွက် သူ၏ ကိုယ်ပိုင်အောက်ခြေမျဉ်းကို ချိုးဖောက်ရန် စဉ်းစားထားခြင်း မရှိခဲ့ပေ။

ယခုသူလိုအပ်နေသည့် အရာတစ်ခုရှိပြီး ဤလူသူကင်းမဲ့ခဲ့သော ကျွန်းအခြေအနေကို သိရှိရန်ဖြစ်သည်။ ယခင်က လူသူကင်းမဲ့ကာ ဒိုင်နိုဆောများ မရှိခဲ့သော ဤကျွန်းတွင် ယခုအခါ လူသားနှင့် ဒိုင်နိုဆောများ ရှိနေခြင်းက သူ၏ စိတ်ထဲတွင် သိလိုစိတ်များ ဖြစ်ပေါ်လာစေသည်။

ဖန့်ရန်၏ ဧရာမခန္ဓာကိုယ်ကြီးက သူသွားရာ လမ်းကြောင်းတစ်လျှောက်၌ ဧရာမသစ်ပင်ကြီးများပင် ဖြစ်စေ၊ ဧရာမကျောက်ဆောင် ကျောက်တုံးများပင် ဖြစ်စေ ကျိုးပဲ့ ကျေမွသွားစေကာ လမ်းတစ်ခုအား ဖြစ်ပေါ်စေလျက်ရှိသည်။

ရေကန်ကြီး၏ အနားက လီဇီနှင့် အခြားလူများသည် အလွန်ရှည်လျားလှသော ဧရာမမြွေကြီးက ၎င်းတို့၏ ဘတ်စ်ကားဘေးက ဖြတ်သန်းသွားသည်ကို ကြည့်နေကြသည်။ ဧရာမမြွေကြီးသည် အတော်မြန်မြန်သွားနေသော်လည်း ၎င်း၏ အလွန်ရှည်လျားလှသော ခန္ဓာကိုယ်သည် အပြည့်အဝ ပျောက်ကွယ်သွားရန် တစ်မိနစ် ကြာမြင့်ခဲ့၏။

"ဟူးး..."

ဧရာမမြွေကြီး၏ အမြီးက နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီးနောက် ခရီးသည်များသည် ဘတ်စ်ကားပေါ်ကနေ ဆင်းလိုက်ကြ၏။ ဤတိုတောက်သည့် ဘေးကင်းသော အခိုက်အတန့်တွင် လူတိုင်းက သက်ပြင်းချလိုက်ကြသည်။

"ဧရာမမြွေကြီး ထွက်သွားပြီ"

လီဇီက ဧရာမမြွေကြီး ထွက်သွားသော ဦးတည်ရာကို ကြည့်ပြီးနောက် ထက်မံ၍ သက်ပြင်းချလိုက်သည်။

သူသည် ယာဉ်မောင်းကို ကြည့်လိုက်ကာ ပြောလိုက်သည်။

"ကျုပ်တို့တွေ အခုဘယ်ကို သွားကျမလဲ"

သူ၏ အမေးစကားထွက်ပေါ်လာပြီးနောက် အခြားလူများက ယာဉ်မောင်းကို ဝိုင်းကြည့်လိုက်ကြသည်။ ၎င်းတို့သည် ယခုအချိန်တွင် ဘယ်ကိုသွားလို့ ဘာလုပ်ရမှန်း မသိကြပေ။

"ခင်ဗျားရဲ့ သူဌေးကို ဆက်သွယ်လို့ရလား..."

လီဇီက ယာဉ်မောင်းကို သဲလွန်စတစ်ခု ပေးလိုက်သည်။

"မရဘူး"

ယာဉ်မောင်းက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"ကျုပ် သူ့ကို အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ပြီးသွားပြီ။ သူ့ရဲ့ ဖုန်းက ဆယ်သွယ်ရေး ဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်ပဲ ကြားရတယ်"

"သေစမ်းကွာ။ ဘာတွေ ဖြစ်နေတာလဲ"

လူဖြူအမျိုးသား တစ်ယောက်က ကျိန်ဆဲရင်း ၎င်းဘေးရှိ သစ်ပင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

"ဒိုင်နိုဆောတွေက ဘယ်လိုလုပ် လွတ်လာတာလဲ။ ပြီးတော့ ဒီပန်းခြံရဲ့ ပိုင်ရှင်က ဘာကြောင့် ဒီလောက် ပေါ့ဆရတာလဲ။ ကျုပ်တို့တွေကို သတ်ဖို့ ကြိုးစားနေတာလား"

"အိုး ဘုရားသခင်။ ငါဘာလို့ အဲ့ဒီ ခွေးမသားရဲ့ စကားကို နားယောင်မိခဲ့တာလဲ။ ချီးကို ပျော်စရာအားလပ်ရက်။ % ကို ဂျူမြစ် ပန်းခြံ။ ဒီလိုဖြစ်မယ်ဆိုတာ ငါသိခဲ့ရင် အိမ်မှာပဲ နေလိုက်ပါတယ်"

"အိုး ဘုရားသခင်။ ကျေးဇူးပြုပြီး ကျွန်နိုပ်ကို ကယ်တင်ပေးပါ။ ကျွန်တော် ဒီနေရာမှာ ဆက်မနေချင်တော့ဘူး"

ဤပန်းခြံက အလွန်အန္တရာယ်များလှသည်။ T-Rex ၏ ဘေးက လွတ်လာသော်လည်း ရက်ပ်တာအုပ်စု ရှိနေသေး၏။ ထို့အပြင် အခြားအန္တရာယ်များလည်း ရှိနေနိုင်သည်။ ၎င်းတို့နှင့် တွေ့ဆုံသည်နှင့် သေခြင်းတရားသာ ရှိနေပြီး လွတ်မြောက်ရာ ရာခိုင်နှုန်းက သိပ်မရှိပေ။

"ကျုပ်တို့တွေ ဧရာမမြွေကြီးနောက်ကို လိုက်သွားလို့ရတယ်"

လူအုပ်ကြီးက ဆူညံနေစဉ် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော လီဇီက ပြောလိုက်သည်။

သူ၏ ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် ဆူညံနေကြသော လူအုပ်ကြီးက ချက်ချင်းပင် အသံတိတ်သွားခဲ့၏။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် အမျိုးသားတစ်ယောက်က လီဇီကို မေးခွန်းထုတ်လာသည်။

"မင်း ရူးနေတာလား။ အဲ့သားရဲကြီးသာ သူ့ကို ရန်စနေတယ်လို့ ထင်သွားခဲ့ရင် ငါတို့အကုန် သေကုန်မှာပေါ့"

"မင်းဆီမှာ ဒီထက်ပိုကောင်းတဲ့နည်းလမ်းရှိလား"

လီဇီက အေးစက်စက် မေးခွန်ထုတ်လိုက်သည်။

"ရက်ပ်တာအုပ်စုက ငါတို့ကို တစ်နေရာရာကနေ စိုက်ကြည့်နေနိုင်တယ်။ ငါတို့တွေ ဒီနေရာကနေ ငါတို့အပေါ် ချက်ချင်း ခုန်အုပ်လာနိုင်တယ်။ ငါတို့အတွက် တစ်ခုတည်းသော ထွက်ပေါက်က ဧရာမမြွေကြီးနောက်ကို လိုက်သွားဖို့ပဲ။ ဧရာမမြွေကြီးက ငါတို့ကို စားသောက်ဖို့ စိတ်မဝင်စားဘူး။ ပြီးတော့ သူ့အနားကို ဘယ်သားရဲမှ ချည်းကပ်ဖို့ စိတ်ကူးမရှိဘူး"

သူ၏ လက်တွေ့ကျသော ရှင်းပြချက်ကို ကြားပြီးနောက် လူတိုင်းက တိတ်တဆိတ် တစ်ယောက်ကိုယ် တစ်ယောက် ကြည့်လိုက်ကြသည်။

"သွားကြရအောင်"

ထိုနောက် လီဇီက အခြားလူတွေကို ထက်မံဂရုမစိုက်တော့ဘဲ သူနှင့် အနည်းငယ် ရင်းနှီးစပြုနေပြီဖြစ်သော လော်ယန်နှင့် ရှောင်လန်ကို သတိပေးလိုက်ကာ ဧရာမမြွေကြီး ထွက်သွားရာ လမ်းကြောင်းအတိုင်း လိုက်သွားခဲ့သည်။

လီဇီ၏ ခြေလှမ်းများက အလွန်မြန်ဆန်ခြင်း မရှိခဲ့ပေ။ သူသည် ဧရာမမြွေကြီး၏ အရှိန်အဝါကို အားထားရန်အတွက် ၎င်း၏ အနောက်ကနေ လိုက်ဖို့လိုအပ်ကာ ၎င်းကို ကျော်တတ်သွား၍ မရပေ။

ကျန်ရှိနေသော လူအုပ်ကြီးက တစ်ယောက်ကိုယ် တစ်ယောက် ကြည့်လိုက်ကြပြီး၊ ချက်ချင်းပင် လီဇီနောက်ကနေ ပြေးလိုက်ခဲ့ကြသည်။

ဖန့်ရန်သည် ဆက်လက်ရွေ့လျားနေခဲ့ပြီး သူ၏ လမ်းကြောင်းတစ်လျှောက်၌ ဧရာမသစ်ပင်ကြီးတွေက ပြိုလဲနေခဲ့ပြီး လမ်းကြောင်းတစ်ခုက ကျန်ရစ်ခဲ့လေသည်။ သူ၏ ပါးပြင်းထောင်ထားသောအခါတွင် ၎င်းက မီတာတစ်ရာကျော်ပြီး ၎င်းက ကျွန်းတစ်ခုလုံးကို မြင်ရန်အတွက် လုံလောက်၏။

သို့သော် သူသည် ကျွန်း၏ ရှုခင်းများအပေါ် ဂရုမစိုက်နိုင်ဘဲ သူ၏ အာရုံဟာ သူ့ခန္ဓာကိုယ်အပေါ်တွင် ရောက်ရှိနေခဲ့သည်။

သူ၏ သွေးလိုင်း (မျိုးစိတ်ကို ဆိုလိုတာပါ) ပြောင်းလဲသွားပြီးနောက် သူ၏ ခန္ဓာကိုယ်အရွယ်အစားက ပြောင်းလဲသွားယုံသာမက အကြေးခွံအရောင်နှင့် အသွင်အပြင်လည်း ပြောင်းလဲသွားခဲ့သည်။

သူ၏ အာရုံကို ဆွဲဆောင်နိုင်ဆုံးသော အရာက ဂုဏ်သတ္တိတွေသာ ဖြစ်သည်။

"စနစ် ငါ့ရဲ့ အချက်အလက်ဇယားပြပါ"

သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် ဖန့်ရန်သည် တွန့်ဆုတ်မနေဘဲ စနစ်ကို ပြောလိုက်သည်။

.....

All Chapters