ရှောင်ကျောက်အားရှာဖွေခြင်း
Vol. 4 Ch. 46
လီယွမ်သည် တောင်ဆင်းလမ်း၌ စောင့်ဆိုင်းကာ အရိပ်ထဲ၌ပုန်းအောင်နေရသည်။
ယခုတစ်ကြိမ်လာရောက်တိုက်ခိုက်သော ယိုဘုရင်၏လူ၁၀၀၀တပ်ဖွဲ့တွင် မဟာသခင်အဆင့်သို့ခြေလှမ်း၀က်သာလိုတော့သော အဘိုးကြီးတစ်ယောက်နှင့် အငယ်တန်းမဟာသခင်၁ယောက်သာကျန်ရှိတော့သည်။ကျန်လူများသည်ကား သူ့အားခြိမ်းခြောက်ရန်ခက်ခဲလှပေသည်။
လီယွမ်သည် ထိုကဲ့သို့သောအခွင့်အရေးကောင်းကို လက်လွတ်မခံနိုင်သည်မှာ မထူးဆန်းလှပေ။
နှမြောစရာကောင်းသည်မှာ လာရောက်တိုက်ခိုက်သူများက နတ်ဆိုးများမဟုတ်ကြဘဲ လူသားများဖြစ်နေ၍ဖြစ်သည်။ထိုသို့မဟုတ်ပါက သူ့အတွက်ဆုလာဘ်များ ပိုမိုရရှိနိုင်ပေသည်။
ခဏအကြာတွင် တောင်ပေါ်မှနေ၍ လူတစ်စုဆင်းလာကြောင်း တွေ့လိုက်ရသည်။
ထိုလူအုပ်စု၌ လူ၄၀၀လောက်ပါ၀င်ပေသည်။
လီယွမ်၏အကြည့်များက လူအုပ်အတွင်းရှိ ခေါင်းဆောင်ဖြစ်သူထံ ကျရောက်နေခဲ့သည်။ထိုလူမှာ ကျန်ရှိနေသေးသော ဆဌမအဆင့်မဟာသခင်ပင်ဖြစ်သည်။
"ဒီကောင်က တော်တော်ပါးနပ်တာပဲ...သူကလူအုပ်ကြားထဲပုန်းနေပြီး ခြုံခိုတိုက်ခိုက်ခံရမှာကို ကြိုတင်ကာကွယ်ထားတယ်...ကြည့်ရတာ နတ်ဆိုးရုပ်အလောင်းတွေနဲ့ သူတို့ရဲ့ဖွဲ့စည်းပုံကို အရင်ဦးဆုံးဖြိုခွဲနှောင့်ယှက်ရမယ်ထင်တယ်"
လီယွမ်သည် သူ၏နတ်ဆိုးရုပ်အလောင်းအားလုံးကို မထုတ်ဖော်ခဲ့ပေ။
သူသည် ဆဌမအဆင့်နတ်ဆိုး၂ကောင်ဖြစ်သော ၀က်ဝံနက်နှင့်မျောက်ဝံတို့ကိုသာ စေလွှတ်ခဲ့သည်။
"ဝူမေ့...နင်ရောအတူတူတိုက်ခိုက်ပေးလိုက်..."
"ကီ..ကီ"
လီယွမ်သည် ချိတ်ပိတ်ဂူကောင်၏အစွမ်းကို ရုပ်သိမ်းလိုက်ပြီးနောက် နတ်ဆိုးရုပ်အလောင်း၂ကောင်က မြေပြင်မှတိုးထွက်လာခဲ့သည်။၀က်ဝံနက်နတ်ဆိုး၏ ကြီးမားသောခြေသည်းတစ်ချက်ချင်းစီက လူ၇ဦး ၈ဦး၏အသက်ကို နှုတ်ယူသွားခဲ့သည်။
မျောက်ဝံသည် တစ်ဦးတည်းကျန်ရှိသော အငယ်တန်းမဟာသခင်ကို တိုက်ခိုက်ခဲ့သည်။
"စစ်သူကြီး၀က်ဝံနက်...စစ်သူကြီးမျောက်ဝံ"
ခေါင်းဆောင်လျူ၏မျက်လုံးများက မယုံနိုင်ဖွယ် ပြူးကျယ်သွားခဲ့သည်။
"မင်း...မင်းတို့တွေ အလောင်းရုပ်သေးအဖြစ် ပြောင်းလဲခံလိုက်ရတာလား"
မည်သို့ပင်ဆိုစေ သူသည်အငယ်တန်းမဟာသခင်ဖြစ်ရာ အမြင်အာရုံထူးကဲကောင်းမွန်၍ သဲလွန်စများအား သတိထားမိလိုက်သည်။
"ဒင်းတိရှန်နှင့်ချင်ရှုတို့ကလည်း မင်းတို့လက်ချက်ကြောင့် သေဆုံးသွားရပြီထင်တယ်..."
"ဆောင်းဦးလေပြင်း"
ခေါင်းဆောင်လျူသည် ဒေါသတကြီးဟိန်းဟောက်ကာ သူ၏ဓားကိုဝှေ့ယမ်းလိုက်သည်။သူသည် နတ်ဆိုးရုပ်အလောင်းများအား နောက်ကွယ်မှထိန်းချုပ်ထားသည့် ဂူသခင်ကိုရှာဖွေရန် ကြိုးစားခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။
ထို့ပြင် အမှောင်ထဲမှမျက်လုံးတစ်စုံက သူ့အားလျှို့ဝှက်စွာစိုက်ကြည့်နေကြောင်း အမြဲခံစားနေရ၍ သူပို၍ပင်ထိတ်လန့်လာခဲ့သည်။
ထိုအချိန်တွင် ယိုဘုရင်၏လက်ကျန်တပ်သားများကို ၀က်ဝံနက်ကရှင်းလင်းခဲ့ပြီး အဆိပ်ပြင်းသောဂူကောင်များက အစုလိုက်အပြုံလိုက် ကိုက်စားနေကြ၍ နာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
"အမှောင်ထဲမှာပုန်းနေတာ ဘယ်ကောင်လဲကွ...ထွက်လာပြီး ငါ့ကိုလာတိုက်စမ်း"
ခေါင်းဆောင်လျူက အော်ဟစ်လိုက်သည်။
ခေါင်းဆောင်လျူသည် မည်သည့်တုံ့ပြန်မှုကိုမှ မရရှိခဲ့ပေ။လီယွမ်သည် ရန်သူ၏စွမ်းဆောင်နိုင်စွမ်းကို တိတ်ဆိတ်ငြိမ်သက်စွာကြည့်နေခဲ့သည်။သူသည် လုံး၀သေချာမှုမရှိပါက တိုက်ခိုက်မှာမဟုတ်ပေ။
အခန့်မသင့်၍ ပြန်အသတ်ခံရမည်ဆိုပါက သူနောင်တရရန် အချိန်ပင်ရမည်မဟုတ်ပေ။
အဆုံးသတ်တွင်လီယွမ်သည် သူ၏ပြိုင်ဘက်များအား အကြိမ်ကြိမ်သတ်ဖြတ်ရန်အတွက် အားနည်းဟန်ဆောင်ရန် ရွေးချယ်ခဲ့ပေသည်။
သူကိုယ်တိုင်က ယခုလိုညဏ်နီညဏ်နက်များနေပေရာ သူ၏ပြိုင်ဘက်များက သူ့ထက်ပင်ကောက်ကျစ်သူများဖြစ်ကြမည်ဟု လီယွမ်မှတ်ယူထားပေသည်။
"အား...အား"
အချိန်များက တရွေ့ရွေ့ဖြင့်ကုန်ဆုံးလာခဲ့သည်။
ယိုဘုရင်၏တပ်ဖွဲ့မှ တပ်သားများသည် ၀က်ဝံနက်နှင့်မရေမတွက်နိုင်သော အဆိပ်ဂူကောင်များ၏ ကိုက်စားမှုကြောင့် တစတစနည်းပါးလာခဲ့သည်။ထို့နောက် ခေါင်းဆောင်လျူ၏ စိတ်ပိုင်းဆိုင်ရာခုခံကာကွယ်မှုကလည်း တဆင့်ပြီးတဆင့်ယိုယွင်းလာခဲ့သည်။
အချိန်အတော်ကြာအောင် ငြိမ်သက်နေခဲ့သောလီယွမ်သည် အဆုံးသတ်၌ အခွင့်အရေးကောင်းတစ်ခုကို တွေ့ရှိလိုက်သည်။
ရှောင်ကိုင်နှင့်လီယွမ်တို့သည် ရင်ချင်းဆက်အမြွှာများကဲ့သို့ တစ်ယောက်ကိုတစ်ယောက်နားလည်ထားကြ၍ ကြိုတင်တိုင်ပင်ခြင်းမရှိဘဲ တစ်ချိန်တည်းမှာပင် တိုက်ခိုက်လိုက်ကြသည်။
အနီရောင်မီးတောက်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် လောင်ကျွမ်းနေကာ ခုခံရန်မဖြစ်နိုင်ပေ။သွေးချီစွမ်းအင်များဖြင့် တဟုန်ထိုးလောင်ကျွမ်းနေသော ကြောက်မက်ဖွယ်လက်သီးချက်က ခေါင်းဆောင်လျူ၏ရင်ဘတ်ကို တစ်ချက်တည်းဖြင့် ထိုးဖောက်သွားခဲ့သည်။
"မင်း...မင်း"
ခေါင်းဆောင်လျူသည် ဒေါသစိတ်ကြောင့် မျက်လုံးများပြူးကျယ်သွားခဲ့ရသည်။
"တပ်မှူးသေပြီ..."
ထိုမြင်ကွင်းကိုကြည့်၍ ယိုဘုရင်၏တပ်ဖွဲ့မှလက်ကျန်တပ်သားများသည် သူတို့၏ချပ်၀တ်များနှင့်လက်နက်များကိုပစ်ချကာ ရူးသွပ်စွာထွက်ပြေးခဲ့ကြသည်။
"သူတို့အားလုံးကိုသတ်ကြ...တယောက်မရှင်စေနဲ့..."
လီယွမ်က အမိန့်ပေးလိုက်သည်။
ဤနေရာတစ်ခုလုံးက သူ၏အဆိပ်ပြင်းဂူဂောာင်များနှင့် ပြည့်နှက်နေပြီဖြစ်သည်။သူ၏နည်းလမ်းများကို သိရှိသွားသူတိုင်းသည် ဤနေရာမှအသက်ရှင်လျက် ထွက်သွားနိုင်မည်မဟုတ်ပေ။
အချိန်အတော်ကြာပြီးနောက် တောအုပ်ကပြန်၍ တိတ်ဆိတ်သွားခဲ့သည်။
လီယွမ်၏အကြည့်သည် ပင်မတောင်ထိပ်ဆီသို့ ရောက်ရှိသွားခဲ့ပေသည်။မဟာသခင်ဖြစ်ရန် ခြေတစ်လှမ်းသာလိုတော့သော လူတစ်ယောက်ကို ထိုမျှလွယ်လွယ်ကူကူသတ်ဖြတ်နိုင်မည်မဟုတ်ပေ။အကယ်၍ သတ်ဖြတ်နိုင်ခဲ့လျှင်ပင် သူရရှိမည့်အကျိုးအမြတ်က ဆုံးရှုံးမှုဒဏ်ကို ကာမိမည်မဟုတ်ပေ။
ထို့ပြင် တစ်ဖက်လူက ထွက်ခွာသွားလိုလျှင်လည်း တားဆီးထားရန် မဖြစ်နိုင်သေးပေ။
…
တစ်နာရီခန့်ကြာပြီးနောက်...
ဖေးလော့ချင်က ဝါးတောငယ်လေးဆီရောက်ရှိလာခဲ့သည်။
န၀မနန်းတော်၏ အတွင်းစည်းသည် ဟိုးယခင်ကတည်းက စီမံမှုများလုပ်ဆောင်ခဲ့သည့်အတွက် ဤတိုက်ပွဲအားအောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အမှတ်၁၂ဂူနန်းမှ လူတိုင်းလိုလိုက ယူဆခဲ့ကြသည်။သို့သော်လည်း ဖေးလော့ချင်က ဤတိုက်ပွဲတွင် သူတို့အားလုံးအသေခံတိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိထားပေသည်။
လီယွမ်ကြောင့်သာမဟုတ်ပါက အမှတ်၁၂ဂူနန်းသည် အပျက်အစီးအများဆုံးဖြစ်ပေလိမ့်မယ်...
"ညီလေး...မင်းကကောင်းကောင်းဖုံးကွယ်ထားခဲ့တာပဲ..."
ဖေးလော့ချင်သည် အပျက်အစီးများစွာမရှိသော ဝါးတောငယ်လေးကိုကြည့်ပြီး အံ့ဩသွားခဲ့ရသည်။သူ၏ညီလေးသည် ဤမျှထိပင် သန်မာလာခဲ့သည်လား....
အငယ်တန်းမဟာသခင်တစ်ယောက်အား သတ်ဖြတ်ရသည်မှာ လွယ်ကူခြင်းမရှိပေ။
"အစ်ကိုဖေး...မင်းကအကောင်းမြင်လွန်းတယ်...ငါကသေရမှာကြောက်တဲ့အတွက် ပုံမှန်ဆိုရင် ဝါးတောလေးထဲမှာ ထောင်ချောက်တွေအများကြီးလုပ်ထားရတာ သဘောကျတယ်...ခုလိုအချိန်မျိုးမှာ အသုံး၀င်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
လီယွမ်သည် ထိုအကြောင်းနှင့်ပတ်သက်၍ အမှန်အတိုင်း၀န်မခံခဲ့သလို ငြင်းဆန်ခြင်းလည်းမပြုခဲ့ပေ။
ဖေးလော့ချင်၏ပါးစပ်က အနည်းငယ်တွန့်ကွေးသွားခဲ့သည်။
"ဒါက အများကြီးဆိုတာပေါ့"
"ဒီအသေးအမွှားပြသနာလေးတွေကို စိတ်ထဲမထားပါနဲ့...ဒါနဲ့ယိုဘုရင်ရဲ့တပ်မှူးကော အခြေအနေဘယ်လိုလဲ"
လီယွမ်က စကားလမ်းကြောင်းပြောင်းလိုက်သည်။
"ငါသူ့ကိုမသတ်နိုင်ခဲ့ဘူး...မဟာသခင်အဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းဘဲလိုတော့တဲ့လူတစ်ယောက်က ထွက်သွားချင်တယ်ဆိုရင် ငါမတားဆီးနိုင်ဘူး"
ဖေးလော့ချင်က ခေါင်းခါပြလိုက်သည်။
လီယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါက သာမန်စစ်တပ်မဟုတ်ဘူးလား..."
"မဟုတ်ဘူး...ဒါကယိုဘုရင်ရဲ့ ထိပ်တန်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ချင်ယိုအစောင့်တပ်ပဲ...ငါအစောပိုင်းက ဒီတပ်ဖွဲ့ကိုမြင်မြင်ချင်း မမှတ်မိခဲ့တာကြောင့် ငါအမှားကြီးကြီးလုပ်ခဲ့မိတာပဲ"
ဖေးလော့ချင်က ရှင်းပြလိုက်သည်။
"မထူးဆန်းတော့ပါဘူး..."
လီယွမ်က နားလည်သွားခဲ့သည်။
မဟာသခင်ဖြစ်လုနီးပါးလူတစ်ယောက်မှဦးဆောင်သည့် လက်ရွေးစင်တပ်သား၁၀၀၀ပါသော တပ်ဖွဲ့တစ်ခုသည် ဘုရင်တစ်ပါး၏လက်အောက်၌ ထိပ်တန်းတပ်ဖွဲ့တစ်ခုအဖြစ် သတ်မှတ်ခံရလောက်သည်ထိ အားကောင်းပေသည်။
ဖေးလော့ချင်က သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
"မင်းကြောင့်ပဲ ဒီကပ်ဘေးကနေပြီးတော့ ငါတို့လွတ်မြောက်နိုင်ခဲ့တာပဲ...ငါတို့ကံကောင်းခဲ့တယ်...ငါတို့နေရာမှာ တခြားဂူနန်းအတိုက်ခံရရင် ညီအစ်ကိုတွေအများကြီး နေရာမှာတင်အသတ်ခံကြရလိမ့်မယ်"
"ဒီတိုက်ပွဲကြောင့် စန်းလန်ဘုရင်နဲ့ယိုဘုရင်တို့အကြား ဆက်ဆံရေးကလုံး၀ကိုပြတ်တောက်သွားလိမ့်မယ်...သူတို့ဟာတစ်ဖက်ကမပျက်သုဉ်းမချင်း လုံး၀ရပ်တန့်ကြမှာမဟုတ်တော့ဘူး"
ယခုအချိန်တွင် ရှင်းကျန်းတောင်ပိုင်းဒေသ၏အခြေအနေသည် လုံး၀ရှင်းရှင်းလင်းလင်းဖြစ်သွားခဲ့ပြီဖြစ်သည်။ယခုအချိန်၌ မည်သူကအဆုံးသတ်တွင် ရယ်မောနိုင်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
"ညီလေး...လောလောဆယ် ဂူအသိုက်ရဲ့အထွေထွေကိစ္စတွေကို ငါစီမံလိုက်အုံးမယ်...မင်းကောင်းကောင်းအနားယူလိုက်"
လီယွမ် အဆင်ပြေနေသည်ကိုမြင်သောအခါ ဖေးလော့ချင်က နောက်ထပ်မေးခွန်းများကို ထပ်မံမမေးမြန်းတော့ပေ။
"ဂရုစိုက်ပါ အစ်ကိုကြီး..."
လီယွမ်သည် ထိုသို့မစပ်စုတတ်သူများကို နှစ်သက်ပေသည်။အကယ်၍ သူတို့သာမေးခွန်းများဆက်၍ မေးမြန်းလာခဲ့မည်ဆိုပါက သူ့အတွက်အဆင်မပြေဖြစ်လာလိမ့်မည်ဖြစ်သည်။
…
နောက်တစ်နေ့တွင် ကန့်သတ်ချက်များကို ရုပ်သိမ်းခဲ့သည်။
လီယွမ်သည် တိုက်ပွဲ၌ကျဆုံးသွားသော ဂူအသိုက်၏အဖွဲ့၀င်များအတွက် ၀မ်းနည်းခြင်းပြသရန်အတွက် ပုရှီခန်းမသို့သွားရောက်ခဲ့သည်။
ဤတိုက်ပွဲတွင် ပုရှီခန်းမခေါင်းဆောင်ဖြစ်သူ ချီရှန်းပင် ကျဆုံးသွားခဲ့ရသည်။
"အားလုံးထွက်သွားကြပြီ..."
လီယွမ်သည် အထီးကျန်သောခံစားချက်ကိုရရှိလိုက်သည်။သူသည် အမှတ်၁၂ဂူနန်းထဲတွင် လူတော်တော်များများကိုမသိပေ။သူနှင့်ပထမဆုံးတွေ့မိသော လူ၃ယောက်ဖြစ်သည့် ချီရှန်း၊ချီလင်းနှင့်၀မ်လင်းတို့သည် လောကကြီးမှ ထွက်ခွာသွားကြပြီဖြစ်သည်။
သူဤနေရာသို့စရောက်တုံးက တောင်တန်းမပေါ်ကဘ၀သည် သာယာအေးချမ်းလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤလောကကြီးတွင် ကြိုတင်တွေးဆ၍မရနိုင်သော ကိစ္စရပ်များဖြစ်ပေါ်လာသောအခါ ရှောင်လွဲ၍မရနိုင်ကြောင်း သူမည်သည့်အခါကမှ မျှော်လင့်မိထားခြင်းမရှိချေ။
နေ့လည်ခင်းတွင်...
၀မ်းနည်းခြင်းအထိမ်းအမှတ် ပြီးဆုံးသွားပြီးနောက် လီယွမ်သည် ဝါးတောငယ်လေးရှိရာသို့ပြန်မလာခဲ့ဘဲ အမှတ်၁၂ဂူနန်း၏အပြင်ဘက် ကာကွယ်ရေးခံစစ်ကြောင်းဆီသို့ ထွက်လာခဲ့သည်။
ရှောင်ကျောက်သည် ယခုတိုင်ပြန်မရောက်လာသေးရာ သူမသည်အပြန်လမ်း၌ ယိုဘုရင်၏တပ်ဖွဲ့ဖြင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။သို့ဖြစ်ရာ သူမအားချင်ယိုအစောင့်တပ်က သတ်ဖြတ်ခဲ့လျှင်တောင်မှ အလောင်းကိုတော့ရှာတွေ့ရမည်ဖြစ်သည်။
ထောင်နှင့်ချီသောကင်းထောက်ဂူကောင်များက လီယွမ်၏ထိန်းချုပ်မှုအောက်မှနေ၍ နေရာပေါင်းစုံသို့ ပြန့်ကျဲသွားခဲ့သည်။
သူသည် တောင်ထိပ်ပေါ်၌ထိုင်နေကာ အဝေးသို့လှမ်းကြည့်နေခဲ့သည်။
"အပြင်လောကက ဘယ်လိုမျိုးလဲဆိုတာ ငါတောင်မေ့နေခဲ့ပြီ"
လီယွမ်က သူ၏အချက်အလက်များကို စစ်ဆေးလိုက်သည်။
ဂူသခင် - လီယွမ်
အနက်ရောင်အိုး - (ပဉ္စမအဆင့် - ၂၅၇/၁၅၀၀)
နယ်ပယ် - (ပဉ္စမအဆင့်)
ဝိညာဉ်စွမ်းအား - (နှောင်းပိုင်းပင်လယ်အဆင့်)
(ပင်မဂူ - သွေးနှင့်ချီဂူကောင်၊ပြန်လည်မွေးဖွားခြင်းဂူကောင်၊သုံးရောင်ခြယ်မီးတောက်စပါးအုံးဂူကောင်၊ပုံရိပ်ယောင်ပိုးခြည်ဂူကောင်၊ပင့်ကူဘုရင်မဂူကောင်)
ဂူအိမ် - မရှိ
သူ၏လက်ရှိစိတ်စွမ်းအားသည် သတ္တမအဆင့်မဟာဂူသခင်များအား ယှဉ်ပြိုင်ရန်လုံလောက်နေခဲ့ပြီး နှောင်းပိုင်းပင်လယ်အဆင့်ထိပင် ရောက်ရှိနေခဲ့သည်။ထို့ကြောင့်သူသည် အဝေးတစ်နေရာသို့စူးစမ်းလေ့လာရန်အတွက် ကင်းထောက်ဂူကောင်ကို အလွယ်တကူထိန်းချုပ်နိုင်သည်။
နေ၀င်တရီရောအချိန်တွင်...
လီယွမ်သည် အနည်းငယ်မောပန်းနေသော်လည်း ရှောင်ကျောက်၏သဲလွန်စအားရှာတွေ့ခဲ့သည်။ရှောင်ကျောက်သည် သူ၏ဒဏ်ရာများကိုကုသရန်အတွက် သူသန့်စင်ပေးထားသော ပြန်လည်ကုသရေးဂူကောင်ကို အသုံးပြုထားရာ သူကထိုဂူကောင်၏အော်ရာကို ခံစားမိပေသည်။
ကင်းထောက်ဂူကောင်သည် ထိုအော်ရာနောက်သို့လိုက်သွားရာ ချုံပုတ်များစွာကိုဖြတ်ကျော်ပြီးနောက် စိုထှိုင်းသောတွင်းပေါက်တစ်ခုအတွင်း၌ ရှောင်ကျောက်ကိုရှာတွေ့ခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှောင်ကျောက်၏တစ်ကိုယ်လုံးကို သွေးများဖြင့်ဖုံးလွှမ်းနေပြီး လက်တစ်ဖက်မရှိတော့ကာ သတိလစ်မေ့မြောနေခဲ့သည်။
ပြန်လည်ကုသခြင်းဂူကောင်သည် ရှောင်ကျောက်အသက်ရှင်သန်ရန်အတွက် လိုအပ်သောအသက်စွမ်းအင်အနည်းငယ်ကို ယခုထိဖြည့်တင်းပေးနေခြင်းဖြစ်သည်။
…