အချိန်၂နှစ်
Vol. 4 Ch. 47
"ငါသေသွားပြီလား..."
"ငါမျှော်လင့်ထားသလိုပဲ...ငါသေသွားတာတောင်မှ အစ်ကိုယွမ်ဆီကိုပဲ ငါပြန်လာနေသေးတာပဲ..."
သူမသတိပြန်ရလာချိန်တွင် ရင်းနှီးနွေးထွေးသောခံစားချက်က ၀မ်ကျောက်ကျောက်အား သက်တောင့်သက်သာဖြစ်စေခဲ့သည်။
သို့ပေမဲ့ အဘယ်ကြောင့်အစစ်အမှန်ဟု ခံစားနေရသနည်း။
"မဟုတ်သေးဘူး...အစ်ကိုကြီးယွမ်က ငါ့ကိုကယ်တင်ခဲ့တာလား"
ရုတ်တရက်ဆိုသလိုပင် ၀မ်ကျောက်ကျောက်က စိတ်ပြောင်းသွားခဲ့ကာ သူမ၏လက်ကို ပြင်းပြင်းထန်ထန်ကိုက်ချလိုက်သည်။
"အင်း...နည်းနည်းတော့နာသလိုပဲ...ဒါက သေခါနီးလူတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ အိပ်မက်ဆိုတာလား"
သို့သော်လည်း မကြာခင် သူမအံ့အားသင့်သွားရသည်။
"ငါ့လက်တွေမရှိတော့ဘူးမလား...ဘာလို့အကောင်းပကတိဖြစ်နေတာလား"
၀မ်ကျောက်ကျောက်က သူ့ကိုယ်သူရယ်မောလိုက်သည်။
"အမှန်ပဲ...ဒါကအိပ်မက်တစ်ခုဆိုတာသေချာတယ်...အိပ်မက်တွေက နာကျင်မှုကိုတောင်ခံစားနိုင်တာပဲ"
ထိုအချိန်တွင် တစ်စုံတစ်ယောက်က အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
၀မ်ကျောက်ကျောက်သည် ရင်းနှီးနေသောခံစားချက်ကို ရရှိလိုက်ပြီးနောက် အသံလာရာဘက်သို့ မျက်လုံးဖွင့်လိုက်ချိန်တွင် ကြောင်အသွားခဲ့ရသည်။
"မင်းကသိပ်ပြီးနေကောင်းတာမဟုတ်သေးဘူး...သွေးမျက်လုံးဂူကောင်ရဲ့အစွမ်းကို ခဏခဏမသုံးနဲ့"
"အစ်ကိုကြီးယွမ်လား..."
၀မ်ကျောက်ကျောက်သည် ခဏလောက်ထိတ်လန့်သွားခဲ့ရသည်။
"ငါအိပ်မက်မက်နေတာမဟုတ်ဘူးလား...ငါသေသွားတာမဟုတ်ဘူးလား"
"မင်းကိုတွင်းထဲလဲနေတာ ငါတွေ့ခဲ့တယ်...ကံကောင်းတာတစ်ခုက မင်းမှာပြင်းပြတဲ့စိတ်ဆန္ဒကို ဆုပ်ကိုင်ထားတဲ့အတွက် ငါကယ်တင်နိုင်ခဲ့တာပဲ...အဲလိုမှမဟုတ်ရင် မင်းကငါ့ကိုထားခဲ့ပြီး မင်းအဘိုးကိုသွားတွေ့လိမ့်မယ်...ငါလည်းLOLကိုဆော့ကစားနေရလိမ့်မယ်"
လီယွမ်က ပြုံး၍ပြောလိုက်သည်။
"LOLဆိုတာကဘာလဲ..."
၀မ်ကျောက်ကျောက်က မေးမြန်းလိုက်သည်။
"ဒါက ငါ့ရဲ့မွေးရပ်မြေက လူငယ်တွေကစားကြတဲ့ဂိမ်းတွေပါ..."
လီယွမ်က လေးလေးနက်နက်ပြန်ဖြေလိုက်သည်။
"ငါ...အစ်ကိုကြီးယွမ်က သူ့ရဲ့မွေးရပ်မြေအကြောင်းကို တစ်ခါမှပြောတာမကြားဖူးဘူးလားလို့..."
၀မ်ကျောက်ကျောက်က တစ်စုံတစ်ခုအား သဘောပေါက်သွားခဲ့သည်။
"ကောင်းပြီ...စကားတွေအများကြီးမပြောသေးဘူး...နောက်ပိုင်းအခွင့်အရေးရလာရင် မင်းကိုငါ့မွေးရပ်မြေဆီခေါ်သွားပေးမယ်...ကဲ ပါးစပ်ကိုဖွင့်လိုက်"
လီယွမ်က ကုတင်ဘေးသို့လျှောက်လာပြီး ပြောလိုက်သည်။
အစ်ကိုကြီးယွမ်သည် သူမအားမွေးရပ်မြေသို့ ခေါ်ဆောင်သွားမည်ဟု ပြောလာသောအခါတွင် ၀မ်ကျောက်ကျောက်သည် အလွန်စိတ်လှုပ်ရှားသွားခဲ့ပြီး ပါးစပ်ဖွင့်ပေးလိုက်သည်။
ထို့နောက် မွှေးကြိုင်သောအရည်အနည်းငယ်က သူမ၏ပါးစပ်ထဲတိုး၀င်လာပြီးနောက် လည်ချောင်းထဲသို့ စိမ့်၀င်လာခဲ့သည်။ထိုအရည်စက်များက သူမ၏ခန္ဓာကိုယ်အားပျံ့နှံ့သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး တဖြည်းဖြည်းနွေးထွေးလာခဲ့သည်။
"အစ်ကိုကြီးယွမ်...မင်းငါ့ကိုဘာကျွေးလိုက်တာလဲ..."
"လျှို့ဝှက်ဆေးတစ်ခုပါ"
လီယွမ်က သူ၏သွေးကိုတိုက်ကျွေးလိုက်ခြင်းဖြစ်သည်။သူသည် ပြန်လည်ရှင်သန်ခြင်းဂူကောင်ကို သန့်စင်ပြီးနောက်တွင် သူ၏သွေး၌ ပြန်လည်ကောင်းမွန်ခြင်းနှင့် အဟာရပိုင်းဆိုင်ရာ စွမ်းအားများပါ၀င်နေခဲ့သည်။
"အိုး...အစ်ကိုယွမ် ငါ့ရဲ့လက်ကကျိုးနေတာမဟုတ်ဘူးလား...ငါ့ရဲ့လက်ကိုဘယ်သူက ပြန်ပြီးတော့ကုသပေးလိုက်တာလဲ"
၀မ်ကျောက်ကျောက်က ထပ်မေးလိုက်သည်။
"အဝေးက ၀မ်းကွဲညီမတစ်ယောက်ပါ"
လီယွမ်က ပြောလိုက်သည်။
"၀မ်းကွဲညီမဟုတ်လား...သူမကဘယ်မှာလဲ"
၀မ်ကျောက်ကျောက်က အံ့ဩသွားခဲ့သည်။
"စကားကိုနည်းနည်းပဲပြော...များများအနားယူ"
လီယွမ်က စကားစဖြတ်လိုက်သည်။
"ကောင်းပါပြီ..."
၀မ်ကျောက်ကျောက်က မကျေမနပ်ဖြစ်ကာ ပါးစပ်ပိတ်ထားလိုက်သည်။
…
ဤသို့ဖြင့် နေ့ရက်တိုင်းက သာသာယာယာဖြစ်နေခဲ့သည်။
၀မ်ကျောက်ကျောက်ပြန်ရောက်လာမှုက အရာအားလုံးကို ပုံမှန်အတိုင်းပင် ပြန်ဖြစ်စေခဲ့သည်။လီယွမ်အတွက်လည်း ညစာစားသည့်အချိန်မျိုးတွင် စကားစမြည်ပြောမယ့်သူရှိလာ၍ ပျင်းရိငြီးငွေ့မှုအား သက်သာစေခဲ့သည်။
ချင်ယိုတပ်ဖွဲ့၏ တိုက်ခိုက်မှုအပြီးတွင် ကျိုးကုန်းဂူအသိုက်နှင့်စန်းလန်တပ်ဖွဲ့များကလည်း သူတို့၏ကင်းလှည့်မှုကို အရှိန်အဟုန်တိုးမြင့်ခဲ့သည်။သူတို့သည် ယခင်တစ်ကြိမ်အမှားကို အခွင့်ကောင်းယူကာ နတ်ဆိုးများနှင့်ယိုဘုရင်ကို တိုက်ခိုက်ခွင့်မပေးခဲ့ပေ။
အချိန်များက တဖြည်းဖြည်းကုန်လွန်သွားခဲ့ကာ အမှတ်၁၂ဂူနန်း၌လည်း မျက်နှာသစ်များစွာရှိလာခဲ့သည်။
လီယွမ်သည် စန်းလန်နန်းတော်နှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး သူတို့၏လုပ်ငန်းစဉ်က ပိုမိုကြီးထွားလာခဲ့သည်။သူသည် အရည်အသွေးမြင့် နတ်ဆိုးအလောင်းများစွာကို ရရှိခဲ့ပြီးနောက်တွင် ဂူကောင်ပေါင်းစပ်မှုအား အရူးအမူးလုပ်ဆောင်ခဲ့သည်။
(နတ်ဆိုးဖားပြုပ်မျက်လုံးကို ပေါင်းထည့်ပြီး ပဉ္စမအဆင့်ဆန်းကြယ်ဂူကောင်ဖြစ်သော သွေးဆာဖားပြုပ်ကို ရရှိခဲ့ပါသည်)
(နတ်ဆိုးခွေး၏အကြေးခွံကို ပေါင်းထည့်ပြီး ပဉ္စမအဆင့်ဆန်းကြယ်ဂူကောင်ဖြစ်သော နတ်ဆိုးခွေးဂူကောင်ကို ရရှိခဲ့ပါသည်)
(ကျောက်တုံးနတ်ဆိုး၏အမြူတေကို ပေါင်းထည့်ပြီး ပဉ္စမအဆင့်ဆန်းကြယ်ဂူကောင်ဖြစ်သော ကျောက်တောင်တန်းဂူကောင်ကို ရရှိခဲ့ပါသည်)
(ပေါင်းစပ်ပါ...)
လီယွမ်သည် ဂူကောင်များ၏ဆင့်ကဲဖြစ်စဉ်နှင့်အသွင်ကူးပြောင်းမှုလမ်းကြောင်းကို အဆက်မပြတ်လေ့လာနေရင်း တစ်နေ့ပြီးတစ်နေ့ အသိဉာဏ်အားကောင်းလာခဲ့သည်။
လီယွမ်သည် သူ၏အဆင့်နိမ့်လက်အောက်ခံဂူကောင်များကို အဆင့်မြင့်အစားထိုးပစ္စည်းများဖြင့် တဖြည်းဖြည်းအစားထိုးခဲ့ပြီး အဆင့်မြင့်ဂူကောင်များအဖြစ်သို့ ပြောင်းလဲခဲ့ရာ သူ၏တိုက်ခိုက်ရေးစွမ်းအားက သိသသိသာသာတိုးတက်လာခဲ့သည်။
ထိုအချိန်တွင် လီယွမ်သည် ဝါးတောငယ်လေးကို ပြန်လည်ပြုပြင်ချဲ့ထွင်ရန်အတွက် ဖေးလော့ချင်ဆီသို့ ခွင့်ပြုချက်တောင်းခံခဲ့သည်။
ဖေးလော့ချင်ကလည်း သူ၏တောင်းဆိုချက်ကို အလွယ်တကူသဘောတူညီလိုက်သည်။
လီယွမ်သည် သူ၏ကိုယ်ပိုင်ဂူမွေးမြူရေးဥယျာဉ်ကို တည်ဆောက်ရန်အတွက် ထိုအခွင့်အရေးအား အမိအရဖမ်းယူခဲ့သည်။သူသည် ထိုနေရာတွင် အဆင့်မြင့်ဂူပိုးကောင်များနှင့် အနာဂတ်တွင်သူလိုအပ်လာမည့် ကုန်ကြမ်းပစ္စည်းများကို စတင်မွေးမြူခဲ့သည်။
လီယွမ်၏လမ်းညွန်မှုအောက်တွင် ၀မ်ကျောက်ကျောက်သည် ဂူသခင်တစ်ယောက်ဖြစ်လာခဲ့ကာ သွေးမျက်လုံးဂူကောင်ကိုလည်း ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်ခဲ့သည်။
ဤသို့ဖြင့်လီယွမ်သည် သာယာအေးချမ်းသောဘဝဖြင့် ၂နှစ်ကျော်ကြာဖြတ်သန်းခဲ့သည်။
ထိုသို့ဖြင့် တစ်နေ့တွင် ယုဟွမ်းချွမ်ကပြန်ရောက်လာခဲ့သည်။
လီယွမ်သည် သူ၏ဆရာကိုပြန်တွေ့ရချိန်တွင် ဆရာဖြစ်သူ၏အိုမင်းမှုကို သိသိသာသာခံစားမိပေသည်။
"ဆရာ..."
လီယွမ်အား ယုဟွမ်းချွမ်ကို အကြိမ်များစွာတွေ့ဆုံဖူးခြင်းမရှိသော်လည်း ယုဟွမ်းချွမ်၏သွန်သင်ဆုံးမမှုကို လက်ခံဖူး၍ ယုဟွမ်းးချွမ်အပေါ် လေးစားမှုကိုအမြဲထိန်းသိမ်းခဲ့သည်။
"လီယွမ်...လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ငါတော်တော်အလုပ်များနေလို့ မင်းကိုသင်ကြားပေးဖို့အချိန်မရခဲ့ဘူး...မင်းဆရာရဲ့မပြည့်စုံမှုအတွက် ငါ့ကိုစိတ်မကွက်ဖို့ ငါမျှော်လင့်ပါတယ်"
ယုဟွမ်းချွမ်က သက်ပြင်းချမိလိုက်သည်။
"ဆရာ့ကျေးဇူးကို အမြဲအမှတ်ရနေမှာပါ...ဒီတပည့်က ဘယ်တော့မှညည်းညူနေမှာမဟုတ်ဘူး"
လီယွမ်က လေးလေးနက်နက်ပြန်ဖြေလိုက်သည်။
"ဆရာပေးခဲ့တဲ့မှတ်စုတွေကို မင်းအကုန်ဖတ်ပြီးသွားပြီလား"
ယုဟွမ်းချွမ်က မေးလိုက်သည်။
"ဖတ်ပြီးသွားပါပြီ...."
"ကျနော်က မှတ်စုတွေကိုကိုယ်တိုင်ဖတ်ရုံတင်မကဘဲ စမ်းသပ်မှုတွေကိုလည်း ကိုယ်တိုင်လုပ်ဆောင်ခဲ့ပါတယ်...ဆရာ့ရဲ့မှတ်စုတွေထဲက ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွေက ၇၀ရာခိုင်နှုန်းထိအောင်မြင်နိုင်ခြေရှိပါတယ်"
လီယွမ်၏စကားကြောင့် ယုဟွမ်းချွမ်က အံ့အားသင့်သွားခဲ့သည်။
"မင်းက အဲ့ဒါတွေအကုန်လုံးကို စမ်းသပ်ပြီးသွားပြီလား"
"အမှန်ပဲဆရာ"
လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းတယ်...အရမ်းကောင်းတယ်လီယွမ်...ငါမင်းကိုခန့်မှန်းထားခဲ့သလိုပဲ မင်းရဲ့ပင်ကိုယ်ပါရမီနဲ့ဆိုရင် ပြင်ပအနှောင့်အယှက်တွေမရှိခဲ့ရင် စစ်မှန်တဲ့ဂူတာအိုကို မင်းရရှိနိုင်တယ်"
"မင်းဟာ ဂူတာအိုရဲ့အထွတ်အထိပ်ကိုရရှိဖို့ မွေးဖွားလာသူတစ်ယောက်ပဲ"
"မင်းကိုတပည့်အဖြစ် လက်ခံရရှိတာက ငါ့ဘ၀အတွက် အကြီးမြတ်ဆုံးကောင်းချီးဖြစ်တယ်"
ယုဟွမ်းချွမ်က အလွန်ပင်စိတ်လှုပ်ရှားနေခဲ့သည်။
"ဆရာက အရမ်းချီးမွန်းလွန်းနေပါပြီ...ငါကဆရာရဲ့ပုခုံးကိုအမှီပြုပြီးတော့ ပိုဝေးဝေးရောက်အောင်လို့ လျှောက်လှမ်းနိုင်ရုံတင်ပါဘဲ"
လီယွမ်က ကျိုးနွံစွာဖြင့် ပြန်ပြောလိုက်သည်။
"လီယွမ်...ငါ့ရဲ့မှတ်စုတွေအရ မင်းပျိုးထောင်ထားတဲ့ ဂူကောင်တွေကို ပြပေးလို့ရမလား"
ယုဟွမ်းချွမ်၏လက်များကတုန်ယင်နေခဲ့ကာ သူ၏မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
"ခဏလေးစောင့်ပါ...ဆရာ"
လီယွမ်သည် အနောက်ဘက်သို့၀င်သွားကာ အနက်ရောင်အိုးများစွာကို ထုတ်ယူလာခဲ့သည်။
ယုဟွမ်းချွမ်၏မှတ်စုများအတိုင်း သူဖန်တီးထားသောဂူကောင်များကို အနက်ရောင်အိုးထဲတွင် သိမ်းဆည်းထားပေသည်။သူသည် ထိုဂူကောင်များအား သူ၏လက်အောက်ခံဂူကောင်များအဖြစ် သန့်စင်ထားခြင်းမရှိပေရာ ယုဟွမ်းချွမ်ရှာတွေ့သွားမည်ကို မစိုးရိမ်ပေ။
ယုဟွမ်းချွမ်က အနက်ရောင်အိုးများကို တစ်လုံးပြီးတစ်လုံးဖွင့်ကြည့်လိုက်သည်။
လီယွမ်သည် ရှားပါးသောဂူကောင်များအား အမှန်တကယ်ပျိုးထောင်နိုင်ကြောင်း တွေ့ရှိလိုက်ရချိန်တွင် သူ၏အိပ်မက်ကိုဆက်ခံနိုင်မည့် အမွေခံအားရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း မှတ်ယူလိုက်သည်။
တစ်ချိန်ကသူသည် ထူးခြားဂူကောင်စာရင်းရှိ ဂူကောင်များကိုသန့်စင်ကာ အထွတ်အထိပ်သို့ရောက်ရှိရန် ပြင်ဆင်ထားခဲ့သည်။သို့သော်လည်း သူခေါင်မိုးပေါ်ရောက်နေချိန်တွင် အုတ်ကြွပ်များကျိုးပျက်သွားကာ လမ်းမပေါ်သို့ရောက်ရှိခဲ့ရသည်။ထိုအချိန်မှစတင်၍ သူသည်အပေါ်ကိုမော့ကြည့်ကာ သက်ပြင်းချရုံသာတတ်နိုင်ခဲ့သည်။
"လီယွမ်...မင်းထူးခြားဂူကောင်တစ်ကောင်ကို သန့်စင်ဖို့အတွက်စဉ်းစားဖူးလား..."
ယုဟွမ်းချွမ်က ရုတ်တရက်မေးမြန်းလိုက်သည်။
"စဉ်းစားဖူးတယ်...ထူးခြားဂူကောင်ကိုသန့်စင်ချင်တာက ဂူသခင်တိုင်းရဲ့အိပ်မက်မဟုတ်ဘူးလား"
လီယွမ်က ပြုံး၍ပြောလိုက်သည်။
လီယွမ်၏ပင်မဂူကောင်များအနက် ပြန်လည်ရှင်သန်ခြင်းဂူကောင်သည် ထူးခြားဂူကောင်ဖြစ်သော်လည်း လီယွမ်သူ၏ပင်မဂူကောင်အားလုံးကို ထူးခြားဂူကောင်များအဖြစ်ပြောင်းလဲလိုခဲ့သည်။
(လီယွမ်ရဲ့ဂူကောင်တွေထဲမှာ ပြန်လည်ရှင်သန်ခြင်းဂူကောင်ကပဲ ထူးခြားဂူကောင်စာရင်း၀င်ပါ...ခုကစပြီး ထူးခြားဂူကောင်စာရင်း၀င်တွေကို ထူးခြားဂူကောင် စာရင်းမ၀င်ပေမဲ့ အစွမ်းထက်တဲ့ဂူကောင်တွေကို ရှားပါးဂူကောင်လို့သုံးသွားပါမယ်)
"ငါကိုယ်တိုင်က ထူးခြားဂူကောင်တစ်ကောင်ကို သန့်စင်ဖို့ကြိုးစားအားထုတ်ခဲ့ပေမဲ့ အဆုံးသတ်မှာတော့ အချို့သောအရာတွေကြောင့် ကျရှုံးသွားခဲ့ရပြီး နောက်ထပ်လည်းမလုပ်ဆောင်နိုင်ခဲ့ဘူး"
ယုဟွမ်းချွမ်က သက်ပြင်းချမိလိုက်သည်။
အမှန်တော့ သူသည်လီယွမ်အားပေးခဲ့သော မှတ်စုများတွင် အချို့သောနေရာများကို တမင်တကာပြောင်းလဲထားခဲ့ကာ လီယွမ်အားလမ်းလွဲသွားစေရန် လုပ်ဆောင်ခဲ့သည်။
လီယွမ်သည် တွေးခေါ်ကြံဆနိုင်စွမ်းမရှိဘဲ ပျော့ပျောင်းသောသဘောထားရှိပြီး ဇွဲလုံ့လအပြည့်ဖြင့်သာ သူပေးအပ်ခဲ့သောမှတ်စုအတိုင်း ဂူကောင်များကိုမျက်လုံးစုံမှိတ် သန့်စင်လိုက်မည်ဆိုပါက အဆုံးသတ်ရလဒ်က ကျရှုံးခြင်းမည်ပေသည်။
လီယွမ်သာ ထိုသို့ဖြစ်သွားခဲ့မည်ဆိုပါက ထူးခြားဂူကောင်ကို သန့်စင်ရန် အရည်အချင်းမပြည့်မှီဟု သတ်မှတ်ရမည်ဖြစ်သည်။
ထို့ပြင် ယနေ့ပြောမည့်စကားများကိုလည်း သူပြောဖြစ်တော့မည်မဟုတ်ပေ။
သို့သော် လီယွမ်ကသူ၏စမ်းသပ်မှုကို အောင်မြင်ခဲ့သည်။သူသည် မှတ်စုအားလုံးကို ဂရုတစိုက်ဖတ်ရှုပြီးနောက် သူ၏ကိုယ်ပိုင်နားလည်မှုတို့အားပေါင်းထည့်ကာ ယုဟွမ်းချွမ်၏မျှော်လင့်ချက်ကိုပင် ကျော်လွန်သွားခဲ့သည်။ထိုကောင်လေးသည် သူငယ်စဉ်ကထက် အဆတစ်ရာထက်မြက်ပေသည်။
"လီယွမ်...ခုချိန်ကစပြီး မင်းကိုတကယ့်အရာတွေသင်ပေးတော့မယ်...အဲ့ဒါကတော့ ထူးခြားဂူကောင်ကို သန့်စင်နည်းပဲ"
ယုဟွမ်းချွမ်သည် ထိုစကားကိုပြောလိုက်ချိန်တွင် စိတ်လှုပ်ရှားနေခဲ့သည်။သူသည် ဤနေ့ကိုရောက်လာရန်အတွက် အချိန်များစွာစောင့်ဆိုင်းနေမိသည်မဟုတ်လား။
"မင်းသိလားလီယွမ်...ဂူအင်မော်တယ်ဖြစ်လာချင်တယ်ဆိုရင် မင်းကထူးခြားဂူကောင်စာရင်းရဲ့ ထိပ်တန်းဂူကောင်၃ကောင်ထဲက တစ်ကောင်ကိုရရှိထားရမယ်"
ယုဟွမ်းချွမ်၏ စိတ်အခြေအနေနှင့်စွမ်းအင်သည် ပထမဆုံးအကြိမ် ဤနေရာသို့ရောက်လာစဉ်ကနှင့်နှိုင်းယှဉ်ပါက အလွန်တိုးတက်လာကာ အထင်ကြီးဖွယ်ဖြစ်သည်။
လီယွမ်သည် အဘိုးအိုက သူ၏နောက်ဆုံးအမွေကို ပေးအပ်နေကြောင်းခံစားမိ၍ လီယွမ်အနည်းငယ် စိတ်မသက်မသာဖြစ်ခဲ့မိသည်။
"ဆရာ...အဆင်ပြေရဲ့လား..."
လီယွမ်က အနည်းငယ်၀မ်းနည်းသောလေသံဖြင့်ပြောလိုက်သည်။
ယုဟွမ်းချွမ်၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားခဲ့ကာ ထိတ်လန့်သွားခဲ့သည်။လီယွမ်က သူ့အားထိုမျှထိဂရုစိုက်နေလိမ့်မည်ဟု သူမျှော်လင့်ထားခြင်းမရှိပေ။ပုံမှန်အားဖြင့် ဂူသခင်များသည် ထူးခြားဂူကောင်ဟူသောအမည်ကိုကြားလိုက်ရုံဖြင့် မည်သည့်အရာကိုမှ ဂရုမစိုက်ကြတော့ပေ။
သူတို့သည် ထူးခြားဂူကောင်သန့်စင်နည်းကို ရရှိရန်အတွက် လုံး၀ကိုစိတ်မရှည်ကြတော့ပေ။သို့သော် လီယွမ်ကတော့ သူ၏ကျန်းမာရေးကို ဂရုစိုက်နေခဲ့သည်။
သူ၏လက်ကျန်ဘ၀တလျှောက်လုံးတွင် ထိုကဲ့သို့ကောင်းမွန်သော ကိုယ်ကျင့်လက္ခဏာနှင့် အရည်အချင်းရှိသောတပည့်တစ်ယောက်ကို ထပ်မတွေ့နိုင်တော့မည်ကို သူစိုးရိမ်မိခဲ့သည်။
…