ရှောင်ကိုင်၏ဆင့်ကဲပြောင်းလဲမှု
Vol. 4 Ch. 50
"ငါပြောတာမမှားဘူးနော် ညီလေး"
"အစ်ကိုဖေးပြောတာ မမှားပါဘူး..."
လီယွမ်က လေးနက်သောလေသံဖြင့်ပြောလိုက်သည်။
"မင်းသားလေးကလည်း အဲလိုလုပ်မယ်ထင်တယ်"
"မျိုးဆက်သစ်လူငယ်တွေက စစ်မြေပြင်ထဲကိုလေ့ကျင့်ဖို့အတွက် မကြာခင်မှာဘဲ ဆွဲသွင်းခံရတော့မယ်"
ဖေးလော့ချင်က သက်ပြင်းချမိလိုက်သည်။
စစ်ပွဲသည် အဆင့်တစ်ခုသို့ရောက်လာသည်နှင့် လူတိုင်းလိုလိုပင် စစ်သားများဖြစ်လာမည်ဖြစ်ကာ သေခြင်းနှင့်ရှင်ခြင်းကိုပင် ဂရုမစိုက်တော့ဘဲ တိုက်ခိုက်ကြတော့မည်ဖြစ်သည်။
"ညီလေး...မင်းကောင်းကောင်းလေ့ကျင့်ပါ...စစ်ပွဲကြီးမစခင် ဆဌမအဆင့်ကိုရောက်အောင်ကြိုးစား...အဲ့ဒါမှကပ်ဘေးကျရောက်လာတဲ့အချိန်မှာ မင်းကိုယ်မင်းကာကွယ်နိုင်မယ့်စွမ်းအားတွေရလာမှာပဲ"
ဖေးလော့ချင်က လီယွမ်၏ပုခုံးကိုပွတ်သပ်၍ပြောလိုက်သည်။
"ကောင်းပြီ...အစ်ကိုဖေး"
လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။အမှန်တကယ်လည်း သူကထိုသို့တွေးနေခဲ့သည်။ဆဌမအဆင့်များသည် စစ်ပွဲတွင်အမြှောက်စာများမဟုတ်တော့ဘဲ ထိပ်တန်းကျင့်ကြံသူများအဖြစ် သတ်မှတ်ခံရပေသည်။
…
မျက်စိတစ်မှိတ်အတွင်း နောက်ထပ်တစ်လကုန်ဆုံးသွားခဲ့သည်။
စန်းလန်စစ်တပ်သည် အခြားသောနတ်ဆိုးအလောင်းများအပြင် အိပ်မက်ပိုးဂူကောင်အား သန့်စင်ရန်အတွက် လီယွမ်လိုအပ်သောပစ္စည်းများအား ပို့ဆောင်ပေးခဲ့သည်။
"ရှောင်ကိုင်...ဝူမေ့ အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား..."
ဤကာလအတောအတွင်း လီယွမ်သည် နတ်ဆိုးအလောင်းများစွာမှ ရတနာများစွာကို ရရှိခဲ့သည်။
ဝူမေ့သည် နတ်ဆိုးအလောင်းများ၏တိုက်ခိုက်နိုင်စွမ်းကို ထိန်းသိမ်းရန်အတွက် အချို့သောအလောင်းများကို ပင့်ကူပိုးမျှင်များဖြင့်ထိန်းချုပ်ကာ မြေအောက်တစ်နေရာ၌ ချိတ်ပိတ်ထားခဲ့သည်။
လီယွမ်သည် ဆဌမအဆင့်သို့ရောက်ရှိလာပါက ဝူမေ့၏ထိန်းချုပ်နိုင်စွမ်းကလည်း သိသိသာသာတိုးမြင့်လာမည်ဖြစ်သည်။
ထိုအချိန်တွင် ချိတ်ပိတ်ထားသောနတ်ဆိုးအလောင်းများကို အသုံးပြုကာ ပိုမိုအားကောင်းသော နတ်ဆိုးရုပ်အလောင်းတပ်အား အသက်သွင်းဖွဲ့စည်းနိုင်သည်။
"ရွှီ...ရွှီ"
ထိုအချိန်တွင် ရှောင်ကိုင်က အကြီးဆုံးနတ်ဆိုးအလောင်းပေါ် ခုန်ဆင်းသွားခဲ့သည်။
ထိုနတ်ဆိုးမှာ ခေါင်းသုံးလုံးပါမြွေနတ်ဆိုးဖြစ်ကာ ၎င်း၏ဦးခေါင်းခွံတွင် ချွန်ထက်သောလက်နက်ဖြင့် ထိုးသွင်းခံထားရသော ဒဏ်ရာများရှိနေပြီး အဖိုးတန်ဆုံးအမြူတေမှာ တူးထုတ်ခံထားရသည်။
အခြားသူများသည် နတ်ဆိုးများ၏အဖိုးတန်ဆုံးအမြူတေကို ရယူနေကြချိန်တွင် လီယွမ်က အမှိုက်သာသာပစ္စည်းများဖြင့် သန့်စင်နေရခြင်းဖြစ်သည်။
ရှောင်ကိုင်သည် မြွေနတ်ဆိုး၏ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ၀င်ရောက်သွားပြီးနောက် သည်းခြေအိတ်ကို ဆွဲထုတ်လာခဲ့သည်။
"သည်းခြေအိတ်ပဲလား...နတ်ဆိုးရဲ့သည်းခြေအိတ်ထဲမှာ ကောင်းတဲ့အရာတွေ အများကြီးရှိနေတာလား"
လီယွမ်က ရယ်မောလိုက်သည်။
ထိုသည်းခြေအိတ်သည် ၃ရောင်ခြယ်ဖြစ်ကာ လွန်စွာမှအဆိပ်ပြင်းလှသော သည်းခြေရည်များဖြင့် စိုရွဲနေခဲ့သည်။ထိုသည်းခြေရည်များက မြေကြီးကိုပင်ပျက်စီးစေခဲ့သည်။
ရှောင်ကိုင်သည် သူမ၏ပါးစပ်ကိုဖွင့်ကာ သုံးရောင်ခြယ်သည်းခြေအိတ်အား မီးတောက်ဖြင့်မှုတ်လိုက်သည်။မီးငြိမ်းသွားပြီးနောက်တွင် ကြက်ဥအရွယ်အစားရှိသော ထူးဆန်းသောကျောက်တုံးကြီးတစ်ခုက ထွက်ပေါ်လာခဲ့သည်။
"ရွှီ..."
ရှောင်ကိုင်သည် ထူးဆန်းသောကျောက်တုံးအား စက်ဝိုင်းပတ်လှည်ပတ်ကာ စိတ်အားထက်သန်စွာဖြင့်စိုက်ကြည့်နေသော်လည်း ထိုကျောက်တုံးအား မထိဝံ့ပေ။
"စားချင်လို့လား...ဒါပေမဲ့ မင်းကစားရမှာကြောက်နေတယ်ပေ့ါ"
လီယွမ်က ရှောင်ကိုင်၏အတွေးများကို နားလည်လိုက်သည်။
"ရွှီ..."
ရှောင်ကိုင်က အရူးအမူးခေါင်းညိတ်ပြလိုက်သည်။
"ဒါကမခက်ပါဘူး..."
လီယွမ်သည် ရှောင်ကိုင်နှင့်သူမအာရုံစိုက်နေသော ထူးဆန်းသည့်ကျောက်တုံးကို အနက်ရောင်အိုးထဲသို့ ပစ်ချလိုက်သည်။
(ပေါင်းစပ်ရန် ရွေးချယ်ထားသောဂူကောင်များမှာ ပင်မဂူကောင်သုံးရောင်ခြယ်မီးတောက်စပါးအုံး၊သုံးရောင်ခြယ်ငရဲမီးကျောက်)
(ပေါင်းစပ်မှုစတင်ပါပြီ...)
သာမန်အခြေအနေများအောက်တွင် ရှောင်ကိုင်သည် ရှားပါးရတနာများကို သူမကိုယ်တိုင်မျိုချခြင်းဖြင့် ဆင့်ကဲပြောင်းလဲမှုကို တွန်းအားပေးမည်ဖြစ်ကြောင်း လီယွမ်သိထားသော်လည်း သူတို့မသိနိုင်သောအန္တာရယ်အချို့ရှိနိုင်ပေသည်။
ထို့ကြောင့် အနက်ရောင်အိုးကိုအသုံးပြုခြင်းက လုပ်ငန်းစဉ်တစ်ခုလုံးအား မြန်ဆန်စေကာ ပို၍အန္တာရာယ်ကင်းစေခဲ့သည်။
အချိန်ခဏကြာပြီးနောက်...
(သုံးရောင်ခြယ်မီးတောက်စပါးအုံးသည် ဆင့်ကဲပြောင်းလဲဖြစ်စဉ်အောင်မြင်ကာ ရှားပါးဂူကောင်ဖြစ်သော ငါးရောင်ခြယ်မီးတောက်စပါးအုံးအဖြစ် ပြောင်းလဲသွားခဲ့သည်)
လီယွမ်သည် ရှောင်ကိုင်အား အာရုံစိုက်၍ စစ်ဆေးလိုက်သည်။
အနက်ရောင်အိုးထဲမှ ထွက်လာပြီးနောက် ရှောင်ကိုင်၏ခန္ဓာကိုယ်ပေါ်တွင် အရောင်အသွေးအနည်းငယ် ပိုမိုစုံလင်လာသည်မှလွဲ၍ သူမ၏ပုံပန်းအသွင်သဏ္ဍာန်သည် များစွာပြောင်းလဲသွားပုံမရပေ။
ထို့ပြင် သူမ၏ဦးခေါင်းပေါ်ရှိ ဂျိုသေးသေးလေး၂ခုက ပို၍ကြီးထွားလာခဲ့သည်။
ယခင်က ထိုဂျိုလေးများသည် မြေကြီးပေါ်ကထွက်ခါစ အပင်ပျိုလေးများဖြစ်လျှင် ယခုအခါ မြေကြီးကိုနက်နက်ရှိင်းရှိင်းထိုးဖောက်၀င်ရောက်သော အပင်သဖွယ် နဂါးဦးချိုကဲ့သို့ ဖြစ်လာခဲ့သည်။
"မင်းကတကယ်တိုးတက်လာတာပဲ...ဒီနှစ်တွေမှာ မင်းအတွက်သုံးစွဲခဲ့တဲ့ရတနာတွေက အလဟာဿမဖြစ်ခဲ့ဘူး"
ရှောင်ကိုင်၏ဆင့်ကဲဖြစ်စဉ်သည် နေ့ချင်းညချင်းဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ပေ။သူမသည် ယခင်ကလည်း ရတနာများစွာကိုမျိုချခဲ့ဖူးသည့်အတွက် ယခုလိုဆင့်ကဲပြောင်းလဲလာခြင်းမှာ သဘာ၀ကျသောရလဒ်ဖြစ်သည်။
"ရွှီ..."
ရှောင်ကိုင်သည် လီယွမ်၏ပုခုံးပေါ်သို့ ပြန်တက်လာခဲ့ကာ သူမ၏ပါးစပ်ကိုဖွင့်၍ အနက်ရောင်မီးတောက်အချို့ကို ပစ်လွှတ်လိုက်သည်။
ထိုမီးတောက်သည် အဝေးရှိသစ်ပင်များပေါ် ကျရောက်သွားချိန်တွင် သစ်ပင်ပေါ်ရှိအရွက်များသည် ဆောင်းဦးနှောင်းပိုင်းကာလ၌ မြင်တွေ့ရသကဲ့သို့ အဝါရောင်ပြောင်းသွားသည်ကို လီယွမ်တွေ့မြင်လိုက်ရသည်။ထို့နောက် အရွက်များပြုတ်ကျလာကာ ပင်စည်သည်ပင်ညိုးနွမ်းသွားခဲ့ရသည်။
"မင်းက သက်ရှိတွေကို သေခြင်းစွမ်းအင်နဲ့တိုက်ခိုက်လာနိုင်ပြီပေါ့..."
လီယွမ်သည် အနက်ရောင်မီးတောက်၏အစွမ်းကို ခံစားမိလိုက်သည်။
"ရွှီ..."
ရှောင်ကိုင်သည် ဂုဏ်ယူ၀င့်ကြွားစွာဖြင့် သူမ၏ခေါင်းကိုမြှောက်လိုက်ကာ နောက်တစ်ကြိမ် မီးတောက်မှုတ်ထုတ်လိုက်သည်။ဤတစ်ကြိမ်တွင် အဖြူရောင်မီးတောက်များဖြစ်ပေါ်လာကာ ပိုးကောင်တစ်ကောင်ပေါ်ကျရောက်လာခဲ့သည်။
ခဏအကြာတွင် ထိုပိုးကောင်သည် သွေးရူးသွေးတမ်းဖြစ်သွားကာ သစ်ပင်အားခေါင်းဖြင့်အဆက်မပြတ် ဆောင့်တိုက်နေခဲ့သည်။အသက်ရှုချိန်အနည်းငယ်ပြီးနောက် ထိုပိုးကောင်လည်း သေဆုံးသွားခဲ့ရသည်။
"သက်ရှိတွေကို ရူးသွပ်ပြီးတော့ သွေးရူးသွေးတမ်းဖြစ်အောင် လုပ်ဆောင်နိုင်တာပဲ..."
လီယွမ်က ချက်ချင်းနားလည်သွားခဲ့သည်။
ရှောင်ကိုင်သည် အမှန်တကယ်ပင် တိုက်ခိုက်ရေးသားရဲဂူကောင်ဖြစ်သည်။သူသည် ဂူသခင်၏အမိန့်အနည်းငယ်သာလိုအပ်ကာ ရန်သူ၏အားနည်းချက်ကိုလိုက်၍ မည်သို့တိုက်ခိုက်ရမည်ကို ကိုယ်တိုင်နားလည်နိုင်စွမ်းရှိသည်။
သို့ဖြစ်ရာ ရှောင်ကိုင်၏အလားအလာက အလွန်ကောင်းမွန်သည်ဟု ဆိုနိုင်ပေသည်။
"မဆိုးဘူး...တကယ်မဆိုးဘူး"
လီယွမ်က အလွန်ပင်ကျေနပ်သွားခဲ့သည်။အရေးအကြီးဆုံးသောအချက်မှာ ရှောင်ကိုင်က ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိနေဆဲဖြစ်သည်။အနာဂတ်တွင် ရှောင်ကိုင်က သူ့အားကြီးကြီးမားမား ဆက်လက်ပံ့ပိုးပေးနိုင်စွမ်း အပြည့်ရှိပေသည်။
ရှောင်ကိုင်ဖျော်ဖြေနေစဉ်အတွင်း ဝူမေ့ကနတ်ဆိုးရုပ်အလောင်းများကို အဆက်မပြတ်ဖန်တီးနေခဲ့သည်။
"သတ္တမအဆင့် နတ်ဆိုးရုပ်အလောင်းတွေရဖို့ဆိုရင် ငါအခွင့်အလမ်းရှာဖွေဖို့လိုတယ်"
လီယွမ်က သူ့စိတ်ထဲ၌ အစီအစဉ်ဆွဲထားလိုက်သည်။
သူဆဌမအဆင့်သို့ရောက်ရှိသည်နှင့် ပင့်ကူဘုရင်မဂူကောင်၏ တိုက်ခိုက်ရေးစွမ်းအားက ကြီးကြီးမားမားတိုးတက်လာမည်ဖြစ်သည်။သူမသည် သတ္တမအဆင့်နတ်ဆိုးအလောင်းကိုပင် ထိန်းချုပ်နိုင်မည်ဖြစ်သည်။
သို့သော် သတ္တမအဆင့်နတ်ဆိုးရုပ်အလောင်းကို ရရှိရန်ခက်ခဲလွန်းပေသည်။
သူသည် နောက်ဆုံးအကြိမ်တုံးက လီလောချမ်အား အရှက်မဲ့စွာတောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။
နတ်ဆိုးများသည် သူတို့၏ရုပ်ခန္ဓာအား ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်အတွက် အလွန်ဂရုစိုက်ကြပေသည်။သူတို့သည် သတ္တမအဆင့်သို့ရောက်သည်နှင့် သူတို့၏ခန္ဓာကိုယ်က အဆင့်သစ်တစ်ခုသို့ တိုးတက်ပြောင်းလဲသွားမည်ဖြစ်သည်။သူတို့၏တစ်ကိုယ်လုံးတွင် ရတနာများဖြင့်ပြည့်နှက်နေသည်ဆိုသည်မှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။
သတ္တမအဆင့်နတ်ဆိုးသည် သတ္တမအဆင့်မဟာသခင်စစ်သည်တော်နှင့် ညီမျှပေသည်။
ထိုအဆင့်တွင် စစ်သည်တော်တစ်ယောက်သည် ပြတ်တောက်နေသော ခြေလက်အင်္ဂါများကိုပင် ပြန်လည်ဖန်တီးနိုင်သည်။မဟာသခင်တစ်ယောက်၏သွေးစွမ်းအင်က တိုက်ပွဲအတွင်းအဆက်မပြတ်ဖြည့်တင်းနေသလို သတ္တမအဆင့်နတ်ဆိုးများ၌လည်း အလားတူစွမ်းရည်မျိုးရှိပေသည်။
ထိုအဆင့်တွင်ရှိသော နတ်ဆိုးများ၏အသွေးအသားတိုင်းက မဟာဗျူဟာမြောက်ပစွည်းများဖြစ်ကာ သာမန်စစ်သည်တော်များ တစ်ကိုက်လောက်စားရုံဖြင့် များစွာအကျိုးရှိမည်ဖြစ်သည်။
"အဲ့အဆင့်နတ်ဆိုးတွေက အလွယ်တကူ၀ယ်ဖို့မဖြစ်နိုင်ဘူး...ဘယ်လိုပဲဆိုဆို အဆင့်မြင့်ဂူကောင်တွေက စစ်သည်တော်တွေအတွက် အသုံးမ၀င်တော့သလို နတ်ဆိုးအလောင်းတွေနဲ့လဲလှယ်ဖို့အတွက် အခြားရတနာတွေလည်း ငါ့ဆီမရှိဘူး"
လီယွမ်က အနည်းငယ်စိတ်ပူသွားခဲ့သည်။
ငါက နတ်ဆိုးအလောင်းကိုမ၀ယ်နိုင်သလို အဲအဆင့်နတ်ဆိုးကိုလည်း မသတ်ဖြတ်နိုင်ဘူး...ဒါကြောင့် အံ့ဖွယ်တစ်ခုကိုပဲမျှော်လင့်ကြတာပေါ့...
လီယွမ်သည် သူ၏စိတ်ထဲတွင် ပျံ့လွှင့်နေသော အတွေးများအားမျိုသိပ်လိုက်ကာ အာရုံစုစည်းလိုက်ပြီး အိပ်မက်ပိုးဂူကောင်အားသန့်စင်ရန်အတွက် ပစ္စည်းများကိုအာရုံစိုက်ခဲ့သည်။
"ကဲစကြရအောင်...ဆရာရေ မင်းရဲ့နှစ်ပေါင်း၃၀ကြာမယ်ဆိုတဲ့ ဂူသန့်စင်ခြင်းက ငါ့လက်ထဲဘယ်လောက်ကြာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့"
(ပေါင်းစပ်ရန်ရွေးချယ်ထားသော ဂူကောင်များမှာ တစ္တေဝိညာဉ်ပိုးကောင် ၁၀၀၈၆ကောင်ဖြစ်သည်)
(ပေါင်းစပ်မှုစတင်ခြင်း...)
(သင်သည် ပထမအဆင့်သေမျိုးဂူကောင် တစ္ဆေဝိညာဉ်ဂူကောင် ၃၃၆၂ကောင်ကိုရရှိပါသည်။)
"ကဲထပ်လုပ်ကြရအောင်..."
(ပေါင်းစပ်ရန်ရွေးချယ်ထားသော ဂူကောင်များမှာ တစ္တေဝိညာဉ်ဂူကောင်၊ခရမ်းရောင်ပွင့်ချပ်၊အနီရောင်မှိုတို့ဖြစ်သည်)
(ပေါင်းစပ်မှုစတင်ခြင်း...)
(သင်သည် စတုတ္ထအဆင့်ဆန်းကြယ်ဂူကောင် အဖွားအိုဂူကောင်ကိုရရှိခဲ့သည်)
(အဖွားအိုဂူကောင် - ပင်မဂူကောင်အဖြစ်သန့်စင်ပြီးနောက် ဂူသခင်၏စိတ်စွမ်းအားကိုမြင့်တင်ပေးနိုင်သည်။လက်အောက်ခံဂူအနေဖြင့် သန့်စင်ထားမည်ဆိုပါက ရန်သူနှင့်တိုက်ခိုက်ချိန်တွင် ရန်သူအားသူ၏အဖွားကိုပြန်လည်မြင်ယောင်လာစေရန် အတင်းအကျပ်အာရုံလွဲပြောင်းစေနိုင်သည်)
"ဒီလိုဂူကောင်မျိုးရှိသေးတာလား..."
လီယွမ်က အံ့ဩသွားခဲ့သည်။
ဂူကောင်သမိုင်းတွင် မည်သည့်ဂူကောင်မျိုးမဆို အမည်ပေးမည်ဆိုပါက ထူးခြားသောသမိုင်းကြောင်းရှိပေသည်။သို့ဖြစ်ရာ အဖွားအိုဂူကောင်ဟု အမည်ပေးထားသောဂူကောင်သည်လည်း ရင်ခုန်ဖွယ်ဇာတ်လမ်းတစ်ပုဒ်အား ကြုံတွေ့ခဲ့ရမည်ဖြစ်သည်။
"ကဲထပ်လုပ်လိုက်ရအောင်..."
ဆန်းကြယ်ဂူကောင်တစ်ကောင်ဖြင့် မလုံလောက်သေးပေ။အိပ်မက်ပိုးဂူကောင်ကို သန့်စင်လိုမည်ဆိုပါက အနည်းဆုံးရှားပါးဂူကောင်၃ကောင်အား မွေးမြူသန့်စင်ရမည်ဖြစ်သည်။
ထိုသို့လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိပါက အိပ်မက်ပိုးဂူကောင်သည် အသွင်ပြောင်းလဲခြင်းကိုးသွယ်ကို ရရှိရန်မဖြစ်နိုင်ပေ။
(ပေါင်းစပ်ရန် ရွေးချယ်ထားသောဂူကောင်များမှာ...)
(ပေါင်းစပ်မှုစတင်ခြင်း...)
…
ဒါယန်းနဂါးသွေးကြော၏တည်နေရာ...
ခွန်းလွန်တောင်ကြား...
ထိုတောင်တန်းသည် ဒဏ္ဍာရီလာနယ်မြေတစ်ခုသဖွယ် အဆက်မပြတ် မြူမှုန်များဖြင့် ပြည့်နှက်နေခဲ့သည်။
ခွန်းလွန်တောင်ကြား၏အစပ်၌...
ညဇီးကွက်အစောင့်များ၊စန်းလန်ဘုရင်၊ယိုဘုရင်၊ချင်ဘုရင်၊ဟန်ဘုရင်၊ယင်ဘုရင်နှင့် အခြားသောအင်အားကြီးစစ်သူကြီးများအပါအ၀င် အင်အားစုအမျိုးမျိုးက စခန်းချထားပေသည်။
ယနေ့တွင် ကမ္ဘာပေါ်ရှိ အင်အားစုများအားလုံးနီးပါး ဤနေရာ၌စုရုံးရောက်ရှိနေကြသည်။
သူတို့သည် နှစ်ပေါင်းများစွာပျောက်ဆုံးနေသော ဒါယန်းမင်းသားလေးအား ရှာဖွေရန် ဤနေရာသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
…