← Chapters

ခွန်းလွန်တောင်ကြား

Vol. 4 Ch. 51

ခွန်းလွန်တောင်ကြား

Vol. 4 Ch. 51

လွန်ခဲ့သော တစ်နှစ်ခွဲခန့်က...

ဒါယန်းနဂါးသွေးကြောတည်ရှိရာ ခွန်းလွန်တောင်ကြားသည် ထူးခြားဖြစ်စဉ်များကို ပြသခဲ့သည်။ထိုအရာ အစစ်အမှန်နဂါးတစ်ကောင် ဤကမ္ဘာပေါ်ပြန်လည်ပေါ်ထွက်လာမည်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ညဇီးကွက်ဘုရင်သည် နတ်ဆိုးသခင်အား သတ်ဖြတ်ခဲ့ပြီးနောက်တွင် လွန်ခဲ့သောနှစ်ပေါင်းများစွာက ကိုယ်လုပ်တော်အန်းမှမွေးဖွားခဲ့သော မင်းသားလေးသည် အသက်ရှင်သန်နေသေးကြောင်း ကောလဟာလများထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့် ဒါယန်းတော်ဝင်မိသားစု၏ တစ်ဦးတည်းသော တော်၀င်သွေးမျိုးဆက်ဖြစ်သူ မင်းသားလေးသည် ခွန်းလွန်တောင်ကြား၌ အသက်ရှင်လျက်ရှိနေသည်ဟု အင်အားစုအားလုံးက ယုံကြည်နေကြသည်။

သို့သော်လည်း ခွန်းလွန်တောင်ကြားသည် အလွန်ကျယ်ပြန့်ကာ နယ်မြေ၆ခုနှင့်ထိစပ်နေသည်။ထို့ကြောင့် တပ်ဖွဲ့အမြောက်အများ၏ နယ်မြေနှင့်ထိစပ်နေသည့်အတွက် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ သက်ဆိုင်ခြင်းမရှိပေ။

သူတို့သည် ထိုအရည်ရွမ်းသောအသီးကို တစ်ဦးတည်းရိတ်သိမ်းနိုင်သော အရည်အချင်းမရှိပေ။

ထို့ကြောင့် တပ်ဖွဲ့များအားလုံးသည် ခွန်းလွန်တောင်ကြားထဲသို့ ၀င်ရောက်ခြင်းမရှိကြဘဲ နယ်စပ်၌သာ တင်းတင်းကြပ်ကြပ်စောင့်ကြပ်ရန် သဘောတူညီခဲ့ကြသည်။အနိမ့်ဆုံးအဌမအဆင့် စွမ်းအားရှင်များကသာ ခွန်းလွန်တောင်ကြားထဲသို့ စူးစမ်းလေ့လာရန် ၀င်ရောက်နိုင်သည်။

မင်းသားလေးကို မည်သူကဦးစွာရှာတွေ့နိုင်မည်ကို သူတို့၏ကိုယ်ပိုင်အရည်အချင်းပေါ်မူတည်ပေသည်။

…

တောင်ပေါ် ရွာလေးတစ်ရွာ၌...

သန်မာတောင့်တင်းကာ အသားညိုသောလူငယ်တစ်ယောက်က ထင်းစည်းများစွာကို သယ်ဆောင်လာခဲ့ကာ ရွှံများပြည့်နှက်နေသောလမ်းကြောင်းအတိုင်း ပြေးလာနေခဲ့သည်။

"ဂုံတန်ရေ...မင်းအမေကိုထင်းခုတ်ဖို့အတွက် ကူညီပေးနေတာလား...မင်းကတော်တော်အလုပ်ကြိုးစားတဲ့ကလေးပဲ"

လမ်းခရီးတလျှောက် တွေ့ရသောရွာသားများက ထိုလူငယ်ကိုတွေ့တိုင်း ချီးမွမ်းကြသည်။

မုဆိုးမချန်းသည် သားကောင်းတစ်ယောက်ကို ကောင်းကောင်းပြုစုပေးနိုင်ခဲ့သည်။

"ဦးလေး...ဒေါ်လေး...ကောင်းသောနံနက်ခင်းလေးပါ..."

ဂုံတန်ဟုအမည်ရသောသူသည် တွေ့သမျှရွာသားတိုင်းကို အားရပါးရနှုတ်ဆက်၍ ဖျတ်လတ်စွာလမ်းလျှောက်လာခဲ့သည်။ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်း ရွာသားများ၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

"အမေရေ...သားပြန်လာပြီ"

ဂုံတန်သည် မီတာရာနှင့်ချီအကွာမှ စတင်အော်ဟစ်လာခဲ့သည်။

အံ့ဩစရာကောင်းသည့်အချက်မှာ ယနေ့သူ့ကို မည်သူကမှပြန်မဖြေကြပေ။များသောအားဖြင့် သူထင်းခုတ်ပြီးပြန်လာချိန်တွင် အမေဖြစ်သူက ခြံတံခါးရှေ့၌ရပ်စောင့်နေလေ့ရှိသည်။

"အမေရေ...သားပြန်လာပြီလေ"

ဂုံတန်သည် ထိုအကြောင်းနှင့်ပတ်သက်၍ အများကြီးမတွေးထားပေ။သူသည် နောက်ထပ်အကြိမ်အနည်းငယ်ခန့်အော်ဟစ်လိုက်သော်လည်း တုံ့ပြန်မှုမရရှိပေ။

"ထူးဆန်းလိုက်တာ...အမေအိပ်ပျော်သွားတာလား"

လူငယ်က မျက်မှောင်ကြုတ်လိုက်မိသည်။

သူသည် ပုခုံးပေါ်တင်ထားသော ထင်းစည်းကိုအောက်ချကာ အိမ်ထဲသို့အမြန်လျှောက်လာခဲ့သည်။သို့သော်လည်း အိမ်ထဲ၀င်လိုက်သည်နှင့် ပင်မဧည့်ခန်းမှသည် အိပ်ခန်းထဲသို့တောက်လျှောက်စီးကျနေသော သွေးစီးကြောင်းက သူ့အားထိတ်လန့်တုန်လှုပ်စေခဲ့သည်။

"အမေရေ..."

ဂုတန်၏နှလုံးက အဆက်မပြတ်ခုန်ပေါက်နေခဲ့ကာ အိပ်ခန်းထဲပြေး၀င်သွားခဲ့သည်။အိပ်ခန်းထဲတွင် သွေးအိုင်ထဲ၌လဲလျောင်းနေသော ခေါင်းမပါတော့သည့် အမျိုးသမီးတစ်ယောက်နှင့် ကြောက်စရာကောင်းသော နတ်ဆိုးတစ်ကောင်ကို တွေ့မြင်လိုက်ရသည်။

ထိုနတ်ဆိုးသည် လူသားခန္ဓာကိုယ်နှင့်ခွေးတစ်ကောင်၏ဦးခေါင်းရှိကာ အရပ်၉ပေရှိပြီး ခါး၌ဓားရှည်တစ်ချောင်းကို ချိတ်ဆွဲထားခဲ့သည်။

"နတ်ဆိုး...နတ်ဆိုး..."

ဂုံတန်သည် အလွန်ပင်ကြောက်လန့်သွားခဲ့ကာ မသိစိတ်မှထွက်ပြေးလိုစိတ်ဖြစ်လာခဲ့သည်။

"အမေ...မဟုတ်ဘူး...ငါအမေအတွက် လက်စားချေချင်တယ်..."

ချက်ချင်းပင် သူ၏မျက်လုံးများကနီရဲလာခဲ့ကာ အဆုံးမဲ့ဒေါသများက သူ၏တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။

"သေစမ်း...ခွေးနတ်ဆိုး...ငါ့အမေရဲ့အသက်ကို ပြန်ပြီးပေးဆပ်စမ်း"

ထိုအချိန်တွင် သူ့စိတ်ထဲ၌ အတွေးတစ်ခုရှိလာခဲ့သည်။

သတ်...အဲ့ခွေးနတ်ဆိုးကိုသတ်...ငါ့အမေအတွက် လက်စားချေရမယ်...

"မင်းဆီမှာ နည်းနည်းလေးထူးခြားတဲ့အနံ့ရှိနေတာပဲ...ငါမင်းကိုစားလိုက်ရင် အရသာရှိမှာပဲ"

ခွေးနတ်ဆိုးက ရယ်မောလိုက်သည်။

လူငယ်က သူ့ဆီကို အပြေးအလွှားဝင်ရောက်လာသည်ကိုကြည့်ပြီး သူ၏လက်ကိုမြှောက်ကာ ပေါ့ပေါ့ပါးပါးဝှေ့ယမ်းလိုက်ရာ ထိုလူငယ်အား အနောက်ဘက်နံရံဆီ လွှင့်ထွက်သွားခဲ့သည်။

"တုံးအလိုက်တဲ့သေမျိုးပဲ...မင်းကသတ္တိကောင်းပေမဲ့ မင်းရဲ့သတ္တိကရယ်စရာကောင်းနေတယ်...မင်းရဲ့သွေးကိုငါမြည်းစမ်းကြည့်ရတာပေါ့"

"မင်းရဲ့အရသာရှိတဲ့ အသွေးနဲ့အသားကို မြည်းစမ်းပြီးတော့ မင်းရဲ့အရိုးတွေကိုနင်းခြေပစ်မယ်"

ခွေးနတ်ဆိုးသည် အရသာရှိသောစားကောင်းသောက်ဖွယ်တစ်ခုကို စားရတော့မည်ကဲ့သို့ နှုတ်ခမ်းသပ်လိုက်သည်။

"အဟမ်း..."

လူငယ်သည် သူ၏တုန်ယင်နေသောခြေထောက်များဖြင့် အားတင်းကာမတ်တပ်ရပ်လိုက်ပြီး ခွေးနတ်ဆိုးကို ပြင်းပြင်းထန်ထန်စိုက်ကြည့်၍ ရှေ့သို့ပြေး၀င်သွားခဲ့သည်။

"မင်း...ပေး...ငါ့...ငါ့အမေရဲ့ အသက်ကိုပြန်လာပေး"

ဂုတန်၏စိတ်သည် ဗလာဖြစ်နေကာ မည်သည့်အရာကိုမှ ဂရုမစိုက်တော့ပေ။သူ့စိတ်ထဲတွင် ထိုခွေးနတ်ဆိုးကိုသာ အပိုင်းပိုင်းဖြတ်တောက်ချင်စိတ်ဖြစ်နေခဲ့သည်။

"ဟုတ်တယ်...အဲ့ဒါပဲ...ဒေါသထွက်နေလိုက်"

ခွေးနတ်ဆိုးကရယ်မောလိုက်ရင်း ဂုတန်အားနောက်သို့လွှင့်ထွက်သွားအောင် ရိုက်ချလိုက်သည်။

"ထပ်လာခဲ့စမ်း..."

ခွေးနတ်ဆိုးသည် ခေါင်းမရှိတော့သော အမျိုးသမီး၏ခန္ဓာကိုယ်ပေါ်သို့ ခြေတစ်ချောင်းတင်ထားလိုက်ကာ ဂုတန်အား တမင်တကာပင်ရန်စလိုက်သည်။

လူငယ်သည် ခွေးနတ်ဆိုးအားမယှဉ်နိုင်ပေရာ အကြိမ်ကြိမ်အခါခါလဲကျနေခဲ့ရသည်။

ထိုသို့အဖြစ်မျိုးက မည်သည့်အချိန်ထိဆက်ဖြစ်နေမှန်းမသိပေ။ဂုတန်သည် သားရဲတစ်ကောင်လိုဖြစ်နေကာ မောပန်းနွမ်းနယ်ရန်ပင် မသိရှိတော့သလိုဖြစ်နေခဲ့သည်။

အချိန်အတော်ကြာသွားပြီးနောက်တွင် ခွေးနတ်ဆိုးက စိတ်မရှည်ဖြစ်လာကာ မျက်မှောင်ကြုတ်လိုက်မိသည်။

"ကောင်လေး...မင်းကတော်တော်လေးမာတာပဲ..."

သူ၏ယခင်အတွေ့အကြုံအရဆိုလျှင် လက်ရှိအခြေအနေ၌ လူသားများသည်လှုပ်ရှားနိုင်စွမ်းမရှိတော့ဘဲ သူတို့ချစ်ခင်ရသူတို့၏အလောင်းများစားသောက်ခံနေရသည်ကို နာကျင်စွာကြည့်ရှုနေရမည်ဖြစ်သည်။

သူ၏ အတွေ့အကြုံအရ၊ ဤအခြေအနေတွင် သေသူသည် မလှုပ်ရှားနိုင်ဘဲ သူ့ချစ်ရသူ၏ အလောင်းများကို ဖြည်းညှင်းစွာ စားသောက်နေသည်ကိုသာ ကြည့်ရှုနိုင်မည်ဖြစ်သည်။

သူ့အတွက် ထိုအရာသည် အရသာရှိလှသော စားသောက်ပွဲတစ်ခုဖြစ်သည်။

"ကိစ္စမရှိပါဘူး...ငါမင်းကိုငဲ့ညာတဲ့အားဖြင့် ဆက်ပြီးတော့ မကစားတော့ဘူး...မင်းကိုမြန်မြန်‌သေအောင်လို့ ငါကပဲအဆုံးသတ်ပေးလိုက်ပါမယ်"

ခွေးနတ်ဆိုးက သူ့ခါး၌ချိတ်ဆွဲထားသော ဓားကိုဆွဲထုတ်၍ ‌လှောင်ရယ်လိုက်သည်။

ထိုသို့ပြောပြီးနောက် ခွေးနတ်ဆိုးသည် ရှေ့သို့ခြေတစ်လှမ်းချင်း ‌လျှောက်လာခဲ့ကာ ကောင်လေး၏အနားသို့တိုးကပ်သွားခဲ့ပြီး လည်ပင်းအားချိန်ရွယ်၍ ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။

သို့သော် ဓားသွားဖြတ်သွားချိန်တွင် ဦးခေါင်းမပါသောခန္ဓာကိုယ်ကို တွေ့လိုက်ရသည်။

"အမ်.."

ထိုဦးခေါင်းမပါသောခန္ဓာကိုယ်က လူငယ်၏ခန္ဓာကိုယ်မဟုတ်ဘဲ သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်ဖြစ်နေခဲ့သည်။

"ငါဘာလို့သေသွားရတာလဲ..."

သူနောက်ဆုံးမြင်တွေ့လိုက်ရသောမြင်ကွင်းမှာ အနက်ရောင်၀တ်ရုံနှင့် ကြေးဝါမျက်နှာဖုံးကို ၀တ်ဆင်ထားသော အရပ်ရှည်ရှည်အမျိုးသားတစ်ဦးက အိမ်ထဲ၀င်ရောက်လာခြင်းဖြစ်သည်။

ဂုတန်သည်ကား လေလျော့သွားသော ဘောလုံးတစ်လုံးသဖွယ် မြေပြင်ပေါ်၌ ပုံကျသွားခဲ့သည်။

ဂုတန်သည် အသက်မဲ့နေသောမျက်လုံးများဖြင့် သူ့ရှေ့မှအရပ်ရှည်ရှည်လူကိုကြည့်နေခဲ့သည်။ထိုလူသည် ခွေးနတ်ဆိုးအား တစ်ချက်တည်းဖြင့် ခေါင်းဖြတ်နိုင်သောတည်ရှိမှုမျိုးဖြစ်သည်။

ထိုအရာက နတ်ဘုရားတစ်ပါး ကမ္ဘာပေါ်သို့ ရောက်ရှိလာသကဲ့သို့ဖြစ်သည်။

"နတ်ဘုရား...နတ်ဘုရား ကျေးဇူးပြုပြီး ငါ့အမေကိုကယ်တင်ပေးပါ"

ထိုအရာသည် လူငယ်လေး၏စိတ်ထဲတွင် ပထမဆုံးဖြစ်ပေါ်လာသော အဓိပ္ပာယ်မဲ့သော အတွေးတစ်ခုဖြစ်သည်။သူသည် အမေဖြစ်သူအားကယ်တင်ရန်အတွက် နတ်ဘုရားတစ်ပါးထံ ဒူးထောက်ဆုတောင်းလိုသည့်အချိန်တွင် ထိုနတ်ဘုရားတစ်ပါးက သူ့အားဒူးထောက်၍ဦးညွတ်လိုက်ကြောင်း တွေ့လိုက်ရသည်။

"အရှင်မင်းမြတ်...ညဇီးကွက်က အရှင့်ကိုဂါ၀ရပြုပါတယ်"

ညဇီးကွက်...အရှင်မင်းမြတ်...မင်းကဘာကိုပြောချင်တာလဲ...

လူငယ်ကထိတ်လန့်သွားခဲ့သည်။သူသည် ထိုလူအားဒူးထောက်လိုသော်လည်း မမြင်တွေ့နိုင်သောစွမ်းအားတစ်ခုက သူ့အားချုပ်ကိုင်ထားခဲ့သည်။

"မင်း...မင်းဘယ်သူ့အကြောင်းတွေလာပြောနေတာလဲ..."

ညဇီးကွက်ဘုရင်က ဦးညွတ်လျက်ပြောလိုက်သည်။

"လွန်ခဲ့တဲ့ ၂၃နှစ်က ဒါယန်းတော်၀င်မိသားစုသာ သွေးလွှမ်းတဲ့ကပ်ဘေးကိုရင်ဆိုင်ခဲ့ရတယ်...ဒါယန်းတော်၀င်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေအားလုံးက နတ်ဆိုးတွေရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရတယ်...ညဇီးကွက်အစောင့်တွေက နတ်ဆိုးတွေရဲ့ထောင်ချောက်ထဲကိုကျရောက်ခဲ့ပြီး တော်၀င်ဧကရာဇ်ကို ကယ်တင်နိုင်ဖို့ အရမ်းနောက်ကျသွားခဲ့တယ်"

"တော်၀င်မိသားစုမရှိတော့တဲ့အချိန်မှသာ ညဇီးကွက်အစောင့်တွေက မွေးကင်းစအရွယ်မင်းသားလေးကို ကယ်တင်နိုင်ခဲ့တယ်"

"နောက်ပိုင်းမှာ မင်းသားလေးကိုကယ်တင်ခဲ့တဲ့ ညဇီးကွက်အစောင့်တွေကလည်း နတ်ဆိုးတွေရဲ့အမဲလိုက်တာကိုခံခဲ့ရတယ်...ဒါကြောင့်မင်း‌သားလေးကို ဖုံးကွယ်ထားဖို့ကလွဲရင် အခြားရွေးချယ်စရာမရှိခဲ့ဘူး...ရန်သူကို သူတို့ရဲ့အသက်နဲ့ပေးဆပ်ဆွဲဆောင်ခဲ့ပြီး နောက်ဆုံးတိုက်ပွဲမှာ သေဆုံးသွားခဲ့ရတယ်"

"ပြီးတော့ မင်းသားလေးကိုဘယ်သုမှရှာမတွေ့တော့ဘူး...မင်းကိုခုချိန်ထိငါတို့လိုက်ရှာနေခဲ့ရတာ...ကံကောင်းထောက်မစွာနဲ့ နတ်ဘုရားတွေက ဒါယန်းကိုကောင်းချီးပေးခဲ့ပြီးတော့ ခွန်းလွန်တောင်ကြားမှာ ဒါယန်းတော်၀င်မင်းဆက်ကို ရှာတွေ့ခွင့်ပေးခဲ့တယ်"

"ညဇီးကွက်ဘုရင်ဖြစ်တဲ့ ငါရဲ့ရှောင်က မင်းသားလေးကို အချိန်အတော်ကြာဒုက္ခခံစေခဲ့တဲ့အတွက် သေဒဏ်ခံရသင့်ပါတယ်"

"ဒါပေမဲ့ ခုလိုလောကကြီးမငြိမ်မသက်ဖြစ်နေတဲ့ကာလမှာ ဒါယန်းပြည်ထောင်ကိုဦးဆောင်ပြီး ဧကရာဇ်အဖြစ်နန်းတက်ပေးပါ...ဒါယန်းပြည်ထောင်တည်ငြိမ်ပြီး ကမ္ဘာကြီးအေးချမ်းလာတဲ့အခါကျ ရဲ့ရှောင်က အပြစ်အားလုံးကို ကျခံဖို့ဆန္ဒရှိပါတယ်"

အရပ်ရှည်ရှည်နှင့်လူက ခေါင်းငုံ့ကာ လေးနက်သောလေသံဖြင့် လျှောက်တင်လိုက်သည်။ဂုတန်သည် မျက်နှာဖုံးအောက်မှ ထိုလူ၏အမူအရာကို မတွေ့မြင်နိုင်ခဲ့ပေ။

သူသည် တောင်တန်းများကြားထဲမှ သာမန်ရွာသားလေးတစ်ယောက်ဖြစ်သော်လည်း ပြင်ပလောကကြီးအခြေအနေ မည်မျှဆိုးရွားကြောင်း နားလည်ထားသည်။

ဒါယန်းမင်းဆက်သည် ဤဖရိုဖရဲဖြစ်နေသောကာလမတိုင်မှီက ကမ္ဘာကြီး၏ဗဟိုချက်အဖြစ် အချိန်အတော်ကြာကျော်ကြားခဲ့သည်။သူသည် ထိုသို့သောမင်းဆက်ကြီး၏ နောက်ဆုံးသောတော်၀င်မျိုးဆက်ဖြစ်နေမည်ဟု အိပ်မက်မမက်ခဲ့ပေ။

သို့သော်လည်း...

သူသည် ဧကရာဇ်တစ်ပါးမဖြစ်လိုပေ...သူ၏အမေကိုသာ အသက်ပြန်သွင်းလိုခဲ့သည်။

"မင်း...ငါ့အမေကိုကယ်တင်ပေးနိုင်မလား"

လူငယ်က သတိထား၍မေးမြန်းလိုက်သည်။

"ငါမလုပ်နိုင်ဘူး..."

ညဇီးကွက်ဘုရင်က ခေါင်းခါပြလိုက်သည်။

အမှန်တော့ နဂါးသွေးကြောဖြစ်စဉ် ထွက်ပေါ်လာခဲ့သော ပထမဆုံးနေ့ကပင် သူသည်ဤနေရာကိုရှာတွေ့ခဲ့ကာ အကုန်လုံးကိုပိတ်ဆို့ကာ လျှို့ဝှက်စွာဖြင့်စောင့်ကြည့်နေခဲ့သည်။

သူသည် ထိုမိန်းမကိုကယ်တင်လိုပါက အခက်အခဲမရှိသော်လည်း သူသည်ဧကရာဇ်၏ပျံ့လွှင့်နေသော အတွေးစိတ်များကိုဖယ်ရှားရန်လိုအပ်ပေသည်။အကယ်၍ ထိုသို့မဟုတ်ပါက တွေဝေတုံ့ဆိုင်းနေသောဧကရာဇ်တစ်ပါးသည် ဤဖရိုဖရဲကာလကို အဆုံးသတ်နိုင်မည်မဟုတ်ပေ။

သူသည် အားနည်းချက်များကြောင့် ပိတ်မိနေသော သာမန်လူတစ်ယောက်ကို မလိုလားပေ။

ဤနေရာတွင် တွယ်တာစရာရှိသော နှောင်ကြိုးများကို ပယ်ဖျက်ခြင်းဖြင့်သာလျှင် ဧကရာဇ်က အပူအပင်ကင်းမဲ့သွားမည်ဖြစ်သည်။သို့မှသာ ဒါယန်းမင်းဆက်၏ဧကရာဇ်အဖြစ် တွန့်ဆုတ်တွေဝေခြင်းမရှိဘဲ လောက၏ငြိမ်းချမ်းရေးကိုဖော်ဆောင်ကာ ဆောင်ကြဉ်းနိုင်မှာဖြစ်သည်။

"ဟားဟား..."

ဂုတန်သည် သူ့ကိုယ်သူရယ်မောလိုက်ကာ တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ထရပ်လိုက်သည်။ထို့နောက် အမျိုးသမီး၏အလောင်းကိုစောင်ဖြင့်ပတ်၍ သူ၏ကျောပေါ်တင်ဆောင်ကာ အိမ်ထဲမှထွက်လာခဲ့သည်။

…

၇ရက်ကြာပြီးနောက်...

ဂုတန်သည် အမေဖြစ်သူ၏ဈာပနာကို ကျင်းပပြီးမြောက်ခဲ့သည်။

သူသည် ဂူသချိုင်းရှေ့တွင်ထိုင်နေခဲ့ကာ နှလုံးသားတစ်ခုလုံး ပျောက်ဆုံးနေသကဲ့သို့ ခံစားမိလိုက်သည်။သူ၏အမေဖြစ်သူမရှိတော့ကတည်းက သူ၏ဦးတည်ရာကပျောက်ဆုံးနေခဲ့သည်။

"အရှင်မင်းကြီး ငါတို့ထွက်သွားသင့်ပြီ...အရှင်ကထီးနန်းကိုမဆက်ခံဘူးဆိုရင် ကမ္ဘာကြီးကိုစုစည်းပြီး နတ်ဆိုးတွေကိုချေမှုန်းနိုင်ဖို့ခက်ခဲလိမ့်မယ်...ဒီလိုဘေးဒုက္ခမျိုးကလည်း အချိန်မရွေးဖြစ်လာလိမ့်မယ်"

"မဟုတ်ဘူး...ငါဘာမှမလုပ်နိုင်ဘူး...ငါကကို့ရဲ့အမေကိုတောင်မှ မကာကွယ်နိုင်ဘူးဆိုမှတော့ ကမ္ဘာကြီးကိုအေးချမ်းအောင် ဘယ်လိုလုပ်ဆောင်နိုင်မှာလဲ"

လူငယ်က ခေါင်းခါဆဲပင်ဖြစ်သည်။

…

All Chapters