မင်းသားလေးလီချန်ရှ
Vol. 4 Ch. 52
"မင်းလုပ်ရမယ်...ဘာလို့လဲဆိုတော့ မင်းကဒါယန်းတော်၀င်မိသားစုရဲ့ တစ်ဦးတည်းသောမျိုးဆက်ဖြစ်နေလို့ပဲ...မင်းကထီးနန်းအမွေကိုဆက်ခံနိုင်မှသာ ဘုရင်တွေကမင်းကိုဦးညွတ်ကြလိမ့်မယ်"
ညဇီးကွက်ဘုရင်က ပြောလိုက်သည်။
"ငါကမထိုက်တန်ဘူး...မင်းလိုလူတစ်ယောက်ကပဲ ဧကရာဇ်အဖြစ်နန်းတက်သင့်တယ်...ဒါမှမဟုတ် မင်းကအစွမ်းအစရှိတဲ့လူတစ်ယောက်ကို ငါ့အစားရှာဖွေသင့်တယ်...ဘာလို့ပုရွက်ဆိတ်လို အရုပ်သေးသေးလေးနဲ့တူတဲ့ ငါ့ကိုဘာလို့အနှောင့်အယှက်ပေးနေရတာလဲ"
ဂုတန်က ခေါင်းခါပြလိုက်သည်။
"ငါ့ကိုထီးနန်းဆက်ခံခိုင်းမယ်ပေါ့...ငါ့အတွက်ဂုဏ်ယူစရာဆိုပေမဲ့ တကယ်တမ်းတွေးကြည့်လိုက်တော့ ဟာသတစ်ခုလိုပဲ...ငါကဘယ်လိုဧကရာဇ်မျိုးလဲ...ရုပ်သေးဧကရာဇ်လား ဟားဟားဟား"
ထိုကဲ့သို့သော နေ့ခင်းကြောင်တောင်စိတ်ကူးယဉ်အိပ်မက်မျိုးကို သူမလိုချင်ပေ။
သို့သော် တခဏအတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်က သူ့အားလွှမ်းခြုံသွားခဲ့သည်။
ဂုတန်၏အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားခဲ့ကာ သူ၏ပုခုံးပေါ်တွင် ဧရာမတောင်တန်းကြီး၂ခုဖိကပ်နေသလို ခံစားလိုက်ရသည်။
"အရင်တုံးကတော့ သာမန်လူတစ်ယောက်ပဲဖြစ်တဲ့ ဧကရာဇ်ထိုက်ဇူက ၃ပေအရှည်ရှိတဲ့ဓားတစ်လက်ပဲ ကိုင်ဆောင်ခဲ့တယ်...သာမန်လူတစ်ယောက်အနေနဲ့ သူကမငြိမ်မသက်မှုတွေကိုဖြိုခွင်းခဲ့တယ်...သူကခွန်းလွန်တောင်ကြားမှာ နဂါးသွေးကြောကိုမြုပ်နှံခဲ့ပြီး နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ဒါယန်းမင်းဆက်ကို တည်ထောင်ခဲ့တယ်"
"ဧကရာဇ်ထိုက်ဇူက အရပ်ဘက်ရောစစ်ဘက်ရော အရည်အချင်းပြည့်၀ကောင်းမွန်ပြီးတော့ ပြည်သူတွေအေးအေးချမ်းချမ်းနေထိုင်လုပ်ကိုင်နိုင်ဖို့အတွက် အာမခံချက်ပေးခဲ့ပြီး ဒါယန်းမင်းဆက်ကို စည်ပင်၀ပြောစေခဲ့တယ်"
"မျိုးဆက်တိုင်းရဲ့ဧကရာဇ်တွေဟာ တိုင်းပြည်တည်ငြိမ်ရေးအတွက် အရာအားလုံးကိုမြုပ်နှံခဲ့ကြတယ်"
"ခုတော့အရှင်က လောကရဲ့ငြိမ်းချမ်းရေးကိုလျစ်လျူရှုပြီးတော့ ပုဂ္လိုလ်ရေးခံစားချက်တွေကြား နစ်မြုပ်နေခဲ့တယ်...အရှင်ကဒါယန်းရဲ့ဘိုးဘေးတွေကို ဘယ်လိုမျက်နှာပြချင်တာလဲ"
ညဇီးကွက်ဘုရင်က အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
"ဟားဟား..."
သို့သော် ဂုတန်ကမထင်မှတ်ထားသောလေသံဖြင့် လှောင်ရယ်လိုက်သည်။
"ကြည့်စမ်း...မင်းမှာခွန်အားရှိတော့ မင်းကစကားပြောပိုင်ခွင့်ရှိတယ်...မင်းကငါ့ကိုအရှင်မင်းမြတ်လို့သာခေါ်နေပေမဲ့ငါကိုတကယ်ကောလေးစားလို့လား...မင်းကတောင်ငါ့စကားကိုနားမထောင်ရင် ကျန်တဲ့သူတွေကကော နားထောင်မှာလား"
"ရယ်စရာကောင်းလိုက်တာကွာ..."
နန်းတွင်းမျိုးဆက်တွေ...ကမ္ဘာကြီးရဲ့ငြိမ်းချမ်းမှုတွေ...ငါအဲ့ဒါတွေကိုဘာမှဂရုမစိုက်ဘူး...ငါကိုယ်တိုင်က တော်၀င်မိသားစုဆိုတာရဲ့ ကျေးဇူးတရားအနည်းငယ်ကိုတောင် တစ်ခါမှမခံစားဖူးဘူး...
ဂုတန်သည် သူ၏အမေဖြစ်သူသေဆုံးသွားသည်ကိုပင် ဘာမှမလုပ်နိုင်ဘဲကြည့်နေခဲ့ရသည်။
အကယ်၍ သူသာထီးနန်းအမွေဆက်ခံခဲ့ပါက တစ်ကမ္ဘာလုံးကို ကာကွယ်ရတော့မည်ဖြစ်သည်။
"မင်းကို မြင့်မြတ်တဲ့သိုင်းပညာကို ငါကိုယ်တိုင်သင်ကြားပေးမယ်...မင်းကသိုင်းနတ်ဘုရားရဲ့သွေးကိုပိုင်ဆိုင်ထားတယ်...မင်းအတွက်ကျင့်ကြံရမယ့် အကောင်းဆုံးအသက်အရွယ်ကို ကျော်လွန်သွားရင်တောင်မှ အချုပ်အနှောင်တွေကရုန်းထွက်ပြီး သိုင်းပညာရဲ့အထွတ်အထိပ်ကို ရောက်ရှိနိုင်သေးတယ်"
ညဇီးကွက်ဘုရင်ကပြောလိုက်သည်။
"မင်းက ငါ့ကိုရုပ်သေးတစ်ခုလို ဆက်ဆံချင်နေတာလား"
သူကဲ့သို့ သာမန်လူတစ်ယောက်သည် နတ်ဘုရားများနှင့်သူတော်စင်များ၊ဘုရင်များကို လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်မည်ဟု လုံး၀မထင်မှတ်ထားပေ။
သူ့ရှေ့မှလူသည်လည်း ထီးနန်းဆက်ခံရန်တောင်းဆိုလာပြီးနောက် အခြားသောတောင်းဆိုချက်များလည်း ရှိလာနိုင်သည်။
"အရှင်မင်းမြတ်...ရဲ့ရှောင်ဟာ တော်၀င်မိသားစုကို မျိုးဆက်ပေါင်းများစွာ သစ္စာစောင့်သိခဲ့ပြီး ထိုက်ဇူဧကရာဇ်ရဲ့အလိုတော်ကို စောင့်ထိန်းချင်တာပါ...တခြားအကြံအစည်မျိုးမရှိပါဘူး"
ရဲ့ရှောင်က လေးနက်သောလေသံဖြင့်ပြောလိုက်သည်။
ဂုတန်သည် စကားရပ်သွားခဲ့ကာ ညဇီးကွက်ဘုရင်ကလည်း တိတ်တိတ်လေးနေပြီး ဂုတန်၏အနား၌စောင့်နေရန် ဆုံးဖြတ်လိုက်သည်။
ဂုတန်သည် တောင်ထိပ်ပေါ်၌ထိုင်နေကာ လူနေကျဲပါးသော ရွာငယ်လေးကိုကြည့်နေခဲ့သည်။ဤသည်မှာ သူကြီးပျင်းလာရာ မွေးရပ်မြေလေးပင်ဖြစ်ပေသည်။
ဤနေရာတွင် သူအချစ်ရဆုံးအမေဖြစ်သူနှင့် သူ့ကိုတိတ်တဆိတ်သဘောကျနေသောမိန်းကလေး၊သူ့အားမကြာခဏကူညီတတ်သော အိမ်နီးချင်းဦးလေးနှင့် ချစ်စဖွယ်ရွာသားများနေထိုင်ကြပေသည်။
သူသည် ကမ္ဘာကြီးတစ်ခုလုံးအား မကာကွယ်ချင်သော်လည်း ဤကျန်ရှိနေသော အလှတရားအနည်းငယ်ကို စောင့်ထိန်းကာကွယ်လိုခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ဂုတန်ကမေးခွန်းထုတ်လိုက်သည်။
"မင်းရဲ့တောင်းဆိုချက်ကို ငါသဘောမတူဘူးဆိုရင် တစ်ရွာလုံးကိုသွေးချောင်းစီးစေမှာလား"
"အရှင်လက်မခံရင် သွေးချောင်းစီးမှာကဒီနေရာလေးတင်မဟုတ်ပါဘူး...နတ်ဆိုးတွေလက်ချက်နဲ့ ဒါယန်းပြည်ထောင်နဲ့လီမိသားစုသိမ်းပိုက်ခဲ့တဲ့နေရာတိုင်း သွေးချောင်းစီးသွားမှာပါ"
ရဲ့ရှောင်ကပြန်ဖြေလိုက်သည်။
"ငါ့ရဲ့နာမည်အရင်းကဘာလဲ"
ဂုတန်က ထပ်၍မေးမြန်းလိုက်သည်။
"လီချန်ရှ..."
ညဇီးကွက်ဘုရင်က ပြောလိုက်သည်။
"ဒီနာမည်ရဲ့ အဓိပ္ပါယ်ကို ပြောပြပေးနိုင်မလား"
ဂုတန်က ပြောလိုက်သည။
"အမွေဆက်ခံပြီး တာ၀န်၀တ္တရားကိုထမ်းဆောင်ရတာက ပူနွေးတဲ့နွေဦးရာသီရဲ့ နေ့အလင်းလိုပဲ...အရှင်က ရာဇပလ္လင်ကိုအမွေဆက်ခံပြီးတော့ တိုင်းပြည်ကိုသနားကြင်နာစိတ်နဲ့အုပ်ချုပ်ပြီး ပြည်သူတွေကိုနွေးထွေးမှုပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
ရဲ့ရှောင်က ရှင်းပြလိုက်သည်။
"ဒါပေမဲ့ ငါကအဲ့ဒါတွေတစ်ခုမှ မလုပ်ခဲ့ဘူး"
ဂုတန်က အဖြေမပေးသေးပေ။
"အရှင်...ကြီးကျယ်ခမ်းနားတဲ့အရာတွေကိုလုပ်ဆောင်ဖို့ အရမ်းနောက်မကျသေးပါဘူး...အရှင်ကဒီတာ၀န်ကိုထမ်းဆောင်ဖို့လက်ခံသရွေ့ ဒါယန်းပြည်ထောင်စု ပြန်လည်သာယာလာမှာပါ "
ရဲ့ရှောင်၏လေသံက အနည်းငယ်ပျော့ပျောင်းသွားခဲ့သည်။
"မင်းက ငါ့ရဲ့တောင်းဆိုချက်တစ်ခုကို သဘောတူတာနဲ့ မင်းနဲ့အတူလိုက်ခဲ့မယ်"
ဂုတန်က ခေါင်းမော့လိုက်ကာ ကြေးဝါမျက်နှာဖုံးဖြင့် ကာရံထားသော ရဲရှောင်အားစိုက်ကြည့်လိုက်သည်။လက်ရှိအချိန်တွင် သူသည် မည်သည့်အရာကိုမှ မကြောက်ရွှံတော့ပေ။
"အရှင်...ကျေးဇူးပြုပြီးမိန့်ကြားပါ"
ညဇီးကွက်ဘုရင်က တည်ငြိမ်နေခဲ့သည်။
မင်းသားလေးက မွေးဖွားလာစဉ်ကတည်းက သူ၏ကံကြမ္မာကိုဆုံးဖြတ်ပြီးဖြစ်သည်။သူသည် ဒါယန်းပြည်ထောင်အား ပြန်လည်တည်ထောင်ရမည့် တာ၀န်ကိုထမ်းပိုးထားရကာ ရှောင်တိမ်းပိုင်ခွင့်မရှိပေ။
"ကျေးဇူးပြုပြီးတော့ ဒီရွာကိုကာကွယ်ပေးထားပြီး ဘယ်သူကမှဒီရွာကိုလာမတိုက်ခိုက်ရအောင် လုပ်ဆောင်ပေးပါ...ငါ့အမေက ဘ၀တလျှောက်လုံး ဒီရွာမှာပဲနေထိုင်ခဲ့တယ်...သူမက ငါ့ဘ၀အတွက် လိုချင်တာမှန်သမျှကို အစွမ်းကုန်ကြိုးစားဖြည့်ဆည်းပေးခဲ့တယ်...ခုလက်ရှိအချိန်မှာ သူမကောင်းကောင်းအနားယူနိုင်ဖို့က ငါဖြစ်ချင်တဲ့ဆန္ဒတစ်ခုပဲ...မင်းလုပ်ပေးနိုင်မလား"
ဂုတန်က တောင်းဆိုလိုက်သည်။
ညဇီးကွက်ဘုရင်က အလွယ်တကူပင်ခေါင်းညိတ်ပြလိုက်သည်။
"ခုကစပြီး ဒီရွာလေးဟာ နတ်ဆိုးတွေရဲ့တိုက်ခိုက်မှုကိုဖြစ်စေ ကမ္ဘာကြီးရဲ့မငြိမ်မသက်မှုတွေကနေဖြစ်စေ ကင်းလွတ်စေရမယ်လို့ ကတိပေးပါတယ်"
"ရွာလေးတစ်ခုကို ကာကွယ်ရတာဘာမှမခက်ခဲပါဘူး...ဒါပေမဲ့အရှင်ကတော့ ကမ္ဘာကြီးကိုကာကွယ်ရလိမ့်မယ်"
ထိုသို့ပြောဆိုကြပြီးနောက် ၂ယောက်သားမတ်တပ်ရပ်လိုက်ကြသည်။
"ကောင်းပြီ...ခုချိန်ကစပြီးတော့ ငါကရှောင်ဖန်းရွာသား ချန်းဂုတန်မဟုတ်တော့ဘူး...ကမ္ဘာကြီးကလိုအပ်နေတဲ့ လီချန်ရှဖြစ်သွားခဲ့ပြီ"
ဂုတန်က အသက်ကိုခပ်ပြင်းပြင်းရှုရင်းပြောလိုက်သည်။
ညဇီးကွက်ဘုရင်က ဒူးထောက်လိုက်ကာ ခေါင်းငုံ့၍ ခေါင်းလောင်းထိုးသံကဲ့သို့ ကျယ်လောင်သောအသံဖြင့် ဦးညွတ်နှုတ်ဆက်လိုက်သည်။
"အရှင်မင်းမြတ် ပြန်လည်ရောက်ရှိလာမှုကို ညဇီးကွက် ရိုသေစွာကြိုဆိုပါတယ်"
"ခုငါတို့ ဘယ်ကိုသွားကြမလဲ..."
လီချန်ရှက မေးမြန်းလိုက်သည်။
"အရှင့်ရဲ့ မှူးမတ်တွေကိုတွေ့ဆုံဖို့ အချိန်ကျပါပြီ"
ညဇီးကွက်ဘုရင်က မတ်တပ်ထရပ်ကာ လီချန်ရှ၏နောက်တွင် ရပ်နေလိုက်သည်။လီချန်ရှသည် သန်မာသောလူငယ်တစ်ဦးဖြစ်သော်လည်း ညဇီးကွက်ဘုရင်သည် သူ့ထက်ပင်ပို၍အရပ်ရှည်ကာ ထွားကျိုင်းသန်မာသော စစ်သည်တော်တစ်ဦးဖြစ်ပေသည်။
ထို့နောက်တွင် သူတို့၂ယောက်သည် ရှောင်ဖန်းရွာငယ်လေးမှ လျင်မြန်စွာထွက်လာခဲ့ကြသည်။
…
…
ဂျိမ်း...ဂျိန်း...
ခွန်းလွန်တောင်ကြား၏အပေါ်တွင် မိုးခြိမ်းသံများ အဆက်မပြတ်ထွက်ပေါ်လာကာ လေနှင့်အတူတိမ်တိုက်များစုဝေးလာပြီး ထူးခြားဖြစ်စဉ်များ အစပျိုးလာခဲ့သည်။
မင်းသားလေးကို ရှာဖွေနေကြသော လူမျိုးစုံတို့၏မျက်နှာအမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့ရသည်။သူတို့သည် တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း သိလိုက်ရ၍ အမြန်ပြန်လာခဲ့ကြသည်။
သူတို့ပြန်ရောက်သွားသည့်အချိန်တွင် ညဇီးကွက်အစောင့်တပ်ဖွဲ့၏ရှေ့၌ "ရန်"ဟူသောစကားလုံးကို ပုံဖော်ထားသည့် အလံကိုကိုင်ဆောင်ထားသော ထူးဆန်းသောပုံရိပ်တစ်ခုကိုတွေ့လိုက်ရသည်။
ထိုပုံရိပ်သည်ကား ကျေးလက်နေအ၀တ်အစားများအား ၀တ်ဆင်ထားသည့်လူငယ်လေးတစ်ယောက်ဖြစ်သည်။
လက်ရှိအချိန်တွင် ထိုလူငယ်သည် ချပ်၀တ်အပြည့်တပ်ဆင်ထားသော နဂါးမြင်းပေါ်ထိုင်နေခဲ့ကာ ဤကမ္ဘာပေါ်၌ အထွတ်အထိပ်စစ်သည်တော်အဖြစ် လူသိများကျော်ကြားသော ညဇီးကွက်ဘုရင်က မြင်းဇက်ကြိုးကိုကိုင်၍ ထိန်းကျောင်းပေးနေခဲ့သည်။
ထိုအချိန်တွင် လူတိုင်းက ထိုလူငယ်လေး၏အထောက်အထားကို နားလည်လိုက်သည်။
ထိုကောင်လေးသည် ဒါယန်းတော်ဝင်မိသားစု၏ သွေးရင်းသားရင်းဖြစ်ပေသည်။ထိုလူငယ်သည် လွန်ခဲ့သော၂၃နှစ်က ကိုယ်လုပ်တော်အန်းမွေးဖွားခဲ့သော မင်းသားလေးလီချန်ရှဖြစ်သည်။
သူ့ကိုတကယ်ရှာတွေ့ခဲ့တာလား...
ထိုအခိုက်အတန့်တွင် ဘုရင်များနှင့်အမတ်များ၏ မျက်နှာအမူအရာများသည် ပျော်ရွှင်နေသည်လား ၀မ်းနည်းနေသည်လားဆိုသည်ကို ခွဲခြားမရနိုင်ခဲ့ပေ။
မည်သို့ပင်ဆိုစေ တော်၀င်မင်းသားပြန်လည်ပေါ်ထွက်လာခြင်းက ကမ္ဘာကြီးအားပေါင်းစည်းနိုင်ရန်အတွက် မျှော်လင့်ချက်ရှိလာခြင်း၊မငြိမ်မသက်ဖြစ်မှုများကို အဆုံးသတ်ကာ နတ်ဆိုးများကိုစတင်ချေမှုန်းတော့မည်ဖြစ်ကြောင်း အသိပေးလိုက်ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ယခုအချိန်တွင်သူတို့သည် တော်၀င်အမှုတော်ကို ထမ်းဆောင်ရန်အတွက် လက်အောက်ခံများကဲ့သို့ ခေါင်းငုံ့ထားရန်လိုအပ်ပေသည်။
သို့သော် မင်းသားလေးလီချန်ရှသည် ဘ၀ကို အေးအေးဆေးဆေးဖြင့် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားနိုင်မည်မဟုတ်ပေ။ဤအရာသည် နတ်ဆိုးများနှင့်နတ်ဆိုးမဟာမိတ်များအတွက် အလွန်ပင်ပြင်းထန်လှသောသတင်းတစ်ပုဒ်ဖြစ်ကာ အကျိုးသက်ရောက်မှုက အလွန်ပြင်းထန်လာမည်ဖြစ်သည်။
သူတို့သည် ဤသတင်းကြောင့် ပို၍ပင်ကြမ်းတမ်းလာကာ ကပ်ဘေးကပိုမိုကြီးထွားလာနိုင်သည်။သူတို့၏ဖျက်ဆီးမှုအရှိန်အဟုန်ကလည်း ပိုမိုမြန်ဆန်လာပေမည်။
"မင်းတို့တွေ...အရှင်မင်းမြတ်ကိုတွေ့နေတာတောင်မှ ဘာလို့အရိုအသေမပေးကြတာလဲ..."
ညဇီးကွက်ဘုရင်က ဘုရင်နှင့်အမတ်များကိုလှည့်ကြည့်ရင်း အေးစက်စက်လေသံဖြင့် ဟိန်းဟောက်လိုက်သည်။
"တွေ့ရတာ၀မ်းသာပါတယ်...အရှင်မင်းမြတ်..."
ညဇီးကွက်ဘုရင်၏ ပြင်းထန်လှသောဖိအားများအောက်တွင် အမတ်များနှင့်ဘုရင်ခံများသည် မနာခံဝံ့ဘဲမနေကြပေ။သူတို့သည် အမိန့်မနာခံမှုအတွက် ပထမဆုံးဒဏ်ခတ်ခံရသူတစ်ဦး မဖြစ်လိုကြပေ။
"အရှင်မင်းမြတ် ပြန်လည်ကြွရောက်လာပြီဖြစ်တဲ့အတွက် နတ်ဆိုးတွေကိုဟန့်တားဖို့ရာ ခွန်းလွန်တောင်ကြားက နဂါးသွေးကြောကို ထုတ်ဖော်ပြသပေးပါ"
ထိုအခိုက်အတန့်၌ စစ်သူကြီးပိုင်ချန်းကပြောလိုက်သည်။
"မှန်လှကြောင်းပါ..."
"အရှင်မြတ်က နိုင်ငံတော်ရဲ့စည်းစိမ်ဥစ္စာကိုစုဆောင်းပြီးတော့ ပြည်သူတွေရဲ့စိတ်နှလုံးကို အေးချမ်းသာယာနိုင်စေဖို့ ခွန်းလွန်တောင်ကြားရဲ့ နဂါးသွေးကြောကို ထင်ဟပ်တော်မူပါ"
အခြားသောဘုရင်ခံများကလည်း တစ်ယောက်ပြီးတစ်ယောက် အသနားခံလာကြသည်။
ထိုအချိန်တွင် လီချန်ရှသည် စိတ်ရှုပ်ထွေးနေခဲ့ကာ မည်သို့လုပ်ရမည်မှန်းမသိဖြစ်နေခဲ့သည်။
ထိုအခါ ညဇီးကွက်ဘုရင်က ၀င်ရောက်ပြောဆိုခဲ့သည်။
"နဂါးသွေးကြောအာရုံကို ထုတ်ဖော်ပြသတာက ဟာသတစ်ခုမဟုတ်ဘူး...ငါတို့အတတ်နိုင်ဆုံးသတိထားကြရမယ်...အရှင်ကခုမှပြန်ရောက်လာတာဆိုတော့ ဘိုးဘေးတွေကိုနှုတ်မဆက်ရသေးသလို အခမ်းအနားတောင် မပြုလုပ်ရသေးဘူး...ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ နေ့ကောင်းရက်မြတ်ကိုရွေးချယ်ပြီးမှ ထပ်ပြီးတော့ဆွေးနွေးကြတာပေါ့...."
ထိုသို့ပြောလိုက်ပြီးမှသာ တစ်ယောက်တစ်ခွန်းပြောဆိုနေကြသော ဘုရင်ခံများနှင့်အမတ်များက တိတ်ဆိတ်သွားခဲ့ကြသည်။
…
ရှင်းကျန်းတောင်ပိုင်းဒေသ...
ကျိုးကုန်းတောင်တန်း၊အမှတ်၁၂ဂူနန်းရှိ ဝါးရုံတောလေးထဲ...
လီယွမ်သည် အိပ်မက်ပိုးဂူကောင်ကို သန့်စင်နိုင်ရန်အတွက် ဂူကောင်များကိုအရူးအမူးပျော်ပျော်ရွှင်ရွှင်ပြောင်းစပ်နေခဲ့သည်။သူသည် ဆရာဖြစ်သူသူကဲ့သို့ နှစ်ပေါင်း၃၀ကြာ ဂူကောင်တစ်ကောင်တည်းအား မသန့်စင်လိုပေ။
ထိုအခိုက်အတန့်တွင် ကင်းထောက်ဂူကောင်တစ်ကောင်က လီယွမ်အား သတင်းပေးလာခဲ့သည်။
လီယွမ်က ထိုမြင်ကွင်းကြောင့်မျက်မှောင်ကြုတ်လိုက်မိသည်။
"စီနီယာအစ်ကိုဖေးရောက်လာပြန်ပြီလား...သူ့ကိုကြည့်ရတာ ငါ့ကိုအလောတကြီးရှာနေတဲ့ပုံစံဘဲ....ဆရာများပြန်ပြီးတော့သတိရလာတာလား..."
…