← Chapters

ဘ၀၏အနိမ့်အမြင့်အတက်အကျများ

Vol. 4 Ch. 53

ဘ၀၏အနိမ့်အမြင့်အတက်အကျများ

Vol. 4 Ch. 53

"ညီလေးရေ ကမ္ဘာကြီးကတော့ ပြောင်းလဲတော့မယ်ဟ..."

ဖေးလော့ချင်က ရောက်ရောက်ချင်းပြောလိုက်သည်။

"မင်းသားလေးကို ရှာတွေ့ပြီတဲ့လား"

လီယွမ်က ချက်ချင်းပင်မှန်းဆလိုက်သည်။

"မင်းပြောတာမှန်တယ်...မကြာသေးခင်က သူရဲကောင်းတွေစုစည်းပြီးတော့ ခွန်းလွန်တောင်ကြားကို သွားခဲ့ကြတယ်လေ...နောာက်ဆုံးတော့ သူတို့ရလဒ်တစ်ခုထွက်လာခဲ့ပြီ...ညဇီးကွက်ဘုရင်က မင်းသားလေးကိုရှာတွေ့သွားခဲ့ပြီ"

ဖေးလော့ချင်က ပြောလိုက်သည်။

"ဒါဆိုရင် တော်၀င်မိသားစု၀င်တစ်ယောက်ပြန်ရောက်လာပြီဆိုတော့ ကမ္ဘာကြီးကတည်ငြိမ်အေးချမ်းလာတော့မှာလား"

လီယွမ်က မှန်းဆလိုက်သည်။

"ကိစ္စတွေက မင်းထင်သလိုမရိုးရှင်းဘူးလီယွမ်...ညဇီးကွက်ဘုရင်လို အစွမ်းထက်စစ်သည်တော်တစ်ယောက် ပံ့ပိုးပေးနေတာတောင်မှ မင်းသားလေးက ကမ္ဘာကြီးကိုလွှမ်းမိုးချုပ်ကိုင်ဖို့ မဖြစ်နိုင်သေးဘူး"

"ဘာလို့လဲ..."

လီယွမ်က ချက်ချင်းမေးမြန်းလိုက်သည်။

"ဘာလို့လဲဆိုတော့ ခွန်းလွန်တောင်ကြားမှာလုပ်ဆောင်ရမယ့် ကောင်းကင်နဲ့မြေကြီးကိုယဇ်ပူဇော်တာရယ်...နဂါးသွေးကြောက ဒါယန်းပြည်ထောင်ရဲ့ဧကရာဇ်ဟာ စစ်မှန်ကြောင်းစမ်းသပ်တာရယ် လုပ်ရအုံးမှာမလို့ပဲ..."

ဖေးလော့ချင်က လေးနက်တည်ကြည်စွာဖြင့် ဂရုတစိုက်ရှင်းပြလိုက်သည်။

"ဒါယန်းနဂါးသွေးကြောရဲ့ အသိအမှတ်ပြုမှုကိုရရှိထားမှသာလျှင် ဧကရာဇ်တစ်ပါးအဖြစ် လေးစားခံရမှာဖြစ်တယ်...အဲလိုမှမဟုတ်ဘူးဆိုရင် ခုရှာတွေ့ခဲ့တဲ့မင်းသားလေးက ညဇီးကွက်ဘုရင်ကိုယ်တိုင် ထောက်ခံပေးထားတဲ့ အယောင်ဆောင်တစ်ယောက်ဖြစ်နေမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ"

"ကောင်းမွန်တဲ့ စစ်ဆေးချက်ပဲ"

လီယွမ်က ခေါင်းညိတ်ပြလိုက်သော်လည်း အနည်းငယ်စိတ်ပူသွားခဲ့သည်။

တော်၀င်သမားတော်၏မြေးကို သူ၏သွေးနှင့်အရိုးများဖြင့် အစားထိုးထည့်သွင်းပေးထားသော်လည်း သူ့အားနဂါးသွေးကြောမှ အသိအမှတ်ပြုမည်လား လီယွမ်မသိပေ။

နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော မင်းဆက်တစ်ခု၏သွေးမျိုးဆက်နှင့် စစ်နတ်ဘုရား၏အမွေအနှစ်ကိုရရှိရန်စမ်းသပ်မှုတွင် ထိုမျှအလွယ်တကူအစားထိုးနိုင်မည်ဆိုပါက ဒါယန်းမင်းဆက်သည် ဟိုးယခင်ကပင် ပျက်စီးသွားရမည်ဖြစ်သည်။

အစစ်အမှန်တော်၀င်သွေးမျိုးဆက်သည် တော်၀င်သမားတော်မှ သူ့ထံတွင်ချန်ရစ်ခဲ့သော ကျောက်စိမ်းဆွဲသီးအတွင်း၌ ချိတ်ပိတ်ထားသည့် ထိုက်ဇူဧကရာဇ်၏သွေးတစ်စက်ဖြစ်နိုင်ခြေ အလွန်မြင့်နေခဲ့သည်။

တစ်နည်းအားဖြင့်ဆိုရသော် တော်၀င်သမားတော်၏မြေးဖြစ်သူသည် သူ၏အထောက်အထားအမှန်ကို အနှေးနှင့်အမြန်ဖော်ထုတ်ခံရမည်ဖြစ်သည်။ထိုအချိန်တွင် အမှန်တရားကိုရှာဖွေတွေ့ရှိသွားသည့် ညဇီးကွက်ဘုရင်က သူအားသတ်ဖြတ်သွားဖွယ်ရှိသည်။

"စီနီယာအစ်ကိုဖေး...ခွန်းလွန်တော်ကြားကအခမ်းအနားကို ဘယ်တော့စမှာလဲသိလား..."

လီယွမ်က ထပ်မေးလိုက်သည်။

"ခုထိတော့မဆုံးဖြတ်ရသေးဘူး...ညဇီးကွက်ဘုရင်က မင်းသားလေးကို အင်ပါယာမြို့တော်ဆီ ပြန်လည်ခေါ်ဆောင်လာနေတယ်...သူတို့ကသူ့ကိုအခမ်းအနားစတင်ဖို့အတွက် အချိန်ကောင်းကိုရွေးစေချင်နေတယ်"

"ခွန်းလွန်တောင်ကြား အခမ်းအနားစတင်မယ့်ရက်ကို ဆုံးဖြတ်ပြီးတာနဲ့ အဲ့အကြောင်းကို တစ်ကမ္ဘာလုံးသိအောင်ကြေငြာမှာဖြစ်တယ်..."

"အဲ့အချိန်ရောက်ရင် ဒါယန်းပြည်ထောင်နဲ့ဆက်စပ်နေတဲ့ အဖွဲ့တွေအကုန်တက်ရောက်ကြမှာဖြစ်ပြီးတော့ နန်းတော်ကိုးခုဂူအသိုက်ကလည်း ခြွင်းချက်မရှိဘူး"

ဖေးလော့ချင်က အခြေအနေတစ်ခုလုံးအား နားလည်သဘောပေါက်ထားပုံရသည်။

"အစ်ကိုဖေးအမြင်အရဆိုရင် အခမ်းအနားစတင်ဖို့ သူတို့အချိန်ဘယ်လောက်ယူသင့်လဲ"

လီယွမ်၏မျက်နှာအမူအရာသည် တည်ငြိမ်နေခဲ့ကာ ပေါ့ပေါ့ပါးပါးပင်ပြောဆိုလိုက်သည်။

"အနည်းဆုံးတော့ ၁နှစ်ခွဲ ဒါမှမဟုတ် အဲ့ထက်ပိုကြာနိုင်တယ်"

‌ဖေးလော့ချင်က ကောက်ချက်ချလိုက်သည်။

"ဘာလို့လဲ"

လီယွမ်က နားမလည်နိုင်ဖြစ်နေခဲ့သည်။

"အကြောင်းပြချက်တွေကအများကြီးပဲ...ပထမအချက်အနေနဲ့ ခွန်းလွန်တောင်ကြားအခမ်းအနားကို ထီးနန်းဆက်ခံမယ့် ဧကရာဇ်ကသာကျင်းပခွင့်ရှိတယ်...မင်းသားလေးလီချန်ရှကတော့ အထူးခြွင်းချက်ဖြစ်လို့ အခက်အခဲတွေပိုကြုံတွေ့ရလိမ့်မယ်"

"ဒုတိယအချက်အနေနဲ့ ထုံးတမ်းအစဉ်အလာတွေက အရမ်းကိုရှုပ်ထွေးတယ်...ဒါကြောင့် ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလိုအပ်တယ်...အထူးသဖြင့်နတ်ဆိုးတွေကြောင့် မငြိမ်မသက်ဖြစ်မှုတွေ ကပ်ဘေးတွေနဲ့ပြည့်နှက်နေတဲ့အချိန် ငါတို့ကပိုပြီးတော့သတိထားရအုံးမယ်"

"ငါပြောခဲ့တာတွေက အရေးအကြီးဆုံးအချက်တွေမဟုတ်သေးဘူး..."

"အရေးအကြီးဆုံးအချက်ကတော့ မင်းသားလေးကိုရှာမတွေ့ခင်က သူကသာမန်လူတစ်ယောက်ဖြစ်တယ်...သူကအခမ်းအနားရဲ့စွမ်းအားကို အချိန်အတိုင်းအတာတစ်ခုထိ ဝောာင့်ခံနိုင်ဖို့အတွက် လေ့ကျင့်ဖို့လိုအပ်သေးတယ်"

ဖေးလော့ချင်က အကြောင်းပြချက်များအား ရှင်းပြလိုက်သည်။

"နားလည်ပြီ..."

လီယွမ်သည် သူ့အတွင်းစိတ်ထဲ၌ သက်ပြင်းချမိလိုက်သည်။တော်ဝင်သမားတော်၏မြေးသည် လွန်ခဲ့သောနှစ်များတလျှောက် ကောင်းကောင်းမနေထိုင်ခဲ့ရပုံပေါ်သည်။ထိုကောင်လေးသည် သူ့ကဲ့သို့ပင် သေမျိုးကမ္ဘာထဲ၌ ဇာတ်မြုပ်နေခဲ့သည်။

ဖေးလော့ချင်က ပြုံး၍ဆက်ပြောလိုက်သည်။

"မင်းသားလေးက သိုင်းနတ်ဘုရားရဲ့စစ်မှန်တဲ့မျိုးဆက်ဖြစ်ပြီးတော့ နဂါးသွေးကြောက သူ့ကိုကာကွယ်ပေးထားတယ်ဆိုရင် မြန်မြန်ဆန်ဆန်ပဲ တိုးတက်လာမှာပါ"

"တကယ်လား"

"ဟုတ်တယ်...တကယ်တော့ ခွန်းလွန်တောင်ကြားအခမ်းအနားကို ကျင်းပပြီဆိုတာနဲ့ ခွန်းလွန်တောင်ကြားကိုလာရောက်ဂါရ၀ပြုကြသူတွေဟာ ကံကောင်းခြင်းတစ်ခုနဲ့ ကြုံတွေ့ကြရလိမ့်မယ်"

"ဟိုးအရင်တုံးကဆိုရင် အင်အားစုတိုင်းက ဒီအခမ်းအနားကို အလုံးစုံအောင်ပွဲလို့တောင် ခေါ်မှတ်ခဲ့ကြတယ်...ဒါက လူတိုင်းအတွက် ရှားရှားပါးပါးအခွင့်အရေးတစ်ခုပဲ"

"မင်းဆက်တိုင်းရဲ့ဧကရာဇ်တွေဟာ ဒီကံကောင်းခြင်းကိုမျှဝေဖို့အတွက် နန်းတော်ကိုးခုဂူအသိုက်ကိုဖိတ်ကြားလေ့ရှိတယ်...မင်းနဲ့ငါက တစ်နေရာတော့ရနိုင်မှာပါ"

ဆရာသာ ဒဏ်ရာမရထားခဲ့ရင် ငါတို့အတွက် ကိုယ်ပိုင်နေရာရဖို့ ရင်ဆိုင်တိုက်ခိုက်သွားမှာဆိုပေမဲ့ ခုတော့ပြောဖို့ခက်သွားပြီ...

"နားလည်ပြီ အစ်ကိုဖေး"

လီယွမ်သည် တောင်တန်းများပေါ်တွင် အချိန်အတော်ကြာနေထိုင်လာခဲ့ပြီးနောက် ရှားရှားပါးပါးအပြင်ထွက်လိုသော ပထမဆုံးအကြိမ်ခံစားချက်က ဖြစ်ပေါ်လာခဲ့သည်။

ဆရာက ဒုက္ခမပေးခဲ့ဘူးဆိုရင် သူတို့အတွက် နေရာတစ်ခုရဖို့ သေချာပေါက် တိုက်ပွဲဝင်သွားလိမ့်မယ်။

သူသည် တော်ဝင်သမားတော်မှ သူ့အစားထိုးခဲ့ကာ သူ၏အသက်ကိုကယ်တင်ခဲ့သော ကျေးဇူးရှင်ကို သွားရောက်ကြည့်ရှုလိုခဲ့သည်။

"ဒါပေမဲ့ အမှန်တရားက နည်းနည်းတော့ရက်စက်တာပေါ့"

အမှန်တရားကိုသိရှိနေသူအဖို့ လီယွမ်သည် သူ၏စိတ်အခြေအနေကို မဖော်ပြနိင်ဖြစ်နေခဲ့သည်။

ကျေးလက်ဒေသမှ သာမန်လူတစ်ယောက်သည် လောကကိုအုပ်စိုးနိုင်သော ဧကရာဇ်တစ်ပါးအဖြစ်သို့ ရောက်ရှိခဲ့ပြီးမှ သူ့ကိုယ်သူအစားထိုးခံထားရသော ကောင်လေးတစ်ယောက်ဖြစ်ကြောင်း သိရှိသွားခဲ့လျှင်...

ထိုကဲ့သို့ ရုတ်တရက်ဆန်လှသော အနိမ့်အမြင့်အတက်အကျများကို ထိုကောင်လေးခံနိုင်ရည်ရှိနိုင်မည်လား...

အမှန်အတိုင်း ရိုးရိုးသားသားဖြေရလျှင် လီယွမ်ကိုယ်တိုင်ပင် ခံနိုင်ရည်ရှိမည်ဟု မပြောဝံ့ပေ။

"အခွင့်အရေးရရင်တော့ သူ့ကိုသွားတွေ့ရမယ်..."

သို့သော်လည်း တစ်ဖက်လူက သူ့အတွက်လုပ်ဆောင်ပေးခဲ့သည်ဖြစ်ရာ လီယွမ်ကိုယ်တိုင်ကလည်း ထိုကောင်လေးအတွက် တစ်ခုခုလုပ်ဆောင်ပေးသင့်သည်ဟု ခံစားမိခဲ့သည်။

ဖေးလော့ချင်ထွက်သွားပြီးနောက် လီယွမ်သည် အနောက်ဘက်တောင်သို့သွား၍ တော်၀င်သမားတော်ဖြစ်သူ၏ အုတ်ဂူရှေ့သို့ရောက်လာခဲ့သည်။

"အဘိုးရေ...နတ်ဘုရားတွေက ကောင်းချီးပေးနေပြီဗျ....အဘိုးရဲ့မြေးက ခုထိအသက်ရှင်နေတုံးပဲ"

"ဒီနှစ်တွေတလျှောက်လုံး နေ့ရောညပါအတူတူ ငါနဲ့အတူပြေးလွှားရှောင်တိမ်းခဲ့ရတယ်...မင်းကိုယ်တိုင်လည်း ကြီးလေးတဲ့ပြဿနာတွေကြုံတွေ့ခဲ့ရလို့ အမေ့ကိုယ်စား အဘိုးအပေါ်အပြစ်ရှိသလို ခံစားရတယ်"

"ခုတော့ အေးအေးဆေးဆေးအနားယူပါတော့ အဘိုး...ငါ့ညီကို ထိခိုက်အောင်လုပ်မယ်ဆိုတဲ့ကိစ္စမှန်သမျှကို ငါဘယ်တော့မှခွင့်မပြုဘူး.."

လီယွမ်သည် အုတ်ဂူရှေ့တွင်ဒူးထောက်ကာ လေးနက်စွာစကားဆိုလိုက်သည်။

ထိုအခိုက်အတန့်တွင် လျှို့ဝှက်ဆန်းကြယ်သောခံစားချက်တစ်ခုက သူ၏နှလုံးသားထဲသို့တိုး၀င်လာခဲ့သည်။ထို့နောက် လီယွမ်၏အသိစိတ်ပင်လယ်ထဲတွင် ပြောင်းလဲမှုများဖြစ်ပေါ်လာခဲ့ကာ ပင်လယ်နှင့်နယ်မြေအကြား အတားအဆီးကကျိုးပျက်သွားခဲ့ရသည်။

ထိုအရာသည် တောင်နှင့်မြစ်များကိုလွှမ်းခြုံထားနိုင်သည့် ဝိညာဉ်စွမ်းအား "နယ်မြေ"အဆင့်ပင်ဖြစ်သည်။

လီယွမ်၏အသိစိတ်ပင်လယ်က အဆက်မပြတ်လှိုင်းထန်နေခဲ့သည်။လီယွမ်သည် သူ၏စိတ်အာရုံကိုစူးစိုက်ကာ တင်ပလ္လင်ချိတ်ထိုင်၍ သူ၏ခန္ဓာကိုယ်အတွင်းပိုင်း ‌အခြေအနေအား စစ်ဆေးလိုက်သည်။

သူ၏ဝိညာဉ်ပင်လယ်ထဲတွင် ဝိညာဉ်ပင်လယ်မှ ဧရာမလှိုင်းလုံးကြီးက တောင်တန်းများ၏အတားအဆီးများကို ဖြတ်ကျော်ကာ ဝိညာဉ်ပင်လယ်အတွင်းရှိ တောင်များ၊မြစ်များနှင့်ပင်လယ်တို့အကုန်လုံးကိုပေါင်းစပ်၍ နယ်မြေအဆင့်သို့တက်လှမ်းစေခဲ့သည်။

အချိန်အတော်ကြာပြီးနောက်....

လီယွမ်က ရုတ်တရက်မျက်လုံးပွင့်လာကာ သူ၏ရှေ့၌ အခြေအနေပြဇယားကွက်က ထွက်ပေါ်လာခဲ့သည်။

ဂူသခင် - လီယွမ်

အနက်ရောင်အိုး - (ပဉ္စမအဆင့် - ၁၂၃၃/၁၅၀၀)

နယ်ပယ် - (ပဉ္စမအဆင့်)

ဝိညာဉ်စွမ်းအား - (အစောပိုင်းနယ်မြေအဆင့်)

(ပင်မဂူ - သွေးနှင့်ချီဂူကောင်၊ပြန်လည်မွေးဖွားခြင်းဂူကောင်၊သုံးရောင်ခြယ်မီးတောက်စပါးအုံးဂူကောင်၊ပုံရိပ်ယောင်ပိုးခြည်ဂူကောင်၊ပင့်ကူဘုရင်မဂူကောင်)

ဂူအိမ် - မရှိ

"အောင်မြင်ပြီကွ..."

ယခုလိုအခြေအနေမျိုးအောက်တွင် သူ၏စိတ်စွမ်းအားက နယ်မြေအဆင့်သို့ထိုးဖောက်အောင်မြင်သွားမည်ဟု လီယွမ်မည်သည့်အခါကမှ မမျှော်လင့်ထားပေ။လက်ရှိအချိန်တွင် လီယွမ်သည် သူမျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာဖြင့် ပြီးပြည့်စုံသော ပင်လယ်အဆင့်မှနေ၍ အစောပိုင်းနယ်မြေအဆင့်သို့ရောက်အောင် ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပြီဖြစ်သည်။

"ဒါက စိတ်စွမ်းအားရဲ့ အရေးကြီးပုံလား..."

ထိုအခိုက်အတန့်တွင် လီယွမ်သည်ထူးခြားဂူကောင်စာရင်း၏ တတိယအဆင့်၌ရှိ‌နေသော နှလုံးသားမေးခွန်းဂူကောင်၏ မှော်ဆန်လှသောအကျိုးသက်ရောက်မှုကို အနည်းငယ်နားလည်လာခဲ့သည်။

နှလုံးသားမေးခွန်းဂူကောင်၏ ကောင်းချီးများကြောင့် စန်းလန်မင်းသမီးလေး ရှောင်ချင်းအာသည် လျင်မြန်စွာဖြင့် တိုးတက်လာတော့မည်ဖြစ်သည်။

"ဟူး..."

လီယွမ်သည် အသက်ကိုခပ်ပြင်းပြင်းရှိုက်၍ တော်ဝင်သမားတော်၏ အုတ်ဂူကို တဖန်ပြန်၍ဦးညွတ်လိုက်သည်။

"အဘိုး...တမလွန်ကနေ ငါ့ကိုစောင့်ကြည့်ပေးလို့ ကျေးဇူးတင်ပါတယ်"

စိတ်စွမ်းအားအရာတွင် နယ်မြေအဆင့်သို့ ထိုးဖောက်၀င်ရောက်မှုက လီယွမ်အားယုံကြည်မှုတိုးလာစေခဲ့သည်။သူသည် နယ်မြေအဆင့်စိတ်စွမ်းအားဖြင့်ဆိုပါက အဌမအဆင့် သို့မဟုတ် န၀မအဆင့်မှ သန်မာသောစွမ်းအားရှင်များသည် သူ၏စစ်မှန်သောခွန်အားအတိအကျကို ဖောက်မမြင်နိုင်အောင် လုပ်ဆောင်လာနိုင်ပြီဖြစ်သည်။

အချို့အရာများက အပြောထက် လုပ်ရသည်မှာ ပိုလွယ်ပေသည်။

တချို့အရာတွေက လုပ်ရတာ ပိုလွယ်တယ်။

…

စန်းဂူမျှော်စင်သို့ ပြန်ရောက်ပြီးနောက်...

လီယွမ်သည် ဂူအိမ်သန့်စင်ခြင်း၏ လျှို့ဝှက်နည်းစနစ်အား မှတ်တမ်းတင်ထားသော ဆရာဖြစ်သူယုဟွမ်းချွမ်၏ မှတ်စုစာအုပ်ကို ချက်ချင်းထုတ်ယူလိုက်သည်။

ဂူအိမ်ကိုသန့်စင်ရန် အခြေအနေ၃မျိုးလိုအပ်ပေသည်။

ပထမအဆင့်မှာ စိတ်စွမ်းအားကနယ်မြေအဆင့်သို့ရောက်ရှိရမည်ဖြစ်သည်။ထို့ပြင် ဂူသခင်နှင့်ဂူကောင်အကြားဆက်သွယ်မှုက နှလုံးသားနှင့်ပဲ့တင်ထပ်သော အဆင့်သို့ရောက်နေရမည်ဖြစ်ကာ အားကောင်းသောဂူကောင်ကို ပိုင်ဆိုင်ထားရမည်ဖြစ်သည်။

ယခုလီယွမ်ထံ၌ ထိုအချက်၃ခုလုံးပြည့်စုံနေခဲ့သည်။

"ဆရာ့ရဲ့စကားအရဆိုရင် သတ္တမအဆင့်မှာ ဂူအိမ်ကိုတည်ဆောက်နိုင်သူတွေဟာ ဂူတာအိုရဲ့အနှိုင်းမဲ့ပါရမီရှင်တွေပဲ...ငါက ပဉ္စမအဆင့်မှာတင် ဒီအချက်တွေနဲ့ပြီးပြည့်စုံနေပြီ....တွေးကြည့်ရင်တော့ နည်းနည်းအံ့ဩစရာပဲ"

…

All Chapters