← Chapters

ဝိညာဉ်ရတနာများ

Vol. 4 Ch. 56

ဝိညာဉ်ရတနာများ

Vol. 4 Ch. 56

"ရေရှည်ကိုကြည့်ပေးပါ နတ်ဆရာမ...သူကအတုလား အစစ်လားဆိုတာ မပြောနိုင်ဘူးလား"

ညဇီးကွက်ဘုရင်က မျက်မှောင်ကြုတ်လိုက်မိသည်။

အာတိတ်ရေခဲပြင်မျိုးနွယ်စုမှ နတ်ဆရာမသည် သွေးလမ်းကြောင်းခြေရာခံခြင်းအတတ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသည့်အတွက်ကြောင့် သူကိုယ်တိုင် အန်းမူယာအား သွားရောက်ဖိတ်ကြားခဲ့သော်လည်း တစ်ဖက်လူက အမှန်အတိုင်းမပြောခဲ့ပေ။

"မင်းသားလေးရဲ့ အမျိုးအနွယ်ကမတူဘူး...အဲ့ဒါကြောင့် တိကျတဲ့ကောက်ချက်ရဖို့အတွက် သူ့ကိုအချိန်နည်းနည်းပေးလိုက်ပါ"

အန်းမူယာသည် သူမပြောဆိုသည့်စကားများနှင့်ပတ်သက်၍ အတော်လေးသတိထားနေခဲ့ကာ တိုက်ရိုက်မပြောဝံ့ခဲ့ပေ။

ညဇီးကွက်ဘုရင်သည် သူမကိုဤနေရာသို့ဖိတ်ခေါ်ခဲ့သည့်အတွက် သဲလွန်စတချို့ကိုသိရှိနေပုံရသည်။ရဲ့ရှောင်သည် မင်းသားလေး၏အထောက်အထားကို သံသယ၀င်နေသော်လည်း အတည်ပြုရန်နည်းလမ်းမရှိပေ။

"ခွန်းလွန်တောင်ကြား အခမ်းအနားက အရမ်းနီးကပ်နေပြီ...ဒါကတစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တာကြောင့် အချိန်အကြာကြီးမစောင့်နိုင်ဘူး..."

ညဇီးကွက်ဘုရင်က လေးနက်သောလေသံဖြင့်ပြောလိုက်သည်။

"ခွန်းလွန်အခမ်းအနားနဲ့ပတ်သက်လို့ရှိရင် လက်ရှိပြဿနာကိုအရေးပေါ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုတော့ရှိတယ်"

အန်းမူယာသည် သနားဖွယ်ကောင်းသော အစားထိုးမင်းသားလေးကို ကယ်တင်ရန်စိတ်ပိုင်းဖြတ်လိုက်သည်။

ဒါကအစ်မကြီးအတွက် ကောင်းမှုလုပ်ပေးတယ်လို့ ယူဆလိုက်ပါ...

"ဘယ်လိုလုပ်မှာလဲ..."

ညဇီးကွက်ဘုရင်က မေးလိုက်သည်။

"လက်ရှိအခြေအနေကို တည်ငြိမ်အောင်လုပ်ဖို့အတွက် ဘုရင်ခံနဲ့နတ်ဆိုးတွေကိုလှည့်စားပြီးတော့ အတုအယောင်အခမ်းအနားကို ကျင်းပရမယ်"

အန်းမူယာက သူမ၏အ‌တွေးကိုပြောလိုက်သည်။

"မဖြစ်နိုင်ဘူး...ခွန်းလွန်တောင်ကြားအခမ်းအနားလို ကြီးကြီးမားမားအဖြစ်အပျက်ကို သူတို့တွေဆီက ဘယ်လိုဖုံးကွယ်ထားနိုင်မှာလဲ...တကယ်လို့သူကသာ မင်းသားအတုဖြစ်နေခဲ့ရင် သူဧကရာဇ်ဖြစ်လာတဲ့အခါကျ လီမျိုးနွယ်ရဲ့သွေးမျိုးဆက်က လုံး၀ပြတ်တောက်သွားလိမ့်မယ်..."

"နန်းတက်ရတာ မခက်ပေမဲ့ နန်းစွန့်ဖို့အတွက် ခက်ခဲတယ်...ညဇီးကွက်တွေက အဲလိုသစ္စာမဲ့မှုတွေ သစ္စာဖောက်မှုတွေနဲ့ အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်တွေကို ခွင့်မပြုဘူး"

ညဇီးကွက်ဘုရင်က တစ်ခွန်းလွှတ်အမိန့်ဖြင့်ပြောလိုက်သည်။

"ပစ္စုပ္ပန်က အတိတ်ကာလနဲ့မတူဘူး...အခြေအနေတွေကို တည်ငြိမ်အောင်ထိန်းသိမ်းထားနိုင်မှသာ ဒါယန်းရဲ့ကံကြမ္မာကို ထိန်းထားနိုင်မယ်...အဲလိုမှမဟုတ်ရင် လူတွေရဲ့စိတ်နှလုံးကိုဆုံးရှုံးရပြီးတော့ နဂါးသွေးကြောက ပျောက်ကွယ်သွားလိမ့်မယ်"

အန်းမူယာသည် ညဇီးကွက်ဘုရင်၏အတွေးများကို မခန့်မှန်းနိုင်တော့ပေ။

ဤကမ္ဘာပေါ်ရှိ သိုင်းပညာ၏အထွတ်အထိပ်အဖြစ် သတ်မှတ်ကာ အသိအမှတ်ပြုခံထားရသူသည် ဒါယန်းတော်၀င်မိသားစုကို အမှန်တကယ်ပင် ပံ့ပိုးပေးလိုသည်လား...သို့မဟုတ် စစ်နတ်ဘုရား၏အမွေအနှစ်အတွက် သရုပ်ဆောင်နေသည်လား...

သူမ၏အမြင်အရ ဒုတိယအချက်က ပိုဖြစ်နိုင်ပေသည်။

"ကျေးဇူးပြုပြီးတော့ ၂ကြိမ်၂ခါစဉ်းစားပါ ညဇီးကွက်ဘုရင်"

အန်းမူယာသည် ညဇီးကွက်ဘုရင်၏အတွေးကို လွှမ်းမိုးနိုင်စွမ်းမရှိတော့သည့်အတွက်ကြောင့် သူမကထိုစကားများကိုသာပြော၍ ထွက်ခွာသွားခဲ့သည်။

ညဇီးကွက်ဘုရင်သည် ထွက်ခွာသွားသော အန်းမူယာ၏ပုံရိပ်ကိုကြည့်၍ လေးလေးနက်နက်တွေးလိုက်မိသည်။

"ဒီမင်းသားလေးက အတုအယောင်ဖြစ်‌နေပုံရတယ်...တစ်ခါက မင်းသားလေးကို လူစားထိုးဖို့လှည့်ကွက်အချို့သုံးပြီး မင်းသားလေးအစစ်ကို နန်းတော်ကနေ ဘေးလွတ်ရာကိုရှောင်တိမ်းခိုင်းလိုက်တာ ဖြစ်နိုင်ပါမလား"

မဖြစ်နိုင်တာတော့မဟုတ်ဘူး...

အရင်ကဆိုရင် ကိုယ်လုပ်တော်အန်းက ဘယ်နေရာမှာမှ မနိမ့်ကျခဲ့ဘူး...အာတိတ်ရေခဲပြင်မျိုးနွယ်စုရဲ့ နတ်ဆရာဖြစ်တဲ့အလျှောက် နန်းတော်၃ခုနဲ့ရင်ပြင်၆ခုက မိန်းမတွေထက် ပိုသာတဲ့အလှတရားကို ပိုင်ဆိုင်ထားတယ်...

"ငါထင်ထားသလိုဆိုရင် သွေးထွက်သံယိုကပ်ဘေးဖြစ်တဲ့အချိန် ကိုယ်လုပ်တော်အန်းက တစ်ခုခုမှားနေပြီလို့ခံစားရတာကြောင့် မင်းသားလေးရဲ့သွေးနဲ့အရိုးကို အခြားတစ်ယောက်ဆီအစားထိုးဖို့အတွက် တိတ်တဆိတ်လုပ်ဆောင်ခဲ့တာဖြစ်ရမယ်"

ညဇီးကွက်ဘုရင်သည် အသေးစိတ်အချက်အလက်များမှတဆင့် အမှန်တရားကိုရှာဖွေရန် ကြိုးစားနေခဲ့သည်။

"အရာရာတိုင်းက ‌မျှော်လင့်ထားသလိုဖြစ်လာခဲ့ရင် အန်းမူယာက အစားထိုးမင်းသားလေးရဲ့ အသက်ကိုကယ်တင်ဖို့လိမ်ပြောခဲ့တာပဲ...နောက်ဆုံးတော့ သူမကသနားကြင်နာစိတ်အပြည့်ရှိနေတာပဲ"

ထိုသို့ဆိုလျှင် အရာအားလုံးက အဓိပ္ပါယ်ရှိလာခဲ့သည်။

ညဇီးကွက်ဘုရင်ရဲ့ဒေါသကြောင့် ထိုက်ဇူဧကရာဇ်ရဲ့ အနွယ်၀င်အဖြစ်ဟန်ဆောင်ဝံ့သူတိုင်းသည် မည်သည့်အကြောင်းပြချက်ကြောင့်မဆို နေရာတွင်ပင်သတ်ဖြတ်ပစ်မည်ဖြစ်သည်။

ထိုသို့ဆိုလျှင် ဒါယန်းရဲ့နှစ်ပေါင်းထောင်ချီကြာအုတ်မြစ်က ပျက်စီးယိုယွင်းသွားတော့မှာဖြစ်သည်။

"အန်းမူယာက ဒီကိစ္စကို၀န်မခံသရွေ့ မင်းသားလေးကို ငါတို့ပြဿနာရှာလို့မရဘူးဆိုတာ သေချာတယ်...နောက်ပြီးတော့ မင်းသားလေးအစစ်ကိုရှာတွေ့ဖို့ သူကတစ်ခုတည်းသော သဲလွန်စပဲ"

အတိတ်ကာလမှ သွေးထွက်သံယိုကပ်ဘေးကြီး၏ မြင်ကွင်းက ညဇီးကွက်ဘုရင်၏ စိတ်ထဲတွင် တဖြည်းဖြည်းချင်း ပုံပေါ်လာခဲ့သည်။

"တစ်ယောက်ယောက်လာစမ်း..."

ခဏလေးအတွင်း အခန်းထဲသို့ အရိပ်ပုံသဏ္ဍာန်များစွာ ၀င်ရောက်လာခဲ့သည်။

ညဇီးကွက်ဘုရင်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

"ထျန်းလော့ရဲ့ အစိတ်အပိုင်း၃၆ခုကို အကြောင်းကြားလိုက်...ကိုယ်လုပ်တော်အန်းနဲ့ သူမရဲ့လူယုံတော်တွေအကြောင်း အချက်အလက်အပြည့်အစုံကို သေချာစုံစမ်းပြီးတင်ပြစေ..."

"ငါ၇ရက်အတွင်း အဖြေလိုချင်တယ်..."

နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီးနောက် နတ်ဆိုးများသည် တော်၀င်မြို့တော်ရှိ ရှေးဟောင်းကျမ်းဂန်များနှင့် စာလိပ်များစွာကိုဖျက်ဆီးခဲ့သည်။ထို့ကြောင့် ဟိုးယခင်ကဖြစ်ပျက်ခဲ့သော ကိစ္စများအား ပြန်လည်ခြေရာခံရန် ခက်ခဲပေသည်။

ယခုအချိန်တွင် ညဇီးကွက်များကသာ ထိုသို့သောစွမ်းရည်ရှိပေသည်။

"ခွန်းလွန်တောင်ကြားအခမ်းအနားကို ရွေ့ဆိုင်းသင့်ရင်လည်း ရွေ့ဆိုင်းရမယ်"

ညဇီးကွက်ဘုရင်သည် လုံး၀လိုအပ်နေသောအခြေအနေမျိုးတွင်မဟုတ်ပါက အမည်မသိသော အစားထိုးမင်းသားတစ်ယောက်ကို ထီးနန်းအမွေဆက်ခံရန် ခွင့်ပြုမည်မဟုတ်ပေ။ထိုအရာသည် ပြန်လည်ပြုပြင်မရနိုင်သော ဘေးဒုက္ခများကို ဦးတည်သွားနိင်ပေသည်။

ထိုအရာသည် ပြိုလဲလုဆဲဆဲဖြစ်နေသော ဒါယန်းပြည်ထောင်ကို လုံး၀ပျက်စီးသွားစေနိုင်သည်။

…

အချိန်များက တဖြည်းဖြည်းကုန်လွန်သွားခဲ့သည်။

လီယွမ်သည် ဂူအိမ်တည်ဆောက်ခြင်း၏ လျှို့ဝှက်ဆန်းကြယ်မှုတွင် နေ့တိုင်းလိုလိုနစ်မြုပ်နေခဲ့ကာ မမောမပန်းလေ့လာခဲ့သည်။

"နောက်ဆုံးတော့ အောင်မြင်ခဲ့ပြီကွ..."

ညအမှောင်ထုထဲတွင် လီယွမ်သည် တင်းမာသောစိတ်အခြေအနေမှ ရုန်းထွက်လာနိုင်ခဲ့သည်။

သူ၏ရှေ့တွင် ဂူအသိုက်ငယ်နှစ်ခု ဖြစ်ပေါ်နေခဲ့သည်။

ဂူအသိုက်လေးတစ်ခုက သေးငယ်ကာကျဉ်းမြောင်းသော်လည်း နောက်တစ်ခုကမူ ကျယ်ပြောကာ ပင့်ကူမျှင်များဖြင့် ဖုံးအုပ်ထားပေသည်။

ထိုအရာတို့သည် ငါးရောင်ခြယ်မီးတောက်စပါးအုံးနှင့်ပင့်ကူဘုရင်မဂူကောင်တို့အား အူတိုင်အဖြစ်ထည့်သွင်းတည်ဆောက်ထားသော ဂူအိမ်ဖြစ်သည်။

ထိုအချိန်တွင် အချက်အလက်ပြဇယားက သူ၏မျက်စိရှေ့၌ ထွက်ပေါ်လာခဲ့သည်။

ဂူသခင် - လီယွမ်

အနက်ရောင်အိုး - (ပဉ္စမအဆင့် - ၁၄၉၀/၁၅၀၀)

နယ်ပယ် - (ပဉ္စမအဆင့်)

ဝိညာဉ်စွမ်းအား - (အလယ်အလတ်နယ် မြေအဆင့်)

(ပင်မဂူ - သွေးနှင့်ချီဂူကောင်၊ပြန်လည်မွေးဖွားခြင်းဂူကောင်၊သုံးရောင်ခြယ်မီးတောက်စပါးအုံးဂူကောင်၊ပုံရိပ်ယောင်ပိုးခြည်ဂူကောင်၊ပင့်ကူဘုရင်မဂူကောင်)

ဂူအိမ် - ငါးရောင်ခြယ်ထူးဆန်းမီးတောက်ဂူအိမ်(ထောင်ချီဂူအိမ်)၊လျှို့ဝှက်ဆန်းကြယ်ပိုးဂူအိမ်(ထောင်ချီဂူအိမ်)

(ဂူအိမ်မှထုတ်လုပ်နိုင်သော ဝိညာဉ်ရတနာ - ကောင်းကင်မီးတောက်၊ရှင်သန်ထမြောက်ခြင်းတံတွေး)

"နေ့ရောညပါ ကြိုးစားအားထုတ်မှုတွေလုပ်ဆောင်အပြီးမှာ ငါ့ရဲ့ကိုယ်ပိုင်ဂူအိမ်တွေကို တည်ဆောက်နိုင်ခဲ့ပြီ...ဒါကငါ့ကိုတော်တော်အကျိုးများစေတာပဲ"

ဂူအိမ်တည်ဆောက်ပြီးစီးခြင်းက လီယွမ်၏ကိုယ်ပိုင်ခွန်အားကို တိုးမြင့်စေရုံသာမက သူ၏စိတ်စွမ်းအားကို အလယ်အလတ်အဆင့်သို့ ချိုးဖောက်၀င်ရောက်သွားစေခဲ့သည်။

သူ၏စိတ်စွမ်းအားအရဆိုလျှင် သူ၏လက်ရှိစိတ်စွမ်းအားက ဝါရင့်အဌမအဆင့် သူတော်စင်များထက် မပျော့ညံ့တော့ပေ။

ထိုသို့မှသာ သူ၏ကြီးမားသောလျှို့ဝှက်ချက်များအား အခြားသူများရှာဖွေတွေ့ရှ်ိသွားမည်ကို စိုးရိမ်စရာမလိုတော့မည်ဖြစ်သည်။

ပို၍အရေးကြီးသည်မှာ ဂူအိမ်များ၏ဝိညာဉ်ရတနာများဖြစ်သည်။

လီယွမ်သည် သူ၏ဂူအိမ်၂ခုမှထုတ်လုပ်ပေးနိုင်သော ဝိညာဉ်ရတနာများအကြောင်းကို ဂရုတစိုက်စစ်ဆေးခဲ့သည်။

(ကောင်းကင်မီးတောက် - ကောင်းကင်ပေါ်မှနေ၏စွမ်းအင်ဖြင့် ပေါင်းစပ်ထားသောမီးလျှံဖြစ်သည်။လက်နက်များကိုထုလုပ်ရန်နှင့် ရန်သူများအားတိုက်ခိုက်ရန် အသုံးပြုနိုင်သည်။၎င်း၏လောင်ကျွမ်းမှုက အချိန်ကြာလာလေလေ ပို၍စွမ်းအားကောင်းလေဖြစ်သည်)

(ရှင်သန်ထမြောက်ခြင်းတံတွေး - ကောင်းကင်နှင့်မြေကြီး၏ဝိညာဉ်စွမ်းအင်များကို စုဆောင်းကာ ဂူကောင်များနှင့်သားရဲများ၏ အသက်စွမ်းအင်များဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။ထိုအရာသည် သေသူကိုပင် ပြန်လည်ရှင်သန်လာအောင် ကုသပေးနိုင်စွမ်းရှိပေသည်)

ဂူအိမ်၂ခုထုတ်လုပ်ပေးသော ဝိညာဉ်ရတနာများသည် သာမန်ပစ္စည်းများမဟုတ်ကြပေ။

တစ်ခုတည်းသောအားနည်းချက်မှာ ထုတ်လုပ်မှုပမာဏ အလွန်နည်းပါးခြင်းဖြစ်သည်။ကောင်းကင်မီးတောက်နှင့် ရှင်သန်ထမြောက်ခြင်းတံတွေးတစ်စက်ကို ထုတ်လုပ်ရန် အချိန်တစ်လလိုအပ်ပေသည်။

ထိုအရာက လီယွမ်၏လက်ရှိကန့်သတ်ချက်ဖြစ်သည်။

"ဂူအိမ်ရဲ့ထုတ်လုပ်နှုန်းကို တိုးမြင့်စေချင်ရင် ဂူအိမ်ရဲ့အဆင့်ကို မြင့်တင်ရမယ်...ငါစဉ်ဆက်မပြတ် လေ့ကျင့်နေဖို့လိုအပ်တယ်"

ဂူအိမ်များ၏အဆင့်ကို အောက်ပါအတိုင်းခွဲခြားထားပေသည်။

ထောင်ချီဂူအိမ်၊သောင်းချီဂူအိမ်၊သိန်းချီဂူအိမ်နှင့်သန်းချီဂူအိမ်တို့ဖြစ်သည်။

ဂူအိမ်၏ အဆင့်မြင့်လေလေ ထပ်မံအဆင့်မြင့်တင်ရန် ခက်ခဲလေလေဖြစ်သည်။

ဆရာဖြစ်သူ ယုဟွမ်းချွမ်ပေးခဲ့သော မှတ်စုများအရာဆိုလျှင် အတွေ့အကြုံရင့်ကျက်နေကြသော နန်းတော်သခင်အများအပြား၏ ဂူအိမ်များသည် သိန်းချီဂူအိမ်အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။

သန်းချီဂူအိမ်သည်ကား ဒဏ္ဍာရီများထဲ၌သာ ရှိကောင်းရှိနိုင်ပေသည်။

"အဲ့အဆင့်က ငါနဲ့အလှမ်းဝေးသေးတယ်..."

လီယွမ်သည် ထိုအကြောင်းကို များများစဉ်းစားခြင်းမရှိပေ။လက်ရှိအချိန်တွင် သူ့အတွက်အရေးအကြီးဆုံးမှာ ကြွယ်၀ချမ်းသာမှုအား စုဆောင်းရန်ဖြစ်သည်။ထို့နောက် ကုန်ကြမ်းပစ္စည်းများကိုစုဆောင်းကာ သူ၏တိုက်ခိုက်ရေးစွမ်းအားကို မြင့်တင်မည်ဖြစ်သည်။

"ကောင်းကင်မီးတောက်ကို ရောင်းချဖို့အတွက် အခွင့်အလမ်းကို ငါရှာဖွေရမယ်"

"ကံကောင်းလို့ရှိရင် အဲ့ဒါကိုဈေးကြီးကြီးနဲ့ရောင်းချပြီးတော့ သတ္တမအဆင့်နတ်ဆိုးအလောင်းကို ၀ယ်လို့ရနိုင်တယ်"

လီယွမ်သည် ရှင်သန်ထမြောက်ခြင်းတံတွေးကိုမူ ဆရာဖြစ်သူယုဟွမ်းချွမ်အတွက်သာ ချန်ထားရစ်ခဲ့သည်။

သူနှင့်၃ကြိမ်သာတွေ့ဖူးသော ဆရာဖြစ်သူသည် သူ့အားကောင်းမွန်စွာဆက်ဆံပေးခဲ့ကာ အခွင့်အရေးများစွာကို ပေးအပ်ခဲ့၍ သူ့ဘက်ကလည်း တတ်နိုင်သမျှကူညီပေးရမည်ဖြစ်သည်။

"၁၀ရက်အတွင်း ငါကဆဌမအဆင့်ဂူသခင်ဖြစ်လာလိမ့်မယ်..."

"ဒါဆိုရင် ငါကနန်းတော်ကိုးခုရဲ့ အတွင်းစည်းကို၀င်ရောက်လို့ရပြီ..."

လီယွမ်သည် ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေကို များစွာမျှော်လင့်နေမိသည်။

သူသည် အဆုံးမရှိသော ရှားပါးဂူကောင်များကို ပေါင်းစပ်နိုင်ခဲ့မည်ဆိုပါက မည်မျှထိအံ့ဩဖွယ်ကောင်းမည်နည်း။

ထိုသို့ဆိုလျှင် သူသည်အိပ်မက်ထဲထိ ရယ်မောနိုင်မှာဖြစ်သည်။

…

All Chapters